အခန်း ၂၅၈
Vol. 22 Ch. 258
အခန်း (၂၅၈) ယွမ်တစ်သန်း ချေးငှားခြင်း
"အာ..." ထန်လီက အော်ဟစ်လိုက်ပြီး စူးရှသော နာကျင်မှုတစ်ခုက သူမကိုယ်တွင်းသို့ ဖြတ်ပြေးသွားလေ၏။
"တစ်ခုခုတော့ မှားနေပြီ..."
"ရုပ်ရှင်တွေထဲကလို သူက ငါ့ကို အမြန်ဖမ်းထားပြီးတော့ မတော်တဆဖြစ်ချင်ယောင်ဆောင်ပြီး ငါ့ကို နမ်းရမှာ မဟုတ်ဘူးလား..."
"သူ့ရဲ့ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကိုတောင် ဂရုမစိုက်ဘဲ သနားညှာတာမှု နည်းနည်းလေးမှ မပြဘဲ ငါ့ကို ဒီအတိုင်း မြေပြင်ပေါ် လဲကျသွားအောင် သူ ဘယ်လိုလုပ် လွှတ်ထားနိုင်ရတာလဲ..."
ထန်လီသည် ပခုံးတွင် အနည်းငယ် နာကျင်သွားသည်ကို ခံစားလိုက်ရပြီး သူမရှေ့ရှိ စုယွမ်ကို ကြည့်ကာ အလွန်တရာ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရချေသည်။
ထို့နောက် တံခါးပွင့်လာပြီး အလွန်လှပသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာကာ စုယွမ်ကို ချက်ချင်း ဖက်လိုက်လေ၏။
ပြီးတော့ စုယွမ်ကလည်း မငြင်းဆန်ခဲ့ချေ။
ဤအရာက ထန်လီအား လုံးဝ အံ့အားသင့် ဆွံ့အသွားစေခဲ့ပြီး သူမ၏ မနာလိုစိတ်များကို မီးထိုးပေးလိုက်တော့သည်။
"အခုချက်ချင်း ခွာလိုက်စမ်း..." ထန်လီ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ပွေ့ဖက်နေသော ထိုလူနှစ်ဦးကို ကြည့်ကာ အော်ဟစ်လိုက်၏။
"အို... ဒီမှာ ဘာလို့ အပြင်လူတွေ ရောက်နေတာလဲ..."
"ဒါက ဘယ်သူလဲ..." ပိုင်ချန်သည် ထန်လီအား အမြန်လွှတ်ပေးလိုက်ပြီး အံ့အားသင့်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။
"ငါက အပြင်လူ မဟုတ်ဘူး..."
"နင်က ငါ့ကို ဘယ်လိုလုပ် အဲဒီလို ပြောရက်တာလဲ..." ထန်လီက ရှေ့တိုးလာပြီး ပိုင်ချန်ကို အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်၏။
ရုတ်တရက် သိမ်ငယ်သွားသော ခံစားချက်တစ်ခုကို သူမ ခံစားလိုက်ရပေသည်။
အဘယ်ကြောင့်ဆိုသော် ပိုင်ချန်၏ ပြီးပြည့်စုံသော အရှိန်အဝါနှင့် လှပသော မျက်နှာလေးကြောင့် သူမ လုံးဝ အရေးမပါတော့သကဲ့သို့ ဖြစ်သွားရသောကြောင့်ပင်။
တစ်ခဏမျှ ထန်လီ စကားပြောဆွံ့အသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးမှာ စုယွမ်၏ ရည်းစားဖြစ်ပြီး သူမအနေဖြင့် လုံးဝ ယှဉ်နိုင်မည် မဟုတ်ကြောင်း သူမ သိရှိသွားသောကြောင့် ဖြစ်လေ၏။
