← Chapters

အခန်း ၁၉၂၂

Vol. 129 Ch. 1922

အခန်း ၁၉၂၂

Vol. 129 Ch. 1922

အခန်း (၁၉၂၂ )

နတ်သခင် ရှီယွဲ့၏ နည်းလမ်း

လုချန်း၏ ခန္ဓာကိုယ်၌ ရမ္မက်ဇောများ ဒီရေအလား တရိပ်ရိပ် ပြည့်နှက်လာသောအခါ သူ၏တစ်ကိုယ်လုံး ထိန်းချုပ်ကန့်သတ်မှုများမှ ရုန်းထွက်တော့မည့်အလား ချက်ချင်းပင် မယုံနိုင်လောက်အောင် နေမထိထိုင်မသာဖြစ်မှုကို အသည်းခိုက်မတတ် ခံစားလိုက်ရသည်။

လုချန်းကို ထိုသို့သော အခြေအနေတွင် တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်၏။

ထို့နောက် သူမ၏ လက်ချောင်းကို အသာအယာ မြှောက်လိုက်သည်။ သူမ၏ လက်ချောင်းမှ နတ်စွမ်းအားတစ်မျှင် ပေါက်ကွဲထွက်လာပြီးနောက် လုချန်း၏ ခန္ဓာကိုယ်ကို ထိုနေရာတွင် ရုပ်သေးရုပ် တစ်ရုပ်ပမာ ထပ်မံ၍ လှုပ်ရှားမရအောင် ချိပ်ပိတ်လိုက်ပြန်သည်။

နောက်တစ်ခဏတွင် လုချန်း၏ အမြင်အာရုံ ဝေဝါးသွားပြီး နတ်သခင် ရှီယွဲ့နှင့် မျက်နှာချင်းဆိုင် ရောက်ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူဖွေးဝင်းပသော အသားအရေနှင့် ဆွဲဆောင်မှုရှိသော ရနံ့တို့က လုချန်း၏ စိတ်နှလုံးကို လှိုင်းတံပိုးထစေလျက် ပို၍ပင် မငြိမ်မသက် ဖြစ်စေခဲ့သည်။

သူသည် နတ်သခင် ရှီယွဲ့ထံသို့ ပို၍ နီးကပ်လိုသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ရေခဲရုပ်ပမာ မလှုပ်ရှားနိုင်ပဲ ဖြစ်နေ၏။ တစ်ချိန်တည်းမှာပင် ရမ္မက်ဆန္ဒများက သူ၏ နှလုံးသားထဲတွင် အဆက်မပြတ် စုပုံလာကာ ကြီးစွာသော နေမထိထိုင်မသာဖြစ်မှုကို ဖြစ်ပေါ်စေသည်။

လုချန်း၏ နဖူးပေါ်တွင် အကြောအပြိုင်းပြိုင်း ထောင်ထွက်နေပြီး သူ၏ မျက်နှာတစ်ခုလုံး နီမြန်းနေသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ နှလုံးသားထဲ၌ စိတ်သက်သာရာရမှု တစ်ခုကို အားရပါးရ ခံစားလိုက်ရသည်။

ဒါက သူမကို စော်ကားမိခြင်း၏ အကျိုးဆက် ဖြစ်သည်။

ဆွဲဆောင်ခြင်းနှလုံးသားပညာသည် ကောင်းကင်အဆင့် နတ်ပညာတစ်ခုဖြစ်ပြီး ဝိညာဉ်အာရုံကို တိုက်ရိုက် သက်ရောက်မှု ရှိစေနိုင်သည်။ ဆွဲဆောင်ခြင်းနှလုံးသားပညာကို အသုံးပြုလျှင် ၎င်းသည် ကောင်းကင်မြေခွေးစွမ်းအားနှင့် ဆွဲဆောင်ခြင်းစွမ်းအားတို့ကိုလည်း လုံ့ဆော်ပေးသဖြင့် နတ်သခင်တစ်ယောက်ပင်လျှင် ထိုသို့သော ဆွဲဆောင်မှု ကျော့ကွင်းကို မတွန်းလှန်နိုင်ပေ။

ယခုအချိန်တွင် လုချန်းသည် သတိအနည်းငယ် ပြန်လည်ရရှိလာပြီး ပလ္လင်ထက်ရှိ နတ်သခင် ရှီယွဲ့ထံသို့ ပူလောင်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း

“ခင်ဗျားပြောတဲ့ သင်ခန်းစာဆိုတာ ဒါကို ဆိုလိုတာလား။”

