← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) - မျိုးစေ့များကို သန့်စင်ခြင်း

ကျူးလင်က အိတ်များထဲမှ တစ်အိတ်ကို ဖွင့်ကာ အထဲသို့ ငုံ့ကြည့်လိုက်လေသည်။

မိစ္ဆာစွမ်းအင်များ အများအပြား ဖုံးလွှမ်းနေသည့် မျိုးစေ့များကို မြင်လိုက်ရသော်လည်း ကျူးလင်က တည်ငြိမ်စွာပင် အိတ်ကို ပြန်လည်ချည်နှောင်လိုက်ချေသည်။

သူမက ထန်ပိုင်၊ စုန့်ချန်စုနှင့် ကျန့်ရိမုတို့ဘက်သို့ လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။

"မျိုးစေ့တွေ အားလုံးပေါင်း ဘယ်လောက်ရှိလဲ..."

သူမ၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ကျန့်ရိမုက လက်ထဲရှိ စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်လေသည်။

ပထမဆုံးစာမျက်နှာတွင် မျိုးစေ့စုစုပေါင်း ပမာဏကို ရေးသားထား၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ပြန်လည်ဖြေကြားပေးလိုက်သည်။

"ကျုပ်တို့ အခုထိ စုဆောင်းရရှိထားတဲ့ မျိုးစေ့က စုစုပေါင်း အိတ်ငါးသောင်း ရှိပါတယ်..."

ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"အရင်သဘောတူညီချက်အရ ကျွန်မ ရှင်တို့ကို မျိုးစေ့ ဆယ်ရာခိုင်နှုန်း ပေးပါ့မယ်..."

ထိုသို့ပြောပြီးနောက် သူမက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်ပြန်သည်။

"ရှင်တို့ လိုချင်တဲ့ မျိုးစေ့တွေကို အရင်ရွေးချယ်ချင်လား..."

ကျန့်ရိမုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကျုပ်တို့ လိုချင်တဲ့ မျိုးစေ့စာရင်းကို အဆင်သင့် ပြင်ထားပါတယ်...”

“မိန်းက‌လေးကျူး အဲဒီစာရင်းကို အရင်ကြည့်နိုင်ပါတယ်... တကယ်လို့ ကျွန်တော်တို့ တောင်းဆိုချက်ကို သဘောမတူဘူးဆိုရင်လည်း ထပ်ပြီး ညှိနှိုင်းကြတာပေါ့..."

ကျူးလင်က စာရင်းတွင် ရေးသားထားသည်များကို နားမလည်သဖြင့် ပြောလိုက်လေသည်။

"ရှင်တို့ နောက်မှပဲ ရွေးချယ်ကြတော့... ရှင်တို့သုံးယောက် ခဏလောက် အပြင်ထွက်ပေးလို့ ရမလား..."

သူမ၏ တောင်းဆိုမှုကို ကြားပြီးနောက် သူတို့သုံးဦးလုံးက ခေါင်းညိတ်ပြကာ ဂိုဒေါင်ထဲမှ ထွက်ခွာသွားကြလေသည်။

တံခါးပိတ်သွားသည်နှင့် ကျူးလင်က သူမ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ မျိုးစေ့များကို စစ်ဆေးလိုက်၏။

မျိုးစေ့အားလုံးမှာ ထူထပ်လှသော မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရပြီးနောက် သူမက မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။

သန့်စင်ပြီးသား မျိုးစေ့များ၏ ဆယ်ရာခိုင်နှုန်းကို စခန်းသို့ ပေးအပ်ရမည်ဖြစ်သဖြင့် သူမက တစ်ခါတည်း အားလုံးကို သန့်စင်ရန် ဆုံးဖြတ်လိုက်ချေသည်။

ကျူးလင်က လက်သင်္ကေတများကို ပြုလုပ်နေစဉ် အောက်ဒန်တျန်ထဲမှ ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုကို ဆွဲထုတ်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူမက လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး တည်ငြိမ်စွာ ရွတ်ဆိုလိုက်၏။

"ဖွဲ့စည်းစေ..."

သူမ၏ စကားသံ ဆုံးသည်နှင့် မျိုးစေ့အိတ်များ၏ အောက်ခြေတွင် ဧရာမ ရွှေရောင်အစီအရင်တစ်ခု ပေါ်ပေါက်လာလေသည်။

ငါးစက္ကန့်မျှအတွင်း ထိုအစီအရင်က ပိုမိုကျယ်ပြန့်လာပြီး ဂိုဒေါင်တစ်ခုလုံးကို လွှမ်းခြုံသွားချေသည်။ အစီအရင်က တောက်ပစွာ လင်းလက်လာချိန်တွင် ကျူးလင်က ရွတ်ဆိုလိုက်သည်။

"သန့်စင်စေ..."

နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်ရှိ ဧရာမ ရွှေရောင်အစီအရင်ဆီမှ မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ မြင့်တက်သွားပြီး ဂိုဒေါင်အတွင်းရှိ အရာအားလုံးကို ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားစေသည်။

နှစ်စက္ကန့်အကြာတွင် မှေးမှိန်သော ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး ဧရာမအစီအရင်ကြီးလည်း ကွယ်ပျောက်သွားလေသည်။

ကျူးလင်က သူမ၏ စိတ်ဝိညာဉ်အာရုံကို ချက်ချင်းပြန်လည်ဖြန့်ကြက်ကာ မျိုးစေ့များကို ထပ်မံစစ်ဆေးလိုက်၏။ မျိုးစေ့အားလုံးဆီမှ မိစ္ဆာစွမ်းအင်များ သန့်စင်သွားသည်ကို မြင်လိုက်ရသဖြင့် သူမက သာယာစွာ ပြုံးလိုက်မိသည်။

ဂိုဒေါင်အပြင်ဘက်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဂိုဒေါင်အတွင်းမှ ထွက်ပေါ်လာသော မှေးမှိန်သည့် ရွှေရောင်အလင်းတန်းကို သတိမထားမိလိုက်ကြချေ။

သူမက တံခါးဆီသို့ လျှောက်သွားကာ ဖွင့်လိုက်ရင်း ပြောလိုက်လေသည်။

"ဗိုလ်ကြီးထန်... ရှင်တို့ အခု မျိုးစေ့တွေကို ရွေးချယ်လို့ရပါပြီ..."

သူမ၏ စကားကို ကြားလိုက်ရသဖြင့် ထန်ပိုင်၊ စုန့်ချန်စုနှင့် ကျန့်ရိမုတို့က သူမဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ သူမက ဂိုဒေါင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို မြင်သဖြင့် သူတို့သုံးဦးလည်း သူမနောက်မှ လိုက်ကာ ဂိုဒေါင်ထဲသို့ ဝင်လာခဲ့ကြလေသည်။

ဂိုဒေါင်ထဲတွင် ရပ်နေရင်း ထန်ပိုင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ သူက ကျူးလင်ကို ကြည့်ကာ တုံ့ဆိုင်းစွာ မေးလိုက်၏။

"မိန်းကလေးကျူး... မျိုးစေ့တွေက..."

သူတို့အနေဖြင့် မိစ္ဆာစွမ်းအင်ကို အာရုံမခံနိုင်သည်ကို ကျူးလင်က သိရှိသဖြင့် ပြောလိုက်လေသည်။

"ဗိုလ်ကြီးထန်... မျိုးစေ့တွေကို ကိုယ်တိုင်ပဲ စစ်ဆေးကြည့်လိုက်ပါ..."

ထန်ပိုင်က စုန့်ချန်စုကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ထောက်ပံ့ရေးဌာနခွဲ၏ ဗိုလ်ကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ စုန့်ချန်စုက ကျန်နှစ်ဦးထက် ရိက္ခာပစ္စည်းများအကြောင်းကို ပိုမိုနားလည်သည်။

သူက ရှေ့သို့လှမ်းလာပြီး မျိုးစေ့အိတ်တစ်အိတ်ကို ဖွင့်ကာ စစ်ဆေးလိုက်လေသည်။ အိတ်ထဲရှိ မျိုးစေ့များကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများက အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားချေသည်။

သူက ကျူးလင်ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ထန်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

"မျိုးစေ့တွေက... သာမန်မျိုးစေ့တွေအဖြစ် ပြောင်းလဲသွားပြီ..."

သူ၏ စကားကို ကြားလိုက်ရသဖြင့် ထန်ပိုင်နှင့် ကျန့်ရိမုတို့က အခြားမျိုးစေ့အိတ်များကို အပြေးအလွှား သွားရောက်စစ်ဆေးလိုက်ကြလေသည်။

သာမန်မျိုးစေ့များကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ထန်ပိုင်နှင့် ကျန့်ရိမုတို့က ကျူးလင်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

သူတို့ သယ်ဆောင်လာခဲ့စဉ်က မျိုးစေ့များမှာ မည်းနက်နေပြီး ပုပ်သိုးနေသော လူသေအလောင်းများကဲ့သို့ အနံ့ဆိုးများ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု သူတို့ရှေ့ရှိ မျိုးစေ့များမှာမူ ကမ္ဘာပျက်ကပ်မတိုင်မီက သာမန်မျိုးစေ့များကဲ့သို့ပင် ဖြစ်နေပြီး နံနက်ခင်း လေထုကဲ့သို့ လတ်ဆတ်သော အနံ့အသက်များ ထွက်ပေါ်နေချေသည်။

ဤမျိုးစေ့များ ရှိနေပြီဖြစ်သဖြင့် သူတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စတင်နိုင်ပြီး ကိုယ်ပိုင်ရိက္ခာများကို ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

ကျူးလင်က သူတို့၏ တုံ့ပြန်မှုများကို ခဏမျှ စောင့်ကြည့်ပြီးနောက် ပြောလိုက်လေသည်။

"ရှင်တို့သုံးယောက် မျိုးစေ့တွေကို စစ်ဆေးပြီးပြီဆိုတော့... အဆင်ပြေတယ်ဆိုရင် ဆယ်ရာခိုင်နှုန်းကို ရွေးချယ်ပြီး ယူသွားနိုင်ပါပြီ..."

