← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

Chapter 141

ခုနစ်စဉ်ကြယ်၏အလင်းမှာ လွန်စွာတောက်ပလာရင်း အခြားကြယ်သုံးစင်း၏တောက်ပမှုကိုတောင် ချက်ချင်း ကျော်လွန်သွားလေသည်။

“ရဲတင်းသားပဲ၊ အခုထိ ပြန်တိုက်ရဲသေးတာလား။”

မဟာကြယ်စင်အကြီးအကဲက နှာမှုတ်လိုက်၏၊ ယခင်တစ်ခေါက်က သင်ခန်းစာသက်သက်ဖြစ်သွားပုံပင်၊ ယခုအကြိမ်တွင်တော့ နန်ကုန်းမှာ သူတို့၏ရိုက်ချက်ကို ထပ်မံခံလိုက်ရပါက အနှီသူဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရ၍ အသက်အန္တာရယ်ပင် စိုးရိမ်ရနိုင်သည်လေ။

ဤသို့သောကြယ်အချင်းချင်း ကောင်းကင်ယံတွင်တိုက်ခိုက်နေပုံမှာ ကျင့်ကြံရေးလောကတစ်ခုလုံးရှိ အနည်းစုသော ကြယ်စွမ်းအင်ကျင့်ကြံသူတို့၏အာရုံကို ဆွဲဆောင်မိသွား၏။

၎င်းမှာ ကြယ်စွမ်းအင်ကျင့်ကြံသူတို့၏တိုက်ပွဲဖြစ်ပေရာ နေ့စဉ်ဘဝတွင်လည်း အလွန်ရှားပါးသလို မျက်စိဖမ်းစားဖွယ်လည်း ကောင်းသည်လေ။

ခြံဝန်းနံပါတ်ခြောက်တွင် စုယွမ်၏အရှိန်အဝါမှာ ရုတ်ချည်းထိုးတက်သွား၏။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: လူသိများကျော်ကြား(110001/ 10000000)

【ကျင့်ကြံမှုအဆင့်】: ထိပ်ဆုံးအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (99/100)၊ ရွှေကြယ်အဆင့်ထိပ်ပိုင်း။

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၉၂ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။

【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်။

ဤသုံးလတွင် ရှောင်ချိုက်မှာ ချီစွမ်းအင်ကို ပြင်းထန်စွာ စုပ်ယူခွင့်ရခဲ့သောကြောင့် ဒုတိယအဆင့်၏ထိပ်ဆုံးအပိုင်းပင် ရောက်သွားချေပြီ၊ ၎င်းက ထူးခြားသော မျိုးရိုးသွေးနိုးထလာသောအခြေအနေတစ်ခုအတွင်းရောက်ရှိသွားလျက်၊ ၎င်း၏ခန္ဓာကိုယ်တွင်လည်း ရောင်ခြယ်ငါးခုရှိပြီဖြစ်ပြီး လက်ရှိတွင် ကျင့်ကြံရေးအခက်အခဲတစ်ခုနှင့် ကြုံတွေ့နေရသည်။

သူကတော့ ရှောင်ချိုက်ဆီမှ စွမ်းအင်များကြောင့် အခြေခံအုတ်တည်ဆောက်ခြင်းအဆင့်ကို အစပိုင်းမှ ထိပ်ဆုံးပိုင်းထိရောက်ရှိသွားသလို ရွှေမှုန်အဆင့်မှ ချက်ချင်း ရွှေပဲစေ့အဆင့်၊ ရွှေပုလဲအဆင့်တို့ကို တိုက်ရိုက်ဖြတ်ကျော်ကာ ရွှေကြယ်အဆင့်ကို ရောက်ရှိသွားခဲ့သည်။

ဤအဆင့်ကို ရောက်ရှိလာခြင်းကလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အပြန်အလှန်အားဖြည့်ပေးနေခဲ့လေ၏။

ဒန်ထျန်အတွင်းရှိ၊ ရွှေရောင်ပန်းကန်လုံးတစ်ခုနှင့် လင်းလက်နေသောခုနစ်စဉ်ကြယ်နှင့်အတူ မှေးမှိန်နေသာ ကြယ်လေးနှစ်လုံးတို့က ခုနစ်စဉ်ကြယ်၏စွမ်းအင်အတိုင်းလည်ပတ်လာကြသည်။ လူတစ်ယောက်သာ ထိုအချိန်ကောင်းကင်ယံရှိ ခုနစ်စဉ်ကြယ်စွမ်းအင်ကို မြင်နိုင်မည်ဆိုပါက ၎င်းနှင့် ဒန်ထျန်အတွင်းရှိ ရွှေရောင်ကြယ်တို့လည်ပတ်နေပုံက တထပ်တည်းဖြစ်နေကြောင်း သတိထားမိရပေမည်။

