အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) မိစ္ဆာတို့၏ ပူးပေါင်းကြံစည်မှု၊ ချိပ်ပိတ်ခံထားရသော မိစ္ဆာဘိုးဘေး
အမှောင်မိစ္ဆာ၏ မှတ်ဉာဏ်များထဲတွင် ရှုချွမ်းသည် ကျင့်ကြံခြင်းနယ်ပယ် ကမ္မနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် 'မိစ္ဆာနယ်မြေအရှင်သခင်' ဟု ခေါ်သော မိစ္ဆာကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
ယခု ကမ္မနယ်ပယ် မိစ္ဆာမျိုးနွယ်စုဝင်များမှာ ထိုမိစ္ဆာအရှင်သခင်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ ဖြစ်ကြ၏။
သူတို့သည် ယခုတစ်ကြိမ်တွင် ဤနေရာ၌ ယခင်က ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် အရှိန်အဝါလှုပ်ခတ်မှုများကို လာရောက်စုံစမ်းစစ်ဆေးကြခြင်း ဖြစ်သည်။
အကယ်၍ ရတနာတစ်ပါး ပေါ်ထွက်လာခဲ့ပါက သူတို့သည် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်၍ ပြန်လည်ယူဆောင်သွားကြမည် ဖြစ်သည်။
အကယ်၍ လူသားမျိုးနွယ်စုဝင်တစ်ဦးနှင့် တွေ့ဆုံပါက နေရာ၌တင် ချက်ချင်း သတ်ဖြတ်ပစ်ရန် ဖြစ်သည်။
သူတို့က ဤနေရာသို့ ရောက်ရှိလာပြီးနောက် အရိပ်များအတွင်း၌ ပုန်းကွယ်နေခဲ့ကြပြီး ရှုချွမ်းနှင့် အခြားကိုးဦးတို့ အချင်းချင်း တိုက်ခိုက်ရင်း နှစ်ဦးစလုံး ဒဏ်ရာရရှိသွားမည့်အချိန်ကို စောင့်ဆိုင်းကာ ကြားကနေ အကျိုးအမြတ် အလွယ်တကူ အရယူရန် ကြံစည်နေခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် လူသားမျိုးနွယ်စုဝင်များကို သတ်ဖြတ်နိုင်ရုံမျှမက ရတနာကိုပါ ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကမ္မနယ်ပယ်သို့ပင် မရောက်ရှိသေးသည့် ရှုချွမ်းက ပြိုင်ဘက်ကိုးဦးစလုံးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါချေ။
ထို့အပြင် သူ၏ နောက်ဆုံးဓားချက်မှာ သူတို့၏ တစ်စုတဖွဲ့လုံးရှိ မိစ္ဆာမျိုးနွယ်စုဝင်များအားလုံးကိုပါ တစ်ပါတည်း သတ်ဖြတ်သွားနိုင်ခဲ့၏။
အမှောင်မိစ္ဆာ အနည်းငယ်သာလျှင် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
"ဟမ့်... တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ..."
ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်မိ၏။
ဤမိစ္ဆာမျိုးနွယ်စုဝင်များသည် မိစ္ဆာနယ်မြေအတွင်း၌ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ပုန်းကွယ်နေခဲ့ကြသဖြင့် အသိဉာဏ်များ ထုံထိုင်းနေခဲ့ကြပြီ ဖြစ်သည်။
သူတို့က ကမ္မနယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသော်လည်း စစ်မှန်သော တိုက်ပွဲအတွေ့အကြုံများ လုံးဝမရှိကြသဖြင့် အခွံသက်သက်သာ ဖြစ်ကြ၏။
အကယ်၍ သာမန် ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာဆိုပါက ရှုချွမ်း၏ ဓားနယ်မြေပွင့်ထွက်လာခဲ့သည့် အခိုက်အတန့်ကတည်းက ချက်ချင်း သတိပြုမိသွားပေလိမ့်မည်။
ရှုချွမ်း၏ ဓားချက်ကျရောက်လာသည့်တိုင်အောင် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်နိုင်ဘဲ နေလိမ့်မည်မဟုတ်ချေ။
ရှုချွမ်း၏ ဓားနယ်မြေက အစကတည်းက ဤနေရာရှိ လူအားလုံးကို လွှမ်းခြုံပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
ဤမိစ္ဆာမျိုးနွယ်စုဝင်များအပါအဝင် ပင်။
သူက သူတို့အနက်မှ မည်သူ့ကိုမျှ လွှတ်ပေးရန် စိတ်ကူးမရှိခဲ့ပါချေ။
"ချမ်းသာပေးပါ အရှင်... ချမ်းသာပေးပါ..."
