အခန်း ၁၀၂၀
Vol. 69 Ch. 1020
အခန်း ၁၀၂၀ - ရှက်စရာမရှိခြင်း
"ဒီကောင်က တခြားလမ်းကို ရွေးပြီး တစ်ယောက်တည်း သွားနေတာ။ သေကြောင်းကြံနေတာပဲ၊ သူ အရည်ပျော်ပြီး အငွေ့ပျံသွားတာကို စောင့်ကြည့်ကြစို့"
မြစိမ်းသစ်သားခြံဝန်း ခွဲထွက်ရေးအဖွဲ့ဝင် အများစုမှာ ယီယွင် ကို သွေးရောင် သဲကန္တာရ ထဲသို့ ဝင်သွားသည်ကို ကြည့်ကာ မလှောင်ပြောင်ဘဲ မနေနိုင်ကြပေ။ ခရမ်းရောင်ဝတ်စုံဝတ် လူကြီးကလည်း
"သွေးရောင် သဲကန္တာရ ထဲမှာ တစ်လှမ်းမှားတာနဲ့ အသက်ဆုံးရှုံးရမှာပဲ။ သူ့ရဲ့ အတတ်ပညာလောက်နဲ့တော့ သေဖို့ပဲ ရှိတယ်" ဟု ပြောလိုက်သည်။
ယီယွင် သည် ခပ်အေးအေးပင် ယွဲ့ရင်းရှာ ကို "မင်းလည်း ငါ့နောက်က လိုက်ခဲ့ပါလား" ဟု ပြောလိုက်သည်။ ယွဲ့ရင်းရှာ မှာ ယီယွင် ကို ရှေ့ကနေ လမ်းပြခိုင်းပြီး သူမက နောက်ကလိုက်ရန်မှာ အားနာမိသော်လည်း ယီယွင် က အဆင်ပြေကြောင်း ပြောသဖြင့် သူ့နောက်သို့ လိုက်ပါသွားသည်။
ယီယွင် လမ်းလျှောက်နေပုံမှာ သာမန်လူတစ်ယောက်ကဲ့သို့ အေးဆေးပေါ့ပါးနေသည်။ တစ်ဖက်တွင်မူ မြစိမ်းသစ်သားခြံဝန်း တပည့်များမှာ ကြောက်လန့်တကြားဖြင့် လိပ်ကဲ့သို့ ဖြည်းညင်းစွာ သွားနေကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် ယီယွင် မှာ ၄၀ ကျော်သော ခြေလှမ်းများကို အန္တရာယ်ကင်းစွာဖြင့် လှမ်းသွားနိုင်ခဲ့သည်။ သူ၏ လမ်းကြောင်းမှာ မြစိမ်းသစ်သားခြံဝန်း အဖွဲ့နှင့် ကွာခြားသော်လည်း ဦးတည်ရာမှာ တူညီနေသည်။ ယခုဆိုလျှင် သူသည် မြစိမ်းသစ်သားခြံဝန်း အဖွဲ့ထက်ပင် ရှေ့ရောက်နေပြီ ဖြစ်သည်။
"အကြီးအကဲ တာဂူ ဒီ..."
"ငါ မျက်စိ မကန်းဘူး၊ ငါ မြင်နေရတယ်" ဟု ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက တင်းမာစွာ ပြောလိုက်သည်။ သူသည် ယီယွင် ထက် နောက်ကျကျန်ခဲ့ရသည့်အတွက် အကြီးအကျယ် စိတ်ထိခိုက်နေသည်။
"အကြီးအကဲ တာဂူ, ငါတို့လမ်းကို ပြောင်းပြီး ယီယွင် နောက်က လိုက်သွားရင်ရော ဘယ်လိုလဲ" ဟု အတောင်ခုနှစ်ချောင်း က အကြံပြုလိုက်သည်။ ၎င်းမှာ အရှက်ရှိသည့် လုပ်ရပ်မဟုတ်သော်လည်း အန္တရာယ်ကင်းဆုံး နည်းလမ်း ဖြစ်သည်။
"ကောင်းပြီ... လိုက်ကြစို့" ဟု လူကြီးက တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အင်မော်တယ်မိုးစက်ဂိုဏ်း မှ နယ်စား ဝူယွင် တို့ကလည်း "ငါတို့ကိုလည်း ခေါ်သွားပေးပါ ငါတို့ကို လမ်းပြအဖြစ် သုံးနိုင်ပါတယ်၊ ငါတို့ကို ခေါ်သွားပေးပါ" ဟု အသံလွှင့် အကူအညီ တောင်းခံလာသည်။ သူတို့သည် အဖော်များ သေဆုံးသွားသည်ကို မြင်ပြီးနောက် စိတ်ပျက်အားငယ်နေကြသည်။
