← Chapters

အခန်း ၇၁၂

Vol. 48 Ch. 712

အခန်း ၇၁၂

Vol. 48 Ch. 712

အပိုင်း ၇၁၂ : သားရဲထိန်းကျောင်းခြင်းစနစ် အဆင့်တက်ခြင်း

ယဲ့ချန်းမှာ ဆွံ့အသွားသည်။

သူက ရေပိုက်ပြင်ပေးရုံလေးပါ။ ဘယ်လိုလုပ်ပြီး ကောလာဟလချစ်သူ ဖြစ်သွားရတာလဲ။

"ဪ... ဟုတ်သားပဲ။ ကျွန်တော် သွားရဦးမယ်။ ပို့စရာပစ္စည်းတွေ ကျန်သေးတယ်"

ယဲ့ချန်းက ပြောလိုက်သည်။

ယဲ့ချန်း ထွက်သွားတော့မည့်ဆဲဆဲတွင် ရှောင်တိက ရုတ်တရက် လှမ်းပြောလိုက်သည်။

"ယဲ့ချန်း... ခဏနေပါဦး"

"ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်းက အနည်းငယ်အပြစ်မကင်းလေဟန်ဖြင့် မေးလိုက်သည်။

ပစ္စည်းပို့နေချိန်တွင် သူ မကြားချင်ဆုံးစကားမှာ တစ်ယောက်ယောက်က သူ့ကို ခဏစောင့်ပါဦးဟု ပြောခြင်းပင်။

အဘယ်ကြောင့်ဆိုသော် မိန်းကလေးတစ်ယောက်က သူ့ကို စောင့်ခိုင်းပြီဆိုလျှင် တစ်ခုခုတော့ သေချာပေါက် ရှိနေတတ်သောကြောင့်ပင်။

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။

"မိန်းကလေးရှောင်တိ... ရေပိုက် ထပ်ပျက်သွားပြန်ပြီလို့တော့ မပြောနဲ့နော်"

ရှောင်တိက ခေါင်းခါပြီး ပြောလိုက်၏။

"ဆရာဟယ်ရဲ့ အစီအစဉ်ဖိတ်ကြားချက်ကို ရှင် ငြင်းလိုက်တာလား"

ရှောင်တိလည်း ယဲ့ချန်းက အစီအစဉ်ကို ငြင်းပယ်လိုက်ကြောင်း ဆရာဟယ်ထံမှ သိထားသဖြင့် သိချင်စိတ်များ ပြင်းပြနေခဲ့သည်။

တကယ်တော့ ဆရာဟယ်က ယဲ့ချန်းကိုပါဝင်ရန် ဖိတ်ကြားရခြင်းမှာ ရှောင်တိနှင့် သူ့ဆက်ဆံရေးကို ရှင်းလင်းရန် တစ်ပိုင်း၊ အစီအစဉ်၏ ကြည့်ရှုနှုန်းတက်ရန်ကား တစ်ပိုင်းပင်။

ပြန်ကြားရေးအဖွဲ့က ကိစ္စရပ်များကို အေးအေးဆေးဆေး ဖြစ်အောင် ဖြေရှင်းထားပြီးဖြစ်သော်လည်း ပရိသတ်များမှာ ပြိုင်ကားဖြင့် ပစ္စည်းလိုက်ပို့နေသော အမျိုးသားအကြောင်း သိချင်နေကြဆဲပင်။

ဤမျှလူပြောများနေချိန်တွင် ယဲ့ချန်းသာ အစီအစဉ်တွင် ပါဝင်လာပါက သေချာပေါက် အောင်မြင်မည်သာ။

ယဲ့ချန်း၏ ရုပ်ရည်အရဆိုလျှင် သူကိုယ်တိုင်လည်း အလွန်နာမည်ကြီးလာနိုင်ခြေရှိ၏။

သို့သော်လည်း ယဲ့ချန်းဘက်က ငြင်းပယ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

