← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း(231)

ယင်ရိလျိုအနေဖြင့် ဖန်အိုးထဲမှ လူပြောသော စကားလုံးများကို ခွဲခြားရန်အတွက် အချိန်အတော်ကြာယူလိုက်ရသည်။

ထို့နောက် ဝေဝါးလွန်းသည့် စကားသံနှစ်ခုကို မသဲမကွဲ ကြားလိုက်ရသည်။

သူမက စိတ်မကောင်းဖြစ်မိလေ၏။

သူမက သူမ၏ နောက်ကျောဘက်ရှိ ချီထူဓားကို ကိုင်ကြည့်လိုက်သည်။

အကယ်၍ သူမသာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မိပါက မြေအောက်နန်းတော်ရှိ အစောင့်များကို အချက်ပေးမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သို့သော် ဖန်အိုးထဲ၌ နှိပ်စက်ခံနေရသော ဤသနားစဖွယ်ကောင်းသော သန္ဓေပြောင်း သတ္တဝါကို မြင်တွေ့နေရသောကြောင့် သူမ ရုတ်တရက် လှည့်ထွက်သွားရန်အတွက် မလုပ်ရက်တော့ပေ။

ထိုအချိန်မှာပင် သူမက အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

ဦးထုပ်ဖြင့် ဖုံးအုပ်ထားသော သူမ၏ နားရွက်များက လှုပ်ခတ်သွားရ၏။

သူမအနေဖြင့် မစဉ်းစားရသေးမီမှာပင် သူမ၏ ခန္ဓာကိုယ်က အရင်ဆုံး လှုပ်ရှားသွားသည်။

သူမက ဘေးနံရံကို ဆွဲကိုင်လိုက်ပြီး ကိုယ်ကို မြှောက်တင်လိုက်ကာ အပေါက်များထဲသို့ လျင်မြန်စွာ တိုးဝင်သွားလေတော့၏။

အသံက ပိုမိုနီးကပ်လာသည်နှင့်အမျှ၊ သူမက ဖန်အိုးနှင့် ဝေးရာသို့ ရွေ့လျားသွားပြီး အနီးရှိ အပေါက်တစ်ခုထဲသို့ လျှိုဝင်လိုက်လေသည်။

ဂူ၏ အပေါက်ဝထဲ၌ လည်ပင်းတွင် ကြိုးကွင်းကို စွပ်ထားသော ကောင်လေးတစ်ဦးက ရှိနေ၏။

သူက ယနေ့တွင် သူမနှင့်အတူ တစ်သုတ်တည်း ပါလာခဲ့သူ ဖြစ်ရပေမည်။

နောက်ထပ် နှစ်မိနစ်ခန့်အတွင်း အသံများက တဖြည်းဖြည်း ကျယ်လောင်လာခဲ့၏။

ခြေသံများအပြင် လေချွန်သံကဲ့သို့သော အသံနှင့် ပွတ်တိုက်သံများကိုလည်း ကြားနေရသည်။

သူမက အသက်ကို အောင့်ထားပြီး ခေါင်းကို အနည်းငယ် ပြူထွက်ကာမျက်လုံးတစ်ဖက်ဖြင့် အပြင်ဘက်သို့ တိတ်တဆိတ် ကြည့်ရှုလိုက်လေ၏။

လူနှစ်ဦးက လမ်းမြှောင်ထဲမှ တစ်ဦးပြီးတစ်ဦး ဝင်လာခဲ့ကြသည်။

အရှေ့ဆုံးမှ လူက အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာတွင် သွေးခဲများက ဖုံးလွှမ်းနေ၏။

သူ၏လက်က မည်းနက်သည့် အမွှေးများဖြင့် ဖုံးလွှမ်းနေပြီး ကြီးမားသော အရာတစ်ခုကို အရှေ့သို့ ဆွဲယူလာသည်။

