← Chapters

ဓားသွေးခြင်း

Vol. 26 Ch. 285

ဓားသွေးခြင်း

Vol. 26 Ch. 285

ဓားနတ်သမီး သည် ဓားကို ဆက်တိုက် သွေးနေရင်း မျက်ရည်များ ကျကာ တီးတိုး ပြောဆိုနေတော့၏။

"မေမေ.. သမီး အိမ်ပြန်ရောက်ပြီ"

သူမ၏ လက်ထဲရှိ ဓားမှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်က သူမ၏ မိခင် ထားရစ်ခဲ့သော အရာပင်။ မည်မျှပင် ထူးကဲသော သတ္တုများဖြင့် ပြုလုပ်ထားပါစေ.. ယခုအခါတွင်မူ မူလ ပုံစံကို မှတ်မိ၍ မရနိုင်လောက်အောင် သံချေးများ တက်နေခဲ့ချေပြီ။

လီယွမ်က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထို မှတ်ဉာဏ်များနှင့် ထပ်တူ ခံစားနေရ၏။

ဓားနတ်သမီး ၏ မိခင်က ဆိုသည်။

"ငါတို့ ဓားကျင့်ကြံသူ တွေက ဓား နှလုံးသား ကို ကျင့်ကြံကြတာ.. ဓားသွေးတယ် ဆိုတာ ဓားကို တောက်ပအောင် လုပ်ဖို့ မဟုတ်ဘဲ ဓားပေါ်က သံချေးတွေကို ကိုယ့်ရဲ့ နှလုံးသားထဲမှာ စွဲထင်သွားအောင် လုပ်တာ ဆိုတာကို မင်း နားလည်လာတဲ့ အခါကျရင်.. အရာအားလုံးကို မင်း တကယ် သဘောပေါက် နားလည်သွားလိမ့်မယ်"

"ရွှယ်အာ.."

"ဘေးဒုက္ခတွေကို မှတ်သားထားပြီး ဘိုးဘေးတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါနဲ့"

ထို ခေတ်ကာလတွင် စစ်ဘုရင်များ အာဏာလုကြပြီး.. နတ်ဆိုးများ သောင်းကျန်းနေကာ.. လူသား မျိုးနွယ်စုများမှာ စည်းလုံး ညီညွတ်မှု မရှိကြချေ။ နတ်ဆိုးများကို တိုက်ခိုက် နှိမ်နင်းရန် အဓိက ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သော လင်းရှောင် ဓားဂိုဏ်း နှင့် ၎င်း၏ အဖွဲ့ဝင်များသည် သူတို့၏ ဘဝ တစ်သက်တာလုံး လေးလံသော တာဝန်များကို ထမ်းပိုးထားကြရမည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာပင် ဖြစ်တော့၏။

သူတို့ ကျင့်ကြံခဲ့သော လမ်းစဉ်များနှင့် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သော ဆန္ဒများမှာ ယနေ့ခေတ်နှင့် လုံးဝ ခြားနားနေသည်။

လီယွမ်သည် ထိုလူစုကို အမှန်တကယ် လေးစား အားကျမိသည်။

ဓားနတ်သမီး သည် ဓားသွေးခြင်းကို ခုနစ်ရက် ခုနစ်ည တိုင်တိုင် ပြုလုပ်ခဲ့၏။

ဓား၏ ထက်ရှမှုများ တဖြည်းဖြည်း ပေါ်လွင်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားစိတ်ဆန္ဒ များမှာလည်း ပိုမို အားကောင်းလာပြီး.. လောကသို့ ထွက်ပေါ်လာတော့မည့် ပြိုင်ဘက်ကင်း နတ်ဘုရား ဓားတစ်လက် အလားပင် ရှိချေသည်။

ရုတ်တရက် ဓားနတ်သမီး ပြန်လည် ရပ်တန့်သွားတော့၏။

သူမက ရေရွတ်လိုက်သည်။

"မေမေ.. သမီး အရမ်း ပင်ပန်းနေပြီ"

