← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) စိုက်ပျိုးရေးနတ်ဘုရား

စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများမှာ ညည်းတွား ငိုယိုနေကြသည်။

ရွှီယန်က ဘေးမှနေ၍ စိတ်ဝင်တစား ရပ်ကြည့်နေ၏။

အားလုံး စိုက်ပျိုးထားသော သီးနှံများက အကောင်းအဆိုး ရောနှောနေသည်။

ဥပမာအားဖြင့် ကျောင်းသားတစ်ယောက်က သူ စိုက်ပျိုးထားသည်မှာ မှိုဖြစ်သည်ဟု ဆိုသော်လည်း ထိုနေရာကို ကြည့်လိုက်သောအခါ စိုစွတ်နေသည့် မြေပြင်ကိုသာ တွေ့ရပြီး မှိုတစ်ပွင့်မှ မတွေ့ရချေ။

ဆရာဖြစ်သူပင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"မင်းစိုက်ထားတဲ့ မှိုတွေရော ဘယ်မှာလဲ"

ဆရာဖြစ်သူက ကျောင်းသားကို မေးလိုက်၏။

ကျောင်းသားက ဂေါ်ပြားတစ်လက်ကို ကိုင်ကာ မြေကြီးကို ကလော်ပြလိုက်ပြီး သနားစရာ မျက်နှာထားဖြင့် ရှင်းပြလေသည်။

"ဆရာ... ဒီမြေကြီးထဲမှာ ကြည့်ပါဦး... မှိုမျှင်တွေ ထွက်နေပြီ... ဒါပေမဲ့ မှိုပွင့်တွေ ထွက်မလာဘူး... ကျွန်တော်လည်း ဘာဖြစ်လို့လဲ မသိတော့ဘူး"

သူ ကလော်ပြသော မြေကြီးထဲတွင် မှိုမျှင်ကဲ့သို့သော အရာများ တကယ် ရှိနေသော်လည်း အကောင်အထည်ပေါ်နေသည့် မှိုပွင့်များ လုံးဝ မရှိချေ။

အခြားကျောင်းသားများလည်း ဝိုင်းကြည့်နေကြပြီး အချို့က ဘာကြောင့် မထွက်လာသလဲဟု သိချင်နေကြကာ အချို့ကတော့ အပြစ်မြင်ပြီး ရယ်မောနေကြသည်။

ဆရာဖြစ်သူက ပြန်ပြောလိုက်၏။

"အပင်မထွက်လာရင် အမှတ်မရှိဘူး... ဒါပေမဲ့ စိတ်မပျက်ပါနဲ့... ဒီစာသင်နှစ်က လက်တွေ့သက်သက်ပဲလေ... အမှတ်စာရင်းထဲ မပါဘူး... နောက်စာသင်နှစ်ကျရင် ထွက်လာအောင် စိုက်နိုင်ရင် အမှတ်ရမှာပဲ"

ထို့နောက် ဆရာဖြစ်သူက နောက်ထပ် ကျောင်းသားတစ်ယောက် စိုက်ပျိုးထားသော သီးနှံများကို ဆက်ကြည့်ရန် ထွက်သွားတော့သည်။

ရွှီယန်က အခြေအနေကို ရိပ်မိသွားသဖြင့် ဆရာ ထွက်သွားပြီးနောက် ထိုကျောင်းသားကို ပြောလိုက်၏။

"မင်း အပေါက်ဖောက်ပေးရမယ်... မဟုတ်ရင် မှိုတွေ ထွက်လာမှာ မဟုတ်ဘူး... အခု မြေကြီးထဲမှာ ရေတွေ အရမ်းများနေတယ်... မင်း မှိုမျှင်ကို ညှစ်ကြည့်လိုက် အကုန်လုံး ရေတွေချည်းပဲ... ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါ ပြောပြမယ်"

