← Chapters

အခန်း ၁၇၇

Vol. 17 Ch. 177

အခန်း ၁၇၇

Vol. 17 Ch. 177

Chapter 177

~

အခန်း ၁၇၇ : ချင်ကျင်းရု

~

​" ရဲဘော်.. မင်္ဂလာပါ.. ငါက ဟုန်ရှင်း သံမဏိစက်ရုံက ဝယ်ယူရေး ကိုယ်စားလှယ်ပါ.. ပစ္စည်းဝယ်ဖို့ လာတာပါ.. ဒါ ငါ့ရဲ့ မိတ်ဆက်စာပါ .."

​ယန်ကျီဝမ်က အိတ်ထဲမှ မိတ်ဆက်စာကို ထုတ်ပေးရင်း ပြောလိုက်သည် ။

​ဤခေတ်အခါက ခရီးသွားလာရန် အလွန် ခက်ခဲလှသည် ။ မိတ်ဆက်စာက အလွန်အရေးကြီးပြီး မပါရှိပါက လူဆိုးလူမိုက်အဖြစ် အဖမ်းခံရနိုင်သည် ။ ဖမ်းဆီးရင် သေနတ်ဖြင့် အပစ်မခံရပါက ကံကောင်းသည်ပင် ။

​မိန်းကလေးငယ်က သူမ၏ အဝတ်အစားပေါ်တွင် လက်ကို သုတ်လိုက်ပြီး မိတ်ဆက်စာကို လှမ်းယူလိုက်သည် ။

​ခဏတာ သေချာ ကြည့်ပြီးနောက် သူမက မိတ်ဆက်စာကို ယန်ကျီဝမ်ထံ ပြန်ပေးကာ ....

​" ကျွန်မ စာမဖတ်တတ်ဘူး .."

​ယန်ကျီဝမ် ဆွံ့အသွားသည် ။

​' စာမဖတ်တတ်ရင် ဘာလို့ အဲ့ဒီလောက် အကြာကြီး ကြည့်နေရတာလဲ...'

​ယန်ကျီဝမ် မည်သို့ ညည်းတွားရမည်ကိုပင် မသိတော့ ။

​ကံကောင်းထောက်မစွာဖြင့် မိန်းကလေးက ဆက်ပြောသည် ။

​" စာမဖတ်တတ်ပေမဲ့ အပေါ်က အနီရောင် တံဆိပ်တုံးကိုတော့ ကျွန်မ မှတ်မိပါတယ် .."

​ထိုအခါမှ ယန်ကျီဝမ် အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။

​ထို့နောက် မိန်းကလေးက မေးလိုက်သည် ။

​" ရှင်က ဟုန်ရှင်း သံမဏိစက်ရုံက အဝယ်တော်လို့ ပြောတယ်နော်.. ဒါပေမဲ့ အရင် လာနေကြလူက ရှင်မဟုတ်ပါဘူး .."

​ရွာက သိပ်မကျယ်သဖြင့် သူစိမ်းတစ်ယောက် ရောက်လာပါက ရှင်းလင်းစွာ မှတ်မိနေတတ်ကြသည် ။

​ယန်ကျီဝမ်က ရှင်းပြလိုက်သည် ။

​" မင်းပြောတာက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဖြစ်မယ်.. သူ့နာမည်က လီရှန်းလီတဲ့.. သူက ငါ့ရဲ့ ညီအစ်ကိုကောင်း တစ်ယောက်ပါ.. ငါ့ကို ဒီနေရာကို လာဖို့ လမ်းညွှန်ပေးလိုက်တာက သူပဲ .."

​" အော်.. ရွာလူကြီး အဘိုးက သူ့ကို အဝယ်တော်လီလို့ ခေါ်တာ ကြားဖူးသလိုပဲ .."

​မိန်းကလေးက ခေါင်းအသာ ညိတ်လိုက်ပြီး ဆက်မေးသည် ။

​" ဒါနဲ့ ရှင်ကလည်း ဟုန်ရှင်း သံမဏိစက်ရုံမှာ အလုပ်လုပ်တာဆိုတော့ ကျွန်မ ခဲအိုကိုရော သိလား .."

​ယန်ကျီဝမ်က ပြန်မေးလိုက်သည် ။

​" မင်း ခဲအို နာမည်က ဘယ်သူလဲ .."

​" သူ့နာမည်က ကျားဒုံရွှီ ပါ .."

