← Chapters

အခန်း ၅၃၁

Vol. 36 Ch. 531

အခန်း ၅၃၁

Vol. 36 Ch. 531

အခန်း (၅၃၁) - နယ်မြေ ၁၈၈ အတွက် ရှင်ကျန်သူများ စတင်လှုပ်ရှားလာခြင်း

တောအုပ်အတွင်း၌မူ လက်ရှိအချိန်အထိ ဆီးနှင်းဖြူဖြူကြီးများဖြင့်သာ အပြည့်အဝ ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်ပြီး ၎င်းဆီးနှင်းပြင်ထက်တွင်လည်း သူတို့ စကိတ်စီးလျက် မောင်းနှင်ခဲ့စဉ်တုန်းက ကျန်နေခဲ့သော ခြေရာလက်ရာအချို့သာ ထင်ရှားစွာ ရှိနေခဲ့ပေသည်။

"အီး..."

ခဲခဲလေးက ခေါင်းလေးကို အသာအယာ ခါယမ်းလိုက်၏။

သူမကိုယ်တိုင်လည်း ခုနက သတိထားမိခဲ့သည့် အရာက ဘာလဲဆိုသည်ကို သေချာ မသိပုံရပေသည်။

တောအုပ်နက်ကြီးဘက်သို့ နောက်ထပ် နှစ်ကြိမ်ခန့် စူးစိုက်ကြည့်လိုက်သေးသော်လည်း ထူးခြားသည့်အရာတစ်ခုမှ ထပ်မတွေ့တော့ပေ။

ခဏအကြာတွင်တော့ သူမလည်း ထိုကိစ္စကို စိတ်ထဲမှ လက်လျှော့လိုက်ပုံရပေသည်။

ထို့နောက် ပြန်လှည့်လာပြီး မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေကြသော လူသုံးယောက်ရှိရာသို့ တက်တက်ကြွကြွ ပြေးသွားခဲ့လေသည်။

တစ်ခါတစ်ရံ ကျောက်ရှောင်ချွမ်း၏ ခန္ဓာကိုယ်ကို ခြေဖဝါးလေးဖြင့် အသာအယာ တွန်းလိုက်ပြီး၊ တစ်ခါတစ်ရံ ချင်ယွန်လုံတို့နှစ်ဦးဘက်သို့ ပြေးသွားကာ ဆော့ကစားနေတော့သည်။

"ဟား... နင်ကတော့ တကယ် ချစ်စရာကောင်းတဲ့ သတ္တဝါလေးပဲ..."

ကျောက်ရှောင်ချွမ်းက မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခဲခဲလေးကို ဖမ်းယူရန် ကြိုးစားလိုက်၏။

သို့သော် ခဲခဲလေးကတော့ ယခုမှ စတွေ့ဖူးသေးသော သူစိမ်းတစ်ယောက်ကို အလွယ်တကူ အထိခံမည့် သတ္တဝါမျိုး မဟုတ်ချေ။

သူမ၏ ကိုယ်လေးကို အသာလေး လှည့်လိုက်ရုံဖြင့် ကျောက်ရှောင်ချွမ်း၏ လက်မှ လွတ်မြောက်သွားခဲ့၏။

ထို့နောက် အနည်းငယ် ခပ်လှမ်းလှမ်းသို့ ခုန်လိုက်ပြီး

"အီး"

ဟု အသံလေးထွက်ကာ မကျေမနပ်ပင် ကြည့်လိုက်သေးသည်။

"ဟားဟား..."

ဘေးမှကြည့်နေသူများပင် မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ဝမ်လေ့ကတော့ ကျောက်ရှောင်ချွမ်း၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။

"ဟေ့... ဒီတယ်လီပို့ရဲ့ ဘေးထွက်ဆိုးကျိုးက တကယ် ဒီလောက်တောင် ပြင်းတာလား..."

"မင်းလည်း အိမ်ပြန်တဲ့အချိန်ကျရင် ကိုယ်တိုင် သိရမှာပေါ့..."

