← Chapters

အခန်း ၇၈၉

Vol. 39 Ch. 789

အခန်း ၇၈၉

Vol. 39 Ch. 789

အခန်း(၇၈၉)ဘောလုံးလုပွဲ

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဖူလီသည် မျှော်လင့်မထားဘဲ ပိတ်ဆို့မှုနှင့် ရင်ဆိုင်လိုက်ရသဖြင့် စိတ်ပျက်အားလျော့မှုကို ပြင်းထန်စွာ ခံစားလိုက်ရချေသည်။

"မဖြစ်ဘူး၊ ငါ ဒီပြိုင်ပွဲမှာ မဖြစ်မနေ နိုင်မှဖြစ်မယ်၊ ငါ့ဇနီးအတွက် ကာကွယ်ပြီး ကတုံးကတိုက် ကတ်သီးကတ်သတ် လက်စားချေရမယ်"

ဖူလီသည် မျက်ဝန်း၌ အရိပ်ဆိုးများ ယှက်သန်းလျက် ရက်စက်ကြမ်းကြုတ်စွာ ရေရွတ်လိုက်သည်။

ထိုသို့ ရေရွတ်နေစဉ် သူကိုယ်တိုင်ပင် သတိမထားမိသည်မှာ မေကို အဖော်ပြုလျက် ရောက်ရှိလာသော ချင်ယွမ်ဖုန်းသည် သူတည်းခိုရာ ယာယီခိုနားရာနေရာ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီး တံခါးကို ယဉ်ကျေးစွာ ခေါက်လိုက်ခြင်းပင်။

တံခါးခေါက်သံကို ကြားလိုက်ရသောအခါ ဖူလီသည် လန့်ဖျပ်သွားရ၏။ သူ ဤနေရာ၌ ရှိနေသည်ကို မည်သူမျှ မသိနိုင်သည့်အပြင် ယခုနေရာသည်လည်း လွန်ခဲ့သော လအနည်းငယ်ကတည်းက စွန့်ပစ်ထားသော နေရာဖြစ်သဖြင့် မည်သူမျှ ရောက်လာစရာ အကြောင်းမရှိပေ။

သူသည် သတိကြီးစွာဖြင့် အခန်းထဲမှ ခြေလှမ်းကျဲလျက် ဝင်းခြံထဲသို့ ထွက်လာခဲ့ပြီး တိတ်တဆိတ်ပင် ကိုယ်တွင်းစွမ်းအင်များကို စုစည်း၍ ပြင်ဆင်ထားလိုက်သည်။

သို့သော် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် သူ၏ လှုပ်ရှားမှုမှန်သမျှကို အထင်းသား မြင်တွေ့နေရရုံမျှမက စောစောက သူပြောလိုက်သော စကားများကိုပါ ကြားသိပြီးဖြစ်သည်ကိုမူ ဖူလီတစ်ယောက် လုံးဝ မသိရှာပေ။

"ကဲပါ၊ ထွက်လာခဲ့စမ်းပါ၊ မင်း ဇနီးအတွက် လက်စားချေဖို့ သက်သက်နဲ့ အပြစ်မဲ့တဲ့လူတွေကိုပါ ဆွဲသွင်းတော့မလို့လား"

ချင်ယွမ်ဖုန်းက တံခါးအပြင်ဘက်မှ လှမ်း၍ အော်ပြောလိုက်သည်။

ဖူလီသည် မျက်လုံး အပြူးသား ဖြစ်သွားရချေ၏။

ချင်ယွမ်ဖုန်းက ဤနေရာအထိ စုံစမ်းရှာဖွေပြီး ရောက်လာနိုင်သည်ကို အံ့ဩမိရုံတင်မကဘဲ သူ ဇနီးအတွက် လက်စားချေလိုသည့် အာဃာတကိုပါ သိရှိနေသည့်အတွက် ပိုမို၍ ထိတ်လန့်သွားရခြင်း ဖြစ်သည်။