​မိန်းကလေးက သူ့ကို မျှော်လင့်တကြီး ကြည့်ကာ..

​" ရှင် သူ့ကို သိလား .."

​" သြော်.. မင်းက ချင်ဟွိုင်ရု ရဲ့ ညီမလား .."

​ယန်ကျီဝမ်က အံ့ဩစွာဖြင့် မေးလိုက်သည် ။

​မလာခင်က ဤနေရာကို ချင်မိသားစုရွာဟု ခေါ်ကြောင်း လီရှန်းလီ ပြောသည်ကို သူ ကြားခဲ့ဖူးသည် ။

​ထိုအကြောင်းကို သူ အရင်က တွေးမိခဲ့သော်လည်း ဤမျှ တိုက်ဆိုင်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

​ဤနေရာက တကယ်ကို ချင်ဟွိုင်ရု၏ ဇာတိရွာ ဖြစ်နေလေသည် ။

​" ရှင် ကျွန်မရဲ့ အစ်မဝမ်းကွဲကို သိတာလား .."

​မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး..

​" ဟုတ်တယ်.. ကျွန်မ ဝမ်းကွဲအစ်မ နာမည်က ချင်ဟွိုင်ရုပါ .."

​' သြော်...'

​ဤစကားကို ကြားသောအခါ ယန်ကျီဝမ် စဥ်းစားမိလိုက်သည် ။

​ယခုက ၁၉၅၉ ခုနှစ် ဖြစ်ပြီး သူမ၏ အသက်အရွယ်ကို ကြည့်ရလျှင် ဤမိန်းကလေးက...

​သူက တိုက်ရိုက်ပင် မေးလိုက်၏ ။

​" ရဲဘော်လေး.. မင်း နာမည်က ဘယ်သူလဲ .."

​" ကျွန်မ နာမည်က ချင်ကျင်းရုပါ .."

​တကယ်ပင် သူမ ဖြစ်နေသည် ။ ယခုတော့ အားလုံး သေချာသွားလေပြီ ။

​သူက ပြုံး၍ ပြောလိုက်သည် ။

​" ဟုတ်တာပေါ့.. မင်းရဲ့ အစ်မနဲ့ ငါနဲ့က ခြံဝင်းတစ်ခုတည်းမှာ နေတဲ့ အိမ်နီးချင်းတွေလေ.. ငါ့နာမည်က ယန်ကျီဝမ်လို့ ခေါ်တယ် .."

​" ဒါဆိုရင်တော့ ကိုယ့်လူတွေပဲပေါ့.. လာ.. အစ်ကိုယန်.. ညီမလေး အိမ်ကို လိုက်ခဲ့ပါ.. အကို စားဖို့ ဟင်းရွက် ဖက်ထုပ် လုပ်ကျွေးမယ် .."

​ထိုစကားကို ကြားသည်နှင့် ချင်ကျင်းရုက ချက်ချင်းပင် တက်ကြွသွားကာ ယန်ကျီဝမ်ကို သူမ၏ အိမ်သို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်လိုက်သည် ။

​" ဒါဆိုရင်တော့ ..ကျေးဇူးတင်ပါတယ်.."

​ယန်ကျီဝမ်က အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည် ။

​သို့သော် သူ့စိတ်ထဲတွင်တော့ ကျားမိသားစုနှင့် သူ၏ ဆက်ဆံရေးကိုသာ သူမ သိပါက ဤမျှ တက်ကြွနေမည် မဟုတ်ဟု တွေးနေမိသည် ။

​ထို့နောက် ယန်ကျီဝမ်က ချင်ကျင်းရု နောက်မှလိုက်၍ ရွာထဲသို့ ဝင်လာခဲ့သည် ။

​ချင်ကျင်းရုက သူမ၏ ကျစ်ဆံမြီး နှစ်ဖက်ကို ယမ်းခါ၍ ရှေ့မှ ခုန်ဆွခုန်ဆွဖြင့် သွားနေသည် ။ သူမသည် အငတ်ဘေးကြုံနေရသည့် နှစ်၏ အခက်အခဲများကြောင့် အရှုံးမပေးဘဲ အလွန် အပြစ်ကင်းစင်ကာ တက်ကြွနေပုံရသည် ။