"မင်းက အပြင်လူ မဟုတ်ရင် ဘာလဲ..." စုယွမ်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်ပြီးနောက် ပိုင်ချန်ကို အထဲသို့ ဆွဲခေါ်သွားလေသည်။
သူမ၏ အစီအစဉ် ပျက်ကျသွားချိန်တွင် ထန်လီသည် စိတ်ပျက်အားငယ်စွာဖြင့် ခြေဆောင့်လိုက်တော့၏။
ပိုင်ချန်မှာမူ စူးစမ်းချင်စိတ် ဖြစ်နေခဲ့သည်။ ဤအမျိုးသမီးသည် စုယွမ်ကို စိတ်ဝင်စားနေကြောင်း သူမ ခံစားမိသော်လည်း သူတို့၏ ဆက်ဆံရေးအပေါ် လုံးဝ ယုံကြည်မှုရှိသောကြောင့် သူမ ဒေါသမထွက်ခဲ့ချေ။
"ဒီအမျိုးသမီးက အမေ့ရဲ့ အတန်းဖော်ရဲ့ ချွေးမလေ... ပွင့်ပွင့်လင်းလင်း ပြောရရင် အမေ့ မျက်နှာသာ မဟုတ်ရင် သူ့ကို အထဲတောင် ဝင်ခွင့်ပေးမှာ မဟုတ်ဘူး..." စုယွမ်က ရှင်းပြလိုက်လေသည်။
"ငါ သိပါတယ်..." ပိုင်ချန်က မှိန်ပျပျ ပြုံးလျက် ပြန်ဖြေလိုက်၏။
"အန်တီ... သမီး ရောက်ပါပြီ..." ပိုင်ချန်က ပြောလိုက်ပြီး သေတ္တာနှစ်လုံးကို ထုတ်ယူကာ အတွင်းမှ ပစ္စည်းများကို ထုတ်ပြလိုက်လေသည်။
တစ်ခုမှာ ကွမ်းယင်မယ်တော်ပုံကို ခမ်းနားကြော့ရှင်းစွာ ထွင်းထုထားသော သိုးဆီကျောက်စိမ်းဆွဲသီးဖြစ်ပြီး နောက်တစ်ခုမှာမူ နတ်ဆရာကျုံးခွေးပုံ ထွင်းထုထားသော အနက်ရောင် ကျောက်စိမ်းပြားတစ်ခု ဖြစ်ပေ၏။
ပစ္စည်းနှစ်ခုစလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသော ဝိသေသလက္ခဏာများ ရှိကြပြီး အလွန် လက်ရာမြောက်သော ကျောက်စိမ်းတုံးများပင် ဖြစ်လေသည်။
"ဒါက အန်တီနဲ့ ဦးလေးအတွက်ပါ..." ပိုင်ချန်က ပြောဆိုလိုက်၏။
"အို ကလေးရယ်... သမီးက အများကြီး ပေးပြီးသားကို ဒီပိုက်ဆံတွေ ထပ်သုံးနေပြန်ပြီလား..." ချန်ချွေ့ဖန်က ပြောလိုက်သော်လည်း သူမ၏ အပြုံးများကတော့ ရပ်တန့်မသွားခဲ့ချေ။
"ဟားဟားဟား ဒါ ငါ ယူထားလိုက်မယ်..." စုဖူချန်သည် ကျုံးခွေးပုံ ထွင်းထုထားသော အနက်ရောင် ကျောက်စိမ်းပြားကို ကြည့်ရင်း အားရပါးရ ရယ်မောလိုက်လေသည်။
ချန်ချွေ့ဖန်သည်လည်း ကျောက်စိမ်းဆွဲသီးကို သူမ၏ လည်ပင်းတွင် ဆွဲလိုက်ရာ သူမနှင့် အလွန်ပင် လိုက်ဖက်နေပေ၏။
"ဒါက ပိုက်ဆံအများကြီး ပေးရမှာပဲ မဟုတ်လား... ရှောင်ယွန်းကို သမီးအတွက် ပြန်ရှင်းပေးခိုင်းလိုက်မယ်နော်..." ချန်ချွေ့ဖန်က ပြောဆိုလိုက်သည်။
