← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

Chapter 143

အစီအရင်ကိုအားဖြည့်ပေးနေသော ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲလေးယောက်ဘေးတွင်မူ အေးစက်စက်မျက်ဝန်းများဖြင့်စိုက်ကြည့်နေကြသော နောက်ထပ် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲရှစ်ယောက်ရှိနေ၏။

စုစုပေါင်းလိုက်ပါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲ ဆယ့်နှစ်ယောက်လောက်ရှိနေသည်ပင်။

ထိုသူများထဲ လင်းယုန်က ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းမဟုတ်သည့် အခြားသူတော်ကောင်းဂိုဏ်းများမှ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်များကိုတောင် မြင်လိုက်ရ၏။

ဤတိုက်ခိုက်မှုမှာ ပေါက်ကြားထားပြီးသားဖြစ်နေသည်ပဲ။

သို့သော် ဘယ်လိုပေါက်ကြားနိုင်မည်နည်း။

“မင်းတို့...”

လင်းယုန်၏လက်ချောင်းများမှာ အဝေးတစ်နေရာရှိ ယန်ပင်ကျီကို ကြည့်ရင်းတုန်ယင်လာရသည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေလင့်ကစား တည်ငြိမ်စွာသာ ဒဏ်ရာများကို ပြန်၍ကုသနေခဲ့၏။

လင်းယုန်မှာ သူတော့ သွားပြီဟုသာ တွေးလိုက်မိတော့သည်။

သူက အင်အားကြီးသောရန်သူများကို မကြောက်ရွံ့ပါလေ၊ ထိုအစား သူက သူ့ထက်တောင် ပို၍ကြမ်းတမ်းရူးသွပ်သောသူများကို ပို၍ကြောက်မိ၏။

ယန်ပင်ကျီမှာ သရုပ်ဆောင်နေခြင်းမဟုတ်၊ သူမက တကယ်ကြီး သူမ၏အသက်စောင့်ရတနာကို ဖျက်စီးပစ်ခဲ့ခြင်းပေ။ အကုန်ကြိုတင်ပြင်ဆင်ထားသည်ဆိုလျှင်တောင် ထိုသို့ဖျက်စီးပစ်ခြင်းက သူမ၏အနက်ရှိုင်းဆုံးဝိညာဉ်များထဲထိတိုင် ဒဏ်ရာကြီးကြီးမားမားရသွားမှာသာ ဖြစ်၏၊ ပြန်လည်ကုသရန်ဆိုသည်မှာလည်း အချိန်အကြာကြီးယူရလိမ့်မည်သာ။ သူမဟာ အဆင့်တောင် မတက်ချင်တော့သည်လား။

လင်းယုန်ကလည်း သူ့နတ်ဆိုးအပေါင်းအဖော်နှစ်ဦးကို ကြည့်၍ ပြောလိုက်သည်။

“မင်းတို့၊ ကြည့်ရတာ ငါတို့တော့ အသေအကြေတိုက်ရတော့မယ်ထင်တယ်။ ငါတို့ ဒီမှာသေသွားရရင်တောင် အဲ့ဒီသူတော်ကောင်းဆိုတဲ့ဟာတွေကို ကောင်းကောင်းမွန်မွန်ဖြစ်မသွားစေချင်ဘူးကွာ။”

“တစ်ယောက်ကို သတ်နိုင်ရင် တစ်ယောက်အသက်တစ်ယောက် ကြေပြီ။ နှစ်ယောက်ကိုသတ်နိုင်ရင်တော့ အမြတ်ပဲပေါ့။”

မာန်နတ်ဆိုး၏မျက်ဝန်းများကအေးစက်လို့ သူ၏လေသံ၌လည်းဒေါသမာန်ဟုန်တို့ အပြည့်ပါပေ။

“သူတို့ထဲက အနည်းဆုံးတစ်ယောက်လောက်တော့ သေကိုသေရမယ်။”

မြူနှင်းငွေ့ကလည်း လင်းယုန်ကို ပြန်ပြောလာ၏။

သုံးယောက်သားမှာ တစ်ယောက်ကို တစ်ယောက်ကြည့်မိလို့ မျက်ဝန်းများထဲတွင်လည်း ပြတ်သားမှုက ဝင်ရောက်သွားကြသည်။

“သတ်၊သတ်၊ အကုန်သာသတ်ပစ်။”

“နတ်ဘုရားစွမ်းရည်....”