​ဤမျှ အပြစ်ကင်းစင်ပြီး တက်ကြွနေသည့် မိန်းကလေးက နောက်ပိုင်းတွင် လောကီဆန်သော ( လက်ဖက်စိမ်းမ ..)လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည် ။

​သို့သော် သေချာ ပြန်တွေးကြည့်လျှင်လည်း ဤသည်က ပုံမှန်ပင် ။

​အငတ်ဘေးက အလွန် ဆိုးရွားလွန်းသောကြောင့် မြို့သားနှင့် လက်ထပ်ရန် သူမ၏ ဆုံးဖြတ်ချက် ပို၍ ပြတ်သားနေခဲ့ခြင်း ဖြစ်ပေမည် ။

​လက်ရှိတွင် မြို့ပေါ်ရှိ အခြေအနေများက သိပ်မကောင်သော်လည်း ကျေးလက်ဒေသများနှင့် နှိုင်းယှဥ်ပါက များစွာ ပိုကောင်းနေသေးသည် ။

​ဥပမာအားဖြင့် ကျားမိသားစုသည် ရုန်းကန်နေရသော်လည်း ငတ်သေမည် မဟုတ်ပေ ။

​သို့သော် ကျေးလက်ဒေသရှိ နေရာများစွာတွင်တော့ လူအများအပြား အစာငတ်၍ သေဆုံးနေကြပြီ ။

​" အစ်ကိုယန်.. အားတော့နာပေမဲ့ အကို ဒီတစ်ခေါက် လာတာက အချည်းနှီး ဖြစ်ဖို့များတယ်.. သမီးတို့ ရွာမှာ အကို ဝယ်စရာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး .."

​ချင်ကျင်းရုက ရုတ်တရက် လှည့်ကာ ပြောလိုက်သည် ။

​ဤသည်က ပုံမှန်ပင် ။ ယခုအချိန်တွင် နေရာတိုင်း၌ ခက်ခဲနေပြီး ကျေးလက်ဒေသများတွင် ပို၍ပင် ဆိုးရွားနေသည် ။

​သစ်ခေါက်များကိုပါ ခွာစားနေရလောက်အောင် ဆင်းရဲနေကြပြီး တောင်ပေါ်ရှိ တောဟင်းသီးဟင်းရွက်များ အားလုံးမှာလည်း ပြောင်သလင်းခါနေပြီ ။

​စားနိုင်သမျှ အရာအားလုံးကို စားသောက်ပြီးဖြစ်၍ ဝယ်ယူရန် ပစ္စည်းများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်ပါမည်နည်း ။

​ကံကောင်းထောက်မစွာဖြင့် ယန်ကျီဝမ် လာသည်က ပစ္စည်းဝယ်ရန် မဟုတ်ပေ ။

​သူက ပြုံး၍ ပြောလိုက်သည် ။

​" ကိစ္စမရှိပါဘူး.. လမ်းကျွမ်းသွားအောင် လာကြည့်တဲ့ သဘောပါပဲ .."

​ချင်ကျင်းရုက သူ့ကို ငေးကြည့်နေပြီး သူမစိတ်ထဲတွင် တွေးလိုက်သည် ။

​' အစ်ကိုယန်ရဲ့ အပြုံးက အရမ်း ချစ်စရာကောင်းတာပဲ.. ငါမြင်ဖူးသမျှထဲမှာ သူ့လောက် ချောတဲ့သူ မရှိဘူး .. ငါ့ခဲ့အိုတောင် သူ့ကို မီမှာ မဟုတ်ဘူး ...'

​သူမက သူ့ကို ငေးကြည့်နေသည်ကို မြင်သောအခါ ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည် ။

​" ဘာဖြစ်လို့လဲ.. ကျင်းရု .."

​" ဘာ.. ဘာမှ မဖြစ်ပါဘူး.. သမီးအိမ်က ရှေ့နားလေးဆို ရောက်ပြီ.."

​ချင်ကျင်းရု၏ မျက်နှာလေး ရဲတက်သွားသော်လည်း ကံကောင်းသည်က သူမ၏ အသားအရေအရောင်ကြောင့် ယန်ကျီဝမ် မရိပ်မိခဲ့ပေ ။

​ထို့နောက် သူမက လှည့်၍ ဆက်လမ်းပြလိုက်သည် ။

​ထိုစဥ် ဆံပင်အနည်းငယ် ဖြူနေသည့် အဘိုးကြီး တစ်ယောက်က တစ်ဖက်မှ လျှောက်လာသည် ။

​သူက ယန်ကျီဝမ်ကို မြင်သောအခါ ချင်ကျင်းရုကို မေးလိုက်သည် ။

​" ကျင်းရု.. ဒီရဲဘော်လေးက ဘယ်သူလဲ .."

