← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) ကျွန်တော် မပြေးဘူးဆိုရင် အန္တရာယ်မရှိဘူးလို့ အဓိပ္ပာယ်ရတယ်

[တောထဲက တိရစ္ဆာန်လေးတွေက ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ]

[ဒီအကောင်လေးတွေကို မွေးလို့ရလား]

[ဘုရားရေ... ဒီလောက် ချစ်စရာကောင်းတဲ့ ရှဉ့်လေးပါလား]

[တစ်ကောင်ကို ဘယ်လောက်လဲ... ကျွန်တော် မွေးချင်လို့]

ချစ်စရာကောင်းသော ရှဉ့်ပြောက်လေးကို မြင်လိုက်ရသည့် တစ်ခဏတွင် အင်တာနက်သုံးစွဲသူများ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ဒီအကောင်လေး၏ ရုပ်ထွက်က အတော်လေး လှပလွန်းလှသည်။

ရွှီယန်က သစ်ပင်ပေါ်ရှိ ရှဉ့်ပြောက်လေးကို မော့ကြည့်ရင်း ပြောလိုက်သည်။

"အခု မွေးမြူရေးခြံတွေက ရှဉ့်ပြောက်တွေကို မွေးလို့ရတယ်... ဒါပေမဲ့ မွေးရတာတော့ သိပ်မလွယ်ဘူး... သူတို့က တောရိုင်းစိတ် အရမ်းများတယ်... ကျွန်တော့် လယ်ယာခြံဝင်းက ကျယ်တော့ မွေးလို့တော့ ရနိုင်တယ်"

ဒီနေရာအရောက်တွင် ရွှီယန်က စကားကို ခဏရပ်လိုက်သည်။

"ဒါပေမဲ့ ကြောင်တွေက ရှဉ့်တွေကို စားတတ်တယ်လေ... ကျွန်တော့် လယ်ယာခြံဝင်းထဲမှာ တကယ့် ကြောင်ဆိုးကြီး တစ်ကောင် ရှိတယ်... ရှဉ့်လေးတွေ အနားမလာတာ ပိုကောင်းမယ်"

ရွှီယန် ပြောသည့် ကြောင်ဆိုးကြီး ဆိုသည်မှာ သေချာပေါက် ကျားကြောင်လေး ဆန်းပြောင် ကို ဆိုလိုခြင်း ဖြစ်သည်။

၎င်း၏ အေးစက်စက် မျက်နှာလေးက ချစ်စရာကောင်းသော ရှဉ့်ပြောက်လေးကို လက်ခံပေးချင်မှ လက်ခံပေးမည် ဖြစ်သည်။

ကြွက်ဆိုလျှင်တော့ ၎င်း၏ တာဝန်သာ ဖြစ်သည်။ တစ်နေ့တစ်နေ့ အေးစက်တည်တင်းနေပြီး လမ်းလျှောက်လျှင် လေတောင် ပါလာသလို ဟန်ပန်ဖြင့် လယ်ယာခြံဝင်းထဲတွင် အမြဲတမ်း ကင်းလှည့်နေတတ်သည်။

ထို့အပြင် ကြွက်များကို ကိုက်ချီလာပြီး ရွှီယန်၏ အရှေ့မှ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ဖြတ်လျှောက်သွားရသည်ကိုလည်း အလွန် သဘောကျလေ့ရှိသည်။

ရွှီယန်က တကယ်တော်တာပဲ ဟု ချီးကျူးလိုက်မှသာ ပေါ့ပေါ့ပါးပါးဖြင့် ပျော်ရွှင်စွာ ပြေးထွက်သွားတတ်သည်။

ရွှီယန်က ဘောင်းဘီအိတ်ကပ်ထဲမှ မြေပဲ တစ်ဆုပ်ကို ထုတ်ယူလိုက်သည်။

"ရှဉ့်ပြောက်တွေက နာမည်ကြီး စားကြူးလေးတွေပဲ... စားရတာကို အရမ်း သဘောကျတယ်... အထူးသဖြင့် အခွံမာသီးတွေကို ပိုကြိုက်ကြတယ်... အရင်က လူတွေ နေကြာစေ့ ကျွေးတာကို စားတဲ့အခါ သူတို့ နေကြာစေ့ ခွာတဲ့ အမြန်နှုန်းက အရမ်းကို မြန်လွန်းတယ်... နှစ်ချက်သုံးချက်လောက် လုပ်လိုက်တာနဲ့ နေကြာစေ့ တစ်စေ့က ကုန်သွားပြီ"

