← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

ဤနေရာ၏ အပူချိန်မှာ သူတို့ ပုံမှန်လေ့ကျင့်နေကျနေရာထက် များစွာနိမ့်ကျပြီး အနုတ် ၃၀ ဒီဂရီဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရသဖြင့် လေ့ကျင့်မှုအရှိန်မှာ များစွာနှေးကွေးသွားခဲ့သည်။

သို့သော်လည်း ကျန်းဟန်သည် ပိုင်လင်းအနေဖြင့် လေ့ကျင့်စဉ်အတွင်း ထူးခြားဒြပ်စင်များကို ပုံမှန်ထက် သိသိသာသာ ပိုမိုရရှိနေသည်ကို သတိပြုမိလိုက်သည်။

ထို့နောက် ဆက်လက်လေ့ကျင့်ရသည့် အပူချိန်မြင့်မားသော ပတ်ဝန်းကျင်မှာ ပို၍ပင် အစွန်းရောက်လှသည်။ ၎င်းသည် မီးဒြပ်စင် အထူးဝိညာဉ်အပင်တစ်မျိုးဖြစ်သည့် အလင်းမီးဂန္ဓမာပန်းဖြင့် ဖွဲ့စည်းထားသော လူလုပ်ချော်ရည်တွင်းတစ်ခု ဖြစ်သည်။

ဤအလင်းမီးဂန္ဓာမာပန်းသည် စုပ်ယူထားသော နေရောင်ခြည်စွမ်းအင်နှင့် လေထုထဲမှ မီးဓာတ်ဒြပ်စင်များကို စုစည်းကာ မိမိကိုယ်ကိုယ် အပူချိန်မြှင့်တင်နိုင်စွမ်း ရှိသည်။ ၎င်းတို့ကို အကွက်လိုက် ချိတ်ဆက်စိုက်ပျိုးထားသောအခါ မြေပြင်ကိုပင် အရည်ပျော်စေပြီး ချော်ရည်များ ဖြစ်ပေါ်စေနိုင်သည်။

ယေဘုယျအားဖြင့် အလင်းမီးဂန္ဓာမာပန်းများ ပေါက်ရောက်ရာနေရာများသည် မီးဒြပ်စင် သားရဲထိန်းချုပ်သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ကြွယ်ဝသော မီးဝိညာဉ်စွမ်းအင်နှင့် သက်တောင့်သက်သာရှိသော အပူချိန်မြင့်မားသည့် ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်။ အလင်းမီးဂန္ဓာမာပန်းမှ သီးပွင့်လာသော အသီးသည်လည်း ဝိညာဉ်စွမ်းအင် စုဆောင်းမှုကို တိုးတက်စေနိုင်သည်။

ဤပတ်ဝန်းကျင်ကို တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မီးဒြပ်စင်ဝိညာဉ်အပင်များကို ပြုစုပျိုးထောင်ရန် ဖြစ်ပြီး တည်ဆောက်မှုအစီအစဉ်ကိုလည်း အလွန်ပါးနပ်ဆန်းကြယ်စွာ ဒီဇိုင်းဆွဲထားကာ ဝိညာဉ်အပင်တစ်ပင်ချင်းစီ၏ အပူချိန်နှင့် အာဟာရလိုအပ်ချက်အပေါ် မူတည်၍ နေရာချထားမှု ပုံစံအမျိုးမျိုး ပြုလုပ်ထားသည်။

ကျန်းဟန်သည် ပိုင်လင်းကို လေ့ကျင့်ပေးရန် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သော်လည်း မွေးမြူရေးပညာရှင်၏ ဆန်းကြယ်သော ဒီဇိုင်းအချို့ကို မြင်တွေ့ရသောအခါ အံ့အားသင့်မိပြီး မွေးမြူရေးပညာရှင် ပရော်ဖက်ရှင်နယ်အပေါ် အလွန်စိတ်ဝင်စားလာခဲ့သည်။

ယန်နှင့်ဟွမ်၏ သားမြေးတစ်ဦးအနေဖြင့် သူ၏ အရိုးထဲတွင် စွဲထင်နေသော စိုက်ပျိုးရေးမျိုးဗီဇကြောင့် ဤသို့ ခံစားရခြင်းဖြစ်နိုင်သည်ဟု သူ ထင်မြင်မိကာ အိမ်ပြန်ရောက်လျှင် ကိုယ်တိုင်စမ်းသပ်ကြည့်ချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။