သူငြင်းပယ်ရသည့် အကြောင်းပြချက်မှာ လူတိုင်းကို ပို၍ပင် စိတ်ပျက်သွားစေသည်။

အကြောင်းမှာ သူ့အနေနှင့် ပစ္စည်းပို့ရမည်တဲ့။

ပစ္စည်းပို့တာနဲ့ နာမည်ကြီးအနုပညာရှင်ဖြစ်တာကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။

လူတစ်ရာမှာ တစ်ရာလုံးက နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ကြသည်မဟုတ်လော။

သို့သော် ယဲ့ချန်းကမူ ပစ္စည်းပို့ခြင်းကို ရွေးချယ်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။

ဤသည်မှာ မည်သူမှ ကြိုတင်မမျှော်မှန်းထားသော ကိစ္စပင်။

'ပျော်ရွှင်သောဘဝ'အစီအစဉ်တွင် ပါဝင်ခွင့်ရရေးမှာ လူအများအပြားအတွက် အိပ်မက်တစ်ခုပင်။

တချို့ဆိုလျှင် အခွင့်အရေးရရန်အတွက် အဆက်အသွယ်မျိုးစုံကို အသုံးချပြီး အခက်အခဲများစွာကို ဖြတ်သန်းကြရသည်။

ဆရာဟယ်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

ငါ့အစီအစဉ်က အရမ်းဆိုးဝါးနေလို့များ အလကားဖိတ်တာတောင် လူတွေကို မဆွဲဆောင်နိုင်တော့တာလား။

ထိုကိစ္စအတွက် ရှောင်တိခမျာ ဆရာဟယ်ကို အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးခဲ့ရသည်။

ရှောင်တိက သူ(မ)နှင့် ယဲ့ချန်းကြားတွင် ဤမျှ ရေစက်ပါလိမ့်မည်ဟု မထင်ထားပေ။ ဤနေရာတွင် သူ့ကို မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

ယဲ့ချန်းက အလွန်ချောမောနေဆဲဖြစ်ပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သူ(မ)ကို ရူးသွပ်သွားစေနိုင်သည်။

ယဲ့ချန်းလည်း အနေခက်စွာ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော် အခုတလော တော်တော်လေး အလုပ်များနေလို့ပါ။ ကျွန်တော့်မှာ ပို့စရာပစ္စည်းတွေ အများကြီးရှိနေသေးတာ တွေ့လား။ အစီအစဉ်တွေမှာ ပါဝင်ဖို့ အချိန်မရှိဘူးဗျ"

"ရှင်နော်... အဲဒီအစီအစဉ်မှာ ပါခွင့်ရဖို့ ဘယ်လောက်ခက်လဲဆိုတာ သိရဲ့လား။ ဒါကို ရှင်က ပစ္စည်းပို့ဖို့အတွက်နဲ့ နာမည်ကြီးမယ့်အခွင့်အရေးကို စွန့်လွှတ်လိုက်တယ်ပေါ့"

ရှောင်တိမှာ ယဲ့ချန်းအကြောင်း ပိုစိတ်ဝင်စားသွားသည်။

သူက ထူးဆန်းသည့် လူတစ်ယောက်လို ခံစားနေရသည်။

ယဲ့ချန်းကမူ ရယ်မောလိုက်၏။

"ဟားဟား... လူတစ်ယောက်နဲ့ တစ်ယောက် အိပ်မက်တွေ ရည်မှန်းချက်တွေ မတူကြဘူးလေ"

ထိုသို့ပြောနေစဉ် ယဲ့ချန်းက အလွန်ပေါ့ပေါ့ပါးပါးရှိနေပြီး ဘာကိုမှဂရုမစိုက်သည့် ဟန်ပန်ကို ပြသနေသည်။

ယဲ့ချန်းက အစီအစဉ်ကို ငြင်းပယ်လိုက်သော်လည်း ယဲ့ချန်းအပေါ်ထားရှိသော ရှောင်တိ၏ သဘောကျမှုကတော့ ပိုမိုအားကောင်းလာခဲ့သည်။

ဤအမျိုးသားက ချောမောပြီး ဆွဲဆောင်မှုရှိကာ ဘဝကို ပေါ့ပေါ့ပါးပါးနေထိုင်တတ်သည့် စိတ်နေသဘောထားမျိုး ရှိသည်။