ပြင်းထန်ကာ သွေးထက်သံယိုတိုက်ပွဲတစ်ခုမှာ အစီအရင်ထဲ၌ ဖြစ်ပေါ်လာတော့သည်။

ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဆယ့်နှစ်ယောက် သုံးယောက်ကို ချောင်းတိုက်တာပင်၊ ထို့အပြင် နတ်ဘုရားအဆင့်အစီအရင်တစ်ခုတောင်ပါသေး၏၊ ဤသည်မှာ သေဘေးကလွှဲပြေးတွေ့စရာမရှိတော့သည့် ထောင်ချောက်တစ်ခုပါပေ။

အသက်ချင်းလဲပြီး ရန်သူကိုပါ သတ်သွားချင်သည်လား။

လုံးဝမဖြစ်နိုင်ပါပေ။

နှစ်နာရီအကြာတွင် အစီအရင်အတွင်းရှိ ဝုန်းဒိုင်းဆန်ခတ်ဖြစ်မှုများက ပြန်လည်ငြိမ်သက်သွားကြ၏။

သူတော်ကောင်းဂိုဏ်းသားများကလည်း တိုက်ပွဲအကြွင်းအကျန်များကို သိမ်းဆည်းနေကြသည်။

ရုတ်တရက် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတစ်ဦး၏အမူအရာက ပြောင်းလဲသွားလေသည်။

“လင်းယုန်ကလွဲ ကျန်တဲ့မြူခိုးငွေ့နဲ့မာန်နတ်ဆိုးရဲ့သိုလှောင်လက်စွပ်တွေ ပျောက်နေတယ်။”

ဒါကို ကြားတော့ ယန်ပင်ကျီ သက်ပြင်းချလိုက်သည်။

“ကျွန်မ အရမ်းအလျင်လိုသွားတော့ သံသယဝင်စရာတစ်ခုခုပြမိသွားတာဖြစ်မယ်။”

“သူတို့ ပင်ကိုယ်ကိုက သံသယများကြတာပဲ၊ သူ့အလိုလိုသိသွားတာပဲနေမယ်။ မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်။”

“အများဆုံး သူတို့က ဝိညာဉ်အခွဲတစ်ခုခုနဲ့ ထွက်ပြေးနိုင်သွားတာပဲဖြစ်မယ်။ သူတို့ ခန္ဓာကိုယ်တစ်ခုခုကို ဝင်စီးနိုင်ရင်တောင် အနာဂတ်မှာ ခြိမ်းခြောက်စရာဖြစ်တော့မှာ မဟုတ်ဘူး။ ငါတို့ရဲ့ရည်ရွယ်ချက်လည်း အောင်မြင်တယ်ပြောလို့ရမယ်။”

ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏ဝိညာဉ်အသွင်ကူးပြောင်းခြင်းအကြီးအကဲတစ်ယောက်က ပြုံး၍ဆိုလာ၏။

“နယ်မြေတိုင်းမျာရှိနေတဲ့တပည့်တွေကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်တော့။”

နောက်ထပ် အကြီးအကဲတစ်ယောက်က ဝင်ပြောလာ၏။

“ဟုတ်တယ်။”

တစ်ခဏချင်းတွင်း ဝိညာဉ်အသွင်ကူးပြောင်းခြင်းအကြီးအကဲများက အကြောင်းကြားစာများပို့လိုက်ကြတော့သည်။

ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏လုပ်ငန်းနယ်စပ်များရှိ အကူအညီများလာရန် စောင့်ဆိုင်းနေဟန်လုပ်နေကြသောနေရာများ၌ အကာအကွယ်အစီအရင်က ရုတ်တရက်လင်းလက်လာ၏။ ထို့နောက် အလင်းမှာ လွန်စွာတောက်ပလာပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၊ တစ္တေများ၊ အလောင်းကောင်များကို တိုက်ခိုက်တော့သည်။

တပည့်ရာချီလောက်သာရှိနေဟန်ပေါ်သော ခံတပ်များအတွင်းလည်း ရုတ်တရက် ကျင့်ကြံသူထောင်ချီမှာ ထွက်ပေါ်လာကြ၏။ အနှီကျင့်ကြံသူများထဲ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းသာပါသည်မဟုတ်၊ အခြားသူတော်ကောင်းဂိုဏ်းဝင်များပါ ရှိနေကြလေသည်။

“ပြန်တိုက်ကြဟေ့၊ ပြန်တိုက်ခိုက်လို့ရပြီ။ အဲ့ဒီနတ်ဆိုးကောင်တွေအကုန်ကို သတ်ပစ်ကြ။”

သူတို့မှာ အုပ်လိုက်ကြီးထွက်လာလို့ နတ်ဆိုးကျင့်ကြံသူများထံ အပြေးသွားတော့သည်။

“သွားပြီ။ ပြဿနာတက်ပြီ။ ပြန်ဆုတ်ကြစမ်း။”

အမိန့်ပေးနေသောနတ်ဆိုးအကြီးအကဲမှာ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကျင့်ကြံသူများကို မြင်လိုက်သည်နှင့် စကားတစ်ခွန်းတောင် ဆက်မပြောတော့ဘဲ သူ့လက်အောက်ငယ်သားများကိုလည်း လျစ်လျူရှုကာ ခြေသုတ်တင်ပြေးတော့သည်။

အနှီစိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူထဲမှနှစ်ယောက်မှာ သူ့နောက်ကိုလိုက်လာပြီး ကျန်သူများကတော့ အခြား ရွှေအမြူတေအဆင့်ကျင့်ကြံသူများဆီရောက်ရှိသွား၏။

စစ်သူကြီးကို စစ်သူကြီးသာ စိန်ခေါ်ရပြီး ဘုရင်ကို ဘုရင်သာ တိုက်ခိုက်မည်ဟူသော စည်းမျဉ်းမှာ အရေးမပါတော့။

ဤသည်မှာ အစုလိုက်အပြုံလိုက်တိုက်ပွဲဖြစ်နေရာဖြစ်သလို သူတော်ကောင်းဂိုဏ်းသားများနှင့် နတ်ဆိုးဂိုဏ်းသားများကြားတွင်လည်း ဘယ်တုန်းကမှ မတရားသည့်စည်းမျဉ်းဆိုသည်မျိုး မရှိခဲ့တာပင်။

နတ်ဆိုးတို့၏အစီအစဉ်မှာ ပေါက်ကြားသွားပြီး လျှို့ဝှက်စွာ ပြန်လည်တိုက်ခိုက်ခံရခြင်းဖြစ်ရာ ယခုတိုက်ပွဲတွင် အင်အားကြီးနတ်ဆိုးဂိုဏ်းသုံးခုမှာ ဆုံးရှုံးမှုများစွာနှင့် ကြုံလိုက်ရတော့သည်။

ဝက်နတ်ဆိုးသစ်တော၏နေရာတစ်ခုတွင် အလောင်းကောင်တစ်ကောင်၏ခေါင်းက မှောင်မိုက်နေသောလှိုဏ်ဂူတစ်ခုအတွင်းပေါ်ပေါက်လာ၏။

အနှီအလောင်းကောင်၏မျက်ဝန်းထဲ အားနည်းနေသောရှေးဟောင်းဝိညာဉ်တစ်ခုက ကုတ်ခြစ်ထွက်လာသည်။

“အဟွတ်၊အဟွတ်။”

မာန်နတ်ဆိုးမှာ ပြင်းထန်စွာချောင်းဆိုးနေလျက်၊ ရှေးဟောင်းဝိညာဉ်စွမ်းအင်များကလည်း တဖြည်းဖြည်းလွှင့်ပြယ်လာသလို သူ၏ဒဏ်ရာများကလည်း ပို၍ဆိုးလာလေသည်။

သို့သော် ၎င်း၏မျက်ဝန်းများထဲ စိတ်သက်သာရာရမှုတစ်ခုတော့ ခိုအောင်းနေလေ၏။

ကံကောင်း၍၊ တကယ်ကို ကံကောင်းသွား၍ သူ့တွင် အသက်ကယ်ကတ်တစ်ခုကျန်ရှိနေခြင်းပါပေ။

သူက ပြန်ဆုတ်ခိုင်းလိုက်သော အလောင်းကောင်တစ်ခုတွင် သူ၏ဝိညာည်ခွဲတစ်ခုကို ချန်ရစ်ခဲ့တာဖြစ်၏၊ ၎င်းက အစကတော့ လိုလိုပိုပိုသာ ပြင်ထားတာဖြစ်သော်ငြား ယခုတွင်တော့ ၎င်းကြောင့်ပဲ သူအသက်ရှင်ခဲ့သည်။ ထို့အပြင် သူ၏အဓိကသိုလှောင်လက်စွပ်ကိုလည်း ဤဝိညာဉ်အခွဲနှင့် ထည့်ပေးလိုက်တာဖြစ်၏။

သူ၏အဓိကခန္ဓာကိုယ်ဖျက်စီးခံလိုက်ရပြီဖြစ်ရာ သူ၏ဝိညာဥ်အခွဲကလည်း သက်ရောက်ခံရ၍ ပြင်းထန်စွာထိခိုက်သွားလင့်ကစား အသက်အန္တာရယ်ကတော့ မရှိတော့သည်ပေ။

သူလည်း သိုလှောင်လက်စွပ်ထဲမှ ဆေးဝါးတစ်ခုကို မြန်မြန်ထုတ်ပြီး ရှေးဟောင်းဝိညာဉ်ဖြင့် မျိုချလိုက်၏။ ရှေးဟောင်းဝိညာဉ်ဆိုသည်မှာကား အဓိကခန္ဓာကိုယ်ကဲ့သို့ပင် အထဲတွင် မရီဒျာန်များစွာရှိပြီး ဆေးဝါး၏အစွမ်းကြောင့် ဒဏ်ရာများကလည်း တဖြည်းဖြည်းသက်သာလာကြသည်။

“ဘယ်ကောင်က ငါတို့အစီအစဉ်ကို သိသွားတာလဲ။ နန်ကုန်းများလား။ မဟုတ်ဘူး၊ သူက အဲ့ဒီလောက်သန်မာလို့လား။ အဲ့ဒါဆိုရင် ဘယ်သူဖြစ်နိုင်မလဲ၊ အမွေရရှိသွားတဲ့ ဆက်ခံသူအရှင်အသစ်များလား။”