လီယွမ်၏ စိတ်ထဲတွင် ထို မှတ်ဉာဏ်များ ထပ်မံ ပေါ်ထွက်လာပြန်သည်။

ငယ်ရွယ်သော ဓားနတ်သမီး ၏ လက်များမှာ ဓားသွေးရလွန်းသဖြင့် ရောင်ကိုင်းနေ၏။ "မေမေ.. သမီးတို့ ဘယ်တော့ အိမ်ပြန်ရမှာလဲ" ဟု သူမက မေးမြန်းခဲ့သည်။

လှပသော အမျိုးသမီးက တည်ငြိမ်စွာ ဆိုသည်။

"မင်း နတ်ဘုရား ဓားရဲ့ အသိအမှတ်ပြုမှုကို ရတဲ့ အခါကျရင်.. ကျင့်ကြံဖို့ မင်းပိုင်တဲ့ လျှို့ဝှက် ဂူစံအိမ် တစ်ခု ရလာလိမ့်မယ်.. အဲ့ဒါဆိုရင် မင်းမှာ အိမ် တစ်လုံး ရှိပြီပေါ့"

"အဲ့ဒါက အိမ် မဟုတ်ဘူး.." ငယ်ရွယ်သော ဓားနတ်သမီး က ပါးလေး ဖောင်းကာ ပြောလိုက်၏။

"ဖေဖေနဲ့ မေမေ ရှိတဲ့ နေရာမှ အိမ် အစစ်.."

"အရူးမလေး"

လှပသော အမျိုးသမီးက သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ဆိုသည်။ "မေမေ ကလည်း တစ်နေ့နေ့တော့ မင်းကို ထားသွားရမှာပဲ.. အဲ့ဒီအခါကျရင် မင်းရဲ့ ဘဝ တစ်သက်တာလုံး အတူတူ ဖြတ်သန်းမယ့် သူကို မင်း ရှာတွေ့လိမ့်မယ်.. အဲ့ဒါက မင်းရဲ့ စစ်မှန်တဲ့ အိမ် ဖြစ်လာလိမ့်မယ်"

ဓားနတ်သမီး က ရှိုက်ကြီးတငင် ငိုကြွေးရင်း.. ပြန်လည် မေးခွန်းထုတ်လာ၏။

"ဒါဆို ဘာလို့ ဖေဖေနဲ့ မေမေ က တစ်သက်လုံး အတူတူ မနေခဲ့ကြတာလဲ"

"ဘာလို့လဲ ဆိုတော့ ငါတို့က နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းဖို့ တာဝန်နဲ့ မွေးဖွားလာတာလေ.. မင်း အဖေကတော့ သာမန် တောသူတောင်သား တစ်ယောက်ပဲ.. မေမေက အရင်တုန်းက သူ့ကို အမှား လုပ်ခဲ့ပြီးပြီ ဆိုတော့.. သူ့ကို ထပ်ပြီး ဒုက္ခ မပေးနိုင်တော့ဘူး"

လှပသော အမျိုးသမီးက ရှင်းပြလိုက်၏။

"ဒါပေမဲ့.."

ငယ်ရွယ်သော ဓားနတ်သမီး မှာ ပို၍ပို၍ ဝမ်းနည်းလာပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ငိုကြွေးတော့သည်။

"ဒါပေမဲ့ သမီး တစ်သက်လုံး အဖေဆိုတာ မရှိခဲ့ဘူးလေ.. ဒါက မတရားဘူး.."

