← Chapters

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း ၇၂၆

Vol. 49 Ch. 726

အပိုင်း ၇၂၆ : ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံရခြင်း

ကောင်မလေးက စျေးဝယ်အိတ်ကို ဖွင့်လိုက်လေရာ အထဲတွင် မင်းသမီးဝတ်စုံလေးတစ်ခုကို တွေ့လိုက်ရသဖြင့် သူ(မ)၏မျက်နှာလေးမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။

သူ(မ)က ထိုဝတ်စုံကို ထုတ်ယူလိုက်သည်။ ဝတ်စုံမှာ သလင်းကျောက်ပန်းပွင့်လေးများ တပ်ဆင်ထားသော ဇာအဖြူရောင်မင်းသမီးဝတ်စုံလေးဖြစ်ပြီး တန်ဖိုးကြီးမည့်ပုံပေါ်လေသည်။

"ကြိုက်ရဲ့လား။ မြန်မြန်ဝတ်ကြည့်လိုက်လေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... သမီး အရမ်းသဘောကျတာပဲ"

ကောင်မလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

စားပွဲထိုးမလေးက ကောင်မလေးကို ခေါ်သွားလေသည်။ သူ(မ) ပြန်ထွက်လာချိန်တွင် မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးကို မြင်လိုက်ရသဖြင့် လူလတ်ပိုင်းအမျိုးသားမှာ သူ့သမီးဖြစ်ကြောင်းပင် ယုံရခက်သွားသည်။

ကောင်မလေးက ခေါင်းတွင် သရဖူဆောင်းထားပြီး မင်းသမီးဝတ်စုံနှင့် သလင်းကျောက်ဖိနပ်လေးကို ဝတ်ဆင်ထားလေရာ သူဌေးသမီးတစ်ယောက်နှင့် တူနေတော့သည်။

"ယာယာ... ဒီနေ့ သမီးလေးက အရမ်းလှတာပဲ"

ထိုအမျိုးသားက ပြုံးလျက် ပြောလိုက်သည်။

ကောင်မလေးကလည်း မင်းသမီးဝတ်စုံလေးဖြင့် လှည့်ပတ်ကခုန်နေပြီး သူ(မ)ကိုယ်သူ(မ) အိပ်မက်မက်နေသည့်အလား တကယ်ဟုတ်မဟုတ်ပင် ဝေခွဲမရဖြစ်နေသည်။

ဖယောင်းတိုင်မီးမှုတ်ပြီး ကိတ်မုန့်လှီးပြီးနောက် ယဲ့ချန်း ထွက်လာခဲ့လိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ဒီနေ့က သမီးဘဝရဲ့ အပျော်ရဆုံးနေ့ပဲ"

ကောင်မလေးမှာ ပျော်ရွှင်မှုကြောင့် မျက်နှာလေးတစ်ခုလုံး ဝင်းလက်နေသည်။

"ညီမလေး ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အစ်ကိုကြီးပို့ပေးတဲ့ ပါဆယ်ပို့ဆောင်မှုအပေါ် ကျေနပ်တယ်ဆိုရင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေး ပေးခဲ့ဦးနော်"

ယဲ့ချန်း၏စကားများကို ကြားပြီးနောက် သားအဖနှစ်ယောက်မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ယဲ့ချန်းမှာ ဤမျှချမ်းသာနေသည့်တိုင် ပါဆယ်လိုက်ပို့နေဆဲပင်။ အခြားသူများ၏ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကိုလည်း ဂရုစိုက်နေသေးသည်။

စကားပြောပြီးသည်နှင့် ယဲ့ချန်း လှည့်ထွက်လာခဲ့သည်။ ဧည့်ခန်းမသို့ ရောက်သောအခါ မန်နေဂျာကျန်းကို သတိပေးလိုက်ပြီးနောက် သားအဖနှစ်ယောက် စားသောက်ပြီးပါက အိမ်ပြန်ပို့ပေးရန် ပြောလိုက်သည်။

ယဲ့ချန်း စိတ်ထဲ၌မူ အကယ်၍ ကောင်းမှုကုသိုလ်တစ်ခု လုပ်မည်ဆိုလျှင် အဆုံးအထိ သေချာလုပ်သင့်သည်ဟု တွေးလိုက်သည်။

"မစ္စတာယဲ့... စိတ်ချပါ။ ကျွန်တော်တို့ အစစအရာရာ သေချာစီစဉ်ပေးပါ့မယ်"

မန်နေဂျာကျန်းက ယဲ့ချန်းကို တံခါးဝအထိ လိုက်ပို့ရင်း ပြောလိုက်သည်။

မန်နေဂျာကျန်းက သူ့သံသယများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဒါနဲ့ မစ္စတာယဲ့... ဘာဖြစ်လို့ ပါဆယ်တွေ လိုက်ပို့နေရပြန်တာလဲ"