ရွှီယန်က သစ်ပင်ပေါ်က ရှဉ့်ပြောက်လေးကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

"သူ့ကို အောက်ဆင်းလာအောင် မျှားခေါ်လို့ရမလားဆိုတာ ကျွန်တော် စမ်းကြည့်လိုက်ဦးမယ်"

သူ့စကားကို ကြားသည့်အခါ အင်တာနက်သုံးစွဲသူများလည်း စိတ်လှုပ်ရှားလာကြတော့သည်။

[လောင်ရွှီ က အစစ်အမှန် သားရဲထိန်းကျောင်းရေး ဆရာကြီးပဲ... ဒီကိစ္စမှာတော့ မင်းကို တကယ် လက်မြှောက်တယ်]

[လာပြန်ပြီ... သူ တိရစ္ဆာန်လေးတွေကို စပြီး မြှူဆွယ်နေပြန်ပြီ]

[ဟားဟားဟား... အချိန်တိုင်း ဒီလှည့်ကွက်ကိုပဲ သုံးတာ... ဒါပေမဲ့ အမြဲတမ်း အလုပ်ဖြစ်နေတာပဲ]

[ငါ တကယ်ကို နားမလည်နိုင်တော့ဘူး... ငါ့အိမ် အပြင်ဘက်က သစ်ပင်ပေါ်မှာလည်း ရှဉ့်တွေ ရှိတယ်... ဘယ်လိုပဲ ကျွေးကျွေး အနားကို လာမစားဘူး... မြေကြီးပေါ် ချထားပြီး ထွက်သွားမှ လာခိုးစားကြတာ... လိုက်ဖ်လွှင့်သူက ဘယ်လိုလုပ်ပြီး တိရစ္ဆာန်တွေကို ဒီလောက် စကားနားထောင်အောင် လုပ်နိုင်တာလဲ]

[လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ပါရမီက မတူကြဘူးလေ]

[လောင်ရွှီ ကတော့ တကယ်ကို ဆရာကျတာပဲ]

ကွန်မန့်များတွင် ဆူညံပွက်လောရိုက်နေကြသည်။

ရွှီယန်၏ တိရစ္ဆာန်များကို ယဉ်ပါးအောင် လုပ်နိုင်စွမ်းအား လူများက အားရပါးရ ပြောဆိုနေကြသည်။

မည်သည့် တိရစ္ဆာန်မျိုးမဆို သူ့ကို တွေ့လျှင် ရင်းနှီးသွားတတ်ကြသကဲ့သို့ပင်။

အချို့က ဤသည်မှာ တောအုပ်၏ သားတော် ပါရမီဟု ပြောကြပြီး အချို့ကတော့ ဒရူးဝစ် ပါရမီဟု ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ သိပ္ပံနည်းကျတော့ ရှင်းပြ၍ မရနိုင်ဘဲ နတ်ဝိဇ္ဇာပညာရပ်များနှင့်သာ ရှင်းပြ၍ ရနိုင်တော့သည်။

ရွှီယန်က လက်ထဲတွင် မြေပဲ တစ်ဆုပ်ကို ကိုင်ထားပြီး မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်နေလိုက်သည်။

ရှဉ့်ပြောက်လေးက အနည်းငယ် ဝေးကွာနေပြီး သစ်ပင်ပေါ်တွင်လည်း ရှိနေသဖြင့် လုံးဝ လှုပ်ရှားခြင်း မရှိပေ။

ဤကောင်လေးက စနစ်မှ သတ်မှတ်ပေးထားသော တာဝန်ဖြစ်ပြီး ၎င်းအား အစာကျွေးနိုင်ပါက မြေပဲနှင့် နေကြာစေ့ မျိုးစေ့များကို ရရှိနိုင်မည် ဖြစ်သည်။

