အခန်း ၇၀၇
Vol. 48 Ch. 707
အပိုင်း ၇၀၇ : အကာအကွယ်
ခဏအကြာတွင် ဟာမီးစ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထွက်လာကြသည်။
ထိုအမျိုးသားကို မြင်လိုက်ရချိန်တွင် ယဲ့ချန်းတစ်ယောက် ခဏမျှ ကြက်သေသေသွားသည်။ ဤအမျိုးသားမှာ အနည်းငယ် ရင်းနှီးနေသယောင်ရှိသည်။
ထိုအမျိုးသားကလည်း ယဲ့ချန်းကို မြင်လိုက်ရချိန်တွင် ခဏမျှမှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"မင်းက ယဲ့ချန်းမလား"
ယဲ့ချန်းလည်း သူ့ကို မှတ်မိသွားသည်။ သူတို့နှစ်ယောက်က အလယ်တန်းကျောင်းတုန်းက အတန်းဖော်များဖြစ်ပြီး သူ့နာမည်မှာ ကျန်းယန်ပင်။
ကျန်းယန်က ယဲ့ချန်းတစ်ယောက် ပစ္စည်းပို့ဆောင်ရေးယူနီဖောင်းဝတ်ကာ ပါဆယ်များလိုက်ပို့နေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်လေသည်။
"ယဲ့ချန်း... မင်း ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲကွာ"
သူ့ဘေးရှိ အမျိုးသမီးက စနောက်လိုက်၏။
"ကျန်းယန်... ဒါက ရှင်ပြောဖူးတဲ့ အလယ်တန်းတုန်းက အတန်းဖော်ယဲ့ချန်းဆိုတာလား။ ရုပ်ရည်လေးကတော့ ကြည့်ကောင်းသားပဲ။ ဒါပေမဲ့ အခြေအနေကတော့ သိပ်ဟန်ပုံမပေါ်ဘူးနော်"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ပါဆယ်ပို့ရတာ တော်တော်ကောင်းပတယ်လို့ ထင်တာပဲ။ လွတ်လွတ်လပ်လပ်ရှိသလို လူပေါင်းစုံနဲ့လည်း တွေ့ရတာပေါ့"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ကျန်းယန်၏ နှုတ်ခမ်းထောင့်စွန်းကား ကွေးတက်သွားသည်။
လွတ်လပ်တယ် ဟုတ်လား။ မင်းမှာသာ အရည်အချင်းရှိရင် ဘယ်လိုလုပ်ပြီး ပါဆယ်လိုက်ပို့တဲ့ဘဝကို ရောက်နေမှာလဲ။
ကျန်းယန်က ယဲ့ချန်း၏ပခုံးကို ပုတ်လိုက်သည်။
"ငါ့ကောင်.. မင်းရဲ့ခံစားချက်ကို ငါနားလည်ပါတယ်။ ငါ့ကိုပဲကြည့်လေ... ကလေးအတွက် ဒီကျောင်းနားမှာ အိမ်တစ်လုံးဝယ်ထားလိုက်ပြီ။ အိမ်လခနဲ့တင် တစ်လကို လေးသောင်းလောက် ရှိတယ်"
ယဲ့ချန်းက ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်လေရာ သူသည် ဤကျောင်းပတ်ဝန်းကျင်ရှိ တိုက်ခန်းများ၏ အိမ်ရှင်ဖြစ်ကြောင်း ရုတ်တရက်သတိရသွားသည်။
အိမ်လခကောက်ရမည့် အချိန်ပင် ရောက်နေဟန်ပင်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တာပေါ့။ ဖိအားတွေကတော့ တော်တော်များမှာပဲ"
