← Chapters

ခွဲခွာခြင်း…

Vol. 015 Ch. 746

ခွဲခွာခြင်း…

Vol. 015 Ch. 746

စွန်မိသားစုက ရေပြင်ကျယ်မြို့တွင် အခြေခိုင်လှပြီ ဖြစ်သည့်အတွက် ဝမ်လင်းတို့သားအဖ နေရာကို စုံစမ်းသိရှိနေပြီး ဖြစ်သည်။

လမ်းပြတစ်ယောက်က စွန်ချီမင်ကို ဝမ်လင်းတို့ နေရာသို့ ခပ်သွက်သွက် ခေါ်ဆောင်သွားပေသည်။

“မိသားစုခေါင်းဆောင်…ဒီလူက တော်တော်မောက်မာလွန်းတယ်။ သူက ငါတို့ စွန်မိသားစုဝံ့ကို ဒီလိုပြောဝံ့တယ်ဆိုတော့…”

အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက စတင်၍ ပြောဆိုလိုက်သည်။ သို့သော် သူက စွန်ချီမင်၏ ကြားဖြတ် ဟောက်လိုက်ခြင်းကို ခံလိုက်ရသည်။ ပါးစပ်ပိတ်ထားစမ်း…”

အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက တုန်ယင်သွားကာ ချက်ခြင်း ပါးစပ်ပိတ်လို့သွားသည်။

“ဒီလိုကိစ္စသေးသေးလေးလေးကို မင်းတို့က ပြဿနာအကြီးကြီး ဖြစ်စေခဲ့တယ်။ ဒီလူကသာ မင်းတို့ကို သက်ညှာခဲ့လို့သာ…ဒါတောင် မင်းတို့အားလုံးက ကျေးဇူးတင်ရကောင်းမှန်း မသိသေးဘူး…”

စွန်ချီမင်အသွင်က သုန်မှုန်လို့နေသည်။သူက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်၏။

စွန်ချီမင်က အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ စွ”န်မိသားစုက ကြီးမားပြီး ရွင်ယွမ်ဂြိုဟ်မှာ နံပါတ်တစ် ဖြစ်တယ်။ ဒါပေမဲ့လည်း ဒါတွေအားလုံးက ထိတ်လန့်စရာ တန်ဖိုး တစ်ခုကြောင့် ရရှိခဲ့တာ။ မင်းတို့အားလုံးကသာ ဒီလို ဆက်လုပ်နေရင် တစ်နေ့မှာ စွန်မိသားစုရှိ ကြီးမားတဲ့ ရန်သူတော်‌တစ်ယောက်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်စေလိမ့်မယ်…”

“အဘိုးစွန်…သင်တို့ စွန်မိသားစုက ဟိုစီနီယာရဲ့ အကာအကွယ် ရထားတာပဲလေ။ ဒီရန်သူက သန်မာရင်တောင် သူက သင်တို့ကို ရန်မစဝံ့ဘူးလို့ ငါ ထင်တယ်…”

ထိုသို့ပြောလိုက်သည့် သူက စွန်မိသားစုဝင် တစ်ယောက် မဟုတ်ပေ။ သူက ဝမ်ဖျင်ကို ရန်စခဲ့သော ခရမ်းရောင်ဝတ်စုံနှင့်လူငယ်သာ ဖြစ်၏။

စွန်ချီမင် အကြည့်က ထိုလူငယ်ပေါ်သို့ ကျရောက်သွားသည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ ယွမ်မိသားစုက ကောင်လေး…ဒီကိစ္စက မင်းကြောင့် စဖြစ်ခဲ့ရတာ။ မင်းကိုယ်မင်း ပြင်ဆင်ပါ။ ဒီလို ကိစ္စက လွယ်လွယ် ကိုင်တွယ်လို့ ရတဲ့အရာ မဟုတ်ဘူး…”