စနစ်မှ ဆုလာဘ်အဖြစ် ပေးသော မျိုးစေ့များက အလွန် ကောင်းမွန်ပြီး သိမ်းထားပါက အသုံးဝင်မည်မှာ အသေအချာပင်။

ထို့ကြောင့် ရွှီယန်က ဤကောင်လေးကို အစာကျွေးနိုင်ရန် သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

သူက မြေပဲ တစ်လုံးကို ကောက်ယူပြီး သစ်ပင်ပေါ်သို့ လှမ်းပစ်လိုက်သည်။

အားအသုံးပြုမှုကို အလွန် ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သဖြင့် မြေပဲက နည်းနည်းလေးမှ လွဲချော်မသွားဘဲ ရှဉ့်ပြောက်လေး အရှေ့ရှိ သစ်ကိုင်းပေါ်သို့ တိတိကျကျ ကျသွားခဲ့သည်။

ရှဉ့်ပြောက်လေးက လန့်သွားပြီး အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။

ထို့နောက် သတိထားကာ မြေပဲရှိရာဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားတော့သည်။

ဤအကောင်လေး၏ ပုံစံက တကယ်ကို ချစ်စရာကောင်းလှသည်။

ရှဉ့်ပြောက်လေးက မြေပဲကို ကောက်ယူကာ အနံ့ခံကြည့်လိုက်ပြီး ပါးစပ်ထဲသို့ ဆွဲသွင်းလိုက်ကာ သွားလေးများဖြင့် လျင်မြန်စွာ စတင် ကိုက်ဖောက်နေတော့သည်။

သိပ်မကြာခင်မှာပင် မြေပဲဆံလေး ထွက်လာပြီး မြေပဲခွံကိုတော့ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ရွှီယန်က ပြုံးလိုက်ပြီး သူ့ဆီသို့ မြေပဲ နောက်တစ်လုံး ထပ်ပစ်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ မြေပဲက ရှဉ့်ပြောက်လေး၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်သွားခဲ့ပြီ ဖြစ်သည်။

အကောင်လေးက ပြေးသွားပြီး မြေပဲကို တစ်လုပ်တည်းနှင့် စားပစ်လိုက်သည်။

ထို့နောက် ရွှီယန်က မြေပဲကို သစ်ပင်အောက်ဘက်ဆီသို့ ပစ်ချပေးလိုက်ရာ ရှဉ့်ပြောက်လေးက သစ်ပင်အောက်သို့ လျင်မြန်စွာ ဆင်းလာပြီး ရခဲလှသော အရသာရှိသည့် အစားအစာကို စတင် ဇိမ်ခံနေတော့သည်။

လူသားများ၏ အစားအစာများက တကယ်ကို အရသာရှိလွန်းလှပေသည်။

စိုက်ပျိုးထားသော မြေပဲများက တောထဲတွင် မရှိနိုင်သဖြင့် ရှဉ့်ပြောက်လေးအတွက်တော့ ပို၍ပင် ဆွဲဆောင်မှု ရှိနေသေးသည်။

သိပ်မကြာခင်မှာပင် ဤအကောင်လေးက အစားအစာ၏ ဆွဲဆောင်မှု နောက်သို့ အပြည့်အဝ ပါသွားခဲ့ပြီ ဖြစ်သည်။

တစ်လှမ်းချင်းစီဖြင့် ရွှီယန်ဆီသို့ ပိုပို၍ နီးကပ်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သည့်အခါ အင်တာနက်သုံးစွဲသူများလည်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

[လိုက်ဖ်လွှင့်သူရဲ့ လှည့်ကွက်က တော်တော်လေး အစွမ်းထက်တာပဲ... မြေပဲ ပစ်ပေးတာ အရမ်း တိကျတယ်]

[သူ အနားကို ရောက်လာတော့မယ်]

[အရမ်း ချစ်စရာကောင်းတယ်... ငါ တကယ် မွေးချင်လာပြီ]

[တစ်ကောင်လောက် မွေးထားရင် ကြည့်ရုံနဲ့တင် စိတ်အေးချမ်းမှာပဲ]