"အမေက အရမ်း အားနာလွန်းနေပြီ... သူ့ဟာက သားဟာပဲ သားဟာကလည်း သူ့ဟာပဲလေ... အမေ့ကို ပစ္စည်းလေး တစ်ခုပေးတာ ဘာမှ မဖြစ်ပါဘူး..." စုယွမ်က ပြုံးလျက် ပြောဆိုလိုက်လေ၏။
"ဟုတ်တယ် အန်တီ... ဒါက ဘာမှ မဟုတ်ပါဘူး..." ပိုင်ချန်က ဖြည့်စွက်ပြောဆိုလိုက်သည်။
ဘေးမှ စောင့်ကြည့်နေသော လီဝမ်ဟွာနှင့် ကျိုးရုံတို့မှာမူ ဤမြင်ကွင်းကို ကြည့်ပြီး အလွန်တရာ မနာလို ဖြစ်နေကြတော့၏။
သူတို့၏ ကိုယ်ပိုင် ချွေးမမှာမူ ငွေတောင်းရန်နှင့် သုံးစွဲရန်သာ သိပြီး သူတို့အတွက် မည်သည့်အရာကိုမျှ ဝယ်မပေးဖူးချေ။
ထို့နောက် ချန်ချွေ့ဖန်၏ ချွေးမကို ကြည့်လိုက်ပါ။ ကျောက်စိမ်းနှစ်တုံးကို တိုက်ရိုက် လက်ဆောင်ပေးနေသည်ပင်။
ဤကျောက်စိမ်းနှစ်တုံးတည်းကပင် ယွမ်သောင်းနှင့်ချီ တန်ဖိုးရှိပေလိမ့်မည်။
ထန်လီသည်လည်း ပိုင်ချန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ရချေသည်။
ပစ္စည်းနှစ်ခု၏ ဈေးနှုန်းကို ရှာဖွေရန် သူမ ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်ရာ ယွမ်ငါးသိန်းဟူသော တုန်လှုပ်ဖွယ် ရလဒ်ကို တွေ့ရှိလိုက်ရလေ၏။
ဘုရားရေ... ဒါက ပိုက်ဆံတွေကို ရေလိုသုံးနေတာပဲ။
ဒါက ကြောက်စရာ ကောင်းလွန်းတယ်။
စုယွမ်ချမ်းသာတာက တစ်ပိုင်းထား... သူ့ရည်းစားက ဘာလို့ ဒီလောက်တောင် ချမ်းသာနေရတာလဲ။
ပြီးတော့ သူက ငါ့ထက် အများကြီး ပိုလှနေသေးတယ်... ငါ့မှာ ဘာအခွင့်အရေး ရှိတော့မှာလဲ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထန်လီသည် ယုံကြည်မှု အားလုံးကို လက်လွတ်ဆုံးရှုံးသွားတော့၏။
ဒုတိယနည်းလမ်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာပုံရလေသည်။
ထန်လီက ဘေးတွင် ရပ်နေသော လီယိုချိုက်ကို လက်ယပ်ခေါ်လိုက်သည်။
"လီလီ... ဘာကိစ္စ ရှိလို့လဲ..." လီယိုချိုက်က မေးလိုက်၏။
"ဒီမိသားစုက အရမ်းချမ်းသာတယ်ဆိုတာ နင် သတိမထားမိဘူးလား.." ထန်လီက မေးလိုက်လေသည်။
"အင်း... သူတို့က ငါ့ရဲ့ နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ... သူတို့က တကယ်ကို ချမ်းသာလွန်းတယ်..."
"လီလီ... မင်း ဘာလုပ်ချင်လို့လဲ..."
"မင်း စုယွမ်နောက်ကို လိုက်ဖို့ ငါ့ကို စွန့်ပစ်သွားမှာတော့ မဟုတ်ပါဘူးနော်..."
