← Chapters

အခန်း ၈၁၈

Vol. 40 Ch. 818

အခန်း ၈၁၈

Vol. 40 Ch. 818

အခန်း(၈၁၈) မိစ္ဆာဘုရင်

သွေးပျက်ဖွယ်ရာ ကွင်းပြင်ကြောင့် လိုဏ်ဂူအတွင်းဝယ် များစွာခြောက်ခြားဖွယ် ကောင်းနေချေသည်။ သို့ရာတွင် ကြည်လင်နီမြန်းသော ပုတီးစေ့သည် ကျောက်စင်မြင့်ပေါ်မှ ဖယ်ခွာသွားခဲ့ပြီ ဖြစ်ပေရာ လိုဏ်ဂူအတွင်းရှိ နီမြန်းသော အလင်းရောင်သည်လည်း များစွာမှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။

ခေါင်းပေါ်ရှိ တွင်းကြီးထဲမှ အလင်းရောင်များ စီးဆင်းလာပြီး လမ်းကြောင်းတစ်လျှောက် အပြင်ဘက်သို့ ပျံ့နှံ့သွားချေသည်။

မိမိ၏ ဝိညာဉ်စွမ်းအားအပေါ် ပိတ်ပင်တားဆီးထားမှုများ ကွယ်ပျောက်သွားသည်ဟု ချင်ယွမ်ဖုန်းပင် ခံစားလိုက်ရသည်။

ချင်ယွမ်ဖုန်းသည် ဖရဲသီးပမာဏခန့်ရှိသော ကြည်လင်နီမြန်းသော ပုတီးစေ့ကို ကောက်ယူလိုက်ရာ ယင်းက မိမိ၏ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ တိုးဝင်ကာ ဝါးမြိုပစ်လိုသော ထူးဆန်းသည့် စွမ်းအားတစ်ရပ် ထုတ်လွှတ်နေသည်ကို တွေ့ရှိလိုက်ရသည်။

“ဒါက တကယ်ကို ထူးဆန်းတာပဲ။ ဒီကြည်လင်နီမြန်းတဲ့ ပုတီးစေ့က အမှန်တကယ်တော့ ဘာလဲ။”

ချင်ယွမ်ဖုန်းသည် မည်သို့မျှ စဉ်းစား၍ မရနိုင်တော့ပေရာ ထိုကြည်လင်နီမြန်းသော ပုတီးစေ့ကို သိုလှောင်လက်စွပ်အတွင်းသို့သာ အလွယ်တကူ ထည့်သွင်းလိုက်တော့သည်။

မေသည် ဖြည်းညှင်းစွာ နိုးလာခဲ့ပြီး ချင်ယွမ်ဖုန်းကလည်း လျင်မြန်စွာ အနားသို့ ကပ်သွားကာ သူမအား တွဲထူပေးလိုက်ချေသည်။

“မေ... ဘယ်လိုနေလဲ။ ဘာမှမဖြစ်ဘူးမလား။” ချင်ယွမ်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

မေသည် လှည့်၍ ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ အကြည့်သည် အလွန်တရာ စိမ်းသက်လှသဖြင့် ချင်ယွမ်ဖုန်း၏ ရင်ကို နင့်ခနဲ ဖြစ်သွားစေသည်။

ထိုသို့သော အခြေအနေတွင် မေက အေးစက်တည်ငြိမ်စွာပင် စကားဆိုလာသည်။

“နင်က ဘယ်သူလဲ။”

ချင်ယွမ်ဖုန်းသည် မေကို လွှတ်လိုက်ပြီး နောက်သို့ သုံးလှမ်းဆုတ်ကာ အေးစက်စွာ စိုက်ကြည့်လိုက်ရင်း မိမိ၏ အရှိန်အဝါများကို စတင်စုစည်းလိုက်ချေသည်။

မေသည် ယခင်အတိုင်းပင် ဖြစ်သော်လည်း သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ချင်ယွမ်ဖုန်းအတွက် လုံးဝစိမ်းသက်နေပေရာ ယင်းက သူ့ကို များစွာတုန်လှုပ်သွားစေသည်။

“နင်က အမှန်တကယ်တော့ ဘယ်သူလဲ။ မေ ဘယ်ကို ရောက်သွားတာလဲ။” ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်သည်။

မေသည် ရုပ်ပျက်ဆင်းပျက် အမူအရာမရှိဘဲ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ငါက မိစ္ဆာမျိုးနွယ်စုရဲ့ ဘုရင်ပဲ။ နင်က ငါ့ကိုလာတွေ့တာပဲကို ဘာလို့ ဒူးမထောက်တာလဲ။”

ပြင်းထန်လှသော ဖိအားတစ်ခု ရုတ်ချည်း ကျရောက်လာသဖြင့် ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရပြီး သူ၏ ခြေထောက်များသည်လည်း မသိစိတ်ကြောင့် တုန်ယင်လာရချေသည်။

