← Chapters

အခန်း ၂၆၀

Vol. 22 Ch. 260

အခန်း ၂၆၀

Vol. 22 Ch. 260

အခန်း (၂၆၀) မင်း ဘာတွေ လျှောက်ပြောနေတာလဲ

"မဟုတ်ဘူး အစ်ကိုစု... ဘာလို့ မချေးရတာလဲ..." ထန်လီက အလျင်အမြန် မေးလိုက်၏။

"ရှင် အဲဒီလောက် ချမ်းသာနေတာ ဘာလို့ ပိုက်ဆံ မချေးရတာလဲ... ကျွန်မတို့က ဆေးကုသဖို့ ယွမ်တစ်သန်းပဲ ချေးချင်တာပါ..."

"ရှင့်မှာ မချေးရမယ့် အကြောင်းပြချက် မရှိဘူး မဟုတ်လား..."

"ပြီးတော့ ရှင့်မှာ သုံးလို့တောင် မကုန်နိုင်တဲ့ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ... ကျွန်မတို့ကို ဆေးကုဖို့ နည်းနည်းပါးပါး ဘာလို့ မချေးနိုင်ရတာလဲ..." ထန်လီက ဆက်လက် ပြောဆိုလိုက်လေသည်။

"ဟုတ်တယ် တူလေးစု... အန်တီ့အဖေက သေတော့မှာကို မင်းက ဘာလို့ ပိုက်ဆံ မချေးရတာလဲ... မင်းက ပိုက်ဆံအတွက်နဲ့ သူ့ကို သတ်ချင်နေတာ မဟုတ်လား..." ကျိုးရုံက မျက်ရည်များကို သုတ်ရင်း ပြောဆိုလိုက်၏။

"ဟမ့်... ပိုက်ဆံအတွက်နဲ့ ခင်ဗျားအ​ဖေကို သတ်တာ ဟုတ်လား... သေချာ စဉ်းစားကြည့်စမ်းပါ... ဘာလို့ ခင်ဗျားကို ယွမ်တစ်သန်း ချေးရမှာလဲ..."

"ခင်ဗျား ပြန်ဆပ်နိုင်မှာမလို့လား..." စုယွမ်က အေးစက်စွာ ပြောဆိုလိုက်လေသည်။

ယောက္ခမနှင့် ချွေးမ နှစ်ဦး ထိုကဲ့သို့ ပြောဆိုနေသည်ကို ကြားလိုက်ရချိန်တွင် ချန်ချွေ့ဖန်၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့၏။

"ဒီနှစ်ယောက်ကို အစကတည်းက အထဲဝင်ခွင့် မပေးခဲ့သင့်တာ..."

"သူတို့က ဝင်ဝင်ချင်းပဲ ယွမ်တစ်သန်း တောင်းရဲတယ်ပေါ့လေ... အဲဒါက အရမ်း လောဘကြီးလွန်းတယ်... ခုနက သူတို့ ငိုနေတာ တမင် ဟန်ဆောင်နေတာ ဖြစ်မယ်..."

"မဟုတ်ဘူး... မင်းက ချမ်းသာတဲ့သူ တစ်ယောက် မဟုတ်ဘူးလား... ဘာလို့ မချေးနိုင်ရတာလဲ..."

"ချွေ့ဖန်... နင် ငါ့ကို ခွင့်မလွှတ်သေးလို့ တမင်သက်သက် ပိုက်ဆံမချေးတာလား..."

"တကယ်ပဲ အဲဒီလိုလား... ချွေ့ဖန်... နင် ဒီလောက် သဘောထား မသေးသိမ်သင့်ဘူးနော်..." ကျိုးရုံက ချန်ချွေ့ဖန်အား ကြည့်ရင်း ပြောဆိုလိုက်လေသည်။

"ကျိုးရုံ... နင် တကယ် ဘာလိုချင်နေတာလဲ... နင့်ရဲ့ လှောင်ပြောင်မှုတွေကို ငါ စိတ်ထဲမထားခဲ့ဘူး... ဒါပေမဲ့ အခုက ဘာသဘောလဲ..."

"နင်က သနားစရာကောင်းအောင် ဟန်ဆောင်ပြီး တစ်သန်း ...တစ်သန်းနဲ့ ဆက်တိုက် ပြောနေတာ... ဘာလဲ... ငါ့မိသားစုက နင့်ကို အကြွေးတင်နေလို့လား..."

"ငါ့သားက ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာနိုင်တယ်လို့ ထင်နေတာလား... နင့်ကို ပိုက်ဆံ မချေးရင်ပဲ လူမပီသတော့ဘူးလား..."

