← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) ချဉ်းကပ်လို့မရနိုင်ဘူး

"ငါတို့ အခု ကျောင်းပြန်ကြမလို့လား..."

ချန်ဖုန်းက ကားမောင်းနေရင်း ရှောင်မန်ချီကို မေးမြန်းလိုက်သည်။

သူသည် အချိန်းအချက်ကို အမှန်တကယ် မဖျက်ဆီးချင်ခဲ့သော်လည်း လျိုမင်လျန်မှာ အလွန် ဆိုးရွားလွန်းသော သူတစ်ဦးဖြစ်ရာ ရှောင်မန်ချီ မီးတွင်းထဲသို့ ကျဆင်းသွားမည်ကို သူ ဒီတိုင်း ကြည့်မနေနိုင်ခဲ့ချေ။

အထူးသဖြင့် သူသည် ဟေးဟူ ကို စုံစမ်းခိုင်းထားခဲ့လေ၏။

လျိုမင်လျန်က ရှန်ယန်းယန်း ဖခင်၏ USB drive ကို ယခင်က ခိုးယူခဲ့ရသည့် အကြောင်းရင်းမှာ အခြားကုမ္ပဏီတစ်ခုက သူသာ USB drive အတွင်းရှိ အချက်အလက်များကို ရယူနိုင်ပါက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပေးမည်ဟု ကမ်းလှမ်းခဲ့သောကြောင့် ဖြစ်ပေသည်။

ကုမ္ပဏီနှစ်ခုသည် ပြိုင်ဘက်များ ဖြစ်ကြပေ၏။

သို့သော် ယခုအခါ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် က ရှန်ကျွင်း၏ ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီ ဖြစ်လေသည်။

အကြွင်းမဲ့ အင်အား၏ ရှေ့မှောက်တွင် မည်သည့် နည်းလမ်းများကမျှ အဓိပ္ပာယ်မရှိတော့ချေ။

"ကျောင်းပဲ ပြန်ကြရအောင်..."

ရှောင်မန်ချီသည် သူမ၏ တစ်နေ့တာလုံးအတွက် ကောင်းမွန်သော စိတ်ခံစားချက်များ ပျက်စီးသွားပြီဟု ခံစားလိုက်ရပေ၏။

သူမအနေဖြင့် အချိန်းအချက်များကို ထပ်မံသွားရောက်တော့မည် မဟုတ်လောက်ချေ။

သူမက ခေါင်းကိုစောင်းကာ ရုတ်တရက် မေးမြန်းလိုက်သည်။ "မကြာသေးခင်က ကျောင်းမှာ နင်နဲ့ ရှန်ယန်းယန်း အကြောင်း ကောလာဟလတွေ ထွက်နေတယ်... သူက တကယ်ပဲ နင့်ရည်းစားလား..."

"ဟင်..."

မထင်မှတ်ထားသော မေးခွန်းကြောင့် ချန်ဖုန်းမှာ ခနတာ ကြောင်အအ ဖြစ်သွားလေ၏။

ခဏတာ တွေးတောပြီးနောက် သူက ပြောဆိုလိုက်သည်။ "မဖြစ်သေးပါဘူး..."

အဲဒါက သေချာပေါက် မဟုတ်သေးပါဘူး...

ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က အဲဒီ အတားအဆီးကို မချိုးဖျက်ရသေးလို့ပဲ...

မည်သူကမျှ သူတို့၏ အမြင်သဘောထားများကို ထုတ်ဖော်မပြောခဲ့ကြချေ။

ရှောင်မန်ချီက ခရီးသည်ထိုင်ခုံကို လက်ညှိုးထိုးကာ ပြန်ပြောလိုက်သည်။ "နင့်ကားမှာ လိုင်စင်နံပါတ်ပြားတောင် မရှိဘူးဆိုတော့ ကားသစ်ဖြစ်ရမယ်... ငါက ဒီခရီးသည်ထိုင်ခုံမှာ ထိုင်တဲ့ ပထမဆုံးလူလား..."