သူလည်း မနေနိုင်ဘဲ ရေရွတ်မိသွားသည်။

ရုတ်တရက် သူ ပတ်ဝန်းကျင် လေထုက တစ်ခုခုမှားယွင်းသွားတာကို သတိထားမိလိုက်၏။

သူလည်း ပတ်ဝန်ကျင်ကို စိုးရိမ်တကြီးကြည့်လိုက်သော်ငြား ယင်စွမ်းအင်လေတိုက်သွားသည်မှလွဲ ဘာမှမူမမှန်တာမရှိ။

သူ့စိတ်ထဲ လေးလံလာသောကြောင့် မာန်နတ်ဆိုးမှာ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဝိညာဉ်ကွဲကို နေရာရွေ့ဖို့လုပ်တော့သည်။

သို့သော်ငြား စုယွမ်ကတော့ သူ၏တည်နေရာကို အာရုံခံနိုင်သွားပေပြီ။

လေထဲမှ ရုတ်တရက်ထွက်လာသောဖိအားတစ်ခုက မာန်နတ်ဆိုး၏ဝိညာဉ်ခွဲကို ဖိနှိပ်လာ၏။

အနှီအားပြင်းလှသောအရှိန်အဝါဖိအားမှာ မာန်နတ်ဆိုး၏ဝိညာဉ်ခွဲအရှိန်ကို နှေးကွေးသွားစေလေသည်။

စင်စစ်တွင် ရှေးဟောင်းဝိညာဉ်၏လှုပ်ရှားမှုများမှာ အဓိကခန္ဓာကိုယ်ထက်ပိုမြန်လေ့ရှိ၏၊ သို့လင့်ကစား ယခုတွင်တော့ ထိုအရာကလည်း အရေးမပါတော့၊ ထူးဆန်းလှသောဖိအားက နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပြင်းထန်စွာဖိနှိပ်လာသည်လေ။

လေဟာနယ်အဆင့်ရှိဖိအားကြီးမှာ သာမန်အခြေအနေတွင်ရှိသော မာန်နတ်ဆိုးကိုတောင် သုံးဆယ်ရာခိုင်နှုန်းလောက် ခွန်အားလျော့စေမှာဖြစ်သည်။ ယခုလိုမျိုး ဝိညာဉ်ခွဲလေးတစ်ခုဖြင့်သာ အသက်ရှင်ရပ်တည်နေရသည့်အပြင် ပြင်းထန်စွာလည်း ဒဏ်ရာရနေသေးရာ သူ၏ခွန်အားအလုံးစုံမှာ အောက်ဆုံးအခြေအနေထိတိုင် ထိုးကျသွားတော့၏။

မာန်နတ်ဆိုးမှာ ပတ်ဝန်ကျင်ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်သော်ငြား အနှီဖိအားက မည်သည့်ကျင့်ကြံသူထံမှရောက်လာသလဲဆိုတာကို မသိသေးလေဘဲရှိနေသေး၏။

“အကြီးအကဲ၊ အကြီးအကဲ၊ သက်ညှာပေးပါဗျာ။ ကျွန်တော် ဘာမဆိုလုပ်....”

သူ စကားပြီးအောင် မပြောနိုင်သေးခင်မှာတင် ကောင်းကင်ရှိခုနစ်စဉ်ကြယ်မှာ ရုတ်တရက်လင်းလက်လာခဲ့သည်။

ခုနစ်စဉ်ကြယ်မှ ထွက်ပေါ်လာသောကြယ်အလင်းခုနစ်ခုမှာ ဓါးရှည်ခုနစ်ချောင်းအသွင်ပြောင်းသွားပြီး မီး၊မြေကမ္ဘာနှင့်သတ္ထုအယူအဆတို့ကို သယ်ဆောင်လာသည်။ ထို့အတူ ကြယ်စွမ်းအင်ထပ်မံပေါင်းဖြင့်လိုက်ရာ ခွန်အားမှာ မိုးကြိုးတစ်စင်းပစ်ခွင်းလာသလိုပင် ရှိလေ၏။

အရှိန်အဝါကလည်း လွန်စွာအားကောင်းလှသလို အရှိန်ကလည်း လျင်မြန်လှ၏။

ဝိညာဉ်ခွဲမှာကား ဖိအားများကြောင့် တောင့်တင်းနေလျက် ရှောင်တိမ်းရန် မစွမ်းသာပါလေ။

မာန်နတ်ဆိုးလည်း ရတနာလက်နက်တစ်ခုကို သိုလှောင်လက်စွပ်ထဲမှထုတ်၍ မိမိကိုယ်ကို ကာကွယ်လိုက်၏။

