အခန်း ၁၉၃၅
Vol. 129 Ch. 1935
အခန်း (၁၉၃၅)
ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ သင်ပေးခြင်း
အရိုင်းနယ်မြေ။
လျှို့ဝှက်လဝန်း နန်းတော်။
ရေခဲနန်းတော်အတွင်း၌။
ရေခဲပုံဆောင်ခဲအစုအဝေးများကြားမှ နွဲ့နှောင်းသော ပုံရိပ်တစ်ခုသည် ပန်းချီကားတစ်ချပ်ပမာ ဖြည်းညှင်းစွာ ဖြစ်တည်လာ၏။
ခဏခန့်အကြာတွင် ခန်းမကြီးအတွင်း၌ ယွမ်ယုတိ၏ သွယ်လျသော ခန္ဓာကိုယ်သည် နှင်းပွင့်လွှာလေးများအလား ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။
သူမ၏ ကုတင်ထက်ဝယ်”သစ်သား” စာလုံးပုံသဏ္ဌာန်ဖြင့် လဲလျောင်းနေသော လုချန်းကို ယွမ်ယုတိ၏ အေးစက်သော မျက်ဝန်းများက တည့်တည့်စိုက်ကြည့်လိုက်၏။
ယွမ်ယုတိ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် လုချန်းက သူ၏ ခေါင်းကို အနည်းငယ်မော့ကာ ခန်းမကြီးအတွင်းရှိ ယွမ်ယုတိကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
“ဆရာ... ခင်ဗျား ပြန်လာပြီပဲ”
သူ၏ ကုတင်ထက်ဝယ် လုချန်း လဲလျောင်းကာ သူမအပြန်ကို မျှော်လင့်စောင့်ဆိုင်းနေသည်ကို တွေ့မြင်လျှင် ယွမ်ယုတိ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။
သူမသည် လုချန်း၏ ခန္ဓာကိုယ်ကို ကျင့်စဉ်ကျင့်ကြံရန် ကိရိယာတစ်ခုအဖြစ် အသုံးချနေခြင်း ဖြစ်သော်လည်း ကုတင်ထက်၌ ထိုသို့ ထောင်လွှားသော အမူအရာဖြင့် လဲလျောင်းနေသည့် လုချန်းကို တွေ့မြင်ရတိုင်း သူမ၏ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာတတ်၏။
သူမက လုချန်းကို ကျင့်စဉ်ကျင့်ကြံရန် ကိရိယာတစ်ခုအဖြစ် အသုံးချနေသကဲ့သို့ လုချန်းကလည်း သူမကို ပျော်စရာ ကစားစရာတစ်ခုလို သဘောမထားပဲ နေမည်မဟုတ်ပေ။
ယွမ်ယုတိက
“နေဝင်တောင်တန်းက အန္တရာယ်မြေတွေ အားလုံးကို ချိပ်ပိတ်ပြီးပြီလား။”
သူမ ပြန်လည်ရောက်ရှိလာရသည့် အကြောင်းရင်းမှာ ယခုတလောအတွင်း နေဝင်တောင်တန်း၏ အစွန်းပိုင်းရှိ အန္တရာယ်မြေများ၏ အငွေ့အသက်ကို မခံစားရတော့သောကြောင့် ဖြစ်၏။
လုချန်းက သူခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် ဘေးစောင်းလဲလျောင်းကာ လက်တစ်ဖက်ဖြင့် ပါးကိုထောက်လျက် ယွမ်ယုတိကို စိုက်ကြည့်လိုက်ကာ
“ဟုတ်တယ်... အားလုံး ချိပ်ပိတ်ပြီးပြီ”
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ စိတ်ထဲ၌ အနည်းငယ် အသက်ရှူချောင်သွား၏။ ချိပ်ပိတ်နိုင်ခဲ့သည်က ကောင်းလှသော အချက် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်း နန်းတော်၏ ဘေးကင်းလုံခြုံရေးအတွက် လတ်တလောတွင် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။