ကမ္မနယ်ပယ် မိစ္ဆာမျိုးနွယ်စုဝင် ဖြစ်သည့်အတိုင်း ရှုချွမ်း၏ လက်ထဲရှိ မိစ္ဆာမှာ ဝိညာဉ်ရှာဖွေခြင်း ခံရပြီးနောက်တွင် ချက်ချင်း သေဆုံးမသွားခဲ့ပါချေ။
သူ၏ စိတ်ဝိညာဉ်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီး သူ၏ ချီ မှာ အားနည်းနေခဲ့သော်လည်း နောက်ဆုံး၌ အသက်ရှင်ကျန်ရစ်နေဆဲ ဖြစ်သည်။
၎င်းက ရှုချွမ်းကို အသက်ချမ်းသာပေးရန် စတင်အသနားခံတော့၏။
သို့သော်လည်း ရှုချွမ်းက လက်ကို တင်းတင်းကြပ်ကြပ် ညှစ်လိုက်ရုံမျှဖြင့်ပင် ထိုမိစ္ဆာ၏ လည်ပင်းမှာ ကျိုးသွားခဲ့ပြီး မည်သည့်အသက်ရှူသံမျှ ရှိမနေတော့ပါချေ။
သူက အလောင်းကို ဘေးသို့ အမှတ်မထင် ပစ်ချလိုက်သည်။
မိစ္ဆာမျိုးနွယ်စုဝင်တစ်ကောင် သက်သက်သာဖြစ်ရာ သနားစရာ လုံးဝမလိုပါချေ။
ရှုချွမ်း၏ ပြတ်သားလှသော သတ်ဖြတ်မှုကို မြင်တွေ့လိုက်ရချိန်တွင် ကျန်ရှိနေသော အမှောင်မိစ္ဆာ အနည်းငယ်မှာလည်း တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရတော့သည်။
နောက်တစ်ကြိမ် ဝိညာဉ်ရှာဖွေခြင်း ခံရမည့်သူမှာ မိမိတို့ ဖြစ်လာမည်ကို သူတို့ အလွန်အမင်း ကြောက်ရွံ့နေကြ၏။
ရှုချွမ်းကလည်း သူတို့ကို အကြာကြီး စောင့်ဆိုင်းစေခြင်း မရှိခဲ့ပါချေ။
အမှောင်မိစ္ဆာ၏ မှတ်ဉာဏ်များကို အပြည့်အဝ စုပ်ယူပြီးနောက် ရှုချွမ်းသည် ကျန်ရှိနေသော အမှောင်မိစ္ဆာများကို တစ်ကောင်ပြီးတစ်ကောင် ဝိညာဉ်ရှာဖွေကာ သတ်ဖြတ်ပစ်လိုက်တော့သည်။
အမှောင်မိစ္ဆာ အချို့၏ မှတ်ဉာဏ်အားလုံးကို ဖတ်ရှုပြီးနောက်တွင်မူ ရှုချွမ်းသည် မိစ္ဆာနယ်မြေအရှင်သခင် အမှန်တကယ် လုပ်ဆောင်ချင်နေသည့် အရာကို နောက်ဆုံး၌ သဘောပေါက်သွားခဲ့ရတော့သည်။
မှတ်ဉာဏ်များအရ မိစ္ဆာနယ်မြေအတွင်း၌ ဒဏ္ဍာရီတစ်ခု အစဉ်အမြဲ ပျံ့နှံ့နေခဲ့ဖူး၏။
မိစ္ဆာနယ်မြေ၏ အောက်ခြေ နက်ရှိုင်းသော နေရာတွင် ထူးခြားဆန်းကြယ်သော မိစ္ဆာမျိုးနွယ်စုဝင်တစ်ကောင် ချိပ်ပိတ်ခြင်း ခံထားရသည်။
၎င်းမှာ လူသားနှင့် မိစ္ဆာတို့၏ စစ်ပွဲကြီးဖြစ်ပွားခဲ့သည့် အချိန်ကတည်းက ချိပ်ပိတ်ခံထားရခြင်း ဖြစ်ပေသည်။
ပြီးတော့ ဤမိစ္ဆာနယ်မြေအတွင်းရှိ မိစ္ဆာမျိုးနွယ်စုဝင်များ တည်ရှိနေခြင်းမှာ ထိုမိစ္ဆာကြီးကို အာဟာရဓာတ်များ ပံ့ပိုးပေးရန်အတွက် ဖြစ်၏။