​" အဘိုးရွာသူကြီး.. သူက ဟုန်ရှင်း သံမဏိစက်ရုံက အဝယ်တော်လေ.. ပြီးတော့ သမီး အစ်မရဲ့ အိမ်နီးချင်းလည်း ဟုတ်တယ် .."

​ချင်ကျင်းရုက ရွှင်လန်းစွာ နှုတ်ဆက်လိုက်ပြီး အဘိုးကြီးအား မိတ်ဆက်ပေးလိုက်သည် ။

​" မင်္ဂလာပါ ရွာလူကြီး.. ကျွန်တော့်နာမည် ယန်ကျီဝမ်ပါ.. သံမဏိစက်ရုံက ဝယ်ယူရေး ကိုယ်စားလှယ် တစ်ယောက်ပါ .."

​ယန်ကျီဝမ်က သူ၏ အိတ်ထဲမှ မိတ်ဆက်စာကို ထပ်ထုတ်၍ ကမ်းပေးလိုက်သည် ။

​ချင်မိသားစုရွာမှ ရွာလူကြီးက ယူ၍ ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ...

​" မိတ်ဆက်စာက အဆင်ပြေပါတယ်.. ဒါပေမဲ့ မင်း မြင်တဲ့အတိုင်းပဲ.. အခုဆိုရင် ငါတို့ရွာမှာ မင်းဝယ်စရာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး .."

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

​" နားလည်ပါတယ်.. ကျွန်တော် ကံစမ်းကြည့်တဲ့ သဘောနဲ့ လာခဲ့တာပါ .."

​ရွာလူကြီးက ခေါင်းအသာ ညိတ်လိုက်ပြီး ဆက်ပြောသည် ။

​" မင်း တစ်ခုခု လိုအပ်ရင် ကျင်းရုကို ငါ့ဆီ လွှတ်လိုက်ပါ.. မင်းက ဟွိုင်ရုရဲ့ အိမ်နီးချင်းဆိုတော့ ငါ ကူညီပေးနိုင်တာရှိရင် သေချာပေါက် ကူညီပေးမှာပေါ့ .."

​" ကျေးဇူးတင်ပါတယ်.. ရွာလူကြီး .."

​ထို့နောက် ရွာလူကြီး ထွက်သွားလေသည် ။

​ယန်ကျီဝမ်က ချင်ကျင်းရု နောက်မှလိုက်ကာ အိမ်သို့ ရောက်သွားသည် ။

​သူမ၏ အိမ်တွင် ရွှံ့အုတ်များဖြင့် ဆောက်ထားသော အခန်း သုံးခန်း ရှိပြီး တစ်ခန်းက ကြီးကာ ကျန်နှစ်ခန်းက သေးငယ်သည် ။ အရှေ့ဘက်တွင်တော့ ဝါးခြံစည်းရိုးဖြင့် ကာရံထားသော ခြံဝင်း တစ်ခု ရှိသည် ။

​တံခါးဝသို့ ရောက်သည်နှင့် ချင်ကျင်းရုက အိမ်ထဲသို့ အော်ပြောလိုက်သည် ။

​" အဖေ.. အမေ.. သမီးတို့ဆီ ဧည့်သည် ရောက်လာတယ် .."

​" ဘယ်သူလဲ .."

​မကြာမီ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အိမ်ထဲမှ ထွက်လာပြီး သူ့ မျက်နှာဖျော့တော့နေသည် ။

​သူ၏ နာမည်မှာ ချင်ယိုတဲ ဖြစ်ပြီး ချင်ကျင်းရု၏ ဖခင် ဖြစ်သည် ။

​ ခန္ဓာကိုယ်မှ စွမ်းအင်များ မကုန်ခမ်းစေရန်အတွက် ကန်းပေါ်တွင် လှဲလျောင်းနေ၏ ။ အသံကြား၍ ထလာခြင်းပင် ။

​ကျေးလက်ဒေသများတွင် အလုပ်မရှိသောအခါ လူအများစုမှာ အိမ်တွင်သာ လှဲလျောင်းနေလေ့ ရှိကြသည် ။

​သူ အပြင်သို့ ထွက်လာသည်နှင့် သမီးဖြစ်သူ၏ ဘေးတွင် ရပ်နေသော ယန်ကျီဝမ်ကို မြင်လိုက်ရသည် ။ သူက သမီးဖြစ်သူကို ကြည့်ကာ နားမလည်ဟန်ဖြင့် မေးလိုက်သည် ။

​" ဒီလူငယ်လေးက ဘယ်သူလဲ .."

