← Chapters

ရန်သူကို နောက်ဆုတ်စေခြင်း

Vol. 26 Ch. 284

ရန်သူကို နောက်ဆုတ်စေခြင်း

Vol. 26 Ch. 284

လီယွမ် သည် ဓားနတ်သမီး ၏ ပုံရိပ်ကို အရင်က မရှိခဲ့ဖူးလောက်အောင် အလွန်တရာ ကြီးကျယ် ခမ်းနားသော အဆင့် တစ်ခုအထိ မြှင့်တင်ပေးလိုက်လေ၏။

တစ်စုံတစ်ယောက်က သူ လှည့်စားနေမှန်း သိသွားခဲ့လျှင်တောင် အလောင်းအစား လုပ်ဝံ့မည် မဟုတ်ချေ။

ဒါက လုံးဝ စိတ်ပိုင်းဆိုင်ရာ ကစားကွက် တစ်ခုပင်။

"သွားကြစို့"

မလှမ်းမကမ်းတွင် ယန်ဖုန်း.. ယဲ့ယန်.. တုကူမင် နှင့် ကုန်းကျီ တို့သည် ကြက်သီးထသွားကြရပြီး အသက်စွမ်းအင်များ လောင်ကျွမ်းစေကာ ခပ်ဝေးဝေးသို့ ထွက်ပြေးရန်အတွက် တားမြစ် ထွက်ပြေး လွတ်မြောက်ခြင်း နည်းစနစ်ကို ချက်ချင်း ဖော်ထုတ်လိုက်ကြတော့သည်။

ရစ်ပတ် နတ်ဘုရားကူ က 'ယောကျာ်းတွေ ဆိုတာ တိုက်ခိုက်ရမယ်' ဟု အော်ဟစ်နေဆဲ ဖြစ်သော်လည်း လီယွမ်က သူ၏ အတွင်းစိတ်မှ တွန်းအားကို ဖိနှိပ်လိုက်၏။

ဤတိုက်ပွဲတွင် သူသည် လျှပ်တပြက်ကူ ကို အကြိမ်ပေါင်း များစွာ အသုံးပြုခဲ့ပြီး ကန့်သတ်ချက် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ လိုချင်သော အကျိုးသက်ရောက်မှုကို ရရှိခဲ့ပြီ ဖြစ်ပြီး တိတ်တဆိတ် ချောင်းမြောင်း နေသော အဘိုးအိုများကို ယာယီ ခြိမ်းခြောက် ထားနိုင်ခဲ့သည်။

ယွင်မိုဝမ် နှင့် ဓားဂိုဏ်း မှ အကြီးအကဲများ ရှေ့သို့ တက်လာကြ၏။

"လီယွမ်.."

ယွင်မိုဝမ် ၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးနေတော့သည်။

"ဒီတစ်ခေါက် မင်းရဲ့ အကူအညီ အတွက် ကျေးဇူးတင်ပါတယ်.. ငါတို့ မတွေ့ရတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်.. မင်း ဒီလောက် အထိ ကြီးပြင်းလာမယ် လို့ ငါ မထင်ထားခဲ့ဘူး"

"မင်းက လူငယ် မျိုးဆက်သစ် တွေကို အဝေးကြီးမှာ ချန်ထားခဲ့ရုံ တင်မကဘူး.. ငါတို့လို မျိုးဆက်ဟောင်း တွေတောင် မင်းကို မမီတော့ဘူး"

"ငါတို့ တကယ် ရှက်မိပါတယ်.. ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာတာတောင်.. သူ့ရဲ့ မျိုးဆက်တွေက သူ့အတွက် အေးချမ်းတဲ့ အိမ်အပြန်လမ်းလေး တစ်ခုတောင် မဖန်တီးပေးနိုင်ဘူး"

"ဒါ ခင်ဗျားတို့ အပြစ် မဟုတ်ပါဘူး"

လီယွမ်က ခေါင်းခါပြလိုက်သည်။

"လူတွေရဲ့ နှလုံးသားက ပြောင်းလဲသွားလို့ပါ"

"ငါတို့ အခု ဘာဆက်လုပ်သင့်လဲ.. သူတို့ကတော့ ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်မှာ မဟုတ်ဘူး"