တစ်ခုလုံးသော မိစ္ဆာနယ်မြေကြီးကိုလည်း ဤမိစ္ဆာကြီးအတွက် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
ဤမိစ္ဆာကြီးမှာ အလွန်ပင် ထူးခြားလှပေသည်၊ နတ်ဆိုး ချီများ ပံ့ပိုးပေးနေသရွေ့ ၎င်းမှာ အင်မော်တယ် ဖြစ်နေလိမ့်မည်ဖြစ်ပြီး မည်မျှပင် အသတ်ခံရပါစေ အကြိမ်ကြိမ် ပြန်လည်မွေးဖွားနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ၎င်း၏ ပြန်လည်မွေးဖွားခြင်းတွင် ထူးခြားသော အခြေအနေတစ်ရပ် လိုအပ်ပေသည်၊ ၎င်းမှာ အနည်းဆုံး ကမ္မနယ်ပယ် ကျင့်ကြံခြင်းရှိသော ခန္ဓာကိုယ်တစ်ခု လိုအပ်ခြင်း ဖြစ်၏။
ထိုသို့ဆိုမှသာ ၎င်းက အခြားသူ၏ ခန္ဓာကိုယ်ကို ငှားရမ်းလျက် ပြန်လည်မွေးဖွားနိုင်မည် ဖြစ်သည်။
ဤအချက်ကပင် ဤရှေးဟောင်းစစ်မြေပြင်၏ မဟာအစီအရင်က လူသားများနှင့် မိစ္ဆာမျိုးနွယ်စုဝင်များအားလုံးကို ကျင့်ကြံခြင်းနယ်ပယ် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အောက်၌သာ ရှိနေရန် ကန့်သတ်ထားရသည့် အကြောင်းရင်း ဖြစ်ပေသည်။
ဤမိစ္ဆာကြီးက 'ဧကရာဇ်အရှင်နယ်ပယ်'ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်၏။
အတိတ်ကာလက လူသားမျိုးနွယ်စု၏ ဧကရာဇ်အရှင်နယ်ပယ်တစ်ယောက်က သူ့ကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့ဖူးသော်လည်း လုံးဝ သေဆုံးအောင် မသတ်နိုင်ခဲ့ပါချေ။
၎င်းသည် ခန္ဓာကိုယ်ငှားရမ်းလျက် အချိန်တိုအတွင်း ပြန်လည်မွေးဖွားလာနိုင်ပြီး သူ၏ အထွတ်အထိပ် ခွန်အားသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားနိုင်စွမ်း ရှိသည်။
အခြားနည်းလမ်း မရှိတော့သဖြင့် နောက်ဆုံးတွင် သူ့ကို ချိပ်ပိတ်ထားလိုက်ရခြင်းဖြစ်ပြီး အချိန်ကာလကသာ သူ့ကို တဖြည်းဖြည်း တိုက်စားသွားနိုင်ရန် မျှော်လင့်ခဲ့ကြခြင်း ဖြစ်၏။
မိစ္ဆာမျိုးနွယ်စု၏ ကျွမ်းကျင်သူများက နောက်ဆုံး၌ ချိပ်ပိတ်ထားသော နေရာကို ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း မိစ္ဆာမျိုးနွယ်စုများ အစဉ်အမြဲ ဆုတ်ခွာပေးခဲ့ရသဖြင့် သူတို့က ထိုမိစ္ဆာကြီးကို မကယ်တင်နိုင်မီမှာပင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။
