← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

Chapter 147

စုယွမ် တွေးရင်း ရှောင်ချမ်က ရုတ်တရက်ကြီး ထ၍စိတ်လှုပ်ရှားသွားရသည့်အကြောင်းကို နားလည်လာရသည်။ ၎င်းက စုယွမ်၏ခွန်အားမှာ သူတွေးထားသည်ထက် များစွာကျော်လွန်နေတာကို သဘောပေါက်သွားပြီး စိုးရိမ်သွားရတာဖြစ်မည်။

ယခင်ကတော့ စုယွမ်ဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာရှိသေးလေရာ အဆင့်ခုနစ်ရှိဝိညာဉ်ရတနာကိုသန့်စင်ဖို့မှာ၊ ထိုရတနာက အပြင်းအထန်ဒဏ်ရာရနေလျှင်တောင်မှ၊ အပြည့်အဝသန့်စင်နိုင်ရန်ဆိုသည်မှာ အချိန်တိုအတွင်းလုံးဝမဖြစ်နိုင်သည်လေ။ သို့သော် ယခုတွင်တော့ စုယွမ်၏ကျင့်ကြံမှုအရှိန်နှုန်းကိုမြင်လိုက်ရရာ ၎င်းမှာ ထိတ်လန့်သွားရတာဖြစ်နိုင်၏။

စုယွမ်မှာ ဝေဟင်ကမ္ဘာပန်းကန်လုံးကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။ ယခုတောင်မှ အနှီရှောင်ချမ်ဟာ ရတနာဝိညာဉ်တစ်ခုအနေဖြင့် သေချာမနေထိုင်၊ ဒဏ်ရာကိုအကြောင်းပြကာ အကြောင်းပြချက်များစွာကိုဖုံးကွယ်ထား၏။ ဤရောင်းရင်းအိုကြီးမှာ ဖော်ထုတ်ခံရမည်ကိုကြောက်ရွံ့နေသည်ပဲ။

ထို့အပြင် ယခင်က အဆင့်နိမ်ပစ္စည်းများစွာကို သန့်စင်ပေးခြင်းက ဝေဟင်ကမ္ဘာပန်းကန်လုံးကိုပို၍သန့်စင်နိုင်မည်မှာ သိသာသော်လည်း ၎င်းက အဆင့်မြင့်ပစ္စည်းများကိုသာ အဓိကသန့်စင်ရန်ပြောခဲ့၏။ အဆင့်မြင့်ပစ္စည်းများနှင့်ဆိုပါက ရတနာဝိညာဉ်၏ကုသနှုန်းမှာ တိုးလာနိုင်ပြီး သန့်စင်နှုန်းကတော့ လျော့ကျသွားနိုင်သည်ပေ။

သူ့ကဲ့သို့သော သက်တန်းရင့်သည့်အဆင့်ခုနစ်ရှိဝိညာဥ်ရတနာအိုကြီးက ဒါကိုနားမလည်နိုင်ဘူးလား။

‘ဒီလူအိုကြီး၊ အခု ဝိညာဉ်သာသာဖြစ်နေတာနှမျောစရာပဲ၊ ဘာမှမလုပ်နိုင်ဘူးလေ။’

သူ ထိုအကြောင်းပြချက်ကိုတွေးမိသွားရခြင်းအကြောင်းမှာ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တစ်ယောက်ကိုသတ်နိုင်ရန်မှာ မည်မျှခက်ခဲကြောင်း ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ထားရသောကြောင့်ပင်။ ဤအဆင့်ခုနစ်ရှိရတနာ၏ပိုင်ရှင်ကလည်း သေချာပေါက် ခန္ဓာကိုယ်စုစည်းခြင်းအဆင့်သို့မဟုတ် လေဟာနယ်အဆင့်အထက်ပိုင်းတွင်ရှိလောက်ချေမည်။

ထိုသို့ဆိုလျှင် ၎င်းက ပို၍တောင် သတ်ရခက်သွားမည်မဟုတ်လား။

စုယွမ်မှာ တစ်ကိုယ်တည်း တွေးတောပြီးနောက် ပစ္စည်းများကို စတင်သန့်စင်ရန်ပြင်လိုက်သည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း သိချင်စွာဖြင့် အနားသို့ပျံသန်းလာ၏။

“မင်းဘာကိုသန့်စင်နေတာလဲ။”

