အခန်း ၇၁၈
Vol. 48 Ch. 718
အပိုင်း ၇၁၈ : ငါ့ကို ဘယ်ခေါ်သွားမလို့လဲ
ယဲ့ချန်းကလည်း ကျိုးစုစု၏အမူအရာ ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သော်ငြား ဘာမှ
ဝင်မမေးခဲ့ပေ။
ထိုအမျိုးသားက အမျိုးသမီးတစ်ယောက်ကို သူတို့ရှိရာဘက်သို့ ခေါ်လာခဲ့သည်။
ယဲ့ချန်းကလည်း ထိုစုံတွဲကို လှမ်းကြည့်လိုက်သည်။ အမျိုးသားဖြစ်သူက ဂူချီဝတ်စုံအပြာရင့်ရောင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဂျယ်လ်အများကြီး သုတ်လိမ်းထားသည့်နှယ် ပြောင်လက်နေကာ ဖိနပ်ကလည်း ပြောင်လက်တောက်ပနေသည်။
အမျိုးသမီးဖြစ်သူကမူ ခရမ်းရောင်ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားပြီး လည်ပင်း၊ နားရွက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများတွင် လက်ဝတ်ရတနာများ ဆင်ယင်ထားကာ သူဌေးပေါက်စတစ်ယောက်၏ အသွင်အပြင်မျိုး အပြည့်အဝ ပေါက်နေလေသည်။
ထိုအမျိုးသားက ကျိုးစုစုကို လှောင်ပြောင်လေဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။
"စုစု... မင်း ငါနဲ့လမ်းခွဲပြီးကတည်းက အဆင့်တွေ တော်တော်ကျသွားပါလား။ ပစ္စည်းပို့သမားနဲ့တောင် တွဲနေတာကိုး"
"ကျန်းခိုင် စကားပြောဆင်ခြင်နော်။ ဒီမှာ ပေါက်ကရတွေ လာမပြောနဲ့"
ကျိုးစုစုက ဒေါသတကြီး ပြောလိုက်သည်။
"စုစုရယ်... ရည်းစားဟောင်းတစ်ယောက်အနေနဲ့ မင်း ဒီလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချနေတာကို မြင်ရတာ ငါ တကယ်စိတ်မကောင်းဖြစ်ရတယ်"
ကျန်းခိုင်က ဟန်ဆောင်ပန်ဆောင် သနားသည့်ဟန်ဖြင့် ပြောလိုက်သည်။
ခရမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်၏။
"အားခိုင်... ဒါက ရှင်ပြောဖူးတဲ့ ရည်းစားဟောင်းဆိုတာလား။ သူ့အဆင့်အတန်းကလည်း တော်တော်ထူးခြားတာပဲ။ ဒါကြောင့်လည်း ရှင် သူ့ကို ထားခဲ့တာနေမှာပေါ့"
ကျိုးစုစု၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး ခရမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးက မနာလိုဖြစ်သွားလေသည်။ ငန်းဖြူလေးနှယ် လှပနေသည့် ကျိုးစုစု၏ဘေးနားတွင် သူ(မ)မှာ ငန်းရုပ်ဆိုးမလေးတစ်ကောင်လို ခံစားလိုက်ရသည်။
သူ(မ)၏ ရည်းစားဖြစ်သူက ကျိုးစုစုကို ထိုသို့ လှောင်ပြောင်နေကြောင်း ကြားလိုက်ရသဖြင့် အားကျမခံဝင်နှိမ်ကာ ဒေါသဖြေလိုက်ခြင်းပင်။