ရွှေရောင်ကြယ်တို့၏အပေါ်တွင် ကြယ်သုံးလုံးက ကောင်းကင်နှင့်မြေကြီး၏မီး၊သစ်သားနှင့်သတ္ထုနိယာမများကို ကိုယ်စားပြုလျက် စွမ်းအင်များသိပ်သည်းလာကြလေ၏။

ထို့အတူ ခုနစ်စဉ်ကြယ်အစီအရင်ကြီး၏အပေါ်တွင်လည်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များမှာ ပြည့်ဝများပြားစွာလည်ပတ်နေကြတော့သည်။

စုယွမ်၏အောက်ဘက်ရှိ ခုနစ်စဉ်ကြယ်အစီအရင်စင်မြင့်မှာ အသက်ဝင်သွားချေပြီ။

အဆင့်ခြောက်ရှိဝိညာဉ်ရတနာကလည်း ကောင်းကင်ဗဟိုကြယ်နေရာတွင် နေရာယူထားပြီး ရှောင်လီက အားဖြည့်ပေးနေ၏။

ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ ဒဏ်ရာရထားဆဲဖြစ်သော်ငြား အဆင့်ခုနစ်ရှိဝိညာဉ်ရတနာအနေဖြင့် ယောင်ကွမ်းကြယ်ကို ဖိနှိပ်ကာ အစီအရင်ကို ပိုမိုအားဖြည့်ပေးလာသည်။

ကိုးစဥ်ကြယ်နှီးနွယ်ဓါးရှည်ကလည်း အစီအရင်အစိတ်အပိုင်းအနေဖြင့် ပုံဖော်ရင်း ကြယ်စွမ်းအင်တို့တလက်လက်လင်းလို့ ဝိညာဉ်လက်နက်၏အဆင့်မှာ တဖြည်းဖြည်းမြင့်လာလေသည်။

သူ၏ဘေးတွင်မူ အမတအကြီးအကဲနန်ကုန်းက မျက်လုံးများမှိတ်ရင်း ဒဏ်ရာကို ကုသနေ၏။

ရှိန်ဝါမြင့်စွမ်းရည်မှာ အောင်မြင်စွာ အသက်ဝင်သွားပြီး သူ၏ခွန်အားကလည်း အဆင့်တော်တော်များများတက်သွား၍ အစီအရင်ကို ထိန်းချုပ်ရသည်မှာလည်း ပို၍လွယ်ကူလာခဲ့သည်။

စုယွမ်လည်း စနစ်မျက်နှာပြင်ကို ကြည့်ရင်း အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကို ဖွင့်လိုက်၏။

ထို့အချိန်တွင် သူ၏နားလည်နိုင်စွမ်းကလည်း ချက်ချင်းထိုးတက်လာရာ အစီအရင်ကို ထိန်းချုပ်နိုင်စွမ်းက ပိုကောင်းသွားရသည်။

စိတ်အာရုံကိုလည်း ဖွင့်၍ မြင်ကွင်းသုံးခုကို ဖွင့်ကြည့်လိုက်သည်၊ သူ၏မူလရောက်ရှိနေသည့်နေရာနှင့်ပါ ပေါင်းလျှင် မြင်ကွင်းမှာ လေးခုဖြစ်သွားပေ၏။

ထိုအချိန် ရှိန်ဝါမြင့်စွမ်းရည်မှာ အသက်ဝင်လာပြီး ကြယ်သုံးခုကို စီမံနေသောအကြီးအကဲသုံးယောက်ထံသို့ ကြီးမားလှသောဖိအားကြီးတစ်ခု ကျရောက်သွားတော့သည်။

မဟာကြယ်စင်အကြီးအကဲနှင့် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကြယ်စွမ်းအင်ကျင့်ကြံသူတို့၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားရ၏။

ဖိအားတစ်ခုမှာ ရုတ်တရက်လေထဲမှပေါ်လာပြီး ခွန်အား၏သုံးဆယ်ရာခိုင်နှုန်းလောက်ကို ဖိနှိပ်လိုက်သည်လေ။

“ဘာဖြစ်ကုန်တာလဲ။”