“ပထမအဆင့်အနိမ့်တန်းဝိညာဥ်စုဆောင်းခြင်းပုလဲလေ။”

စုယွမ် ရယ်၍ပြောလိုက်သည်။

“အော်၊ အဲ့ဒါက သန့်စင်ရလွယ်တယ်။”

ရှောင်ချမ် ခေါင်းညိတ်၍ ဆက်ပြောလာ၏။

“ဝိညာဥ်စုဆောင်းခြင်းပုလဲက အဆင့်တက်တိုင်း ဝိညာဉ်အနှစ်တွေကိုပိုထုတ်ပေးတယ်။ ဒါကိုသန့်စင်တာတော်တော်ကောင်းတယ်။”

“ငါလည်း အဲ့ဒီလိုပဲထင်ပါတယ်။”

စုယွမ်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

သူလည်း မီးစွမ်းအင်ဝိညာဉ်ကျောက်ရိုင်းအချို့ကို ခဏလေးမှ သန့်စင်ပြီးသောပန်းကန်လုံးထဲထည့်၍ အနည်အနှစ်ဖြင့်သန့်စင်လိုက်သည်။ သူ့တွင် ဆေးပညာအတွေ့အကြုံရှိလေသောကြောင့် အခြားပစ္စည်းများကိုသန့်စင်ခြင်းကလည်း ချောမွေ့၏။

သူ၏အကြည့်အောက်မှာတင် ဝိညာဉ်ကျောက်ရိုင်းများက ပုလဲတစ်လုံးအသွင်ပြောင်းသွား၏။ စုယွမ်လည်း နတ်ဘုရားအာရုံဖြင့်ထိန်းချုပ်၍ ပုလဲထဲသို့ ဝိညာဉ်စုဆောင်းခြင်းအစီအရင်များကိုထည့်သွင်းလိုက်ရာ မျက်စိတစ်မှတ်အတွင်းမှာတင် ဝိညာဥ်၀ုဆောင်းခြင်းပုလဲကလည်း အောင်မြင်စွာ ရရှိသွားတော့သည်။

သူလည်း ပန်းကန်လုံးအဖုံးကိုဖွင့်လိုက်၏။

ပုလဲလုံးလေးမှာ ပန်းကန်လုံးထဲမှထွက်လာလျက် ၎င်းမှဝိညာဉ်အနှစ်ကလည်း ဝေဟင်ကမ္ဘာပန်းကန်လုံးဆီသို့ ချက်ချင်းပျံသန်းသွား၏။

ရှောင်ချမ် ရယ်မောလိုက်သည်။

“အခု ငါ့ဆီမှာ ဝိညာဉ်စုဆောင်တဲ့စွမ်းရည်လည်းရှိသွားပြီ။ တော်တော်တော့အားနည်းသေးတာပေါ့။ စွမ်းအင်အားကောင်းကောင်းလေးရအောင် မင်း ဒုတိယအနိမ့်တန်းအဆင့်ပုလဲတစ်ခုကို သန့်စင်ကြည့်ပါလား။”

“အလျင်မလိုပါဘူး။”

စုယွမ်လည်း ပြုံး၍ လက်ခါပြလိုက်သည်။

သူ ဝေဟင်ကမ္ဘာပန်းကန်လုံး၏သန့်စင်နှုန်းက ပိုမြင့်လာတာကို ခံစားမိ၏။ သို့သော်ငြား ၎င်း၏လုပ်နိုင်စွမ်းကတော့ လက်ရှိတွင် အဆင့်တစ်အမြင့်တန်းမျှသာရှိသေးပေသည်။

တစ်ခါအောင်မြင်ပြီးနောက်တွင် စုယွမ် ပို၍အတွေ့အကြုံရှိလာ၏။

ဤတစ်ကြိမ်တွင်မူ သူ စွမ်းအင်ပစ္စည်းတော်တော်များများကို ယူ၍ ပန်းကန်းလုံးထဲပစ်ထည့်လိုက်သည်။

သူ ထိန်ချုပ်နေရင်းပင် အနှီဝိညာဉ်ကျောက်ရိုင်းများမှာ တဖြည်းဖြည်းသန့်စင်လာတော့၏။

နောက်ဆုံးတွင် သတ္ထုအနှစ်ကြီးငါးခုအဖြစ်ရရှိလာသည်။

သူလည်း နတ်ဘုရားအာရုံကိုသုံးကာ သစ်သား၊ မြေ၊ ရေ၊ သတ္ထုစသဖြင့် ခွဲလိုက်ပြီး ဝိညာဉ်စုဆောင်းခြင်းအစွမ်းပါဝင်သောပုလဲများအဖြစ်ခွဲလိုက်သည်။