ယွင်မိုဝမ် နှင့် အကြီးအကဲများ အားလုံးသည် လီယွမ်ကိုသာ အားကိုးတကြီး ကြည့်နေကြပြီး ခေါင်းဆောင် တစ်ဦး အဖြစ် သတ်မှတ်လိုက်ကြကြောင်း ရှင်းလင်းစွာ ပြသနေကြလေ၏။

မည်သို့ပင် ဆိုစေကာမူ လီယွမ်မှလွဲ၍ ဓားနတ်သမီး ၏ အခြေအနေ အတိအကျကို မည်သူကမျှ မသိရှိကြချေ။

"စောင့်နေကြပါ"

ဓားနတ်သမီး ပြန်လည် နိုးထလာမှသာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်ကို ချမှတ်ရမည် ဖြစ်သည်။

ထို အဘိုးကြီး တစ်အုပ်က ပြဿနာ အကြီးကြီး ဖန်တီးနိုင်စွမ်း ရှိမည်ဟု လီယွမ် မထင်ထားပေ။

ဓားနတ်သမီး ပြန်လည် နိုးထလာသည်နှင့်.. သူတို့ နှစ်ဦးပေါင်းပြီး လင်းရှောင် ဓားဂိုဏ်း ၏ အထောက်အပံ့ဖြင့် ရန်သူများ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံနိုင်လိမ့်မည်။

တကယ်လို့သာ အနိုင်မရနိုင်ဘူး ဆိုလျှင်တောင်.. လျှပ်တပြက်ကူ နှင့် ဆန်းကြယ်ပုံရိပ် ကူ နှစ်ခုစလုံး၏ အကူအညီဖြင့် သူ လွတ်အောင် ထွက်ပြေးနိုင်သေးသည်။

ဤသည်မှာ သူ အလယ်ပိုင်း လွင်ပြင် သို့ လာရဲသော အကြောင်းရင်းလည်း ဖြစ်၏။ လုံလောက်သော သေချာမှု မရှိဘဲ သူ အရမ်းကာရော လှုပ်ရှားမည် မဟုတ်ချေ။

"နားလည်ပါပြီ"

ယွင်မိုဝမ် က ထပ်မံ မေးခွန်းမထုတ်တော့ပေ။

ဤတိုက်ပွဲသည် လီယွမ်၏ စွမ်းဆောင်မှုများ အပေါ် အလုံးစုံ မှီခိုနေရသည်။ သူတို့၏ တာဝန်မှာ နောက်ဆက်တွဲ လုပ်ဆောင်မှု အားလုံးတွင် လီယွမ်နှင့် ပူးပေါင်း လုပ်ဆောင်ရန်နှင့် ဓားနတ်သမီး ဘိုးဘေးကြီး ကို ကာကွယ် စောင့်ရှောက်ရန်သာ ဖြစ်၏။

"ဓားဂိုဏ်း အဖွဲ့ဝင်များ အားလုံး.. ငါ့အမိန့်ကို နာခံကြ"

"ဒီအချိန် ကစပြီး ဓားဂိုဏ်း ကို အပြည့်အဝ ပိတ်ဆို့လိုက်.. ဘယ်သူမှ ဝင်ခွင့် ထွက်ခွင့် မရှိဘူး.. လူတိုင်း သတိဝီရိယ အပြည့်နဲ့ နေကြ.. ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ကို အချိန်မရွေး ဖွင့်နိုင်ဖို့ အသင့် ပြင်ထားကြ"

ယွင်မိုဝမ် က အမိန့်ပေးလိုက်သည်။

"ဒီကိစ္စတွေကို ခင်ဗျားတို့ကိုပဲ အပ်ထားခဲ့ပါ့မယ်.. ကျွန်တော် ဓားနတ်သမီး ကို သွားကြည့်လိုက်ဦးမယ်"

လီယွမ်က တောင်တန်းများဆီသို့ လျှောက်သွားလေ၏။

လူတိုင်းက လီယွမ်၏ ပုံရိပ် တောင်တန်းများထဲသို့ ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေကြတော့သည်။

"ဂိုဏ်းချုပ်ကြီး.. သူက.. လီယွမ် လား ဒါမှမဟုတ် ချီလင် လား"