မဟာကြယ်စင်အကြီးအကဲမှာ အမူအရာပြောင်းသွားရသည်။

သူ ချက်ချင်း မူမမှန်မှုကို နားလည်သွားရ၏။

သို့သော်ငြား ရုတ်ချည်းပြောင်းလဲသွားမှုမှာ အလွန်လျင်မြန်လှသည်ပင်။

ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကလည်း ချက်ချင်း အဆပေါင်းများစွာ ပို၍တောက်ပလာရတော့သည်။

ခုနစ်စဉ်ကြယ်၏စွမ်းအင်ကို သယ်ဆောင်ထားသောအလင်းတန်းတို့မှာ ကြယ်သုံးခု၏အလင်းကို ဖုံးအုပ်သွားလေ၏။

“မဟုတ်သေးပါဘူး၊ ဒါ နန်ကုန်းမဟုတ်ဘူး။ ခုနစ်စဉ်ကြယ်ရဲ့တုံ့ပြန်ချိန်က အဆတစ်ရာလောက် သိသိသာသာ ပိုမြန်နေတာ။”

မဟာကြယ်စင်အကြီးအကဲ၏မျက်စံများမှာ တုန်ယင်သွားရလေပြီ။

သာမန်လူများမှာ ကြိုတင်ပြင်ဆင်မှုမရှိကြလင့်ကစား ထက်မြက်သူများကတော့ ပြေးပေါက်ကိုကြည့်ထားပြီးသားပေ။

ကြယ်စွမ်းအင်လမ်းစဉ်ဆိုသည်မှာ ကျင့်ကြံဆင့်မြင့်ရန် သိပ်၍မလိုအပ်ဘဲ ကောင်းကင်ရှိဖြစ်စဉ်များကို အနေအထားတစ်ခုအထိ နားလည်နေရန်သာ လိုအပ်ခြင်းဖြစ်၏၊ ၎င်းက ကြယ်၏စွမ်းအင်ကို ချေးငှားကာ တိုက်ခိုက်ရခြင်းဖြစ်သည်မို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်လော၊ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်လောမှာ ဤကြယ်စွမ်းအင်တွင်တော့ အရေးမပါပါချေ။

ကြယ်စွမ်းအင်ကျင့်ကြံသူတစ်ဦး၏ခွန်အားကိုကား ကျင့်ကြံဆင့်များထက် ကြယ်တို့၏တုံ့ပြန်မှုအမြန်နှုန်းနှင့် ကြယ်စွမ်းအင်ဘယ်လောက်များများချေးယူနိုင်သလဲဆိုတာဖြင့်သာ သတ်မှတ်ကြပေ၏။

ယခု ရုတ်တရက်ပေါ်ပေါက်လာသော ဤထူးဆန်းသောကျင့်ကြံသူမှာ အနှီအမတအကြီးအကဲနန်ကုန်းနှင့် သေချာပေါက်ကို တတန်းထဲတွင် ရှိမနေသည်ပင်။

“မကောင်းတော့ဘူး။”

မဟာကြယ်စင်အကြီးအကဲမှာ ဘာစကားမှတောင် မပြောနိုင်တော့ဘဲ ကိုယ့်အစီအရင်ကိုယ် ဖျက်စီးပစ်ရတော့သည်။

သူ့ခြေထောက်အောက်ရှိအစီအရင်စင်မြင့်မှာ ချက်ချင်း လောင်ကျွမ်းပျက်စီးသွားပြီး အဆင့်ငါးဆယ်ရှိဝိညာဉ်ရတနာတစ်ခုသာ သူ့လက်ထဲကျန်ရစ်တော့လေ၏။

မဟာကြယ်စင်အကြီးအကဲမှာ ပျက်စီးသွားသောအစီအရင်စင်မြင့်ကို ကြည့်ရင်း နာကျင်မှုတစ်ရပ်မှာ သူ့မျက်ဝန်းထဲ ပေါ်ပေါက်လာ၏၊ အနှီစင်မြင့်အတွက်သုံးထားသော အချို့ပစ္စည်းများမှာ အဆင့်ငါးဆယ်ရတနာနှင့်တန်တူဖြစ်ပြီး တန်ဖိုးကလည်း တကယ်ကို မနိမ့်သည်လေ။

သို့သော် သူ လှုပ်ရှားတာမြန်သွားတာကိုတော့ ကျေးဇူးတင်မိပါ၏၊ မဟုတ်ပါက အနှီရိုက်ချက်ဆီကသာ ခံစားလိုက်ရပါလျှင်...

