← Chapters

အခန်း ၂၅၁

Vol. 22 Ch. 251

အခန်း ၂၅၁

Vol. 22 Ch. 251

အခန်း (၂၅၁) အစီအစဉ်သစ်

ညနက်ပိုင်းအချိန် အလွန်မှောင်မိုက်သော နေရာတစ်ခုရှိ ခန်းမကြီး၏အထက်တွင် အပြာရောင်နဂါးတက်တူးများ အပြည့်ထိုးထားသော အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ထံမှ ကြမ်းတမ်းခက်ထန်ကာ ရက်စက်လှသော အငွေ့အသက်များ ထွက်ပေါ်နေပေ၏။

"အစ်ကိုလုံ… ကျွန်တော်က အခု ကံခေနေတာဆိုတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ မေ့ထားလိုက်ကြရင် ကောင်းမယ်ထင်တယ်"

"အဓိကပြဿနာက ဒီစုယွမ်ဆိုတဲ့ကောင်က သာမန်လူမဟုတ်ဘူး… ခင်ဗျား သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ဟု ဟန်ပုရှင်းက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။

"ဟွန့်"

"ဥက္ကဋ္ဌဟန်… ခင်ဗျားက ကျွန်တော့်ကို အရင်က ကူညီဖူးတယ်… ကျွန်တော် လီအာလုံက ခင်ဗျားကို ဘယ်တော့မှ သစ္စာမဖောက်ဘူး"

"စုယွမ်မှာ နောက်ခံအင်အားတွေ ရှိနေရင်တောင် ကျွန်တော်တို့ နဂါးစိမ်းဂိုဏ်းအတွက်ကတော့ ဘာမှမဟုတ်ပါဘူး"

"ဟောင်ကောင်ရဲ့ အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းရဲ့သားတောင် တစ်ချိန်က ပြန်ပေးဆွဲခံခဲ့ရသေးတာ မဟုတ်ဘူးလား"

"တကယ်လို့ ကျွန်တော်သာ လုပ်ချင်ရင် သူ့ကို အလွယ်လေး ခြယ်လှယ်လို့ရတယ်"

"ဒီကောင်နှစ်ကောင်က သူ့ကို စမ်းသပ်ကြည့်ရုံ သက်သက်ပါပဲ"

လီအာလုံက အောက်ဘက်ရှိ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော လူနှစ်ဦးကို ကြည့်ကာ ပြောလိုက်လေ၏။

"ဟုတ်ကဲ့… ဟုတ်ကဲ့ပါ"

"ခင်ဗျားကို ကျွန်တော် ယုံကြည်ပါတယ်… ဒါပေမဲ့ ဒီကိစ္စက တော်တော်လေး ခက်ခဲတယ်"

"ဒီစုယွမ်က သာမန်လူမှ မဟုတ်တာ… တကယ်လို့ သူ့ကိုသာ ကျွန်တော်တို့ ရှင်းပစ်လိုက်ရင် အာဏာပိုင်တွေက လွှတ်ထားပေးမှာ မဟုတ်ဘူး" ဟန်ပုရှင်းက ပြောလိုက်ချေသည်။

"ရပါတယ်"

"ခင်ဗျား ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး… ကျွန်တော် လီအာလုံရဲ့ နာမည်မှာ အာဆိုတဲ့ နှစ်ဂဏန်းပါတယ်… ကွမ်ယွီနတ်မင်းကြီးရဲ့ နာမည်မှာလည်း နှစ်ဂဏန်းပါတယ်… ကျွန်တော်က ကွမ်ယွီနတ်မင်းကြီးရဲ့ သစ္စာတရားနဲ့ သတ္တိကို အတုယူထားတာ"

"တကယ်လို့ သူ့ကို ကိုယ်တိုင် မထိန်းချုပ်နိုင်ရင်တောင် သူ့မိသားစုကိုတော့ ထိန်းချုပ်လို့ ရတာပဲ မဟုတ်ဘူးလား"

"ကျွန်တော် လီအာလုံက လီခွေ့လို သွေးဆူလွယ်တဲ့ လူမိုက်မဟုတ်ဘူး… ရဲစွမ်းသတ္တိရော ဉာဏ်ပညာပါ ပြည့်စုံတဲ့သူပါ"