ဤသို့ဖြင့် သတ္ထုစွမ်းအင်ဝိညာဉ်စုဆောင်းခြင်းပုလဲ၊ သစ်သားစွမ်းအင်ဝိညာဉ်စုဆောင်းခြင်းပုလဲ၊မြေစွမ်းအင်ဝိညာဉ်စုဆောင်းခြင်းပုလဲ၊ရေစွမ်းအင်ဝိညာဉ်စုဆောင်းခြင်းပုလဲတို့အဖြစ် တစ်ခုပြီးတစ်ခုရရှိလာတော့၏။

သူ လက်ဝှေ့လိုက်ရာ အနှီဝိညာဉ်ပုလဲများလည်း တန်းစီထွက်လာပြီး ၎င်းတို့မှဝိညာဉ်အနှစ်များက ဝေဟင်ကမ္ဘာပန်းကန်လုံးဆီရောက်ရှိသွားကြသည်။

ရှောင်ချမ်လည်း အံ့သြတကြီးပြောလာ၏။

“စွမ်းအင်အမျိုးမျိုးရှိတဲ့ဝိညာဉ်စုဆောင်းခြင်းပုလဲတွေက မတူတဲ့ဝိညာဉ်အနှစ်တွေပေးတာပဲ။ဒါပေမဲ့ စွမ်းအင်က ဒီလောက်ပဲ။ မင်း အခု အလတ်တန်းအဆင့်ဝိညာဥ်စုဆောင်းခြင်းပုလဲသန့်စင်ကြည့်ပါလား။”

“မလိုလောက်ဘူးလားလို့။”

စုယွမ် ခေါင်းခါလိုက်သည်

“ဟမ်။”

စုယွမ်မှာ ခဏသန့်စင်ရာတွင်သုံးသောဝိညာဉ်ကျောက်ရိုင်းငါးခုမှ နှစ်ခုစီကိုကုန်ကြမ်းအဖြစ်ထုတ်ကာ ပေါင်း၍ ၎င်းတို့ထဲ ဝိညာဉ်စုဆောင်းခြင်းအစီအရင်ထည့်ပေးလိုက်၏။

ဤသို့ဖြင့် နှစ်မျိုးစပ်စွမ်းရည်ရှိဝိညာဥ်ပုလဲ၁၀မျိုးရရှိလာပြီး နောက်ထပ်ဝိညာဉ်အနှစ်ဆယ်မျိုးထောက်ပံ့ပေးလာလေသည်။

ရှောင်ချမ်တိတ်ကျသွားရသည်။

ထို့နောင်တွင်တော့ အမျိုးအစားသုံးခုစပ်ကာ သုံးခုတွဲအမျိုးအစားကိုဖန်တီး၏။

ရှောင်ချမ်းမှာ မျက်ခမ်းစပ်များတောင် တွန့်သွားရသည်။

သူလည်း အရသာရာချီပေါ်ကူဆေးလုံးများကိုသတိရသွားပြီး စုယွမ်တစ်ယောက်ဤတစ်ခါလည်း တစ်ခုခုကိစ္စကြီးကြီးကို ကြံနေကြောင်း သဘောပေါက်သွားရ၏။

သေချာပေါက်၊ ရှောင်ချမ်မျှော်မှန်းထားသည့်အတိုင်းကိုပင် စုယွမ်ဟာ ဝိညာဉ်စုဆောင်းခြင်းပုလဲကို အချိုးအစားအမျိုးမျိုးနှင့်ပေါင်းစပ်ကာ သန့်စင်တော့သည်။

အနိမ့်စားအဆင့်ပစ္စည်းများကို ထောင်ချီကာသန့်စင်နေခြင်းဖြစ်၏၊ ထို့အပြင် အချိုးအစားပြောင်းသွားသည်နှင့် ဝိညာဉ်စုဆောင်းခြင်းပုလဲအမျိုးအစားအသစ်တစ်မျိုးလည်းရရှိလာပေမည်သာ။