နေပါဦး၊ ဘာလို့ ထူးဆန်းတဲ့ဖိအားကြီးက အခုထိရှိနေသေးတာလဲ။

မဟာကြယ်စင်အကြီးအကဲမှာ တွေးကြည့်ရင်း မျက်နှာမှာ လုံးဝပျက်ယွင်းသွားလျက် ကောင်းကင်ကြယ်မှန်ကို ချက်ချင်း မြောက်လိုက်တော့၏။

ခုနစ်စဥ်ကြယ်တို့က ဝေးစွာသောနေရာအကွာအဝေးကို ကျော်ဖြတ်၍ ကြွေကျလာကာ သူ့ကို တိုက်ခိုက်တော့ပေသည်။

ခုနစ်စဉ်ကြယ်စွမ်းအင်တို့မှာ မြည်ဟိန်းသံကြီးတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာတော့လေ၏။

ကောင်းကင်ကြယ်တောင်တန်း၏အကာအကွယ်အစီအရင်ကလည်း တစ်လက်မချင်းအက်ကွဲလာပြီး အထဲရှိအဆောက်အဦးများလည်း ထိခိုက်၍ ကျင့်ကြံသူများမှာ အမိတမိသည်အထိ ငိုယိုအော်ဟစ်ကာ ပြေးလာနေကြရပေသည်။

ကြွေဆင်းလာသော ခုနစ်စဉ်ကြယ်၏အဓိကတိုက်ခိုက်မှုကို ခံလိုက်ရသော မဟာကြယ်စင်အကြီးအကဲကတော့ မြေပြင်တွင် ဝပ်တွားနေလျက် ကောင်းကင်ကြယ်မှန်က သူ့ရင်ဘက်ပေါ်ကာကွယ်ပေးထား၏၊ ကံကောင်းထောက်မစွာ မှန်မှာ လုံးဝတော့ ကွဲကြေမသွားခဲ့ပါချေ။

ဤမှန်မှာ ကောင်းကင်နှင့်မြေကြီး၏ကြယ်စွမ်းအင်ဖြစ်သလို သူ၏နောက်ဆုံးအထိ စွမ်းရည်လည်း ဖြစ်ပေသည်လေ။

ဤစွမ်းအင်နှစ်ခုမှာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အလယ်ပိုင်းတစ်ယောက်၏အားကုန်တိုက်တိုက်မှုဖြင့်ပင် ယှဉ်၍ရချေမည်။

မဟာကြယ်စင်အကြီးအကဲမှာ သူ၏ဝိညာဉ်စင်မြင့်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း သူ၏စိတ်မှာ ရှင်းလင်းနေပြီး ဘာကိုမှ မတွေးမိအောင်နေလိုက်၏။

ထို့ရိုက်ချက်အပြီးတွင် ထူးဆန်းသောဖိအားကြီးမှာလည်း ပျောက်ကွယ်သွားလေ၏။

မဟာကြယ်စင်အကြီးအကဲမှာ ထိုအခါမှ စိတ်သက်သာရ၍ သက်ပြင်းချမိရသည်။ သူ စင်မြင့်ကို ဖျက်စီးလိုက်ချိန်တုန်းကတောင် ဖိအားကြီးက ရှိနေဆဲဖြစ်သည့်အတွက် သူ ချက်ချင်း တစ်ဖက်လူက တိုက်ခိုက်ရန် ကောင်းကင်စွမ်းအင်တို့ထက် စိတ်အာရုံနှင့်ပတ်သက်သော နည်းလမ်းတစ်ခုကို သုံးနေပုံရကြောင်း သတိထားမိသွားရတာဖြစ်၏။

ထို့ကြောင့် သူ၏စိတ်အာရုံကို ထိန်းချုပ်၍ ဘာကိုမှမတွေးလိုက်ချိန်မှသာ တိုက်ခိုက်မှုက ရပ်တန့်သွားခြင်းပေ။

ဤသည်မှာ ကံဆိုးမှုထဲ ကံကောင်းခြင်းတစ်ရပ်ပါပေ။

အမှန်တွင် သူ အလကား ပူပန်မိသွားတာပင်၊ သူ ပြန်လည်မတိုက်ခိုက်လျှင်တောင် စုယွမ်ပစ်လိုက်တော့ တိုက်ခိုက်မှုများက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တစ်ယောက်ကို မခြိမ်းခြောက်နိုင်ပါလေ။

