← Chapters

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ၇၂၇

Vol. 49 Ch. 727

အပိုင်း ၇၂၇ : ငါရှိနေသရွေ့ မင်းကို ဘယ်သူမှ ဒုက္ခပေးလို့မရဘူး

မုန့်မုန့်က ဝတ်စုံလဲပြီးသွားသော ယဲ့ချန်းကို ဆွဲထုတ်လာပြီး ပရိသတ်များကို ပြောလိုက်၏။

"အားလုံးပဲ စောင့်ခိုင်းထားရလို့ ဆောရီးနော်။ ရှေးဟောင်းဝတ်စုံနဲ့ လူချောလေးက အခု ရှင့်တို့ရှေ့မှာ ရောက်နေပါပြီ"

ချက်ချင်းဆိုသလိုပင် ပရိသတ်များ ရူးသွပ်သွားကြပြီး ဖန်သားပြင်ပေါ်တွင် မှတ်ချက်များ ပြည့်လျှံလာလေတော့သည်။

"ဝိုး... သူက ပိုတောင် ချောလာသေးတယ်"

"သူ့ဆီမှာ တကယ့်ဘုရင်တစ်ပါးရဲ့ အငွေ့အသက်တွေ ရှိနေတယ်ဟ"

"ငါတော့ သူ့ကို ရုန်းထွက်လို့မရအောင် ချစ်မိသွားပြီထင်တယ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်မုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ရှုသူအရေအတွက် ထိုးတက်သွားပြီး တစ်သန်းပင် ကျော်လွန်သွားသည်။

သူ(မ)၏ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်သော် မုန့်မုန့်က ယဲ့ချန်းကို ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်။ ရှင့်ကို ကျွန်မ မှတ်ချက်ကောင်းကောင်း ပေးပါ့မယ်"

ကောင်မလေး၏ စကားကို ကြားသောအခါ ယဲ့ချန်းလည်း နောက်ထပ်တစ်ခုခု ထပ်တောင်းဆိုလာမည်ကို စိုးရိမ်သောကြောင့် အဝတ်အစားအမြန်လဲပြီး ထွက်လာခဲ့တော့သည်။

ယဲ့ချန်းလည်း စနစ်က ဆုချထားသည့် ဖျက်သိမ်းရေးစီမံကိန်းထဲက တိုက်ခန်းအလုံးတစ်ရာဆီသို့ စက်ဘီးစီးပြီး ထွက်လာခဲ့သည်။

ဤဖျက်သိမ်းရေးစီမံကိန်း တိုက်ခန်းများက မြို့ဟောင်းထဲတွင် ရှိပြီး အလွန်လူသူကင်းမဲ့သော နေရာတွင် တည်ရှိ၏။

သို့သော် ယခုလေးတင် ဤမြို့ဟောင်းနေရာကို ဖျက်သိမ်းတော့မည်ဟု တီဗီထဲတွင် ကြေညာသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုတုမြို့တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

သိထားသင့်သည့်အချက်မှာ ဤနေရာက အိမ်ခြံမြေစျေးနှုန်းများမှာ တစ်စတုရန်းမီတာကို ယွမ်တစ်သောင်းကျော်သာ ရှိသော်ငြား မြို့တော်၏ဖျက်သိမ်းရေး လျော်ကြေးငွေအရ လက်ရှိစျေးနှုန်းမှာ တစ်စတုရန်းမီတာကို ယွမ်ငါးသောင်းအထိ မြင့်တက်သွားပြီဖြစ်၏။

ယဲ့ချန်းတွင် ဖျက်သိမ်းရေးတိုက်ခန်း အလုံးတစ်ရာ ရှိနေသည်ဖြစ်ရာ ယွမ်ဘီလီယံချီသော ဝင်ငွေရမည်ဟု အဓိပ္ပာယ်ရသည်ဖြစ်သဖြင့် ဤသည်မှာ တကယ်ဝမ်းသာစရာပင်။

သူ ဖျက်သိမ်းရေးတိုက်ခန်းများဆီကို ရောက်သွားသောအခါ ထိုနေရာတွင် နေထိုင်သူ သိပ်မရှိတော့ဘဲ အလွန်ခြောက်ကပ်ကပ် ဖြစ်နေလေသည်။