သူက ဂေါ်ပြားအသေးလေးကို ယူလိုက်ပြီး ဂေါ်ပြားဖြင့် မြေကြီးကို မတူးဘဲ ဂေါ်ပြားအရိုးဖြင့် မြေကြီးပေါ်သို့ ထိုးချလိုက်ရာ အပေါက်ငယ်တစ်ခု ဖြစ်သွားသည်။

ထို့နောက် သူက မှိုစိုက်ထားသော နေရာပတ်လည်တွင် ထိုကဲ့သို့ အပေါက်များ လိုက်ဖောက်ပေးလိုက်၏။

"ဒီလိုလေး အပေါက်ဖောက်ပေးလိုက်... နှစ်ရက် သုံးရက်လောက်ဆိုရင် မှိုတွေ ထွက်လာလိမ့်မယ်"

ရွှီယန် ပြောလိုက်သည်။

ရွှီယန်၏ သင်ကြားပြသမှုကြောင့် ထိုကျောင်းသားမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားသွားရ၏။

ဘေးနားရှိ ကျောင်းသားအချို့လည်း ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန်၏ စကားကို သေချာ မှတ်သားထားလိုက်ကြသည်။

ဤကျောင်းသားများ အားလုံးက ရွှီယန်မှာ ဘေးရှိ လယ်ယာခြံဝင်း၏ ပိုင်ရှင်ဖြစ်ကြောင်းနှင့် ကျောင်းနှင့် တိရစ္ဆာန်စားမြက် ပရောဂျက် ပူးပေါင်းလုပ်ဆောင်နေသူဖြစ်ကာ စိုက်ပျိုးရေး ကျွမ်းကျင်မှု အလွန်မြင့်မားကြောင်းကို သိရှိထားကြ၏။

"ဟုတ်ကဲ့... ကျွန်တော် စမ်းကြည့်ပါ့မယ်... ဆရာက တစ်ပတ်တစ်ခါ အမှတ်လာပေးတာ... ခဏနေရင် ဆရာ့ကို သွားပြောလိုက်ဦးမယ်... အမှတ်ပေးတာ ခဏစောင့်ပေးဖို့"

မှိုစိုက်သော ကျောင်းသားက ရွှီယန်ကို ရင်ထဲမှနေ၍ ကျေးဇူးတင်နေသည်။

ဤမှိုများအတွက် သူ အချိန်နှင့် ခွန်အား အများအပြား ရင်းနှီးမြှုပ်နှံခဲ့ရပြီး မြေကြီးထဲမှ မြေဩဇာများကိုလည်း သူကိုယ်တိုင် တစ်စစီ ပင်ပင်ပန်းပန်း ထည့်သွင်းထားရခြင်း ဖြစ်၏။

ရလဒ်ကတော့ မှို လုံးဝ ထွက်မလာခဲ့ချေ။

အောက်တွင် မှိုမျှင်များ ရှိနေသော်လည်း မှိုပွင့်များ ထွက်မလာသဖြင့် တကယ်ကို စိတ်ပူစရာ ကောင်းလှပေသည်။

ယခု ရွှီယန်က မြေကြီးပေါ်တွင် အပေါက်ငယ်လေးများ ရိုးရိုးရှင်းရှင်း ဖောက်ပေးလိုက်ရုံဖြင့် နှစ်ပတ်တိုင်တိုင် သူ့ကို ဒုက္ခပေးနေသော ပြဿနာ ပြေလည်သွားခဲ့ပြီ ဖြစ်၏။

တကယ်ကို တတ်ကျွမ်းသူများအတွက် မခက်ခဲသလို မတတ်ကျွမ်းသူများအတွက်တော့ ခက်ခဲလွန်းလှပေသည်။

ထိုအချိန်တွင် ရွှီယန်၏ နည်းလမ်းက အကျိုးရှိမရှိ အားလုံးက မသိကြသေးချေ။

သို့သော် ဤကိစ္စက ကျောင်းသားများကြားတွင် သတင်းပျံ့နှံ့သွားခဲ့သည်။

ရွှီယန်က ထိုကျောင်းသား၏ မျက်နှာထားက အလွန် စိတ်ပျက်နေပြီး မှိုများကြောင့် စိတ်ဒုက္ခရောက်နေသည်ကို မြင်သဖြင့် စေတနာဖြင့် ကူညီသတိပေးလိုက်ခြင်းသာ ဖြစ်၏။