ပုံမှန်ဆိုလျှင် ယဲ့ချန်းကဲ့သို့ ချမ်းသာသောလူတစ်ယောက်က ဇိမ်ခံကားများနှင့် လှပသော မိန်းမချောလေးများကိုသာ စည်းစိမ်ခံစားနေမည်သာ။ ရာသီဥတုမရွေး ပါဆယ်လိုက်ပို့ရသည့် ဤကဲ့သို့သော အခက်အခဲမျိုးကို သူ ဘယ်လိုများ ခံနိုင်ရည်ရှိလေသလဲ။

"ကျွန်တော်က ဘဝအတွေ့အကြုံယူနေတာပါ။ ပြီးတော့ ပါဆယ်လိုက်ပို့တာက လူအမျိုးမျိုးနဲ့ တွေ့ခွင့်ရတဲ့အတွက် တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လေ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

အရာအားလုံးကို စီစဉ်ပြီးနောက် ယဲ့ချန်းလည်း သူ့လျှပ်စစ်စက်ဘီးကိုစီးကာ ထွက်ခွာသွားသည်။

မန်နေဂျာကျန်းမှာမူ ယဲ့ချန်း၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း ပိုကြိုးစား၍ အလုပ်လုပ်ရန် စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။

ယဲ့ချန်းက ဤမျှချမ်းသာနေသည့်တိုင် မကျေနပ်နိုင်ဘဲ ဆက်လက်ကြိုးစားနေသေးသည်ဖြစ်ရာ သာမန်မန်နေဂျာတစ်ယောက်ဖြစ်သည့် သူက ဘာကြောင့်များ ကြိုးစားရုန်းကန်မနေရမည်နည်း။

ခဏကြာအောင် မောင်းနှင်ပြီးနောက် ယဲ့ချန်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ မြို့ဟောင်းဖျက်သိမ်းရေးစီမံကိန်းကနေ တိုက်ခန်း တစ်ရာကို ဆုအဖြစ် ချီးမြှင့်ပါတယ်။ သော့တွေနဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေက ကူလီနန်ကားထဲမှာ ရှိပါတယ်]

ဝိုး...

စနစ်က တကယ်ရက်ရောလှသည်။ ယဲ့ချန်းကို အလွန်များပြားသည့် အိမ်ခြံမြေများ ဆုချလိုက်၏။

ယဲ့ချန်းလည်း ပါဆယ်ပို့သည့်အလုပ်ကို ပို၍ပင် စိတ်အားထက်သန်လာသည်။

မြို့ဟောင်းထဲတွင် ရှိနေသဖြင့် အစီအစဉ်ဆွဲခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများ သေချာပေါက် လိုအပ်မည်ဖြစ်သောကြောင့် စနစ်ဆုချထားသော အိမ်ခြံမြေများကို နောက်နေ့မနက်စောစောတွင် သွားရောက်ကြည့်ရှုရန် သူ ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်း လူနေအိမ်ရာတစ်ခု၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။ ထို့နောက် လုံခြုံရေးကို နှုတ်ဆက်ကာ အထဲဝင်လာခဲ့သည်။

ပါဆယ်ပေါ်ရှိ လိပ်စာက အလွန်အသေးစိတ်ကျသောကြောင့် ယဲ့ချန်းလည်း ဖုန်းမဆက်တော့ဘဲ အပေါ်ထပ်သို့ တက်သွားလိုက်သည်။

ဒေါက်... ဒေါက်...

တံခါးကို အသာခေါက်လိုက်လေရာ တံခါးပွင့်လာပြီး ယုန်ပုံညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။ ယဲ့ချန်းကလည်း သူ(မ)ကို ပါဆယ်ကမ်းပေးရင်း ပြောလိုက်၏။

"ဒါက ခင်ဗျားရဲ့ ပါဆယ်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး"

ကောင်မလေးက ပါဆယ်ကိုမယူဘဲ ယဲ့ချန်းကို အခန်းထဲသို့ ဆွဲသွင်းပြီး ပြုံးလိုက်ချေသည်။

"ဟေ့ လူချောလေး... ကျွန်မကို ကူညီပါဦး"

ယဲ့ချန်းက သူ့ဆွဲဆောင်မှုအဆင့်ကို လျှော့ချထားပြီးဖြစ်သော်လည်း ချောမောလှသော သူ့ရုပ်ရည်သွင်ပြင်က ငြင်းဆန်၍မရနိုင်အောင် ရှိနေဆဲပင်။

"မိန်းကလေး... ကျွန်တော်တို့က မရင်းနှီးကြဘူးလေ။ ဒါက ဘာသဘောလဲ"