သို့သော် မကြာခင်မှာပင် ဤနေရာတွင် အထပ်မြင့်အဆောက်အအုံများ ပေါ်ပေါက်လာတော့မည်။

သို့သော် ထိုအချိန်မှာပင် ယဲ့ချန်း ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

ကျိုးစုစုပင်။

ယဲ့ချန်းကို ဆွံ့အသွားစေသည့်အရာမှာ ကျိုးစုစုက ဟော့ဟော့ရမ်းရမ်း အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့်ပင်။

ဒီကောင်မလေး ညကြီးမိုးချုပ် ဒီလိုအဝတ်အစားတွေဝတ်ပြီး ဘာလုပ်နေတာလဲ။

သူ(မ)မှာ ဒီလိုဝါသနာမျိုး ရှိနေလို့များလား။

ယဲ့ချန်းက ကျိုးစုစုနောက်က လိုက်သွားခဲ့သော်ငြား မကြာခင်မှာပင် သူ နားလည်သွားသည်။ စုစုက အမှုတစ်ခုကို စုံစမ်းနေဟန်ပင်။

သူ(မ)က ပတ်ဝန်းကျင်ကို အကဲခတ်နေသည့်နှယ် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။

ယဲ့ချန်းက ကိုယ်ထင်မပြဘဲ စုစုနောက်က တိတ်တဆိတ် လိုက်သွားခဲ့သည်။

ထိုအချိန်တွင် ကျိုးစုစု၏စိတ်ထဲတွင် အလွန်ထိတ်လန့်နေလေသည်။

မကြာသေးခင်က ဤနယ်မြေထဲတွင် လူသတ်မှုများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့သည်။

လူသတ်သမား၏ နည်းလမ်းများက အလွန်ရက်စက်ပြီး ညဘက်အလုပ်ဆင်းချိန် နောက်ကျသဖြင့် တစ်ယောက်တည်း လမ်းလျှောက်ပြန်လာသည့် မိန်းကလေးများကို ပစ်မှတ်ထားခြင်းပင်။

ဤတရားခံကို ဖမ်းမိရန်အတွက် ကျိုးစုစုလည်း သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချပြီး စွန့်စားရုံကလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

ဤညကား လရောင်မရှိဘဲ ညဉ့်က အလွန်မှောင်မိုက်နေသည်။

အနီးအနားတွင် ကူညီပေးမည့် အဖွဲ့သားများ ရှိနေသော်ငြား စုစုကတော့ အနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။

မည်သို့ပင်ဖြစ်စေ ညဘက် တစ်ယောက်တည်း လမ်းလျှောက်ရသည့် မိန်းကလေးများအတွက်ကတော့ ကြောက်ရွံ့မှုဆိုသည်မှာ ရှိစမြဲပင်။ ထို့ပြင် ကျိုးစုစုက ထိုတရားခံ ရုတ်တရက်ထွက်ပေါ်လာနိုင်ကြောင်း သိထားသောကြောင့်ပင်။

ယဲ့ချန်းလည်း အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ရှေ့ကို တစ်လှမ်းချင်း လျှောက်သွားလေသည်။

ရုတ်တရက်ဆိုသလို အမှောင်ထဲတွင် လှုပ်ရှားမှုအနည်းငယ် ရှိနေသည့်နှယ် သူ ခံစားလိုက်ရသည်။

လာပြီပဲ။

ကျိုးစုစု၏ စိတ်ထဲမှာတော့ ကြောက်ရွံ့မှုရော စိတ်လှုပ်ရှားမှုပါ ရောထွေးနေသည်။

သူ(မ)လည်း တမင်တကာ မြန်မြန်လျှောက်လိုက်သည်။ သူ(မ)နောက်က ခြေသံများကလည်း သိသိသာသာ မြန်လာခဲ့သည်။

ရုတ်ခြည်းပင် အနောက်ဘက်က လက်ကြီးတစ်ဖက် လှမ်းလာသောကြောင့် စုစုလည်း ထိုလူ၏လက်ကို ဖမ်းဆွဲပြီး ရှေ့ကို ပစ်ပေါက်လိုက်သည်။

ထိုလူခမျာ စုစု့လက်ချက်ဖြင့် ကိုင်ပေါက်ခံလိုက်ရသည်။

ဘန်း!