"ရှောင်ရွှယ်... သူက မင်းနဲ့ ဘယ်ယှဉ်လို့မှာလဲ"
ကျန်းခိုင်က ခရမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးကို အချစ်မျက်ဝန်းများဖြင့်ကြည့်၍ ပြောလိုက်သည်။
ဘေးနားတွင် အမဲသားလွှာစားနေသည့် ယဲ့ချန်းမှာ အစကတော့ ဤစုံတွဲကို ဂရုမစိုက်ချင်ခဲ့သော်လည်း သူတို့၏ တတွတ်တွတ်စကားသံများက သူ၏စားချင်သောက်ချင်စိတ်ကို အလွန်ပျက်စီးသွားစေသည်။
သူလည်း ခက်ရင်းကိုချထားပြီး အရှေ့ရှိ စုံတွဲကို ကြည့်ကာ ပြောလိုက်လေတော့သည်။
"ဒီစားသောက်ဆိုင်ရဲ့ သန့်ရှင်းရေးကတော့ တော်တော်အားနည်းတာပဲ။ ယင်ကောင်နှစ်ကောင် ဝင်လာတာတောင် ဘယ်သူမှ မနှင်ထုတ်ကြဘူး"
ထိုစကားကိုကြားသော် ကျိုးစုစုက ပါးစပ်အုပ်ကာ ရယ်မောလိုက်သည်။
သူတို့ဘေးရှိ ကျန်းခိုင်၏ မျက်နှာကတော့ အနည်းငယ်ပျက်ယွင်းသွားသည်။ ယဲ့ချန်း ဘာကိုဆိုလိုသလဲဆိုသည်ကို သူ ကောင်းကောင်းနားလည်လိုက်သောကြောင့်ပင်။
"ဟေ့ကောင်.. မင်းက ပစ္စည်းပို့သမားအဆင့်ပဲ ရှိသေးတာ။ ငါ့ကို ဘာပြောပိုင်ခွင့်ရှိလို့ လာပြောနေတာလဲ"
ကျန်းခိုင်က ယဲ့ချန်းကို လက်ညိုးထိုး၍ ဒေါသတကြီး ပြောလိုက်လေသည်။
"မင်းပြောတာ မှန်ပါတယ်။ ငါက ပစ္စည်းပို့တဲ့ကောင်ပါ။ ဒါပေမဲ့ တခြားလူတွေကို မှီခိုစားသောက်နေတဲ့ လူတချို့နဲ့မတူတာကတော့ ငါက ကိုယ့်လုပ်စာနဲ့ ရှာဖွေစားသောက်နေတာလေ"
ယဲ့ချန်းက တဲ့တိုးတုံ့ပြန်လိုက်သည်။
မကြာသေးခင်က ကိုယ်ရေးအကျဉ်းစနစ်ကတစ်ဆင့် ကြည့်ထားသောကြောင့် ဤကျန်းခိုင်က ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို သူ(မ)မိသားစု၏ ချမ်းသာကြွယ်ဝမှုကြောင့်သာ ကောင်းပေးနေခြင်းဖြစ်ပြီး မိန်းမထဘီနားခိုစားနေသူဖြစ်ကြောင်း ယဲ့ချန်းသိထားသည်။
ယဲ့ချန်း၏စကားကြောင့် ကျန်းခိုင်၏ အမူအရာမှာ ပိုဆိုးဝါးသွားသည်။ သူ အကြောက်ဆုံးအရာမှာ မိန်းမထဘီနားခိုစားနေသည်ဟု အပြောခံရခြင်းပင်။ ယခုတော့ ယဲ့ချန်းက သူ့အနာကို ကွက်တိ ထိုးနှက်လိုက်ချေသည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ယဲ့ချန်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"နင့်ဝတ်ပုံစားပုံကိုလည်း ကြည့်ဦး။ ဒီမှာ လာစားရဲသေးတယ်နော်။ ငါသာဆိုရင် အထဲဝင်လာဖို့တောင် ရှက်နေမိမှာ"
အစကတော့ ယဲ့ချန်းမှာ ဤအမျိုးသမီးကို ဂရုမစိုက်ချင်ခဲ့သော်လည်း သူ(မ)က ယခုလိုပြောလာမှတော့ သူ့အနေနှင့် မတုံ့ပြန်ဘဲ ဘယ်နေနိုင်တော့မည်နည်း။