ကူညီရခြင်းကို သူ နှစ်သက်ပေသည်။

ဤကျောင်းသားများမှာ ကူညီပေးထိုက်သူများ ဖြစ်ကြ၏။

ကျွမ်းကျင်သူတစ်ယောက်က အတွေ့အကြုံမရှိသေးသူများ စိုက်ပျိုးရေး လုပ်သည်ကို ကြည့်ရခြင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။

အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသီးအနှံများ ထွက်မလာခြင်းက ရွှီယန်ကိုပင် ဗဟုသုတ တိုးစေခဲ့၏။

သေချာသည်မှာ ထိုအထဲတွင် တော်သော ကျောင်းသားများလည်း ရှိပေသည်။ ဥပမာအားဖြင့် သူတို့ မေဂျာတွင် ပထမရသော လျိုဝူ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများဆိုလျှင် အလွန် ကြီးထွားမှု ကောင်းမွန်ပြီး ရွှေဝါရောင် ခရမ်းချဉ်သီးမျိုး ဖြစ်ကာ အရသာလည်း ပို၍ ကောင်းမွန်ပေသည်။

လျိုဝူက ရွှီယန်ကို တစ်လုံး ခူးပေးခဲ့ရာ ရွှီယန် စားကြည့်ပြီးနောက် အတော်လေး ကောင်းသည်ဟု ခံစားခဲ့ရ၏။

ရက်များက ဤသို့ဖြင့် ကုန်လွန်သွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက်။

စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများက စမ်းသပ်လယ်ကွင်းသို့ အလုပ်လာလုပ်ကြပြန်သည်။

ထိုမှိုစိုက်သော ကျောင်းသားက မြေကြီးထဲရှိ မှိုများကို အရင်ဆုံး သွားကြည့်လေသည်။

ဖောက်ထားသော အပေါက်များထဲမှ မှိုပွင့်လေးများ ထွက်ပေါ်နေသည်ကို မြင်သောအခါ သူက အရမ်း ဝမ်းသာသွားပြီး လက်ခမောင်းတီးကာ မျက်ရည်များ ဝဲလျက် အော်ဟစ်လိုက်တော့၏။

"ထွက်လာပြီ... တကယ် ထွက်လာပြီဗျို့... ကျွန်တော် စိုက်ထားတဲ့ မှိုလေးတွေ"

ကျောင်းမှ လူတိုင်းက သူ ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေသလဲ ဆိုတာကို နားလည်ကြသည်။

လွန်ခဲ့သည့် ရက်များက မှိုပွင့်ထွက်ရမည့် အချိန်ရောက်နေသော်လည်း မြေကြီးထဲတွင် ဘာလှုပ်ရှားမှုမှ မရှိသဖြင့် ထိုကျောင်းသားမှာ အလွန် စိုးရိမ်နေခဲ့ရ၏။

နည်းလမ်းအမျိုးမျိုး စမ်းသပ်ပြီး မြေဩဇာများ ထပ်ထည့်သော်လည်း အဆင်မပြေခဲ့ချေ။

သူ့မြေကွက်ထဲတွင် ဘာကြောင့် မှိုမပေါက်ရသလဲဟု တွေးရင်း အစားမဝင် အိပ်မပျော် ဖြစ်ခဲ့ရသည်။

အဆုံးတွင် ထိုနေ့က ရွှီယန် လာကြည့်ပြီး မြေကြီးကို ဖွဖွလေး ထိုးကာ အပေါက်ငယ်လေးများ ဖောက်ပေးလိုက်ခြင်းသာ ဖြစ်၏။

ယခု နှစ်ရက်သာ ကြာသေးသည်၊ မှိုများ ထွက်လာခဲ့ပြီ ဖြစ်သည်။

သူ့စိတ်ထဲရှိ ဖိအားများ အားလုံး နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့၏။