မျှော်လင့်ချက်မဲ့နေသည့် ကြားမှပင် သူတို့ကအလွန်အမင်း လျှို့ဝှက်လှသော နည်းလမ်းများကို အသုံးပြုကာ ချိပ်ပိတ်ခြင်း အထက်တွင် မိစ္ဆာနယ်မြေတစ်ခုကို တည်ဆောက်ခဲ့ကြပြီး ဤမိစ္ဆာကြီးကို အာဟာရဓာတ်များ ပံ့ပိုးပေးနိုင်ရန်အတွက် အဆင့်နိမ့်မိစ္ဆာမျိုးနွယ်စုဝင်အချို့ကို ထားရှိခဲ့ကြခြင်း ဖြစ်သည်။
"ဒါကြောင့်မို့လို့ မိစ္ဆာနယ်မြေက ပေါ်ပေါက်လာခဲ့တာကိုး..."
ရှုချွမ်းက သူ၏ မေးစေ့ကို ပွတ်ရင်း အတွေးနက်နေခဲ့သည်။
ထိုမိစ္ဆာနယ်မြေအရှင်သခင်က အဘယ်ကြောင့် မိစ္ဆာမျိုးနွယ်စုဝင်များအားလုံးကို မိစ္ဆာနယ်မြေအပြင်ဘက်သို့ မောင်းထုတ်ခဲ့ရသနည်းဟူသော အချက်ကိုလည်း ရှုချွမ်းသည် သူတို့၏ မှတ်ဉာဏ်များထဲတွင် အဖြေရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ရာစုနှစ်ပေါင်းများစွာ ရှာဖွေစူးစမ်းပြီးနောက်တွင်မူ ထိုမိစ္ဆာနယ်မြေအရှင်သခင်က နောက်ဆုံး၌ ထိုမိစ္ဆာကြီး၏ ချိပ်ပိတ်ခြင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ၎င်းနှင့်အတူ မည်သူမျှမသိသော လျှို့ဝှက်သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့သည်။
အပြင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင်မူ သူက ထိုမိစ္ဆာကြီးကို ပြန်လည်ရှင်သန်လာစေရန်အတွက် အစဉ်အမြဲ ကြိုးပမ်းနေခဲ့ခြင်း ဖြစ်၏။
နည်းလမ်းမျိုးစုံကို စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့သဖြင့် ဤမိစ္ဆာနယ်မြေအရှင်သခင်က အကြံတစ်ခု ရရှိသွားခဲ့သည်၊ ၎င်းမှာ သူကိုယ်တိုင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ အဆင့်တက်ရန် ဖြစ်ပေသည်။
ကမ္မနယ်ပယ်၏ အထွက်အထိပ် သို့ ရောက်ရှိနေသည့် မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် အကယ်၍ ရှေးဟောင်းစစ်မြေပြင် ၏ ကန့်သတ်ချက်များသာမရှိပါက သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သို့မဟုတ် ကောင်းကင်ဘုရင်နယ်ပယ်သို့ပင် လွန်ခဲ့သောအချိန်ကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ပြီးတော့ သူ ဤရှေးဟောင်းစစ်မြေပြင် အတွင်း၌ ကောင်းကင်တက်လှမ်းခြင့း နယ်ပယ်သို့ အဆင့်တက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မိစ္ဆာမျိုးနွယ်စုဝင်များ အတိတ်ကာလက ဤရှေးဟောင်းစစ်မြေပြင် အတွင်း၌ ပျောက်ဆုံးခဲ့ဖူးသော 'မိစ္ဆာလက်နက်'တစ်ခုကို ရှာဖွေရန် ဖြစ်ပေသည်။