ယခင်ကမူ သူသည် မွေးမြူရေးပညာရှင် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရေးမကြီးဟု အမြဲခံစားခဲ့ရသည်။ အဆုံးစွန်တွင် သူ့၌ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းပါရမီ ရှိနေသဖြင့် ဤကဏ္ဍမှ အရာများသည် သူနှင့် မသက်ဆိုင်ဟု ထင်ထားခဲ့ပေသည်။

ယခုမူ သူ၏ အတွေးအခေါ်များ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အကယ်၍ သူသာ မွေးမြူရေးပညာရှင်တစ်ယောက် ဖြစ်လာပြီး သူ၏ ပါရမီကို အားကိုးကာ ထူးဆန်းသော ဒြပ်စင်ကို သုတေသနပြုရင်း အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း၏ အဓိကနိယာမများကို နားလည်သဘောပေါက်သွားခဲ့မည်ဆိုပါက ၎င်းသည် ရာစုနှစ်တစ်ခုကို ဖြတ်ကျော်မည့် ကြီးမားသော ရှာဖွေတွေ့ရှိမှုကြီး ဖြစ်လာပေလိမ့်မည်။

အောင်မြင်မှု မရရှိခဲ့ရင်တောင်မှ ဝိညာဉ်အပင်အချို့ စိုက်ပျိုးပြီး ဆန်းကြယ်သော မိစ္ဆာသားရဲအချို့ကို မွေးမြူရခြင်းက အတော်လေး ပျော်စရာကောင်းဦးမည် မဟုတ်ပါလော။

ဤနေရာ၏ အပူချိန်မှာ သာမန်ပတ်ဝန်းကျင်ထက် များစွာမြင့်မားလှပြီး ပိုင်လင်းကို ထားရှိသောနေရာ၏ အပူချိန်မှာ ၁၈၀ ဒီဂရီအထိ ရှိနေသည်။ ယင်း၏ ခန္ဓာကိုယ်ပင် ပြင်းထန်သောအပူရှိန်ကြောင့် နီရဲလာခဲ့သည်။ အကယ်၍ ယင်း၏ ခန္ဓာကိုယ်သည် အကြိမ်ကြိမ် သန်မာအောင် ပြုလုပ်ထားခြင်း မရှိခဲ့ပါက ဤအပူချိန်က ယင်းကို ဆယ်မိနစ်အတွင်းတင် ကင်ပစ်လိုက်နိုင်ပေလိမ့်မည်။

မြင့်မားသောအပူချိန်မြင့်မားအောက်၌ အသက်ရှူခြင်းလေ့ကျင့်ခန်း ပြီးစီးသွားသောအခါ ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ ဖိအားလေ့ကျင့်မှုတွင် ပါဝင်ရန် ထွက်ခွာခဲ့လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ အတားအဆီး၏ ဗဟိုချက်တွင် ဧရာမ အရိုးစုကြီးတစ်ခု ရှိနေပြီး အားကောင်းလှသော ဖိအား အရှိန်အဝါများသည်လည်း ထိုအရိုးစုကြီးထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဤအကောင်မှာ မည်သည့်မိစ္ဆာသားရဲမျိုး ဖြစ်သည်ကို ကျန်းဟန် သဲသဲကွဲကွဲ မမြင်ရချေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင် သစ်ခွပင်များဖြင့် ဖုံးအုပ်ထားသောကြောင့်ပင်။ သူကတော့ ဖိအားအရှိန်အဝါကို ကြည့်ရုံမျှဖြင့် ၎င်းသည် အနည်းဆုံး အဆင့် ၄ အရှင်သခင်အဆင့် မိစ္ဆာသားရဲ ဖြစ်နိုင်ပြီး အဆင့် ၅ ဧကရာဇ်အဆင့်ပင် ဖြစ်နိုင်ကြောင်းသာ ခန့်မှန်းနိုင်သည်။

ဤမျှ အစွမ်းထက်သော မိစ္ဆာသားရဲ၏ ရုပ်အလောင်းကို အသုံးပြု၍ ပန်းစိုက်ပျိုးခြင်း....။

ကျန်းဟန်အနေဖြင့် ၎င်းကို ဖော်ပြရန် ‘ဖြုန်းတီးလွန်းရာကျခြင်း’ ဆိုသည့် စကားလုံးမှတစ်ပါး အခြားသော နာမဝိသေသနကို တွေးမရတော့ချေ။