တစ်ချိန်တည်းတွင်လည်း ဝိညာဉ်စုဆောင်းခြင်းအစီအအရင်ကလည်း အမျိုးမျိုးရှိရာ ၎င်းတို့နှင့်သာထက်ပေါင်းပါက အမျိုးအစားအများကြီးထပ်ရလာဦးချေမည်။

ထို့အတူ စွမ်းအင်ကလည်း ငါးမျိုးသာရှိသည်မဟုတ်၊ လေ၊မိုးကြိုး၊ယင်း၊ယန်၊ရေခဲ၊ အမှောင်ထုစသဖြင့်ရှိသေးရာ ထွက်လာနိုင်မည့်အမျိုးအစားအရေအတွက်မှာ ရေတွက်၍ပင်မရနိုင်လောက်။

ဤအရာများက အနိမ့်တန်းပစ္စည်းများဖြစ်နေရခြင်းကလည်း ၎င်းတို့က အဆင်ပြေသလိုပေါင်းစပ်နိုင်ပြီး သန့်စင်နှုန်းကလည်းမြန်သလို အောင်မြင်နှုန်းကလည်း အပြည့်နီးပါးဖြစ်လေသောကြောင့်ပေ။

ထို့အတူ ခွန်အားများစွာတောင်မလိုအပ်ရာ အလုပ်နှင့်နားနေဖလှယ်မှု၏အနားယူချိန်ကိုလည်းထိခိုက်စေမည်မဟုတ်။

ဤသို့ဖြင့် စုယွမ်မှာ ဝိညာဉ်စုဆောင်းခြင်းပုလဲသန့်စင်ရာတွင်သာ စိတ်နှစ်ရင်း ကျန်သည်များကိုလျစ်လျူရှုထားလိုက်သည်။

ဤသို့သာ သူ နှစ်လတိတိ သန့်စင်နေဖြစ်၏။

တစ်ခုသောနေ့တွင်တော့ စွမ်းအင်အမျိုးအစားအပြည့်ပါသောဝိညာဥ်စုဆောင်းခြင်းပုလဲကိုလည်း အောင်မြင်ပြီးစီးသွားခဲ့သည်။

ဝိညာဉ်အနှစ်များက ဝေဟင်ကမ္ဘာပန်းကန်လုံးဆီရောက်ရှိသွားကြ၏။

ဤသို့ဖြင့် ဝေဟင်ကမ္ဘာပန်းကန်လုံးအတွင်းရှိ ပင်မတားမြစ်အခင်းအကျင်းကြီးတစ်ခုလုံးမှာ စုယွမ်ကကြောင့် အလုံးစုံသန့်စင်ခံလိုက်ရတော့ပေသည်။

Chapter 148: ဝေဟင်ကမ္ဘာပန်းကန်လုံးကို ပဉ္စမအဆင့်ရောက်အောင် ပြန်သန့်စင်ခြင်း။

စုယွမ်က ဝေဟင်ကမ္ဘာပန်းကန်လုံးကို လုံးဝပြီးပြည့်စုံစွာ သန့်စင်ပြီးသွားသောအချိန်တွင် အဓိပ္ပာယ်အပြည့်ပါဝင်သော သက်ပြင်းချသံတစ်ခုက စုယွမ်နားထဲ ဝင်ရောက်လာ၏။

စုယွမ်လည်း ဝေဟင်ကမ္ဘာပန်းကန်လုံး၏အထဲဝိညာဉ်ကို ကြည့်လိုက်ချိန် ပြတ်သားသောရုပ်ရည်ရှိကာ ဆံပင်ဖြူများနှင့်လူငယ်လေးတစ်ယောက် စုယွမ်ကို ပြုံး၍ အရိုအသေပြုလာခဲ့သည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို အနာဂတ်ကျရင် စောင့်ရှောက်ပေးပါဦး၊ သခင်။”

စုယွမ်လည်း အံ့ဩသွားပြီး ပြောလိုက်သည်။

“မင်းဆက်ဟန်မဆောင်တော့ဘူးလား။”

“ကြည့်ရတာ သခင်ကလည်း အစောကြီးကတည်းက သိနေတဲ့ပုံပါပဲ။”

လောင်ချမ်က ပြောလာ၏။

စုယွမ်လည်း ခေါင်းခါ၍ ပြောလိုက်သည်။

“ငါလည်း ခန့်မှန်းကြည့်မိရုံပါ၊ နောက်ပြီး မင်းကိုယ်တိုင်လည်း အရမ်းကြီးအားစိုက် သရုပ်ဆောင်ထားတာမှမဟုတ်တာ။ မင်းလည်း အရမ်းစိတ်ပျက်မသွားတဲ့ပုံပါပဲ၊ ဟုတ်တယ်မလား။”