"ဒီကားကို လွန်ခဲ့တဲ့ တစ်နာရီကမှ ငါ ဝယ်ထားတာ... ဘယ်သူမှ မစီးရသေးဘူး..."

"ဟီးဟီးဟီး... ဒါဆို ရှန်ယန်းယန်း လည်း အရင်က ဒါကို မစီးဖူးသေးဘူးပေါ့..."

ရှောင်မန်ချီက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်လေ၏။

၎င်းတို့နှစ်ဦးစလုံးမှာ နာမည်ကြီး ကျောင်းသူအလှလေးများ ဖြစ်ကြပေသည်။ သော်လည်း သူမတို့သည် အချင်းချင်း တွေ့ဆုံဆက်ဆံမှု နည်းပါးသော်လည်း တိတ်တဆိတ် ယှဉ်ပြိုင်နေကြလေ၏။

ထိုအချိန်၌

သူမ၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

သူမ၏ အဒေါ်ထံမှ ဖုန်းခေါ်ဆိုမှုပင်

ရှောင်မန်ချီက မျက်မှောင်ကြုတ်ကာ ဖုန်းကိုင်လိုက်၏။

"မန်ချီ... နင် ဘာဖြစ်နေတာလဲ... သခင်လေးလျို က ပြောတယ်... နင်က အချိန်းအချက်ကို နာရီဝက် နောက်ကျပြီး ရောက်လာတဲ့အပြင် လူအိုကြီးတစ်ယောက်ကိုတောင် ခေါ်လာသေးတယ်တဲ့..."

"နင် ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ... တကယ်လို့ နင် မသွားချင်ရင် ဒီတိုင်း ငြင်းလိုက်သင့်တာပေါ့... ဘယ်လိုလုပ် ဒီလို မိုက်မဲတဲ့ အလုပ်မျိုးကို လုပ်ရတာလဲ..."

"အို... ငါက တခြားသူတွေကို ဘယ်လို ရှင်းပြရတော့မှာလဲ..."

အဒေါ်ဖြစ်သူက ကောင်းစွာ ဆူပူကြိမ်းမောင်းလိုက်လေ၏။

ရှောင်မန်ချီမှာလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပေသည်။

လျိုမင်လျန်က လှည့်ကာ သူမကို ပြန်ကိုက်လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။

အပြစ်ရှိတဲ့သူက အပြစ်ကင်းတဲ့သူကို အရင် စွပ်စွဲနေတာလား…

ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ...

"အန်တီ... အဲဒီလို မဟုတ်ပါဘူး... အန်တီက အဲဒီလူရဲ့ လိမ်တာကို ခံလိုက်ရတာပါ... သမီးက အချိန်းအချက်ကို လုံးဝ နောက်မကျပါဘူး... နာရီဝက်တောင် ကြိုရောက်နေတာပါ..."

"ဟင်... ဒါဆို... အဲဒီ လူအိုကြီးကရော..."

အဒေါ်ဖြစ်သူမှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေ၏။

အခြေအနေက တစ်ဖက်လူ ပြောပြသည်နှင့် လုံးလုံးလျားလျား ကွဲပြားနေပေသည်။

ဖုန်းအသံမှာ အလွန် ကျယ်လောင်နေခဲ့၏။

အခြားတစ်ဖက်မှ ပြောဆိုနေသည်ကို ချန်ဖုန်း ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားလေတော့သည်။

လူအိုကြီး ဟုတ်လား...

ငါက ဘယ်နေရာမှာ အိုနေလို့လဲ…

ရှောင်မန်ချီက ဒေါသတကြီး ပြောဆိုလိုက်သည်။ "ဘာ လူအိုကြီးလဲ... သူက သမီးရဲ့ အတန်းဖော်ပါ... သမီးက အချိန်းအချက်ကို သူ့ကားနဲ့ သွားခဲ့တာ... ကံကောင်းလို့ သမီးရဲ့ အတန်းဖော် ပါသွားတာပေါ့..."

"အဲဒီလိုသာ မဟုတ်ရင် လျိုမင်လျန်က ဒီလောက် လူယုတ်မာမှန်း သမီး သိမှာမဟုတ်ဘူး..."