"ဟေ့.. ခင်ဗျားဝတ်စုံကတော့ ဆိုးတော့ မဆိုးပါဘူး။ သူဌေးလက်သစ်တစ်ယောက်နဲ့ တူတယ်"
ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"လူတွေက အလှအပအတွက် ဝတ်ဆင်ကြပေမဲ့ ဘယ်လိုအဝတ်အစားမျိုးကမှ ခင်ဗျားရဲ့ရုပ်ရည်ကို မြှင့်တင်ပေးနိုင်မှာ မဟုတ်ဘူး"
အစမှအဆုံးထိတိုင် ယဲ့ချန်းက ဆဲရေးတိုင်းထွာသည့် စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း ထိုစုံတွဲကို ထေ့လုံးများဖြင့် ဆွံ့အသွားအောင် လုပ်နိုင်လေသည်။
မိန်းကလေးများအတွက် အရေးအကြီးဆုံးအရာမှာ သူတို့၏ ရုပ်ရည်သွင်ပြင်ဖြစ်ပြီး ယဲ့ချန်း၏ စကားကမူ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ရုပ်ဆိုးသည်ဟု ပေါ်တင်ပြောလိုက်ခြင်းပင်။
ယဲ့ချန်း၏စကားများက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သလိုပင်။
"မိန်းကလေး စေတနာနဲ့ နှစ်ခုလောက်သတိပေးပါရစေ။ ပထမအချက်က စုစုက ခင်ဗျားဘေးကလူကို လမ်းခွဲခဲ့တာနော်။ သူပြောသလိုမျိုး မဟုတ်ဘူး။ ဒုတိယအချက်က ခင်ဗျားဘေးကလူက ခင်ဗျားကို တကယ်ချစ်တာမဟုတ်ဘူး။ သူ ဂရုစိုက်တာက ခင်ဗျားရဲ့ပိုက်ဆံပဲ"
ကျိုးစုစုကိုကြည့်သော ကျန်းခိုင်၏ တပ်မက်နေသည့် အကြည့်များကို ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူ(မ)သည် ကျန်းခိုင်ပြောခဲ့သည့် စကားများကို ယခင်က ယုံကြည်ခဲ့ဖူးသော်ငြား ယနေ့ ကျိုးစုစုကိုမြင်ပြီးနောက်တွင်မူ အမှန်တရားကို သိသွားခဲ့လေပြီ။
သူ(မ)၏ ရုပ်ရည်မျိုးနှင့်ဆိုလျှင် ကျန်းခိုင်က သူ(မ)ကို သဘောကျစရာ အကြောင်းမရှိဘဲ ပိုက်ဆံကြောင့်သာ ဖြစ်ကြောင်း နားလည်သွားသည်။
ယဲ့ချန်း၏စကားကြောင့် ကျန်းခိုင်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ တကယ်တော့ ရှောင်ရွှယ်၏ မိသားစုပိုင်ဆိုင်မှုများကို ရပြီးသည်နှင့် သူ(မ)ကို ကန်ထုတ်ပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်၏။
"ဟေ့ကောင်.. ငါနဲ့ ရှောင်ရွှယ်ကြား သွေးမခွဲဖို့ မင်းကို သတိပေးလိုက်မယ်။ ငါတို့က အချစ်စစ်နဲ့ချစ်တာကွ။ ဟုတ်တယ်မလား ရှောင်ရွှယ်"