အခြားကျောင်းသားများလည်း ဤမြင်ကွင်းကို မြင်သောအခါ အသီးသီး ဆွေးနွေးပြောဆိုနေကြသည်။

"တကယ် ထွက်လာတာပဲ... ဟိုလယ်ယာခြံဝင်း ပိုင်ရှင်က တကယ် တော်တာပဲ"

"ကိုကိုယန် က တကယ် အရည်အချင်းရှိတာ... သုတေသန ဌာနကတောင် သူနဲ့ ပူးပေါင်းထားတာလေ... ပါမောက္ခတွေတောင် သူ့ကို သီးသန့် လာရှာကြတယ်လို့ ကြားတယ်"

"သူက ငါတို့ထက် အသက် နှစ်နှစ် သုံးနှစ်လောက်ပဲ ကြီးမယ်ထင်တယ်... ဘယ်လိုလုပ် ဒီလောက်တောင် တော်နေရတာလဲ"

"သူ ဒီနှစ်မှ တက္ကသိုလ် ပြီးတာလေ... ဒါပေမဲ့ စိုက်ပျိုးရေး ကျွမ်းကျင်မှုကတော့ အရမ်း မြင့်တယ်"

"နောက်နှစ် လက်တွေ့ သင်ခန်းစာကျရင် သူ့ကို အကူအညီ တောင်းရမယ်"

ကျောင်းသားများ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

တကယ့် ဆရာကြီးနှင့် တွေ့ဆုံလိုက်ရခြင်းပင် ဖြစ်သည်။

စမ်းသပ်လယ်ကွင်း ဘေးရှိ လယ်ယာခြံဝင်း ပိုင်ရှင်က ဤမျှ ဩဇာကြီးမားသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။

သူ့ကို သေချာပေါက် သွားရောက် ဆွေးနွေး တိုင်ပင်ရမည် ဖြစ်၏။

ရွှီယန်ကတော့ ကျောင်းသားများကြားတွင် သူ၏ နာမည်ဂုဏ်သတင်း မည်မျှ ကြီးမားနေကြောင်းကို မသိရှိသေးဘဲ သူ၏ လယ်ယာခြံဝင်းတွင်သာ ကိုယ့်အလုပ်ကိုယ် ရှုပ်နေဆဲပင် ဖြစ်သည်။

နေ့စဉ် မှန်လုံအိမ်ထဲတွင် အလုပ်လုပ်နေပြီး အလုပ်ရှိပါက လီဆန်း ကို ခေါ်၍ အတူတူ လုပ်ကိုင်လေ့ရှိ၏။

အခြေခံအားဖြင့် ဘယ်တော့မှ အနားမရခဲ့ချေ။

သို့သော် သူ၏ အာရုံစိုက်မှု အများစုက မှန်လုံအိမ်ထဲတွင်သာ ရှိနေပြီး အပြင်ဘက်ရှိ အာလူးခင်းကိုတော့ သိပ်ဂရုမစိုက်ဘဲ အာလူးများကို သူတို့ဘာသာ ကြီးထွားရန်သာ လွှတ်ထားလိုက်သည်။

'အာလူး... ငါကတော့ မိထွေး လက်ပေါ် ကြီးရတဲ့ ကလေးပေါ့လေ'

တကယ်တမ်းတွင် အာလူးများမှာ အခြေခံအားဖြင့် ရင့်မှည့်နေပြီဖြစ်ရာ ၎င်းတို့ဘာသာ လွတ်လပ်စွာ ကြီးထွားစေရန် ထားရှိလိုက်ခြင်းသာ ဖြစ်၏။

အောက်တိုဘာ အမျိုးသားနေ့ ရောက်ပါက အာလူးများ တူးဖော်ရတော့မည် ဖြစ်သည်။

လယ်ယာခြံဝင်းကတော့ စည်ကားနေဆဲပင် ဖြစ်၏။

မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်လေးများက နေ့စဉ် ဟိုပြေးဒီလွှား လုပ်နေကြသည်။

