← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း(235)

သူတို့က ကမ္ဘာပျက်ကပ်မှ လွတ်မြောက်ရန်အတွက်ဟူသော လှပသော အိမ်မက်များရှိနေခဲ့ကြ၏။

သို့သော် ကမ္ဘာပျက်ကပ်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသော ငရဲခန်းထဲသို့ ကျရောက်သွားလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မထင်မှတ်ခဲ့ကြပေ။

ရှုပ်ထွေးပြီး သွေးချောင်းစီးနေသော သတ်ဖြတ်မှုများကြားတွင် အသက် ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကောင်လေးတစ်ဦးက မျက်ရည်များကို သုတ်ရင်း စိတ်ရှုပ်ထွေးဖြင့် ပြေးလွှားနေ

သည်။

ရုတ်တရက် သူက ခလုပ်တိုက်မိသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရ၏။

ဧရာမ နွယ်ပင်ကြီးက သူ့ကို သွေးအိုင်ထဲသို့ရောက်အောင် ရိုက်နှက်တော့မည့်အချိန်တွင်ပင် ပိန်သွယ်သော်လည်း သန်မာသော လက်မောင်းတစ်ဖက်က ထိုကောင်လေးကို မြေပြင်မှ မတင်လိုက်ပြီး အရှေ့သို့ ဆွဲယူလိုက်လေသည်။

သို့သော် ရိုက်ခတ်မှုကြောင့် သူမက အရှေ့ဘက်မှ နံရံနှင့် စောင့်မိသွားရ၏။

ယင်ရိလျိုတစ်ယောက် အလွန် နာကျင်သွားသောကြောင့် မျက်စိထဲတွင် ကြယ်များပင် မြင်သွားရသည်။

သူမ၏ ခန္ဓာကိုယ်ကလည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည့်အတိုင်း ခံစားလိုက်ရ၏။

ထို့အပြင် အရိုးတိုင်းကလည်း အညှစ်ခံထားရသောကြောင့် ရှေ့ဆက်ရန်အတွက် ကြိုးစားနေချိန်တွင်ပင် တကျွီကျွီအသံများက ထွက်ပေါ်နေသည်။

သူမက ထိုကောင်လေးကို ဂူအပေါက်ဝသို့ တွန်းပို့လိုက်လေ၏။

ထို့နောက် ကျောက်ခဲနှင့် မြေကြီးများကို ကြေမွသွားစေသည့် တခြားသော ပြင်းထန်သည့် လက်တံတစ်ခုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ရသည်။

အကယ်၍ ထိုကဲ့သို့သော ရိုက်ချက်မျိုးကသာ လူသားများပေါ်သို့ကျရောက်ပါက အကျိုးဆက်က အမှန်တကယ်ပင် ဆိုးဝါးလွန်းပေလိမ့်မည်။

သူမက ချီထူကို ခက်ခဲစွာ ဆုပ်ကိုင်ထားရပြီး ဓားထိပ်ဖျား၏ အရှိန်ကို အသုံးပြုကာ အဆက်မပြတ်သော တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်လေ၏။

သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ကျင်းယန်၏ဘေးနားတွင်လည်း ထိုအတိုင်းပင် ဖြစ်ပျက်နေသည်ကို တွေ့လိုက်ရသည်။

ဝူဝေ့ရုန်က သူတို့နှစ်ဦးကို လုံးဝခွဲခွာထားရန်အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေပုံရ၏။

ဤမြေခွေးကဲ့သို့သော ကျရှုံးသူက မည်သည့်အရာကို ရည်ရွယ်နေကြောင်းကို သူမ မသိပေ။

သို့သော် သူ အလိုရှိသည့်အတိုင်း ဖြစ်လာခွင့်မပေးနိုင်သောကြောင့် သူမက အံကိုတင်းတင်းကြိတ်ပြီး အလျှင်အမြန် ရှောင်တိမ်းရင်း အနောက်သို့ ရုတ်တရက်ခုန်လိုက်လေသည်။