ကျောက်ရှောင်ချွမ်းက ပျော့ခွေနေသော ခန္ဓာကိုယ်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ပြန်ဖြေလိုက်၏။

"အဲဒီအချိန်ကျရင်တော့ ငါက ဒုတိယအကြိမ် တယ်လီပို့လုပ်ပြီးသား ဖြစ်နေပြီဆိုတော့ ဒီခံစားချက်နဲ့ နည်းနည်း နေသားကျသွားလောက်ပြီ။"

"အဲ့ဒါကြောင့် သေချာပေါက် မင်းထက် အရင် ပြန်ကောင်းလာမှာပဲ..."

သူက ခဏရပ်ပြီး ပါးစပ်ထောင့်ကို မသိမသာ ကွေးလိုက်လေသည်။

"အဲဒီအချိန်ကျရင်တော့..."

"မင်းကို ငါ အားရပါးရ လှောင်ရတော့မှာပေါ့ကွာ..."

ထိုသို့ပြောနေစဉ် သူ၏ အသံမှာ ယိုင်နဲ့နဲ့ ဖြစ်နေပြီး စကားလုံးတိုင်းက အရက်အလွန်အကျွံ မူးနေသူတစ်ယောက်၏ လေသံအတိုင်း တုန်တုန်ရီရီ ထွက်ပေါ်နေခဲ့၏။

ရွှီရှင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် မေးလိုက်၏။

"ဒါနဲ့... ကျိချောင်းယန်ရော ဘယ်သွားနေတာလဲ"

"သူ အိမ်ကို ပြန်သွားတာ ကြာပြီ"

ချီရွှယ်ဖေးက မြေပြင်ပေါ်တွင် လဲကျနေကြသော လူသုံးယောက်၏ ဘေးမှ မတ်တပ်ရပ်လိုက်ပြီး ရှင်းပြ၏။

"သူ့မှာ ကိုယ်တိုင် သွားအတည်ပြုချင်တဲ့ ကိစ္စတစ်ခု ရှိတယ်လို့ ပြောပြီး စောစောကတည်းက ပြန်သွားခဲ့တာ"

"ကြည့်ရတာတော့ သူ တစ်ခုခု တွေ့ထားတဲ့ပုံပဲ"

"အဲဒီအရာသာ တကယ်မှန်တယ်ဆိုရင် ငါတို့ကို ချက်ချင်း အကြောင်းကြားပေးမယ်လို့တော့ ပြောသွားတယ်"

"ဒါပေမယ့်..."

ချီရွှယ်ဖေးက ခေါင်းအသာယမ်းလိုက်၏။

"သူ သွားအတည်ပြုချင်တဲ့ ကိစ္စက ဘာလဲဆိုတာတော့ ငါတို့ကို မပြောသွားဘူး"

တစ်ခုခုကို သွားအတည်ပြုတယ် ဟုတ်လား။

ရွှီရှင်း၏ မျက်လုံးများ မသိမသာ မှေးကျဉ်းသွားခဲ့၏။

လတ်တလော ကျိချောင်းယန်၏ အပြုအမူများမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူလည်း သတိထားမိထားပြီး ဖြစ်သည်။

ဒီတစ်ကြိမ်တွင်တော့ သူ့အနေနှင့် မည်သည့်ကိစ္စကိုမှ အဖွဲ့သားများအား ကြိုတင်အသိပေးခြင်း မရှိခဲ့ပေ။

သူ တစ်ယောက်တည်း တိတ်တဆိတ် လှုပ်ရှားနေခဲ့ခြင်းသာ ဖြစ်၏။

သို့သော်...

ရွှီရှင်းက ထိုအကြောင်းကို ဆက်မတွေးတော့ချေ။

ကျိချောင်းယန်ကို သူ အပြည့်အဝ ယုံကြည်ထားလေသည်။

ထို့ကြောင့် ကျိချောင်းယန်က ထုတ်မပြောသေးသရွေ့ သေချာပေါက် အကြောင်းရင်းတစ်ခုခု ရှိနေလိမ့်မည်ဟုသာ တွေးလိုက်ပေသည်။

"ကောင်းပြီ။"

ရွှီရှင်း ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ငါ အပေါ်ကို အရင်တက်လိုက်ဦးမယ်။"

"ကူးပြောင်းစက်ရဲ့ အချက်အလက်တွေကို ပြန်သတ်မှတ်ဖို့ လိုသေးတယ်။"

ထိုသို့ပြောပြီးနောက် သူက ဝမ်ကွေ့ရှင်းနှင့် ဝမ်လေ့တို့ဘက်သို့ လှည့်ကြည့်လိုက်၏။

"ဒါနဲ့..."

