← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) - အလွန်အဆင်ပြေလှသည်

ကလေးများ ဤမျှအေးဆေးငြိမ်သက်စွာ ပြုမူနေကြသည်ကို မြင်တွေ့ရသောအခါ စစ်သားတစ်ဦးက သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"သူတို့လေးတွေ အခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့တာ မလွယ်ကူလှဘူး...”

“ဒါပေမဲ့ ဗုံးခိုကျင်းထဲက အခြေအနေတွေက အပြင်ဘက်က လူနေရပ်ကွက်တွေနဲ့ သိပ်မကွာပါဘူး..."

”ဒီကလေးတွေ ဗုံးခိုကျင်းထဲမှာ အသက်ရှင်သန်နိုင်ပါ့မလားဆိုတာ ကျွန်တော် စိုးရိမ်မိတယ်..."

ကျူးလင်သည် စစ်သားပြောလိုက်သော စကားကို ကြားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

သူမသည် စခန်း၏ အပြင်ဘက်အကွင်းရှိ အခြေအနေများ မည်မျှဆိုးရွားကြောင်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးချေသည်။

အကယ်၍ စစ်သားများ ပြောသည်မှာ အမှန်ဖြစ်ပါက ဤကလေးများကို ဗုံးခိုကျင်းများသို့ မပို့ဆောင်နိုင်ပေ။

သူမသည် ထိုရွာထဲမှ ကလေးများကို ကယ်တင်ရန် အလွန်ပင် အားထုတ်ခဲ့ရသဖြင့် သူတို့ကို သေဆုံးခွင့်ပြုမည် မဟုတ်ချေ။

ကျူးလင်က ကလေးများကို မည်သို့နေရာချထားရမည်ကို တွေးတောနေစဉ်အတွင်း ရှို့ဝူသည် အဝေးမှ မောင်းနှင်လာသော စစ်သုံးယာဉ်တစ်စီးကို လှမ်းမြင်လိုက်ရသည်။

မကြာမီပင် ထန်ပိုင်သည် ကားပေါ်မှ ဆင်းလာပြီး ရှို့ဝူထံသို့ လျှောက်လှမ်းလာခဲ့လေသည်။

ထန်ပိုင်က သူ၏ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။

"ဗိုလ်ကြီးရှို့... ကျွန်တော်တို့ ခင်ဗျားကို စောင့်နေတာ... ကျန်ရှိတဲ့ ငွေပေးချေမှုကို လက်ခံဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါဦး..."

ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျီယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လောင်ယန်... သွားကြစို့..."

ကျူးလင်နှင့် ထန်ဝေ့တို့ကို အသိပေးပြီးနောက် ထိုနှစ်ဦးသည် ကားပေါ်သို့ တက်လိုက်ကြသည်။ ထန်ပိုင်သည် ကားထဲသို့ မဝင်မီ ထန်ဝေ့နှင့် ကျူးလင်တို့၏ အနောက်ရှိ ကလေးများကို တစ်ချက်မျှ လှမ်းကြည့်လိုက်လေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် စစ်သားတစ်ဦးက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"မှတ်ပုံတင်ပြီးပါပြီ... ခင်ဗျားတို့ ဝင်သွားလို့ရပါပြီ..."

ထန်ဝေ့က စစ်သားများကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် ကလေးများကို ကြည့်ကာ ပြောလိုက်သည်။

"အားလုံးပဲ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ထားပြီး အစ်ကိုကြီးတို့နောက်ကို သေသေချာချာ လိုက်ခဲ့ကြနော်..."

သူ၏စကားကို ကြားရသောအခါ ကလေးများသည် လိမ္မာသိတတ်စွာဖြင့် လက်ချင်းချိတ်လိုက်ကြသည်။

ထန်ဝေ့က ကလေးများ၏ ရှေ့မှ ဦးဆောင်လမ်းလျှောက်ပြီး ကျူးလင်က သူတို့၏ နောက်မှ လိုက်ပါလာသည်။ ထိုအုပ်စုသည် အပြင်ဘက်ဝင်ပေါက်တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လူအများအပြားက ကလေးများကို ကြည့်ရှုနေကြသော်လည်း ထန်ဝေ့နှင့် ကျူးလင်တို့က ကလေးများကို စောင့်ရှောက်ပေးထားသဖြင့် မည်သူမျှ လက်ရဲဇက်ရဲ မပြုလုပ်ဝံ့ကြချေ။

စခန်းအတွင်း၌ ရေခဲပြာရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော သဘာဝလွန်စွမ်းအားရှင်များအဖွဲ့နှင့် ပတ်သက်၍ ကောလာဟလအသစ်တစ်ခု ပျံ့နှံ့နေခဲ့သည်။