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ နာမည်မှာ ယွမ်ဝူဖန်ပင် ဖြစ်သည်။ သူက တိမ်ပင်လယ်ဂြိုဟ်ရှိ ယွမ်မိသားစုမှ ဖြစ်သည်။ တိမ်ပင်လယ်ဂြိုဟ်ကသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ မြောက်ဘက်ပိုင်း ပင်မဂြိုဟ်များထဲမှ တစ်ခု ဖြစ်လေ၏။ ထိုလူငယ်၏ ပါရမီက ကျင့်ကြံဖို့ မလုံလောက်သည့်အတွက် သူ့ကို ပြင်ပမိသားစုဝင် တစ်ယောက်ဟု ယူဆရပေမည်။ သူက သည်နေရာသို့ ယွမ်မိသားစု၏ ခရီးသွားယဉ်တန်းနှင့် လိုက်ပါလာခြင်း ဖြစ်သည်။သို့သော် သူက ချင်ရီကြောင့် သူ့မိသားစုနှင့် ပြန်မလိုက်သွားဘဲ သည်မှာ နေခဲ့ခြင်း ဖြစ်သည်။ပုံမှန် ကျင့်ကြံသူများသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်လျှင် ဂြိုဟ်မှ ထွက်ခွာနိုင်ခြင်း မရှိကြပေ။ သို့ရာတွင် ယွမ်မိသားစုလို မိသားစုကြီးကတော့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများကို ခေါ်ဆောင်၍ သူတို့၏ ဂြိုဟ်မှ ထွက်ခွာလှည့်ပတ်တက်ကြပေသည်။

သူ့ ညံ့ဖျင်းသော ပါရမီကြောင့် သူက ယွမ်မိသားစု၏ ပြုစုပျိုးထောင်ပေးခြင်းကို မခံရပေ။သို့ရာတွင် သူက ရွင်ယွမ်ဂြိုဟ်ပေါ်တွင်တော့ သူ့နောက်ခံကို အကြောင်းပြု၍ ကျင့်ကြံခြင်းမိသားစုများအားလုံးက သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပေသည်။

တကယ်တော့ ယွမ်မိသားစုက တိမ်ပင်လယ်ဂြိုဟ်မှ နံပါတ်တစ်မိသားစု ဖြစ်ကာ ဟွမ်မိသားစုထက်လည်း ပို၍ အစွမ်းထက်ပေ၏။

ယွမ်ဝူဖန်က စိတ်ထဲ၌ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက မည်သည့်ကျင့်ကြံမှုမှ မရှိသော်လည်း သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် ရှိနေသ၍ မည်သူကမျှ သူ့ကို စော်ကားဝံ့လိမ့်မည် မဟုတ်ပေ။

ရေပြင်ကျယ်မြို့၏ မြောက်ဘက်ပိုင်းသို့ ရောက်လာပြီးသည့်နောက် စွန်ချီမင်နှင့် သူ့နောက်မှ လိုက်ပါလာသော လူတိုင်းသည် ဝမ်စံအိမ်ရှေ့ ပေတစ်ရာအကွာတွင် ရပ်တန့်လိုက်ကြသည်။

စွန်ချီမင်အသွင်က သုန်မှုန်လို့နေ၏။ သူက ထို ဝမ်စံအိမ် ဟူသော စာလုံးနှစ်လုံးကို တွေ့မြင်လိုက်သည့် အခါ မျက်မှောင်ကြုတ်သွားသည်။

“ဝမ်…” သူက ရေပြင်ကျယ်မြို့သို့ ဝင်ရောက်လာချိန်ကတည်းက သူ့နတ်ဘုရားအာရုံဖြင့် ယင်းအိမ်ကို စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်ကာ မည်သည့်အမှားအယွင်းတစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။ ခု သူက သည်နေရာကို ထပ်မံ စစ်ကြည့်လိုက်သော်လည်း ထိုနည်း၎င်းသာ ဖြစ်နေ၏။

အနည်းငယ် စဉ်းစားပြီးနောက် စွန်ချီမင်က ရှေ့သို့ လှမ်းကာ ကျယ်လောင်စွာ ပြောလိုက်၏။ “စွန်မိသားစုရဲ့ စွန်ချီမင်က ရောင်းရင်းကျင့်ကြံသူကို နှုတ်ဆက်ပါတယ်…”