ထိုသူနှစ်ဦးက ဖန်အိုး၏ အနီးသို့ ရောက်ရှိလာသည့်အချိန်တွင် ယင်ရိလျိုလည်း သူတို့၏ ပုံပန်းသဏ္ဌာန် အပြည့်အစုံကို မြင်လိုက်ရတော့၏။

အနောက်မှ လိုက်လာသော အမျိုးသမီးကို သူမ မှတ်မိလိုက်လေသည်။

သူမက သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာသော အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးပင် ဖြစ်၏။

ယခုအချိန်တွင် သူမက ထင်ယောင်ထင်မှားဖြစ်မှုမှ လွတ်မြောက်နေပြီဖြစ်သောကြောင့် ထိုအမျိုးသမီး၌ ထူးခြားသော အချက်တချို့ ရှိနေသည်ကို သတိပြုမိသွားသည်။

ထိုအမျိုးသမီးက အနက်ရောင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကလည်း အနက်ရောင် ဖြစ်၏။

သူမ၏ မျက်ဝန်းများကို တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားသောကြောင့် သူမ၏ သူငယ်အိမ်များကို မမြင်နိုင်ပေ။

သူမ၏ မျက်လုံးများမှ ပါးပြင်အထိ အတောင်ပံများနှင့် တူသော အနက်ရောင် အမွှေးအတောင်များရှိနေ၏။

ထို့အပြင် သူမ၏ နဖူးပေါ်တွင် သေးငယ်သော အက်ကြောင်းတစ်ခုကလည်း ရှိနေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုမြင့်မြတ်သော ပုံရိပ်က ထင်ယောင်ထင်မှား ဖြစ်စေမှုတစ်ခုသာ ဖြစ်၏။

တခြားတစ်ဦးက ယင်ရိလျိုက တစ်ခေါက်မျှ မမြင်ဖူးသော အမျိုးသားတစ်ဦးပင် ဖြစ်သည်။

သူက သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ လူသတ်ပွဲတစ်ခုမှ အခုလေးတင် ပြန်လာသော လူဆိုးတစ်ဦးကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလွန်း၏။

သူ ခေါင်းကို လှည့်လိုက်သည့်အချိန်တွင် သူ၏ မျက်ဝန်းများက ဖြူဖွေးနေပြီး သူငယ်အိမ်တစ်ခုမှ မရှိသည်ကို ယင်ရိလျို မြင်လိုက်ရသည်။

ဤထူးဆန်းသော အမျိုးသားနှင့် အမျိုးသမီးက လူသားများနှင့် လုံးဝကို မတူပေ။

သူတို့က ဝူဝေ့ရုန် နေရာအနှံ့အပြားမှ စုဆောင်းထားသော ကျဆုံးသူများသာ ဖြစ်ရမည်ဟု ယင်ရိလျို ခန့်မှန်းလိုက်မိသည်။

သူတို့ကြားတွင် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိနေပုံရ၏။

ထိုအမျိုးသားကျဆုံးသူက သန္ဓေပြောင်း လင်းနို့ကြီးတစ်ကောင်၏ လက်ကို ကိုင်ထားသည်။

ထိုလင်းနို့က လူတစ်ယောက်နီးပါး အရွယ်အစား ရှိလေ၏။

ဤသည်က အလွန်ပင် ကြီးမားလွန်းသောကြောင့် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်ပေလိမ့်မည်။

ဤအချိန်တွင် သန္ဓေပြောင်း လင်းနို့က မြေပြင်ပေါ်၌ တိတ်တဆိတ် လဲလျောင်းနေပြီးခဲ့သည်။ သူ ကံကြမ္မာက မည်သို့ရှိလာမည်ကို မသိနိုင်တော့ပေ။

“ဒီတစ်ခေါက်တော့ လုပ်ငန်းစဉ်က အတော်လေးတိုတောင်းတယ်၊ သန္ဓေပြောင်းလဲမှုကလည်း အတော်လေး အမြန် အောင်မြင်သွားတာပဲ၊

လူသားတွေရဲ့ မျိုးဆက်တွေက သန္ဓေပြောင်းဖို့အတွက် ပိုပြီးတော့လွယ်ကူလာတာလား”

မျက်ဆံအဖြူနှင့် အမျိုးသားက သူ၏ မျက်နှာမှ ကြွက်သားများ လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။

“ကယ်ပါဦး!”