ကြီးမားလွန်းသော လေထုပွတ်တိုက်မှုကြောင့် သူမ၏ ဦးရေပြားအနီးမှ လေတိုးသံတို့ပင် ထွက်ပေါ်လာခဲ့၏။

သူမ၏ ဆံပင်များနှင့် နားရွက်များကလည်း ရှုပ်ထွေးနေပြီး သူမ၏ မျက်ခုံးနှင့် မျက်ဝန်းများကို ဖုံးအုပ်ထားပေသည်။

ယင်ရိလျိုက သူမ၏ ဆင့်ကဲပြောင်းလဲထားသော အစွမ်းထက်သည့် အရှိန်ကို အသုံးပြုကာ ကျင်းယန်ရှိရာဘက်သို့ အပြေးအလွှား သွားလိုက်လေ၏။

ထိုအခိုက်တွင် ရုတ်တရက် ငိုကြွေးသံတစ်ခုကို ကြားလိုက်ရသည်။

တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် ထိုအသံက လူအုပ်ကြီး၏ ဆူညံသံများကြားတွင် အလွန်ပင် နားခါးစရာဖြစ်နေခဲ့၏။

သူမ အနောက်သို့ လှည့်ကြည့်လိုက်မိလျှင် လင်းချိုးချိုးက လူအုပ်ကြီး၏ အလယ်တည့်တည့်တွင် ရပ်နေပြီး ငိုကြွေးအော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

“ကျဲကျဲ .. ကျွန်မကို ကယ်ပါဦး! ကျဲပဲ ကျွန်မကို ဘာမှမဖြစ်စေရဘူးလို့ ကတိပေးထားတာလေ!”

သူမက ဤမိန်းကလေးငယ်ကို သူမနှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

တစ်စုံတစ်ခုက မှားယွင်းနေကြောင်းကို သူမ သိသော်လည်း၊ သူမကို အလွန် ယုံကြည်နေသော လင်းချိုးချိုးကို သူမ၏ မျက်စိရှေ့တွင် သေဆုံးသွားသည်ကို ကြည့်မနေနိုင်ခဲ့ပေ။

သူမက အနောက်သို့ လှည့်ကြည့်လိုက်ပြီး သူမကို ငေးစိုက်ကြည့်နေသော ကျင်းယန်ကို စိုက်ကြည့်လိုက်လေ၏။

ထို့နောက် အံကို တင်းတင်းကြိတ်ပြီး အနောက်သို့ ပြန်လှည့်လိုက်ကာလင်းချိုးချိုးရှိရာသို့ ပြေးသွားပြီး သူမကို အန္တရာယ်ကြားထဲမှ ဆွဲထုတ်ရန်ကြိုးစားလိုက်လေသည်။

ကျင်းယန်မှာတော့ သူ၏ ယုန်လေးက သူ့ကို တစ်ချက်သာကြည့်ရှုပြီး ပြတ်သားစွာပင် ကျောခိုင်းလှည့်ထွက်သွားကာ ဘေးအန္တရာယ်ထဲသို့ နောက်တစ်ကြိမ် ပြန်လည်တိုးဝင်သွားသည်ကို တွေ့မြင်လိုက်ရလေ၏။

သူ၏ မျက်လုံးများထဲတွင် ပြင်းထန်လွန်းသော မီးလျှံများက အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေခဲ့သည်။

သို့သော် ကျင်းယန်အနေဖြင့် သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူက ယင်ရိလျို၏ အနောက်သို့ အလောတကြီး လိုက်သွားခဲ့ကာ အဖြူရောင် ဖြစ်နေသင့်သော သူ၏ မျက်အိမ်များက ယခုအချိန်တွင် သွေးကြောများက ယှက်သန်းပြီး နီရဲလျက် ရှိနေချေပြီ။

“ယုန်လေး မသွားနဲ့!”