"အန်တီ မသိလို့ပါ... သူက ကော်ဖီဆိုင်ကို အဖော်အမျိုးသမီးတစ်ယောက်နဲ့ တိုက်ရိုက် ရောက်လာတာ... ပြီးတော့ ကားပါကင်ထဲမှာတင် အဲဒီလိုကိစ္စမျိုးကို လုပ်နေကြတာလေ..."

"ဟင်... သခင်လေးလျို က တော်တော်လေး ရိုးသားတယ်လို့ ငါ ထင်တာပဲ..."

အဒေါ်ဖြစ်သူက ဤသို့ပြောချိန်တွင် သူမကိုယ်သူမ အနည်းငယ် မသေချာမရေရာ ဖြစ်နေပုံရလေ၏။

အချို့လူများမှာ အပေါ်ယံတွင် တည်ကြည်လေးနက်ပုံရသော်လည်း တကယ်တမ်း၌ ဟန်ဆောင်ကောင်းသူများသာ ဖြစ်ပေသည်။

"သမီးဆီမှာ ဓာတ်ပုံတွေ ရှိတယ်... အန်တီ မယုံရင် ပို့ပေးလိုက်မယ်..."

ရှောင်မန်ချီက ခြေဆောင့်ကာ သူမ ယခုလေးတင် ရိုက်ထားသော ဓာတ်ပုံများကို တိုက်ရိုက် ပို့ပေးလိုက်လေသည်။

အဒေါ်ဖြစ်သူက ကြည့်လိုက်၏။

သူမ လုံးလုံးလျားလျား အံ့အားသင့် မှင်တက်သွားလေတော့သည်။

"အို ဘုရားရေ... တကယ်ပဲ သခင်လေးလျို ဖြစ်နေတာပဲ..."

အဒေါ်ဖြစ်သူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ "မန်ချီ... စိတ်မပူနဲ့... ဒီကိစ္စကို အန်တီ ကိုင်တွယ်ပေးမယ်... လျိုမင်လျန် က ဒီလိုလူမျိုး ဖြစ်နေမယ်လို့ အန်တီ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

"သူက နင့်ကို မတရားစွပ်စွဲတာပဲ... ဒါကြောင့် အန်တီက နင့်အတွက် လက်စားချေပေးမယ်..."

ထိုသို့ ပြောဆိုပြီးနောက် သူမက ဖုန်းကို ဒေါသတကြီး ချလိုက်လေသည်။

ထို့နောက်

အဒေါ်ဖြစ်သူက ဓာတ်ပုံများကို ညီအစ်မများ၏ အုပ်စုချက်ထဲသို့ တိုက်ရိုက် တင်လိုက်ပေ၏။

"ညီအစ်မတို့... ဒါလေးကို ကူပြီး ရှယ်ပေးကြပါဦး... လျိုမင်လျန် ဆိုတဲ့ ဒီကောင်က လူယုတ်မာပဲ... သူက အချိန်းအချက် လုပ်နေရင်းနဲ့ မသင်္ကာစရာ အမျိုးသမီးတွေနဲ့ သွားပြီး ပြဿနာရှာနေတာ..."

"အနာဂတ်မှာ ငါ့သမီးကို ဒီလိုလူမျိုးနဲ့ လုံးဝ မိတ်ဆက်မပေးနိုင်ဘူး..."

"ဒီကောင်က ဘာရောဂါတွေ ကူးစက်ခံထားရလဲ ဘယ်သူသိမှာလဲ... သူက တကယ့် လူယုတ်မာပဲ..."

"ဝိုး... သူက မနေ့က နင်ပြောတဲ့ နိုင်ငံခြားကနေ ပြန်လာတဲ့သူ မဟုတ်ဘူးလား... သူ့ရဲ့ ကိုယ်ပိုင်ဘဝက ဒီလောက်တောင် ရှုပ်ပွနေတာပဲလား..."