သူ့အသံထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပါဝင်လို့နေသည်။ ထို့ကြောင့် ယင်းအသံ စံအိမ်ထဲရှိ တစ်ဦးချင်းစီ၏ နားထဲသို့ တိုးဝင်လို့သွားသည်။ သိပ်မကြာခင်တွင် အစေခံတစ်ယောက်က ထွက်လို့လာ၏။ သူက စွန်မိသားစုကို ကြည့်၍ ပြောလိုက်သည်။ “ဆရာက …သင်တို့အားလုံးကို ထွက်သွားခိုင်းလိုက်ပါတယ်…”

စွန်ချီမင်က စကားမဆိုနိုင်ခင်မှာပင် စွန်မိသားစုမှ တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။ ထိုလူက အနီရောင်မျက်နှာနှင့် အကြီးအကဲပင်။ သူက ထိုအစေခံကို ကြည့်ပင် မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။ “ဘာလဲ…သင်က ငါတို့စွန်မိသားစုဝင်တွေက မျက်လုံးကန်းနေတယ်လို့ တကယ်ထင်နေတာလား…”

ထိုသို့ ပြောလိုက်ပြီးနောက် သူက ရှေ့သို့ လှမ်းကာ စံအိမ်ထဲသို့ တိုးဝင်လိုက်သည်။

စွန်ချီမင်က ဝမ်စံအိမ် ဟူသော စာလုံးနှစ်လုံးကို စူးစိုက်ကြည့်နေရင်း မျက်မှောင်ပိုကြုတ်လာသည်။ သူက ထိုအဘိုးအိုကို ရပ်တန့်ရန် ပြင်လိုက်သေးသည်။သိုသော် သည်အတိုင်း ပြန်လွှတ်ထားလိုက်သည်။

အနီရောင်မျက်နှာနှင့် အကြီးအကဲက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့် ဖြစ်သည်။ သူက ခြေတစ်လှမ်းဖြင့်ပင် တံခါးပေါက်ကို တိုက်ရိုက် ဖြတ်ကျော် ခြေချလိုက်သည်။သို့သော် သူ့ညာခြေက အိမ်ဝန်းထဲသို့ ချနင်းလိုက်ခါနီးတွင် သူ့မျက်နှာက သေလောက်အောင် ဖြူရောလို့သွားလေသည်။ သည့်နောက် သူ့စိတ်က တုန်ယင်သွားကာ သွေးအန်ထုတ်လိုက်ရသည်။ သူက နောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ရ၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်တုန်လှုပ်မှုတို့နှင့် ပြည့်လို့နေသည်။

စွန်ချီမင်အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သည်အခိုက်အတန့်၌ သူက အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ခံစားလိုက်မိသည်။ သူ့ကို အတုန်လှုပ်မိစေဆုံးကတော့ ထိုအော်ရာသည် သူနှင့် ရင်းနှီးလို့နေပေသည်။

ချက်ခြင်းပင် စွန်ချီမင်က အနီရောင်မျက်နှာနှင့် အကြီးအကဲကို ဆွဲကိုင်ကာ နောက်သို့ ပစ်ထည့်လိုက်သည်။သည့်နောက် သူက လေးစားသမှုဖြင့် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “စီနီယာရဲ့ ကျင့်ကြံခြင်းကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ဂျူနီယာ ခုချက်ခြင်း ထွက်သွားပါတော့မယ်…”

ထိုသို့ ပြောပြီးနောက် သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျန်သည့်စွန်မိသားစုဝင်များနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ သည့်နောက် သူတို့က ရေပြင်ကျယ်မြို့၏ စွန်မိသားစုခွဲ အဓိကခန်းမထဲတွင် ပြန်ပေါ်လာကြသည်။

“ဘယ် စွန်မိသားစုဝင်ကိုမှ ဒီစံအိမ်ရဲ့ ပေတစ်ထောင်အတွင်းကို သွားခွင့် မပြုဘူး။ ဒါကို မနာခံတဲ့လူမှန်သမျှ ကျင့်ကြံမှုအဆင့် ဖျက်စီးခံရပြီး စွန်မိသားစုကနေ ထုတ်ပယ် ခံရမယ်…”