"နင်တို့နှစ်ယောက် ဘာဖြစ်လို့ အိမ်ထဲဝင်ပြီး အနားမယူကြတာလဲ။"

"ဒီလောက်အေးနေတာကို အပြင်မှာပဲ စောင့်နေကြတာလား။"

"နင် အခု ဘာတွေပြောနေတာလဲ။"

တယ်လီပို့အမှတ်အသားပေါ်က အချက်အလက်တွေကို စိတ်ဝင်တစား ပြင်ဆင်နေသော ဝမ်ကွေ့ရှင်းက ခေါင်းလှည့်ပြီး ရွှီရှင်းကို ကြည့်လိုက်၏။

"နင်က ဒီဘက်ကို ဘေးကင်းကင်း ပြန်မရောက်သေးတဲ့အချိန်မှာ၊ ငါတို့က နင့်သစ်ပင်အိမ်ထဲကို ဘယ်လိုလုပ် ဝင်ပြီး အေးအေးဆေးဆေး ထိုင်နေနိုင်မှာလဲ"

ထိုစကားကို ကြားလိုက်ရသဖြင့် ရွှီရှင်း ခဏတာ ငြိမ်သွားလေသည်။

ထို့နောက် ဘေးတွင်ရပ်နေသော လီဝမ်ရှီးအား လှည့်ကြည့်လိုက်၏။

"အာ... အဲဒါက..."

လီဝမ်ရှီးက နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"အဲဒီသစ်ပင်အိမ်က ငါ့ကို တရားဝင် ပေးထားတာ မဟုတ်သေးဘူးလေ။"

"ဒါကြောင့် နင့်ခွင့်ပြုချက် မရှိဘဲနဲ့ သူတို့နှစ်ယောက်ကို နင့်အိမ်ထဲ ခေါ်မသွားရဲတာပါ။"

သူမ၏ အသံက တိုးသော်လည်း အနားတွင်ရှိနေသူအားလုံး ကြားနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း ထွက်သွားခဲ့၏။

"ဟင်"

ဝမ်ကွေ့ရှင်း အံ့ဩသွားလေသည်။

"နင်ပြောတာက..."

"ဝမ်ရှီးက နင့်သစ်ပင်အိမ်ကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေး ရထားတာလား"

"ဟုတ်တယ်လေ"

ဒီအကြောင်းအရာ ရောက်လာသည်နှင့် လီဝမ်ရှီး၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

သူမက အဝေးက ဆီးနှင်းများကြား တစ်ဝက်ခန့်နစ်နေသည့် အမှတ် ၀၁ ကပ်ပါးသစ်ပင်အိမ်ကို လက်ညှိုးထိုးပြလိုက်ကာ..

"ဟိုသစ်ပင်အိမ်ကို မြင်လား"

"အခုတော့ အဲဒါက ငါ့ရဲ့ ကိုယ်ပိုင်အိမ် ဖြစ်သွားပြီ"

"ရွှီရှင်းက ငါ့ကို အဲဒီသစ်ပင်အိမ်ကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေးအားလုံး ပေးထားပြီးသားပါ"

"ဒီလိုနည်းလမ်းမျိုး ရှိသေးတာကိုး"

ဝမ်ကွေ့ရှင်း၏ မျက်လုံးများ တောက်ပသွား၏။

"တကယ့်ကို အသုံးဝင်တဲ့ စနစ်ပဲ။ လူမရှိတော့တဲ့ သစ်ပင်အိမ်တွေက ဒီလောက်အထိ အသုံးဝင်ဦးမယ်လို့ ငါ မထင်ထားခဲ့ဘူး။"