သို့သော် ပြောရမည်ဆိုလျှင် နေဝင်တောင်တန်းနှင့် ကပ်လျက်တည်ရှိနေသော လျှို့ဝှက်လဝန်း နန်းတော်၏ တည်နေရာသည် အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခု ဖြစ်နေခဲ့၏။
ယခုအချိန်တွင် လျှို့ဝှက်လဝန်း နန်းတော်ကို အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
မြောက်ပိုင်းနယ်မှ အင်အားစုများ တောင်ပိုင်းသို့ ပြောင်းရွှေ့လာကြကတည်းက အခြားသော နယ်မြေများသည် လူဦးရေ ထူထပ်လွန်းလာသဖြင့် လျှို့ဝှက်လဝန်း နန်းတော်အနေနှင့် အခြေစိုက်ရန် နေရာအသစ် ရှာမတွေ့နိုင်ပဲ ရှိနေ၏။
အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများတွင်တော့ နတ်အငွေ့အသက်က အလွန် ပါးလျလွန်းလှ၏။ အခြားနေရာများ၌ နဂါးနယ်မြေကဲ့သို့ ထူထပ်သော နတ်အငွေ့အသက်မျိုး မရှိပေ။
ထို့ပြင် မြောက်ပိုင်းနယ်မှ အင်အားစုများကလည်း အဆက်မပြတ် နယ်မြေချဲ့ထွင်နေကြသဖြင့် အရိုင်းနယ်မြေ၏ နေရာအတော်များများကို မြောက်ပိုင်းနယ်၏ အင်အားစုကြီးများက သိမ်းပိုက်ထားပြီး ဖြစ်၏။
၎င်းအပြင် အရိုင်းနယ်မြေအတွင်း၌ ချိန်ကိုက်ဗုံးပမာ ပုန်းအောင်းနေသော လျှို့ဝှက်မဟာအင်အားကြီးအုပ်စုတစ်စုလည်း ရှိနေသေးရာ လျှို့ဝှက်လဝန်း နန်းတော်အနေနှင့် နတ်ဂိုဏ်း အခြေစိုက်စခန်းအသစ်အတွက် သင့်တော်မည့်နေရာကို ရေတွင်းထဲ လမင်းရှာသကဲ့သို့ ရှာမတွေ့နိုင်ခြင်း ဖြစ်၏။
ယခု သူတို့အနေနှင့် နဂါးနယ်မြေကိုသာ မြဲမြံစွာ ခြေကုပ်ယူထားရတော့မည် ဖြစ်သည်။
ကျရောက်လုဆဲဆဲ ကပ်ဘေးကြီးကို ရင်ဆိုင်ရန်အတွက် သူတို့၏ တစ်ခုတည်းသော လမ်းစဉ်မှာ အဆက်မပြတ် ပိုမိုအင်အားတောင့်တင်းလာစေရန်ပင် ဖြစ်၏။
ပိုအင်အားတောင့်တင်းလာရမည်ဟူသော အတွေးနှင့်အတူ ယွမ်ယုတိ၏ အကြည့်များက လုချန်း ထံသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေ၌ နတ်ဧကရာဇ်တစ်ပါး ရှိနှင့်နေပြီဖြစ်ရာ ကျန်ရှိနေသော ကံစွမ်းအားသည် အခြားနတ်ဧကရာဇ်တစ်ပါး ထပ်မံပေါ်ထွန်းလာရန်အတွက် လုံလောက်စရာ မရှိတော့ပေ။
ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် အခြားသော လမ်းစများကို ရှာဖွေရပေလိမ့်မည်။ ဧကရာဇ်ဖြစ်လာမည့် လမ်းစဉ်အသစ်တစ်ခုကို ဖော်ဆောင်ရန်က မလွယ်ကူသော်လည်း ဧကန်မုချ ကြိုးစားကြည့်ရမည် ဖြစ်၏။
လုချန်းနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံကာ အခြားသော မဟာလမ်းစဉ်များကို နားလည်သဘောပေါက်ပြီးနောက် ၎င်းတို့ကို ပေါင်းစပ်လျက် ဧကရာဇ်ဖြစ်လာမည့် လမ်းစဉ်အသစ်ကို ရှာဖွေခြင်းသည်သာ လတ်တလောတွင် သူမ ပိုစွမ်းအားကြီးလာစေရန်အတွက် တစ်ခုတည်းသော လမ်းစဖြစ်ပေသည်။
ယွမ်ယုတိ ရုတ်တရက် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ သူမ၏ အေးစက်သော မျက်ဝန်းများက သူထံသို့ စိုက်ကြည့်နေသည်ကို လုချန်း တွေ့မြင်လျှင် ပြုံး၍
