အခန်း ၁၀၅
Vol. 11 Ch. 105
အပိုင်း ၁၀၅ - လက်ဖက်စိမ်းကောင်နှင့် အစွန်းရောက်ချစ်သူ
"အစ်ကို လီကျယ်၊ ဟိုတစ်ခေါက် မြင်းပြိုင်ကွင်းမှာ ကျန့်ဖိန့်ဖိန့်က ကျွန်မကို ဘယ်လိုတောင် အနိုင်ကျင့်ခဲ့လဲဆိုတာ သိလား။ အစ်ကို ကျွန်မကို တကယ် ကူညီရမယ်နော်"
ကောကျားရှင်းသည် လီကျယ်၏ လက်မောင်းကို ချိတ်ကာ ကျန့်ဖိန့်ဖိန့်နှင့် လင်းစုယွီတို့ရှေ့တွင် ထင်ထင်ပေါ်ပေါ်ကြီး ပေါ်လာခဲ့သည်။ အဖော်ဖြစ်သူအား အသံစူးစူးဖြင့် ကပ်ချွဲကာ နှစ်သိမ့်မှုရှာနေပုံမှာ ကျန့်ဖိန့်ဖိန့်အတွက်တော့ ထမင်းစားချင်စိတ်ပင် ပျောက်ရှစေသည့် မြင်ကွင်းမျိုး ဖြစ်နေ၏။
"ကောကျားရှင်း၊ နင် ငါ့ရှေ့မှာ လာပြီး ပြဿနာမရှာရင် ပိုကောင်းမယ်နော်"
"မမလေးကော၊ ဒါက ပိုင်မိသားစုရဲ့ နယ်မြေ၊ ကျွန်မရဲ့ အိမ်ဂေဟာပဲ။ မမလေးနဲ့ မမလေးရဲ့ အဖော်က ကျွန်မရဲ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုတဲ့ ဂုဏ်ပြုညစာစားပွဲကို ဖျက်ဆီးဖို့ ကြံစည်နေတာလား"
ကျန့်ဖိန့်ဖိန့်နှင့် လင်းစုယွီတို့က တစ်ပြိုင်နက်တည်း သတိပေးလိုက်ကြသည်။
မိသားစုအတွင်း အရေးမပါသည့် တရားမဝင်သားတစ်ဦးဖြစ်သော လီကျယ်သည် လက်ရှိတွင် အရှိန်အဝါကြီးမားနေသည့် လင်းစုယွီကို မလေးမစား မလုပ်ရဲပေ။ သူသည် ကောကျားရှင်းကို ဖျောင်းဖျရင်း တစ်ဖက်မှလည်း တောင်းပန်လိုက်ရသည်။
"မမလေးလင်း၊ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ရှင်းရှင်းနဲ့ ကျွန်တော်က မမလေးနဲ့ ရင်းနှီးချင်လို့ လာခဲ့တာပါ။ ဒီပွဲကို ဖျက်ဆီးဖို့ ဒါမှမဟုတ် ပြဿနာရှာဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး"
"တကယ်တော့... ကျွန်တော် ပြောသင့်မပြောသင့်တော့ မသိဘူး၊ ဒါပေမဲ့ မမလေးလင်းကို သတိပေးချင်ပါတယ်။ မမလေးက ပြည်မကြီးကနေ အခုမှ ရောက်လာတာဆိုတော့ မသိသေးတာလဲ ဖြစ်နိုင်ပါတယ်၊ ဟောင်ကောင်မြို့ရဲ့ လူကုံထံအသိုင်းအဝိုင်းထဲမှာ မမလေးကျန့်က တခြားမိန်းကလေးတွေနဲ့ သိပ်ပြီး အဆင်မပြေဘူးလို့ နာမည်ထွက်နေတာ"
"မမလေးအနေနဲ့ မိတ်ဆွေသစ်တွေ ထပ်ဖွဲ့ချင်တယ်၊ ဟောင်ကောင်ရဲ့ အထက်တန်းလွှာထဲကို ပိုပြီး ဝင်ဆံ့ချင်တယ်ဆိုရင်တော့ တခြားမမလေးတွေနဲ့ ပိုပြီး ပေါင်းသင်းတာက ပိုကောင်းပါလိမ့်မယ်"
ထိုသို့ ဟန်ဆောင်ပန်ဆောင် ဝေခွဲမရဖြစ်နေသည့် လက်ဖက်စိမ်း ရုပ်ပေါက်နေမှုနှင့် တစ်ဖက်လူက ငြင်းပယ်ချင်နေသည်ကို သိသိကြီးနှင့် ဆက်ပြောနေသည့် အရှက်မရှိပုံတို့က လင်းစုယွီကို အံ့အားသင့်သွားစေသည်။