တစ်ဖက်လူက မြေပြင်ပေါ်သို့ အားပြင်းပြင်း ပြုတ်ကျသွားသည်။

တစ်ဖက်လူက သူ့ရှေ့ရှိ နုနယ်လှပသည့် မိန်းကလေးဆီတွင် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ့မျက်နှာကား ရုတ်ခြည်းပြောင်းလဲသွားသည်။

သူ မတ်တတ်ထလာပြီး လှည့်ပြေးရန် ပြင်လိုက်၏။

ကျိုးစုစုက သူ့ကို မည်သို့အပြေးခံမည်နည်း။ သူ(မ)လည်း အမြန်လိုက်သွားပြီး သူ့နောက်ကျောကို ကန်ချလိုက်သည်။

တရားခံက ရှေ့ကို ယိုင်ထွက်ပြီး ပြန်လဲကျသွားပြန်သည်။

ယခုတစ်ခါ သူထလာချိန်မှာတော့ တရားခံက ဒေါသထွက်သွားပုံရပြီး ထွက်မပြေးတော့ဘဲ ဓားမြှောင်တစ်လက်ကိုထုတ်ကာ ကျိုးစုစုကို ထိုးချလိုက်သည်။

ယခုလေးတင် အပြန်အလှန် တိုက်ခိုက်ပြီးသွားသဖြင့် ကျိုးစုစုက တစ်ဖက်လူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိနေပြီဖြစ်၏။

သူ(မ)တစ်ယောက်တည်းနှင့် သူ့ကို ကိုင်တွယ်ဖို့ လုံလောက်သောကြောင့် တပ်ကူမခေါ်ခဲ့ပေ။

ဓားမြှောင်ဝင်လာသည်ကို မြင်သော် စုစုက ဘေးသို့ ရှောင်လိုက်သည်။

ရုတ်တရက်ဆိုသလို စုစုမှာ ထူးဆန်းလှသော အနံ့တစ်မျိုး ရလိုက်သလို ခံစားလိုက်ရ၏။

ထို့နောက်တွင်တော့ သူ(မ)၏ ခြေလက်များက ရုတ်တရက် အားပြတ်လပ်သွားသလို ခံစားလိုက်ရသည်။

စုစုခမျာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး နံရံကို မှီလိုက်ရသည်။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

ထိုအမျိုးသားက လှောင်ပြုံးပြုံးလိုက်၏။

"ဟားဟား... ရဲမေတစ်ယောက်က ငါ့ကိုဖမ်းဖို့ ကြိုးစားနေတာလား။ ဒီနေ့ ကံမဆိုးပါဘူး။ ရဲမေတစ်ယောက်နဲ့ ကစားရတော့မယ်"

စုစု၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး အကူအညီခေါ်ဖို့ ဖုန်းထုတ်ချင်ခဲ့သည်။

သို့သော် ထိုအမျိုးသားက တစ်လှမ်းဦးသွားပြီး သူ(မ)၏ဖုန်းကို ဆွဲယူကာ သူ(မ)ကိုပါ ဖမ်းချုပ်လိုက်၏။

ကျိုးစုစုခမျာ ပြန်ရုန်းချင်သော်ငြား သူ(မ)ဆီတွင် ခွန်အားနည်းနည်းမှ မရှိတော့ပေ။

တကယ်ပဲ ဒီလိုနဲ့ ပြီးဆုံးသွားတော့မှာလား။

စုစုမှာ အံတင်းတင်းကြိတ်ပြီး မကျေမနပ်ဖြစ်နေချေသည်။

သူ(မ)၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။

ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ။

သူ(မ)မှာ စစ်မှန်သော အချစ်ရေးကိုပင် မခံစားဖူးသေးပေ။

သူ(မ)၏ချစ်ရသူကိုပင် ဖွင့်မပြောရသေးပေ။

ဤလူယုတ်မာ၏ လက်ထဲကို ကျရောက်သွားလျှင် သေတာထက် ပိုဆိုးသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း စုစု သိနေသည်။

သို့သော် ယခုအချိန်တွင် သူ(မ)က အလွန်အားနည်းနေသောကြောင့် သေဖို့ပင် အခွင့်အရေး မရှိတော့ချေ။

ရုတ်ခြည်းပင် တရားခံ၏ လက်ထဲရှိ ဓားမြောင်ကို သူ(မ) မြင်လိုက်ရသည်။

"ယဲ့ချန်း... တောင်းပန်ပါတယ်။ နောင်ဘဝကျရင် ကျွန်မ ရှင့်မိန်းမ လုပ်ပါ့မယ်"