လှပသော အမျိုးသမီးက သက်ပြင်းချလိုက်သည်။

"ရွှယ်အာ.. ဒီ လောကကြီးမှာ အသက် ကြီးလာလေလေ ကိုယ့် ကံကြမ္မာ ကိုယ်တိုင် ထိန်းချုပ်လို့ မရလေလေပဲ.. မူလကတည်းက တရားမျှတမှု ဆိုတာ မရှိခဲ့ဘူးလေ"

"မင်းက ဓားဂိုဏ်း ရဲ့ အနာဂတ်ပဲ.. သာမန် လူတွေနဲ့ မတူတဲ့ တာဝန်တွေနဲ့ မွေးဖွားလာတာ.."

"ဒီအရာတွေ အားလုံးကို မင်း ကျင့်သားရအောင် လုပ်ရမယ်"

မှုန်ဝါးပြီး အပိုင်းပိုင်း ပြတ်တောက်နေသော မှတ်ဉာဏ်များက လီယွမ်ကို ခေတ္တမျှ တွေးတော ငေးမော သွားစေခဲ့၏။

ကူလမ်းစဉ် ၏ သမိုင်း မှတ်တမ်းများတွင် ပါရှိသော ကူအင်မော်တယ် ၏ ဇာတ်လမ်းကို သူ ပြန်လည် အမှတ်ရမိသည်။

ကူအင်မော်တယ် ၏ ဘဝတွင်.. သူ ငယ်ရွယ်စဉ် တောင်တန်းများပေါ်မှ ထွက်ခွာလာပြီး သိပ်မကြာခင်မှာပင်.. ရမ္မက် အဆိပ်မိနေသော အလယ်ပိုင်း လွင်ပြင် မှ နတ်သမီးလေး တစ်ပါးနှင့် ဆုံတွေ့ခဲ့ပြီး.. ထို နတ်သမီးလေးက သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ သူနှင့်အတူ ရမ္မက် မီးတောက်များဖြင့် လောင်ကျွမ်းခဲ့သော ညတစ်ညကို ဖြတ်သန်းခဲ့ကြသည်။

အချစ် ဆိုသည်မှာ ကြိုတင် သတိပေးချက် မရှိဘဲ ပေါ်ပေါက်လာတတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ နက်ရှိုင်းလာတတ်ပေသည်။

တောင်တန်းများပေါ်မှ ဆင်းသက်လာသော ထိုလူငယ်လေးသည် အချစ် သံသရာထဲသို့ ကျဆင်းသွားပြီး သူ၏ ဘဝ တစ်သက်တာလုံး လူတစ်ယောက်တည်း အပေါ်မှာသာ မြှုပ်နှံထားခဲ့လေ၏။

သို့သော် ဓားနတ်သမီး ၏ မိခင်ကတော့ သူ့ကို သာမန် တောသားလေး တစ်ယောက် အဖြစ်သာ အမြဲတမ်း သတ်မှတ်ထားခဲ့သည်။

သူတို့ ခဏတာ ဆုံတွေ့ခဲ့ပြီးနောက် ထိုလူငယ်လေးသည် အချိန်ကြာလာသည်နှင့်အမျှ သူမကို မေ့ပျောက်သွားပြီး လူသစ် တစ်ယောက်ကို ရှာတွေ့လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်ပေ၏။

သို့သော်ငြား..

ဓားနတ်သမီး ၏ မိခင်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မသိလိုက်ဘဲ သေဆုံးသွားခဲ့ရသည်။ ထိုည အပြီးတွင် တောသားလေး သည် သူ၏ ဘဝ တစ်သက်တာလုံး သူမကို လိုက်လံ ရှာဖွေနေခဲ့တော့၏။

"အဲ့ဒီ အချိန်တုန်းက မဟာ ကံကြမ္မာ ကူ တောင် မဖန်တီးရသေးဘူးလေ.. သူ့ရဲ့ စွမ်းအားတွေကို စတင် ပြသနေပြီလား"

"ဒါမှမဟုတ်..."