“ဆရာ... နေဝင်တောင်တန်းရဲ့ ကပ်ဘေးက လတ်တလော ပြေလည်သွားပြီဆိုတော့ ခင်ဗျား စိတ်အေးလက်အေးနဲ့ ပြန်ပြီး ကျင့်ကြံနိုင်ပါပြီ။”
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ တွေးတောနေရာမှ ရုတ်ချည်း သတိပြန်ဝင်လာ၏။
သူမသည်လည်း လုချန်းနှင့်အတူ ဆက်လက်ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း လုချန်း၏ ယုံကြည်ချက်အပြည့်ရှိနေသော အမူအရာကို တွေ့မြင်ရတိုင်း သူမ၏ ရင်ထဲ၌ မခံချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာတတ်၏။
မြင့်မြတ်သော နတ်သခင်တစ်ပါးဖြစ်သည့် သူမသည် ဤကဲ့သို့သော တဏှာကြီးသည့် အမျိုးသားတစ်ယောက်၏ ကစားစရာအဖြစ် အသုံးချခံနေရသည် မဟုတ်ပါလား။
တော်ပြီ...
သူမ နတ်ဧကရာဇ် ဖြစ်လာသည့်နေ့ကျမှ ဤလူယုတ်မာကို အကြွေးဟောင်းများပါမကျန်ဧကန်မုချ စာရင်းရှင်းရမည်။
ထို့နောက် ယွမ်ယုတိ သူမ၏ ကုတင်ဆီသို့ လျှောက်လှမ်းသွားပြီး ကုတင်အစွန်း၌ ထိုင်လိုက်သည်နှင့် လုချန်းက ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ သူမကို သူရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ကုတင်ထက်၌ ဖိချလျက် သူမ၏ နှုတ်ခမ်းအစုံကို နမ်းရှုံ့ရန် ခေါင်းငုံ့လိုက်သည်။
“အွန်း...”
ဤလူယုတ်မာကတော့...
လုချန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ယွမ်ယုတိ၏ ရင်ထဲ၌ မီးဟုန်းဟုန်းတောက်သကဲ့သို့ ဒေါသတကြီး ဖြစ်သွားရသော်လည်း လုချန်းကို တွန်းမထုတ်ပဲ လျင်မြန်စွာပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်၏။
လုချန်းက သူမအပေါ် ဦးဆောင်မှု ရယူသည်ကို သူမ မနှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူမအား လုချန်း၏ ကစားစရာတစ်ခုကဲ့သို့ ခံစားရစေသောကြောင့် ဖြစ်၏။ သို့သော် အချိန်အတော်များများတွင်တော့ လုချန်းကသာ အမြဲတမ်း ဦးဆောင်နေခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် ထိုအရာများကို ပြုလုပ်ကြရမည်ဖြစ်ရာ ယခုအချိန်တွင် လုချန်းကို တွန်းထုတ်လိုက်လျှင်ပင် ရလဒ်က အတူတူပင်ဖြစ်လိမ့်မည်ဟု ယွမ်ယုတိ တွေးလိုက်မိ၏။
ဤလူယုတ်မာက ဒီလောက်အထိ ဦးဆောင်ရသည်ကို သဘောကျနေမှတော့ သူ့ကိုသာ စိတ်ကြိုက် ဦးဆောင်ခွင့်ပေးလိုက်ပြီး သူမအနေနှင့် လမ်းစဉ်များကိုသာ အပြည့်အဝ နားလည်အောင် အာရုံစိုက်ရုံသာ ရှိတော့သည်။
ယွမ်ယုတိ ရုန်းကန်ခြင်းမပြုသည်ကို တွေ့မြင်လျှင် လုချန်းလည်း အရှိန်အဟုန်မြှင့်ကာ စတင်လိုက်သော်လည်း ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကိုတော့ ချက်ချင်း လည်ပတ်ခြင်း မပြုသေးပေ။