၎င်းလက်နက်နှင့်ဆိုပါက သူက ကန့်သတ်ချက်များကို လျစ်လျူရှုလျက် ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်သို့ အဆင့်တက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့်ပင် သူက မိစ္ဆာမျိုးနွယ်စုဝင်များအားလုံးကို ထူးခြားဆန်းကြယ်သည်ဟု ထင်မှတ်ရသော အရာမှန်သမျှကို ရှာဖွေရန် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ရှာဖွေတွေ့ရှိကာ မိမိထံ ဆက်သနိုင်ပါက ဆုလာဘ်များ ချီးမြှင့်မည်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုဝင်များ အလုံးအရင်းဖြင့် ပေါ်ထွက်လာမှုက သဘာဝကျစွာပင် 'နင်ချန်ထျန်း' ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခဲ့ပြီး ၎င်းက ရှုချွမ်းနှင့် သူ၏အဖွဲ့ကို ဤရှေးဟောင်းစစ်မြေပြင် အတွင်းသို့ လာရောက်စုံစမ်းစစ်ဆေးရန် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
အကြောင်းနှင့် အကျိုးကြားတွင် သဘာဝကျသော ဆက်နွှယ်မှုတစ်ခု ရှိနေခဲ့ပေသည်။
"အကယ်၍ ဒီထူးခြားတဲ့ မိစ္ဆာကြီးသာ တကယ် ပြန်လည်မွေးဖွားလာမယ်ဆိုရင်... အရှေ့ဘက်ဒေသတစ်ခုလုံး တကယ့်ကို အကြီးအကျယ် ကပ်ဘေးဆိုက်လိမ့်မယ်"
ရှုချွမ်းက ဤကိစ္စ၏ နောက်ဆက်တွဲအကျိုးဆက်များကို သူ၏ နှလုံးသားထဲတွင် စဉ်းစားသုံးသပ်နေခဲ့သည်။
ဧကရာဇ်အရှင်နယ်ပယ် ကျင့်ကြံခြင်းရှိသော မိစ္ဆာတစ်ကောင်မှာ ၎င်းက လတ်တလောမှ ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်လိမ့်မည်။
လက်ရှိ အရှေ့ဘက်ဒေသ၏ ဧကရာဇ်အရှင်နယ်ပယ်များ မရှိတော့သော ပတ်ဝန်းကျင်အခြေအနေတွင် ၎င်းကို ကိုင်တွယ်ရန် တကယ့်ကို ခက်ခဲပေလိမ့်မည်။
ထို့အပြင် အကယ်၍ ဤမိစ္ဆာကြီးသာ မိစ္ဆာနယ်မြေ အက်ကြောင်းကို ထပ်မံဖွင့်လှစ်လိုက်မည်ဆိုပါက ၎င်းက လူသားနှင့် မိစ္ဆာတို့၏ စစ်ပွဲကြီးကို နောက်တစ်ကြိမ် ဖြစ်ပွားစေလိမ့်မည် ဖြစ်သည်။
"ဒါကို ဖြစ်ခွင့်ပေးလို့ လုံးဝမဖြစ်ဘူး..."