ခုချိန်ထိ စွန်ချီမင်၏ နှလုံးသားက ခုန်ပေါက်လို့နေသည်။ သူ့နှဖူးထက်၌လည်း အေးစက်စက် ချွေးများဖြင့် ရွှဲနစ်လို့နေခဲ့ပြီ ဖြစ်သည်။

“သူပဲ အကြည့်တစ်ချက်တည်းနဲ့ အမြုတေကို ပျက်စီးစေနိုင်လိမ့်မယ်…”

စွန်မိသားစုဝင်များက စွန်ချီမင် ခုလိုပုံစံမျိုး ဖြစ်နေသည်ကို လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သည့်အပြင် စွန်ချီမင်က သူတို့ကိုပါ ခေါ်၍ အမြန် ပြနန်ဆုတ်လာခဲ့ပေသည်။ ထိုအရာက သူတို့ကို မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက တုန်ယင်စွာ မေးလိုက်သည်။ “မိသားစုခေါင်းဆောင်…သူ…သူက ဘယ်သူလဲ…”

စွန်ချီမင်က အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “မင်းတို့အားလုံးက သူ့ကိုတောင် သွားရန်စဖို့ သတ္တိသိပ်ရှိခဲ့ကြတာပေါ့။ မင်းတို့အားလုံး ဒီစီနီယာကို သိသင့်တယ်။ ဘိုးဘေး ဒီမှာ ရှိနေရင်တောင် သူက ဒီလူ့ကို အလွန်လေးစားသမှု ပြသရလိမ့်မယ်။ ဘာလို့လဲဆိုတော့ စွန်မိသားစု ယနေ့လို အခြေအနေကို ပိုင်ဆိုင်ထားရတာ အဲ့လူကြောင့် ဖြစ်နေလို့ပဲ…”

“ဖြစ်နိုင်တာက…ဖြစ်နိုင်တာက သူ…သူဟာ…” အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲ၏ စိတ်နှလုံးကာ တုန်ယင်သွားကာ သူက လူတစ်ယောက်အကြောင်း တွေးမိသွားသည်။

စွန်ချီမင်က ထိုအဘိုးအိုကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

ချက်ခြင်းပင် စွန်မိသားစုဝင်တိုင်း၏ မျက်နှာက သေလောက်အောင် ဖြူရောသွားကြတော့သည်။

“ဒီတစ်ခါပဲ ဖြစ်ပါစေ…” ဤစကားစုက သူတို့၏ စိတ်ထဲ၌ နစ်မြုပ်နေတော့သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်ပင် တစ်ခုခုကို သဘောပေါက်သွားသည်။သူက ခဏတာ စဉ်းစားကြည့်လိုက်ပြီးနောက် သူ့အသွင်က အလွန်ရုပ်စိုးလို့သွားချေသည်။သူက မိသားစုယဉ်တန်းမှ အကြီးအကဲကို သည်နေရာတွင် နေခဲ့လိုကြောင်း ပြောခဲ့သည့်အချိန်ကို ပြန်အမှတ်ရသွားသည်။ထိုအကြီးအကဲက သူ့ကို သည် ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ရန်စစော်ကားလို့ မရသည့် တစ်ဦးတည်းသောသူ အကြောင်းကို ပြောပြခဲ့ပေသည်။ထိုလူကတော့ ရှုမူ(ဝမ်လင်း)ပင်။ ဟွမ်မိသားကို သိမ်းကြုံးတိုက်ခိုက်ခဲ့သောသူ။ ချမ်နှင့်ရှုမိသားစုတို့ကိုပါ ဝင်မပါဝံ့အောင် ပြုလုပ်စေခဲ့သောာသူ။ ထိုသူကတော့ ရှုမူပင် ဖြစ်လေ၏။