ကောင်မလေး၏ လုပ်ရပ်ကြောင့် ယဲ့ချန်း အံ့ဩသွားသည်။ ယခုခေတ်မိန်းကလေးများက ဤမျှအထိ ပွင့်လင်းနေကြပြီလားဟုလည်း တွေးလိုက်မိသည်။

"လုပ်ပါ လူချောလေးရယ်။ ကူညီပါနော်... နော်လို့"

ကောင်မလေးက ချွဲနွဲ့ကာ ပြောလာလေသည်။

ယဲ့ချန်းသည် မိန်းကလေးများ ချွဲနွဲ့ခြင်းကို အကြောက်ဆုံးဖြစ်လေရာ ဖိအားများအောက်တွင် သဘောတူလိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ယဲ့ချန်း သဘောတူလိုက်သည်ကို မြင်သောအခါ ကောင်မလေးက အလွန်ဝမ်းသာသွားပြီး ပြုံးလျက် ပြောလိုက်၏။

"ကျွန်မက အခု တိုက်ရိုက်ထုတ်လွှင့်နေတာ။ ပြီးရင် ရှင် ကျွန်မနဲ့အတူတူ ဝင်ပါပေးရမယ်"

ယဲ့ချန်းမှာ ပါဆယ်ပို့သမားများကို ရေပိုက်ပြင်ခိုင်းခြင်း၊ တောက်တိုမည်ရခိုင်းခြင်းများကို ကြားဖူးသော်လည်း တိုက်ရိုက်ထုတ်လွှင့်ရာတွင် ကူညီခိုင်းသည်ကိုတော့ တစ်ခါမှ မကြားဖူးပေ။

သူသည် အာရုံစိုက်မခံချင်ဘဲ ပါဆယ်များကိုသာ တိတ်တဆိတ် လိုက်ပို့ချင်ခဲ့ခြင်းပင်။

ကောင်မလေး၏စကားကို ကြားပြီးနောက် ယဲ့ချန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ယဲ့ချန်း၏အမူအရာကို မြင်သောအခါ ကောင်မလေးက နောက်ပြောင်လေဟန်ဖြင့် ပြောလိုက်သည်။

"ရှင် ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါပေးဘူးဆိုရင် မကောင်းတဲ့မှတ်ချက်တွေပေးပြီး ကုမ္ပဏီကနေ ရှင့်လစာကို ဖြတ်ခိုင်းလိုက်မယ်"

ယဲ့ချန်းက လစာဖြတ်ခံရမည်ကို မကြောက်သော်လည်း မကောင်းသောမှတ်ချက်ကြောင့် စနစ်၏ ဆုချီးမြှင့်မှုကို ထိခိုက်မည်စိုးသဖြင့် အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။

သူ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်လေရာ အခန်းအကျယ်အဝန်းက မကြီးမားသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် ကိရိယာများ အပြည့်အစုံ တပ်ဆင်ထားသည်ကို တွေ့ရသဖြင့် ထိုကောင်မလေးက တကယ်အလေးအနက်ထားကြောင်း ပြသနေသည်။

ကောင်မလေးက ယဲ့ချန်းကို ဖုန်းနားသို့ ဆွဲခေါ်သွားပြီး တောင်းပန်လေဟန်ဖြင့် ပြောလိုက်၏။

"အားလုံးပဲ စောင့်ခိုင်းထားရလို့ ဆောရီးနော်။ ရှင်တို့အတွက် လူချောလေးတစ်ယောက် သွားခေါ်နေလို့ပါ"

"မုန့်မုန့်... ဒီလူချောလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ နင်တစ်ယောက်တည်း သိမ်းထားလို့ မရဘူးနော်"

"ငါတော့ ချစ်မိသွားပြီ။ သူက ငါ့အိပ်မက်ထဲက အမျိုးသားပဲ"

"ငါ့ရဲ့ ပထမဆုံးအချစ်ကို ပြန်ခံစားလိုက်ရသလိုပဲ"

ဖုန်းပေါ်ရှိ မှတ်ချက်များမှာ တဖွဲဖွဲတက်လာပြီး အားလုံးက ယဲ့ချန်းကို ချီးကျူးနေကြသည်။

"မုန့်မုန့်... ဒီလူချောလေးက ပါဆယ်ပို့သမား ယူနီဖောင်းနဲ့တောင် ကြည့်ကောင်းနေတာ။ ရှေးဟောင်းဝတ်စုံသာ ဝတ်လိုက်ရင် သေချာပေါက် ခန့်ညားတဲ့မင်းသားလေး ဖြစ်သွားမှာ"

"ဟားဟား... ငါတွေးထားတာနဲ့ ကွက်တိပဲ။ ခဏနေရင် သူ့ကို အဝတ်အစား လဲခိုင်းလိုက်မယ်။ မင်းတို့ သေချာပေါက် သဘောကျသွားစေရမယ်"