ယခင်က သန္ဓေပြောင်းခြင်များနှင့် တိုက်ခိုက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူများက ဤအဖွဲ့ကို မည်သည့်အခါမျှ မပြစ်မှားမိစေရန် သတိပေးပြောဆိုထားကြသည်။

ထို့ကြောင့် လူအများအပြားက ထိုကောလာဟလကို မယုံကြည်ကြသော်လည်း မည်သူမျှ ထိုအဖွဲ့ကို စတင်တိုက်ခိုက်သည့် ပထမဆုံးလူ မဖြစ်လိုကြချေ။

သူတို့၏ မျက်ဝန်းများထဲတွင် မကောင်းသော အကြံအစည်များ ပြည့်နှက်နေသည်ကို သတိပြုမိသွားသော ကျူးလင်က မေးလိုက်သည်။

"သူတို့က ဘာဖြစ်လို့ ကလေးတွေကို အဲဒီလိုမျိုး စိုက်ကြည့်နေကြတာလဲ..."

သူမ၏ မေးခွန်းကို ကြားရသောအခါ ထန်ဝေ့က ထိုလူများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု အပြင်မှာ စားစရာ သိပ်မရှိတော့ဘူးလေ... လူတွေက ဆာလောင်လာတဲ့အခါ ဘာမဆို စားနိုင်ကြတယ်..."

သူ၏စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသောအခါ ကျူးလင်၏ မျက်ဝန်းများ မှောင်ကျသွားခဲ့သည်။

သူတို့သည် မိနစ်လေးဆယ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် ဒုတိယနယ်မြေ၏ ဝင်ပေါက်တံခါးကို လှမ်းမြင်လိုက်ရလေသည်။

ထန်ဝေ့က မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကလေးများကို ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ အိမ်ကို ရောက်တော့မယ်..."

ကလေးများသည် 'အိမ်' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ သူတို့၏ ခံစားချက်မဲ့နေသော မျက်နှာများပေါ်တွင် နောက်ဆုံး၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်အချို့ ပေါ်ပေါက်လာခဲ့သည်။

သူတို့သည် နှုတ်ဆိတ်နေကြဆဲဖြစ်သော်လည်း ကျူးလင်နှင့် ထန်ဝေ့တို့က သူတို့၏ လမ်းလျှောက်နှုန်းမှာ ဖြည်းဖြည်းချင်း မြန်ဆန်လာသည်ကို သတိပြုမိလိုက်ကြသည်။

ဤကလေးများသည်လည်း အိမ်သို့ ပြန်ချင်နေကြပုံရချေသည်။ သို့သော် ထန်ဝေ့သည် သူတို့၏အိမ် မည်သည့်နေရာတွင် ရှိသည်ကို မသိသဖြင့် သူတို့ကို အိမ်သို့ မပို့ဆောင်ပေးနိုင်သည်မှာ နှမြောစရာပင် ဖြစ်သည်။

တစ်နာရီခန့်ကြာပြီးနောက် သူတို့သည် ကျူးလင်နှင့် ရှို့ဝူတို့၏ တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိလာခဲ့ကြသည်။ ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေသော ကလေးများကို ကြည့်ကာ ထန်ဝေ့က ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

"ရှောင်လင်... ငါ ကလေးတချို့ကို အထပ် ၂၀ အထိ အရင်ပွေ့ချီသွားလိုက်မယ်... မင်းက တခြားကလေးတွေနဲ့ ဒီမှာ ခဏလောက် စောင့်နေပေးလို့ရမလား..."

"ရှင် တစ်ခေါက်ကို ကလေးဘယ်နှစ်ယောက် ပွေ့ချီနိုင်လို့လဲ..."

သူမက တည်ငြိမ်စွာ မေးလိုက်သည်။

ထန်ဝေ့က စက္ကန့်အနည်းငယ်မျှ ရေတွက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"ငါ တစ်ခေါက်ကို အများဆုံး ကလေးလေးယောက်အထိ ပွေ့ချီနိုင်တယ်..."

ကျူးလင်သည် ကလေးသုံးဆယ်ကျော်နှင့် မွေးကင်းစလေးသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။

"သူတို့အားလုံးကို အထပ် ၂၀ အထိ ပွေ့ချီဖို့ဆိုရင် အချိန်ကြာလိမ့်မယ်...”

“ပြီးတော့ ကျွန်မတို့ဆီမှာ မွေးကင်းစလေးသုံးယောက်လည်း ရှိနေသေးတယ်..."

“ရှင်က ကလေးတွေကို ဂရုစိုက်မယ်ဆိုရင် ကျွန်မက မွေးကင်းစလေးတွေကို တစ်ယောက်တည်း ဂရုစိုက်ရလိမ့်မယ်...”

“ကျွန်မ မွေးကင်းစ‌လေးသုံးယောက်လုံးကို တစ်ပြိုင်နက်တည်း ဂရုမစိုက်နိုင်ဘူး..."