သို့သော်ငြား ဤကိစ္စကြောင့် မဟာကြယ်စင်အကြီးအကဲကတော့ အနာဂတ်တွင် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းကို မစော်ကားရဲတော့ပြီပင်။

အခြားနေရာနှစ်ခုမှ အကြီးအကဲတို့လည်း ထိုသို့တွေ့ကြုံခဲ့ရ၏။

ကြယ်စွမ်းအင်ကျင့်ကြံသူများမှာလည်း တကယ်ကို ဉာဏ်ကောင်းသူများပေ၊ သူတို့ အခြေအနေကို ချက်ချင်းရိပ်မိသွားကြသည့်အတွက် စိတ်ထဲတွင် စုယွမ်ကို အလွန်ကြောက်ရွံ့နေမိသော်ငြား စုယွမ်အကြောင်းထပ်မတွေးရန် ထိန်းချုပ်ရမှန်းသိသွားကြပေသည်။

စုယွမ်ဘက်တွင်လည်း ထိုလူသုံးယောက်၏နေရာကို အာရုံခံမရတော့ပါပေ။

သူလည်း စိတ်အာရုံစွမ်းရည်ကို နေရာပြောင်းလိုက်ပြီး တိုက်ပွဲနေရာစီတွင်သာ ထားလိုက်တော့ပါ၏။

Chapter 142: ခြိုးချုံတိုက်ခိုက်မှုနှင့် ၎င်းကိုပြန်လည်တိုက်ခိုက်ခြင်း။

ဝက်နတ်ဆိုးသစ်တောဆိုသည်မှာ ချီစုဆောင်ခြင်းအဆင့်များနှင့် အခြေခံအုတ်မြစ်တပည့်များလေ့ကျင့်ရာနေရာတစ်ခုဖြစ်၏။ အနှီတောအုပ်ထဲတွင် နတ်ဆိုးများစွာနေထိုင်ပြီး မြေမျက်နှာသွင်ပြင်ကလည်း များသောအားဖြင့် ပြန့်ပြူးသည်။ သစ်တောမှာကား လွန်စွာသိပ်သည်းထူထပ်လင့်ကစား အန္တာရယ်ကတော့ အနေအထားတစ်ခုအထိသာရှိပေ၏။

ရွှေအမြူတေအဆင့်အထက်ရှိကျင့်ကြံသူများကတော့ ဝက်နတ်ဆိုးတောအုပ်ကို သေချာတောင်မဝင်ဘဲ အချိန်မကုန်စေရန် ဖြတ်လမ်းမှသာ သွားလေ့ရှိကြသည်။

ယန်ပင်ကျီမှာ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏လက်နက်ရေးရာတောင်ထိပ်မှလာသော ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတစ်ဦးဖြစ်၏။ သူမက လက်ရှိတွင် ဝက်နတ်ဆိုးတောအုပ်ကို ဖြတ်သန်းနေ၍ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏သတ္ထုတွင်းများဆီသွားနေတာဖြစ်သည်။

သူမ၏အမူအရာမှာ တည်ငြိမ်နေသော်ငြား တနည်းတဖုံစိုးရိမ်နေဟန်ရပြီး တစ်စုံတစ်ခုထံ အကူအညီပေးရန် အလျင်လိုနေပုံပင်။

သို့သော်ငြား သူမ၏မျက်ဝန်းအတွင်းထိစိုက်ကြည့်မိပါက သူမဟာ အင်မတန် တည်ငြိမ်နေကြောင်းတွေ့ရချေမည်။ သူမ၏အကြည့်များကလည်း သံသယဖြစ်ဖွယ်နေရာများဆီသို့ အဆက်မပြတ် ကူးသန်းနေလျက် သူမ၏အသက်စောင့်ရတနာကိုလည်း အချိန်မရွေးအသက်သွင်းနိုင်ရန် အသင့်ပြင်ထားပေသည်။

ပထမဆုံးတိုက်ခိုက်မှုသည်ကား အမြဲတစေ အန္တာရယ်အများဆုံးဖြစ်ချေလိမ့်မည်သာ။ သူမက အဆင့်တူ၊ အင်အားကြီးသောသူသုံးယောက်နှင့် ထိပ်တိုက်တွေ့ရမည်ဖြစ်သည်၊ ၎င်းမှာ ကြိုတင်ပြင်ဆင်မှုမရှိပါက အတော်လေး ထိခိုက်နိုင်ကာ အသက်အန္တာရယ်ကိုပင် ခြိမ်းခြောက်နိုင်မှာ ဖြစ်လင့်ကစား ယခုကဲ့သို့ ပြင်ဆင်ထားသည်ဖြစ်ရာ သူမ တောင့်ခံနိုင်မည်ဟု ယုံကြည်ချက်ရှိပါ၏။