ရုတ်တရက် သူ၏ရှေ့တွင်ရှိသော ဖန်အိုးထဲမှ လူတစ်ပိုင်းက သားရဲတစ်ပိုင်း အမျိုးသားက ဖန်အိုးကို ထပ်မံတိုက်လိုက်ပြီး အော်ဟစ်လိုက်ပြန်သည်။

ဤထူးဆန်းသော အပြုအမူက မျက်ဆံဖြူနှင့်အမျိုးသားကို သံသယတို့ ဖြစ်ပေါ်စေခဲ့၏။

သူက ခန္ဓာကိုယ်ကို မတ်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ လှည့်ပတ်၍ ကြည့်လိုက်လေသည်။

ယင်ရိလျိုက သူမ၏ ပါးစပ်ကို အုပ်ပြီး ဂူထဲသို့ ကျုံ့ဝင်လိုက်ပြီး နှလုံးသားများက ပြင်းထန်စွာ ခုန်နေခဲ့၏။

ထိုလူ၏ လုပ်ရပ်ကြောင့် ထိုနှစ်ဦးက သံသယဝင်သွားမလား၊ သို့မဟုတ် သူမကို လာရောက်၍ ရှာဖွေကြမလားဆိုသည်ကို မသိနိုင်ပေ။

သို့သော် သူမက အမှန်တကယ်ပင် ထိတ်လန့်နေမိသည်။

ခေတ္တမျှ ကြာပြီးနောက်တွင် ထိုလူနှစ်ဦး၏ စကားပြန်ပြောသံကို ကြားလိုက်ရသောကြောင့် သူမ တဖြည်းဖြည်း စိတ်သက်သာရာ ရသွားရ၏။

သူတို့၏ စကားဝိုင်းမှတစ်ဆင့် သူမက သုခဘုံဂိုဏ်း၏ လျှို့ဝှက်ချက်တချို့ကို သိရှိခဲ့ရသည်။

သူမ နားထောင်လေလေ ပို၍ပင် အံ့အားသင့်၍ ထိတ်လန့်မိလေလေ ဖြစ်၏။

ဖန်အိုးတစ်လုံးစီတွင် အောင်မြင်စွာ သန္ဓေပြောင်းထားသော သတ္တဝါတစ်ကောင်စီ ရှိနေသည်။

သို့သော် ကျဆုံးသူများအတွက် လူသားအသိစိတ်က ရှိနေသော သန္ဓေပြောင်းသတ္တဝါများက သူတို့၏ အမျိုးအနွယ် မဟုတ်ကြပေ။

ဝူဝေရုန်၏ စစ်မှန်သော ရည်ရွယ်ချက်က သန္ဓေပြောင်းသတ္တဝါများကို ဖန်တီးရန် မဟုတ်ဘဲ ကျဆုံးသူများကို ဖန်တီးရန်သာ ဖြစ်၏။

သူက မူလကျောက်တုံးမှ ထုတ်ယူထားသော အရည်ကိုသုံးပြီး သန္ဓေပြောင်းသတ္တဝါ၏ ခန္ဓာကိုယ်ထဲရှိ လူသားအသိစိတ်ကို ဖျက်ဆီးပစ်ရန်နှင့် အတွင်းပိုင်းရှိ သန္ဓေပြောင်း သတ္တဝါ၏ အသိစိတ်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ပေးရန်အတွက် လုပ်ဆောင်နေပုံရသည်။

ဤကဲ့သို့သော အလုပ်မျိုးက လူသားစမ်းသပ်မှုများစွာကို လိုအပ်သည်။

သန္ဓေပြောင်းသားရဲ၏ အကိုက်ခံရသူ သို့မဟုတ် အစားခံရသူတိုင်းက သန္ဓေပြောင်းလူသားတစ်ဦးဖြစ်လာနိုင်လောက်အောင် ကံမကောင်းကြပေ။