ခွေးနှစ်ကောင်... မြင်းတစ်ကောင်နှင့် ဒရယ်ပြောက် တစ်ကောင်။

အမှန်အတိုင်း ပြောရလျှင် တစ်ခါတစ်ရံ ရွှီယန်က ခွေးလေးကောင် မွေးထားသကဲ့သို့ပင် ခံစားရ၏။

မည်သို့ပင်ဖြစ်စေ အားလုံး၏ စရိုက်က ဆင်တူနေပြီး ခေါ်လိုက်သည်နှင့် ချက်ချင်း ပြေးလာတတ်ကြသည်။

သို့သော် မြင်းနက်က သူ့ရှေ့တွင်သာ စကားနားထောင်ပြီး အခြားသူများအပေါ်တွင်တော့ မာနကြီးဆဲပင် ဖြစ်၏။

မြင်းနက်က ယခုအခါ လယ်ယာခြံဝင်းထဲတွင် အလွန် ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး နေ့စဉ် ဟိုပြေးဒီလွှားဖြင့် အလွန် ရွှင်လန်းတက်ကြွနေပေသည်။

ဤသည်ကို မြင်သောအခါ ရွှီယန်က ပုံပြင်တစ်ပုဒ်ကို သတိရသွား၏။

ပုံပြင်ထဲတွင် လူတစ်ယောက်က နေ့ချင်းပေါက် မြင်းကောင်း နှစ်ကောင်ကို ရရှိခဲ့ရာ ထိုမြင်းကောင်း နှစ်ကောင်ကို အတူတကွ မွေးမြူထားခဲ့သည်။

ရလဒ်အနေဖြင့် ထိုမြင်းကောင်း နှစ်ကောင်မှာ တစ်နေ့တခြား ပိန်ချုံးလာပြီး ခန္ဓာကိုယ်တွင်လည်း အတွင်းဒဏ်ရာများ ရရှိလာကြ၏။

ထို့ကြောင့် ကျွမ်းကျင်သူ တစ်ယောက်ကို ခေါ်ယူ ပြသသောအခါ ထိုသူက မြင်းနှစ်ကောင်ကို ခွဲ၍ မွေးမြူရန်နှင့် အစာခွက်များကိုလည်း ခွဲထားရန်... မြင်းနှစ်ကောင်ကို တစ်ခွက်တည်း အတူမစားစေရန်နှင့် ကြားထဲတွင် နံရံတစ်ခု ကာရံထားရန် အကြံပြုခဲ့သည်။

ထိုလူက အကြံပြုချက်အတိုင်း လုပ်ဆောင်လိုက်ရာ တကယ်ပင် မြင်းကောင်း နှစ်ကောင်မှာ အသားတက်ကာ ဝဖြိုးလာပြီး ကျန်းမာရေးလည်း ပိုမို ကောင်းမွန်လာကြတော့၏။

ဤပုံပြင်က အလုပ်တစ်ခုကို အရည်အချင်းရှိသူ တစ်ယောက်ကိုသာ ပေးအပ်သင့်ကြောင်းနှင့် အရည်အချင်းရှိသူ နှစ်ယောက်ကို ပေးအပ်လိုက်ပါက ပြဿနာ ပေါ်လာတတ်ကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။

ထို့အပြင် မြင်းကောင်းများက အခြားမြင်းများနှင့် အတူတကွ နေထိုင်ရသည်ကို မနှစ်သက်ဘဲ မြင်းကောင်း အချင်းချင်း ယှဉ်ပြိုင်ရသည့် ဆက်ဆံရေးမျိုးကိုလည်း သဘောမကျကြောင်းကို သွယ်ဝိုက်၍ ပြသနေခြင်းပင် ဖြစ်၏။