ခဏခန့် နမ်းရှုံ့ပြီးနောက် လုချန်းက သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ကြွလိုက်ကာ ယွမ်ယုတိ၏ အေးစက်ချောမောလှသော မျက်နှာကို စိုက်ကြည့်လိုက်၏။
လုချန်း မည်သည့်ကျင့်စဉ်ကိုမှ အသုံးမပြုသည်ကို တွေ့မြင်ရသောအခါ ယွမ်ယုတိ ချက်ချင်းပင် မကျေမနပ် ဖြစ်သွား၏။
“ရှင် ဘာလို့ ကျင့်စဉ်ကို မလည်ပတ်တာလဲ”
လုချန်းနှင့် မတူသည်မှာ သူမအနေနှင့် ကျင့်စဉ်ကျင့်ကြံရန်ဖြစ်စေ သို့မဟုတ် အမျိုးသားနှင့် အမျိုးသမီးကြားရှိ သာယာမှုအတွက်ဖြစ်စေ လုချန်းဘက်မှ နတ်နိယာမကျင့်စဉ်ကို လည်ပတ်ပေးရန် လိုအပ်ခြင်း ဖြစ်၏။
လုချန်းက ပြုံးလိုက်ပြီး
“ဒီနတ်နိယာမကို ကျုပ် ခင်ဗျားကို သင်ပေးရင်ရော ဘယ်လိုလဲ... ခင်ဗျားဘာခင်ဗျား ကိုယ်တိုင် လည်ပတ်ကြည့်မလား”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ အံ့အားသင့်သွားရ၏။
သူမဘာသာ လည်ပတ်ရမယ် ဟုတ်လား။
ဤလူက သာယာမှုပဲ ရယူပြီး ဘာမှမလုပ်ပဲ နေရန် ကြံစည်နေခြင်းလား။
သို့သော် ပြောရမည်ဆိုလျှင် သူမသာ ဤနတ်နိယာမကို တတ်မြောက်ထားပါက နောင်အနာဂတ်တွင် ကျင့်စဉ်ကျင့်ကြံခြင်းအတွက် ဖြစ်စေ သို့မဟုတ် အမျိုးသားနှင့် အမျိုးသမီးကြား သာယာမှုအတွက်ဖြစ်စေ သူမ၌ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိနိုင်လိမ့်မည်။
ယွမ်ယုတိက လုချန်းကို တည်ငြိမ်သော မျက်နှာထားဖြင့်
“ကောင်းပြီ... ဒါဆို ကျွန်မကို သင်ပေးပါ”
ထို့နောက် လုချန်းသည် မှတ်ဉာဏ်အမွေအနှစ် ပုလဲတစ်လုံးကို ဖန်တီးလိုက်ရာ ၎င်းက ယွမ်ယုတိ၏ ချောမောလှပသော နဖူးပြင်ဆီသို့ တည့်တည့်ပျံသန်းသွားပြီး စိမ့်ဝင်သွားသည်။
နောက်တစ်ခဏ၌ ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ၏ ကျင့်စဉ်အကြောင်းအရာအားလုံးကို ယွမ်ယုတိ အပြည့်အဝ နားလည်သဘောပေါက်သွား၏။
လုချန်းထံမှ နတ်နိယာမကျင့်စဉ်အမွေအနှစ်ကို လက်ခံရရှိပြီးနောက် မည်သည့်အတွက်ကြောင့်မှန်းမသိ ဝိညာဉ်ညှို့ဓာတ် ကျမ်းစာသည် အစကတည်းက အမျိုးသမီးများအတွက် ရည်ရွယ်ထားသော စုံတွဲ နတ်ကျင့်စဉ်တစ်ခု ဖြစ်နေသည်ဟု သူမ ခံစားလိုက်ရ၏။
ထို့နောက် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို စတင်လည်ပတ်ရန် ကြိုးစားလိုက်ရာ သူမ နတ်နိယာမကျင့်စဉ်ကို စတင်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ရင်သွား၏။
နောက်တစ်ခဏ၌ သူမ၏ နတ်စွမ်းအားသည် လုချန်း၏ နတ်စွမ်းအားနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းကာ စက်ဝန်းတစ်ခု ဖြစ်ပေါ်လာစေ၏။
ချက်ချင်းဆိုသလိုပင် အတုမရှိသော ထူးခြားသည့် ခံစားချက်တစ်ခု သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာ၏။
ဒါက...