ဓားဂိုဏ်း မှ အကြီးအကဲ တစ်ဦးက မေးလိုက်၏။

"အဲ့ဒါက အရေးကြီးသေးလို့လား"

ယွင်မိုဝမ် က ပြန်မေးလိုက်သည်။

"ဂိုဏ်းချုပ်ကြီး.. ဘာလို့ ဓားနတ်သမီး ဘိုးဘေးကြီး ရဲ့ စွမ်းအား အတိအကျ ကို မမေးလိုက်ရတာလဲ.. ကျုပ်တို့ သေချာ သိထားရင် ပိုကောင်းတာပေါ့"

အခြား အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်၏။

"သိဖို့ မလိုပါဘူး"

ယွင်မိုဝမ် က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

"ဓားနတ်သမီး ဘိုးဘေးကြီး ပြန်လည် ရောက်ရှိလာမယ့် အချိန်ကို အင်အားကြီး အဖွဲ့အစည်း အားလုံးက စောင့်မျှော်နေကြတယ် ဆိုတဲ့ အချက်က.. ငါတို့ ဓားဂိုဏ်း ထဲက လူတိုင်းက ဘိုးဘေးကြီး ပြန်လာတာကို တကယ် လိုလားနေကြတာ မဟုတ်ဘူး ဆိုတာကို သက်သေပြနေတာပဲ"

"အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ဆိုတာ အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်.. ပြင်ပ လူတွေက မခံစားနိုင်ကြဘူး.. ဂိုဏ်း ထဲက လူတွေကော သူတို့ရဲ့ ယုံကြည်ချက်ကို ဘယ်လောက် အချိန်အကြာကြီး ထိန်းသိမ်း ထားနိုင်မှာလဲ"

မျက်နှာဖုံးတွေ အောက်မှာ ဘယ်လို စစ်မှန်သော မျက်နှာ အစစ်အမှန်တွေ ပုန်းကွယ် နေလဲ ဆိုတာ ဘယ်သူ သိမည်လဲ။

ဓားဂိုဏ်း ထဲတွင် သစ္စာဖောက်များ ရှိနေပြီး တစ်ယောက်တည်း ထက်မက ရှိနေနိုင်သည်။

ထို့ကြောင့် ယွင်မိုဝမ် က ဘာမှ မမေးမြန်းခဲ့ခြင်း ဖြစ်၏။

ဓားနတ်သမီး ဘိုးဘေးကြီး ၏ အခြေအနေကို လျှို့ဝှက်ချက် တစ်ခု အဖြစ် ဆက်လက် ထိန်းသိမ်းထားခြင်းက အခြေအနေကို ယာယီ တည်ငြိမ်စေနိုင်ပေလိမ့်မည်။

"ဒါပေမဲ့..."

အကြီးအကဲ က ဆိုသည်။

"ငါတို့ ဆက်စောင့်နေမယ် ဆိုရင် ရန်သူတွေက ပိုပိုပြီး အင်အား ကြီးလာမှာပဲ.. သူတို့ အချင်းချင်း တိုင်ပင် ပြီးသွားရင် ငါတို့ ပိုပြီး အထိနာသွားလိမ့်မယ်"

"ဟုတ်တယ်.. ဒီသတင်းသာ ပြန့်သွားရင် မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု တွေနဲ့ သွေးဆာ မိစ္ဆာ ဂိုဏ်း တွေတောင် ဝင်ပါလာနိုင်တယ်"

"ပြီးတော့ ညဇီးကွက် အစောင့်တပ် တွေလည်း ရှိသေးတယ်.. သူတို့က ကြမ်းတမ်းတဲ့ အဖြစ်အပျက် တွေမှာတောင် ပြဿနာ ဖန်တီးချင်နေကြတာ"

ဓားနတ်သမီး ဘိုးဘေးကြီး ကိုယ်တိုင် နဝမအဆင့် တွင် ရှိနေလျှင်တောင် အခြေအနေကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။