နတ်သခင် ရှီယွဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး

“ဒီအရသာက မသက်သာဘူးမလား။ ရှင်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်ကြံဖို့ နတ်သခင်အဆင့်ရှိတဲ့ ဝိညာဉ်အာရုံ မရှိရင်တော့ ရှင် ဒီမသက်မသာဖြစ်မှုကိုပဲ အောင့်အည်းသည်းခံရလိမ့်မယ်။ ဒါက ကျွန်မကို စော်ကားတဲ့အတွက် ရှင်ရတဲ့ ရလဒ်ပဲ။”

နတ်သခင် ရှီယွဲ့၏ စကားများကို ကြားလျှင် လုချန်းစိတ်ထဲ တိတ်တဆိတ် ရယ်မောလိုက်ပြီး

“ခင်ဗျား စိတ်ပျက်ရလိမ့်မယ်လို့ ကျုပ် စိုးရိမ်မိတယ်။ ဒါက ကျုပ်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပဲ။”

နတ်သခင် ရှီယွဲ့က ခပ်အေးအေးပင်

“ကျွန်မရဲ့ အာရုံခံစားမှု မမှားဘူးဆိုရင် ရှင်မှာ ဒီခန္ဓာကိုယ်ကို တိုက်ရိုက်ထိန်းချုပ်နေတဲ့ နတ်အာရုံတစ်မျှင် ရှိနေတယ်။ ရှင်ရဲ့ ဝိညာဉ်အာရုံက ဒီခန္ဓာကိုယ်နဲ့ အမြဲတမ်း ချက်ကြိုးသဖွယ် ဆက်သွယ်နေတာပဲ။ ဆိုလိုတာက ဒီခန္ဓာကိုယ်အပေါ် ဝိညာဉ်ပိုင်းဆိုင်ပညာကို အသုံးပြုရင် ရှင်ရဲ့ ဝိညာဉ်အာရုံကလည်း သက်ရောက်မှု ခံရမှာပဲ။ ရှင်ရဲ့ ပင်မခန္ဓာကိုယ်က အခုအချိန်မှာ ရမ္မက်မီးတွေနဲ့ ပူလောင်နေပြီလို့ ကျွန်မထင်တယ်။ နှမြောစရာပဲ... နတ်သခင်တစ်ယောက်ရဲ့ စွမ်းအားကသာ ကျွန်မရဲ့ပညာကို ဖြေဖျောက်နိုင်တယ်။”

လုချန်းအနေနှင့် ယခုအချိန်တွင် သူနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံရန် နတ်သခင်တစ်ယောက်ကို ရှာဖွေနိုင်လိမ့်မည်ဟု နတ်သခင် ရှီယွဲ့ လုံးဝမယုံကြည်ပေ။ နတ်သခင်တစ်ယောက်ကို မရှာဖွေနိုင်ပါက လုချန်းသည် စုံတွဲကျင့်စဉ် ကျင့်ကြံရန်နှင့် သူကိုယ်သူ သက်သာရာရစေရန်အတွက် ပိုအားနည်းသော နတ်များကိုသာ ရှာဖွေနိုင်မည်ဖြစ်သော်လည်း နတ်သခင်အဆင့်အောက်ရှိ နတ်များ၏ ဝိညာဉ်အာရုံများသည် ဆွဲဆောင်ခြင်းနှလုံးသားပညာ၏ သက်ရောက်မှုကို ဖယ်ရှားပေးနိုင်လောက်အောင် စွမ်းအားမကြီးကြပေ။

သူ့ကို ကူညီရန် နတ်ဘုရင်တစ်ပါးကို ရှာတွေ့ခဲ့လျှင်ပင် သူ၏ ရမ္မက်ဆန္ဒကို ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

နတ်သခင် ရှီယွဲ့၏ စကားများကို ကြားလျှင် လုချန်းလည်း သူ၏ မျက်လုံးများကို ပိတ်လိုက်၏။

နောက်တစ်ခဏတွင် သူသည် သူ၏ ဝိညာဉ်အာရုံနှင့် သူ၏ ရှေ့မှောက်ရှိ ခန္ဓာကိုယ်အကြား ဆက်သွယ်မှုကို ဓားနှင့်ခုတ်သကဲ့သို့ လုံးဝ ဖြတ်တောက်လိုက်ပြီး သူ၏ အာရုံစိုက်မှု အားလုံးကို ယွမ်ယုတိ၏ ရှေ့မှောက်ရှိ ခန္ဓာကိုယ်ပေါ်သို့ ပုံအောလိုက်သည်။

…….