အချိန်တော်လောက် ရောက်သည့်အခါ ရွှီယန်က လက်ထဲတွင် မြေပဲ တစ်ဆုပ်ကို ကိုင်ထားပြီး ဆောင့်ကြောင့်ထိုင်ကာ မနီးမဝေးမှ ရှဉ့်ပြောက်လေးကို ကြည့်ရင်း လာစားမည့် အချိန်ကို စောင့်နေလိုက်သည်။

သူက ရှဉ့်ပြောက်လေး ကြောက်သွားမည်ကိုတောင် စိုးရိမ်နေသေး၏။

ဘယ်သူသိမည်နည်း... ဤကောင်လေး၏ သတ္တိက တကယ်ကို ကြီးလွန်းလှသည်။

ရွှီယန် ရှိနေတာကိုတောင် ဂရုမစိုက်တော့ဘဲ တိုက်ရိုက် ပြေးလာပြီး ရွှီယန်၏ လက်ထဲတွင် မှောက်ခုံလေးနေကာ မြေပဲများကို စတင် စားသောက်တော့သည်။

ဤအကောင်လေးကို စားကြူးလေး ဟု ခေါ်ကြသည်မှာလည်း မဆန်းပေ။ အစားအစာအတွက်ဆိုလျှင် အန္တရာယ်ကို နည်းနည်းလေးမှတောင် မကြောက်တော့ချေ။

"ဒီကောင်လေးက သတ္တိ တော်တော်ကောင်းတာပဲ... ကျွန်တော့်ဆီ တိုက်ရိုက် လာစားရဲတယ်... အဖမ်းခံရမှာကိုလည်း မကြောက်ဘူး"

ရွှီယန်က သူ့ပုံစံကို ကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။

ရှဉ့်ပြောက်လေးက မြေကြီးပေါ်တွင် ရပ်နေပြီး ရှေ့လက်ဖဝါး နှစ်ဖက်ဖြင့် ရွှီယန်၏ လက်ထဲမှ မြေပဲများကို ဆက်တိုက် ယူကာ ပါးစပ်ထဲသို့ ထိုးသိပ်ထည့်နေသည်။

မြေပဲများ အများကြီး ရှိနေသည်ကို သူ သတိထားမိပုံရပြီး အိမ်သို့ သယ်သွားရန် ရည်ရွယ်ထားပုံပေါ်သည်။

ဤအချိန်တွင် ရွှီယန်ကလည်း ပြဿနာတစ်ခုကို သတိထားမိသွားသည်။

စနစ်မှ သတ်မှတ်ထားသော တာဝန်မှာ မြေပဲ သို့မဟုတ် နေကြာစေ့ အစေ့ ၁၀၀ ကျွေးရန် ဖြစ်သည်။

မြေပဲက အရွယ်အစား ကြီးပြီး နေရာယူသဖြင့် ဤကောင်လေး အကုန် စားနိုင်ပါ့မလား။

နေကြာစေ့ ကျွေးသည်က ပိုကောင်းမည် ထင်သည်။

တာဝန်၏ အချိန်ကန့်သတ်ချက်က ၇၂ နာရီ ဖြစ်သည်။

ဆိုလိုသည်မှာ သုံးရက်အတွင်း ရှဉ့်ပြောက်လေး အစေ့ ၁၀၀ စားနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

ဤကောင်လေး အရမ်း ဗိုက်ဝသွားပြီး အစေ့ရေ မပြည့်မှာကိုသာ စိုးရိမ်ရသည်။

ဤအကြောင်းကို တွေးမိသည့်အခါ ရွှီယန်က ခဏနေလျှင် နေကြာစေ့ ပြောင်းကျွေးရန် ဆုံးဖြတ်လိုက်သည်။

ဤအချိန်တွင်တော့ ရှဉ့်ပြောက်လေးက ပါးစပ်ထဲသို့ မြေပဲများကို ဆက်တိုက် ထိုးသိပ်ထည့်နေသည်။

ဘယ်ဘက် ပါးစောင်ထဲ တစ်လုံး... ညာဘက် ပါးစောင်ထဲ တစ်လုံး... အလယ်တွင် နောက်ထပ် နှစ်လုံး ထပ်ထည့်လိုက်သည်။