အသေအချာ စဉ်းစားတွေးတောပြီးနောက် ဖူလီသည် တံခါးကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤမျှ အစွမ်းထက်သော လူတစ်ယောက်က သူ့ကို သတ်ဖြတ်လိုပါက ဤမျှအထိ စကားအရှည်အကျယ် ပြောနေလိမ့်မည် မဟုတ်ပေ။

တံခါးပွင့်သွားသောအခါ ချင်ယွမ်ဖုန်းနှင့် မေတို့သည် ပြုံးလျက်သား ရပ်နေကြသည်ကို မြင်လိုက်ရ၏။

"နင်းပဲ၊ ဒီနေ့ အကိုဖုန်းကို တိုက်ခိုက်ခဲ့တဲ့သူပဲ"

မေသည် ဖူလီကို မြင်မြင်ချင်း မှတ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အခြားတစ်ယောက်နှင့် ပူးပေါင်းကာ ချင်ယွမ်ဖုန်းကို လုပ်ကြံရန် ကြိုးပမ်းခဲ့သောကြောင့် ဖြစ်ပေသည်။

"ငါ သိချင်တာက မင်း ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ"

ဖူလီသည် မေ၏စကားကို လျစ်လျူရှုကာ ချင်ယွမ်ဖုန်းကိုသာ စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် စိတ်ကူးလိုက်ရုံမျှဖြင့် ဖူလီ၏ နောက်ကွယ်မှ အသံမထွက်သော အလင်းမဲ့ ပျံလွှားဓားမြှောင် တစ်စင်းကို စုန်းကနဲ ထွက်ပေါ်လာစေပြီး သူ၏ ဝတ်ရုံစ၌ ခဏချင်းပင် လာရောက် ငြိတွယ်စေလိုက်၏။

ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဖူလီသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အစွမ်းထက်သော ကျင့်ကြံသူကြီးများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူသည် မိမိကိုယ်မိမိ အားကိုးရာမဲ့သကဲ့သို့ အမြဲတစေ ခံစားရလေ့ရှိသည်။

"ဒီအထိ တကူးတက လာခဲ့ပြီဆိုတော့ မင်း ဘာလုပ်မလို့လဲ"

ဖူလီက မေးလိုက်သည်။

"ငါ ဘာမှ လုပ်ဖို့ မဟုတ်ပါဘူး၊ မင်း ဒီပြိုင်ပွဲမှာ ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာကို လာပြောပြတာပါ"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။

ထိုစကားကို ကြားရသောအခါ ဖူလီသည် ဒေါသအဟုန် ထောင်းကနဲ ထွက်သွားပြီး ချင်ယွမ်ဖုန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

"မင်း မင်းရဲ့ဇနီးအတွက် လက်စားချေချင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ပြိုင်ပွဲမှာ နိုင်သွားပြီး ဆယ်လီ မင်းသားနဲ့ တွေ့ခွင့်ရရင်တောင် မင်း ဘာတတ်နိုင်မှာလဲ"

ချင်ယွမ်ဖုန်းက မုန်တိုင်းထန်ခြင်းမရှိဘဲ အေးဆေးစွာ ဆက်ပြောလိုက်သည်။

ဖူလီသည် မြှောက်တက်နေသော လက်များကို ဖြည်းညှင်းစွာ ချလိုက်ပြီး နာကျင်ခံခက်စွာဖြင့် မျက်လုံးများကို ပိတ်ထားလိုက်မိ၏။

"ငါနဲ့ ငါ့ဇနီးဟာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတာပါ၊ ဒါပေမဲ့ ငါ ခရီးအဝေး ရောက်နေတဲ့အချိန်မှာ မင်းစိုးရာဇာ အနွယ်ဝင် တစ်ယောက်က ငါ့ဇနီးကို သဘောကျပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