"နင့်မိသားစု တစ်ခုလုံး အခုချက်ချင်း ထွက်သွားကြစမ်း..." ချန်ချွေ့ဖန်က ဒေါသတကြီး ပြောဆိုလိုက်လေ၏။

"မဖြစ်ဘူး... ချွေ့ဖန် နင်က တကယ်ပဲ မချေးဘူးလား..."

"နင်ကိုယ်တိုင် ကြားတဲ့အတိုင်းပဲ ငါ့အဖေက သေတော့မယ်လေ... ကုသဖို့ ယွမ်တစ်သန်း အရေးတကြီး လိုနေတာ... တကယ်လို့ နင် မချေးဘူးဆိုရင် အဲဒါက ပိုက်ဆံအတွက် လူသတ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား..."

"နင် ဘယ်လိုလုပ် အဲဒီလောက် သွေးအေးရက်စက်နိုင်ရတာလဲ..." ကျိုးရုံသည် ချက်ချင်းပင် အကြောင်းပြချက် မခိုင်လုံဘဲ ရမ်းကားလာတော့၏။

"ဟုတ်တယ် အစ်ကိုစု... ရှင့်အတွက် တစ်သန်းဆိုတာ ဘာလဲ... အဲဒါက ရှင့်အတွက် သမုဒ္ဒရာထဲက ရေတစ်စက်ပါပဲ..."

"ကျွန်မတို့က ယွမ်တစ်သန်းပဲ ချေးတာပါ... ယွမ်သန်းတစ်ရာ မဟုတ်ဘူး... ရှင်က ဘာလို့ မချေးဘူးလို့ ငြင်းနေရတာလဲ..." ထန်လီက အလျင်အမြန် ဝင်ပြောလိုက်လေသည်။

စုယွမ်နှင့် သူ၏ မိသားစုမှာ ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပင် ပေါက်သွားကြချေ၏။

"တကယ်ကိုပဲ... ဒီခေတ်မှာ ပိုက်ဆံချေးတဲ့သူက သူဌေးဖြစ်နေတာလား.."

"ဒီလောက်များတဲ့ ပိုက်ဆံကို မချေးရင် ပိုက်ဆံအတွက် လူသတ်တယ်လို့ စွပ်စွဲတော့မယ်..."

"ဒါက တကယ်ကို စကားပြောဆွံ့အသွားစေတာပဲ..."

"အဟမ်း... ဒီမှာရှိတဲ့ တစ်ဦးတည်းသော ပညာတတ်တစ်ယောက်အနေနဲ့ စကားနည်းနည်းလောက် ပြောချင်ပါတယ်..." ထိုအခါ လီဝမ်ဟွာက စကားပြောလာလေ၏။

"မစ္စတာစု... တူလေးစု... မင်း ငါ့ကို ဦးလေးလို့ ခေါ်သင့်တယ်... ဒါပေမဲ့ ဒီနေ့ ငါ ဝင်လာကတည်းက မင်း ငါ့ကို တစ်ခွန်းမှ မခေါ်ဘူးဆိုတော့ မင်းမှာ ယဉ်ကျေးမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ..."

"အားလပ်ရက် မတိုင်ခင် ဒီကိစ္စက အရမ်း အရေးကြီးတယ်... စကားပုံရှိတယ်လေ... စွမ်းအားကြီးလေ တာဝန်ကြီးလေ ဆိုတာ... တကယ်လို့ ဒီနေ့ မင်း ပိုက်ဆံ မချေးဘူးဆိုရင် လူတွေက မင်းကို အထင်သေးကြမှာ မဟုတ်ဘူးလား..."

"တကယ်လို့ မင်း ငါတို့ကို တစ်သန်း ချေးလိုက်မယ်ဆိုရင် သတင်းထွက်သွားတာနဲ့ လူတိုင်းက မင်းကို ချီးကျူးကြမှာ မဟုတ်ဘူးလား..."

"ဒါက ငါတို့ကို ကူညီရာရောက်ရုံသာမကဘဲ မစ္စတာစုရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်တယ်... ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အခြေအနေပဲ..." လီဝမ်ဟွာက သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောဆိုလိုက်သည်။ သူ ပြောလိုက်သော စကားများသည် အလွန် အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားနေရ၏။

စုယွမ်သည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

စုယွမ်ခေါင်းညိတ်သည်ကို မြင်လိုက်ရချိန်တွင် ကျိုးရုံနှင့် ထန်လီတို့ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့၏။

အထူးသဖြင့် ထန်လီသည် မကြုံစဖူးသော အောင်မြင်မှု ခံစားချက်ကြီးကို ခံစားလိုက်ရပြီး ထိုယွမ်တစ်သန်းကို သူမကိုယ်တိုင် ရှာဖွေရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။

သူမသည် စုယွမ်ကို ဂုဏ်ဆာစွာဖြင့် အခါခါ ကြည့်ရှုလိုက်လေ၏။ ဒီလောက်ကြီးတဲ့ သူဌေးကြီးက သူမရဲ့ လက်ခုပ်ထဲက ရေပဲ မဟုတ်လား။

အဲဒီတစ်သန်းက အပိုင်ပဲ...