ထိုအခိုက်အတန့်တွင်။

ရေခဲနန်းတော်အတွင်း၌။

လုချန်းထံမှ ပြင်းထန်သော အရှိန်အဝါကို အာရုံခံမိလျှင် ယွမ်ယုတိ မျက်မှောင်အသာ ကြုတ်လိုက်သည်။

ဒီလူ ဘာဖြစ်နေပြန်တာလဲ။

ထိုအခိုက်အတန့်တွင် လုချန်း၏ နက်ရှိုင်းသော အသံက သူမ၏ နားထဲ၌

“မြန်မြန်... ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို သုံးလိုက်”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ယွမ်ယုတိ၏ စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူက သူမကို ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို သုံးဖို့ ပြောတာနဲ့ သူမက သုံးရမှာလား။

သူမက ဘယ်တုန်းကတည်းက ဒီလူယုတ်မာရဲ့ အမိန့်ကို မြေဝယ်မကျ နာခံရတဲ့ ဘဝ ရောက်သွားတာလဲ။

ယွမ်ယုတိက ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို အသက်မသွင်းသေးသည်ကို တွေ့မြင်လျှင် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို သူ၏ စွမ်းအားအားလုံးဖြင့် လုချန်း ချက်ချင်း လည်ပတ်စေလိုက်သည်။

လုချန်းက ရုတ်တရက် သူ၏ စွမ်းအားကို လည်ပတ်စေသည်ကို တွေ့မြင်လျှင် ယွမ်ယုတိ အံကြိတ်လျက် လုချန်းကို သူမ၏ စိတ်ထဲ ကျိန်ဆဲလိုက်သည်။

ဒီလူယုတ်မာ...

သူသည် စောစောကမှ သူ၏ စွမ်းအားလည်ပတ်မှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အခုကျတော့ ရုတ်တရက် အစွမ်းကုန် အသုံးချနေပြန်ပြီ။

ဒီလူယုတ်မာ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာကို သူမ စောင့်ကြည့်ချင်လာသည်။

ထို့နောက် ယွမ်ယုတိက ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို အသုံးပြုလိုက်ပြီး သူတို့နှစ်ဦး၏ သိစိတ်များလည်း အိပ်မက်နယ်ပယ်တစ်ခုထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသလို ဝင်ရောက်သွားခဲ့သည်။

အိပ်မက်နယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် လုချန်း၏ သိစိတ်အား ပန်းရောင်အငွေ့တစ်ခုဖြင့် ဖုံးလွှမ်းနေသည်ကို ယွမ်ယုတိ သတိပြုမိလိုက်၏။ သူမ၏ သိစိတ်သည် ထိုပန်းရောင်အငွေ့ကို ထိမိသည့် အခိုက်အတန့်တွင် ပြင်းထန်သော ရမ္မက်ဆန္ဒတစ်ခုက သူမ၏ စိတ်နှလုံးထဲ တိုးဝှေ့တက်လာခဲ့သည်။

ထိုအခါမှသာ လုချန်း ဘာကြောင့် ရုတ်တရက် ပုံမှန်မဟုတ်စွာ ပြုမူခဲ့သည်ကို ယွမ်ယုတိ ကွင်းကွင်းကွက်ကွက် နားလည်သွားခဲ့သည်။ သူသည် အခြားသူတစ်ဦး၏ ဆွဲဆောင်ခြင်းပညာ၏ သားကောင် ဖြစ်သွားခဲ့သောကြောင့် ဖြစ်သည်။

ပြီးတော့ သုံးသပ်ရလျှင် ထိုဆွဲဆောင်ခြင်းပညာက သာမန်ကာလျှံကာ ပညာတစ်ခု မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ဝိညာဉ်အာရုံက စွမ်းအားကြီးမားနေ၏။ သူတို့နှစ်ဦး၏ အသိစိတ်များ အဆက်မပြတ် ထိတွေ့လာသည်နှင့်အမျှ ထိုဆွဲဆောင်မှုရှိသော စွမ်းအားများလည်း နှင်းခဲများ နေပူရှိန်ကြောင့် အရည်ပျော်သကဲ့သို့ တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့သည်။