“သူတို့လာနေပြီ။”

အရိပ်ထဲတွင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးအိုကြီး သုံးယောက်က တိတ်တဆိတ်စောင့်ဆိုင်းနေကြ၏။ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏အစီအရင်ကို လှုံ့ဆော်မိမည်စိုးသောကြောင့် သူတို့ပတ်လည်တွင် မည်သည့်အစီအရင်မှတောင် ချမထားပါပေ။

သို့သော်လည်း မျှော်လင့်မထားဘဲ ခြိုးချုံတိုက်ခိုက်မည်ဖြစ်ရာ သူတို့ဘက်မှာ အပြတ်ရှင်းမည်ဟုတော့ ယုံကြည်ချက်ရှိပါ၏။

ယန်ပင်ကျီကလည်း တောအုပ်ထဲရှိသတ်မှတ်ထားသောနေရာသို့ ရောက်လာသည်နှင့်...

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးသုံးယောက်မှာ ချက်ချင်း လှုပ်ရှားလာကြသည်။

ကောင်းကင်အထက်တွင်မူ မဟာနတ်ဆိုးဂိုဏ်းမှထောင်ချီသောနတ်ဆိုးများက လေထဲမှ ရုတ်တရက်ထွက်ပေါ်လာကြပြီး ကောင်းကင်တခွင်ကို အုပ်မိုးလိုက်ကြ၏။

၎င်းက【နတ်ဆိုးကျင့်စဥ်: မဟာနတ်ဆိုးအက】ဖြစ်၏။

တောအုပ်ထဲမှလည်း ပျံသန်းလာသော အလောင်းကောင်ထောင်ချီက အလင်းအလျင်ဖြင့် ချဉ်းကပ်လာကြလေသည်။

【အလောင်းကောင်ကျင်စဥ်: မိုင်ထောင်ချီအဝေး】ပေ။

မြေကြီးထဲမှလည်း တစ္တေချီများကို ဟိန်းတက်လာကြပြီး ပတ်ဝန်းကျင်တခွင်ကို ယင်စွမ်းအင်အပြည့်ဖြစ်သွားစေ၏။

၎င်းကတော့【တစ္တေကျင်စဥ်: မြေအောက်တစ္တေ】ဖြစ်၏။

ဝိညာဉ်အသွင်ကူးပြောင်းခြင်းနတ်ဆိုးသုံးဦးမှာ စတင်လေကတည်းက အနှိုင်းမဲ့ကျင့်စဉ်များကို ထုတ်သုံးလာကြ၏။

တစ်ခဏချင်းတွင်း ယန်ပင်ကျီက အသက်အန္တာရယ်အတွင်း ကျရောက်သွားလေပြီ။

ယန်ပင်ကျီ၏အကြည့်မှာ စူးရှသွားပြီး နောက်တစ်ခဏတွင် သူမ၏လက်ထဲ၌ ကြယ်သွေးရောင်လှံတံရှည်ကြီးပေါ်ပေါက်လာလေသည်။

“【အသက်စောင့်ရတနာကိုဖျက်စီးကာ အစွမ်းကုန်တိုက်ခိုက်ခြင်း】”

ထို့နောက်တွင် လှံတံကြီး၏အလယ်မှာ ချက်ချင်းကျိုးပဲ့သွားပြီး ယန်ပင်ကျီ၏ပါးစပ်မှလည်း သွေးတစ်ပွက်အပြည့် အန်ထွက်လာ၏။ အနှီသွေးအနည်အနှစ်တို့ကို လှံတံ၏ထိပ်သို့ အန်ချလိုက်ပေသည်။

လှံတွင် အင်အားမြင့်ရှေးဟောင်းဝိညာဉ်စွမ်းအင်တို့ထွက်ပေါ်လာလျက် မယုံနိုင်ဖွယ်ရာ အမြန်နှင့်အတူ တိုက်ခိုက်လိုက်၏။ ၎င်းမှာ အလောင်းကောင်တို့ဆီရောက်ရှိသွားပြီး ဘေးပတ်လည်ပိတ်ဆို့ထားရာမှ နေရာလွတ်တစ်နေရာပေါ်ပေါက်လာလေသည်။

