← Chapters

အခန်း ၇၉၃

Vol. 39 Ch. 793

အခန်း ၇၉၃

Vol. 39 Ch. 793

အခန်း(၇၉၃)

စားပွဲရှည်ကြီးတွင် ချင်ယွမ်ဖုန်းနှင့် သူ၏အဖော်နှစ်ဦး၊ ထို့ပြင် ပျော်ရွှင်ခြင်းဧကရာဇ်နှင့် ကလေးငယ်သာ ထိုင်နေကြလေသည်။

ကျန်ရှိသောသူများမှာမူ ပျော်ရွှင်ခြင်းဧကရာဇ်၏ နောက်ကွယ်၌ မတ်တပ်ရပ်နေကြရာ ယင်းက ထိုနေရာ၏ စည်းမျဉ်းတစ်ခု ဖြစ်ဟန်တူပေသည်။

“အားမနာကြနဲ့၊ စိတ်ကြိုက်သုံးဆောင်ကြစမ်း။ မလောက်ရင်လည်း မီးဖိုဆောင်ကို ထပ်လုပ်ခိုင်းလိုက်ရုံပဲ” မင်းသားကာရီက ကြင်နာတတ်သော လေသံဖြင့် ဆိုလာ၏။

မေသည် မိမိရှေ့ရှိ စားသောက်ဖွယ်ရာများကို တံတွေးတမြုံ့မြုံ့ဖြင့် ကြည့်နေမိသည်။ ချင်ယွမ်ဖုန်းက မေ့အား ခေါင်းညိတ်ပြလိုက်မှသာ မေသည် စတင်၍ စားသောက်တော့သည်။

ချင်ယွမ်ဖုန်း၌မူ စားချင်စိတ်ဟူ၍ မရှိချေ။ မေနှင့် ဖူလီတို့ ပေါ်လာခြင်းက သူ၏အစီအစဉ်များကို ပျက်ပြားသွားစေသဖြင့် အခြားသော နည်းလမ်းများကို ရှာကြံရန် အတင်းအကျပ် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။

မင်းသားကာရီသည် အမှန်တကယ်ပင် ရင်ဆိုင်ရ လွယ်ကူသောသူ မဟုတ်ပေ။

“ဒါနဲ့... နိုင်တဲ့သူအတွက် ဆုလာဘ်တွေ အများကြီး ရှိတယ်၊ ထိုအထဲက တစ်ခုက မှူးမတ်မျိုးနွယ် ဖြစ်ခွင့်ရတာပဲ။ အဲဒီအချိန်ကျရင် မင်းရဲ့ ကျိုးပဲ့နေတဲ့ ဦးချိုကို ပြန်ဆက်ပေးဖို့ ငါ ကူညီပေးမယ်” မင်းသားကာရီက ရုတ်တရက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။ ယင်းဦးချိုကျိုးနေခြင်းအပေါ် သူက စိတ်အနှောင့်အယှက် ဖြစ်မနေပေ။

အကြောင်းမူကား သူသည် မိစ္ဆာပညာရပ်များကို ကျင့်ကြံနေခြင်း မဟုတ်သဖြင့် ဦးချိုကျိုးနေခြင်းက သူ၏ကျင့်စဉ်တိုးတက်မှုကို အဟန့်အတား မဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” ချင်ယွမ်ဖုန်းက ဆိုလိုက်၏။

ထမင်းစားပွဲ၏ အခြေအနေမှာ လေးလံထိုင်းမှိုင်းနေခဲ့ပြီး စားသောက်၍ ပြီးလုနီးပါးအချိန်တွင်မှ မင်းသားကာရီသည် ချင်ယွမ်ဖုန်းအား ရုတ်တရက် ကြည့်ကာ မေးမြန်းလာသည်။