ကျင်းယန်တစ်ယေပက် ယင်ရိလျိုက လူအုပ်ထဲမှ လင်းချိုးချိုးကို ဖမ်းဆွဲ၍ သူမ၏ နောက်ဘက်သို့ ဆွဲထုတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်စံများက တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရပြီး ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားရ၏။

ထက်ရှပြီး ထူထဲသော နွယ်ပင်တစ်ပင်က သူ၏ မျက်စိရှေ့မှောက်တွင်ပင် ယင်ရိလျို၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့လေပြီ။

ထိုမိန်းကလေး၏ သွေးများပေကျံနေသော မျက်နှာက တဖြည်းဖြည်း ရှုံ့တွသွားသည်ကို သူ တွေ့မြင်သွားခဲ့သည်။

သူမက တစ်စုံတစ်ခုပြောရန်အတွက် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း နှုတ်ခမ်းဖျားမှ တိုးညှင်းသော ညည်းညူသံလေးသာ ထွက်ပေါ်လာသည်။

လတ်ဆတ်သော သွေးများက သူမ၏ ပါးစပ်မှ အဆက်မပြတ် စီးကျလာပြီး မေးစေ့နှင့် လည်ပင်းတို့ကို နီရဲစွာ စွန်းထင်းသွားစေ၏။

နွယ်ပင်က ထိုမိန်းကလေး၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဆွဲဖြဲနေခဲ့လေသည်။

ကျင်းယန်၏မျက်လုံးများက ဤမြင်ကွင်းမှလွဲ၍ တခြားအရာများကို မမြင်နိုင်တော့ဘဲ သူ၏ စိတ်နှလုံးထဲမှ နောက်ဆုံးကြွင်းကျန်ရစ်သော ကြိုးတစ်မျှင်ကလည်း ထောက်ခနဲ ပြတ်တောက်သွားရလေတော့၏။

ထိုအချိန်တွင် ကျောင်းချီယန်၏ မျက်လုံးများသည်လည်း သွေးနီရောင်သန်းနေခဲ့သည်။

နေရာတွင်ရှိနေသည့် လူတိုင်းက အံ့အားထိတ်လန့်သွားကြရလေ၏။

သူတို့အနေဖြင့် ဤမြင်ကွင်းက အမြင်အာရုံ လှည့်စားမှုတစ်ခုဟု ထင်မှတ်ခဲ့ကြသော်လည်း ထိုသို့ မဖြစ်နိုင်ခဲ့ပေ။

သူတို့က ဗြဟ္မာ၏ အမြင်အာရုံ လှည့်စားမှုထဲမှ မကြာသေးမီကမှ လွတ်မြောက်လာခဲ့သောကြောင့် အချိန်တိုအတွင်း၌ သူ၏လှည့်ဖြားမှုကို လုံးဝကို ခုခံကာကွယ်နိုင်စွမ်း ရှိနေကြသည်။

ထို့အပြင် ကျင်းယန်၏ ပြင်းထန်လွန်းသော စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်ဆိုလျှင် သူက ဒုတိယအကြိမ်မြောက် အမြင်အာရုံလှည့်စားမှုထဲသို့ ကျရောက်ရန် လုံးဝကို မဖြစ်နိုင်ပေ။

ကျင်းယန်တစ်ယောက် သောင်းကျန်းနေသော သားရဲတစ်ကောင်ကဲ့သို့ အရှေ့သို့ ပြေးထွက်တော့မည့်အချိန်တွင် ကျောင်းချီယန်ကတော့ ဆင်ခြင်နိုင်စွမ်း အနည်းငယ်ကျန်ရှိနေသေးသည်။

သူက သူ၏ ရှေ့မှ သောင်းကျန်းနေသော ထိုအမျိုးသားကို သတိပြန်ဝင်လာစေရန်အတွက် အတင်းအကျပ် ဆွဲထားမိ၏။

“ခေါင်းဆောင်.. ယုန်လေးက ခင်ဗျားကို ဒီလိုမျိုး လုံးဝမဖြစ်စေချင်လောက်ဘူး”

“ဖယ်စမ်း!”