အကုန် ထည့်ပြီးသွားသည့် အချိန်တွင် ရွှီယန်၏ လက်ထဲ၌ ငါးလုံး ခြောက်လုံးခန့် ကျန်နေသေးသည်။

ရှဉ့်ပြောက်လေးက ချက်ချင်းပင် အနည်းငယ် စိတ်လောသွားသည်။

သူက ပါးစပ်ထဲသို့ အသေအလဲ ထပ်ထည့်ရန် ကြိုးစားနေပြီး တစ်ခါတည်းနှင့် အကုန် သယ်သွားချင်သည့် ပုံပေါ်သည်။

ဤကောင်လေးက တော်တော်လေး လောဘကြီးတာပဲ။

ပါးစပ်ထဲ ထပ်ထည့်၍ မရတော့သဖြင့် သူက စိတ်လောပြီး တကျီကျီနှင့် အော်ဟစ်လာတော့သည်။

"နောက်ထပ် နှစ်ခေါက် သုံးခေါက်လောက် လာသယ်လေ... ဒီလောက်ကြီး လောဘမကြီးပါနဲ့... အရင် ပြန်လိုက်ဦး"

ရွှီယန်က သူ့ကို လက်ဖြင့် ဖွဖွလေး တွန်းကာ အရင် ပြန်လွှတ်လိုက်သည်။

ရှဉ့်ပြောက်လေးက ရွှီယန်၏ လက်ထဲမှ မြေပဲများကို လုံးဝ မခွဲခွာချင်သည့် မျက်လုံးများဖြင့် ကြည့်နေပြီးနောက် လှည့်ကာ သစ်ပင်ပေါ်သို့ တွယ်တက်သွားတော့သည်။

ဤကောင်လေးက တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။

သိပ်မကြာခင်မှာပင် သူက ပြန်ပြေးလာခဲ့သည်။

သို့သော် ဤတစ်ခေါက်တွင်တော့ ရွှီယန်၏ လက်ထဲမှ မြေပဲများ ပျောက်ကွယ်သွားပြီး နေကြာစေ့ တစ်ဆုပ်သာ ကျန်ရှိနေတော့သည်။

အင်တာနက်သုံးစွဲသူများက ဤရှဉ့်ပြောက်လေးကို သေချာ အကဲခတ်နေကြသည်။

တစ်ကိုယ်လုံး အမွေးအမျှင်များ ထူထပ်နေပြီး ကျောကုန်းတွင် အစင်းကြောင်း ငါးကြောင်း ပါရှိကာ ထူးခြားသည့် လက္ခဏာများက အလွန် ပေါ်လွင်နေသည်။

ပုံစံလေးကလည်း ချစ်စရာကောင်းပြီး ခေါင်းလုံးလုံး မျက်လုံးသေးသေးလေးများနှင့် အမွေးစုတ်ဖွား အမြီးလေးက လူသားများ၏ အလှအပ ခံစားမှုစံနှုန်းနှင့် ကွက်တိပင် ဖြစ်သည်။

အားလုံးက ကြည့်လေ ကြိုက်လေ ဖြစ်လာသည်မှာလည်း မဆန်းပေ။

ရှဉ့်ပြောက်လေး ပြန်ရောက်လာချိန်တွင် မြေပဲများ မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းသွားသည်။

သူက ကိုယ်ကို ကိုင်းချလိုက် ထရပ်လိုက်နှင့် ဟိုဟိုဒီဒီ လိုက်ရှာကြည့်နေသေးသော်လည်း မြေပဲ၏ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ချေ။

"မင်း အရင်ဆုံး နေကြာစေ့ စားလိုက်ဦး... ဒီနေကြာစေ့ တစ်ဆုပ်ကို ကုန်အောင်စားရင် မင်းကို မြေပဲ နောက်တစ်ဆုပ် ထပ်ပေးမယ်"

ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။

ရှဉ့်ပြောက်လေးက မြေပဲကို ရှာမတွေ့သည့်အခါ သူ၏ အာရုံက ရွှီယန်၏ လက်ထဲမှ နေကြာစေ့များဆီသို့ ရောက်သွားသည်။