မုန့်မုန့်က ယဲ့ချန်းကို ပြုံးပြုံးကြီးကြည့်ရင်း ပြောလိုက်သည်။

ယဲ့ချန်းမှာ အကူအညီမဲ့သလို ခံစားလိုက်ရပြီး ယနေ့ခေတ် ကလေးများ၏ ခေါင်းထဲတွင် ဘာတွေ တွေးနေကြသလဲ၊ လူတိုင်းက ဘာကြောင့် ပရိသတ်တစ်ယောက်လို ဖြစ်နေကြသလဲဟု တွေးမိလိုက်သည်။

မုန့်မုန့်က ရယ်မောရင်း ပြောလိုက်၏။

"ကျွန်မရဲ့ချစ်ပရိသတ်တွေ... ခဏလောက် စောင့်ပေးကြပါဦးနော်။ စိတ်လှုပ်ရှားစရာလေးတွေက မကြာခင်ဆက်လာတော့မှာပါ"

ထိုသို့ပြောပြီး သူ(မ)က ယဲ့ချန်းကို အဝတ်လဲခန်းထဲသို့ ဆွဲသွင်းကာ အဝတ်အစားလဲရန် အချက်ပြလိုက်သည်။

"မုန့်မုန့်... နင် ငါ့ရဲ့လူချောလေးကို ခိုးမကြည့်နဲ့နော်"

"မုန့်မုန့်... နင် ငါ့ရဲ့အချစ်ဦးလေးကို ခိုးကြည့်လို့ကတော့ အသေပဲ"

ဖုန်းထဲရှိ မှတ်ချက်များ ထပ်မံလျှံတက်လာသဖြင့် မုန့်မုန့်လည်း ယဲ့ချန်းကို မစောင့်တော့ဘဲ ပရိသတ်များနှင့် ဆက်စကားပြောနေတော့သည်။

ယဲ့ချန်းကမူ အဝတ်လဲခန်းထဲတွင် ချိတ်ဆွဲထားသော ဝတ်စုံမျိုးစုံကို ကြည့်ရင်း မုန့်မုန့်ဟူသည့် ဤကောင်မလေးကြောင့် သူ တကယ်ရူးရတော့မည်လားဟု တွေးနေမိသည်။

သို့သော် သူသာ ပူးပေါင်းမပါဝင်ပါက မကောင်းသောမှတ်ချက်ပေးမည်ဟု ကောင်မလေးက ယခုလေးတင် ပြောထားသည်။

မတတ်သာတော့သည့်အဆုံး သူ့ပါဆယ်ပို့သမား ယူနီဖောင်းကို ချွတ်ကာ ရှေးဟောင်းဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်ရသည်။

ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသော ယဲ့ချန်းကို မြင်သောအခါ မုန့်မုန့်မှာ အံ့အားသင့်သွားလေသည်။ သူ ဖုန်းဖန်သားပြင်ရှေ့သို့ မရောက်ခင်မှာပင် မုန့်မုန့်က သူ့ကို နောက်သို့ ပြန်တွန်းထုတ်လိုက်သည်။

ထို့နောက် သူ(မ)က သူ့ကို ပြောလိုက်၏။

"လူချောလေး... ကျေးဇူးပြုပြီး ဒီခေါင်းဆောင်းလေးကိုပါ ဆောင်းလိုက်ပါဦး"

ထိုသို့ပြောပြီး သူ(မ)က ခေါင်းဆောင်းကို ယဲ့ချန်းထံသို့ ကမ်းပေးလိုက်၏။ ယဲ့ချန်းကလည်း ခဏမျှတွန့်ဆုတ်နေပြီးနောက် နာခံစွာ ဆောင်းလိုက်သည်။

မုန့်မုန့် ထွက်သွားသောအခါ ပရိသတ်များမှာ မကျေမနပ် ဖြစ်သွားကြသည်။

"သေစမ်း မုန့်မုန့်... နင် ငါ့လူချောလေးကို တိတ်တိတ်လေး ချောင်းကြည့်နေတာမလား။ အီးဟီးဟီး..."

"လူချောလေး... ရှင် ဘယ်မှာလဲ။ မြန်မြန် ပြန်လာခဲ့ပါ"

"ရှင်က ကျွန်မအပိုင်ပဲ။ တခြားဘယ်မိန်းကလေးမှ ရှင့်ကို ကြည့်လို့မရဘူး။ ချစ်စရာလေး... ရှင့်ကို ချစ်တယ်"

ပရိသတ်များက သူတို့၏ အိပ်မက်ထဲက မင်းသားလေး၊ သူတို့၏ အချစ်ဦးလေးကို မုန့်မုန့် လုယူသွားမည်စိုးသဖြင့် သူတို့၏ မကျေနပ်ချက်များကို ဖော်ပြနေကြလေတော့သည်။

••••••••••••••••••••

All Chapters