"သူ့ရဲ့ မူလ ရည်ရွယ်ချက်ကို ဘယ်တော့မှ မပြောင်းလဲတဲ့ လူငယ် ကူအင်မော်တယ် ဟာ ကံကြမ္မာရဲ့ ကစားခံရလို့ မဟာ ကံကြမ္မာ ကူ ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာများလား"

ကူအင်မော်တယ် ၏ ဇာတ်လမ်းကို လီယွမ် ပထမဆုံး အကြိမ် ကြားခဲ့ရစဉ်က အလွန်တရာ ယုတ္တိမတန်ဘဲ ထူးဆန်းလွန်းသည်ဟု သူ ထင်မှတ်ခဲ့သည်။

သို့သော်လည်း.. ဘဝ ဆိုသည်မှာ တစ်ခါတစ်ရံတွင် တိုက်ဆိုင်မှုများနှင့် ပြဇာတ်ဆန်ဆန် အဖြစ်အပျက်များဖြင့် ပြည့်နှက်နေတတ်သည် မဟုတ်ပါလော။

သာမန် လူများ မည်သည့်အခါမျှ မကြုံတွေ့နိုင်သော တိုက်ဆိုင်မှု ပေါင်းများစွာ ပေါင်းစုံသွားသော အခါမှသာ သမိုင်း တစ်လျှောက်လုံးတွင် ပြိုင်ဘက်ကင်းသော ဤကူအင်မော်တယ် ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကံတရားက လူတွေကို လှည့်စားတတ်ပြီး ခေတ်ကာလ တွေလည်း ပြောင်းလဲသွားခဲ့ချေပြီ။

နောင်လာ နောက်သား တစ်ယောက် အနေဖြင့် လီယွမ် သည် ယနေ့ခေတ် အယူအဆ များဖြင့် မည်သူ မှားသည် မည်သူ မှန်သည်ကို မဆုံးဖြတ်နိုင်တော့ချေ။

တွေဝေ ငေးမောနေစဉ် ဓားနတ်သမီး သည် ဓားသွေးခြင်းကို အဆုံးသတ်လိုက်ပြီး ဓားကို ကောက်ယူကာ ဓားသင်္ချိုင်း ပေါ်မှ ဆင်းလာခဲ့လေပြီ။

ကျန်းနန်နယ် စံအိမ်ကြီး တစ်ခု အတွင်း၌ ကျန်းဟူ သိုင်းလောက ၏ အင်အားကြီး အဖွဲ့အစည်း များမှ ခေါင်းဆောင်များ အားလုံး စုဝေးနေကြ၏။

ထျန်းဝေ့ထျန်း မှ ကောင်းကင် သခင်လေး.. ပိုင်လျန်ဂိုဏ်းမှ မဟာသခင် ကြီး.. ဆူရှင်း စံအိမ် မှ မဟာသခင် ကြီး မုန့်ချင်းစီ.. နဂါးကျားတောင် မှ အလင်းငါးဖြာ နတ်ဆရာ.. ချင်ချန်တောင် မှ လျှို့ဝှက် နတ်ဘုရား.. ရှူတောင် ၏ အကြီးအကဲချုပ် ချန်ယွမ်.. ကျင်းချန် ကျောင်းတော် မှ ကျောင်းထိုင် ဆရာတော် ယွမ်ဟွေ့ နှင့် နေလ ဂိုဏ်း ၏ နေမင်း ဂိုဏ်းခွဲ ခေါင်းဆောင် ယင်ယိုကျွယ် တို့ ဖြစ်ကြသည်။

အင်အားကြီး အဖွဲ့အစည်း ရှစ်ခု ၏ ခေါင်းဆောင်များ အားလုံးသည် အထွတ်အထိပ် သူတော်စင် များပင် ဖြစ်ကြ၏။