ဆုံးဖြတ်ချက်ချပြီးသည်နှင့် စုစုလည်း ဓားမြှောင်ဆီသို့ ပြေးဝင်သွားသည်။

သို့သော် ဓားမြှောင်နှင့် လက်မအနည်းငယ်သာ ကွာတော့သည့်အချိန်မှာ ထိုအမျိုးသားက သူ(မ)၏ဆံပင်ကို ရုတ်တရက် ဆွဲဖမ်းလိုက်သည်။

"သေချင်နေတာလား။ အဲဒီလောက် မလွယ်ဘူးနော်"

စုစု၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။

သူ(မ)က သေဖို့ပင် အခွင့်အရေးမရှိတော့ခြင်းလေလား။

သို့သော် ထိုအချိန်မှာပင် တရားခံ၏ အနောက်မှာ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

"မင်းက ငါ့မိန်းမကို ထိရဲတယ်ပေါ့။ သေချင်နေတာပဲ"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုပုံရိပ်က အနက်ရောင်ဝတ်ထားသည့် အမျိုးသား၏ ကော်လံကို ဆွဲဆုပ်လိုက်၏။ ထို့နောက်တွင်မူ တရားခံခမျာ သဲအိတ်တစ်အိတ်လို လွင့်စင်သွားသည်။

"ယဲ့ချန်း"

ထိုပုံရိပ်ကို မြင်သောအခါ စုစုလည်း ကြက်သေသေသွားသည်။

ယဲ့ချန်း ဤနေရာကို ရောက်လာလိမ့်မည်ဟု သူ(မ) အိပ်မက်ပင် မမက်ဖူးပေ။

ယဲ့ချန်းက စုစုဆီသို့ လျှောက်လာလေသည်။

"ငတုံးမလေး... မင်းကိုယ်မင်း စူပါဝူးမန်းလို့များ ထင်နေတာလား။ တစ်ယောက်တည်း တရားခံဖမ်းတာ အရမ်းအန္တရာယ်များတယ်လေ"

ထိုအချိန်မှာ တရားခံက ထလာပြီး ထွက်ပြေးဖို့ ကြိုးစားနေသဖြင့် ယဲ့ချန်းကလည်း ထိုင်ချကာ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်၏။

ရွှီး!

ယဲ့ချန်း၏ လက်ထဲရှိ ကျောက်ခဲက လွင့်ထွက်သွားပြီး တရားခံ၏ ညာဘက်ခြေထောက်ကို ထိုးဖောက်သွားလေသည်။

တရားခံလည်း ဘုန်းခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ့ခြေသလုံးက ထိုးဖောက်ခံလိုက်ရသောကြောင့် မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေတော့သည်။

ထိုအချိန်တွင် မလှမ်းမကမ်းမှ ရဲကားဥဩသံများ ထွက်ပေါ်လာသည်။

ရဲအရာရှိခုနစ်ယောက်ရှစ်ယောက်ခန့် အပြေးအလွှားရောက်လာပြီး တရားခံကို ဖမ်းချုပ်ကာ လက်ထိတ်ခတ်လိုက်ကြသည်။

ရဲအရာရှိများက ယဲ့ချန်း၏ ရင်ခွင်ထဲတွင် ရောက်နေသောစုစုကို ကြည့်ပြီး အားလုံး ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

ဤအရာရှိများအားလုံးက ယဲ့ချန်းကို သိထားကြသည်။ ယဲ့ချန်း ဤနေရာကို ရောက်နေလိမ့်မည်ဟုသူတို့လည်း မမျှော်လင့်ထားပေ။

ယဲ့ချန်းက ဆို၏။

"စုစု မေ့ဆေးရှူမိထားတယ်။ သူ့ကို အဆိပ်ပြယ်အောင် ဆေးရုံကို မြန်မြန်ခေါ်သွားကြ"

ဆေးရုံတွင် စုစု ပုလင်းချိတ်ထားရပြီး ယဲ့ချန်းကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

"ယဲ့ချန်း... ကျွန်မကို နောက်တစ်ကြိမ် ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက တကယ်တုံးအလွန်းလို့ ရှင် အမြဲကယ်ပေးနေရတာလားပဲ"