"မင်း အဲဒီလို လုပ်လို့မရဘူးလေ..." လီယိုချိုက်က စိုးရိမ်တကြီး ပြောဆိုလိုက်၏။
"နင် ချီးပဲ စားချင်နေတာလား..."
"သူ့ရည်းစားက ငါ့ထက်လည်း ရုပ်ချောတယ် ပိုက်ဆံလည်း ပိုချမ်းသာတယ်... သူက ဘာလို့ ငါ့ကို စိတ်ဝင်စားရမှာလဲ..."
"သူတို့က ချမ်းသာတယ်... ဒါကြောင့် တစ်သန်းလောက်ကိုတော့ သေချာပေါက် ဂရုစိုက်နေမှာ မဟုတ်ဘူး..."
"ငါ ဆိုလိုချင်တာက နင့်အမေကို အမြန်ဆုံး တစ်ခုခုအတွက် ပိုက်ဆံချေးဖို့ ပြောခိုင်းလိုက်... ငါတို့ ယွမ်၅သန်း ကနေစပြီးတော့ တစ်သန်းအထိ ဖြည်းဖြည်းချင်း ဈေးဆစ်ချမယ်... သူတို့ ငါတို့ကို ပိုက်ဆံပေးသရွေ့ ငါတို့ နောက်ကျရင် ပြန်ဆပ်စရာ မလိုတော့ဘူး..."
"ဒါက ငါ့ဘဏ်ကတ်ပဲ... သူတို့ကို ပိုက်ဆံတွေ ငါ့ဘဏ်ကတ်ထဲ လွှဲခိုင်းလိုက်..." ထန်လီက သူမ၏ ဘဏ်ကတ်ကို လီယိုချိုက်အား ပေးရင်း ပြောဆိုလိုက်လေသည်။
"ဒါက အဆင်ပြေပါ့မလား...ဒါက တစ်သန်းတောင်နော်..." လီယိုချိုက် အံ့ဩတကြီး အော်ပြောလိုက်၏။
"ဘာလို့ မပြေရမှာလဲ..."
"သူက ချမ်းသာတယ်လေ... နင့်အမေသာ သနားစရာကောင်းအောင် ဟန်ဆောင်လိုက်ရင် သူတို့ သေချာပေါက် ပိုက်ဆံချေးပေးမှာပဲ..."
“ပြီးတော့...
ချမ်းသာတဲ့ လူတွေကို နင့်မိသားစုလို ကပ်စေးနဲလိမ့်မယ်လို့ နင် ထင်နေတာလား...
သူတို့အတွက် ယွမ်တစ်သန်းဆိုတာ နင့်အတွက် ဆယ်ယွမ်လောက်တောင် အရေးမပါတဲ့ ပိုက်ဆံပဲ...
ပြီးတော့...
ငါတို့က ပြန်မဆပ်ဘူးဆိုရင်တောင် သူတို့ဘက်က ပြန်တောင်းဖို့တောင် မျက်နှာပူနေဦးမှာ...”