အကြီးအကဲများ အားလုံးတွင် သူတို့၏ ကိုယ်ပိုင် စိုးရိမ်မှုများ အသီးသီး ရှိနေကြ၏။

ယွင်မိုဝမ် က လက်ကို ဝှေ့ယမ်းကာ နတ်ဘုရားဓား ပင်လယ်ပြာ ကို မြေကြီးပေါ်သို့ စိုက်ချလိုက်သည်။

"တော်ကြတော့.. ငါတို့ ဘာပဲ ကြုံရကြုံရ ရင်ဆိုင်ကြမယ်.. ငါတို့ ဂိုဏ်းရဲ့ အထွတ်အထိပ် ခေတ်ကို ပြန်လည် ရောက်ရှိချင်တယ် ဆိုရင် ဒီအခက်အခဲတွေကို လက်ခံရမှာပဲ.. အလုပ်မလုပ်ဘဲ အကျိုးအမြတ် ရဖို့ ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး"

"မင်းတို့ အားလုံး ဓားနတ်သမီး ဘိုးဘေးကြီး ရဲ့ ဂုဏ်ကျက်သရေ ထဲမှာ ပါဝင်ချင်တယ် ဆိုရင်.. သေဖို့ အတွက် အသင့် ပြင်ထားကြတော့"

ထိုသို့ ပြောပြီးနောက် သူသည် မျက်လုံးများကို မှိတ်ကာ လှေကားထစ်များ ပေါ်တွင် ထိုင်ချလိုက်ပြီး စကား ထပ်မပြောတော့ပေ။

အကြီးအကဲများ အနေဖြင့် အမိန့်ကို နာခံကာ တောင်တံခါးကို စောင့်ကြပ်ရန်သာ ရှိတော့၏။

မလှမ်းမကမ်းရှိ ရှည်လျားလှသော လှေကားထစ်များ ပေါ်တွင် ကျိုးဝူပင်း သည် နောက်ပြန် လှဲချလိုက်ပြီး နောက်ဆုံးတွင် အနည်းငယ် ငြိမ်းချမ်းမှု ကို ရှာတွေ့သွားတော့သည်။

စီနီယာအစ်ကို လီယွမ် သည် တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ.. သိပ်မကြာသေးခင်ကမှ ပေါ်ထွက်လာပြီး အဋ္ဌမအဆင့် ဝါရင့် ပညာရှင် အများအပြားကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့ကာ သူတို့ အားလုံးကို သတ်ဖြတ်နိုင်ခဲ့ရုံ သာမက ခွန်အားတွေတောင် ကျန်နေသေးတာပဲ..။

"ဓားဝိညာဉ်.. မင်းက တကယ်ကို အသုံးမကျတာပဲ"

"ကျွန်တော်က ဘာလို့ အသုံးမကျရမှာလဲ" ကလေးအသံလေး က ဒေါသတကြီး ပြန်လည် ချေပလိုက်၏။

"မင်းက ငါ့ကို ထျန်းယွမ် တိုက်ကြီး မှာ နံပါတ်တစ် ဖြစ်လာအောင် လေ့ကျင့်ပေးမယ် လို့ ပြောခဲ့တယ် မဟုတ်လား.. ဒါပေမဲ့ အဆုံးကျတော့ စီနီယာအစ်ကို လီယွမ် က ငါ့ကို လုံးဝ အနိုင်ယူသွားခဲ့တယ်လေ.. မင်း ဒါကို ဖြေရှင်းနိုင်မယ် ထင်လို့လား"

ကျိုးဝူပင်း က နောက်ပြောင်လိုက်၏။

"အဓိပ္ပာယ် မရှိတာ" ဓားဝိညာဉ် က ဒေါသတကြီး ချေပလိုက်သည်။

"ဒီလို ခေတ်တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ ပါရမီရှင် မျိုးက ကံကြမ္မာ ကြောင့် မွေးဖွားလာတာ.. လောကကြီးရဲ့ အခြေအနေ အရ ထွက်ပေါ်လာတာလေ.. လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးရမှာပဲ.. အဲ့ဒါက ကျွန်တော်ရဲ့အပြစ်လား"

ကျိုးဝူပင်း က သရော်လိုက်သည်။

"ပြီးခဲ့တဲ့ အကြိမ်တုန်းက မင်း ပြောခဲ့တာကို ငါ မှတ်မိသေးတယ်.. သူရဲကောင်း တွေက ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်မှာ ပေါ်ထွက်လာတတ်တယ်.. အဲ့ဒီ သူရဲကောင်း က ငါပဲ လို့လေ.. မင်းက ငါ့ကို မျှော်လင့်ချက် အလကား ပေးပြီး ဖြေသိမ့်နေတာလား"

"အင်း..."