ရှောင်တိက ရုတ်တရက်ပြောလိုက်လေသည်။

"ဒါနဲ့ ယဲ့ချန်း... ကျွန်မ စတူဒီယိုတစ်ခု ဖွင့်ဖို့ စီစဉ်နေတာ။ ရှင်လာပြီး မကူညီပေးချင်ဘူးလား"

ဘာတွေလဲဟ။

ဤစကားကို ကြားသောအခါ ယဲ့ချန်း မှင်တက်သွားသည်။

ဤအမျိုးသမီးချောလေးက သူ့ကို သူ(မ)တို့၏ ကုမ္ပဏီတွင် အလုပ်လုပ်ရန် ဖိတ်ခေါ်နေခြင်းပင်။

ရှောင်တိက ရယ်မောလိုက်၏။

"မစိုးရိမ်ပါနဲ့။ ရှင့်ကို နစ်နာအောင် မလုပ်ပါဘူး။ တစ်နှစ်ကို အခြေခံလစာတစ်သန်းရဖို့ အာမခံပါတယ်"

ရိုးရိုးသားသားပြောရလျှင် ဤလစာမှာ မနည်းလှပေ။

ကောလာဟလများကြောင့် ယဲ့ချန်းက အတန်ငယ် နာမည်ကြီးနေသော်လည်း ဤလစာမှာ ထိပ်တန်း အနုပညာရှင်များအတွက်ပင် အခြေခံလစာဖြစ်နေချေပြီ။

ထို့ပြင် ဖျော်ဖြေရေးလောကရှိ ရှောင်တိ၏ အဆက်အသွယ်များနှင့် အဆင့်အတန်းအရဆိုလျှင် ယဲ့ချန်းအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်သည်။

အရေးအကြီးဆုံးအချက်မှာ ရှောင်တိသည် အလွန်လှပသော မိန်းမချောလေးတစ်ဦး ဖြစ်နေခြင်းပင်။

ထို့ကြောင့် သိပ်မနာမည်ကြီးသော ကြယ်ပွင့်များက ရှောင်တိ၏ ကုမ္ပဏီသို့ ဝင်ရောက်ချင်ကြသည်။

သို့သော် ဤသွေးဆောင်မှုများအားလုံးက ယဲ့ချန်းအတွက်တော့ စနစ်၏ ဆုကြေးများလောက် ဆွဲဆောင်မှုမရှိပေ။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"မိန်းကလေးရှောင်တိက ကျွန်တော့်ကို တကယ် အထင်ကြီးနေတာပဲ။ ကျွန်တော်က သာမန် ပစ္စည်းပို့သမားလေးပါ။ ဒီလိုလစာမျိုးနဲ့ မထိုက်တန်ပါဘူးဗျာ။ အဲဒါကြောင့် လက်မခံနိုင်တာကို ခွင့်လွှတ်ပါ"

ယဲ့ချန်းက ပါးနပ်စွာ ငြင်းဆိုခဲ့သော်လည်း ရှောင်တိမှာမူ အနည်းငယ် နှမြောတသဖြစ်နေဆဲပင်။

"ယဲ့ချန်း... ရိုးရိုးသားသားပြောရရင် ရှင်သာ ဖျော်ဖြေရေးလောကထဲ ဝင်လာမယ်ဆိုရင် အလန်းဆုံးနာမည်ကြီးစတားတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်မ အာမခံတယ်"

ယဲ့ချန်းက ခပ်ဟဟပြုံးလိုက်သည်။ တကယ်တော့ ယဲ့ချန်းက အလွန်နာမည်ကြီးနေလေပြီ။ ဆွဲဆောင်မှုတန်ဖိုး လျှော့ချထားခြင်းကြောင့်သာ။ သူပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များနှင့် ဇာတ်ကားများအားလုံးနီးပါး ပေါက်သွားခဲ့သည်။ ယဲ့ချန်းက အနှောင့်အယှက်ကင်းစေရန် ဆွဲဆောင်မှုတန်ဖိုးကို လျှော့ချထားခဲ့သောကြောင့် စနစ်၏လွှမ်းမိုးမှုကို ခံထားရသူများက သူ့ကို သာမန်လူတစ်ယောက်အဖြစ်သာ မြင်ကြခြင်းဖြစ်၏။