"ငါ့ဇနီးက အရှက်တကွဲ အကျိုးနည်း မဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်၊ ငါ အဲဒီအရာရှိကို လက်စားချေဖို့ ကြိုးစားခဲ့ပေမဲ့ သူက ကာရီ မင်းသားရဲ့ အကာအကွယ်ကို ယူထားတာကို သိလိုက်ရတယ်"

"သူတို့အားလုံးဟာ တစ်ကျောင်းတည်းဆင်းတွေပဲ၊ ဒါကြောင့် ငါ ကာရီ မင်းသားကို အရင်သတ်မယ်၊ ပြီးရင် အဲဒီအရာရှိကို သတ်ပြီး ငါ့ဇနီးအတွက် လက်စားချေမယ်"

ဖူလီသည် အတိတ်အကြောင်းအရာများကို ဖြည်းဖြည်းချင်း ပြောပြနေစဉ် သူ၏ နာကျင်ပူဆွေးသော မျက်နှာအမူအရာသည် ဟန်ဆောင်ထားခြင်း မဟုတ်ကြောင်း သိသာလှပေသည်။

မေပင်လျှင် ဖူလီအပေါ် သနားကရုဏာ သက်မိသွားရသည်။

"အဲဒီအရာရှိရဲ့ နာမည်က ဘယ်သူလဲ"

ချင်ယွမ်ဖုန်းက မေးလိုက်၏။

"ယာရု၊ သူ နာမည်က ယာရုလို့ ခေါ်တယ်၊ သူဟာ ကာရီ မင်းသားရဲ့ ကိုယ်ရံတော်တွေထဲက တစ်ယောက်ပဲ"

ဖူလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "မင်းလို လူတစ်ယောက်ဟာ ကာရီ မင်းသားကိုဖြစ်ဖြစ်၊ ယာရုကိုဖြစ်ဖြစ် သတ်နိုင်မှာ မဟုတ်ဘူး၊ အညံ့ခံပြီး လက်လျှော့လိုက်တာ ပိုကောင်းမယ်"

"ငါ လက်မလျှော့နိုင်ဘူး၊ ငါ့ကို အသက်ရှင်စေတာဟာ ငါ့ဇနီးအတွက် လက်စားချေမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ၊ ငါ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး"

ဖူလီသည် အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်ချေသည်။

"ငါ့အထင်တော့ မင်းရဲ့ဇနီးဟာ မင်းကို ဒီလိုပုံစံမျိုးနဲ့ မြင်ချင်မှာ မဟုတ်ဘူး ထင်တယ်"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် "ဒါ့အပြင် ကာရီလည်း သေရမှာပဲ၊ ယာရုလည်း သေရမှာပဲ၊ သူတို့နှစ်ယောက်လုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" ဟု ဆက်ပြောကာ မေကို ခေါ်ဆောင်၍ လှည့်ထွက်ခဲ့လေသည်။

ဖူလီသည် ချင်ယွမ်ဖုန်း၏ စကားများကို တွေးတောနေရင်းမှ နောက်ကျမှပင် သတိပြုမိသွားကာ "သူ့ရဲ့ ရည်ရွယ်ချက်က ငါနဲ့ အတူတူပဲလား" ဟု ရေရွတ်လိုက်မိ၏။

"အကိုဖုန်း၊ သူ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ"

လမ်းခရီးတွင် မေက လှမ်းမေးသည်။

"သူက ငါတို့ကို ဘာအန္တရာယ်မှ မပေးခဲ့ဘူးပဲ"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့် "ဒါ့အပြင် ဒီလို သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်ကို ကြေကွဲစရာ ကောင်းလောက်အောင် အသေမခံသင့်ပါဘူး" ဟု ဆိုသည်။

"ဒါဆို မင်း တကယ်ပဲ ယာရုကို သတ်တော့မလို့လား"

မေက ထပ်မံမေးမြန်းပြန်သည်။

"ဒါက အမှုမရှိပါဘူး၊ ဖူလီ မရှိရင်တောင် ငါ ကာရီရဲ့ ကိုယ်ရံတော်တွေကို သုတ်သင်ဖို့ စိတ်ကူးထားပြီးသားပဲ"

ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်၏။

မေသည် ခေါင်းညိတ်လိုက်ပြီး ဆက်၍ မမေးတော့ပေ။ သူမသည် ချင်ယွမ်ဖုန်း၏ နောက်မှ လိုက်ပါရင်း ညဈေးတန်းသို့ ရောက်ရှိကာ အစားအစာများကို မြိန်ရှက်စွာ စားသုံးကြလေသည်။

နောက်တစ်နေ့တွင် တတိယမြောက် ပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ယခုတစ်ကြိမ်တွင်လည်း ကာရီ မြစ်ပြင်ပေါ်၌ပင် ဖြစ်သော်လည်း မြစ်ပြင်ထက်တွင် သံကြိုးများဖြင့် ချိတ်ဆက်ထားသော သစ်သားပျဉ်ပြားများကို ခင်းကျင်းထားချေသည်။

"ကဲ၊ အခု တတိယမြောက် ပြိုင်ပွဲကို စတင်ပါတော့မယ်၊ ဒီပြိုင်ပွဲကိုတော့ ဘောလုံးလုပွဲလို့ ခေါ်ပါတယ်၊ တတိယအဆင့်ကို တက်လှမ်းလာနိုင်တဲ့ ပြိုင်ပွဲဝင်တွေကို အုပ်စုနှစ်စု ခွဲခြားပေးသွားမှာ ဖြစ်ပြီး အနိုင်ရတဲ့အဖွဲ့က နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရမှာဖြစ်ပါတယ်"

"စည်းကမ်းချက်ကတော့ ကွင်းလယ်မှာရှိတဲ့ သံဘောလုံးကြီးကို ပြိုင်ဘက်ရဲ့ သတ်မှတ်ထားတဲ့ နယ်မြေထဲကို ရောက်အောင် ပို့ဆောင်ရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ သံဘောလုံးကို လက်နဲ့ ထိခွင့်မရှိပါဘူး၊ ဂိုးအများဆုံး သွင်းနိုင်တဲ့အဖွဲ့က အနိုင်ရမှာ ဖြစ်ပါတယ်"

ဒိုင်လူကြီးက စည်းကမ်းချက်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီးနောက် ချင်ယွမ်ဖုန်းသည် မြစ်ပြင်ဆီသို့ လှမ်းကြည့်လိုက်၏။

သစ်သားပြားများ၏ အလယ်ဗဟိုတွင် သံဘောလုံးကြီး တစ်လုံး ရှိနေပြီး ဘက်ပေါင်းစုံ၏ အဆုံးတွင် လိုင်းဖြူများဖြင့် မှတ်သားထားသော နယ်မြေတစ်ခု ရှိပေသည်။ ထိုနယ်မြေထဲသို့ သံဘောလုံးကို ကန်သွင်းနိုင်ပါက ဂိုးရရှိမည် ဖြစ်သည်။

"ဒါဟာ ဘောလုံးကန်တာနဲ့ အတူတူပဲ မဟုတ်လား၊ ဒီ ကာရီ မင်းသားကတော့ တကယ်ကို ကစားတတ်တာပဲ"

ချင်ယွမ်ဖုန်းသည် အားမလိုအားမရဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။

မနေ့က ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နှစ်ဆယ်မျှသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် ယခုအခါ တစ်ဖက်လျှင် တစ်ဆယ်ယောက်စီဖြင့် အုပ်စုနှစ်စု ခွဲခြားထားခြင်း ဖြစ်၏။

ချင်ယွမ်ဖုန်းသည် ဖူလီကို လှမ်းကြည့်လိုက်ရာ ဖူလီကလည်း သူ့ကို ပြန်လည် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

"အခုထိ လက်မလျှော့သေးဘူးပေါ့၊ တကယ်ကို ခေါင်းမာလွန်းတယ်"