တစ်ကောင်တည်း ထူးချွန်နေရသည့် ခံစားချက်မျိုးကိုသာ သဘောကျကြခြင်း ဖြစ်သည်။

ယခုအခါ လယ်ယာခြံဝင်းထဲရှိ မြင်းနက် ကျင်းကျယ် ကလည်း ဤကဲ့သို့သော ခံစားချက်မျိုး ရရှိနေခြင်း ဖြစ်၏။

၎င်းက အရွယ်အစား အကြီးဆုံး... အပြေးအမြန်ဆုံးနှင့် ခွန်အား အကြီးမားဆုံး ဖြစ်ရာ နေ့စဉ် သူ့ကိုယ်သူ အလွန် စွမ်းသည်ဟု ထင်မှတ်နေပြီး အလွန် ပျော်ရွှင်နေပေသည်။

ဖိအား လုံးဝ မရှိချေ။

ရှောင်ဟေးနှင့်လည်း အတော်လေး အဆင်ပြေ၏။

ဤအချက်ကြောင့် ရွှီယန် အတော်လေး စိတ်အေးရပေသည်။

မည်သို့ပင်ဖြစ်စေ ယခင်က မြင်းများက ခွေးများကို အနိုင်ကျင့်သည့် ဗီဒီယိုများကို သူ ကြည့်ဖူးထားသည်။ အဓိကအားဖြင့် ခွေးများက သတ္တိကောင်းပြီး မြင်း၏ နောက်ခြေထောက်နားသို့ ကပ်သွားကာ အချိန်မရွေး ကိုက်တော့မည့် ပုံစံမျိုး လုပ်တတ်သောကြောင့် ဖြစ်၏။

မြင်းက လန့်သွားပြီး တစ်ချက် ကန်လိုက်ရာ ခွေးမှာ လွင့်စင်သွားတော့သည်။

ယခုတော့ သူ၏ မြင်းနက်နှင့် ခွေးမည်းလေးက ညီအစ်ကိုတွေလို ဖြစ်နေကြပြီ ဖြစ်၏။

ရွှီယန်က လယ်ယာအလုပ်များ လုပ်ကိုင်ပြီးနောက် ခြံဝင်းထဲတွင် ထိုင်ကာ အနားယူနေလိုက်သည်။

ထိုအချိန်တွင် လီဟွာကြောင်ကျားလေး ဆန်းပြောင် ရောက်လာသည်ကို သူ သတိထားမိလိုက်ပြီး ၎င်းက ရွှီယန်၏ ဘေး မီတာအနည်းငယ်ခန့် အကွာမှ ဖြတ်လျှောက်သွား၏။

"ဆန်းပြောင်... အလုပ်လာလုပ်တာလား"

ရွှီယန်က ကြောင်လေးကို နှုတ်ဆက်လိုက်သည်။

ဆန်းပြောင်က နောက်သို့ လှည့်မကြည့်ဘဲ သူ့ဘာသာ ဆက်လျှောက်သွား၏။

ရွှီယန်လည်း ၎င်း၏ ဤပုံစံကို အကျင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤမျှနှင့် ပြီးသွားပြီဟု ထင်မှတ်ထားသော်လည်း မိနစ်အနည်းငယ် အကြာတွင် လီဟွာကြောင်ကျားလေးက ဘာမှ မဖြစ်သကဲ့သို့ ရွှီယန်၏ ဘေးမှ ထပ်မံ ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်ရပြန်သည်။

အေးစက်စက်နှင့် မာနကြီးသည့် မျက်နှာထားဖြင့်ပင် ဖြစ်၏။

ရွှီယန်က ကြောင်လေးကို ကြည့်ရင်း စိတ်ထဲမှ အကဲခတ်မိသွားသည်။

ထင်သည့်အတိုင်းပင် မိနစ်အနည်းငယ် အကြာတွင် လီဟွာကြောင်ကျားလေးက ထပ်မံ ရောက်ရှိလာပြီး ရွှီယန်၏ ဘေးမှ မရည်ရွယ်သကဲ့သို့ ဖြတ်လျှောက်သွားပြန်၏။