“ကျွန်တော်က ရတနာပစ္စည်းရဲ့ဝိညာဉ်နဲ့ပေါင်းခဲ့တာပါ၊ အခုဆိုရင် ကျွန်တော်က ဒီရတနာထိပိတ်မိနေတဲ့အတွက် တစ်ကိုယ်တည်းသေချာကျင့်ကြံဖို့အခွင့်အရေးလည်း မရှိတော့တာကြာပါပြီ။ ဝိညာဉ်ရတနာတစ်ခုဆိုတာ အများဆုံး ကျင့်ကြံသူတစ်ယောက်ကိုပဲ မှီခိုရှင်သန်နိုင်တာမလား။ နောက်ပြီး သခင့်ရဲ့အလားအလာက ကျွန်တော်မြင်ခဲ့ဖူးသမျှထဲအကောင်းဆုံးပါပဲ။ သခင့်နောက်လိုက်ရင် ကျွန်တော့်ရဲ့အနာဂတ်ကလည်း သေချာပေါက်ကောင်းလောက်ပါတယ်။”

လောင်ချမ်က ပြောလာသည်။

စုယွမ်လည်း နားလည်သွားပြီး ပြောလိုက်၏။

“သိပြီ။ မင်း ဝိညာဉ်ရတနာတွေအကုန်ယူလိုက်လို့ရတယ်၊ မင်းပဲ သန့်စင်လိုက်ပါ။”

“ကျေးဇူးတင်ပါတယ်။ သခင်။”

“ငါ့ကို စုယွမ်လို့ပဲခေါ်ပါ။ သခင်လို့ခေါ်ခံရတာကြီးက နေသားမကျလို့။ ဒါပေါ့၊ အပြင်လူတွေရှေ့ဆိုရင်တော့ သခင်လို့ခေါ်ပေါ့။ နည်းနည်းဂုဏ်ရဖို့တော့လိုတယ်လေ။”

“ဟုတ်ကဲ့ပါ၊ ကောင်းပါပြီ။”

ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ ပစ္စည်းပုံများစီပျံသန်းသွားပြီး ရုတ်တရက်ကြီးထွားလာကာ ထိုအရာအားလုံးကိုစုပ်ယူတော့သည်။

ဤသို့ဖြင့် မရေတွက်နိုင်အောင်များပြားသော လက်နက်များ၊ ဆေးဝါးများ၊ အဆောင်တံဆိပ်များ၊ အစီအရင်ကတ်ပြားများနှင့်အတူ ရှိရှိသမျှအရာအားလုံးကိုကို ပန်းကန်လုံးကြီးထဲသို့ သိမ်းယူခံရတော့လေ၏။

ရှောင်လီမှာ မျက်လုံးလေးများပြူးကျယ်လို့ ပြောလာတော့သည်။

“စုယွမ်၊ အဲ့ကောင်ကြီးက ပုန်ကန်နေပြီ။ မင်းပစ္စည်းတွေအကုန်လုံးကို စုပ်ယူသွားပြီ။”

စုယွမ်လည်း ရယ်မော၍ ပြန်ပြောလိုက်သည်။

“ရပါတယ်၊ ငါ ခွင့်ပြုလိုက်တာလေ။ အဲ့ဒီပန်းကန်လုံးက ငါ့ဆီကလုံးဝသန့်စင်ခံလိုက်ရပြီဖြစ်တဲ့အတွက် ငါ့ဘက်တော်သားလုံးလုံးဖြစ်လာပြီလို့ပြောလို့ရတယ်၊ညာလက်ရုံးပေါ့။”

ရှောင်ချမ်လည်း အော် ဟူသောစကားတစ်လုံးသာပြောပြီး ထပ်အာရုံစိုက်မလာတော့ပေ။ သူက စုယွမ်၏လက်မောင်းများထဲခုန်ဝင်လိုက်ပြီး သက်တောင့်သက်သာရှိမည့်ပုံစံပြင်ကာ ဝေဟင်ကမ္ဘာပန်းကန်လုံးကို စိတ်ဝင်တစားစောင့်ကြည့်နေတော့၏။