"စိတ်မပူပါနဲ့… သူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး"

လီအာလုံက ယုံကြည်ချက်ရှိစွာဖြင့် အာမခံလိုက်လေသည်။

စုယွမ်အိပ်ရာမှ နိုးလာချိန်တွင် မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

"သား… မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ… အသံတချို့ ကြားလိုက်ရလို့… ဘာကိစ္စများ ရှိလို့လဲ"

ချန်ချွေ့ဖန်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး… မနေ့ညက လီဟူ စောစောပြန်ရောက်လာလို့ ကျွန်တော် ထွက်တွေ့တာပါ… ပစ္စည်းတစ်ခုကို မတော်တဆ တိုက်မိသွားလို့ အသံမြည်သွားတာပါ… အမေတို့ အိပ်ရေးများ ပျက်သွားသေးလား"

စုယွမ်က မေးလိုက်ချေ၏။

"မပျက်ပါဘူး… အဲဒီအသံက မင်းအဖေ ဟောက်တဲ့အသံလောက်မှ မကျယ်တာ"

ချန်ချွေ့ဖန်က စုဖူချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ပေါက်ကရတွေ… ငါ ဘယ်တုန်းကမှ မဟောက်ဖူးပါဘူး"

စုဖူချန်က ချက်ချင်းပင် ချေပလိုက်လေ၏။

နေ့လယ်စာ စားပြီးနောက် စုယွမ်သည် လီဟူအား အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

"အစ်ကိုလီ… ဒီဗီလာမှာ လုံခြုံရေး လစ်ဟာမှုတွေ ရှိနေတယ်လို့ ကျွန်တော် ခံစားရတယ်… ယုံကြည်ရတဲ့ လုံခြုံရေးဝန်ထမ်းတချို့ ရှာချင်လို့… အစ်ကို့မှာ အကြံပြုစရာ လူတွေများ ရှိလား"

စုယွမ်က မေးလိုက်၏။

ဤစကားကို ကြားချိန်တွင် လီဟူသည် အလွန်စိတ်လှုပ်ရှားသွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်ပေသည်။

"ရှိတယ်… ရှိတယ်… ကျွန်တော် ပြန်သွားတုန်းက ရဲဘော်ဟောင်းတချို့နဲ့ ဆုံခဲ့တယ်… သူတို့ရဲ့ အလုပ်အကိုင်တွေက အခု သိပ်အဆင်မပြေကြဘူး… အဲဒီလို အလုပ်မျိုး ရှာပေးဖို့ တွေးနေတာ… သူတို့ရဲ့ စရိုက်နဲ့ အရည်အချင်းကတော့ အာမခံနိုင်ပါတယ်… သူဌေးက လူဘယ်နှယောက်လိုချင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"

"လူအများကြီး မလိုပါဘူး… အရှေ့မှာ နှစ်ယောက်… အနောက်မှာ နှစ်ယောက်… ဘယ်ဘက်မှာ နှစ်ယောက်… ညာဘက်မှာ နှစ်ယောက်… စုစုပေါင်း ရှစ်ယောက်ဆို ရပြီ"

"အစ်ကို့သူငယ်ချင်းတွေကို လာဖို့ မိတ်ဆက်ပေးလိုက်ပါ… ပြီးတော့ ကျွန်တော် အွန်လိုင်းမှာလည်း အလုပ်ခေါ်စာ တင်လိုက်မယ်… အဲဒီတော့မှ အရည်အချင်းရှိတဲ့သူတွေကို ငှားလို့ရမယ်… သဘောပေါက်တယ်မလား"

စုယွမ်က ပြောလိုက်သည်။

"ဟုတ်ကဲ့… နားလည်ပါပြီ… အတော်ဆုံးလူတွေကို ကျွန်တော် ထောက်ခံပေးပါ့မယ်"