ထက်မြလှသော အလင်းတန်းတစ်ခုက ရှုချွမ်း၏ မျက်လုံးများအတွင်းမှ ပွင့်ထွက်လာခဲ့၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းနယ်ပယ်မှာ ကမ္မနယ်ပယ်သို့ပင် မရောက်ရှိသေးချေ၊ လူသားနှင့် မိစ္ဆာတို့၏ စစ်ပွဲကြီးသာ တကယ်ဖြစ်ပွားလာခဲ့ပါက သူက အမြောက်စာ သက်သက်ထက် မထူးခြားပါချေ။
ထိုအချိန်ကျပါက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံခြင်း မရှိဘဲနှင့် သေဆုံးခြင်းမှလွဲ၍ အခြားမရှိဟု ပြောဆိုနိုင်ပေသည်။
သူ သေချာပေါက် တားဆီးရမည်။
……
အခြားတစ်ဖက်တွင်မူ မိစ္ဆာနယ်မြေအတွင်းရှိ မှောင်မိုက်လှသော နန်းတော်ကြီးတစ်ခုအတွင်း၌
မိစ္ဆာနယ်မြေအရှင်သခင်က သူ၏ လက်အောက်ငယ်သားများ၏ အသက်သွေးစက်များကို မှတ်တမ်းတင်ထားသော တိုကင် လေး ကြေမွပျက်စီးသွားသည်ကို စိုက်ကြည့်ရင်း မိမိစေလွှတ်လိုက်သော ကမ္မနယ်ပယ် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များအားလုံး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ရုပ်ဆိုး သွားခဲ့ရ၏။
မိစ္ဆာနယ်မြေအတွင်းရှိ ထိပ်တန်းမိစ္ဆာမျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် ကမ္မနယ်ပယ် မိစ္ဆာတစ်ကောင် လျော့နည်းသွားခြင်းမှာ အင်အားတစ်ခု လျော့နည်းသွားခြင်း ဖြစ်ပေသည်၊ မိစ္ဆာနယ်မြေအရှင်သခင် ဖြစ်သည့်တိုင်အောင် သူက ဤမျှလောက် ပြင်းထန်သော ဆုံးရှုံးမှုကို ရေရှည်မခံစားနိုင်ပါချေ။
"တစ်ယောက်ယောက် လာစမ်း..."
သူက ကမ္မနယ်ပယ် အဆင့် ၉ ရှိသော မိစ္ဆာမျိုးနွယ်စုဝင်တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။
"အရှင်... ဘာကိစ္စရှိလို့လဲ..."
ရောက်ရှိလာသော မိစ္ဆာမှာ ဒူးတစ်ဖက်ထောက်လျက် ဦးညွှတ်ကာ မေးမြန်းလိုက်၏။
မိစ္ဆာမျိုးနွယ်စုကြားတွင် အဆင့်အတန်း ခွဲခြားမှုမှာ အလွန်အမင်း ပြတ်သားလှပေသည်၊ မိမိထက် သန်မာသော မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင် အစဉ်အမြဲ ရိုသေလေးစားမှုကို ပြသရမည် ဖြစ်၏။
"မင်းနဲ့ လူတစ်စုက ငါတို့မိစ္ဆာနယ်မြေရဲ့ အထွတ်အထိပ်ရတနာကို ယူဆောင်ပြီး အပြင်ကိုထွက် အခြားသူတွေကို ဘယ်သူက သတ်ပစ်လိုက်လဲဆိုတာကို သွားစုံစမ်းစမ်း... ပြီးတော့ အဲဒီလူကို ငါ့ထံကို သေချာပေါက် ဖမ်းခေါ်လာခဲ့ရမယ်... ငါ သူ့ကို မြေမြှုပ်ဖို့ နေရာတောင်မရှိဘဲ သေစေရမယ်..."
မိစ္ဆာနယ်မြေအရှင်သခင်က အမိန့်ပေးလိုက်၏။
"လက်အောက်ငယ်သား နာခံပါ့မယ်..."