ဝေဟင်ကမ္ဘာပန်းကန်လုံးကတော့ ထိုများပြားလှသောရတနာများကို စတင်သန့်စင်လာသည်။

အမျိုးမျိုးသော ပထမအဆင့်ရှိဆေးဝါး၊အဆောင်နှင့်လက်နက်တို့မှာ လျင်မြန်သန့်စင်ခံနေရလျက်၊ တစ်ခဏအတွင်းမှာပင် ၎င်း၏အဆင့်ကလည်း ဒုတိယအဆင့်အထိတက်၍ ဒုတိယအဆင့်အလတ်တန်းဝိညာဥ်ရတနာဖြစ်သွားတော့လေ၏။

ထို့နောက် ၎င်းက ဒုတိယအဆင့်ရှိရတနာများကို စုပ်ယူကာ ဒုတိယာအဆင့်လက်နက်၊ ဆေး၊အဆောင်ရှိသမျှကို သန့်စင်ပြန်၏။

နေ့တစ်ဝက်လောက်သာကြာမြင့်ပြီးနောက် ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ ဒုတိယအဆင့်ကိုဖြတ်ကာ တတိယအဆင့်ကိုရောက်၍ တတိယအဆင့်အမြင့်တန်းဝိညာဥ်ရတနာဖြစ်လာတော့သည်။

ထို့နောက်တွင် ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ ထပ်မံ၍ တတိယအဆင့်ရတနာများကိုပါ စုပ်ယူတော့လေ၏ ။

ဤသို့ဖြင့် ရာချီသောတတိယအဆင့်ဝိညာဉ်ရတနာများမှာ ဝေဟင်ကမ္ဘာပန်းကန်လုံးထံမှသန့်စင်ခံရပြီး ပန်းကန်လုံး၏အင်အားတစ်စိတ်တပိုင်းဖြစ်သွားပေ၏။

တတိယအဆင့်ဝိညာဥ်ရတနာဆိုသည်မှာ ရွှေအမြူတေအဆင့်ကျင့်ကြံသူတစ်ယောက်တွင်တောင် တစ်ခု၊နှစ်ခုလာက်သာရှိနိုင်သော ရှားပါးရတနာဖြစ်ပြီး အမြင့်တန်းဝိညာဉ်ကျောက်တုံးများစွာတန်ဖိုးရှိ၏။ ယခုတွင်တော့ ၎င်းတို့ဟာ ဤအတိုင်းသာ သန့်စင်ခံလိုက်ရလေပြီ။

စင်စစ်တွင် အနှီတတိယအဆင့်ရတနာတို့ကိုသန့်စင်တာက အချိန်ပိုယူရမှာဖြစ်လင့်ကစား ဝေဟင်ကမ္ဘာပန်းကန်လုံးအတွက်တော့ ကိုယ်တိုင်ကလည်း တတိယအဆင့်အထိမြင့်လာပြီဖြစ်သည့်အတွက် ခွန်အားကလည်းပိုကြီးလာရာ အရှိန်ကတော့ ပို၍ပို၍သာ မြန်လာတော့၏။

ဤသို့ဖြင့် တတိယအဆင့်ရတနာများမှာ အငွေ့ပျံကာ လေထဲတွင်ပင်ပျောက်ကွယ်သွားခဲ့လေပြီး ဝေဟင်ကမ္ဘာပန်းကန်လုံး၏ခြေနင်းတုံးလေးများသာ ဖြစ်သွားခဲ့ရသည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးကတော့ စတုတ္ထအဆင့်အမြင့်တန်းအထိ လျင်မြန်စွာ တက်လာခဲ့သည်။

၎င်း၏အဆင့်ဆိုသည်မှာလည်း ယခုကရှိပြီးသားကို ပြန်လည်ကျင့်ယူရခြင်းဖြစ်သည့်အတွက် ဤမျှပစ္စည်းများစွာကို တပြိုင်နက်တည်း ချောမွေ့စွာစုပ်ယူနိုင်ခဲ့လေ၏။

နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံးများစုထားသောအပုံ၊ သတ္ထုများရှိနေသောတစ်ပုံနှင့် စတုတ္ထအဆင့်ရှိရတနာလက်နက်နှစ်ခု၊ အဆင့်ငါးရှိဝိညာဉ်ရတနာတစ်ခုတို့သာ နေရာတွင်ကျန်ရစ်ခဲ့လေသည်။