"ဒီဓာတ်ပုံကို ကြည့်ပါဦး... သူ့မျက်လုံးတွေက အသက်မပါဘူး ပြီးတော့ မျက်နှာကလည်း ဖြူဖျော့နေတယ်... သူ့မှာ တစ်ခုခု ရောဂါရှိနေတာ ရှင်းနေတာပဲ... ငါတို့ အမျိုးသမီးတွေကို သူ ဒုက္ခပေးခွင့် မပြုနိုင်ဘူး..."

"ဟုတ်တယ် ဟုတ်တယ်... မြန်မြန် ဖြန့်လိုက်ကြ... အမျိုးသမီးတွေ အကုန်လုံး သတိထားမိအောင်လို့..."

လူလတ်ပိုင်း အမျိုးသမီးတစ်စုက သတင်းကို ဖြန့်ဝေလိုက်ကြလေ၏။

လူလတ်ပိုင်း အမျိုးသမီးများ၏ အင်အားမှာ မယုံနိုင်လောက်အောင် ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းတွင် လူအမျိုးအစားအားလုံးနီးပါး ပါဝင်ပေသည်။

ချမ်းသာသော လူကုံထံများမှသည် ဟင်းသီးဟင်းရွက် ရောင်းချသူများအထိပင်

နာရီဝက်ပင် မကြာလိုက်ချေ

၎င်းမှာ ပြန့်နှံ့သွားခဲ့လေပြီ။

ဤအချိန်၌

လျိုမင်လျန်သည် သူ၏ စိတ်ပျက်မှုကို ဖြေဖျောက်ရန်အတွက် ကားထဲတွင် နောက်ထပ် မိနစ်နှစ်ဆယ်ခန့် အရူးအမူး ဆက်လက်လုပ်ဆောင်နေခဲ့လေ၏။

ထို့နောက် သူက ဘေးရှိ အမျိုးသမီးထံသို့ ငွေတစ်ထပ်ကို ပစ်ပေးကာ ဂရုမစိုက်စွာ ပြောဆိုလိုက်သည်။ "ကောင်းပြီ... မင်း အခု သွားလို့ရပြီ..."

"အိုကွယ်... ရှင်က တကယ်ကို ရက်ရောတဲ့သူပဲ... သူဌေး... နောက်တစ်ခါကျရင်လည်း ထပ်ဆက်သွယ်ကြတာပေါ့..." အမျိုးသမီးက ခါးကိုလှည့်ကာ တခစ်ခစ် ရယ်မောလိုက်၏။

ထို့နောက် လျိုမင်လျန်က သူ၏ ဖုန်းကို ကောက်ကိုင်လိုက်သည်။

သူ အလုပ်လုပ်နေစဉ်အတွင်း သူ၏ ဖုန်းက အဆက်မပြတ် မြည်နေခဲ့လေ၏။

မရေမတွက်နိုင်သော WeChat မက်ဆေ့ခ်ျများနှင့် ဖုန်းခေါ်ဆိုမှုများ ဝင်လာခဲ့ပေသည်။

ဝင်ကြည့်လိုက်ချိန်တွင် ၎င်းတို့အားလုံးမှာ သူ၏ အဒေါ်များနှင့် ဦးလေးများထံမှ ပို့ထားခြင်းဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

"လျိုလေး... မင်း ဘာဖြစ်နေတာလဲ... ဒီဓာတ်ပုံကို ကြည့်စမ်း... အဲဒါ မင်း မဟုတ်ဘူးလား..."

"မင်လျန်... မင်းက ဘယ်လိုလုပ် ဘလက်လစ် အသွင်းခံလိုက်ရတာလဲ..."

"ခွေးကောင်... မိန်းမရှာဖို့ ဘာလို့ ဟိုတယ်မသွားရတာလဲ... ကားထဲမှာဆိုတော့ ဘယ်သူမှ မမြင်မှာစိုးလို့လား... အခု ကြည့်စမ်း မင်းလုပ်ထားတာတွေကို... မင်းက နာမည်ကြီးသွားပေမဲ့ လျို မိသားစုကို လုံးလုံးလျားလျား အရှက်ခွဲလိုက်တာပဲ..."

ချီးပဲ...

ဘာတွေဖြစ်နေတာလဲ...