သူက နေကြာစေ့ တစ်စေ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ပြီး ဖွဖွလေး ကိုက်လိုက်ရာ နေကြာစေ့ အခွံက ကွဲသွားသည်။

ဤကောင်လေးက နေကြာစေ့ အရသာကို မြည်းစမ်းပြီး စားကောင်း မကောင်း ဆုံးဖြတ်နေခြင်း ဖြစ်သည်။

တစ်စေ့ စားပြီးသွားသည့်အခါ အကောင်လေးက သိသိသာသာကို စိတ်လှုပ်ရှားလာပြီး မြေပဲကိုလည်း ဆက်မရှာနိုင်တော့ဘဲ ရွှီယန်၏ လက်ဘေးတွင် ရပ်ကာ နေကြာစေ့ကို စတင် ခွာစားတော့သည်။

ရှဉ့်ပြောက်လေး နေကြာစေ့ ခွာစားသည့် အမြန်နှုန်းက အရမ်း မြန်ဆန်လှသည်။

သူ၏ပါးစပ် လှုပ်ရှားမှုက အလွန်ကို မြန်ဆန်လွန်းသည်။

ပါးစပ်လေး ပလုတ်ပလုတ် ဖြစ်သွားသည်ကို မြင်လိုက်ရပြီး နေကြာစေ့ အခွံများက ထွေးထုတ်ခံလိုက်ရသည်။

တစ်စေ့ ခွာစားပြီးသည်နှင့် ရွှီယန်၏ လက်ထဲသို့ တွယ်တက်ကာ နောက်တစ်စေ့ ထပ်ယူပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက လူကိုလည်း မကြောက်သဖြင့် စားစရာရှိသည်ကို အေးအေးဆေးဆေးပင် ဆက်စားနေတော့သည်။

လိုက်ဖ်ထဲတွင် လူဦးရေက ပိုပို၍ များပြားလာသည်။

လူငါးသောင်းကျော်အထိ တည်ငြိမ်နေပြီ ဖြစ်သည်။

[ဘာကြီးလဲ... လူငါးသောင်းကျော်က ရှဉ့်ပြောက်လေး နေကြာစေ့ ခွာစားနေတာကို ထိုင်ကြည့်နေကြတာလား... အားလုံးက အဲဒီလောက်တောင် အလုပ်အားနေကြတာလား]

[နည်းနည်းတော့ ပျင်းစရာ ကောင်းတယ်... ဒါပေမဲ့လည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်]

[တကယ်ပဲ... ဘာလို့မှန်းတော့ မသိဘူး... ခဏလောက် ထိုင်ကြည့်နေချင်တာပဲ]

[ဒါက လိုက်ဖ်လွှင့်နေလို့လေ... တကယ်လို့ ဗီဒီယိုသာဆိုရင် နှစ်ချက်လောက် ကြည့်ပြီး ကျော်ပစ်လိုက်မှာပဲ]

လူများက လိုက်ဖ်ထဲတွင် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ အခြေအနေက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်။

ရွှီယန်က တာဝန်၏ အရေအတွက်ကို သတိထား ကြည့်နေလိုက်သည်။

ရှဉ့်ပြောက်လေး နေကြာစေ့ စတင် စားသောက်ချိန်ကတည်းက တာဝန် အရေအတွက်က လျင်မြန်စွာ စတင် တက်လာခဲ့သည်။

သိပ်မကြာခင်မှာပင် အစေ့ ၃၀ ကျော်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။

အစေ့ ၁၀၀ ပြည့်ရန်ကတော့ နည်းနည်း လိုနေသေးသည်။

ရွှီယန်က ဘယ်လိုလုပ်ရမလဲ တွေးနေစဉ် သစ်ပင်ပေါ်တွင် နောက်ထပ် ရှဉ့်ပြောက်လေး တစ်ကောင် ရှိနေသေးသည်ကို သတိထားမိလိုက်သည်။

ထိုရှဉ့်ပြောက်လေးက သတ္တိ အရမ်းနည်းပြီး သစ်ပင်စည်ပေါ်တွင် ပုန်းနေကာ အနားသို့လည်း မလာရဲပေ။