“မင်းတို့ တော်လှန်ရေးတပ်က ဆီယာမြို့ရဲ့ မြို့စားမင်းကိုတောင် သတ်ပစ်ခဲ့တယ်လို့ ငါ ကြားမိတယ်၊ ဟုတ်လား”

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ရုတ်ချည်း တင်းမာသွားရသည်။ မင်းသားကာရီက ဘာ့ကြောင့် ယခုကဲ့သို့သော အချိန်တွင် ဤအကြောင်းအရာကို ထုတ်ပြောရသနည်း။ မှူးမတ်မျိုးနွယ် ဆာဘာဒါအား သတ်ဖြတ်ခဲ့သည့် အချိန်မှလွဲ၍ ချင်ယွမ်ဖုန်းသည် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မည်သည့်အခါမျှ ဖုံးကွယ်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် မင်းသားကာရီ သိနေလျှင်ပင် ပြဿနာမရှိနိုင်သော်လည်း ဤသို့ ထုတ်ပြောခြင်း၏ ဆိုလိုရင်းက အဘယ်နည်း။

မင်းသားကာရီက ပြုံးလျက် “စိုးရိမ်မနေပါနဲ့။ သူက အဆင့်မြင့် မှူးမတ်တစ်ယောက်ပဲဥစ္စာ၊ သေသွားတော့လည်း ပြီးတာပါပဲ။ ဒါ့အပြင် အခု မင်းကလည်း မှူးမတ်မျိုးနွယ် ဖြစ်နေပြီဆိုတော့ ဘယ်သူကမှ မင်းကို အပြစ်ပေးမှာ မဟုတ်ပါဘူး” ဟု ဆို၏။

“ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းက မင်းသားကာရီ မည်သည်ကို ကြံစည်နေသည်ကို မသိနိုင်သေးသဖြင့် ဆက်လက်၍ သတိကြီးစွာ ထားနေဆဲ ဖြစ်သည်။

“ပြီးတော့ မင်းက ဆီယာမြို့ကနေ ထွက်လာခဲ့ပြီဆိုတော့ တော်လှန်ရေးအဖွဲ့နဲ့လည်း အဆက်အသွယ် ပြတ်သွားပြီပေါ့၊ အဲဒါ ကောင်းတယ်”

မင်းသားကာရီသည် ချင်ယွမ်ဖုန်း၏ ဆုံးဖြတ်ချက်အပေါ် အတော်ပင် စိတ်ကျေနပ်မှု ရှိပုံရသည်။ “ငါ သိချင်တာက... အဲဒီမြို့က အကြီးအကဲ မှူးမတ်ဖြစ်တဲ့ ဆာဘာဒါ သေဆုံးမှုက မင်းနဲ့ ပတ်သက်မှု ရှိနေသလား ဆိုတာပဲ”

ချင်ယွမ်ဖုန်း တုန်လှုပ်သွားရ၏။ ကာရီသည် ဘက်ခ် သေဆုံးမှုကို လျစ်လျူရှုနိုင်သော်လည်း ဆာဘာဒါမှာမူ သူ၏ လက်အောက်ငယ်သား ဖြစ်သဖြင့် ဤကိစ္စကြောင့် ဆာဘာဒါက ချင်ယွမ်ဖုန်းအား ရန်သူအဖြစ် သတ်မှတ်လာမည် မဟုတ်ကြောင်း အာမခံရန် ခက်ခဲလှသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ “ကျွန်တော်တို့ ကာရီမြို့ကို ရောက်တာ မကြာသေးတဲ့အတွက် ဆာဘာဒါရဲ့ အကြောင်းကို ဘာမှမသိပါဘူး”

“အင်း... ဒါဆိုရင်လည်း ကောင်းပါပြီ” ပျော်ရွှင်ခြင်းဧကရာဇ်က သံသယ ဝင်မနေတော့ပေ။ “ဒါဆိုရင်တော့ သွားပြီး အနားယူချေတော့။ မင်းရဲ့ ဆန္ဒကို ဆုံးဖြတ်ပြီးတဲ့အခါကျရင် ငါ့ဆီ ပြန်လာခဲ့ပါ”

“ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ” ချင်ယွမ်ဖုန်းက ရုတ်တရက် ဆိုလိုက်ပြီး မေ့အား ၀၀ဝလက်ညှိုးထိုးပြကာ “သူ့ရဲ့ ဦးချိုကျိုးနေတာကို မရှိစေချင်တော့ပါဘူး” ဟု ပြောလိုက်သည်။

မေသည် အံ့အားသင့်စရာ ကောင်းလှသော အမူအရာဖြင့် ချင်ယွမ်ဖုန်းအား မျက်လုံးအစုံ ပြူးကြည့်နေမိသော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သဖြင့် မေသည် စကား ဆက်မပြောတော့ပေ။

မင်းသားကာရီသည် ချင်ယွမ်ဖုန်း၏ ဆန္ဒက အခြားသူတစ်ဦး၏ ဦးချိုကျိုးနေသည်ကို ပြန်လည်ကုသပေးရန် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

တစ်နည်းအားဖြင့် သူသည် မေ့၏ ဦးချိုကျိုးကို ပြန်လည်ဆက်ပေးရန် လိုအပ်ပေသည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒါပေမဲ့ ငါ သဘောတူပါတယ်။ မနက်ဖြန်ကျရင် သူ့ဦးချိုကို ပြုပြင်ပေးဖို့ လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်”

မင်းသားကာရီက တည်ငြိမ်စွာ ဆိုပြီးနောက် ကလေးငယ်နှင့် ကိုယ်ရံတော်များအဖွဲ့ကို ဦးဆောင်ကာ စားသောက်ဆောင်မှ ထွက်ခွာသွားတော့သည်။

ချင်ယွမ်ဖုန်း၏ ရှေ့သို့ တမန်တော်တစ်ဦး ရောက်ရှိလာ၏။ အချိန်မှာ အတော်ပင် ညဉ့်နက်နေပြီ ဖြစ်သဖြင့် တမန်တော်က ချင်ယွမ်ဖုန်းနှင့် အခြားနှစ်ဦးကို ဧည့်သည်ဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

“ငါ ဆက်ပြီး အောင့်အည်းမထားနိုင်တော့ဘူး...” တမန်တော် ထွက်ခွာသွားပြီးနောက် ဖူလီက ရုတ်တရက် ဆိုလာသည်။

“ရှူး...” ချင်ယွမ်ဖုန်းက တိတ်တိတ်နေရန် အချက်ပြလိုက်ပြီးနောက် မေနှင့် ဖူလီတို့ကို အခန်းထဲသို့ ခေါ်ဆောင်ကာ မီတာတစ်ရာအတွင်း မည်သူမျှ ချောင်းမြောင်းနားထောင်ခြင်း မရှိစေရန် သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်လိုက်၏။

ထိုမျှဖြင့် စိတ်မချနိုင်သေးသဖြင့် ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင်ထဲ၌ အဆောင်လက်ဖွဲ့များကို ရေးဆွဲကာ ဝိညာဉ်အဆောင်ပုံရိပ် အနည်းငယ်ကို နံရံပေါ်သို့ တိုက်ရိုက် ရိုက်နှိပ်လိုက်ပြီး ထိုနေရာကို ပြင်ပကမ္ဘာနှင့် သီးခြားခွဲထုတ်လိုက်လေသည်။

“သတိထားကြ၊ သူတို့တွေ မရိုးသားဘူးလို့ ငါ ခံစားနေရတယ်” ချင်ယွမ်ဖုန်းက ဆိုသည်။

ဖူလီက စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး “ငါ ထွက်ခွာတော့မယ့် အချိန်မှာပဲ တစ်ယောက်ယောက်က ငါ့ကို မြို့စားမင်းရဲ့ အိမ်တော်ဆီ ခေါ်လာခဲ့တာ” ဟု ပြော၏။