အလောင်းအားဖြည့်မျှော်စင်နှင့် ဝိညာဉ်နှုတ်ယူခေါင်းလောင်းတို့က စတုတ္ထအဆင့်ရတနာများဖြစ်ရာ နေရာတွင်ကျန်ရှိနေသေး၏။

လောင်ချမ်လည်း ခဏရပ်လိုက်ပြီး ပြန်မေးလာသည်။

“စုယွမ်၊ ကျွန်တော် ဒီနှစ်ခုကိုဘယ်လိုလုပ်လိုက်ရမလဲ။”

“စုပ်သာစုပ်လိုက်ပါ။ သူတို့က နတ်ဆိုးဝိညာဉ်ရတနာတွေပဲကို၊ ဂိုဏ်းထဲမှာလည်း အသုံးမလိုပါဘူး။”

စုယွမ်က သာမန်ကာလျှံကာသာဆိုလိုက်သည်။

ထို့ကြောင့် လောင်ချမ်လည်း ထိန်းမထားတော့ဘဲ အနှီစတုတ္ထအဆင့်ရှိဝိညာဉ်ရတနာနှစ်ခုကိုစုပ်ယူလိုက်တော့၏။

ရလဒ်အနေဖြင့် သူကိုယ်တိုင်လည်း စတုတ္ထအဆင့်အမြင့်တန်းသို့ရောက်ရှိသွားတော့သည်။

ထို့နောက်တွင်တော့ လောင်ချမ်၏အကြည့်များမှာ ပဥ္စပအဆင့်ရှိရတနာများထံကျရောက်သွား၏။

ဝိညာဥ်စုဆောင်းခြင်းနဖူးစည်းမှာ ပြင်းထန်စွာတုန်ရီလာလေသည်။

စုယွမ်ကလည်း အေးစက်စွာနှာမှုတ်လိုက်၏။

“နတ်ဆိုးဝိညာဥ်ရတနာတစ်ခုပဲ၊ ဘာများအသုံးတည့်မှာမလို့လဲ။ ရှောင်လီ၊ လောင်ချမ် စုပ်ယူရလွယ်အောင် ကူညီပေးလိုက်။”

“အင်း။”

ရှောင်လီလည်း ချက်ချင်းတုံ့ပြန့်လိုက်၏၊ ထို့နောက် ရှုပ်ထွေးသွားပြီး ပြန်မေးလိုက်ရသည်။

“လောင်၊လောင်ချမ်တဲ့လား။”

ဆံပင်ဖြူများရှိသောလူရွယ်လေးတစ်ဦးက ဝေဟင်ကမ္ဘာပန်းကန်လုံးပေါ်တွင် ပေါ်လာခဲ့ပြီး ရှောင်လီကို ပြုံးပြလာသည်။

“ငါ အားကိုးမယ်နော်၊ မြေခွေးလေး။”

“ဝိုး၊ မင်းကတကယ်အိုနေပြီပဲကို။”

ရှောင်လီလည်း အံ့သြတကြီးပြောလိုက်၏။

“ဆံပင်ဖြူက အရင်ခေတ်တုန်းက အရမ်းခေတ်စားခဲ့တာလေ။ မင်းနားမလည်ပါဘူး၊ မြေခွေးလေးရာ။”

ရှောင်ချမ်က ရှင်းပြလာသည်။

ရှောင်လီ နှုတ်ခမ်းဆူလိုက်သော်ငြား ဝိညာဥ်စုဆောင်းနဖူးစည်းကို သန့်စင်နိုင်ရန်တော့ လောင်ချမ်ကို ကူညီပေးလိုက်၏။

စုယွမ်လည်း ဤတစ်ခေါက်တွင်တော့ သူ၏အရှိန်အဝါကိုပါ အသက်သွင်းကာ ဝိညာဥ်စုဆောင်းနဖူးစည်းအပေါ်ဖိနှိပ်လိုက်၏။ ၎င်းနဖူးစည်းကလည်း ထိန်းချုပ်မည့်ပိုင်ရှင်တောင်မရှိတော့လေရာ လွယ်လင့်တကူအရှုံးပေးလာလေသည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း ဝိညာဥ်စုဆောင်းနဖူးစည်းကို သူ့ကိုယ်ထဲစုပ်ယူလိုက်တော့၏။