ခုနက ၎င်းလည်း မြေပဲ အနည်းငယ် စားလိုက်ရပြီး အရသာကို စွဲမက်သွားသဖြင့် ယခုလို ထွက်လာခြင်း ဖြစ်သည်။

"ဟိုမှာ တစ်ကောင် ရှိသေးတယ်... ဒါက ရှဉ့်ပြောက် မိသားစုပဲ... ကောင်းသားပဲ... ဒါပေမဲ့ ဟိုတစ်ကောင်က သတ္တိနည်းနည်း ကြောင်တယ်... အနားကို မလာရဲဘူး... ကျွန်တော် သွားပြီး နည်းနည်းလောက် ကျွေးလိုက်ဦးမယ်"

ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။

ထို့နောက် မြေကြီးပေါ်တွင် နေကြာစေ့ တစ်ဆုပ်ကို ချန်ထားခဲ့ပြီး သစ်ပင်ကြီး၏ ဘေးသို့ သွားကာ နေကြာစေ့ တစ်ဆုပ်ကို သစ်ပင်စည်ပေါ်၌ ပုံထားပေးလိုက်သည်။

သူ အနားရောက်သွားသည်နှင့် ရှဉ့်ပြောက်လေးက ချက်ချင်း အဝေးသို့ ပြေးထွက်သွားပြီး ဘယ်ချောင်ကို ရောက်သွားမှန်းတောင် မသိရတော့ချေ။

ရွှီယန်ကလည်း စိတ်မလောပါပေ။ နေကြာစေ့ကို ဤနေရာတွင် ထားခဲ့ပါက သူ သေချာပေါက် ပြန်လာမည်သာ ဖြစ်သည်။

ထင်သည့်အတိုင်းပင် သိပ်မကြာခင်မှာ ရှဉ့်ပြောက်လေးက ပြန်ပြေးလာပြီး သစ်ပင်ဘေးတွင် ရပ်ကာ နေကြာစေ့ စတင် ခွာစားတော့သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ရွှီယန်က မသိမသာလေး ပြုံးလိုက်သည်။

မဆိုးဘူးပဲ။

တာဝန် ပြီးမြောက်ရန်အတွက် အကူအညီပေးမည့် နောက်တစ်ကောင် ထပ်တိုးလာပြီ။

တာဝန် အရေအတွက်က ပို၍ လျင်မြန်စွာ တက်လာတော့သည်။

ဤအကြောင်းကို တွေးမိသည့်အခါ သူက နေကြာစေ့ နောက်တစ်ဆုပ် ထပ်ထုတ်လိုက်ပြီး ကိုယ်တိုင် စတင် ခွာစားနေလိုက်သည်။

ဤမြင်ကွင်းကို မြင်သည့်အခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် မအောင့်နိုင်ဘဲ ရယ်မောလိုက်ကြသည်။

[ဒါ ဘာလုပ်နေတာလဲ... ရှဉ့်ပြောက်လေး နေကြာစေ့ ခွာစားတာကို လိုက်တုနေတာလား... ကြည့်ရတာ တော်တော်လေး ချစ်စရာကောင်းနေတယ်]

ရွှီယန်က ဤအကောင်လေး နှစ်ကောင်နားတွင် အချိန်ခဏမျှ နေလိုက်သည်နှင့် သိပ်မကြာခင်မှာပင် တာဝန် အရေအတွက်က ၈၀ ကျော်အထိ ရောက်လာခဲ့ပြီ ဖြစ်သည်။

ဤသို့ဆိုလျှင်တော့ သုံးရက်အတွင်း ၁၀၀ မပြည့်မည်ကို ပူစရာ မလိုတော့ပေ။

ထို့ကြောင့် ရွှီယန်က မြေပဲ အဆုပ်ကြီး တစ်ဆုပ်ကို ယူပြီး မြေကြီးပေါ် ချထားပေးလိုက်ကာ မြေကြီးပေါ်ရှိ အကောင်လေးကို ပြောလိုက်သည်။