ကျန်းခိုင်က ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သူ့ကို လျစ်လျူရှု၍ လှည့်ထွက်သွားပြီး အလွန်အမင်း ရှက်ရွံ့စွာဖြင့် စားသောက်ဆိုင်အဝင်ဝဆီသို့ ဦးတည်သွားလေတော့သည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ထွက်သွားသည်ကိုမြင်သော် ကျန်းခိုင်ကလည်း သူ(မ)နောက်ကို အမြန်ပြေးလိုက်သွားသည်။
"ဟေ့ကောင်.. မင်း စောင့်နေလိုက်"
"ပြဿနာမရှိပါဘူး"
ယဲ့ချန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုစုံတွဲ ထွက်သွားပြီးနောက် ယဲ့ချန်းနှင့် ကျိုးစုစုတို့လည်း စားရင်းသောက်ရင်း စကားဖောင်ဖွဲ့နေကြသည်။
ဖုန်းမြည်လာသောအခါ ကျိုးစုစုက သူ(မ)အဖွဲ့ထံမှ ဖုန်းခေါ်ဆိုမှုဟု ထင်လိုက်သော်လည်း ယဲ့ချန်း၏ဖုန်းဖြစ်ကြောင်း မြင်လိုက်ရသည်။
ဖုန်းဖြေလိုက်သည်နှင့် ချိုမြိန်လှသော မိန်းကလေးအသံလေးတစ်သံ ထွက်ပေါ်လာသည်။
"အစ်ကိုယဲ့ချန်း.. မနက်ဖြန် ညီမနဲ့ တစ်နေရာရာကို လိုက်ပေးလို့ရမလားဟင်"
"အချိန်မရှိဘူး။ မနက်ဖြန် ကိုယ် ပစ္စည်းပို့စရာရှိသေးတယ်"
ယဲ့ချန်းကလည်း ချက်ချင်းပင် ငြင်းလိုက်သည်။
"လုပ်ပါနော်။ စွန်းကျယ်လည်း လာမှာ။ ညီမ တစ်ယောက်တည်းသွားရင် သေချာပေါက် အန္တရာယ်ရှိနိုင်လို့ပါ"
ရှောင်ယာက တောင်းပန်တိုးလျှိုးလေသည်။
ဆက်မငြင်းဆန်နိုင်တော့သဖြင့် နောက်ဆုံးတွင် ယဲ့ချန်းလည်း သဘောတူလိုက်ရသည်။
ဖုန်းချပြီးနောက် ကျိုးစုစုက ယဲ့ချန်းကို ပြုံးပြုံးကြီး ကြည့်နေလေသည်။
"ဘယ်သူလဲ။ အသံလေးက ငယ်ငယ်လေးပဲ"
"အထက်တန်းကျောင်းသူလေးပါ"
ယဲ့ချန်းက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
ရှောင်ယာကလည်း နောက်ပြောင်လိုက်လေ၏။
"ဪ... နွားအိုမြက်နုကြိုက်ချင်နေတာလား"
ယဲ့ချန်းကမူ ရှောင်ယာ့ကို မျက်စောင်းထိုးလိုက်လေသည်။
"ကိုယ်က ကိုယ်ကျင့်တရားရှိတဲ့လူပါကွာ။ အဲဒီလိုအတွေးမျိုး မရှိပါဘူး"
တကယ်တော့ ယဲ့ချန်းက အထက်တန်းကျောင်းသူလေးတစ်ယောက်နှင့် ရှုပ်ရှုပ်ယှက်ယှက်လုပ်မည့်လူစားမျိုးမဟုတ်ကြောင်း ရှောင်ယာ ယုံကြည်သည်။
စားသောက်ပြီးစီးသွားပြီးနောက် သူတို့နှစ်ယောက်သား စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြပြီး အိမ်သို့ တန်းမပြန်ဘဲ အနီးအနားရှိ ပန်းခြံတစ်ခုဆီသို့ သွားခဲ့ကြသည်။
ပန်းခြံထဲတွင် ဘေးချင်းယှဉ်၍ လမ်းလျှောက်ရင်း ယဲ့ချန်း၏ ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။
"မင်းအတွက် တရားခံဖမ်းပေးခဲ့တာကို ထမင်းတစ်နပ်နဲ့တင် ကျေအေးလိုက်မှာတော့ မဟုတ်ပါဘူးနော်"