လျိုမင်လျန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရပေသည်။

သူ၏ အဒေါ်များနှင့် ဦးလေးများ ပို့ထားသော ဓာတ်ပုံများကို သူ အလျင်အမြန် ဖွင့်ကြည့်လိုက်၏။

အသေအချာ ကြည့်ရှုလိုက်ပြီးနောက်...

သူသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ထိုနေရာတွင်ပင် အေးခဲသွားလေတော့သည်။

ငါက လူလတ်ပိုင်း အမျိုးသမီးတွေရဲ့ ဘလက်လစ် အသွင်းခံလိုက်ရပြီလား...

သာမန် ဓာတ်ပုံတစ်ပုံက ဤမျှလောက် ကြီးမားသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။

......

ဤအချိန်၌

ချန်ဖုန်း သည်လည်း သူ၏ ဆွေမျိုးများက WeChat Moments တွင် တင်ထားသော မက်ဆေ့ခ်ျများကို မြင်တွေ့လိုက်ရပြီး ၎င်းတို့အားလုံးနီးပါးတွင် ဓာတ်ပုံထဲမှ လူမှာ မည်မျှ လူယုတ်မာဖြစ်ကြောင်းနှင့် မိန်းကလေးများအနေဖြင့် သူနှင့် မပတ်သက်သင့်ကြောင်း ဖော်ပြထားလေ၏။

ငါ့ရဲ့ နှလုံးသားထဲမှာ သက်ပြင်းချခြင်းကို မတားဆီးနိုင်ခဲ့ဘူး...

ဒီလူလတ်ပိုင်း အမျိုးသမီးတွေကို ရန်စလို့ မရဘူးပဲ...

မကြာမီမှာပင်

သူတို့နှစ်ဦး ကျောင်းသို့ ရောက်ရှိသွားကြလေသည်။

ချန်ဖုန်း ကားရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကားပါကင်တွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရ၏။

ငါ့ရဲ့ ရည်းစားဟောင်း... ရှန်ချင် ပဲ…

"ချန်ဖုန်း... ငါ နင့်ကို ရှာနေတာ..." ရှန်ချင်က စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာခဲ့သည်။

အထူးသဖြင့် တစ်ဖက်လူက ကားသစ်တစ်စီး လဲလှယ်ထားသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများ လင်းလက်သွားလေ၏။

ချန်ဖုန်းသည် ကြိုပွိုင့်ဈေးကွက်တွင် ဝင်ကစားကာ နာရီအနည်းငယ်အတွင်း ယွမ် ၃ ဘီလီယံကျော် မြတ်ခဲ့ကြောင်း ဤမနက်တွင် သူမ၏ မိခင်ထံမှ သူမ ကြားသိခဲ့ရပေသည်။

သူမ၏ မိခင်က သူမအား တာဝန်တစ်ခုပင် ပေးအပ်ခဲ့သေး၏။

ဘာပဲဖြစ်ဖြစ် ချန်ဖုန်းနဲ့ ပြန်အဆင်ပြေအောင် လုပ်ရမယ်…

"ဘာကိစ္စရှိလို့လဲ..." ချန်ဖုန်းက သူမကို ဂရုမစိုက်စွာ ကြည့်လိုက်သည်။

ယခုအခါ ၎င်းတို့နှစ်ဦးသည် သူစိမ်းများကဲ့သို့ ဖြစ်နေကြလေပြီ။

ဤအချိန်၌

ခရီးသည်ထိုင်ခုံတွင် ပါလာသော ရှောင်မန်ချီလည်း ကားပေါ်မှ ဆင်းလာပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ၎င်းတို့နှစ်ဦးကို ဟိုဟိုဒီဒီ ကြည့်ရှုနေခဲ့ပေ၏။

သူတို့က ထွက်သွားဖို့ ရည်ရွယ်ချက်ရှိပုံ မပေါ်ဘူးပဲ…

ရှန်ချင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူမ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ကြည့်ရဆိုးသွားလေ၏။ "ရှောင်မန်ချီ... အခုကစပြီး ငါ့ရည်းစားနဲ့ ဝေးဝေးနေပေးပါ..."

All Chapters