လီဟူက ယုံကြည်ချက်ရှိစွာဖြင့် အာမခံလိုက်၏။

စုယွမ်အတွက် လီဟူ၏ သူငယ်ချင်းများက ပို၍ ယုံကြည်စိတ်ချရမည်မှာ အမှန်ပင် ဖြစ်သော်လည်း လူအများအပြားကို သူ မခန့်အပ်နိုင်ပေ။ ထို့အပြင် လီဟူ၏ သူငယ်ချင်းများအကြားတွင်လည်း အရည်အချင်း ကွာဟမှုများ ရှိနေမည်က သဘာဝပင် ဖြစ်ချေသည်။

အများပြည်သူထံမှ အလုပ်ခေါ်ယူရခြင်း၏ အဓိကအကြောင်းရင်းမှာ လီဟူအား ထိပ်တန်းအရည်အချင်းရှိသူ အချို့ကို အကြံပြုလာစေရန် ဖြစ်ပေ၏။

"ဒါနဲ့ လစာကိစ္စအတွက်ကတော့ လောလောဆယ် တစ်လကို ယွမ်သုံးသောင်း ပေးထားမယ်… စွမ်းဆောင်ရည် အပိုဆုကြေးတွေ… လစာပြည့် ခွင့်ရက်တွေနဲ့ တခြားခံစားခွင့်တွေကိုတော့ သီးသန့် တွက်ချက်ပေးမယ်… အခုလောလောဆယ်တော့ ဒီလောက်ပါပဲ… အတိုချုပ်ပြောရရင် ဒီမှာ ကြိုးကြိုးစားစား အလုပ်လုပ်သရွေ့ ကားရော… အိမ်ရော… အစစအရာရာ ပြည့်စုံသွားစေရမယ်"

စုယွမ်က တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အရမ်းကောင်းတာပေါ့… ဒီအခြေအနေတွေက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတယ်"

လီဟူသည် စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။

"ကောင်းပြီ… အဲဒါဆိုရင် သွားပြီး ပြင်ဆင်လိုက်တော့… နောက်ရက်အနည်းငယ်နေရင် အလုပ်လျှောက်တဲ့သူ အားလုံးကို စုပြီး ယှဉ်ပြိုင်ခိုင်းလိုက်… အဲဒီလိုနည်းနဲ့ အကောင်းဆုံး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရမယ်"

ထိုသို့ပြောပြီးနောက် စုယွမ်သည် သူ၏ဖုန်းကို ကြည့်လိုက်၏။

မနက်ဖြန်သည် လစဉ်သတင်းအချက်အလက် ထွက်ပေါ်လာမည့်နေ့ ဖြစ်ရာ မည်သို့သော သတင်းအချက်အလက်မျိုး ရရှိလာမည်နည်းဟု တွေးတောကာ စုယွမ်သည် လုံးဝ မျှော်လင့်နေမိပေသည်။

ထို့နောက် စုယွမ်သည် ဖုန်းကိုဖွင့်ကာ ဗီဒီယိုတိုတစ်ခုကို ကြည့်ရှုလိုက်သည်။ ဗီဒီယိုများကို အတန်ကြာ ကြည့်ရှုနေစဉ် ရုတ်တရက် ခေတ်စားနေသော အကြောင်းအရာတစ်ခုနှင့် ဆုံတွေ့လိုက်ရလေ၏။

ရှန်းရှီဖျော်ဖြေရေးကုမ္ပဏီ လက်အောက်ရှိ အနုပညာရှင် ရော့ရှီးသည် သူမ၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးကို ထုတ်ဝေလိုက်ခြင်းပင် ဖြစ်ချေသည်။

ဤတေးစီးရီးနှင့် ပတ်သက်သည့် သတင်းအချက်အလက် အနည်းငယ်သာ ပေါက်ကြားခဲ့သော်လည်း ထိုသေးငယ်သော သတင်းအချက်အလက်လေးကပင် အင်တာနက် တစ်ခွင်လုံးကို လှုပ်ခတ်သွားစေခဲ့ပေ၏။

နှစ်ထောင်ခုနှစ်များ နောက်ပိုင်းမှစ၍ ယူကေတွင်သာမက ကမ္ဘာတစ်ဝန်းလုံး၌ လူကြိုက်များသော တေးဂီတများ၏ အရည်အသွေးများ ကျဆင်းလာခဲ့သည်။ အချို့က ကောင်းမွန်သော တေးသွားများအားလုံးကို ရေးစပ်ပြီးသွားပြီဟုပင် ဆိုကြလေသည်။