ဤသည်မှာ တာ့ယန် တော်ဝင် မိသားစု ၏ သွေးချောင်းစီးပွဲ အပြီးတွင် ကျန်းဟူ သိုင်းလောက ၏ အကြီးကျယ်ဆုံးသော စုဝေးမှုကြီး ဖြစ်ပြီး ကျန်းဟူ သိုင်းလောက ၏ ဩဇာကြီးမားသော အင်အားစု ဆယ့်တစ်စု အနက်မှ သုံးစုသာ ပျက်ကွက်ခဲ့သည်။

နတ်ဆိုးများ ကြောင့် ဖြစ်ပေါ်လာသော ဖရိုဖရဲ များနှင့် နယ်စပ် ဒေသများသို့ သူရဲကောင်းများ အများအပြား ဝင်ရောက်လာသည့် အချိန်တွင်ပင် ဤနေရာ၌ ရှိနေသော သူတော်စင် များထဲမှ အများစုမှာ ပါဝင် ပတ်သက်ခြင်း မရှိခဲ့ကြချေ။

သူတို့သည် ဂိုဏ်း ၏ အဓိက မဏ္ဍိုင်ကြီးများ ဖြစ်ကြပြီး သူတို့သာ ကျဆုံးသွားပါက ဂိုဏ်း တစ်ခုလုံး၏ တိုးတက်မှုကို အသေအချာ ထိခိုက်စေမည် ဖြစ်ကာ အမွေအနှစ် ကိုပင် ပြတ်တောက်သွားစေနိုင်သည် မဟုတ်ပါလော။

'အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်' ကဲ့သို့သော ကြီးမားလှသည့် အဖြစ်အပျက် မျိုးကသာ သူတို့ အားလုံးကို စုစည်းလာစေနိုင်ခြင်းတည်း။

'အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်' ကို မည်သူကမျှ တပါးသူ လက်ရောက် မခံလိုကြချေ။

ဤသည်မှာ ကျန်းဟူ သိုင်းလောက တစ်ခုလုံး၏ အခင်းအကျင်း ကိုပါ သက်ရောက်မှု ရှိစေမည့် အလွန် ကြီးမားသော ကိစ္စရပ်ကြီး ဖြစ်သည်။ အခြား သူများ ရရှိသွားပါက မိမိတို့ အနေဖြင့် နစ်နာမှုများ ရှိလာလေမည်။ ကျန်းဟူ သိုင်းလောက တွင် သူတို့၏ လွှမ်းမိုး ကြီးစိုးသော နေရာကို ဆက်လက် ထိန်းသိမ်း ထားလိုပါက ဤကိစ္စတွင် မဖြစ်မနေ ပါဝင် ပတ်သက်ရမည် ဖြစ်သည်။

"အခြေအနေ တွေကို မင်းတို့ အားလုံး သိပြီးသား ဖြစ်မှာပါ.."

ရှစ်ဦး အနက် အစွမ်းအထက်ဆုံး ဖြစ်သူ ဆူရှင်း စံအိမ် ၏ မဟာသခင် ကြီး နှင့် ဓားအင်မော်တယ် ဖြစ်သူ မုန့်ချင်းစီ က စတင် စကားဆိုလိုက်သည်။ "လင်းရှောင် ဓားဂိုဏ်း က သူတို့ရဲ့ ရပ်တည်ချက်ကို လုပ်ရပ်တွေနဲ့ ပြသလိုက်ပြီ.. ဓားနတ်သမီး က ငါတို့ကို တွေ့မှာ မဟုတ်ဘူး"

"သူ ငါတို့ကို တွေ့ချင်သည် ဖြစ်စေ မတွေ့ချင်သည် ဖြစ်စေ တွေ့ကို တွေ့ရမယ်"

ထျန်းဝေ့ထျန်း ၏ ကောင်းကင် သခင်လေး ကလည်း အေးစက်စွာ ဆိုလိုက်၏။ "အခြေအနေ တွေက ဒီအဆင့်ထိ ရောက်နေပြီ.. ပြီးတော့ မင်းတို့ တောင်သုံးလုံး နဲ့ ဆူရှင်း စံအိမ် က လူတွေလည်း သေဆုံးမှု တွေ ရှိခဲ့ပြီလေ.. မင်းတို့ အခု အချိန်မှာ နောက်ဆုတ် လို့ ရဦးမလား"