သန္ဓေပြောင်းလူသား တစ်ဦးကို ဖန်တီးရန်အတွက် လူပေါင်းဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းအထိ သန္ဓေပြောင်းသားရဲများ၏ ပါးစပ်ထဲတွင် သေဆုံးကြရလေ့ရှိသည်။

လူတစ်ဦး အောင်မြင်ရန်အတွက်ပင် ရက်ပေါင်းများစွာ ကြာမြင့်သော ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများကို ဆင်နွှဲရ၏။

ယခုအချိန်အထိ သူတို့ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သော သန္ဓေပြောင်းသတ္တဝါများက ဖန်အိုးထဲတွင် ပေါက်ကွဲ၍ သေဆုံးသွားသော နှစ်ဦးသာ ရှိသေးသည်။

ကျဆုံးသူတစ်ဦးကိုမျှ အောင်မြင်စွာ မဖန်တီးနိုင်သေးပေ။

အရှေ့မှ သန္ဓေပြောင်းလင်းနို့၏ သန္ဓေပြောင်းမှုကို မအောင်မြင်မီ လူငယ်ပေါင်း နှစ်ဆယ်နီးပါး၏ အသက်ကို နှုတ်ယူခဲ့ပြီးလေပြီ။

ယခုအချိန်တွင် ထိုသန္ဓေပြောင်းကို ပေါက်ကွဲ၍ သေဆုံးသွားခဲ့သော သန္ဓေပြောင်းလူသား၏ နေရာတွင် အစားထိုးရန် ပြင်ဆင်နေခဲ့သည်။

ထို့အပြင် အလွတ်ဖြစ်နေသော ဖန်အိုးထဲသို့ ထည့်သွင်းပြီး လူသားအသိစိတ်ကို ဖျက်ဆီးရန်အတွက်မူလကျောက်တုံးမှ ထုတ်ယူထားသော အရည်အား ထိုးသွင်းလိမ့်မည်။

အနီရင့်ရောင် အရည်များကို ဖြည့်သွင်းပြီးနောက်တွင် ဧရာမသန္ဓေပြောင်း လင်းနို့ကြီးက ဖန်အိုးထဲ၌ အဝတ်အစားမပါရှိသော ကလေးငယ်တစ်ဦး၏ ပုံသဏ္ဌာန်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သူက အသက် (၁၃) နှစ်၊ (၁၄ )နှစ်လဆာက်သာရှိသေးပုံရသည်။

သူ၏ လည်ပင်းတွင် မကျက်သေးသော စုတ်ပြဲနေသည့် ဒဏ်ရာတစ်ခု ရှိနေသည်။

ယင်ရိလျိုတစ်ယောက် နားထောင်ကာ ကြည့်ရှုရင်းဖြင့် စိတ်ထဲ၌ မုန်တိုင်းတစ်ခုက ပြင်းထန်စွာ တိုက်ခတ်နေခဲ့၏။

ထိုအခိုက်အတန့်တွင် သူမ၏ ခံစားချက်ကို မည်သို့ဖော်ပြရမည်ကိုပင် သူမက မသိပေ။

သူမက ဒေါသနှင့် ဝမ်းနည်းမှုကို တစ်ပြိုင်နက်တည့် ခံစားနေရသည်။

ဝူဝေ့ရုန် ဖြစ်စေ၊ မြို့တော် B သုတေသနဌာန ဖြစ်စေ၊ ထိုလူများက သူတို့၏ ကိုယ်ကျိုးအတွက် အပြစ်မဲ့သော အသက်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြ၏။

သူမ၏ ရင်ဘတ်က ပြင်းထန်စွာဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

ထိုအချိန်မှာပင် သူမ၏ ဘေးနားမှ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ

ခဲ့လေ၏။

“ကြွက်လေးကို ရှာတွေ့ပြီ”