သို့သော်လည်း သူ့လက်ရှိရှေးဟောင်းဝိညာဉ်၏နည်းပါးလှသောခွန်အားနှင့်ဆိုလျှင် မည်မျှဆက်လက်တောင့်ခံနိုင်ပါမည်နည်း။

ကြယ်စွမ်းအင်တို့မှာ တစ်ချက်ပြီးတစ်ချက်ကျရောက်လာလျက်၊ ရတနာဝိညာဉ်မှာလည်း ကွဲကြေသွားရာ ဓါးတို့မှာ သူ့ဆီ တိုက်ရိုက်ကျဆင်းလာကြလေသည်။ ကြယ်ဓါးများအတွင်းရှိပြင်းထန်လှသော စွမ်းအာမှာ ဝိညာဉ်ခွဲကို ပို၍အာားနည်းသွားစေလေသည်။

သို့သော်လည်း အဆုံးတွင် မာန်နတ်ဆိုးမှာ စုယွမ်ကြောင့်မသေဆုံးဘဲ သူ့ဒဏ်ရာများပို၍ပြင်းထန်စွာပေါက်ထွက်လာခြင်းမှသာ သေဆုံးသွားတော့၏။

တောင်တန်းကြီးရှိ ဆူညံသံများမှာ ပြန်လည်တိတ်ကျသွား၏၊ နေရာတိုင်းရှိ ယောင်မိစ္ဆာများမှာလည်း ကြောက်ဒူးတုန်နေ၍ အသံသေးသေးလေးတောင် ထွက်မလာရဲကြပါပေ။

Chapter 144: နတ်ဆိုးများသည်ကား သတ်ဖို့ရန် ခက်ခဲပေ၏။

စုယွမ်မှာ စိတ်အာရုံစွမ်းရည်ကို ဖွင့်လို့ထားဆဲ။

သူ၏အသိစိတ်ပင်လယ်မှာ အမျိုးမျိုးသောမြင်ကွင်းများဆီပြေးလွှားရင်း မြူးခိုးငွေ့နတ်ဆိုးကို လိုက်ရှာနေမိသည်။

သို့သော်လည်း အံ့ဩဖွယ်ကောင်းအောင်ပင်၊ မြူခိုးငွေ့က သူ့အကြောင်းနည်းနည်းမှ ပြောဆိုမလာခဲ့ပါပေ။

စုယွမ် လက်ဟန်တစ်ခုကိုလုပ်လိုက်ရင်း ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ကာ နတ်ဘုရားအာရုံသုံး၍ ခုနစ်စဉ်ကြယ်ကို ထပ်မံအကူအညီတောင်းလိုက်သည်။

သူ ရှေ့ဖြစ်ဟောနည်းလမ်းကို သုံးလိုက်၏။

အချိန်အကြာကြီးရှာဖွေ့နေသော်လည်း စုယွမ် မျက်မှောင်သာကြုတ်လိုက်ရသည်။

“ပျောက်ကွယ်သွားတာလား။ ဘယ်လိုမှ တွက်မရပါလား။”

စုယွမ်၏တွက်ချက်ခြင်းရလဒ်မှာ အမဲရောင်မြူထုသာ ရစ်ဆိုင်းနေလျက် ရှင်းလင်းစွာပေါ်မလာပါချေ။

ဖြစ်တန်သည်မှာ မြေကမ္ဘာလွတ်မြောက်ခြင်း ကျင့်စဉ်တစ်ခုကြောင့်ဖြစ်ရချေမည်။

အနှီမြူခိုးငွေ့နတ်ဆိုးက မြေကမ္ဘာလွှတ်မြှောက်ခြင်းနတ်ဘုရားစွမ်းရည်ကို သိနေသည်ပဲ။

မြေကြီးအထဲတွင်မူ ခုနစ်စဉ်ကြယ်ဟာ လင်းလက်ဖို့ခက်ခဲရာ တွက်ချက်၍မရဖြစ်နေရ၏။ တစ်ဖက်လူကလည်း သူ့အကြောင်း ပြောမလာရာ သူ စိတ်အာရုံစွမ်းရည်ကို သုံးမရပါပေ။

စုယွမ် အတွေးနက်သွားရသည်။

“သူက အခုဆို တော်တော်လေးဒဏ်ရာပြင်းထန်နေမှာ။ အဝေးကြီးအထိထွက်ပြေးနိုင်မှာမဟုတ်ဘူး။ သူက မြေအောက်တစ်နေရာရာမှ ဒဏ်ရာကုဖို့ပုန်းနေတာပဲဖြစ်ရမယ်။”

စုယွမ်မှာ အနှီဝိညာဉ်အသွင်ကူးပြောင်းအဆင့်ရှိနေပြီဖြစ်သောနတ်ဆိုးအိုကြီးကို လွယ်လွယ်အလွတ်မပေးချင်ပါပေ။

“ငါ့ကျင့်စဥ်တွေက အားနည်းချက်ရှိနေသေးတာပဲ။”