ရှူတောင် ၏ အကြီးအကဲချုပ် ချန်ယွမ် က မျက်မှောင်ကြုတ်လိုက်သည်။ "ဂိုဏ်း ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ ငါတို့ ကိုယ်တိုင် ဝင်ပါလိုက်ရင်.. သူတို့နဲ့ လုံးဝကို အပြီးတိုင် ပြတ်စဲသွားပြီလို့ ဆိုလိုတာပဲ.. တကယ်လို့ ငါတို့သာ ကျရှုံးသွားရင် ဓားနတ်သမီး ရဲ့ သွေးချောင်းစီး ရှင်းလင်းခံရနိုင်တယ်"

ကျန်းဟူ သိုင်းလောက တွင် လွှမ်းမိုး ကြီးစိုးသော အင်အားစုများ အမြစ်ပြတ် ချေမှုန်း ခံရသည့် အဖြစ်အပျက်များ မရှိခဲ့သည်တော့ မဟုတ်ချေ။

အမှန်တကယ်တော့ အတော်များများ ရှိခဲ့ဖူးသည်။

ထျန်းယွမ် တိုက်ကြီး တွင် သမိုင်း တစ်လျှောက် ဤသို့သော အဖြစ်အပျက် သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူး၏။

ပထမ အကြိမ်မှာ ကျန်းဟူ သိုင်းလောက ဂိုဏ်း အချို့က အိမ်ရှေ့မင်းသား ကို လုပ်ကြံ သတ်ဖြတ်ရန် ပူးပေါင်းခဲ့ကြသောကြောင့် ဖြစ်သည်။ အဖြစ်အပျက်များ အချိန်အတော်ကြာအောင် ဖရိုဖရဲ ဖြစ်ပြီးနောက် ဧကရာဇ် သည် အလွန် ဒေါသထွက်သွားပြီး ကျန်းဟူ သိုင်းလောက ကို ခြေမွရန် အမိန့်ပေးခဲ့ကာ အင်အားကြီး အဖွဲ့အစည်း များ အားလုံးကို တိုက်ရိုက် ရှင်းလင်း ပစ်ခဲ့သည်။

ဒုတိယ အကြိမ်မှာ မိစ္ဆာ ဂိုဏ်း ၏ ခေါင်းဆောင် က မဟာ အောင်မြင်မှု တစ်ရပ်ကို ရရှိခဲ့ပြီး သိုင်းလောက ရှိ လူအားလုံးကို စိန်ခေါ်ခဲ့ကာ ထိုခေတ်က သိုင်းပညာရှင် များ အားလုံး နီးပါးကို သတ်ဖြတ် ပစ်ခဲ့ချိန်တွင် ဖြစ်၏။

တတိယ အကြိမ်မှာ ဂိုဏ်း အသီးသီးသည် အထွတ်အထိပ်သော ရတနာ တစ်ခုအတွက် အချင်းချင်း အသေအလဲ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မြေပိုင်ရှင် ဘုရင်ခံ တစ်ဦး၏ ကြီးကျယ်လှသော အကြံအစည် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့ အားလုံး အမြစ်ပြတ် ချေမှုန်း ခံခဲ့ရခြင်းပင်။

ကြီးမားလှသော သွေးချောင်းစီးပွဲ ကြီး သုံးခု စလုံးမှာ ကျန်းဟူ သိုင်းလောက ၏ အကြီးအကျယ် ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရပြီး အရင်းအမြစ်များစွာ ဆုံးရှုံးခဲ့ရသည်။