သူမ၏ စကားကို ကြားမှသာ သူတို့သုံးဦးလုံး စိတ်လွင့်နေရာမှ ပြန်လည်သတိဝင်လာကြ၏။ သူမက မျိုးစေ့များကို သာမန်မျိုးစေ့များအဖြစ် မည်သို့ပြောင်းလဲလိုက်သည်ကို စူးစမ်းလိုစိတ် ပြင်းပြနေကြသော်လည်း မည်သူမျှ ထုတ်မမေးဝံ့ကြချေ။

သူတို့ မေးမြန်းလျှင်ပင် ကျူးလင်က ဖြေကြားမည်မဟုတ်သည်ကို သိရှိထားကြသည်။

မည်သူက မိမိ၏ လျှို့ဝှက်ချက်ကို အခြားသူများအား အလွယ်တကူ မျှဝေပါမည်နည်း။ ထို့ထက်မက ဤစွမ်းရည်မှာ သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ထားသည့် အရာဖြစ်ပေသည်။

သူတို့ မမေးမြန်းခဲ့ကြသည်မှာ နှမြောစရာပင် ကောင်းလှသည်။ အကယ်၍ သူတို့သာ မေးမြန်းခဲ့ပါက ကျူးလင်က ပြောပြခဲ့မည် ဖြစ်သည်။

သူမအတွက်မူ ဤအရာမှာ ရိုးရှင်းသော သန့်စင်ခြင်း အစီအရင်တစ်ခုကို အသုံးပြုလိုက်ရုံသာ ဖြစ်၏။

ကျန့်ရိမုနှင့် စုန့်ချန်စုတို့က မျိုးစေ့များကို အပတ်တကုတ် ရွေးချယ်နေကြစဉ် ထန်ပိုင်က ကျူးလင်၏ ဘေးတွင် ရပ်နေရင်း သူမကို တိတ်တဆိတ် အကဲခတ်နေလေသည်။

နှစ်နာရီခန့် ကြာပြီးနောက် စုန့်ချန်စုက ကျူးလင်၏ အနားသို့ လျှောက်လာကာ ပြောလိုက်၏။

"မိန်းကလေးကျူး... ကျုပ်တို့ မျိုးစေ့အိတ် ငါးထောင်ကို ရွေးချယ်ပြီးပါပြီ… သဘောတူညီချက်အရ ကျန်တဲ့မျိုးစေ့တွေအားလုံးက မိန်းကလေး ပိုင်ဆိုင်တာ ဖြစ်ပါတယ်..."

သူ၏ စကားကို ကြားသော် ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ခါးပတ်တွင် ချည်နှောင်ထားသော သိုလှောင်အိတ်ထဲသို့ မျိုးစေ့အားလုံးကို ထည့်သွင်းလိုက်လေသည်။

သူမ၏ လက်ချောင်းလေးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် မျိုးစေ့အိတ် လေးသောင်းငါးထောင်လုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ဗိုလ်ကြီးသုံးဦးသည် သူမကို များစွာ လေးစားအားကျသွားလေသည်။

သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်ကို မြင်သဖြင့် ကျူးလင်က သူတို့သုံးဦးကို ကြည့်ကာ ပြောလိုက်လေသည်။

"ကိစ္စတွေအားလုံး ပြီးပြီဆိုတော့... ကျွန်မ အရင်ပြန်တော့မယ်..."

သူမ တစ်ဦးတည်း ပြန်သွားရန် မလုံခြုံဟု ထန်ပိုင်က ခံစားရသဖြင့် ပြောလိုက်၏။

"မိန်းကလေးကျူး... ကျုပ် လိုက်ပို့ပေးပါ့မယ်..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် စုန့်ချန်စုနှင့် ကျန့်ရိမုတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"နောင်တစ်ချိန်မှာ မျိုးစေ့တွေ ထပ်ရလို့ ကျွန်မနဲ့ ဒီလိုမျိုး သဘောတူညီချက် ထပ်လုပ်ချင်တယ်ဆိုရင်... ကျွန်မကိုဖြစ်ဖြစ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေကိုဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်..."

သူမ၏ စကားကို ကြားသော် စုန့်ချန်စုက ပြုံးလိုက်ရင်း ပြောလိုက်၏။

"ကောင်းပါပြီ... ကျုပ်တို့ မျိုးစေ့တွေ လုံလုံလောက်လောက် ထပ်စုမိတဲ့အခါ သခင်မလေးကျူးကို ထပ်ပြီး ဆက်သွယ်ပါ့မယ်..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်လေသည်။

"ကောင်းပါပြီ..."

All Chapters