ကြောင်လေး၏ စိတ်ကူးများက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေပေသည်။

ရွှီယန်က ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်သွား၏။ လီဟွာကြောင်ကျားလေးက ကြောင်အစာ စားချင်သော်လည်း အသံထွက်၍ မတောင်းရဲမှန်း သူ သိလိုက်သည်။

ထို့ကြောင့် ရွှီယန်ကို သတိပေးရန်အတွက် ရွှီယန်၏ ဘေးတွင် အသွားအပြန် လမ်းလျှောက်နေခြင်း ဖြစ်၏။

ဒီအကောင်လေးက ဒီလို အကွက်တွေပါ သုံးတတ်နေပြီ။

တကယ်ကို လူလည်လေးပဲ။

ကြောင်အစာ စားချင်ရင် စားချင်တယ်ပေါ့ ဘာလို့ အထာလာပေးနေရတာလဲ။

ရွှီယန်က သဘောကောင်းသူပီပီ လီဟွာကြောင်ကျားလေးကို အချိန်အကြာကြီး ဟန်ဆောင်ခိုင်းမနေတော့ဘဲ အခန်းထဲသို့ ပြန်ဝင်ကာ ကြောင်အစာ တစ်ချောင်း သွားယူလိုက်သည်။

လီဟွာကြောင်ကျားလေး ထပ်မံ ရောက်ရှိလာသည်ကို မြင်သောအခါ သူက လှမ်းခေါ်လိုက်၏။

"ဆန်းပြောင်... လာ... ကြောင်အစာ စားရအောင်"

ဤတစ်ကြိမ်တွင်တော့ တစ်ချိန်လုံး နောက်လှည့်မကြည့်ခဲ့သော လီဟွာကြောင်ကျားလေးက ကိုယ်ကို တိုက်ရိုက် လှည့်ကာ ရွှီယန်ထံသို့ ပြေးလာတော့သည်။ ကြည့်ရသည်မှာ ၎င်းက အနည်းငယ်ပင် လောနေသည့် ပုံပေါ်၏။

အနားရောက်လာပြီး ကြောင်အစာ စားရသောအခါ ၎င်းက မနေနိုင်တော့ဘဲ 'ဂူး... ဂူး... ဂူး' ဟူသော အသံများကို ထုတ်လုပ်လာတော့သည်။

ရွှီယန်က အခွင့်ကောင်းယူ၍ ၎င်း၏ ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။

ခေါင်းလေးက တော်တော်လေး မာကျောလှပေသည်။

"မင်းက တော်တော် လည်တာပဲ... စားချင်တာကို ငါ့ကို အရင် ခေါ်ခိုင်းရသေးတယ်... သေချာ ကြွက်ဖမ်းနော်... မဟုတ်ရင် နောက်ဆို မကျွေးတော့ဘူး ကြားလား"

ရွှီယန်က အခွင့်ကောင်းယူ၍ လီဟွာကြောင်ကျားလေးကို ပညာပေးလိုက်သည်။

လယ်ယာခြံဝင်းက စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ရာ သေချာပေါက် ပညာပေးမှုများ ရှိရမည် ဖြစ်၏။

လီဟွာကြောင်ကျားလေးက နားလည်သလား မလည်ဘူးလားတော့ မသိချေ... ဘာပဲဖြစ်ဖြစ် အရမ်းကို အားရပါးရ စားသောက်နေတော့သည်။

ကြောင်အစာ တစ်ချောင်း ကုန်သွားသောအခါ လီဟွာကြောင်ကျားလေးက ဝမ်းသာအားရ ပြေးထွက်သွားရာ အလုပ်သွားလုပ်ခြင်း ဖြစ်ရန်သာ မျှော်လင့်ရပေသည်။

ရွှီယန်က ခဏမျှ အနားယူပြီးနောက် မုန့်စားကာ ဂိမ်းဆော့ရန် ထလာခဲ့၏။

လူနေအိမ်ဘက်သို့ ရောက်လာသောအခါ ရှောင်ဟေးက ရေပိုက်ခေါင်းကို ဖွင့်ကာ ခေါင်းစောင်း၍ ရေသောက်နေသည်ကို မြင်လိုက်ရသည်။