လက်ကို ဝှေ့ယမ်းလိုက်ရင်း မိစ္ဆာနယ်မြေအရှင်သခင်က ထိုမိစ္ဆာကို ပြန်လည်ထွက်ခွာခွင့် ပေးလိုက်ရာ နန်းတော်ကြီးမှာ နောက်တစ်ကြိမ် မှောင်မိုက်ခြင်းအတွင်းသို့ ကျရောက်သွားခဲ့ရတော့သည်။
ထို့နောက် မိစ္ဆာနယ်မြေအရှင်သခင်က လျှို့ဝှက်တံခါးတစ်ခုကို ဖွင့်လှစ်လိုက်ရာ ဒေါင်လိုက်လှေကားထစ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သူသည် လှေကားထစ်များအတိုင်း အောက်သို့ တဖြည်းဖြည်း ဆင်းသက်သွားခဲ့တော့၏။
လှေကားထစ်များ၏ အဆုံးသတ်နေရာတွင်
ကြီးမားလှသော သွေးကန်ကြီးတစ်ခုအတွင်း၌ သွေးများဖြင့် ဖွဲ့စည်းထားသော ဦးခေါင်းကြီးတစ်ခုမှာ မှောင်မိုက်လှသော သံကြိုးကြီးများစွာဖြင့် ချည်နှောင်ခြင်း ခံထားရပြီး စိုးစဉ်းမျှ လှုပ်ရှားနိုင်ခြင်း မရှိချေ။
"မိစ္ဆာဘိုးဘေး..."
အတွင်းသို့ ဝင်ရောက်ပြီးနောက် ဤမိစ္ဆာနယ်မြေအရှင်သခင်သည် ပထမဆုံးအနေဖြင့် ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
"မင်း ရှာတွေ့ပြီလား..."
အေးစက်လှသော အသံတစ်သံက ထိုဦးခေါင်းကြီးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"မတွေ့သေးပါဘူး... ဒါပေမဲ့ လက်အောက်ငယ်သားအနေနဲ့ ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်..."
ဤအသံကို ကြားလိုက်ရချိန်တွင် မိစ္ဆာနယ်မြေအရှင်သခင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့ရပြီးနောက် သူက ရိုသေစွာ ပြောလိုက်၏။
"ဒါဆိုရင် မင်း ဘာလို့ ဒီကို ရောက်လာတာလဲ..."
ထိုအသံမှာ မည်သည့်စိတ်ခံစားချက်မျိုးမျှ ပါဝင်မနေခဲ့ပါချေ။
"ကျွန်တော် မိစ္ဆာမျိုးနွယ်စုဝင်တွေအားလုံးကို စေလွှတ်လိုက်တဲ့ လုပ်ရပ်က အပြင်ဘက်က လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခဲ့ပါပြီ... လူသားမျိုးနွယ်စုဝင်တွေက စုံစမ်းဖို့အတွက် ဝင်ရောက်လာခဲ့ကြပါပြီ... ကျွန်တော် စိုးရိမ်တာက..."
"ဘာကို စိုးရိမ်တာလဲ... ငါ ဒီမှာ ရှိနေသရွေ့... ငါသာ ပြန်လည်မွေးဖွားနိုင်မယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး..."
မိစ္ဆာနယ်မြေအရှင်သခင်၏ စကားလုံးများ မဆုံးမီမှာပင် ထိုအသံက ကြားကနေ ဖြတ်ပြောလိုက်တော့သည်။
"ဟုတ်ကဲ့ပါ... လက်အောက်ငယ်သား ပြန်ထွက်သွားပါတော့မယ်..."
နောက်ထပ် စကားလုံးများ ထပ်မံပြောဆိုခြင်းမရှိဘဲ သူသည် ထိုနေရာမှနေ၍ အနောက်သို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားခဲ့တော့သည်။