ကျန်းယန်က ရယ်မောလိုက်၏။
"ယဲ့ချန်း... ငါတို့က အတန်းဖော်တွေဆိုတော့ ပြောပြရဦးမယ်။ ငါတို့ကုမ္ပဏီက အခု လူခေါ်နေတယ်။ လုံခြုံရေးဝန်ထမ်းလစာက ပါဆယ်ပို့တာနဲ့ အတူတူလောက်ပဲဆိုပေမဲ့ ပိုပြီးတော့ပင်ပန်းလောက်တယ်။ မင်းကို ငါတို့ကုမ္ပဏီထဲ သွင်းပေးရမလား"
ယဲ့ချန်းက ခေါင်းခါလိုက်၏။
"မလိုပါဘူးကွာ... တကယ်တော့ ပါဆယ်ပို့ရတာကို ငါ တော်တော်သဘောကျတယ်"
ကျန်းယန်၏ ကောင်မလေးကတော့ သဘောမကျချေ။
"ပစ္စည်းပို့သမားတစ်ယောက်နဲ့ ဘာလို့အချိန်ဖြုန်းနေရတာလဲ။ ကျွန်မတို့ အလျင်လိုနေတယ်လေ"
မိန်းမကြောက်ပုံရသည့် ကျန်းယန်ကလည်း နေရခက်စွာ ပြုံးပြလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ပါဆက်ကားတစ်စီးကို မောင်းနှင်လာသော ဝတ်စုံပြည့်အမျိုးသားတစ်ယောက် ကားဖြင့်ဝင်လာလေသည်။
သူက ယဲ့ချန်းကို မြင်သောအခါ ခဏမျှ အံ့အားသင့်သွားပြီး ကားပေါ်က အမြန်ဆင်းကာ ပြေးလာချေသည်။
"မစ္စတာယဲ့... ဘယ်လိုဖြစ်လို့ ဒီလိုဝတ်စုံကြီး ဝတ်ထားရတာလဲ"
ယဲ့ချန်းလည်း အံ့ဩသွားလေသည်။ ထိုလူမှာ အရောင်းဌာနမှ မန်နေဂျာချန်း ဖြစ်နေချေသည်။
ယဲ့ချန်းက သူတို့ကို ကျောင်းပတ်ဝန်းကျင်ရှိ အိမ်ရာများကို ငှားရမ်းခွင့်အာဏာ လွှဲအပ်ထားသည်။
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ဪ.. ကျွန်တော်က ပါဆယ်လိုက်ပို့နေတာ"
မန်နေဂျာချန်းခမျာ ကြောင်အမ်းအမ်းဖြစ်သွားလေသည်။
"ဘုရားရေ... အိမ်လခဝင်ငွေနဲ့တင် တစ်နှစ်ကို သန်းရာဂဏန်းလောက်ရနေတာတောင် ခင်ဗျားက ပါဆယ်လိုက်ပို့နေတုန်းလား"
ဒီနေ့ခေတ် သူဌေးကြီးတွေက ဒီလောက်တောင် ပျော်တတ်တာလား...
ကျန်းယန်ကလည်း မန်နေဂျာချန်းကို ကောင်းကောင်းသိသည်။
ယခင်က သူတို့ အိမ်ငှားစဉ်က လူတစ်ယောက်ကတစ်ဆင့် မန်နေဂျာချန်းထံသို့ အကူအညီတောင်းခဲ့ရသည်။
ကျန်းယန်ကလည်း အလျင်အမြန်ပင် ပြုံးဖြီးဖြီးလုပ်လိုက်သည်။
"မန်နေဂျာချန်း... မင်္ဂလာပါ။ ခင်ဗျားက ယဲ့ချန်းကို သိလို့လား"
မန်နေဂျာချန်းကလည်း ပြုံးလိုက်သည်။
"သိတာပေါ့။ မစ္စတာယဲ့က ဒီတိုက်ခန်းနှစ်ရာရဲ့ ပိုင်ရှင်လေ။ ကျွန်တော်က မစ္စတာယဲ့ဆီမှာ အလုပ်လုပ်နေတာ။ ကောက်ရတဲ့ အိမ်လခတွေအကုန်လုံးက သူ့ဆီကို ရောက်သွားတာပဲ"
အမလေး...