"လက်ဖက်စိမ်း" ဆိုသည်မှာ ကျား၊ မ မရွေး ဖြစ်နိုင်သည်ကို သိလိုက်ရသလို၊ ဤကဲ့သို့သော လူစားမျိုးနှင့် စရိုက်မျိုးမှာ ယခင်ကတည်းက ရှိနေခဲ့ခြင်းပင်။
"ရှင်က လီကျယ်လား။ ကျွန်မကြားတာတော့ ရှင့်ကို ရှင့်ရဲ့မိသားစုက အသိအမှတ်မပြုခင်တုန်းက ရှင့်ရဲ့ဘဝက သိပ်မကောင်းလှဘူးဆို။ ကျောင်းမှာ သူဌေးသားတွေ အနိုင်ကျင့်တာ မခံရအောင် ဖိန့်ဖိန့်က ရှင့်ကို အများကြီး ကူညီပေးခဲ့တာလေ။ အခုတော့ မိသားစုက အသိအမှတ်ပြုလိုက်တာနဲ့ ရှင်က ဖိန့်ဖိန့်ကို ချက်ချင်း ကျောခိုင်းလိုက်တာပဲလား"
"ရှင့်မှာ ဒီလို သိမ်ဖျင်းတဲ့ စိတ်ဓာတ်ရှိလို့ ဖိန့်ဖိန့်ကို ရန်သူလို ဆက်ဆံနေတာပေါ့။ ရှင်က တကယ်ကို ကျေးဇူးမသိတဲ့ လူယုတ်မာပဲ။ ဒါနဲ့ ကျွန်မသိချင်တာက လီမိသားစုဆီ ပြန်ရောက်သွားပြီးနောက်မှာ ရှင်ကရော ဟောင်ကောင်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲကို တကယ်ပဲ ဝင်ဆံ့သွားပြီလား"
အကယ်၍ တစ်ဖက်လူက လင်းစုယွီကိုသာ လာမပတ်သက်လျှင် သူမ ဤမျှ ပြင်းပြင်းထန်ထန် ပြန်ပြောမိမည်မဟုတ်ပေ။ သူမသည် ကျန့်ဖိန့်ဖိန့်နှင့် စက်ရုံထောင်ရန် ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေချိန် ဖြစ်သဖြင့် ကျန့်ဖိန့်ဖိန့်ကို လာရောက်နှောင့်ယှက်ခြင်းသည် သူမကို နှောင့်ယှက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
"မမလေး... မမလေးလင်း၊ မမလေးပြောတာက လွန်လွန်းနေပြီနော်။ မမလေးက ပိုင်မိသားစုရဲ့ မြေးမလေး တစ်ယောက်ပဲ မဟုတ်လား"
လီကျယ်သည် ပျော့သူကိုနိုင်၊ နိုင်သူကိုကြောက်သည့် လူစားမျိုးဖြစ်သည်။ လင်းစုယွီ၏ ကျေးဇူးမသိသူဟု အပြောခံရမှုကြောင့် အရှက်ရကာ ဒေါသထွက်သွားသော်လည်း လင်းစုယွီက အရှိန်အဝါ ပြင်းထန်လွန်းသဖြင့် အများကြီးတော့ ပြန်မပြောရဲရှာပေ။
"လီကျယ်၊ ရှင်က ယောက်ျားတစ်ယောက်ဖြစ်ပြီး ကျွန်မရှေ့မှာ ဖိန့်ဖိန့်အကြောင်း အတင်းပြောနေတာကမှ လူကြီးလူကောင်းမဆန်တာ။ ကျွန်မကို လွန်တယ်လို့ ပြောဖို့ ရှင့်မှာ ဘယ်လိုသတ္တိတွေ ရှိနေတာလဲ။ ကျွန်မက ပိုင်မိသားစုရဲ့ မြေးမလေးပဲ ဖြစ်ပေမဲ့ ပိုင်မိသားစုရဲ့ စတုတ္ထမြောက်အနွယ်ကို ဦးဆောင်သူလည်း ဖြစ်တယ်။ ရှင်နဲ့ ရှင့်တွဲဖက်မမလေးတို့ အခုချက်ချင်း ဒီကနေ မထွက်သွားရင် ရှင်တို့ကို မောင်းထုတ်ပိုင်ခွင့် ကျွန်မမှာရှိတယ်"