လုချန်းသည် သားရဲမဟာမိတ်ရှိ ခန္ဓာကိုယ်နှင့် ဆက်သွယ်မှုကို ယာယီ ဖြတ်တောက်လိုက်သောကြောင့် နတ်သခင် ရှီယွဲ့၏ ဆွဲဆောင်ခြင်းနှလုံးသားပညာသည် ဆက်လက်၍ သက်ရောက်မှု မရှိတော့ပဲ လုချန်းကို လျင်မြန်စွာ သတိပြန်ဝင်လာစေသည်။

လုချန်း၏ သိစိတ်အပေါ်ရှိ ပန်းရောင်စွမ်းအားများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်ကို တွေ့မြင်လျှင် ယွမ်ယုတိက ကျောက်ရုပ်ပမာ မျက်နှာအမူအရာမရှိပဲ

“တခြားနေရာမှာ မီးမွှေးပြီးမှ ပြာပူလာမှုတ်သလိုမျိုး ကျွန်မဆီလာရှာတယ်။ ရှင် ကျွန်မကို ဘာမှတ်နေလဲ။”

ထို့နောက် လုချန်းက သူ၏ ခန္ဓာကိုယ် ပြန်ခွာလိုက်၏။ ထိုအခိုက်အတန့်တွင် အိပ်မက်နယ်ပယ် ပန်းပင်လယ်မှ ပွင့်ချပ်အချို့သည် ယွမ်ယုတိ၏ ဖြူဖွေးချောမွေ့သော နဖူးပေါ်သို့ ပျံသန်းကျရောက်လာသည်။

လုချန်းက လက်တစ်ဖက်ကို မြှောက်ကာ ယွမ်ယုတိ၏ နဖူးပေါ်မှ ပွင့်ချပ်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်ပြီးနောက် သူမ၏ မျက်နှာကို စိုက်ကြည့်ရင်း

“ကျုပ်အခြားတစ်ယောက်ရဲ့ ပညာဒဏ်ကို ခံလိုက်ရလို့ပါ”

“ဒီတစ်ခါတော့ ခင်ဗျား ကျုပ်ကို ကူညီပေးလိုက်တာပဲ။”

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ယုတိက

“အလှနတ်သမီးတွေ ဝန်းရံထားတဲ့ ယောက်ျားတစ်ယောက် မတွန်းလှန်နိုင်တဲ့ ဆွဲဆောင်ခြင်းပညာကို အသုံးပြုနိုင်တဲ့ အမျိုးသမီးက ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ ကျွန်မ တကယ်ပဲ စိတ်ဝင်စားမိတယ်။”

မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ လုချန်းက

“သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် နတ်သခင် ရှီယွဲ့ ပါပဲ”

ဟု ကွေ့ဝိုက်မနေပဲ တုံ့ပြန်ခဲ့သည်။

လုချန်း၏ တုံ့ပြန်မှုကို ကြားလျှင် ယွမ်ယုတိသည် ခဏခန့် စဉ်းစားလိုက်သည်။ သူမသည် သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမနှင့်ပတ်သက်သော အချို့အရာများကိုတော့ ကြားဖူးထားသည်။

ထို့နောက် ယွမ်ယုတိက

“ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်က နတ်ဆိုးမျိုးနွယ်က မဟုတ်ဘူးလား”

“ရှင်က တကယ်ပဲ အစားအသောက် မရွေးတတ်ဘူးပဲ။ တစ်နေ့ကျရင် ကုတင်ပေါ်မှာ သူက ရုတ်တရက် သူရဲ့ မူလပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသလာမှာကို ရှင်မကြောက်ဘူးလား”

ဟု လှောင်ပြောင်လိုက်သည်။

လုချန်းက

“ခင်ဗျားက တကယ် နောက်တတ်တာပဲ။ နတ်သခင်အဆင့်ရှိတဲ့ မဟာနတ်ဆိုးကြီးတစ်ယောက်က ရုတ်တရက် သူရဲ့ မူလပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ယုတိ လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ဤလူယုတ်မာက နတ်သခင် ရှီယွဲ့အပေါ် တကယ်ပဲ စိတ်ကူးယဉ်နေခဲ့တာပါလား။

ယွမ်ယုတိ၏ မျက်လုံးများထဲမှ အေးစက်မှုကို ခံစားမိသဖြင့် လုချန်း ချောင်းဟန့်လိုက်ပြီး

“ကဲပါ... ဒါတွေ ထားလိုက်ပါတော့။ ကျုပ်ရဲ့ ဝိညာဉ်အာရုံ တည်ငြိမ်အောင် ဆက်ပြီး ကူညီပေးပါဦး။ ကျုပ် သားရဲမဟာမိတ် အဖွဲ့ထဲက ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိန်းချုပ်ဖို့ လိုတယ်။”