"သူတို့ကို ခေါ်သွားပြီး ရှေ့က လမ်းပြခိုင်းလိုက်" ဟု အတောင်ခုနှစ်ချောင်း က ပြောလိုက်သည်။
"ယီယွင်, သူတို့ ငါတို့နောက်ကို လိုက်လာကြတယ်" ဟု ယွဲ့ရင်းရှာ က စိတ်ပျက်စွာ ပြောသည်။
"မင်းတို့မှာ အရှက်ဆိုတာ တကယ်မရှိတော့ဘူးလား အတောင်ခုနှစ်ချောင်း, မင်းကပဲ ယီယွင် ကို လမ်းပြခိုင်းခဲ့တာလေ။ အခုတော့ သူ လမ်းရှာတွေ့သွားတော့ မင်းတို့က အရှက်မရှိဘဲ လိုက်လာကြတာပေါ့" ဟု ယွဲ့ရင်းရှာ က အော်ပြောလိုက်သည်။
အတောင်ခုနှစ်ချောင်း က ရယ်မောရင်း "ညီမလေး ရင်းရှာ ရယ်၊ မင်းက ကလေးဆန်လွန်းတယ်။ သိုင်းလောကမှာ အရှက်ဆိုတာ ဘာအသုံးဝင်လို့လဲ မင်းရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေလို့လား ပြီးတော့ ငါတို့က မင်းတို့နောက်ကို တမင် လိုက်လာတာ မဟုတ်ဘူး၊ အကြီးအကဲ တာဂူ ရှာတွေ့တဲ့လမ်းက မတော်တဆ တူနေတာကို ဘာဖြစ်လဲ" ဟု မောက်မာစွာ ပြောလိုက်သည်။
ယီယွင် ကမူ ထိုလူများအား စကားများမနေရန် ယွဲ့ရင်းရှာ ကို တားလိုက်သည်။
"ဂျူနီယာညီလေး အတောင်ခုနှစ်ချောင်း, ယီယွင် ဘယ်လို လျှို့ဝှက်ချက်မျိုးကို သုံးထားတာလဲ မသိဘူး။ သွေးရောင် သဲကန္တာရ မှာ ဘာမှ မဖြစ်ဘူး။ သူက နောက်ပိုင်းမှာ အသုံးဝင်နိုင်သေးတယ်" ဟု အမာရွတ်ပါသည့် လူတစ်ယောက်က အတောင်ခုနှစ်ချောင်း ကို လျှို့ဝှက် ပြောလိုက်သည်။
"အေးပါ၊ သူ့ရဲ့ အားနည်းချက်ကို ငါတို့ သိပြီးသားပါ။ သူ့ကို ငါတို့လက်အောက်မှာ အသုံးချလို့ ရပါတယ်" ဟု အတောင်ခုနှစ်ချောင်း က ပြန်ပြောသည်။
ထိုသို့ ပြောပြီးသည်နှင့် ထိုအမာရွတ်ပါသူသည် ရုတ်တရက် ရပ်တန့်သွားသည်။
"အို အစ်ကိုကြီး... ဘာဖြစ်တာလဲ" အတောင်ခုနှစ်ချောင်း က သူ့ကို မေးလိုက်သည်။ သို့သော် သူသည် ပြန်မဖြေပေ။
ရုတ်တရက် ထိုလူ၏ ခန္ဓာကိုယ်ထဲမှ ရေခဲပွင့်များ ပေါက်ထွက်လာသည်။ သူ၏ သွေးများမှာ ရေခဲသွားပြီး သွေးတစ်စက်မျှပင် မထွက်တော့ပေ။ ထိုရေခဲပွင့်များမှာ သူ၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး သူသည် ရေခဲရုပ်တု တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်တွင်မူ အံ့ဩတကြီး ဖြစ်နေသည့် ပုံစံမျိုး ကျန်ရစ်နေသည်။
"ဘာဖြစ်တာလဲ"
သူနှင့် အနီးဆုံးတွင် ရှိနေသော အတောင်ခုနှစ်ချောင်း မှာ ထိတ်လန့်သွားပြီး ချွေးအေးများပင် ပြန်လာသည်။ သွေးရောင် သဲကန္တာရ ၏ အန္တရာယ်မှာ တစ်နေရာနှင့် တစ်နေရာ မတူညီဘဲ ကြောက်မက်ဖွယ်ကောင်းလှသည်။