စုယွမ် သက်ပြင်းချလိုက်ရသည်၊ ခုနစ်စဉ်ကြယ်ဟာ သန်မာလင့်ကစား မြေအောက်ရှိအရာများကို မကိုင်တွယ်နိုင်သေးသည်ပင်။

ထို့အပြင် အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကလည်း မကုန်သေးသည်ဖြစ်ရာ သူ ဒီအတိုင်းကြီး ဖြုန်းမပစ်ချင်၊ ထို့ကြောင့် သူ လွှတ်မြောက်ကျင့်စဥ်တစ်ခုကို ဖန်တီးရန်ပြင်လိုက်သည်။

သူ မိမိအားနည်းချက်တစ်ခုကို ထပ်မံရှာတွေ့သွားရသည်၊ သူ၏အမြန်နှုန်းက အလွန်နှေးနေသည်ပေ။ သို့သော်ငြား ဤချို့ယွင်းချက်က ပြုပြင်ရလွယ်ပါ၏။ ကြယ်အလင်းဆိုသည်မှာ ကမ္ဘာလောကတွင် အမြန်ဆုံးအရာဖြစ်သည်ပဲလေ။

ကြယ်အယူအဆကို အုတ်မြစ်အနေဖြင့်ထားကာ ခုနစ်စဥ်ကြယ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကို အခြေခံ၊ ယခုတင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲတို့ပြသသွားသောထွက်ပြေးပျံသန်းခြင်းနည်းတို့ကို ပမာယူလိုက်ပါက ကြယ်စွမ်းအင်လွှတ်မြောက်ကျင့်စဉ်တစ်ခုဖန်တီးရန်မှာ မခက်ပါပေ။

အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ဖြင့် လွှတ်မြောက်ကျင့်စဉ်တစ်ခုမှာ လျင်မြန်စွာပုံပေါ်လာပြီး မကြာမီတွင်ပင် သူ အခက်တစ်ခုကို တွေ့လိုက်ရသည်။

သူလည်း တုံ့ဆိုင်းမနေဘဲ အလုပ်နှင့်နားနေဖလှယ်မှုကို သုံးဆမြင့်လိုက်၏၊ ထိုအခါ ကျင့်ကြံနိုင်ချိန်ကတော့ ဆယ်ဆလောက်တိုသွားသော်ငြား နားလည်နိုင်စွမ်းကတော့ တိုးတက်လာရာ ယခုလေးတင်ကြုံလိုက်ရသော အခက်ကလည်း ပြေရှင်းသွားကာ ကျင့်စဉ်မှာ ပြည့်စုံသွားတော့သည်။

နောက်ဆုံး အလုပ်နှင့်နားနေဖလှယ်စွမ်းရည် မကုန်ဆုံးချိန်လေးမှာတင် သူဟာ ခုနစ်စဉ်ကြယ်လွှတ်မြောက်ကျင့်စဉ်ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့၏။

စုယွမ်လည်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးလက်ဝှေ့ယမ်းလိုက်ရာ အဆင့်ခြောက်ရှိ လွှင့်မြောအလင်းဘူးသီးခြောက်က လက်ထဲပေါ်လာ၏၊ ပြီးလျှင် ဝေဟင်ကမ္ဘာပန်းကန်လုံးမှာလည်း သူ့ဝတ်ရုံလက်ထဲမှ ပျံထွက်လာလေသည်။

ဓါးရှည်ကိုးချောင်းကိုလည်း ထုတ်၍ သူ ဓါးရှည်ပေါ်သို့ စီးနင်းလိုက်ရင်း အထက်ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်လာခဲ့၏။

ခုနစ်စဉ်ကြယ်အစီအရင်မှာ သူ့ကိုဝန်းရံထားရင်း ကောင်းကင်ရှိခုနစ်စဉ်ကြယ်ကလည်း အင်မတန်တောက်ပလာ၏။

စုယွမ်၏ပုံရိပ်မှာ အထက်သို့ ပျံတက်နေရင်း အရှိန်မှာလည်း ပို၍ပိုကာ မြန်မြန်လာရသည်။

မျက်စိတစ်မှိတ်လောက်စာအချိန်လေးအတွင်းမှာတင် သူဟာ တိမ်များဆီသို့တိုးဝင်ကာ ပျောက်ကွယ်သွားလေ၏။

စုယွမ် ပျံထွက်သွားတာတွေ့တော့ အမတအကြီးအကဲနန်ကုန်း၏အမူအရာကလည်း ပြောင်းသွားရသည်။ သူလည်း ချက်ချင်းထ၍ စုယွမ်နောက်လိုက်ကာ ကာကွယ်ပေးရန် ပြင်၏။

သို့သော် သူ လေထုအလယ်ရောက်ချိန်တွင်တော့ စုယွမ်၏ပုံရိပ်ကို တစွန်းတစတောင် မတွေ့ရတော့ပါပေ။