ဓားဝိညာဉ် က ခေတ္တမျှ ရပ်တန့်သွားသည်။

"အို.. ကျွန်တော့်ရဲ့ ဓားလေး က ခုနက တိုက်ပွဲမှာ နည်းနည်း ထိခိုက်သွားလို့ ဝိညာဉ် စွမ်းအား နည်းနည်း ပျောက်သွားတယ်.. အဲ့ဒီလိုမျိုး ကျွန်တော် ပြောခဲ့ဖူးလို့လား"

ကျိုးဝူပင်း…

"မင်းရဲ့ ညစ်ပတ်တဲ့ လှည့်ကွက် တွေ အားလုံးကို ငါ့အပေါ်မှာ သုံးနေတာ မဟုတ်လား"

"ခဏ နားလိုက်ဦး.. ပြီးရင် တိုက်ပွဲ အတွက် ပြင်ဆင်ထား"

ဓားဝိညာဉ် က လေးနက်စွာ ကြေညာလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို အသရေ ဖျက်လို့ မရဘူးနော်..ကျွန်တော်က ဓားငယ်လေး ပါ.. အချိန်မရွေး ကိုယ့်ကိုယ်ကိုယ် စတေးဖို့ အသင့်ပါပဲ.. ကျွန်တော်က တရားမျှတမှု ရဲ့ ဓားပဲ"

တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာ။

ဓားသင်္ချိုင်း တောင်ထိပ်။

လီယွမ် ပြန်ရောက်လာချိန်တွင် ဓားနတ်သမီး သည် တောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူ တောင်ပေါ်သို့ တက်ရန် ကြိုးစားကြည့်ရာ ဓားသင်္ချိုင်း တစ်ခုလုံးကို လွှမ်းခြုံထားသော ဓားချီများက ပြင်ပလူ တစ်ဦး ဖြစ်သော သူ့ကို မတားဆီးနိုင်ကြောင်း တွေ့လိုက်ရသည်။ ဒါက သူလည်း ဓားဂိုဏ်း ၏ လူတစ်ဝက် ဖြစ်နေပြီဟု သတ်မှတ်နိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။

“ဝီ…”

တောင်ပေါ်သို့ တက်လာစဉ် ဓားများစွာ၏ အော်မြည်သံများ ထွက်ပေါ်လာသည်။

လီယွမ်၏ ကျောပေါ်ရှိ အပြစ်အနာအဆာ ကင်းစင်သော ဓားသန္ဓေသားလေး သည်လည်း ဂါရဝ ပြုနေသကဲ့သို့ တုံ့ပြန်နေပုံ ရ၏။

ထိုသို့ဖြင့် သူသည် ဓားသင်္ချိုင်း တောင်ထိပ် သို့ မည်သည့် အဟန့်အတားမျှ မရှိဘဲ ရောက်ရှိလာခဲ့တော့သည်။

ထိုစဉ် ဓားနတ်သမီး သည် သံချေးတက်နေသော ဓားတစ်လက်ကို ကိုင်ကာ ဓားသွေးကျောက် ပေါ်တွင် အရှေ့အနောက် ပွတ်တိုက် သွေးနေပြီး.. အလွန် ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သော နည်းလမ်းဖြင့် ၎င်း၏ တောက်ပမှုကို ပြန်လည် ရရှိအောင် ကြိုးစားနေလေ၏။

နောက်ထပ် မှတ်ဉာဏ် တစ်ခု လီယွမ်၏ စိတ်ထဲတွင် ပေါ်ထွက်လာပြန်သည်။

"မေမေ.. သမီး ဘာလို့ သံချေးတက်နေတဲ့ ဓားကို သွေးရမှာလဲ"