မေက ခေါင်းညိတ်လျက် “ငါလည်း တူတူပဲ။ သူတို့ တကယ်ပဲ ဘာလုပ်ချင်နေကြတာလဲ” ဟု မေးသည်။

“ငါလည်း မသိဘူး၊ ဒါပေမဲ့ ငါတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က မသန့်ရှင်းဘူးဆိုတာကို သူတို့ သိနေလောက်ပြီ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” မေက ပျာပျာသလဲ မေးမြန်းသည်။

“လောလောဆယ် ဘာမှမလုပ်ဘဲ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ အကဲခတ်ကြည့်ရအောင်” ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်မိသည်။

သူတို့သည် ယခုအခါ မြို့စားမင်း၏ အိမ်တော်၌ စောင့်ကြည့်ခြင်း ခံနေရသဖြင့် မည်သည်ကိုမျှ မတတ်နိုင်ကြချေ။

“မဖြစ်ဘူး၊ ငါ ဆက်ပြီး မအောင့်နိုင်တော့ဘူး။ အဲဒီ ယာရုက ငါ့ကို မှတ်မိနေလောက်ပြီ။ ငါတို့ ဘာမှမလုပ်ရင်တောင် သူတို့က ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး” ဟု ဖူလီက ဆို၏။

“ဟူး...” ချင်ယွမ်ဖုန်းက သက်ပြင်းချကာ “ဒီလိုဆိုရင်တော့ မင်းကို ဒီကနေ မသိမသာ ထွက်သွားခိုင်းဖို့ အခွင့်အရေး ရှာရလိမ့်မယ်” ဟု ဆိုသည်။

“ဒီလို အချိန်မျိုးမှာတောင် မင်းက တစ်ယောက်တည်း သွားချင်နေတုန်းလား” ဖူလီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“မင်းတို့ ဒီမှာရှိနေရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ သုံးသပ်ပြသည်။ “မင်းတို့ကို ပို့ဆောင်ပြီးမှသာ ငါက ဘာကိုမှ စိတ်ပူစရာမလိုဘဲ တခြားကိစ္စတွေကို လုပ်နိုင်မှာ”

“ရင်ပြင်ဆီ သွားကြရအောင်” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။

ချင်ယွမ်ဖုန်း နေထိုင်ရာ အခန်းအပြင်ဘက်တွင် ကာကွယ်ရေးအစောင့် နှစ်ဦး ရှိနေသည်။ ချင်ယွမ်ဖုန်း အပြင်ထွက်မည်ကို ကြားသောအခါ သူတို့သည် သိုင်းရဲမတ် ဆယ်ဂဏန်းကျော်ကို စေလွှတ်၍ “ပျူငှာစွာ” လိုက်ပါ စောင့်ရှောက်စေခဲ့သည်။

ချင်ယွမ်ဖုန်းက ငြင်းပယ်ချင်သော်လည်း ငြင်းပယ်၍ မရနိုင်ခဲ့ပေ။

ထို့ကြောင့် ထိုသိုင်းရဲမတ်များကို မိမိတို့၏ နောက်ကွယ်မှ လိုက်ပါစေလျက် မြို့စားမင်း၏ အိမ်တော်မှ ထွက်ခွာလာခဲ့ကြရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်တွင် မြို့စားမင်းအိမ်တော်၏ အခြားတစ်ဖက်ရှိ စာကြည့်ခန်းအတွင်း၌ မင်းသားကာရီနှင့် သူ၏ကိုယ်ရံတော်များ ရှိနေကြသည်။

အံ့ဩစရာ ကောင်းသည်မှာ ထိုနေရာ၏ ရာဇပလ္လင်ပေါ်၌ ထိုင်နေသူမှာ ချင်ယွမ်ဖုန်း တွေ့ဆုံခဲ့သော မင်းသားကာရီ မဟုတ်ဘဲ ထိုကလေးငယ် ဖြစ်နေခြင်းပင်။