“ဖိအားဆိုတာ ဘာလဲ။ အခြေခံအကျဆုံး အဆင့်မှာဆိုရင်တော့ ဒါက အခြားတိရစ္ဆာန်တွေကို ခြောက်လှန့်ဟန့်တားတာပဲ။ ခြင်္သေ့တစ်ကောင် ဟိန်းဟောက်လိုက်တဲ့အခါ တိရစ္ဆာန်တွေအားလုံး ဘာလို့ တုန်လှုပ်သွားကြတာလဲ။ ဒါက ဖိအားပဲ။ အမြဲတစေ အမဲလိုက် သတ်ဖြတ်ခြင်းကနေတစ်ဆင့် စုဆောင်းရရှိလာတဲ့ အရှိန်အဝါ အာဏာစက်ကြောင့် အခြားတိရစ္ဆာန်တွေကို ကြောက်ရွံ့တုန်လှုပ်စေတာ...သူတို့ရဲ့ အရိုးထဲအထိ စွဲထင်သွားစေတဲ့ ကြောက်ရွံ့မှုမျိုးပေါ့။

မင်းအနေနဲ့ ဖိအားစွမ်းရည်ကို သင်ယူချင်တယ်ဆိုရင် ဒီလိုမျိုး အရှိန်အဝါ အာဏာစက်ကို ထုတ်ဖော်ပြသဖို့ လိုအပ်တယ်။

ပထမဆုံးအနေနဲ့ မင်း မဖြစ်မနေ လုပ်ရမယ့်အရာတစ်ခုက မင်းကိုယ်မင်း ပိုးကောင်တစ်ကောင်ဆိုတာကို မေ့ပစ်လိုက်ဖို့ပဲ။ မင်းကိုယ်မင်း နဂါးတစ်ကောင်... ဟုတ်တယ်၊ နဂါးတစ်ကောင်...သူ ပေါ်လာတာနဲ့ သက်ရှိအရာအားလုံး ဦးညွှတ်ရမယ့် သန့်ရှင်းမွန်မြတ်တဲ့ နဂါးတစ်ကောင်၊ ကောင်းကင်နဲ့ မြေပြင်ကို တုန်လှုပ်စေမယ့် ကြီးမားတဲ့ နဂါးတစ်ကောင်လို့ ယုံကြည်ထားရမယ်။

မင်း အရာအားလုံးကို ဥပေက္ခာပြုထားရမယ်။ ‘ငါက ပြိုင်ဘက်ကင်းတယ်၊ ငါကလွဲလို့ ဘယ်သူရှိသေးလဲ’ ဒီကမ္ဘာပေါ်မှာ မင်းကို တားဆီးနိုင်တဲ့အရာ ဘာမှမရှိဘူး။ မင်းကိုမြင်တဲ့ ဘယ်သက်ရှိမဆို ကြောက်ရွံ့နေရမယ်။ ဒီလိုနည်းလမ်းနဲ့မှသာ မင်း ဖိအားဆိုတာ ဘာလဲဆိုတာကို နားလည်သဘောပေါက်နိုင်လိမ့်မယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပုံစံတစ်မျိုးပဲ။ မင်းဘက်က နောက်မဆုတ်သရွေ့ မင်းရဲ့ရှေ့မှာ ဘယ်သက်ရှိမှ ခေါင်းမော့ဝံ့မှာ မဟုတ်ဘူး။”

“မင်းအနေနဲ့ ပိုပြီးအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုခုနဲ့ ကြုံတွေ့ရရင်တောင်မှ အဲဒီအကောင်ရဲ့ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရဲတဲ့ သတ္တိရှိရမယ်။ ပြီးတော့ နဂါးတစ်ကောင်ရဲ့ အနေအထားမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်။ ရလဒ်အနေနဲ့ တစ်နေ့မှာ မင်းက သူ့ထက် သာလွန်သွားမှာဖြစ်ပြီး သူက မင်းရဲ့ခြေဖဝါးအောက်မှာ ဝပ်စင်းရမယ့် ကံကြမ္မာရှိတယ်ဆိုတာကို မင်း နားလည်ထားရမယ်။”

ကျန်းဟန်သည် ဖိအားအကြောင်းကို လုံးဝနားမလည်သေးသည့် ပိုင်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း သင်ကြားပေးနေခဲ့သည်။

“ကျိ...”