တရုတ်နိုင်ငံတွင် ဤအချက်က ပို၍ မှန်ကန်ပေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလွန်အောင်မြင်ခဲ့သော ကျေးချိုး၏ နောက်ဆုံးထွက် တေးစီးရီးပင်လျှင် သာမန်မျှသာ ဖြစ်ပြီး သူ၏ ယခင်တေးစီးရီးများကဲ့သို့ အံ့မခန်းဖွယ်ရာ အချက်များ ကင်းမဲ့နေခဲ့လေသည်။ အချို့သော ပရိသတ်များကမူ ကျေးချိုး၏ ပါရမီများ ခန်းခြောက်သွားပြီဟုပင် မနေနိုင်ဘဲ နောက်ပြောင်ခဲ့ကြလေ၏။

သို့သော် ရော့ရှီး၏ တေးစီးရီးသစ် ထွက်ပေါ်လာချိန်တွင်မူ တေးဂီတလောက တစ်ခုလုံးကို ချက်ချင်းပင် လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။ မရေမတွက်နိုင်သော နားဆင်သူများမှာ ရှုပ်ထွေးပြီး သောက်စားပျော်ပါးလွန်းသော ထိုခေတ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား အံ့အားသင့်သွားခဲ့ကြရပေ၏။

တေးဂီတ သရုပ်ပြသီချင်း အချို့ကို နားဆင်ပြီးနောက်တွင် တေးရေးဆရာများနှင့် ဂီတပညာရှင် အများအပြားက ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာချက်များကို အွန်လိုင်းပေါ်တွင် တင်ခဲ့ကြသည်။ အွန်လိုင်းပေါ်ရှိ တေးဂီတဘလော့ဂါ အများအပြားကလည်း ဗီဒီယိုများ တင်ခဲ့ကြလေသည်။

ပေါ့ပ်ဘုရင် ကျေးချိုးကိုယ်တိုင်ပင် ထိုသီချင်းနှင့် ပတ်သက်၍ သူ၏ ထင်မြင်ယူဆချက်များကို လူမှုကွန်ရက်ပေါ်တွင် အလွန်ရှားရှားပါးပါး ရေးသားတင်ခဲ့ပေ၏။

ဤတုံ့ပြန်မှု အစီအစဉ်များက တေးစီးရီးအား ရေပန်းစားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ တေးဂီတပလက်ဖောင်း တစ်ခုတွင် တစ်ချိန်တည်း ထွက်ရှိခဲ့သော အခြားတေးစီးရီးများထက် ယွမ်သန်းဆယ်ပေါင်းများစွာ ပိုမိုတန်ကြေးရှိနေခဲ့သည်။ ကြိုတင်မှာယူသူ အရေအတွက် တစ်ခုတည်းကပင် သန်းဆယ်ပေါင်းများစွာကို ကျော်လွန်နေခဲ့ပြီ ဖြစ်၏။ ထိုအရေအတွက်မှာလည်း ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်ချေသည်။

ဒစ်ဂျစ်တယ် တေးစီးရီး တစ်ခွေလျှင် ယွမ် ၂၅ ကုန်ကျလေသည်။ အကယ်၍ လူယောက် ၁၀ သန်းဝယ်ယူပါက ရောင်းအားသည် အံ့မခန်းဖွယ်ရာ ယွမ်သန်း ၂၀၀ အထိ ရောက်ရှိသွားပေလိမ့်မည်။ ဤသည်မှာ ထိပ်တန်း အနုပညာရှင်တစ်ဦးက ကုမ္ပဏီတစ်ခုအတွက် ဆောင်ကြဉ်းပေးနိုင်သော အကျိုးကျေးဇူးပင် ဖြစ်၏။ အနာဂတ် စီးပွားရေး သဘောတူညီချက်များကိုပါ ပေါင်းထည့်လိုက်ပါက ရော့ရှီးဆိုသော အမည်နာမသည် ရှန်းရှီဖျော်ဖြေရေးကုမ္ပဏီအတွက် တောက်ပသော သင်္ကေတတစ်ခု ဖြစ်လာပေတော့မည်ဖြစ်လေသည်။