ရှုမူ ဆိုသည့် နာမည်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။တကယ်တော့ ဟွမ်မိသားစုအိမ်တော်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲက အလွန်တုန်လှုပ်စရာ ကောင်းခဲ့ပေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများပင် ထိုတိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားမိလိုက်ကြသည်ဟုပင် ပြော၍ ရ၏။

ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ယွမ်ဝူဖန်က စွန်မိသားစုအိမ်တော်မှ သူ့အခန်းရှိရာသို့ ပြန်လာခဲ့တော့သည်။ ချင်ရီကလည်း သူ့အခန်းထဲတွင် ဖြူရောသော အသွင်နှင့် ထိုင်လျက် ရှိနေသည်။ သူမ ကျင့်ကြံမှုက ချိပ်ပိတ်ထားခံရတာ ဖြစ်သည့်အတွက် အခု သူမက သေမျိုးတစ်ယောက်လိုသာ ဖြစ်နေသည်။ စွန်မိသားစုမှ နှင်ထုတ်ခံလိုက်ရပြီးသည့်နောက် သူမက အဖမ်းခံလိုက်ရက သည်နေရာသို့ ခေါ်ဆောင်ခံလာရခြင်း ဖြစ်သည်။

ယွမ်ဝူဖန်က သူ့အခန်းသို့ ပြန်‌ရောက်လာပြီးနောက်တွင်လည်း ချင်ရီနှင် ပတ်သတ်၍ စိတ်မဝင်စားနိုင် ဖြစ်နေသည်။သူက ဖယောင်းတိုင်တစ်တိုင်ကို ငေးမောကြည့်နေမိသည်။သူ့စိတ်ထဲ၌ နောင်တတို့နှင့် ပြည့်လို့နေသည်။

ချင်ရီက ယွမ်ဝူဖန်ကို စူးစိုက်ကြည့်နေ၏။ သူမ မျက်လုံးများကလည်း အေးစက်လို့နေသည်။

“ဒါက နင့်ကြောင့်ပဲ။ နင့်ကြောင့်သာ မဟုတ်ရင် ငါကလည်း ရှုမူရဲ့ သားကို သွားပြီး ရန်စမိမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက နင့်ကြောင့်ပဲ…”

ထိုသို့ပြောလိုက်ရင်း ယွမ်ဝူဖန်က ရုတ်တရက် ခေါင်းလှည်ကာ ချင်ရီထံသို့ စူးစိုက်ကြည့်လိုက်သည်။

ချင်ရီက စကားမဆိုပေ။သို့သော် သူမမျက်လုံးများကတော့ အေးစက်လို့နေ၏။သို့ရာတွင် ချက်ခြင်းပင် သူမမျက်လုံးများက ဆက်ခနဲ ပြူးကျယ်သွားကာ ယွမ်ဝူဖန်နောက်သို့ စူးစိုက်ကြည့်လိုက်မိသည်။ သူမက မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

ယွမ်ဝူဖန်ကလည်း မှင်သက်သွားသည်။သူက နောက်လှည့်၍ ကြည့်လိုက်ရာ သူ့အမြင်က ဝေဝါးသွားကာ အမှောင်အတိ ဖုံး၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ချင်ရီက မြန်ဆန်စွာ မတ်တပ်ထရပ်ကာ လေးစားစွာ ပြောလိုက်၏။ “စီနီယာ…”

ဝမ်လင်းက သူ့အရိပ်ထဲကနေ ထွက်၍ ထိုင်ချလိုက်သည်။ သူက အရက်အိုးတစ်အိုးကို ကိုင်ထားကာ တစ်ငုံသောက်လိုက်၏။ သည့်နောက် သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “နင့် ပါရမီက တော်တော်လေး ကောင်းတယ်။ နင့် သက်တမ်းတစ်ခုကို ဝမ်ဖျင်အတွက် အသုံးပြုပေးပါ။ ငါက နင့်ကို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံခြင်းကို လက်ဆောင်အဖြစ် ပြန်ပေးမယ်…”

ချင်ရီက တုန်ယင်သွားကာ ဝမ်ဖျင်၏ ပုံရိပ်က သူမစိတ်ထဲ၌ ပေါ်လာခဲ့သည်။သူမ မျက်နှာက နီမြန်းသွားကာ ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။