ဤသို့ဖြင့် သူမဟာ သုံးယောက်လုံး၏ဝန်းရံတိုက်ခိုက်မှုကို ဖောက်ထွက်၍ မျက်စိတစ်မှိတ်အတွင်း ဆယ်မိုင်လောက်အထိ ပြေးထွက်သွားလေတော့သည်။

နတ်ဆိုးသုံးကောင်ဖြစ်သော လင်းယုန်၊ မာန်နတ်ဆိုးနှင့် မြူခိုးငွေ့တို့မှာ ခဏလောက်ကြောင်အသွားကြရ၏။ သူတို့မှာ တစ်ဖက်လူက ဤမျှအပြင်းအထန်ပြန်၍ တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပါပေ။

ထို့အတူ ရုတ်တရက်တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်နှုန်း၊ ပြန်လည်တိုက်ခိုက်နှုန်းနှင့် ဆုံးဖြတ်ချက်ချသွားနှုန်းတို့မှာ သူတို့နတ်ဆိုးသုံးဦးလုံးတွေးထားသည်နှင့် မတူဖြစ်နေ၏။

“လိုက်ကြလေ။”

မည်သို့ပင်ဖြစ်သွားပါစေ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်နတ်ဆိုးသုံးယောက်မှာ ယန်ပင်ကျီးကို လွယ်လွယ်လွတ်ပေးနိုင်မည်လား။

သူမ၏အသက်စောင့်ရတနာကလည်း ပျက်စီးလုနီးနီးဖြစ်သွားလို သူမ၏အနည်အနှစ်သွေးတို့ကလည်း ကုန်ခမ်းလုမတတ်ဖြစ်သွားရာ သူမ၏ခွန်အားကလည်း နှစ်ဆယ်၊သုံးဆယ်လောက်တောင် လျော့သွားလောက်မည်သာပေ။ သူတို့သာ သူမကို ယခုမသတ်နိုင်လျှင် ဘယ်ချိန်သွားသတ်ရမည်နည်း။

သုံးဦးသား၏ပျံသန်းနှုန်းမှာ တဟုန်ထိုးတိုးမြင့်လာပြီး ယန်ပင်ကျီနှင့် နီးကပ်လာ၏။

လင်းယုန်က နှာမှုတ်လာ၏။

“ဘယ်လောက်တော်လိုက်တဲ့ အမတအမျိုးသမီးယန်လဲ။ မင်းရဲ့တုံ့ပြန်မှုနှုန်းကတော့ မြန်ချက်ပါလား။ ဒါပေမဲ့ ဒီနေ့တော့ မင်းက ကျူပ်တို့နတ်ဆိုးဂိုဏ်းထဲလက်ထဲရောက်တော့မှာပဲ။ ကျူပ်လည်း ယန်မိသားစုရဲ့အမျိုးသမီးတစ်ယောက်အရသာကို မမြည်းစမ်းဘူးသေးတာနဲ့အတော်ဖြစ်သွားပြီ။”

သူက ရယ်မောလိုက်၏၊ သို့သော် သူ့ကို ယန်ပင်ကျီက လျစ်လျူရှုထားရုံတင်မကဘဲ မာန်နတ်ဆိုးနှင့် မြူခိုးငွေ့တို့တောင် အဖက်လုပ်မလာပါချေ။

လင်းယုန်၏အပြုံးမှာ အနည်းငယ်တောင့်တင်းသွားပြီး သူ ပြောလိုက်ရ၏။

“မင်းတို့ကောင်တွေ ဘာလို့ ငါနဲ့လိုက်ပြီး ကစားပွဲလေးဘာလေးမလုပ်လဲ။”

“လိုက်သာလိုက်စမ်းပါ။ စကားပြောတာရပ်။ နတ်ဆိုးကျင့်ကြံသူတွေဆိုတာ စကားများလွန်းလွန်းလို့ သေသွားခဲ့တာချည်းပဲ။”

မာန်နတ်ဆိုးက ပြန်ပြောလာ၏။

မာန်နတ်ဆိုး၏မျက်လုံးများမှာ ရုတ်တရက် အရောင်ပြောင်းသွား၏၊ သူက တစ်ခုခုမူမမှန်တာကို အာရုံခံလိုက်မိပြီး ပိုပိုလိုလို အသင့်ပြင်ထားသော ဒုတိယအစီအစဉ်ကိုလည်း အသက်သွင်းလိုက်တော့သည်။