“ဒါ၊ဒါ ဘယ်လိုလွှတ်မြောက်နည်းမျိုးလဲ။”

အမတအကြီးအကဲနန်ကုန်းမှာ ကောင်းကင်ရှိတောက်ပနေဆဲခုနစ်စဉ်ကြယ်ကို ကြည့်ပြီး မယုံနိုင်ဖြစ်နေရသည်။

ထိုအချိန် စုယွမ်ကတော့ အထက်ကိုးဘုံထိပင် ရောက်ရှိသွားလေပြီ။

သူ ဝက်နတ်ဆိုးသစ်တောကို စိုက်ကြည့်လိုက်ပြီး မြေကြီးထဲသို့ ပြေးဆင်းလိုက်၏။

ဤသို့ဖြင့် ဝက်နတ်ဆိုးသစ်တော၏အထက်တွင် အံ့ချီးဖွယ်ကြယ်စွမ်းအင်ကို သယ်ဆောင်ထားလေသော ကြယ်အလင်းတစ်ခုမှာ မြေကြီးပေါ်သို့ အရှိန်ပြင်းစွာဝင်ရောက်ရင်း တွင်းမြောင်းကြီးတစ်ခုဖြစ်ပေါ်စေတော့သည်။

“ဖီ။”

စုယွမ်ဟာ အနှီတွင်းမှ ညစ်ပတ်ပေရေလျက်ထွက်လာလို့ ပါးစပ်ထဲမှ သဲများကိုလည်း ထွေးထုတ်လိုက်ရ၏။

“ဒီကျင့်စဉ်က ပြုပြင်ဖို့လိုသေးတာပဲ။”

စုယွမ် ကောင်းကင်ကို ကြည့်ရင်းဆိုလိုက်သည်။

သူ၏ခုနစ်စဉ်ကြယ်လွှတ်မြောက်ကျင့်စဉ်မှာ ခုနစ်စဉ်ကြယ်၏စွမ်းအင်အတိုင်းပုံဖော်ထားခြင်းဖြစ်ရာ သူ၏ကျင့်စဉ်ကလည်း ဝုန်းကနဲပျံတက်လိုက်၊ ဝုန်းကနဲအောက်ဆင်းလိုက်ဖြစ်နေသည်ပေ။

သူ ပျံတက်သည့်အချိန်တွင်လည်း ဒုန်းကျည်အလားလျင်မြန်သလို အောက်သို့ပြန်ဆင်းသက်ချင်ပါကလည်း အမြောက်ဆံကျသလိုပင် ဖြစ်နေလေ၏။

အဓိကပြဿနာမှာ ဤဝက်နတ်ဆိုးသစ်တောထဲတွင် သူ့ကို နေရာပြပေးမည့် ခုနစ်စဉ်လည်းမရှိသလို စိတ်အာရုံစွမ်းရည်လည်းမရှိ၊ ထို့ကြောင့် သူ မြေပြင်သို့ဆင်းလာသောအခါတွင် အကွာအဝေးကို နည်းနည်းလေးမှားယွင်းတွက်ချက်မိသွားခဲ့တာဖြစ်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်က တော်တော်လေးသန်မာရာ ဘာဒဏ်ရာမှတော့ မရခဲ့ပါပေ။

စုယွမ်လည်း ဘေးပတ်လည်ကို သေချာကြည့်၍ နေရာတစ်ခုဆီပျံသန်းသွားလိုက်သည်။

ခုနစ်စဥ်ကြယ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကို အသက်သွင်းထားရာ သူ၏ပုံရိပ်မှာ လေထုအလယ်တွင် ကြယ်ရောင်တစ်ဖျက်ဖျက်လင်းနေတော့၏၊ဤကျင့်စဉ်၏အမြန်နှုန်းကလည်း မနှေးကွေးလင့်ကစား ခုနစ်စဉ်ကြယ်လွှတ်မြောက်ကျင့်စဉ်နှင့် ယှဉ်ပါက တော်တော်လေးဆိုးဝါးနေပေသည်။

မကြာမီတွင် သူ မာန်နတ်ဆိုးသေဆုံးသွားခဲ့သောနေရာသို့ရောက်ရှိသွား၏။

သူလည်း လက်ဆန့်လိုက်တော့ သိုလှောင်လက်စွပ်တစ်ကွင်းက သူ့လက်ထဲ ပျံသန်းလာခဲ့သည်။

စုယွမ်၏နှုတ်ခမ်းထောင့်များကွေးတက်သွား၏။

“မဆိုးပါဘူး။ ဘာအကျိုးအမြတ်မှမရှိဘဲ လူသတ်ရတာတော့ နေလို့မကောင်းဖြစ်နေခဲ့တာ။ အခုမှပဲ အဆင်ပြေသွားတော့တယ်။”