ယဲ့ချန်းက ပြုံးလိုက်၏။

"မင်းသာ နည်းနည်းလေးမှ မတုံးအဘူးဆိုရင် ကိုယ်က အလှလေးကိုကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ခွင့်ရတော့မလဲ"

စုစုခမျာ မျက်နှာလေး ရဲတက်သွားသည်။

"လူဆိုးကောင်"

ရုတ်တရက်ဆိုသလို အခန်းထဲမှာ တိတ်ဆိတ်သွားပြီး စုစုက ယဲ့ချန်းကို စူးစိုက်ကြည့်နေချေသည်။

ယဲ့ချန်းလည်း အနည်းငယ် အနေရခက်သွားသည်။

"ကိုယ့်ကို ဘာလို့ အဲဒီလိုကြည့်နေတာလဲ"

စုစုက ရုတ်တရက်ပြောလိုက်၏။

"ယဲ့ချန်း... ကျွန်မ ရှင့်ကို သဘောကျတယ်"

ယဲ့ချန်း : "..."

စုစု ရုတ်တရက်ဖွင့်ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ ဘယ်လိုတုံ့ပြန်ရမလဲ။

ယဲ့ချန်း၏ အမူအရာကို မြင်သော် စုစုက ခါးသီးစွာ ပြုံးလိုက်သည်။

"ရှင့်မှာ ရည်းစားရှိနေပြီဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို သဘောကျလို့ပါ။ ကျွန်မက ဖွင့်ပြောဖို့ ကြောက်နေခဲ့ပေမဲ့ သေရတော့မယ့် အချိန်မှာတော့ နောင်တရမိတယ်။ အခုတော့ ပြောလိုက်ရပြီမို့ သေရမယ်ဆိုရင်တောင် နောင်တမရတော့ဘူး"

ယဲ့ချန်းက စုစု၏နဖူးကို ခပ်နာနာလေး တစ်ချက်တောက်လိုက်သည်။

"ငတုံးမလေး... မင်း ဘာတွေတွေးနေတာလဲ။ အခုကစပြီး မဟုတ်ကဟုတ်ကတွေမပြောနဲ့။ ကိုယ် မင်းကို ကာကွယ်ပေးမယ်။ ဘယ်သူမှ မင်းကို ထိခိုက်အောင်လုပ်ခွင့်မရှိဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ စုစု၏မျက်နှာလေး အနည်းငယ် ရဲတက်သွားသည်။

"ယဲ့ချန်း..."

ယဲ့ချန်းက ပြုံးလိုက်၏။

"မင်းက ကိုယ့်မိန်းမပဲ။ မင်းကို နောက်တစ်ခါ ဘယ်သူမှ အန္တရာယ်ပြုလို့မရစေရဘူး"

ယဲ့ချန်း၏စကားကို ကြားသော် စုစု၏မျက်နှာလေး အနည်းငယ်နီမြန်းသွားသည်။

စုစုက မေ့ဆေးရှူမိရုံသာဖြစ်သဖြင့် ပုလင်းချိတ်ပြီးနောက် အာနိသင်များ ပြယ်သွားသည့်အတွက် သက်သာသွားသည်။

ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။

"နောက်တစ်ခါဆိုရင် အတင့်မရဲနဲ့တော့။ ကြားလား"

စုစုကလည်း မျက်နှာအရဲသားဖြင့် အမှားလုပ်ထားသည့် ကလေးမလေးတစ်ယောက်နှယ် ခေါင်းညိတ်ပြလေသည်။

"အင်း...သိပါပြီ"

ယဲ့ချန်းလည်း စုစုကို အိမ်ပြန်ပို့ပေးလိုက်သည်။ ကားပေါ်ကဆင်းခါနီး စုစုက မျက်နှာအရဲသားဖြင့် ယဲ့ချန်းကို ရုတ်တရက်နမ်းလိုက်သည်။

စုစု၏ကျောပြင်ကို ကြည့်ရင်း ယဲ့ချန်းမှာ ခေါင်းခါယမ်းလိုက်မိသည်။

အင်း... ယောကျ်ားတစ်ယောက်အနေနဲ့ ချောမောလွန်းနေတာလည်း တကယ်ဒုက္ခများသားပဲ။

••••••••••••••••••

All Chapters