လင်းစုယွီက သူ့ကို "ထွက်သွားလို့ရပြီ" ဆိုတဲ့ အကြည့်နဲ့ ကြည့်တော့ လီကျယ်မှာ ကောကျားရှင်းကို ချော့မော့ပြီး အရင်ထွက်သွားဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ချေ။
"အစ်ကို လီကျယ်၊ အစ်ကို ကျွန်မကို ဒီလို ကူညီလိုက်တာပေါ့"
လီကျယ်၏ ရုပ်ရည်နှင့် ချိုသာသော စကားလုံးများကို ကြိုက်နှစ်သက်သော်လည်း၊ ဤမျှ ကြောက်ချေးပါသော ယောက်ျားတစ်ယောက် ဖြစ်နေသည့်အတွက် ကောကျားရှင်းတစ်ယောက် စိတ်ထဲမှပင် ကျေးဇူးတင်မိတော့သည်။
"ရှင်းရှင်း၊ စိတ်မပူပါနဲ့။ ဒါက ပိုင်မိသားစုနယ်မြေမို့လို့ တစ်ခုခုလုပ်လိုက်ရင် ခြေရာဖျောက်ဖို့ မလွယ်ဘူး။ နောက်ပိုင်းကျရင် ကိုယ် မင်းအတွက် သေချာပေါက် ကလဲ့စားချေပေးမယ်"
"ကောင်းပါပြီ အစ်ကို လီကျယ်၊ ကျွန်မကိုတော့ လိမ်မပြောနဲ့ဦးနော်၊ မဟုတ်ရင် ရှင်းရှင်း ဝမ်းနည်းမိမှာ"
လင်းစုယွီသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ထိုနှစ်ဦးကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ သူတို့ တစ်ခုခု ထူးထူးခြားခြား လုပ်လိမ့်မည်ဟု ထင်ထားသော်လည်း မနာလိုဝန်တိုသည့်အချစ်ရူး စကားလုံးများကိုသာ ကြားလိုက်ရသဖြင့် အံ့ဩသွားသည်။
"ဖိန့်ဖိန့်၊ ကောကျားရှင်းက ရူးနေတာလား ဒါမှမဟုတ် နေမကောင်းဖြစ်နေတာလား"
"အေး၊ ကောကျားရှင်းက ငယ်ငယ်ကတည်းက ရောဂါတစ်ခုရှိတာ၊ အဲဒါက 'မျက်စိနာရောဂါ' (မနာလိုဝန်တိုစိတ်) ပဲ။ ငါ့မှာ ဘာရှိရှိ သူလည်း ရှိမှဖြစ်မယ်။ သူ မရနိုင်ဘူးဆိုရင်တော့ ငါ့လက်ထဲမှာ ရှိနေတာကို ဖျက်ဆီးပစ်လိမ့်မယ်။ စုယွီ၊ ကောကျားရှင်းနဲ့ တွေ့ရင် ဝေးဝေးက ရှောင်တာ အကောင်းဆုံးပဲ"
"မိန်းကလေးစုယွီ၊ ဒီမှာ ရှိနေတာကိုး။ ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"
ရွှမ်ဖုန်းသည် ယခုအခါ ပိုင်မိသားစု၏ ပင်မအိမ်တော်ဝင်းအတွင်းရှိ အဆောက်အဦးငယ်တစ်ခုတွင် နေထိုင်နေသည်။ ပိုင်မိသားစုဆီမှာ နေထိုင်ခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရေနွေးအိုးပေါက်ကွဲခြင်း သို့မဟုတ် ခုတင်ကျိုးခြင်းကဲ့သို့သော ကံဆိုးမိုးမှောင်ကျမှုများမှ သူ နောက်ဆုံးတော့ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
"ဘာအကူအညီလဲ။ ကျွန်မလို ကလေးတစ်ယောက်က ရှင်ကို ဘာများ ကူညီနိုင်မှာမို့လို့လဲ"