ရှောင်တိက ယဲ့ချန်းအပေါ် အလွန်ယုံကြည်မှုရှိနေပေသည်။

သူ(မ)၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သူ(မ) ယုံကြည်သည်။

ထို့ပြင် ရှောင်တိသည် အခြားကြယ်ပွင့်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ယခင်က ဖိတ်ခေါ်ဖူးခြင်း မရှိပေ။

"ကောင်းပြီလေ... ကျွန်မ ရှင့်ကို တစ်နှစ် ငါးသန်းပေးမယ်"

ရှောင်တိက ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ(မ)က ကုမ္ပဏီကို အကုန်ကြီးကြပ်ရသူဖြစ်၏။ ပါရမီရှင်ရှာဖွေသူများကသာ ကြယ်ပွင့်များကို ရှာဖွေရခြင်းပင်။

အလွန်လှပ၍ ဆွဲဆောင်မှုရှိသော ရှောင်တိက သူ့ကို ထပ်ခါတလဲလဲ ဖိတ်ခေါ်နေသဖြင့် ယဲ့ချန်း အနည်းငယ် နေရခက်သွားသည်။

ယဲ့ချန်းလည်း သက်ပြင်းချပြီး ပြောလိုက်၏။

"ရက်ရက်ရောရော ဖိတ်ခေါ်ပေးတဲ့အတွက် မိန်းကလေးရှောင်တိကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ပစ္စည်းပို့ရတာက ပိုသင့်တော်မယ်လို့ ထင်ပါတယ်... ကျေးဇူးပါပဲ"

ငါးသန်းပေးမည်ဟု ကမ်းလှမ်းလာသော်လည်း ယဲ့ချန်းက ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည်။

ဤအဖြစ်ကြောင့် ရှောင်တိနှင့် ကျွမ်းရှောင်ဖေးတို့ နှစ်ယောက်စလုံး ဆွံ့အသွားရသည်။

အထူးသဖြင့် ကျွမ်းရှောင်ဖေးမှာ အလွန်နာမည်ကြီးသော ကြယ်ပွင့်တစ်ဦးဖြစ်သော်လည်း သုံးသန်းသာ ရသည်။

ထိုအချိန်တွင် အလှလေးနှစ်ယောက်စလုံးမှာ ယဲ့ချန်းအကြောင်း ပိုသိချင်လာကြသည်။

ဒီအမျိုးသားက ဘယ်သူလဲ။ သူက တကယ်ပဲ ငွေမလိုတာလား။ ပြီးတော့ ဂုဏ်သတင်းနဲ့ ဓနဥစ္စာတွေအပေါ် တကယ်ဂရုမစိုက်တာလား။

ဤမျှ ပေါ့ပေါ့ပါးပါး နေတတ်သည့် အမျိုးသားမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အရေးအကြီးဆုံးမှာ ဤအမျိုးသားသည် ပစ္စည်းပို့သမားတစ်ဦး ဖြစ်နေခြင်းပင်။

ရှောင်တိ သက်ပြင်းချလိုက်သည်။

ယဲ့ချန်းမှာ နေရခက်စွာပြုံးပြီး ပြောလိုက်၏။

"ကဲ အလှလေးတို့... ကျွန်တော် သွားတော့မယ်။ နောက်မှ ပြန်တွေ့ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ပေါ့ပေါ့ပါးပါး လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားသည်။

ဤအမျိုးသားက တကယ်ဆွဲဆောင်မှုရှိသည်။

အခြားယောကျ်ားများသာဆိုလျှင် ရှောင်တိနှင့် ကျွမ်းရှောင်ဖေးကဲ့သို့ အလှလေးများကို မြင်ပါက ထွက်သွားရန် ဆန္ဒရှိကြမည်မဟုတ်ပေ။