သူမက ရွှီရှင်းနှင့် လီဝမ်ရှီးကို တစ်လှည့်စီ ကြည့်လိုက်ပြီး ပြောလိုက်၏။

"ကောင်းပြီ။ ငါတော့ လောလောဆယ် နင့်သစ်ပင်အိမ်ထဲ မဝင်သေးဘူး။ ငါ့ခန္ဓာကိုယ်ထဲက အဆိပ်ကြောင့် မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုခု ဖြစ်လာမှာ စိုးရိမ်သေးလို့၊ အရင်ဆုံး ဒီတယ်လီပို့တံခါးကို စမ်းသပ်ကြည့်လိုက်ဦးမယ်"

ဝမ်လေ့ကလည်း ခရမ်းရောင်တယ်လီပို့ဝဲဂယက်ကို ကြည့်ရင်း ပြောလိုက်၏။

"ငါလည်း ဒီတယ်လီပို့တံခါးကို စမ်းကြည့်ချင်နေတာ ကြာပြီ"

"ဒါကြောင့် မင်းက မင်းလုပ်စရာရှိတာတွေ အရင်လုပ်လိုက်ပါ။ ငါတို့ကို စိတ်ပူနေဖို့ မလိုပါဘူး"

"ငါ အခုချက်ချင်းပဲ ချောင်းယန်ရှိတဲ့ နေရာကို တယ်လီပို့သွားကြည့်ချင်တယ်"

ချီရွှယ်ဖေးက လူတိုင်းကို အရေးပေါ်ဆေးလုံးတချို့ ထပ်ပေးရင်း ပြောလိုက်၏။

"ဟိုဘက်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တစ်ခုခု ဖြစ်လာရင် ဒီဆေးကို ချက်ချင်းသောက်လိုက်ပါ"

"အခုအချိန်မှာ ဒီတောကြီးရဲ့ အခြေအနေက လုံးဝ စိတ်ချလို့ မရသေးဘူး"

"ဟားဟား... ငါတို့အဖွဲ့မှာ ဒီလို ထိပ်တန်းဆရာဝန်တစ်ယောက် ရှိနေတာ တကယ်ကံကောင်းတာပဲ"

လီဝမ်ရှီးကလည်း "ဒါဆို ငါလည်း အိမ်ကို အရင်ပြန်လိုက်ဦးမယ်။ငါ့သစ်ပင်အိမ်ထဲမှာ နင်လိုတဲ့ ကုန်ကြမ်းတွေ အများကြီး သိမ်းထားတယ်။ အိမ်ရောက်တာနဲ့ စနစ်ကနေတစ်ဆင့် နင့်ဆီ အကုန်ပို့ပေးလိုက်မယ်။"ဟု ဆိုလိုက်၏

"ကောင်းပြီ။"

ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး နောက် မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်သော ကျောက်ရှောင်ချွမ်း၊ ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့ကို တစ်ချက်ကြည့်လိုက်၏။

လုဖေးအာကိုလည်း ၎င်းတို့သုံးယောက်ကို ခဏစောင့်ရှောက်ပေးရန် မှာကြားပြီးနောက် သူက သူ၏သစ်ပင်အိမ်ဘက်သို့ တစ်ယောက်တည်း ပြန်လျှောက်သွားလေတော့သည်။

သစ်ပင်အိမ်ထဲ ပြန်ရောက်သည်နှင့် အာကာသလက်ကောက်ထဲတွင် ရှိနေသော သားရဲများကို အရင်ဆုံး အပြင်ထုတ်လိုက်ကာ

မီးဖိုဘေးတွင် နွေးနွေးထွေးထွေး အနားယူနိုင်အောင် စီစဉ်ပေးလိုက်၏။

အရာအားလုံး ပြီးသွားမှသာ ဧည့်ခန်းရှိ သားရေဆိုဖာပေါ်တွင် ထိုင်ချလိုက်လေတော့သည်။

ထို့နောက် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေနေသော ခဲခဲလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်ပါတော့သည်။

အခန်း ၅၃၁ ပြီး။

All Chapters