ချင်ယွမ်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

ဖူလီသည် ယနေ့ ပြိုင်ပွဲသို့ ဆက်လက် လာရောက်ယှဉ်ပြိုင်ခြင်းကို ကြည့်ခြင်းဖြင့် သူသည် ချင်ယွမ်ဖုန်း၏ အကူအညီကို အားမကိုးဘဲ မိမိဘာသာ လက်စားချေရန် ဆုံးဖြတ်ထားကြောင်း ထင်ရှားလှပေသည်။

မကြာမီပင် ကျန်ရှိနေသော လူနှစ်ဆယ်ကို အုပ်စုခွဲလိုက်ရာ ချင်ယွမ်ဖုန်းနှင့် ဖူလီတို့သည် တိုက်တိုက်ဆိုင်ဆိုင် အုပ်စုတစ်ခုတည်းတွင် အတူတူ ကျရောက်သွားခဲ့သည်။

"ငါ မင်းကို မနိုင်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ငါ ကြိုးစားကြည့်ချင်သေးတယ်၊ ဒါပေမဲ့ ငါ့ကိုယ်ငါ အလဟဿ အသေခံတော့မှာ မဟုတ်ဘူး၊ အဲဒီလိုလုပ်ရင် ငါ့ဇနီး သေလွန်ရတာ စိတ်ဆင်းရဲစရာ ဖြစ်ရလိမ့်မယ်"

ဖူလီက တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ကောင်းပြီ၊ ဒါဆိုရင် ဘောလုံး သွားကန်ကြစို့" ဟု ဆိုလိုက်၏။

နှစ်ဖက်စလုံးမှ ပြိုင်ပွဲဝင်များသည် သစ်သားပျဉ်ပြားများ၏ အလယ်တွင် ရပ်တံ့လျက် တစ်ယောက်ကိုတစ်ယောက် ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြချေသည်။

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆန့်ကျင်ဘက်မှ မိစ္ဆာများသည် ဦးစွာ လှုပ်ရှားလာပြီး ရှေ့သို့ တိုးလျက် သံဘောလုံးကြီးကို ဝုန်းကနဲ ကန်ထုတ်လိုက်ကြသည်။

မြစ်ပြင်ထက်တွင် သစ်သားပြားများဖြင့် သတ်မှတ်ထားသော နယ်မြေသည် ကွင်းအတွင်း နယ်နိမိတ် ဖြစ်ပြီး ယင်းနယ်ပယ်၏ အပြင်ဘက်သို့ ရောက်ရှိသွားပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။

သို့သော်လည်း သစ်သားပြားများ ခင်းကျင်းထားသော နယ်မြေသည် အလွန်ပင် ကျယ်ဝန်းလှရာ ဘောလုံးကွင်း သုံးကွင်းစာခန့် ကြီးမားလှပေသည်။

သံဘောလုံးကြီးသည် လှပသော လှိုင်းကွေးပုံသဏ္ဍာန်ဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ချင်ယွမ်ဖုန်းတို့၏ ဂိုးဧရိယာဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့၏။

ဖူလီသည်လည်း စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် လက်ကို အသုံးပြုခွင့်မရှိသော်လည်း စည်းကမ်းချက်များတွင် မိစ္ဆာအရှိန်အဝါ သို့မဟုတ် သိုင်းပညာရပ်များကို အသုံးမပြုရဟု ကန့်သတ်ထားခြင်း မရှိပေ။

ထို့ကြောင့် ဖူလီသည် သူ၏ ထူးဆန်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ရာ သူ၏ လက်ချောင်းများကြားမှ မြင်တွေ့နိုင်စွမ်းမရှိသော မျှင်ထောင်ချီ အဆိပ်နှေးကဲ့သို့သော ပင့်ကူမျှင်တန်းလန်းများက သံဘောလုံးကြီးဆီသို့ ဝုန်းကနဲ ပစ်လွှတ်ထွက်သွားလေတော့သတည်း။

All Chapters