“အရှင်မင်းသား... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ အခုတော့ ဖုန်းဆိုတဲ့လူက ဆာဘာဒါကို သတ်ခဲ့တဲ့ လူသတ်သမားဆိုတာ သေချာသွားပြီ၊ ပြီးတော့ အဲဒီ ဖူလီကလည်း တစ်ချိန်က ယာရုကို သတ်ဖို့ ကြိုးစားခဲ့တဲ့ သာမန်အရပ်သားတစ်ယောက် ဖြစ်နေပါတယ်”

မင်းသားကာရီက မေးမြန်းလိုက်သည်။

ကလေးငယ်က တဟဲဟဲ ရယ်မောလျက် “ဟဲ ဟဲ ဟဲ... ဒါဆို သူက ငါ့ကို လုပ်ကြံဖို့ ဒီကိုလာတာပေါ့။ စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ မင်းသားတစ်ပါးကို လုပ်ကြံဖို့ ကြိုးစားရဲတယ်ပေါ့လေ” ဟု ဆို၏။

“အဲဒီ ဖုန်းဆိုတဲ့လူက အရူးတစ်ယောက်ပဲ။ သူက ဆီယာမြို့မှာ သိုင်းရဲမတ် ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး သွေးအိုင်စီးစေခဲ့တာ၊ သူက အလွန်ပဲ အန္တရာယ်များပါတယ်” ယာရုက ဤအချိန်တွင် ဝင်ပြောလာသည်။

“အန္တရာယ်များတာက ဘာအရေးလဲ၊ သူက ငါ့လူ ဖြစ်လာနိုင်ရင် ပြီးတာပဲဥစ္စာ” ကလေးငယ်က ပြုံးလျက် ဆိုသည်။ “ဒါ့အပြင် ငါက အဲဒီမိန်းကလေးကိုလည်း အတော်လေး စိတ်ဝင်စားနေတယ်”

“အကယ်၍ အရှင်မင်းသားက သဘောကျတယ်ဆိုရင် ကျွန်တော် ချက်ချင်းပဲ သူ့ထက် ပိုပြီး လှပတဲ့သူကို ရှာပြီး အပါးတော်မြဲအဖြစ် ခစားစေပါ့မယ်” ဟု အခြားကိုယ်ရံတော်တစ်ဦးက ဆိုလာ၏။

စစ်မှန်သော မင်းသားကာရီက ခေါင်းခါပြကာ “ငါ ပြောတာက အဲဒီအကြောင်း မဟုတ်ဘူး။ ငါ ပြောတာက... အဲဒီမိန်းကလေးရဲ့ ကိုယ်ပေါ်မှာ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခု ရှိနေသလိုပဲ၊ အဲဒါက တကယ်ကို ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ” ဟု ပြောသည်။

“ဒါဆို... ကျွန်တော်တို့ သူ့ကို ဒီကို ခေါ်လာခဲ့ရမလား” ယာရုက မေးမြန်း၏။

“မလိုပါဘူး” မင်းသားကာရီက ခေါင်းခါလိုက်သည်။ “အဲဒီ ဖူလီကတော့ မင်းရဲ့ လူပဲ။ အကယ်၍ ဖုန်းကို ငါတို့ဘက် ပါအောင် ဆွဲဆောင်နိုင်ရင်တော့ သူ့ကို ငါ့လက်ထဲက အစွမ်းထက်တဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်အောင် လုပ်ရမယ်။ ဒါပေမဲ့ မရဘူးဆိုရင်တော့... သူ့ကိုပါ သတ်ပစ်လိုက်ရုံပဲ”

“မှန်ပါတယ်” ကိုယ်ရံတော်များက ဦးညွှတ်လျက် ပြန်လည် ဖြေကြားလိုက်ကြလေသည်။

All Chapters