၎င်းက ထိုသို့ သောက်သည်က ထားပါတော့။ ဒရယ်ပြောက်လေး ပန်ပီ ကလည်း ၎င်း၏ ပုံစံကို အတုခိုးကာ ခေါင်းစောင်း၍ ရေသောက်နေ၏။

ကဲ... နောက်ထပ် တစ်ကောင် တတ်သွားပြန်ပြီပေါ့။

မာလီနွိုက်ခွေးက အစကတည်းက တတ်မြောက်ထားပြီး မြင်းနက် ကျင်းကျယ် ကလည်း ယခုအခါ ထိုသို့ပင် သောက်တတ်နေပြီဖြစ်ရာ ဤအကောင် လေးကောင်လုံး ရေပိုက်ခေါင်းမှ စီးကျလာသော ရေကို သောက်တတ်နေကြပြီ ဖြစ်၏။

ဘယ်သူ့အိမ်က ဒရယ်ပြောက်ကများ ဒီလို ရေသောက်တတ်လို့လဲ။

"ရှောင်ဟေး"

ရွှီယန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

ဤအော်သံကို ကြားသောအခါ ရှောင်ဟေးက ကတုန်ကယင်ဖြင့် ခေါင်းငုံ့ကာ ကိုယ်ကို နှိမ့်ချလိုက်ပြီး အပြစ်လုပ်ထားသော မျက်နှာထားမျိုး ဖြစ်သွား၏။

ဘေးနားရှိ မာလီနွိုက်ခွေးကတော့ လျှာထွက်ကာ တုံးအအ အပြုံးမျိုးဖြင့် ကြည့်နေပြီး အခြေအနေကို သဘောကျနေပုံရသည်။

ခွေးများ အားလုံးက ဤသို့ပင် ဖြစ်ကြ၏။

မိမိ လုပ်ထားသော အပြစ် မဟုတ်ပါက ရဲတင်းနေတတ်ပြီး မိမိ လုပ်ထားသော အပြစ်ဆိုလျှင်တော့ သူခိုးလူမိသကဲ့သို့ ဖြစ်နေတတ်ကြသည်။

"ရေခွက်ထဲမှာ ရေမရှိလို့လား... ရေဆော့ရတာ သဘောကျနေတာလား"

ရွှီယန်က ဆူပူလိုက်သည်။

ရှောင်ဟေးကလည်း အလိုက်သိပေသည်။ ဤစကားကို ကြားသည်နှင့် ချက်ချင်း မတ်တတ်ရပ်ကာ အရှေ့လက်ဖြင့် ရေပိုက်ခေါင်းကို လှည့်ပိတ်လိုက်၏။

ထို့နောက် နားရွက်နှစ်ဖက် ချကာ ရွှီယန်ကို အပြစ်လုပ်ထားသော အကြည့်ဖြင့် ကြည့်လာသည်။

၎င်းကို မြင်သောအခါ ရွှီယန်လည်း ဆက်မပြောတော့ချေ။

ရေပိုက်ခေါင်းမှ ရေစီးကျသံက အတော်လေး ကျယ်လောင်သဖြင့် အကယ်၍ ရေပိုက်ခေါင်း ပွင့်နေပါက သူနှင့် လီဆန်း တို့က အချိန်မီ သိရှိနိုင်ပြီး ရေများ အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်ရန် မလိုပေ။

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို မြင်တွေ့ပါက ဆူပူပြောဆိုရမည် ဖြစ်၏။

အကြိမ်အနည်းငယ် ဆူပူပြီးနောက် ရှောင်ဟေးလည်း အမှားကို သိရှိသွားမည် ဖြစ်သည်။

ထို့အပြင် ၎င်းက အမှားကို ပြင်ဆင်တတ်ပေသည်။

All Chapters