ပိုင်လင်းက ဦးခေါင်းကို မော့ကြည့်လိုက်ရာ အလွန်ဇဝေဇဝါဖြစ်နေသော အမူအရာ ရှိနေသည်။

မင်းကိုယ်မင်း ပိုးကောင်တစ်ကောင်ဆိုတာကို မေ့ပစ်လိုက်ရမယ် ဟုတ်လား။ ဒါပေမဲ့ သူက မူလကတည်းက ပိုးကောင်တစ်ကောင် မဟုတ်ဘူးလား။

“ဟုတ်တယ်။ လုံးဝဥဿုံ မေ့ပစ်လိုက်တော့။ မင်းကိုယ်မင်း နဂါးတစ်ကောင်လို့ပဲ ယုံကြည်ထားလိုက်။”

ကျန်းဟန်က ၎င်းကို ကြည့်ကာ ပြောလိုက်သည်။

ပိုင်လင်းသည် ပိုမိုသန်မာလာခဲ့သည်ဆိုသော်လည်း ယင်း၏ အနှစ်သာရမှာ ပြောင်းလဲသွားခြင်းမရှိသေးကြောင်း ကျန်းဟန် ခံစားနေရသည်။ ဤအရာမှာ တိုးတက်လာသော စွမ်းအားတစ်ခုတည်းဖြင့် ဆောင်ကြဉ်းပေးနိုင်သောအရာမျိုး မဟုတ်ဘဲ ဝိညာဉ်ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုမျိုး ဖြစ်သည်။

ပိုးကောင်များတွင် ဖိအားအရှိန်အဝါရှိရန်မှာ မထိုက်တန်ချေ။ မည်သူမဆို ၎င်းတို့ကို နင်းခြေသွားနိုင်သည်။ သို့သော် သန့်ရှင်းမွန်မြတ်သော နဂါးတစ်ကောင်တွင် ဖိအား အရှိန်အဝါမရှိလျှင်ပင် မည်သူကမျှ ၎င်းကို ရိုသေလေးစားကြောက်ရွံ့မှု မရှိဘဲ မနေဝံ့ကြချေ။

ဤအချက်မှာ ထိုနှစ်ခုကြားရှိ အခြေခံကျသော ကွာခြားချက်ဖြစ်သည်ဟု သူ ခံစားမိသည်။ ပိုင်လင်းအနေဖြင့် နဂါးတစ်ကောင် ဖြစ်လာချင်ပါက ဤအချက်ကို အသေအချာ နားလည်သဘောပေါက်ရမည်ဖြစ်ပြီး အဟောင်းကို စွန့်ပစ်ကာ အသစ်ကို နိုးထစေရမည် ဖြစ်သည်။

သို့သော်လည်း ပိုင်လင်းမှာ ယခုလောလောဆယ်တွင် ဤနိယာမများကို နားမလည်နိုင်သေးချေ။

ကျန်းဟန်လည်း မလောဆော်ပါချေ။ ဖြည်းဖြည်းချင်း သွားရမည်ဖြစ်ရာ တစ်နေ့နေ့တွင် ၎င်း နားလည်သွားပေလိမ့်မည်။ ပိုင်လင်း နဂါးတစ်ကောင် ဖြစ်လာရန်အတွက် သော့ချက်မှာ ဖိအားစွမ်းရည်ကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်ဟု သူ အမြဲယုံကြည်ထားသည်။

ပိုင်လင်ကို ထားထားဦး...သူကိုယ်တိုင်ပင်လျှင် ထိုအရာကို မလုပ်နိုင်သေးချေ။ ဤဧရာမ အရိုးစုကြီး၏ ရှေ့တွင် ရပ်နေရစဉ် သူသည်လည်း မည်သည့်သက်ရောက်မှုမျှမရှိဘဲ ကြံ့ကြံ့ခံ မရပ်တည်နိုင်ခဲ့ပေ။