ဝိညာဥ်စုဆောင်းနဖူးစည်းကတော့ ပျောက်ကွယ်သွားသော်ငြား ဝေဟင်ကမ္ဘာပန်းကန်လုံးကတော့ ဝိညာဥ်စုဆောင်းနဖူးစည်းတစ်ခုလုံးကိုစုပ်ယူလိုက်သည့်အတွက် အဆင့်ကထိုးတက်သွားလေသည်။

သုံးရက်ကြားပြီးနောက်တွင် ဝေဟင်ကမ္ဘာပန်းကန်လုံးက ပဥ္စမအဆင့်အလတ်တန်းအဖြစ်ရောက်ရှိသွားပြီး ပြင်ပအသွင်အပြင်ကလည်း ရွှေရောင်တလက်လက်တောက်နေသော တန်ဖိုးကြီးပန်းကန်လုံးတစ်ခွက်အသွင်ပြောင်းသွားတော့သည်။

ထို့နောက် အနှီတန်ဖိုးကြီးပန်းကန်လုံးမှာ မျှော်စင်တစ်ခုအသွင်ပြောင်းသွား၏၊ တဖန် လျင်မြန်စွာဖြင့် ခေါင်းလောင်းတစ်ခုပုံစံဖြစ်သွားပြန်ပြီး နောက်ဆုံးတွင် နဖူးစည်းအသွင်းဖြစ်သွားတော့လေ၏။

ဤမြင်ကွင်းကိုကြည့်ရင်း စုယွမ်မျက်လုံးများမှာ တောက်ပလာတော့သည်။

ဤစွမ်းရည်က တကယ်ကိုကောင်းသည်လေ။

သူလည်း လက်ဆန့်ထုတ်လိုက်ရာ ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း အလိုက်သင့်လေး သူ့လက်ထဲကျရောက်လာလေ၏။

“စုယွမ်၊ နဖူးစည်းထဲ ယင်ဝိညာဥ်ထောင်ချီရှိနေသေးတာ၊ ဘယ်လိုကိုင်တွယ်လိုက်ရမလဲ။ ဝေဟင်ကမ္ဘာပန်းကန်လုံးက သူတို့ကို အမိန့်ပေးနိုင်ပေမဲ့ တစ္တေစွမ်းအင်သာထပ်မဖြည့်ဘူးဆိိုရင် တဖြည်းဖြည်းတော့ အားနည်းသွားမှာပဲ။”

“ယင်ဝိညာဥ်တွေလား။”

စုယွမ် သက်ပြင်းချလိုက်၏။

“အဲ့ဒါတွေက သူတို့လက်ထဲကျသွားတဲ့သူတော်ကောင်းဂိုဏ်းကလူတွေရဲ့ဝိညာဥ်တွေဖြစ်နေနိုင်တယ်။ ငါ နောက်မှ သူတို့ကို သက်တောင့်သက်သာ လွတ်မြောက်နိုင်မဲ့နည့်လမ်းရှာလိုက်မယ်။”

“ကျွန်တော် သူတို့ကို မခံစားရအောင် တိုက်ရိုက်လွှတ်ပေးလိုက်လို့ရတယ်။ ကျွန်တော်လည်း ဒီနတ်ဆိုးကျင့်ကြံသူနှစ်ယောက်ရဲ့သိုလှောင်လက်စွပ်ထဲ အတိဒုက္ခခံစားနေရတဲ့ဝိညာဉ်တွေကို လွှတ်ပေးနိုင်တဲ့ဗုဒ္ဓဘာသာရတနာတွေအများကြီးဘာလို့ ပါနေလဲတော့မသိဘူး။ ဒါပေမဲ့ ကျွန်တော် အဲ့ဒါတွေကိုပါ စုပ်ယူလိုက်တဲ့အတွက် ယင်ဝိညာဥ်တွေကို ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ပြန်လည်ဝင်စားနိုင်အောင်လုပ်ရနိုင်မလဲဆိုတာ သိသွားပြီ။”

ရှောင်ချမ်ပြောလိုက်သည်။

ဒါကိုကြားတော့ စုယွမ် ရပ်တန့်သွား၏။ သူ ထိုပစ္စည်းအပုံထဲ ဗုဒ္ဓဘာသာရတနာများပါကြောင်းမသိလိုက်သည်လေ။

“အဲ့ဒါဆိုရင်လည်း သူတို့ကိုလွှတ်ပေးလိုက်ပါတော့။”

“ဟုတ်ကဲ့ပါ။”

All Chapters