ရုတ်တရက် ကျရောက်လာသော ပြင်းထန်သည့် အန္တရာယ်ရှိမှုအာရုံကြောင့် ယင်ရိလျို၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရပြီး ဦးရေပြားထဲသို့ လျှပ်စီးကြောင်းတစ်ခုက ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ ဦးနှောက်က မစဉ်းစားရသေးမီမှာပင် သူမ၏ ခန္ဓာကိုယ်က အရင်ဆုံး တုံ့ပြန်လိုက်လေ၏။

ကျို့လုံဂူတွင် ပင်းကောနှင့်အတူ လေ့ကျင့်ခဲ့သော ရလဒ်များကြောင့် သူမက ကျောဘက်မှ ချီထူဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏ ရှေ့တွင် ကာကွယ်ရန်အတွက် ဝှေ့ယမ်းလိုက်လေသည်။

ကြီးမားလွန်းသော ရိုက်ခတ်မှုတစ်ခုက ဓားသွားပေါ်သို့ ကျရောက်လာပြီး ချက်ချင်းပင် သွေးများက ပန်းထွက်သွားလေ၏။

ဤသည်က အရှေ့မှ ရန်သူ၏ သွေးများဖြစ်သကဲ့သို့ ယင်ရိလျို၏ ကိုယ်ပိုင် သွေးများလည်းပါသည်။

သူမက ပြင်းထန်သော နာကျင်မှုကို အောင့်အည်းသည်းခံကာ ဓားရိုးကို တင်းတင်းဆုပ်ကိုင်လျက် လျင်မြန်စွာ ခုတ်ပိုင်းလိုက်ပြန်၏။

ချက်ချင်းပင် သူမ၏ မျက်စိရှေ့၌ နီရဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ထူထဲလွန်းသော လက်မောင်းပြတ်တစ်ခုက ပြတ်တောက်သွားပြီး မီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ လိမ့်ထွက်သွား၏။

ထိုခေတ္တမျှသော အသက်ရှူချောင်ချိန်ကို အခွင့်ကောင်းယူ၍ သူမက မထိခိုက်သေးသည့် လက်မောင်းဖြင့် နံရံကို ဆွဲကိုင်ပြီး ခုန်ထွက်လိုက်လေသည်။

ထို့နောက် ဂူအပေါက်ဝ အပြင်ဘက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်လေ၏။

သူမ၏ လက်မောင်းမှ သွေးများက ဖြည်းညှင်းစွာ စီးကျနေသော်လည်း သူမက ဂရုမစိုက်ပေ။

သူမ၏ အကြည့်က အရှေ့ရှိ အရာပေါ်သို့ စူးစိုက်လျက် ရှိနေသည်။

ထိုသူ၏နောက်ကျောဘက်တွင် အနက်ရောင် အတောင်ပံတစ်စုံ ရှိနေပြီး မျက်လုံးများကိုတော့ ရှည်လျားသည့် အမွှေးအတောင်များဖြင့် ဖုံးအုပ်ထားခဲ့သည်။

၎င်းက အမျိုးသမီးတစ်ဦးဖြစ်ကာ မလှမ်းမကမ်းရှိ လေပေါ်တွင် ရပ်နေလေ၏။

သူမ၏ နောက်တွင်တော့ ဘဲဥပုံ မြေတံတိုင်းတစ်ခုက ရှိနေခဲ့သည်။

သူမက အဝင်အထွက် လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ယင်ရိလျို၏ အရှေ့ဘက်မှ ထွက်ပြေးနိုင်မည့် အခွင့်အရေးကို ဖြတ်တောက်ထားခဲ့သည်။

လက်မောင်း ပြတ်သွားသော တခြား သောအမျိုးသား ကျဆုံးသူတစ်ဦးလည်း ဂူထဲမှ ထွက်လာလာ၏။

သူ၏ ဖြူဖွေးနေသော မျက်ဝန်းများဖြင့် ယင်ရိလျိုရှိသည့်ဘက်သို့ တန်းမတ်စွာစိုက်ကြည့်နေခဲ့သည်။

*

All Chapters