မန်နေဂျာချန်း၏ စကားကို ကြားသောအခါ ကျန်းယန် အသက်ရှူမှားသွားလေသည်။
ကျန်းယန်၏ ကောင်မလေးလည်း အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။
ယဲ့ချန်းက ကျောင်းခရိုင်တိုက်ခန်းနှစ်ရာ၏ ပိုင်ရှင်ဖြစ်နေပေသည်။ လစဉ်လတိုင်း အိမ်လခများ ကောက်နေရုံဖြင့် ဘယ်လောက်များ ရနေလေမလဲ။
သူနှင့် သူ့ကောင်မလေးတို့ ယခုလေးတင် ယဲ့ချန်းကို လှောင်ပြောင်ခဲ့မိကြောင်း တွေးမိသောအခါ နှစ်ယောက်စလုံး၏ မျက်နှာများမှာ အရှက်တရားကြောင့် ပူထူသွားသည်။
ယဲ့ချန်းက အိမ်ရှင်ဖြစ်ပြီး သူတို့က အိမ်ငှားမျှသာ ဖြစ်သော်လည်း ဆင်းရဲသည်ဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည်။
ကျန်းယန်၏ကောင်မလေးကလည်း အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။
"ဒါဆို ရှင်က မစ္စတာယဲ့ပေါ့။ ကျွန်မတို့ရဲ့ကျန်းယန်က ရှင့်မှာ အရှိန်အဝါရှိတယ်လို့ အမြဲပြောဖူးတယ်။ ဒီနေ့ကြည့်ရတာတော့ တကယ့်ကို အပြောသက်သက်မဟုတ်ဘူးပဲ"
ယဲ့ချန်းမှာမူ ဆွံ့အသွားလေသည်။
စာအုပ်လှန်တာထက်တောင် မျက်နှာပြောင်းတာ ပိုမြန်နေသေးတယ်။
"ဒီလိုလုပ်ပါလား ယဲ့ချန်း... အချင်းချင်း မတွေ့ဖြစ်တာလည်း ကြာပြီဆိုတော့ ကျန်းယန်ကို သေချာလေး ဧည့်ခံခိုင်းလိုက်မယ်လေ"
ကျန်းယန် : "ကိုယ်တို့ မင်းမိဘတွေနဲ့ သွားတွေ့ရမှာ မဟုတ်ဘူးလား"
"မိဘတွေနဲ့တွေ့ဖို့ ဘာလို့လောနေမှာလဲ။ အတန်းဖော်ဟောင်းတွေဆုံတာ ရှားတယ်လေ။ ကျွန်မတို့ အတူတူလျှောက်လည်သင့်တာပေါ့"
ယဲ့ချန်းက ရယ်လိုက်လေသည်။
"ဆောရီးပါကွာ။ မင်းတို့ကို ငါ မနှောင့်ယှက်တော့ပါဘူး။ ပါဆယ်တွေ ပို့ရဦးမှာမို့"
ထို့နောက် ယဲ့ချန်းက အနီးအနားတွင် ရပ်ထားသော ကူလီနန်ကားပေါ်သို့တက်ကာ ထွက်ခွာသွားလေတော့သည်။
ဤသို့သောသူငယ်ချင်းမျိုးမှာ ပေါင်းရကျိုးမနပ်ပေ။
အခြေအနေမကောင်းချိန်တွင် နင်းချေတတ်ပြီး အောင်မြင်ချိန်တွင် မျက်နှာချိုသွေးတတ်သည့် ဤသို့သော အတန်းဖော်ဟောင်းများကို ဝေးဝေးရှောင်နေခြင်းက အကောင်းဆုံးပင်။
ယဲ့ချန်းတစ်ယောက် ကူလီနန်ကားကိုမောင်း၍ ထွက်သွားသည်ကို ကြည့်ရင်း ကျန်းယန်၏ ကောင်မလေးက ခြေဆောင့်လိုက်သည်။
"ရှင့်ရဲ့အတန်းဖော်ကိုကြည့်စမ်း။ ပြီးတော့ ရှင့်ကိုယ်ရှင် ပြန်ကြည့်။ သနားစရာကောင်းလိုက်တာ။ ရှင့်ကိုယူပြီးရင်တောင်မှ ကျွန်မက အိမ်ငှားနေရဦးမယ်"
"ငါက ဘာဖြစ်နေလို့လဲ။ တစ်လကို ငါးသောင်းရတာ နည်းတဲ့ပိုက်ဆံမှမဟုတ်တာ"
"မနည်းဘူး ဟုတ်လား။ ရှင်က ငါးသောင်းရတယ်။ ရှင့်အတန်းဖော်ဆီကို လေးသောင်းရောက်သွားပြီ။ ဘာကျန်သေးလို့လဲ။ ကိုယ်ပိုင်အိမ်မဝယ်နိုင်ရင် ကျွန်မ လက်မထပ်နိုင်ဘူး"
ထိုအမျိုးသမီးက ဒေါသတကြီး ပြောလိုက်လေသည်။
"မင်း... ကောင်းပြီလေ။ လက်မထပ်နိုင်ရင်လည်း လမ်းခွဲကြတာပေါ့"
မန်နေဂျာချန်းကမူ ငြင်းခုံနေကြသော ထိုစုံတွဲကို နေရခက်စွာ ကြည့်နေမိသည်။
ငါများ စကားပြောမှားသွားသလား။
...