"မချေးနိုင်ဘူး... ကျွန်တော် မချေးနိုင်ဘူး..." စုယွမ်က ပြောဆိုလိုက်လေသည်။

"ဘာ..."

"ဘာလို့ မချေးရတာလဲ..." ထန်လီသည် အံ့အားသင့်ကာ ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ အော်ဟစ်လိုက်၏။

"ရိုးရိုးလေးပဲ မချေးဘူး... အကြောင်းပြချက် မရှိဘူး... တကယ်လို့ ကျွန်တော် ချေးချင်ရင် ချေးမယ်... ဘယ်သူကမှ ကျွန်တော့်ကို အတင်းအကျပ် လုပ်လို့မရဘူး..."

"အခု ခင်ဗျားတို့ ထွက်သွားလို့ရပြီ..." စုယွမ်က အေးစက်စွာ ပြောဆိုလိုက်လေသည်။

ဤစကားကို ကြားချိန်တွင် ကျိုးရုံသည် သူမ၏ မျှော်လင့်ချက် အများစုကို လက်လွတ်ဆုံးရှုံးသွားခဲ့ရချေ၏။ သူမ၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားပြီးနောက် ဖိနပ်ကို ချက်ချင်းချွတ်ကာ ဆိုဖာပေါ်တွင် လှဲချလိုက်ပြီး ရမ်းကားလာတော့သည်။

“ဒါ..ဒါက အနိုင်ကျင့်တာပဲ... ချမ်းသာတဲ့ လူတွေက တခြားသူတွေကို ဒီလိုပဲ ဆက်ဆံကြတာလား...ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို မကူညီဘဲ ဒီလို ငြင်းဆန်လိုက်တာက တကယ်ကို ရက်စက်လွန်းတယ်...... ဒီမိသားစုက တကယ် သွေးအေးလွန်းလိုက်တာ...အဖေရေ...တကယ်လို့ ဆေးမကုနိုင်လို့ အဖေ တစ်ခုခု ဖြစ်သွားရင် သမီးကို လာအပြစ်မတင်နဲ့နော်...

အဲဒါ အားလုံး ဒီမိသားစုက အဖေ့ကို မကယ်ချင်လို့ ဖြစ်ရတာပဲ...”

"ဒီနေ့ ငါ့ကို ပိုက်ဆံ မချေးရင် ငါ ဒီကနေ မထွက်သွားဘူး..."

ကျိုးရုံသည် ဤနည်းလမ်းဖြင့် ယွမ်တစ်သန်း ချေးယူရန် ကြိုးစားကာ ရမ်းကားနေတော့၏။

ဤသည်ကို မြင်လိုက်ရချိန်တွင် ထန်လီကလည်း အရှုံးမပေးခဲ့ချေ။ သူမသည် ဆံပင်များကို ဖွလိုက်ပြီးနောက် စုယွမ်အပေါ်သို့ အရူးမတစ်ယောက်ကဲ့သို့ ခုန်အုပ်လိုက်လေသည်။

"အို... ဒီချမ်းသာတဲ့လူက ပိုက်ဆံမချေးရုံသာမကဘဲ ငါ့ကိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားနေတယ်..."

"ကယ်ကြပါဦး... ကယ်ကြပါဦး..."

"ဒီလူက ငါ့ကို အဓမ္မကျင့်ဖို့ ကြိုးစားနေတယ်..." သူမ ခုန်မအုပ်မီကပင် ထန်လီသည် အရိုင်းအစိုင်းတစ်ယောက်ကဲ့သို့ အော်ဟစ်နေခဲ့လေ၏။

ဤမြင်ကွင်းက ထိုနေရာရှိ လူအားလုံးကို လုံးဝ ဆွံ့အသွားစေခဲ့သည်။

ဒါက ပိုက်ဆံချေးတဲ့ နည်းလမ်းမဟုတ်ဘူး...

ဒါက တကယ့်ကို လွန်လွန်းနေပြီ...

သူတို့က မဖွယ်မရာ အဓမ္မပြုကျင့်မှုနဲ့ပါ သူ့ကို စွပ်စွဲဖို့အထိ လုပ်ရဲကြတယ်... ဒါက ကောလာဟလဖြန့်ပြီး သူ့ကို ချောက်ချနေတာ မဟုတ်ဘူးလား...