ယွမ်ယုတိ၏ စိတ်ဝိညာဉ် အနည်းငယ် တုန်လှုပ်သွား၏။
ယခင်က လုချန်း ဤနတ်နိယာမကို လည်ပတ်သည့် အချိန်တိုင်း သူမ တစ်စုံတစ်ခုကို ခံစားရသော်လည်း ယခု သူမကိုယ်တိုင် လည်ပတ်သည့်အခါလောက် ပြင်းထန်မှုမရှိပေ။
သူမ ထင်ထားသည့်အတိုင်းပင် ဤနတ်နိယာမသည် အစကတည်းက အမျိုးသမီးများအတွက် ကျင့်စဉ်တစ်ခု ဖြစ်နေခဲ့သည်။
သို့သော် ခဏခန့် လည်ပတ်ကြည့်ရုံဖြင့် ရရှိလာသော အကျိုးကျေးဇူးများကို ခံစားလိုက်ရပြီးနောက် ယွမ်ယုတိလည်း သူမကိုယ်သူ မ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ နတ်နိယာမကျင့်စဉ်ကို အစွမ်းကုန် စတင်လည်ပတ်လိုက်လေတော့သည်။
ထိုအချိန်တွင် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာသည် အမျိုးသမီးများနှင့် ပိုကိုက်ညီကြောင်း လုချန်းလည်း သတိပြုမိလိုက်၏။
ယွမ်ယုတိ ၎င်းကို လည်ပတ်လိုက်သည့် ခဏ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များ အားလုံး တက်ကြွလာသကဲ့သို့ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများသည်လည်း ယွမ်ယုတိ၏ နတ်စွမ်းအားဖြင့် မောင်းနှင်ခြင်းကို ခံလိုက်ရ၏။
“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကျင့်စဉ်ကို အသုံးမပြုလျှင်ပင် သူသည် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသကဲ့သို့သော ခံစားချက်မျိုးကို ခံစားနေရပြီ ဖြစ်၏။
ယွမ်ယုတိ ဤကျင့်စဉ်ကို ဆက်လက်လည်ပတ်နေလိမ့်မည်ဟု လုချန်း ထင်မှတ်ထားစဉ် ယွမ်ယုတိက ရုတ်တရက် ပြောလိုက်၏။
“ရှင်... ကျွန်မ ရှင့်ရဲ့ အကြံအစည်ကို မသိဘူးလို့ မထင်နဲ့...”
ကျင့်စဉ်အတွင်းသို့ အပြည့်အဝ နစ်မြောနေပြီဖြစ်သော ယွမ်ယုတိ၏ အေးစက်ချောမောလှသည့် ပါးပြင်ထက်ဝယ် နီမြန်းသော အရောင်အသွေး အနည်းငယ် ထင်ဟပ်နေပြီး သူမ၏ ထွက်သက်ဝင်သက်တစ်ခုလုံးသည် သစ်ခွပန်းကဲ့သို့ မွှေးပျံ့နေ၏။
လုချန်း ခဏခန့် ဇဝေဇဝါဖြစ်သွားပြီး
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
သူသည် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို ယွမ်ယုတိထံသို့ လွှဲပြောင်းပေးလိုရုံသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူ၏ အာရုံစိုက်မှုသည် ယွမ်ယုတိတစ်ယောက်တည်းထံ၌သာ အမြဲရှိနေနိုင်မည်မဟုတ်ပဲ အခြားသော ခန္ဓာကိုယ်များစွာကိုလည်း ဂရုစိုက်ရဦးမည် ဖြစ်သောကြောင့်လည်း ဖြစ်၏။
ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို ယွမ်ယုတိထံ လွှဲပြောင်းပေးပြီးနောက် သူမဘာသာ ကျင့်စဉ်ကို စတင်နိုင်မည်ဖြစ်ရာ သူ၏ အာရုံကို အခြားနေရာများသို့ ပို့ဆောင်ထားနိုင်မည် ဖြစ်၏။
ထိုသို့ဆိုလျှင် သူ့ထံ၌ တစ်စုံတစ်ရာသော အကြံအစည် ရှိနေသကဲ့သို့ ယွမ်ယုတိက အဘယ်ကြောင့် ပြောဆိုနေရပါသနည်း။
--