ထိုဟိန်းဟောက်သံက ထိုအမျိုးသား၏ လည်ချောင်းထဲမှ တစ်လုံးချင်းစီထွက်ပေါ်လာခြင်းဖြစ်ကာ အက်ကွဲကြမ်းရှနေခဲ့သည်။

သူ၏ အသိစိတ်က လုံးဝကို ပျောက်ဆုံးသွားခဲ့ရလေပြီ။

သူ၏ ခန္ဓာကိုယ်က ရေတွက်၍မရနိုင်သော အနက်ရောင် မြားများဖြင့် ထိုးဖောက်ခြင်းကို ခံထားရသောကြောင့် သွေးအလိမ်းလိမ်း ဖြစ်နေသည်။

သို့သော်လည်း လျင်မြန်စွာပင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ အထိုးစိုက်ခံရပြန်သည်။

သို့သော် ထိုအမျိုးသားက မည်သည့်အရာကိုမှ ခံစားမိပုံမရဘဲ တစ်လှမ်းချင်းစီ အရှေ့သို့ တိုးဝင်နေ၏။

ထိုအချိန်တွင် တစ်စုံတစ်ခုသော နည်းလမ်းဖြင့် ကျယ်ဝန်းရှည်လျားသော ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်နိုင်ခဲ့သည့် ဝူဝေ့ရုန်မှာ နောက်ဆုံးသော အတားအဆီးကို ဖြတ်ကျော်ပြီး ကျယ်လောင်စွာ ရယ်မောလျက် ထွက်ပေါ်လာသည်။

ထိုလမ်းကြောင်းက ပင်လယ်ဝါ ထံသို့ တိုက်ရိုက် ဆက်သွယ်ထားခြင်းဖြစ်ပေ၏။

သူ့၏ရယ်သံကြားတွင် ရုတ်တရက် ဧရာမပင်လယ်ရေလှိုင်းကြီးများက မြေအောက်နန်းတော်တစ်ခုလုံးကု ရိုက်ခတ်လာပြီး သူတို့အားလုံးကို ရေထုထဲသို့ နစ်မြုပ်စေခဲ့လေခဲ့သည်။

ထိုတိုက်ပွဲက ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားခဲ့၏။

ကယ်ဆယ်နိုင်သူ အနည်းငယ်သာ ရှိခဲ့သော်လည်း ဆင့်ကဲပြောင်းလဲသူ အမြောက်အမြားကတော့ သေဆုံးပျက်စီးခဲ့ကြရသည်။

သေဆုံးသူများထဲတွင် ရှုးယန်အဖွဲ့မှ အလွန်အမင်း ချစ်စရာကောင်းလွန်းသော ထိုမိန်းကလေးသည်လည်း ပါဝင်နေခဲ့လေ၏။

ကမ်းပေါ်သို့ တက်လာကြသည့် ဆင့်ကဲပြောင်းလဲသူများမှာ မည်သူကမှ စကားမပြောကြပေ။

တချို့က တိတ်တဆိတ် ငိုကြွေးနေကြပြီး တချို့က ရေထဲမှ ရုပ်အလောင်းများကို တိတ်တဆိတ် ဆယ်ယူနေကြသည်။

ရှုးယန်အဖွဲ့မှာတော့ တစ်ကိုယ်လုံးက ရွှဲရွှဲစိုလျက်ရှိနေပြီး ရေစိုနေသော ကြွက်များကဲ့သို့ဖြစ်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ စကားပြောမလာခဲ့ကြပေ။

ကျောင်းချီယန်က မြေပြင်ပေါ်တွင် ထိုင်နေခဲ့ကာ ဒူးနှစ်ဖက်ကြားတွင် ခေါင်းကို နှစ်ထားပြီး တိတ်တဆိတ် ငိုကြွေးနေခဲ့ပြီး မြေကြီးကို အကြိမ်ကြိမ် ထုရိုက်နေသည်။