ရုတ်တရက်တန်ပြန်တိုက်ခိုက်မှုကြောင့် ထိခိုက်သွားသောအလောင်းကောင်အုပ်စုထဲ၌ ရှေးဟောင်းဝိညာည်တစ်ခုကလည်း ပေါ်ပေါက်လာပြီး ထွက်ပြေးသွားလေ၏။

ပြီးမှသာ မာန်နတ်ဆိုး ဆက်ပြောလိုက်သည်။

“ဒီနေရာက ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းနဲ့နီးလွန်းတယ်။ မြန်မြန်အဆုံးသတ်ရမယ်။”

လင်းယုန်နတ်ဆိုးမှာ မျက်နှာကြီးမဲကျသွားရသည်၊ မသိလျှင် သူကပဲ ယုံကြည်အားကိုးမရသည့်ပုံပေါက်နေသည်လေ။

ဤသို့ဖြင့် နတ်ဆိုးသုံးယောက်က ယန်ပင်ကျီကို ဆက်လိုက်ကြ၏။

ယန်ပင်ကျီကလည်း နည်းနည်းမှ တုံ့ဆိုင်းမနေ၊ သူမက သူမ၏အနည်အနှစ်သွေးကို အသက်သွင်းဖို့တောင် သူမကိုယ်သူမ အကြိမ်အနည်းငယ်ရိုက်လိုက်သေးသည်။ တချိန်တည်းမှာပင် သူမကိုယ်ထဲရှိ ရှေးဟောင်းဝိညာဉ်က လောင်ကျွမ်းလာပြီး ပို၍အားကောင်းသောစွမ်းအင်တို့က ထွက်လာ၏။ ထိုစွမ်းအင်တို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်လှိုင်းလုံးများထဲတွင်ပင် ကသောင်းကပြောင်းဖြစ်သွားပြီး သူမ၏အရှိန်ကလည်း မိုးထိတိုင်ပိုမြန်ပြီး ပို၍ဝေးဝေးရောက်သွားတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးသုံးကောင်နှင့် သူတို့၏ပစ်မှတ်မှာ မိုင်သုံးထောင်လောက်ထိတောင် ပြေးလွှားခုန်ကူးပြီးသွားလေပြီ။

ယန်ပင်ကျစ်တစ်ယောက် တောင်ထိပ်တစ်ခု၏ထိပ်ဆုံးကို ရောက်ချိန်တွင် သူမ၏အကြည့်များမှာ အောက်ရှိနေရာတစ်ခုကို ရောက်ရှိသွားပြီး ချက်ချင်း ပြန်လွဲသွား၏။

နတ်ဆိုးသုံးယောက်လည်း ချက်ချင်း သူမနောက် ပြေးလိုက်လာကြသည်။

ထို့နောက် ထိုအချိန်လေးတွင်ပင် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးက ဇောက်ထိုးဖြစ်သွားလေ၏။

တောင်ထိပ်ကြီးမှာ အောက်သို့ရောက်ပြီး အရာရာက ပြောင်းပြန်ဖြစ်သွားသည်။

ထိုအခါမှ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့် နတ်ဆိုးသုံးယောက်၏အမူအရာများက လုံးဝပြောင်းလဲသွားကြတော့၏။

သူတို့မှာ ကြောက်ရွံမှုကြောင့် ချက်ချင်း ဖြူဖျော့သွားရပြီး ဘေးပတ်လည်းကို လှည့်ကြည့်လိုက်ကြသည်။

“မြေကမ္ဘာနှင့်ကောင်းကင်၊ ထောက်တိုင်လေးခု၊ ဇောက်ထိုးအစီအရင်။”

ဝိညာည်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူလေးယောက်က အရပ်မျက်နှာလေးဖက်တွင် တည်ငြိမ်စွာထိုင်နေလျက် အလင်းတန်းလေးခုက ကောင်းကင်ကို ပြေးထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးချိတ်ဆက်မိသွား၏။ ထို့နောက် ချက်ချင်း အစီအရင်တစ်ခုမှာ ပေါ်ပေါက်လာတော့သည်။

ကောင်းကင်နှင့်မြေကြီးဇောက်ထိုးပြောင်းပြန်ဖြစ်သွားခြင်းကလည်း အနှီအစီအရင်၏ရလဒ်သာပင်တည်း။

ကမ္ဘာမြေကြီးတစ်ခုလုံးမှာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိနတ်ဆိုးသုံးကောင်ကို ဖိနှိပ်လာလျက်၊ သူတို့၏အမူအရာမှာလည်း လွန်စွာ အကျည်းတန်သွားကြသည်။

All Chapters