"ဒါတွေ အကုန်လုံး မင်းအတွက်ပဲ... ပါးစပ်ထဲကို ဖြည်းဖြည်းချင်း ထည့်... မလောနဲ့နော်"

သူက ရှဉ့်ပြောက်လေး၏ ခေါင်းကို ဖွဖွလေး တစ်ချက် ပုတ်ပေးလိုက်သေးသည်။

ရှဉ့်ပြောက်လေးက နေရာမှာပင် ရပ်နေပြီး အပုံလိုက် ဖြစ်နေသော မြေပဲများကို မြင်သည့်အခါ မျက်နှာပေါ်တွင် မယုံနိုင်သည့် အမူအရာများ ပေါ်လာသည်။

'ဒီနေရာက ဘယ်နေရာလဲ'

'ဒါက နတ်ပြည်များလား'

'ဒီလောက် အရသာရှိတဲ့ အစားအစာတွေက ကောင်းကင်ကနေ ကျလာတာလား'

ရွှီယန်ကတော့ ကျေနပ်အားရစွာဖြင့် ထွက်ခွာလာခဲ့သည်။

အချိန်လည်း မစောတော့သဖြင့် တောင်အောက်ဆင်းပြီး အနားယူသင့်ပြီ ဖြစ်သည်။

လိုက်ဖ်ကို ခဏမျှ ဆက်ဖွင့်ထားပြီး အခြေအနေက အလွန် ပျော်ရွှင်စရာ ကောင်းနေသည်။

တောထဲမှ နေ့စဉ်ဘဝက အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။

"ဒီရက်ပိုင်း လယ်ယာခြံဝင်းဘက်က ကိစ္စတွေ ပြီးသွားရင် ကျွန်တော် ချန်ပိုင်တောင်တန်း တောနက်ထဲကို ထပ်သွားဦးမယ်... အချိန်ကျရင် ထျန်းချီ ဘက်ကို တစ်ပတ်လောက် သွားလည်မယ်... ပြီးရင် ကျားနဲ့ ကျားသစ် သစ်တောဥယျာဉ် ရဲ့ အပြင်ဘက် ဧရိယာကို သွားဖို့ အခွင့်အရေး ရမလားဆိုတာ ကြည့်ရသေးတယ်... သေချာတာပေါ့... သစ်တောရဲ့ အပြင်ဘက် ဧရိယာလောက်ပါပဲ... အထဲကိုတော့ ကျွန်တော်လည်း မဝင်ရဲပါဘူး... အဲဒီ တောင်တန်းကြီးထဲမှာ ကျားတွေ ကျားသစ်တွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ ဘယ်သူသိမှာလဲ... အရမ်း အန္တရာယ်များလွန်းတယ်လေ"

ရွှီယန်က ဤသို့ ပြောသော်လည်း အင်တာနက်သုံးစွဲသူများကတော့ နည်းနည်းလေးမှတောင် စိုးရိမ်နေပုံ မရကြပေ။

ရွှီယန်၏ လိုက်ဖ်များကို ကြည့်သည်မှာ များလာသဖြင့် သူ့အတွက် အလကားသက်သက် စိတ်ပူမနေကြတော့ချေ။

အချိန်တိုင်း ကြည့်ရှုသူများကသာ သူ့ကိုယ်စား စိုးရိမ်တကြီး ဖြစ်နေရပြီး သူကိုယ်တိုင်ကတော့ အလွန် တည်ငြိမ်နေတတ်သည်။

ရွှီယန် ကိုယ်တိုင် ပြောဖူးသကဲ့သို့ပင်။

"တကယ်လို့ အန္တရာယ် ရှိလာမယ်ဆိုရင် ကျွန်တော် ပြေးတာ ဘယ်သူ့ထက်မဆို ပိုမြန်တယ်... ကျွန်တော် မပြေးဘူးဆိုရင် အန္တရာယ်မရှိဘူးလို့ အဓိပ္ပာယ်ရတယ်လေ"

လူအချို့ကလည်း နောက်ပြောင်၍ ဝင်ပြောတတ်ကြသေးသည်။

[မင်း မပြေးတာက ပြေးလို့ မလွတ်တော့လို့ များလားကွာ]

All Chapters