ထန်ဝေ့က ခေါင်းကို ကုတ်လိုက်ရင်း မေးလိုက်သည်။

"ဒါဆိုရင် ငါတို့ လောင်ရှို့နဲ့ လောင်ယန်တို့ ပြန်လာတာကို အရင်စောင့်ကြမလား..."

ကျူးလင်က ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မမှာ နည်းလမ်းတစ်ခု ရှိတယ်..."

ထိုသို့ပြောပြီးနောက် သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ အဆင့်နိမ့်လေဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ သူမက ကလေးများကို ထပ်မံကြည့်ရှုကာ ပြောလိုက်သည်။

"ဒီအစ်ကိုကြီးကို တင်းတင်းကြပ်ကြပ် ဖက်ထားကြနော်... လုံးဝမလှုပ်ရှားကြနဲ့..."

ကလေးများသည် ခေါင်းညိတ်ပြကြပြီး ထန်ဝေ့ကို တစ်ယောက်ပြီးတစ်ယောက် ဖက်တွယ်လိုက်ကြသည်။

မိမိပတ်ပတ်လည်တွင် ဝိုင်းအုံနေသော ကလေးများကို ကြည့်ကာ ထန်ဝေ့က ကျူးလင်ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း မေးလိုက်သည်။

"ရှောင်လင်... မင်း ဘာလုပ်မလို့လဲ..."

ကျူးလင်က သူ၏မေးခွန်းကို ပြန်မဖြေဘဲ လေဓာတ်အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်။ အဆောင်လက်ဖွဲ့သည် ပြာလွင်သော မီးတောက်များဖြင့် ဝါးမြိုခံလိုက်ရစဉ် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဖွဲ့စည်းစေ..."

နောက်တစ်စက္ကန့်တွင် သူတို့၏ ခြေဖဝါးအောက်၌ ဧရာမအစိမ်းရောင်အစီအရင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

အစီအရင်သည် မှိန်ပျပျ တောက်ပလာသောအခါ အဆောင်လက်ဖွဲ့သည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အစီအရင်သည် ဖြည်းညင်းစွာ မြင့်တက်လာခဲ့လေသည်။

ပိုမိုဝေးကွာသွားသော မြေပြင်ကို ကြည့်ကာ ကလေးများသည် ထန်ဝေ့ကို ပိုမိုတင်းကြပ်စွာ ဖက်တွယ်ထားကြသော်လည်း လုံးဝလှုပ်ရှားခြင်း မရှိကြချေ။

ထန်ဝေ့က သူ၏ခြေဖဝါးအောက်ရှိ အစီအရင်ကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။

"ရှောင်လင်... ဒီနည်းလမ်းက တကယ်ကို အဆင်ပြေတာပဲ... လေစွမ်းအားကို သုံးရတာထက်တောင် ပိုပြီး အဆင်ပြေသေးတယ်..."

ကျူးလင်က အစိမ်းရောင်အစီအရင်ကို အထပ် ၂၀ ရှိ ပြတင်းပေါက်ဆီသို့ ထိန်းချုပ်မောင်းနှင်လိုက်ရင်း ပြောလိုက်သည်။

"နှမြောစရာကောင်းတာက ငါ့ဆီမှာ လေဓာတ်အဆောင်လက်ဖွဲ့ အများကြီးမရှိဘူး... လှေကားကနေ တက်တာက ပိုကောင်းပါသေးတယ်..."

မိနစ်အနည်းငယ် ကြာပြီးနောက် ကျူးလင်သည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကလေးများကို ပြတင်းပေါက်မှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သည်။

နောက်ဆုံး ကလေးအနည်းငယ် တိုက်ခန်းအဆောက်အအုံထဲသို့ ဝင်ရောက်သွားသောအခါ သူမသည် ထန်ဝေ့ထံမှ ကလေးငယ်နှစ်ဦးကို လွှဲပြောင်းယူကာ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်သွားခဲ့သည်။

သူမ အတွင်းသို့ ရောက်ရှိသွားပြီးနောက် ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကို ပွေ့ပိုက်ထားသော ထန်ဝေ့သည်လည်း ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာခဲ့လေသည်။

သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် အစီအရင်သည် ပျောက်ကွယ်သွားခဲ့သည်။ တိတ်ဆိတ်နေသော စင်္ကြံလမ်းကို ကြည့်ကာ ထန်ဝေ့က ပြောလိုက်သည်။

"ကံကောင်းလို့ ဘေးပတ်ပတ်လည်မှာ ဘယ်သူမှမရှိတာ... မဟုတ်ရင် စခန်းက လူလွှတ်ပြီး အဆောင်လက်ဖွဲ့တွေကို မင်းဆီကနေ ထပ်ဝယ်ဖို့ လာကြဦးမှာ..."

All Chapters