သုံးရက်ကြာမြင့်ပြီးနောက် ဝမ်ဖျင်က စံအိမ်မှ ထွက်ခွာသွားခဲ့ကာ ချင်ရီကလည်း သူ့နှင့်အတူ လိုက်ပါလို့သွားသည်။

ဝမ်ဖျင်က သူ့စိတ်ကူးအတွေးအကြံများအတွက် ရေပြင်ကျယ်မြို့မှ ထွက်ခွာလာခဲ့ခြင်းပင်။ သူက ပြည့်စုံအေးချမ်းသောဘဝတွင် မနေလိုဘဲ စိတ်လှုပ်ရှားမှုကိုသာ လိုချင်နေခဲ့သူ ဖြစ်သည်။

ဝမ်လင်းက သူ့နေရာတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ ဝမ်ဖျင်ထွက်ခွာသွားသည့် ညတွင် သူက အရက်အများကြီး သောက်ပစ်လိုက်သည်။ ပုံမှန်ဆို သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက အများကြီး စိတ်လွတ်ကိုယ်လွတ် သောက်လိမ့်မည် မဟုတ်ပေ။သို့သော် ထိုညတွင်တော့ သူက တစ်ညလုံး သောက်နေခဲ့လေ၏။

ပထမဆုံးအကြိမ်အဖြစ် သူက မည်သည့်မန္တာန်ကိုမှ အသုံးမပြုဘဲ တရပ်လွန် သောက်ခဲ့ခြင်း ဖြစ်ကာ ပို၍ပင် အိုစာသွားသည့်ပုံ ပေါ်နေသည်။

ဘဝက ဆက်လက်၍ ရွှေ့လျားနေသလို အချိန်ကလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။သုံးနှစ်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြန်လေပြီ။

သည်သုံးနှစ်အတွင်း ဝမ်လင်းက ဝမ်ဖျင်အကြောင်း ဘာမှ မကြားရပေ။ သူက သူ့နတ်ဘုရားအာရုံကို အသုံးပြု၍ ရှာဖွေခြင်းလည်း မပြုပေ။ သူက ဝမ်ဖျင်ကို လွတ်လပ်မှုနှင့် ရွေးချယ်ခွင့် ပေးလိုက်ပြီးကတည်းက သူက ဝမ်ဖျင်ကို တားဆီးတော့မည် မဟုတ်ပေ။

သည်သုံးနှစ်အတွင်း ရွင်ယွမ်ဂြိုဟ်၏ မြောက်ပိုင်းတွင် ကလန်တစ်ခု ပေါ်လာခဲ့၏။ ထိုကလန်၏ နာမည်က ကောင်းကင်ဘုံကျောင်း မည်လေသည်။ သည်ကလန်က သေမျိုးများကြားရှိ ကလန်တစ်ခုသာ ဖြစ်၍ ကျင့်ကြံသူများနှင့် မသက်ဆိုင်ပေ။

ထိုကောင်းကင်ဘုံကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်လေး မြန်ဆန်လှ၏။ ၎င်းက ရွင်ယွမ်ဂြိုဟ်၏‌ မြောက်ပိုင်းတစ်ခွင်တွင် တောမီးအလား မြန်ဆန်စွာ ပျံ့နှံ့ ကြီးထွားလာခဲ့ချေသည်။

ကောလဟောလ ဆိုကြသည်က ထိုကျောင်း၏ ခေါင်းဆောင်က အင်မောတယ်တစ်ယောက် ဖြစ်ကာ သူ့ဘေးတွင် အမျိုးသမီးတစ်ယောက် အမြဲ ရှိသည် ဟူ၍ပင်။