သူသည် နတ်သခင် ရှီယွဲ့၏ ဆွဲဆောင်ခြင်းနှလုံးသားပညာကို ခုခံနိုင်မည့် စုံတွဲကျင့်စဉ်ကို အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် နောက်ထပ် စိုးရိမ်မနေတော့ပေ။

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ယုတိ၏ ရင်ထဲ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားခဲ့သည်။

သူက အခြားအမျိုးသမီးတစ်ယောက်ကြောင့် ရမ္မက်ထကြွလာပြီးမှ သူမဆီကို အကူအညီလာတောင်းတာလား။

ဒါက သူမကို အသုံးချစရာ ကိရိယာတစ်ခုလိုပဲ သဘောထားတာ မဟုတ်ဘူးလား။

ယွမ်ယုတိသည် မကျေမနပ် ဖြစ်သော်လည်း ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို ချက်ချင်း ရပ်တန့်ခြင်းမပြုခဲ့ပေ။

……

တစ်ချိန်တည်းမှာပင်။

သားရဲမဟာမိတ်၏ ကောင်းကင်မြေခွေးခန်းမအတွင်း၌။

နတ်သခင် ရှီယွဲ့သည် လုချန်းအပေါ် ဆွဲဆောင်ခြင်းနှလုံးသားပညာကို အဆက်မပြတ် အသုံးပြုနေသော်လည်း ဤအခိုက်အတန့်တွင် လုချန်း၏ ခန္ဓာကိုယ်က မည်သည့်တုံ့ပြန်မှုမှ မရှိတော့သည်ကို သူမ ထူးထူးဆန်းဆန်း တွေ့ရှိလိုက်ရသည်။

သူသည် မည်သည့်ပြဿနာမှ မရှိသည့်အလား မျက်လုံးများကို ပိတ်ကာ ထိုနေရာတွင် ကျောက်ရုပ်ပမာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

နတ်သခင် ရှီယွဲ့၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုတစ်ခုကို ခံစားလိုက်ရသည်။ လုချန်းသည် သူမ၏ ဆွဲဆောင်ခြင်းနှလုံးသားပညာ၏ သက်ရောက်မှုကို အဘယ့်ကြောင့် မခံရသနည်း။

ထိုအခိုက်အတန့်တွင် လုချန်း ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ပလ္လင်ထက်တွင် တစ်စောင်းမှီလျက် ထိုင်နေသော နတ်သခင် ရှီယွဲ့ကို တွေ့မြင်လျှင် လုချန်း၏ နှုတ်ခမ်းများ အသာအယာ ကွေးညွတ်သွားပြီး

“ခင်ဗျားရဲ့ ဆွဲဆောင်ခြင်းပညာက သိပ်ပြီးတော့ မစွမ်းလှဘူးထင်တယ်။”

လုချန်း၏ ရန်စသော စကားများကို ကြားလျှင် နတ်သခင် ရှီယွဲ့သည် အံ့အားသင့်သွားခဲ့သည်။

ဤလူအပေါ် တကယ်ပဲ သက်ရောက်မှု မရှိနိုင်တာလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမသည် ဆွဲဆောင်ခြင်းနှလုံးသားပညာကို အသုံးပြု သောအခါ ကောင်းကင်မြေခွေးစွမ်းအားနှင့် ဆွဲဆောင်ခြင်းစွမ်းအားတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဆွဲဆောင်မှုရှိသော စွမ်းအားနှစ်ရပ် ပေါင်းစပ်ထားသည့် ပညာတစ်ခုဖြစ်သော်လည်း ၎င်းက လုချန်းကို မလွှမ်းမိုးနိုင်ခဲ့ပါလား။

အရှုံးမပေးလိုသဖြင့် နတ်သခင် ရှီယွဲ့သည် နတ်စွမ်းအား ထုတ်လွှတ်မှုကို တိုးမြှင့်လိုက်ပြီး သူမ၏ မျက်လုံးများမှ ပိုမိုတောက်ပသော ပန်းရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံးကို ပန်းရောင်ဆွဲဆောင်ခြင်းစွမ်းအားများဖြင့် လုံးဝ ဖုံးလွှမ်းသွားစေပြီး မြင်ကွင်းကို လုံးဝ ကွယ်ပျောက်သွားစေခဲ့သည်။

--

…………..

All Chapters