ရှောင်လီ၏အသံက သူ့ညာဘက်လက်ထဲရှိ လွှင့်မြောအလင်းဘူးသီးခြောက်မှာ ထွက်ပေါ်လာ၏။

“စုယွမ်၊ မင်း ဒီမှာ သိုလှောင်လက်စွပ်ရှိမယ်မှန်းဘယ်လိုလို့သိတာလဲ။”

စုယွမ် ရယ်လိုက်သည်။

“ဒါ ငါ့ဝေစုပဲလေ။”

ရှောင်လီမှာ ရှုပ်ထွေးသွားရသည်။

သူ စုယွမ်တစ်ယောက် တစ်ချက်တောင်လှုပ်ရှားတာကိုတောင်မတွေ့ခဲ့သည်ဖြစ်ရာ ဘာလို့သူပိုင်တာဟုပြောနေရပါသနည်း။

စုယွမ်လည်း လက်ခါပြရင်း နောက်တစ်နေရာဆီသွားလိုက်သည်။

မကြာမီတွင် သူ ဝက်နတ်ဆိုးသစ်တော၏သာမန်ဆန်သောနေရာတစ်ခုသို့ရောက်ရှိသွား၏၊ ထိုနေရာမှာ မြူခိုးငွေ့နတ်ဆိုးပျောက်ကွယ်သွားသောနေရာပါပင်။

စုယွမ်လည်း တစ်ခဏလောက်တွေးပြီးမှ ကျောက်တုံးတစ်တုံးကိုရှာလိုက်၏။ သူလည်း ၎င်းကို ဓါးနှင့်ခုတ်ကာ စာကြောင်းအနည်းငယ်ရေး၍ တိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။

သူလည်း ဝက်နတ်ဆိုးသစ်တောထဲ နေရာတော်တော်များများကို သွားပြီး နေရာတိုင်းတွင် စာကြောင်းအနည်းငယ်ချန်ခဲ့သည်။

ထို့နောက်တွင်တော့ သူ ကောင်းကင်သို့ ဒုန်းပျံအလားပြန်ပြေးတက်ကာ ကြယ်အလင်းတစ်ခုနှင့် ပျောက်ကွယ်သွားတော့၏။

သုံးရက်ကြာပြီးနောက်တွင် ဝက်နတ်ဆိုးသစ်တောကလည်း ပြန်လည်တည်ငြိမ်အေးချမ်းသွားလျက် အရာအာလုံးမှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွား၏။

အချိန်တစ်ခုတွင် အနက်ရောင်အရိပ်တစ်ခုမှာ မြေကြီးထဲမှ တွားသွားတက်လာလေသည်။

မြူခိုးငွေ့နတ်ဆိုးအိုကြီးက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မည်သည့်အစီအရင်အရိပ်အယောင်မမြင်ကာမှ သက်ပြင်းတစ်ချက် ချလိုက်၏။

“နောက်ဆုံးတော့ အသက်ရှင်ပြီ။ ပြန်ရောက်မှ ဘယ်ကောင်လျှို့ဝှက်ချက်ကို ပေါက်ကြားစေတာလဲ ရှာရမယ်။ သူလျှိုတစ်ယောက်ယောက်တော့ ရှိနေမှာပဲ။”

သူလည်း အနည်းငယ်ကျိန်ဆဲလိုက်ပြီးမှ ခြေနှစ်လှမ်းလောက်လှမ်းလိုက်၏။

သူ၏နတ်ဘုရားအာရုံမှာ အနီးအနားရှိ ကျောက်ဆောင်ကြီးအပေါ်တွင် စာကြောင်းအချို့ရေးထာသည်ကို အာရုံခံမိလိုက်သည်။

သူလည်း သိချင်သွားပြီး နတ်ဘုရားအာရုံဖြင့် ဖတ်ကြည့်လိုက်သည်။

“ကျွန်တော်က မြူခိုးငွေ့အမတအရှင်ပါ၊ နတ်ဆိုးဂိုဏ်းရဲ့လျှို့ဝှက်ချက်ကို ပေါက်ကြားစေပြီး နတ်ဆိုးဂိုဏ်းတွေကို ကြီးစွာသောဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့စေမိပါတယ်။ ကျွန်တော်က နတ်ဆိုးဂိုဏ်းရဲ့ကျင့်ကြံရေးကို ရှက်မိလာလို့ပါ၊ နောင်တရပါတယ်၊ တကယ်နောင်တရနေပါပြီ။”

မြူခိုးငွေ့နတ်ဆိုးအိုကြီး၏မျက်နှာ အိုးဖင်ကဲ့သို့ မဲမှောင်သွားရတော့သည်။

ဤမျှသောနိမ့်ကျကာအဆင့်မရှိသောသပုတ်လေလွှင့်ဖြင့်တိုက်ခိုက်သောနည်းလမ်းမှာ မည်သို့သောမျိုးမစစ်လေးက တွေး၍ရေးခဲ့ပါသနည်း။

All Chapters