လင်းရှောင် ဓားဂိုဏ်း ကဲ့သို့သော ဂိုဏ်းများသည် တစ်ချိန်က ဒုတိယတန်းစား ဂိုဏ်းငယ်လေးများ အဖြစ်သို့ ကျဆင်းသွားခဲ့ပြီး ဝေးလံ ခေါင်သီသော နေရာတစ်ခုသို့ ဖယ်ရှားခံခဲ့ရသော်လည်း မျိုးဆက်သစ် ပါရမီရှင် များကို မွေးထုတ် နိုင်ခဲ့ပြီးနောက်တွင်မှ တဖြည်းဖြည်း ပြန်လည် နိုးထလာလေသည်။

နဝမ ကူနန်းတော် သည်လည်း တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းအောင်းနေခဲ့ရပြီး မျက်နှာပြရန်ပင် မဝံ့ရဲခဲ့ချေ။

အတိအကျ ပြောရလျှင် ကျန်းဟူ သိုင်းလောက ၏ အင်အားစု တစ်ခုမျှ အစကနေ အဆုံးတိုင်အောင် သူတို့၏ အထွတ်အထိပ် အင်အားကို မထိန်းသိမ်း ထားနိုင်ခဲ့ကြပေ။

လက်ရှိတွင် ရောက်ရှိနေသော အင်အားကြီး အဖွဲ့အစည်း ရှစ်ခု၏ ခေါင်းဆောင်များသည် အလွန် သတိထား လုပ်ဆောင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ကို သေချာစွာ မကိုင်တွယ်နိုင်ပါက ၎င်းသည် စတုတ္ထအကြိမ်မြောက် ကျန်းဟူ သိုင်းလောက သွေးချောင်းစီးပွဲ ကြီးကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သောကြောင့်ပင်။

"အားလုံးပဲ.. ကိုယ့် အမြင် ကိုယ် ပြောကြပါဦး"

ထျန်းဝေ့ထျန်း ၏ ကောင်းကင် သခင်လေး က အခြား သူများကို ကြည့်ကာ မေးလိုက်သည်။

"မပါဝင်ချင်တဲ့ သူတွေ အခု နှုတ်ထွက်သွားရင် အချိန် မနှောင်းသေးဘူး.. ဒါပေမဲ့ အဲ့ဒီသူတွေရဲ့ ကံကြမ္မာ ကတော့ တခြား သူတွေရဲ့ လက်ထဲ ရောက်သွားလိမ့်မယ်"

ဂိုဏ်းချုပ် အချို့၏ မျက်နှာ အမူအရာများ အနည်းငယ် မူပျက်သွားကြ၏။

ထျန်းဝေ့ထျန်း နှင့် နေလ ဂိုဏ်း တို့မှာ သဘောကောင်းသော အဖွဲ့အစည်းများ မဟုတ်ကြပေ။ ယခု အချိန်တွင် သူတို့နှင့် မဟာမိတ် ဖွဲ့ထားသော်လည်း တစ်ဖက်လူသာ အာဏာ ရသွားပါက သူတို့လည်း ထိုကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်မှာ သေချာလှ၏။

ရှူတောင် ၏ အကြီးအကဲချုပ် ချန်ယွမ် က ခက်ခဲစွာ စကားဆိုလိုက်သည်။

"ငါတို့ နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်လား"

"သွေးဆာ မိစ္ဆာ ဂိုဏ်း နဲ့ အဝေးဆုံး မြောက်ပိုင်းက ရေခဲပြင် မျိုးနွယ်စု တွေ ရောက်လာတဲ့ အခါကျမှ ငါတို့ ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးကြရင်ကော..”

Leader notes…

အရေးအသားပိုင်း လိုအပ်ချက်လေးတွေရှိရင် တောင်းပန်ပါတယ်ခင်ဗျာ စာအရည်အသွေး ပြန်လည်စစ်ဆေးဖို့ ၂ရက်၃ရက်လောက်တင်တာလေးနားပါဦးမယ်ခင်ဗျာ အားပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်…

Book 26 end.

All Chapters