ထန်လီက မိမိ၏ အတွေးကို အကြွင်းမဲ့ ယုံကြည်နေသည့် လေသံဖြင့် ပြောလိုက်လေ၏။
မည်သို့ပင်ဖြစ်စေ ချေးငွေများကို သူမ၏ ကိုယ်ပိုင် ဘဏ်အကောင့်ထဲသို့ ထည့်လိုက်မည်ဖြစ်သော်လည်း ပိုက်ဆံချေးသူမှာ ကျိုးရုံဖြစ်သောကြောင့် နောက်ပိုင်းတွင် သူတို့ ပြန်တောင်းချင်လျှင်တောင်မှ ကျိုးရုံထံမှ တောင်းရမည် ဖြစ်၏။
စုယွမ်နှင့် ပတ်သက်ပြီး သူဌေးမိသားစုထဲသို့ ဝင်ရောက်ရန် အစီအစဉ် ကျရှုံးသွားသော်လည်း ယွမ်တစ်သန်းကို အလကား ရရှိခဲ့သေးရာ တန်သည်ဟုပင် ဆိုရမည်။
တစ်သန်း။ အဲဒီလောက် စုမိဖို့ဆိုရင် ငါ လူဘယ်နှစ်ယောက်ကို ဝန်ဆောင်မှု ပေးရမလဲ။
ဤသို့တွေးရင်း ထန်လီ ပြုံးလိုက်လေသည်။
ထို့နောက် လီယိုချိုက်သည် သူ၏မိခင် ကျိုးရုံကို လက်ယပ်ခေါ်လိုက်၏။
ကျိုးရုံသည် သူမ၏ သားကြီး ဘာလုပ်ချင်နေသည်ကို တွေးတောရင်း အလွန်တရာ တွေဝေသွားခဲ့ပေသည်။
"ဘာကိစ္စလဲ..." ကျိုးရုံက တိုးညင်းသော လေသံဖြင့် မေးလိုက်လေ၏။
"သူတို့ဆီကနေ ယွမ်ငါးသန်းလောက် ချေးလိုက်..." လီယိုချိုက်က မျက်နှာပြောင်တိုက်ကာ ပြောဆိုလိုက်သည်။
"ဘာ..." ကျိုးရုံ လန့်ဖြန့်သွားပြီး အော်ဟစ်လိုက်ချေ၏။
"ငါးသန်း... မင်း နောက်နေတာလား..." ကျိုးရုံ အလျင်အမြန် တိုးတိုးလေး မေးလိုက်လေသည်။
"အမေက ငါးသန်းချေးချင်တယ်လို့ ပြောလိုက်... ပြီးရင် တစ်သန်းအထိ ဖြည်းဖြည်းချင်း ဈေးလျှော့ချလိုက်... အဲဒါက ဗျူဟာတစ်ခုပဲ..."
"သူတို့က ချမ်းသာတယ်... တစ်သန်းဆိုတာ သူတို့အတွက် ရေတစ်စက်လောက်ပဲ ရှိတာ... အမေ ပြန်ဆပ်စရာ မလိုပါဘူး... ဒါက ဘဏ်ကတ်... သူတို့ကို ပိုက်ဆံတွေ ဒီကတ်ထဲ လွှဲခိုင်းလိုက်..." လီယိုချိုက်သည် ထန်လီ၏ ဘဏ်ကတ်ကို ကျိုးရုံ၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်လေ၏။
ကျိုးရုံ အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤတစ်သန်းတန် ပရောဂျက်သည် မနက်က စူပါမားကတ်တွင် လျှော့ဈေးချထားသော ကြက်ဥများ သွားဝယ်စဉ်ကထက် သူမကို ပို၍ စိုးရိမ်ထိတ်လန့်စေခဲ့ချေသည်။
ချန်ချွေ့ဖန်သည် ကျိုးရုံနှင့် အခြားသူများကို ပြန်ထွက်သွားခိုင်းရန် စဉ်းစားနေခဲ့၏။
အစက သူတို့ကို တောင်းပန်ခိုင်းခဲ့ခြင်းမှာ အတိတ်က သံယောဇဉ်ကို အဆုံးသတ်ပြီး ကိစ္စအားလုံးကို အပြီးသတ်လိုသောကြောင့်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူတို့သည် ဤနေရာအထိပင် လိုက်လာခဲ့ကြပြီ ဖြစ်ရာ ဆက်လက်ခွင့်ပြုထားမည်ဆိုလျှင် သူမ၏ မိသားစုကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု သူမ ယုံကြည်နေခဲ့သည်။
ထို့ကြောင့် ကျိုးရုံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ချန်ချွေ့ဖန်က သူတို့ကို ပြန်သွားရန် ပြောတော့မည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော် သူမ စကားမစရသေးမီမှာပင် ကျိုးရုံက ရုတ်တရက် မျက်ရည်များကို သုတ်လိုက်ပြီး အော်ဟစ်ငိုကြွေးလာတော့သည်။