"ဒါဆို ဘာလိုချင်လို့လဲ"
ကျိုးစုစုက အစမ်းသဘောဖြင့် ပြန်မေးလိုက်သည်။
ယဲ့ချန်း ပြန်မဖြေနိုင်ခင်မှာပင် သူ(မ)က ရုတ်တရက်လှည့်ကာ ခြေဖျားထောက်ပြီး ယဲ့ချန်း၏ပါးကို နမ်းလိုက်သည်။
မျက်နှာပေါ်ရှိ စိုစွတ်မှုကို ခံစားလိုက်ရပြီးနောက် ယဲ့ချန်း၏ ရင်ထဲတွင် လှိုင်းထသွားသည်။
"ဒါကို ကျွန်မအတွက် တရားခံဖမ်းပေးခဲ့တဲ့အတွက်ပေးတဲ့ ဆုအနေနဲ့ သတ်မှတ်လိုက်ပေါ့"
ကျိုးစုစုက ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဒီဆုကို ကိုယ် သဘောကျတယ်"
ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"ကဲပါ.. အချိန်လည်းလင့်နေပြီ။ သွားကြစို့"
ကျိုးစုစုက ပြောလိုက်သည်။
နောက်ထပ်မျှော်လင့်နေခဲ့သော်လည်း ကျိုးစုစု၏စကားကို ကြားလိုက်ရသောကြောင့် ယဲ့ချန်း အနည်းငယ်စိတ်ပျက်သွားသည်။
သူတို့နှစ်ယောက်သား ယဲ့ချန်း၏ လိုင်ကန်ကားနားသို့ သွားပြီးနောက် ကားထဲသို့ဝင်လိုက်စဉ် ယဲ့ချန်းက မေးလိုက်၏။
"ကိုယ့်အိမ်ကို ခဏလောက်လိုက်ခဲ့မလား"
"ဟင့်အင်း။ မနက်ဖြန် ကျွန်မ အလုပ်သွားရဦးမယ်"
ကျိုးစုစုကလည်း ငြင်းလိုက်သည်။
ဒီကောင်မလေးက တော်တော်ဆိုးတာပဲ။ သူ့ရင်ထဲက မီးကို ဆွပေးပြီးမှ မငြိမ်းပေးဘဲ ထားခဲ့တယ်ဟု ယဲ့ချန်း တွေးလိုက်မိသည်။
သို့သော်လည်း ယဲ့ချန်းက အတင်းဖိအားမပေးခဲ့ပေ။ မိန်းကလေးတစ်ယောက်၏ ရင်ထဲကလာသော ဆန္ဒကိုသာ သူ ပိုသဘောကျသည်။
ယဲ့ချန်းလည်း ကျိုးစုစုကို အိမ်ပြန်လိုက်ပို့ပေးပြီးနောက် ဟွားအိမ်ရာဆီသို့ ကားကို ကွေ့လိုက်သည်။
အိမ်ရောက်ပြီး လင်းဝမ်ယိုကို မြင်သည်နှင့် သူ(မ)ကို ခုန်အုပ်ကာ ခဏမျှချစ်တင်းနှောပြီးနောက်တွင်မူ ယဲ့ချန်း၏ရင်ထဲရှိ မီးတောက်များ ငြိမ်ကျသွားလေတော့သည်။
ရေချိုးပြီးနောက် ခုတင်ပေါ်တွင် လဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် ယဲ့ချန်းက ကားမောင်းမသွားဘဲ ရှောင်ယာနှင့် ချိန်းဆိုထားသည့်နေရာသို့ တက္ကစီစီးပြီး သွားခဲ့သည်။
ဖယ်ရာရီစူပါကားထဲတွင် ထိုင်နေသော ရှောင်ယာက ပြုံးပြ၍ ယဲ့ချန်းကို ကားပေါ်တက်ရန် ခေါ်လိုက်သည်။
ယဲ့ချန်းလည်း ကားတံခါးဖွင့်ကာ ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရှောင်ယာ့ကို မေးလိုက်သည်။
"ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"
•••••••••••••••••••••••