သို့သော် ကျန်းဟန်က ထိုအရာမှာ ပုံမှန်ပဲလို့ ခံစားမိသည်။ ကိစ္စတော်တော်များများတွင် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ဆုံးဖြတ်ပေးခြင်းက အမှန်တကယ်တော့ စွမ်းအားပင် ဖြစ်သည်။ စွမ်းအားများ ပိုပြီး သန်မာလာသည်နှင့်အမျှ သင်၏ စိတ်နေစိတ်ထားကလည်း သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

သူတို့ ဖိအားလေ့ကျင့်မှု ပြီးဆုံးသွားချိန်တွင် မွန်းလွဲပိုင်း သုံးနာရီကျော်နေပြီ ဖြစ်သည်။ ကျန်းဟန်က ပိုင်လင်းကို ခေါ်ပြီး အပြင်သို့ လှမ်းထွက်လာချိန်တွင် သစ်ပင်ပေါ်၌ နားနေသော ရောင်စုံကြက်တူရွေးကြီးမှာ နိုးနေပြီဖြစ်ကာ သမ်းဝေရင်း ပြောလိုက်သည်။

“ဝှါး...ကွာ့... သွားကြစို့။ မင်း အခြားပတ်ဝန်းကျင်တွေဆီ သွားဖို့ လိုသေးလား။”

“မလိုတော့ပါဘူး။”

ကျန်းဟန်က ခေါင်းခါပြလိုက်သည်။

“ကွာ့ ကွာ့... ဒါဆိုရင်တော့ အပြင်ထွက်ကြမယ်။”

ရောင်စုံကြက်တူရွေးလေးသည် မစောင့်နိုင်တော့သည့်အလား အရင်ဆုံး ပျံထွက်သွားခဲ့သည်။

ကျန်းဟန်ကမူ အနောက်မှ လိုက်ပါလာခဲ့သည်။ သူ သုတေသနဥယျာဉ်၏ အဝင်ဝသို့ ရောက်သောအခါ စီနီယာမွေးမြူရေးပညာရှင် လျူယွီနှင့် ဆုံတွေ့ခဲ့သည်။

“ဆရာမ။”

ကျန်းဟန်က အစပြု၍ နှုတ်ဆက်လိုက်၏။

“လေ့ကျင့်လို့ ပြီးပြီလား။ ဒါဆို ဒါက မင်းရဲ့ ပထမဆုံးသားရဲပေါ့။ မင်းက တကယ့်ကို ရှောင်ယိ မျက်စိကျရလောက်တဲ့ ကျောင်းသားပဲ။ မင်းရဲ့ သားရဲတွေကို ပြည့်စုံလုနီးပါးအထိ ပြုစုပျိုးထောင်ထားတာပဲ။”

စီနီယာမွေးမြူရေးပညာရှင် လျူယွီသည် ပိုင်လင်းကို တစ်ချက်ကြည့်ရုံမျှဖြင့် ယင်း၏ ထူးခြားမှုကို မြင်တွေ့သွားခဲ့သည်။ ပိုင်လင်းအပေါ်တွင် သူမ မြင်တွေ့ရသော ထူးခြားချက်များနှင့် ဆရာမ ဝမ်ယိထံမှ ကြားသိထားရသော သတင်းအချို့ကို ပေါင်းစပ်ကြည့်ပြီးနောက် ကျန်းဟန်သည် ဤသားရဲနှစ်ကောင်ကို ဤအဆင့်အထိ မည်သို့ပြုစုပျိုးထောင်ခဲ့သနည်းဆိုသည်ကို သူမ ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။

“ဆရာမ... ကျွန်တော် တစ်ခုလောက် မေးပါရစေ။ မွေးမြူရေးပညာရှင်တစ်ယောက်က အဲဒီလို အထူးပြုသားရဲတွေနဲ့ မဖြစ်မနေ စာချုပ်ချုပ်ရမှာလား။”

ကျန်းဟန်သည် ထိုစကားကို ဆက်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဘာဖြစ်လို့လဲ။ မင်းလည်း မွေးမြူရေးပညာရှင်တစ်ယောက် ဖြစ်ချင်လို့လား။”

စီနီယာမွေးမြူရေးပညာရှင် လျူယွီက စိတ်ဝင်တစား မေးလိုက်သည်။ ကျန်းဟန်က အမှန်အတိုင်း ပြောလိုက်သည်။