စုယွမ်၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်သွားပြီးနောက် ထန်လီအား မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ထုတ်လိုက်လေ၏။

ဤသည်ကို မြင်လိုက်ရချိန်တွင် လီယိုချိုက်သည် အလွန်တရာ ဒေါသထွက်သွားခဲ့ချေသည်။ "ငါ့မိန်းမကို မင်း ဘယ်လိုလုပ် ရိုက်ရဲတာလဲ..."

ချက်ချင်းပင် လီယိုချိုက်သည်လည်း ပြေးဝင်လာခဲ့ပြီး မြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

ဤသည်ကို မြင်လိုက်ရချိန်တွင် လီဟူ ပြေးဝင်လာပြီး လီယိုချိုက်အား တစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ လဲကျသွားအောင် ထိုးချလိုက်လေသည်။

"သူတို့ အကုန်လုံးကို ဆွဲထုတ်သွားလိုက်..." စုယွမ်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။

"အာ..." ကျိုးရုံ အံ့အားသင့်သွားရသည်။ သူတို့က လူကို ရိုက်ရဲလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော လီယိုချိုက်ကို မြင်လိုက်ရချိန်တွင် ကျိုးရုံ အော်ဟစ်လိုက်ပြီး ပြေးဝင်လာတော့၏။ "နင့်ကို အသေအကြေ တိုက်ခိုက်မယ်..."

လီဟူတွင် သက်ကြီးရွယ်အိုများကို လေးစားပြီး ကလေးများကို ဂရုစိုက်ရမည်ဟူသော အကျင့် လုံးဝ မရှိခဲ့ချေ။ ထို့ကြောင့် သူက ကျိုးရုံ၏ မျက်နှာကို ပါးရိုက်ချလိုက်လေသည်။

ဖြန်း...

ကျိုးရုံသည် မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

"အို... မင်းတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ..."

"မင်းတို့က အရမ်း ယဉ်ကျေးမှု မရှိတာပဲ..."

"ငါတို့က ဘာမှ လွန်လွန်ကျွံကျွံ မလုပ်ခဲ့ပါဘူး... မင်းတို့က အရမ်း မောက်မာတယ်... အရမ်း ရိုင်းစိုင်းတယ်... အရမ်း ရိုင်းစိုင်းကြမ်းတမ်းတယ်... မင်းတို့က လူရိုင်းတွေပဲ... မတိုးတက်သေးတဲ့ လူရိုင်းအုပ်စုပဲ..."

"ဒါ မှားတယ်ဆိုတာ မင်းတို့ သိလား..."

"မင်းတို့အားလုံး အခုချက်ချင်း ငါ့ကို တောင်းပန်ရမယ်..." လီဝမ်ဟွာက ပြင်းပြင်းထန်ထန် ပြောဆိုလိုက်လေ၏။

ဖြန်း...

နောက်စက္ကန့်တွင် သူလည်း ထိုနည်းအတိုင်းပင် မြေပြင်ပေါ်သို့ အရိုက်ခံလိုက်ရတော့သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ..." ရှင်းလင်းစွာ စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် လီဟူက ပြောဆိုလိုက်လေ၏။

"သူ့ကို ဆွဲထုတ်သွားလိုက်..." စုယွမ်က စတင် လှုပ်ရှားရင်း ပြောဆိုလိုက်သည်။

ထို့နောက် ထိုလေးဦးသည် ဆွဲထုတ်ခံလိုက်ရပြီး လီဟူက သူတို့ကို လက်တစ်ဖက်စီဖြင့် ဆွဲကာ လူနေအိမ်ရာအဝင်ဝ၌ ပစ်ချလိုက်တော့၏။

"ဒီလူတွေကို နောက်တစ်ခါ အထဲပေးမဝင်နဲ့တော့..." လီဟူက လုံခြုံရေးအစောင့်အား ပြောဆိုလိုက်လေသည်။

ထိုအချိန်တွင် ဗီလာအတွင်းရှိ လူတိုင်း၏ မျက်နှာပေါ်တွင် ရွံရှာစက်ဆုပ်သည့် အမူအရာများ ပေါ်လွင်လာခဲ့၏။

ရုတ်တရက် ပိုင်ချန်က နှာခေါင်းကို အသာပိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဘာလို့ တစ်ခုခု ပုပ်သိုးနေတဲ့ အနံ့ရနေတာလဲ...”

ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ အကြည့်များက စားပွဲပေါ်ရှိ သစ်သီးအိတ်ဆီသို့ ရောက်သွားကြသည်။

အိတ်ကို ဖွင့်ကြည့်လိုက်ချိန်တွင် အောက်ဆုံးတွင် ရှိနေသော သစ်သီးများသည် လုံးဝ ပုပ်သိုးပျက်စီးနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေခဲ့လေ၏။

All Chapters