နောက်ထပ် ခုနစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

ခုချိန်တွင် ဝမ်လင်းက ပို၍ပင် အိုစာလာသည်ဟု ထင်ရ၏။

ကောင်းကင်ဘုံကျောင်းကတော့ ဆက်ကာဆက်ကာ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ သည်နှစ် ဆောင်ဦးရာသီတွင် ဆောင်းဦးလေ တိုက်ခတ်နေသည့်အောက်တွင်ပင် ဝမ်လင်းက သေမျိုးတစ်ယောက်ကဲ့သို့ သူ့အိမ်ကနေ သိပ်မဝေးသော ဘုံဆိုင်သို့ လမ်းလျှောက် ထွက်လာခဲ့သည်။ သည့်နောက်သူက ထိုဆိုင်လေးတွင် ငြိမ်သက်စွာ အရက်ထိုင်သောက်နေတက်သည်။ သူ့မျက်လုံးများကလည်း မှုန်ရီလို့နေ၏။ သူက ပြတင်းပေါက်ကနေ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသကဲ့သို့ တိတ်တဆိတ် ငေးမောလို့နေလေသည်။

ဘုံဆိုင်ထဲမှ စားပွဲထိုးလေးက ထိုအဘိုးအိုနှင့် ပတ်တတ်၍ အသားကျနေခဲ့ပြီ ဖြစ်သည်။ သူက အရက်အိုးနှင့် အစားအသောက်များကို ယူဆောင်လာပေးပြီးနောက် အခြား ဖောက်သည်များကို ဝန်ဆောင်မှု ပေးရန် ပြန်ထွက်လို့သွားသည်။

တစ်ဖြည်းဖြည်းဖြင့် ဆိုင်ထဲသို့ လူများပိုပို ရောက်လာကြကာ ဘုံဆိုင်ထဲ၌ ဆူညံ အသက်ဝင်လို့နေလေသည်။

“မင်း…ရွင်ယွမ်ဂြိုဟ်ရဲ့ နေရာတော်တော်များကို သိမ်းပိုက်လိုက်တဲ့ ကောင်းကင်ဘုံကျောင်းရဲ့ အကြောင်းကို ကြားသိပြီးပြီးလား။ ဒီကလန်က အင်ပါယာသုံးခုမှာတောင် နံပါတစ်ကလန် ဖြစ်လာပြီတဲ့…”

“ဟားဟား…ငါတို့ ရေပြင်ကျယ်မြို့ကလည်း ဒီကောင်းကင်ဘုံကျောင်းရဲ့ ကလန်ခွဲတစ်ခုပဲလေ…။လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် ငါ အဲ့ ကောင်းကင်ဘုံကျောင်းရဲ့ ကလန်ခွဲကို သွားကြည့်ခဲ့သေးတယ်…”

“ငါ့အိမ်နီးနားချင်း ကျောက်အာကလည်း ကောင်းကင်ဘုံကျောင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ…”

“တာချင်၊တာရှန်နဲ့ ချမ်ယွမ်က ကြီးကျယ်တဲ့ အင်ပါယာ သုံးယောက် ဖြစ်ကြတယ်။ ပြောကြတာက မြောက်ပိုင်းအင်ပါယာ တာရှန်က သူ့မြို့သူမြို့သားတွေကိုတောင် ကောင်းကင်ဘုံကျောင်းရဲ့ သင်ကြားမှုကို လက်ခံစေခဲ့တယ်လို ဆိုတယ်…”

“ငါကတော့ ကောင်းကင်ဘုံကျောင်းရဲ့ ခေါင်းဆောင်နဲ့ သူ့နောက်က အမြဲလိုက်ပါနေတဲ့ အမျိုးသမီး အကြောင်း ပိုပြီးတော့တောင် စိတ်ဝင်စားနေမိတယ်…”

ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် အရက်ဆက်၍ သောက်နေသည်။ ဆိုင်ထဲရှိ ကြားနေရသည့် သတင်းစကားများက သူနှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။ သူက အကွာအဝေးတစ်ခုထံသို့သာ ငေးမောကြည့်လို့နေသည်။ သည့်နောက် သူက တက်ကြွမှုနှင့် ပြည့်နေသော သက်လတ်ပိုင်းအရွယ် ဝမ်ဖျင်ကို ထွင်းဖောက် တွေ့မြင်နေရသည့်အလား ကြည့်လို့နေလေသည်။

***

All Chapters