ယဲ့ချန်းက တစ်နေကုန် ပါဆယ်လိုက်ပို့နေခဲ့သော်လည်း စနစ်၏ ဆုလာဘ်များကတော့ ရောက်မလာချေ။
ယနေ့ကား သူ့အတွက် ကံကောင်းသောနေ့ မဟုတ်လေဟန်ပင်။
ထိုအချိန်တွင် ရှောင်ယာထံမှ ဖုန်းဝင်လာခဲ့သည်။
"အစ်ကိုယဲ့ချန်း... ဘယ်တော့လောက် ရောက်လာမှာလဲ"
ထိုအခါမှသာ ညနေဘက်တွင် ပါတီတက်မည်ဟု ရှောင်ယာကို ကတိပေးထားခဲ့ကြောင်း ယဲ့ချန်း သတိရသွားသည်။
"ဪ... ပါဆယ်ပို့ရတာက ပင်ပန်းလိုက်တာ။ ရေပိုက်တွေ မီးသီးတွေ ပြင်ရုံတင်မကဘူး။ အထက်တန်းကျောင်းသားတွေ စာလုပ်မလုပ်ကိုပါ ကြီးကြပ်ပေးရသေးတယ်"
ယဲ့ချန်းလည်း လိုင်ကန်ကားကို မောင်းနှင်၍ ပါတီကျင်းပမည့် စတားလိုက်ကေတီဗီသို့ ရောက်လာခဲ့သည်။
ရှောင်ယာက တံခါးဝတွင် စောင့်နေချေသည်။ ယဲ့ချန်းကို မြင်သောအခါ သူ(မ)က စိတ်လှုပ်ရှားစွာ ပြေးလာပြီး ယဲ့ချန်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ယဲ့ချန်းက နေရခက်စွာ ပြုံးလိုက်လေသည်။
"ရှောင်ယာ... တအားတင်းနေအောင် ကိုင်ထားစရာမလိုပါဘူး။ အစ်ကို ထွက်မပြေးပါဘူးကွာ"
ရှောင်ယာ : "ဟားဟား... တင်းတင်းကိုင်ထားရမှာပေါ့။ ဒါမှ ချစ်သူတွေနဲ့တူမှာလေ"
သီးသန့်ခန်းထဲတွင် အတန်းဖော်အချို့က စကားစမြည်ပြောနေကြသည်။
"ရှောင်ယာ့မှာ ချစ်သူရှိတယ်လို့ တစ်ခါမှမကြားမိပါဘူး"
"ဟွန့်.. သူ့ချစ်သူက ဘယ်သူပဲဖြစ်ဖြစ် ငါတို့တွေအားလုံးကို စောင့်ခိုင်းထားပုံထောက်ရင် တော်တော်အရေးပါတဲ့လူဖြစ်ရမယ်"
"သခင်လေးစွန်း စိတ်မပူပါနဲ့။ ရှောင်ယာ့ကိုရအောင် ကျွန်တော်တို့ကူညီပေးမှာပါ"
ယဲ့ချန်းက အခန်းထဲသို့ ဝင်လာပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ အားလုံးက လူငယ်အဆိုးအပေလေးများဖြစ်သော်လည်း သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် ဒုတိယမျိုးဆက် သူဌေးသားများ ဖြစ်နေပေသည်။
ရှောင်ယာ၏ မိသားစုနောက်ခံကလည်း ကောင်းမွန်ဟန်ပင်။ ထို့ကြောင့် သူ(မ)၏ သူငယ်ချင်းများကလည်း ချမ်းသာကြခြင်းပင်။
ယနေ့ ရှောင်ယာက အတွန့်ပါသော ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဖန်သားဒေါက်မြင့်ဖိနပ်ကိုစီးကာ မိတ်ကပ်ပါးပါးလေး လိမ်းထားသဖြင့် အလွန်လှနေလေသည်။