သို့သော် ယဲ့ချန်းကတော့ ကြယ်ပွင့်ဖြစ်လာနိုင်မည့် အခွင့်အရေးကို တကယ်စွန့်လွှတ်လိုက်သည်။

အရေးအကြီးဆုံးကား အခြားယောကျ်ားများက သူတို့ကို မကောင်းသော ရည်ရွယ်ချက်များဖြင့် ကြည့်တတ်ကြသော်လည်း ယဲ့ချန်း၏ မျက်လုံးများကတော့ အလွန်ကြည်လင်နေသည်။

ယဲ့ချန်း ဟိုတယ်ထဲက ထွက်လာပြီး သက်ပြင်းတစ်ချက်ချလိုက်၏။

"ဟူး... နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ တော်တော်အန္တရာယ်များတာပဲ"

ရှောင်တိက သူ့ကို ကုမ္ပဏီထဲသို့ ဆွဲသွင်းရန် ငါးသန်းအထိ ကမ်းလှမ်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယဲ့ချန်းသာ ထပ်နေမည်ဆိုပါက နောက်ပြောင်ပြောရလျှင် သူ(မ)ကိုယ်သူ(မ)ပင် ပေးအပ်လာနိုင်ချေရှိသည်။

[တင်! အိမ်မွေးတိရစ္ဆာန်တွေကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ အလယ်အလတ်အဆင့် သားရဲထိန်းကျောင်းခြင်းစွမ်းရည်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်]

အိမ်မွေးတိရစ္ဆာန်တွေက အဆင့်မြှင့်လို့ရတယ်ပေါ့

ယဲ့ချန်း ကြက်သေသေသွားသည်။

စနစ်က ဘယ်အိမ်မွေးတိရစ္ဆာန်ကိုမဆို အဆင့်မြှင့်ပေးနိုင်တာလား။

ယင်ကောင် ဒါမှမဟုတ် ခြင်တို့လိုမျိုးလား။

[သေချာတာပေါ့။ အိမ်မွေးတိရစ္ဆာန်ကို စနစ်က ဖမ်းယူထားပြီး ပိုင်ရှင်က ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုထားသရွေ့ အဆင့်မြှင့်တင်နိုင်ပါတယ်]

မိုက်လိုက်တာ...

ယဲ့ချန်းက စနစ်မှာ အံ့ဖွယ်ကောင်းကြောင်းတွေးတောနေစဉ် သူ့ရှေ့တွင် အရိပ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

ဟိုက်...

ယဲ့ချန်း လန့်ဖျပ်သွားသည်။

ဒါက လူလိမ်လား။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည် ရှိနေချေသည်။

ယဲ့ချန်းလည်း ထိုလူကို လှမ်းကြည့်လိုက်လေရာ ကားရှေ့တွင် ရပ်နေသော ဆံပင်ခပ်ရှည်ရှည် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။

သူ(မ)၏ပုံစံမှာ ရင်းနှီးနေသလိုပင်။ နောက်ဆုံးတွင်မူ ယဲ့ချန်း သူ(မ)ကို မှတ်မိသွားသည်။

ယဲ့ချန်း နောက်ဆုံးတော့ သူ(မ)ကို မှတ်မိလိုက်လေပြီ။

ဒါက ဟိုတစ်နေ့က အင်တာနက်ဆယ်လီမလေး မဟုတ်ဘူးလား။

သူ ဘာကြံနေတာလဲ။ ငါ့ကားကို တမင်တကာ ဝင်တိုက်ဖို့များ လုပ်နေတာလား။

ထိုအချိန်က ဤအင်တာနက်ဆယ်လီမလေးသည် ပလပ်စတစ်ဆာဂျရီလုပ်ထားကြောင်း ယဲ့ချန်း သတိပြုမိခဲ့သည်။

တစ်ကိုယ်လုံးက စက်ရုံထုတ်ကုန်တစ်ခုလိုပင် ဖြစ်နေလေသည်။

ယဲ့ချန်းလည်း နေရခက်စွာ မေးလိုက်၏။

"မိန်းကလေး... ပစ္စည်းပို့ချင်လို့လား"

•••••••••••••••••••••••

All Chapters