ရေကို အလွန်အမင်း ကြောက်ရွံ့တတ်သည့် လင်းကျားကတော့ သူတို့ကို ရှာဖွေရန်အတွက် သူမ ရှာတွေ့နိုင်သမျှသော ပိုးကောင်တိုင်းကို မြေအောက်ရေတွင်းထဲသို့ ပစ်ထည့်နေခဲ့၏။

ကျောင်းစီဟွေ့မှာ သူမ၏ မျက်ရည်များကို ထိန်းထားရန်အတွက် ကြိုးစားနေခဲ့သော်လည်း မတတ်နိုင်တော့ပေ။

လူတိုင်းက သူတို့ထဲတွင် ကျင်းယန်က စိတ်ခံစားချက် မတည်ငြိမ်ဆုံး ဖြစ်နေမည်ကို သိရှိထားသော်လည်း မည်သူကမျှ သူ့အနီးသို့ မချဉ်းကပ်ရဲကြပါချေ။

ထိုအမျိုးသား၏ ခန္ဓာကိုယ်က ကြည့်မကောင်းလောက်အောင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။

သူ၏ မျက်နှာတွင်ပင် အရိုးထိအောင် နက်ရှိုင်းသော အမာရွတ်များက ထင်ကျန်နေခဲ့သည်။

သူက ယင်ရိလျို၏ တည်နေရာကို အဆက်မပြတ် ရှာဖွေရန်အတွက် ရေထဲတွင် အချိန်အတော်ကြာအောင် စိမ်နေခဲ့သောကြောင့် သူ၏ ဒဏ်ရာများက ဖြူလျော့ပြီး ကွဲအက်လျက် ရှိနေ၏။

သူ၏ အစွမ်းထက်လွန်းသော ပြန်လည်ကုသနိုင်သည့် စွမ်းရည်ကလည်း ဤခဏတွင် အလုပ်မလုပ်တော့ပေ။

အချိန်အတော်ကြာပြီးနောက်တွင် ရွှေရောင် ရေစက်ကလေးတစ်စက်က မြေကြီးပေါ်သို့ ညင်သာစွာ ကျဆင်းသွားခဲ့၏။

အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှာတော့ လေပြင်းများကြောင့် လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်လျက် ရှိနေသည်။

ပင်လယ်ပြင်ထက်မှ ဧရာမလှိုင်းလုံးကြီးများက တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး မီတာပေါင်းများစွာ မြင့်မားသော ရေမြှုပ်ကြီးများကို လွှင့်တင်လျက် ကမ္ဘာနှင့် ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပစ်တော့မည့်အတိုင်း ရိုက်ခတ်နေ၏။

ပင်လယ်ပြင်တွင် မုန်တိုင်းကျရောက်သည့်အချိန်တွင် ရေမျက်နှာပြင်၏ အောက် မီတာပေါင်း ထောင်ချီသော နေရာတွင် မည်သို့သော ပင်လယ်ပြင် သတ္တဝါဆန်းများက ပုန်းအောင်းနေသည်ကို မည်သူမှ မသိနိုင်ပေ။ ထိုနေရာက ကုန်းမြေထက် ပို၍ အန္တရာယ် ကြီးမားသည်။

လှိုင်းလုံးကြီးများ၏ အောက်ဘက် ပင်လယ်နက်ထဲမှ ဧရာမ သန္ဓေပြောင်း ပင်လယ်ငါးမန်းကြီးတစ်ကောင်က ရုတ်တရက် ခုန်ထွက်လာ၏။

ဤငါးမန်းက မီတာသုံးဆယ်ခန့် ရှည်လျားပြီး ၎င်း၏ ချွန်ထက်သော သွားများဖြင့် ပစ်မှတ်ကို ပြင်းထန်စွာ ဟပ်လိုက်လေသည်။

*

All Chapters