သူ(မ)၏အသက်အရွယ်တွင် ရှောင်ယာက ပွင့်လန်းခါစ ပန်းလေးတစ်ပွင့်ဖြစ်ပြီး လူငယ်သဘာဝ ဆွဲဆောင်မှုများ ပေါ်လွင်နေချေသည်။
ကေတီဗီထဲတွင် အတန်းဖော်များက ရယ်ကာမောကာ စကားပြောနေကြသော်လည်း ရှောင်ယာကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘဲ ယဲ့ချန်း၏ အနားတွင်သာ ကပ်နေလေသည်။
ထိုအဖြစ်ကိုကြည့်ကာ စွန်းကျယ်၏ အမူအရာကား ခက်ထန်သွားသည်။
ဤတွေ့ဆုံပွဲမှာ ရှောင်ယာအတွက် အထူးရည်ရွယ်၍ စီစဉ်ထားခြင်းပင်။
သို့သော် ရှောင်ယာက ဤနေရာတွင် အခြားယောကျ်ားတစ်ယောက်နှင့် ပရောပရည်လုပ်နေလေသည်။
ထို့နောက် အကတေးဂီတများ ဖွင့်လိုက်၏။
ရှောင်ယာက ယဲ့ချန်းကို ကပွဲကြမ်းပြင်ပေါ်သို့ ဆွဲခေါ်သွားသည်။
ကပွဲကြမ်းပြင်ပေါ်တွင် လူပြည့်ကျပ်နေပြီး ရှောင်ယာကမူ ယဲ့ချန်း၏လက်ကိုကိုင်၍ အစပိုင်းတွင် ကြော့ကြော့မော့မော့လေး ကနေလေသည်။
သို့သော် မကြာခင်မှာပင် တစ်ခုခုလွဲချော်နေပြီဖြစ်ကြောင်း ယဲ့ချန်း သတိထားမိလိုက်သည်။ သူ(မ)က မသိမသာဖြင့် ခန္ဓာကိုယ်ကို သူ့အပေါ်သို့ မှီချလာသည်။
သူတို့နှစ်ယောက်မှာ အလွန်နီးကပ်နေပြီး ယဲ့ချန်းအနေနှင့် ရှောင်ယာ၏ ဝင်သက်ထွက်သက်ကိုပင် ခံစားမိသည်။ ကနေစဉ်အတွင်း သူ(မ)က အမူအရာအမျိုးမျိုးလည်း လုပ်ပြနေသည်။
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့သွားလေသည်။
"ရှောင်ယာ... လူတွေရှိတယ်နော်။ နည်းနည်းလောက် ထိန်းလို့မရဘူးလား"
"အစ်ကိုက ဒီလောက်အလုပ်များနေတာတောင် ကျွန်မကို ကူညီပေးသေးတာပဲ။ အစ်ကို့ကို ကောင်းကောင်းကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား"
ရှောင်ယာ၏ မျက်လုံးများက အထာပေးလေဟန် အရိပ်အယောင်များဖြင့် တောက်ပသွားသည်။
ရှောင်ယာက အီစီကလီလုပ်နေသောကြောင့် ယဲ့ချန်းခမျာ ပျာယာခတ်သွားလေသည်။
"ဟေး... ဒါက ဖောက်သည်ကို ဝန်ဆောင်မှုပေးတဲ့ ငါ့နည်းလမ်းမဟုတ်ဘူးလား"
ယဲ့ချန်း ရှောင်တိမ်းချင်သော်လည်း ကပွဲကြမ်းပြင်ပေါ်တွင် လူများပြည့်ကျပ်နေသဖြင့် သူ့အတွက် ပြေးစရာ မြေမရှိချေ။
ခဏအကြာမှာပင် သူ(မ)၏ စနောက်မှုများကြောင့် ယဲ့ချန်းတစ်ယောက် ထိန်းချုပ်မှုလွတ်ထွက်တော့မလို ခံစားလိုက်ရသည်။
••••••••••••••••••••••••