"မိန်းကလေးစုယွီသာ ကြည်ကြည်ဖြူဖြူရှိမယ်ဆိုရင် သေချာပေါက် ကူညီနိုင်ပါတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ ပိုက်ဆံတချို့ကို မိန်းကလေးက ထိန်းသိမ်းပေးစေချင်တာပါ။ ရလာတဲ့ အကျိုးအမြတ်ကို ခုနစ်ပုံ သုံးပုံ ခွဲယူကြတာပေါ့"
"ကျွန်မက ခုနစ်ပုံ၊ ရှင်က သုံးပုံလား"
"ဒါဆိုရင်... ခြောက်ပုံ လေးပုံ ဆိုရင်ရော ဘယ်လိုလဲ။ မိန်းကလေးရဲ့ သူငယ်ချင်းအတွက်လည်း အခမဲ့ ဟောပေးပါ့မယ်။ မိန်းကလေးကျန့်ရဲ့ နှာတံက အရောင်မှိန်နေတယ်၊ မကြာခင်မှာ သွေးထွက်သံယို ဘေးဒုက္ခတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်"
"ကဲပါ၊ လျှောက်မပြောနဲ့တော့။ ရှင်ခိုင်းတဲ့ အကူအညီကို ကျွန်မ လက်ခံတယ်"
လင်းစုယွီက ရွှမ်ဖုန်းကို စိုက်ကြည့်လိုက်သည်။ ဤလူပြောပုံမှာ လူကို ကျိန်ဆဲနေသလိုပင်။ ရွှမ်ဖုန်းကို ယုံကြည်သူများက ၎င်းကို ရှောင်ရှားကြမည်ဖြစ်ပြီး မယုံကြည်သူများက စက်ဆုပ်ရွံရှာကြမည်မှာ သေချာသည်။
ကျန့်ဖိန့်ဖိန့်သည် ခေတ်သစ်ပညာတတ်တစ်ယောက်ဖြစ်ပြီး ဒီလိုရိုးရာေဗဒင်ဟောတာကိုတွေကို မယုံကြည်လောက်ပေ။ ကြည့်ပါဦး၊ဖိန့်ဖိန့်က ဒေါသထွက်လွန်းလို့ ခေါင်းတစ်ဖက်ကို လှည့်သွားသည်။
"ဖိန့်ဖိန့်၊ ရွှမ်ဖုန်းရဲ့ စကားတွေက မနှစ်မြို့ဖွယ်ကောင်းပေမယ့် လုံခြုံရေးက အရေးကြီးဆုံးပဲ။ နောက်ရက်အနည်းငယ်အတွင်း အပြင်ထွက်တဲ့အခါ သက်တော်စောင့်တွေ ပိုခေါ်သွားပါ။ လီကျယ်နဲ့ ကောကျားရှင်းတို့က နင့်အပေါ် မကောင်းတဲ့စိတ်တွေ အများကြီးရှိတယ်လို့ ငါထင်တယ်။"
ကျန့်ဖိန့်ဖိန့်သည် သွေးထွက်သံယိုဖြစ်မည်ဟု အပြောခံရခြင်းကို ကျိန်ဆဲခံရသလို ခံစားရသော်လည်း လင်းစုယွီ၏ စကားကိုတော့ နားထောင်ရန် ဆုံးဖြတ်လိုက်သောကြောင့် နောက်ဆုံးတွင် သူမအား ကပ်ဘေးမှ လွတ်မြောက်စေခဲ့သည်။
ဒါပေမယ့် အခုတော့ သူမ ရွှမ်ဖုန်းကို မတွေ့ချင်တော့ပေ။ လင်းစုယွီကို နှုတ်ဆက်ပြီးနောက် ကျန့်မိသားစုရဲ့ အကြီးအကဲတွေကို သွားရှာခဲ့သည်။
"ဆရာကြီး ရွှမ်ဖုန်း၊ နောက်ခါ လူငယ်တွေနဲ့ စကားပြောရင် နည်းနည်းလောက် ပိုပြီး ပါးနပ်အောင် ပြောတာ ကောင်းပါလိမ့်မယ်"
"ကောင်းပါပြီ၊ မိန်းကလေးစုယွီ ပြောသမျှကို ကျွန်တော် နားထောင်ပါ့မယ်။ အခု ကျွန်တော်နဲ့ ခဏ လိုက်ခဲ့ပေးလို့ ရမလား။ ဟိုမှာ လူတစ်ယောက်က သူ့အတွက် ဗေဒင်ဟောပေးဖို့ စောင့်နေလို့ပါ"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း