ငယ်ရွယ်သော ဓားနတ်သမီး က စပ်စုချင်စိတ်ဖြင့် မေးမြန်းခဲ့သည်။

လှပသော အမျိုးသမီးက ပြုံးလိုက်သည်။

"ရွှယ်အာ.. မေမေ မေးမယ်.. ဓားပေါ်က သံချေးတွေက ဘယ်က ရောက်လာတာလဲ"

ဓားနတ်သမီး က ချက်ချင်း ပြန်ဖြေလိုက်သည်။

"မြေကြီးထဲမှာ အချိန်အကြာကြီး ရှိနေခဲ့လို့ မြေကြီးတွေကြောင့် သံချေးတက်သွားတာလေ"

"မှားတယ်"

လှပသော အမျိုးသမီးက ခေါင်းခါပြလိုက်၏။

"ဘာလို့လဲဟင်"

ဓားနတ်သမီး မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

လှပသော အမျိုးသမီး၏ အသံမှာ ပို၍ လေးနက်သွားသည်။

"ဓားပေါ်က သံချေးတွေက အညစ်အကြေး မဟုတ်ဘူး.. ဓားဂိုဏ်း ရဲ့ ဘိုးဘေးတွေ ကောင်းကင်နဲ့ မြေကြီး ကြားမှာ ချန်ထားခဲ့တဲ့ နောက်ဆုံး ဓားချက်ပဲ"

"မင်း သံချေး တစ်လွှာကို ဖယ်ရှားလိုက်တိုင်း ဘိုးဘေးတွေက မင်းရဲ့ စွမ်းရည်ကို အသိအမှတ် ပြုလိုက်တာပဲ.. မင်းရဲ့ ထက်မြက်မှု တွေ လောကကြီးကို ပြန်လည် ထွက်ပေါ်လာတဲ့ အခါကျမှသာ ဘိုးဘေးတွေ ငြိမ်းချမ်းစွာ အနားယူနိုင်ပြီး ဓားကို မင်းဆီ ယုံယုံကြည်ကြည် အပ်နှင်းနိုင်မှာ"

"မင်းက ငါတို့ ဓားသွေးနေတယ်လို့ ထင်နေတာလား"

"မဟုတ်ဘူး.. ဓားကို ကိုင်ဖို့ မစွမ်းနိုင်တော့တဲ့ ငါတို့ရဲ့ ညီအစ်ကို မောင်နှမ တွေ အတွက် ငါတို့ရဲ့ ဘဝ လက်ကျန်တွေကို သွေးနေတာ"

ငယ်ရွယ်သော ဓားနတ်သမီး သည် ခေါင်းငုံ့သွားပြီး နှုတ်ဆိတ်သွားတော့၏။

ထိုခေတ်ကာလတွင် နတ်ဆိုးများ သောင်းကျန်း နေကြရုံသာမက လူသား မျိုးနွယ်စု တွင်လည်း နတ်ဆိုး ကျင့်ကြံသူ အတော်များများ ရှိနေခဲ့သည်။ လင်းရှောင် ဓားဂိုဏ်း သည် တရားမျှတမှုကို ထိန်းသိမ်းပြီး နတ်ဆိုးများနှင့် မိစ္ဆာများကို သတ်ဖြတ်ခဲ့ကြသည်။

မရေမတွက်နိုင်သော ဓားသမား များမှာ ဒဏ်ရာရ.. ကိုယ်လက် အင်္ဂါ ချို့ယွင်း.. သို့မဟုတ် သူတို့၏ ဘဝ တစ်ခုလုံးကို စတေးခဲ့ကြရ၏။

ထို သွေးနှင့် မျက်ရည်များ အားလုံး မြေကြီးထဲတွင် မြှုပ်နှံခံရပြီးနောက် ဓားပေါ်ရှိ သံချေးများ ဖြစ်လာခဲ့ခြင်းပင်။

အလွန်တရာ အစောင့်အရှောက် ခံရမည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်သော ဓားနတ်သမီး သည် အဘယ်ကြောင့် တိုက်ပွဲ၏ ရှေ့တန်း မျက်နှာစာ တွင် အမြဲတမ်း ရှိနေခဲ့သနည်း ဆိုသည်ကို လီယွမ် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမတွင် ခြားနားသော မိခင် တစ်ဦး ရှိနေသောကြောင့်ပင်။

All Chapters