​လူငယ်လေး၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် မြို့သားတစ်ယောက်ဖြစ်ကြောင်း သိသာလှပေသည် ။

​သို့သော် သူ၏ အစ်ကိုဖြစ်သူ၏ သမက် ကျားဒုံရွှီမှလွဲ၍ သူတို့ မိသားစုတွင် မြို့ပေါ်၌ အခြား ဆွေမျိုးများ မရှိပေ ။

​ချင်ကျင်းရုက စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်ပေးလိုက်သည် ။

​" အဖေ.. အစ်ကိုယန်က ဟုန်ရှင်း သံမဏိစက်ရုံက အဝယ်တော်လေ.. ပြီးတော့ သူက အစ်မရဲ့ အိမ်နီးချင်းလည်း ဟုတ်တယ် .."

​" မင်္ဂလာပါ ဦးလေး .."

​ယန်ကျီဝမ်က ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည် ။

​" အော်.. မင်းက ဟွိုင်ရုရဲ့ အိမ်နီးချင်းကိုး.. လာ.. လာ.. အိမ်ထဲဝင်ပြီး ထိုင်ပါဦး .."

​ချင်ယိုတဲက ချက်ချင်းပင် ဖော်ရွေစွာဖြင့် ယန်ကျီဝမ်အား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး ချင်ကျင်းရုကိုလည်း တစ်ဆက်တည်း မှာလိုက်သည် ။

​" သမီး.. ယန်လေးအတွက် ရေတစ်ခွက်လောက် သွားခပ်ပေးလိုက်ဦး .."

​" ဟုတ်ကဲ့ .."

​ချင်ကျင်းရုက အလွန် ပျော်ရွှင်နေဟန်ဖြင့် ခုန်ဆွခုန်ဆွ သွားလေသည် ။

​ယန်ကျီဝမ် အနည်းငယ် အနေရခက်သွားသည် ။

​ ကျားမိသားစုနှင့် သူ၏ ဆက်ဆံရေးက ရန်သူ အဆင့်နီးနီးပင် ရှိချေသည် ။

​ယခုလို သူမ၏ မိသားစုဝင်များက အလွန် ဖော်ရွေနေကြသဖြင့် သူ အားနာသလို ခံစားနေမိသည် ။

​ကံကောင်းသည်က သူ အရေထူ နေ၍ပင်။

​မကြာမီ ချင်ကျင်းရုက ရေခပ်လာပြီး..

​" အစ်ကိုယန်.. ဒီမှာ ရေ .."

​" ကျေးဇူးပဲ .."

​ယန်ကျီဝမ်က ကျေးဇူးတင်စကား ပြောလိုက်ပြီး ရေကို အနည်းငယ် ငုံသောက်ကာ ပြန်ချထားလိုက်သည် ။

​ချင်ကျင်းရုက ဖခင်ဖြစ်သူအား မေးလိုက်သည် ။

​" အဖေ.. အမေရော ဘယ်မှာလဲ .."

​" တောင်ပေါ် သွားတယ် .."

​ချင်ကျင်းရုက ခေါင်းညိတ်လိုက်သည် ။ တောရိုင်းဟင်းသီးဟင်းရွက်များ သွားတူးခြင်း ဖြစ်ပေလိမ့်မည် ။

​" အစ်ကိုယန်.. အဖေနဲ့ စကားပြောနေဦးနော်..ညီမလေး အကို့အတွက် ဟင်းရွက် ဖက်ထုပ် သွားလုပ်လိုက်ဦးမယ် .."

​ထိုသို့ ပြောပြီးနောက် ယန်ကျီဝမ်ကို အရသာရှိသော ဟင်းရွက် ဖက်ထုပ်များ လုပ်ကျွေးမည်ဟူသော ကတိကို မမေ့ဘဲ ချင်ကျင်းရုက မီးဖိုချောင်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားလေသည် ။

All Chapters