“ဟုတ်ကဲ့။ ဆရာမ စိုက်ပျိုးထားတဲ့ ဝိညာဉ်အပင်တချို့ကို မြင်ပြီးတော့ မွေးမြူရေးပညာရှင်အလုပ်ကို ရုတ်တရက် အရမ်းစိတ်ဝင်စားသွားလို့ပါ။”

“အို... ဒါကြောင့်ကိုး။ အမှန်တော့ အထူးပြုသားရဲတွေနဲ့ မဖြစ်မနေ စာချုပ်ချုပ်စရာ မလိုပါဘူး။ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိနေတဲ့အတွက် ဒီသားရဲတွေက စက်ပစ္စည်းတွေထက် ပိုပြီး အဆင်ပြေရုံသက်သက်ပါပဲ။ ပြီးတော့ တိုက်ခိုက်ရေးနဲ့ မွေးမြူရေး နှစ်ခုစလုံးမှာ စွမ်းဆောင်ရည်နှစ်မျိုး ရှိတဲ့ သားရဲဆိုတာ အရမ်းရှားတယ်။

မင်းက သာမန် ဝိညာဉ်အပင်တချို့ကိုပဲ စိုက်ပျိုးချင်တာဆိုရင် ဒါတွေ လုံးဝ မလိုပါဘူး။ စာအုပ်တွေ အများကြီး ဖတ်ပြီး လမ်းညွှန်ပြသပေးမယ့် မွေးမြူရေးပညာရှင်တစ်ယောက်ယောက်ဆီမှာ အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာလိုက်ရုံပဲ။ ဒါပေမဲ့ မင်းက သားရဲတွေကို ခွဲခြမ်းစိတ်ဖြာတာနဲ့ ဆင့်ကဲပြောင်းလဲစေတာမျိုးတွေလိုမျိုး လေ့ကျင့်ပေးခြင်းနဲ့ ပြုစုပျိုးထောင်ခြင်း ကဏ္ဍတွေကိုပါ သင်ယူချင်တယ်ဆိုရင်တော့ ဒါက အများကြီး ပိုခက်ခဲလိမ့်မယ်။ ပထမဆုံးအနေနဲ့ မင်း အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းတွေရဲ့ ဓာတ်သဘာဝတွေကို အလွတ်မှတ်မိနေရမယ်။ ပြီးတော့ အဲဒီကုန်ကြမ်းတွေရဲ့ စမ်းသပ်မှု နည်းလမ်းတွေကို ကျွမ်းကျင်ထားရမယ်။

နောက်ဆုံးမှာတော့ သားရဲတွေရဲ့ မတူညီတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဆင့်ကဲပြောင်းလဲမှု ဒါမှမဟုတ် အခြား ပြုစုပျိုးထောင်မှု ကဏ္ဍတွေအတွက် မတူညီတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကိုယ်တိုင် ပေါင်းစပ်ဖော်စပ်ရမယ်။ ဒီလုပ်ငန်းစဉ်က အရမ်းရှည်လျားလွန်းတယ်။ သားရဲထိန်းချုပ်သူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ မှတ်ဉာဏ်အကူအညီနဲ့ဆိုရင်တောင်မှ အခြေခံအဆင့် ရောက်ဖို့ နှစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။

အဆုံးမှာ မင်း မွေးမြူရေးပညာရှင်တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာက မင်းရဲ့ ဉာဏ်ပညာပေါ်မှာပဲ မူတည်တယ်။ တချို့လူတွေက အဲဒီအရာတွေကို အလွတ်ကျက်မှတ်နိုင်ပေမဲ့ သက်ဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု ဆေးရည်တွေကို မဖော်စပ်နိုင်ကြဘူး။ အချို့ အစပြုသူတွေကျတော့လည်း သူတို့ရဲ့ အကန့်အသတ်မရှိတဲ့ စိတ်ကူးတွေကို အားကိုးပြီး ဆန်းကြယ်ထူးဆန်းတဲ့ အရာတွေကို ဆင့်ကဲပြောင်းလဲပေးနိုင်ကြတယ်။

အတိုချုပ်ပြောရရင်တော့ ဒီအလုပ်က ပါရမီအပေါ်မှာ အရမ်းမူတည်တယ်။”

ကျန်းဟန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ စီနီယာမွေးမြူရေးပညာရှင် လျူယွီက အမှန်အတိုင်း ပြန်လည်ဖြေကြားပေးလိုက်သည်။

All Chapters