စုယွမ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် ဖျော်ဖြေရေးကုမ္ပဏီ တစ်ခုအတွက် ထိပ်တန်း အနုပညာရှင်တစ်ဦး ရှိနေရန်မှာ အလွန်တရာ အရေးကြီးလှပေ၏။

ထို့နောက် စုယွမ်သည် ဗီဒီယိုများကို ဆက်လက် ကြည့်ရှုနေခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် Seres Autoစမက်ကားယာဉ်ကုမ္ပဏီ၏ စွမ်းအင်သုံး မော်တော်ယာဉ်သစ် မိတ်ဆက်ပွဲနှင့် ဆုံတွေ့လိုက်ရလေ၏။

ထိုအချိန်တွင် စုယွမ်သည် အခြေအနေကို စုံစမ်းရန် လင်းရွှယ်အာထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။ မိနစ်အနည်းငယ် အကြာတွင် စုယွမ်ထံသို့ မက်ဆေ့ခ်ျတစ်စောင် ဝင်လာခဲ့ပေသည်။

Seres Auto စမက်ကားယာဉ်ကုမ္ပဏီ တစ်ခုတည်းကပင် သူ၏ အနာဂတ် ဝင်ငွေအတွက် သန်း ၂၀၀ ထက်မနည်း ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်၏။ ဤသည်မှာ မှန်ကန်သော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း၏ စွမ်းအားပင် ဖြစ်ချေသည်။

"သား… ဘာတွေလုပ်နေတာလဲ… မင်းကို ပြောစရာလေးရှိလို့" စုဖူချန်က အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

"ဘာကိစ္စများလဲ အဖေ"စုယွမ်က မေးလိုက်၏။ယ

“သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး...

မင်းနဲ့ ချန်ချန်တို့က အနှေးနဲ့အမြန် လက်ထပ်ကြမှာပဲ မဟုတ်လား...တကယ်လို့ မင်းတို့နှစ်ယောက် ဒီအိမ်မှာ ဆက်နေရင် အဖေနဲ့ အမေတို့လည်း သိပ်အဆင်ပြေမှာ မဟုတ်ဘူး...ဒါကြောင့် မင်းတို့နှစ်ယောက်အတွက် သီးသန့်အိမ်တစ်လုံး စီစဉ်ပေးထားတာက ပိုကောင်းမယ်လို့ မထင်ဘူးလား...”စုဖူချန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။

"ဒီအိမ်က အလုံအလောက် ကြီးပါတယ်… မိသားစု တော်တော်များများ နေရင်တောင် ကျပ်မှာမဟုတ်ပါဘူး… အဖေတို့ချည်းပဲ သက်သက် သွားနေချင်လို့တော့ မဟုတ်ပါဘူးနော်"

စုယွမ်က ဖခင်ဖြစ်သူအား ကြည့်ကာ ပြောလိုက်လေသည်။

"မဟုတ်ပါဘူး… ဗီဒီယိုထဲမှာ အဲဒီလို တွေ့လိုက်ရလို့… နောက်ပိုင်း မင်းတို့အိမ်ထောင်ရေးကို မထိခိုက်စေချင်လို့ပါ"

"ဒါနဲ့ မင်းအမေက ယာဉ်မောင်းလိုင်စင် အသစ်လေး ရထားတယ်မလား… သူ့အတွက်လည်း ကားအသစ်တစ်စီး ဝယ်ပေးမလို့ စဉ်းစားနေတာ… ဘယ်လိုကားမျိုးက ကောင်းမယ် ထင်လဲ"

စုဖူချန်က ဆက်ပြောလိုက်သည်။

"အဖေ့ဆီ ပိုက်ဆံတချို့ လွှဲပေးလိုက်မယ်… အဖေတို့နှစ်ယောက် သွားကြည့်ပြီး ကြိုက်တာဝယ်လိုက်ပါ"

ထိုသို့ပြောပြီးနောက် စုယွမ်သည် ငွေများစွာ မလွှဲပေးဘဲ ကားဝယ်နိုင်ရန်အတွက် ယွမ်တစ်သန်းကိုသာ စုဖူချန်ထံသို့ လွှဲပေးလိုက်လေ၏။

All Chapters