“မိစ္ဆာ... မိစ္ဆာဘုရင်လား။ မေက မိစ္ဆာဘုရင်ကြီးလား။” ချင်ယွမ်ဖုန်းသည် မေကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ အထက်လူကြီးတစ်ဦး၏ အရှိန်အဝါသည် လိမ်ညာ၍ မရနိုင်ပေ။

သို့ရာတွင် မေသည် သုံးစက္ကန့်မျှသာ ခန့်ညားနိုင်ခဲ့ပြီး သူမ၏ မျက်နှာအမူအရာသည် နာကျင်မှုအသွင်သို့ ပြောင်းလဲသွားချေသည်။ ပိုမိုများပြားသော မှတ်ဉာဏ်များ တိုးဝင်လာသည့်အလား ဖြစ်နေပေရာ သူမသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားရသည်။

“အကိုဖုန်း...ညီမ ဘာဖြစ်သွားတာလဲ။” မေသည် ဝေခွဲမရသော အမူအရာဖြင့် မော့ကြည့်လာသည်။

မေထံမှ စိမ်းသက်သော အရှိန်အဝါများ ကွယ်ပျောက်သွားသည်ကို မြင်လျှင် ချင်ယွမ်ဖုန်းသည် သက်ပြင်းချနိုင်တော့သည်။ သူသည် လျင်မြန်စွာ အရှေ့သို့တိုးကာ မေ့ကို တွဲထူပေးလိုက်ချေသည်။

“မင်း ခုနတင်ပဲ တခြားလူတစ်ယောက်လို ပြောင်းလဲသွားသလိုပဲ။” ချင်ယွမ်ဖုန်းက စကားဆိုလိုက်သည်။

မေသည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်ရာ သူမ၏ စိတ်အာရုံထဲရှိ ရှုပ်ထွေးနေသော မှတ်ဉာဏ်များသည် ဖြည်းညှင်းစွာ စုစည်းလာပုံရသည်။

“ညီမ.. ညီမက မိစ္ဆာဘုရင်လား။”

ချင်ယွမ်ဖုန်းက ခါးသီးစွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။

“ငါလည်း မသိဘူးလေ။ မင်း အဆင့်အတန်းက မရိုးရှင်းဘူးဆိုတာပဲ ငါသိတယ်။ ဒါပေမဲ့ မိစ္ဆာဘုရင် ဖြစ်ဖို့ဆိုတာကတော့ ခုနက အခြေအနေကလွဲရင် မင်းက ဘယ်လိုမှ မိစ္ဆာဘုရင်နဲ့ မတူဘူး။”

“ဒါပေမဲ့ စိတ်ထဲမှာ နိုးထလာတဲ့ မှတ်ဉာဏ်တွေအရ ညီမက မိစ္ဆာဘုရင်လို့ ပြောနေတယ်။ ဒါပေမဲ့ ငါက တစ်စုံတစ်ခုကို ကြုံတွေ့ခဲ့ရပြီး အခုလို ဖြစ်သွားရတာ ထင်တယ်။” မေက ခေါင်းခါရင်း ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

“မင်း ဘာတွေကြုံခဲ့ရလဲဆိုတာ ငါခန့်မှန်းလို့ ရပါတယ်။ မိစ္ဆာဘုရင် ပျောက်ဆုံးသွားပြီးတဲ့နောက် မင်းသားခုနစ်ပါးက မိစ္ဆာနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားကြတာ။ သူတို့က လူသတ်သမားမဟုတ်ရင်တောင် အမှန်တရားကို သိနေကြလိမ့်မယ်လို့ ငါထင်တယ်။”

ချင်ယွမ်ဖုန်းသည် ယခင်က ထိုကြည်လင်နီမြန်းသော ပုတီးစေ့၏ စွမ်းအားက မေ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ရသည့် အကြောင်းရင်းကို ယခုမှပင် သဘောပေါက်သွားတော့သည်။

ထိုကြည်လင်နီမြန်းသော ပုတီးစေ့သည် မူလကပင် မေ့ထံ၌ ရှိခဲ့ခြင်း ဖြစ်တန်ရာသည်။

“ဒါဆို... ညီမတို့တွေ သူတို့ကို သွားရှာကြမလား။” မေက မေးလိုက်သည်။

“မင်းက ထောင်ချောက်ထဲကို တင်းတိုးဝင်မလို့လား။” ချင်ယွမ်ဖုန်းက မေ့ခေါင်းကို ခောက်လိုက်သည်။

“အဲဒါကို အခုလောလောဆယ် မစဉ်းစားနဲ့ဦး။ မင်းရဲ့ ကျင့်စဉ်အဆင့်က အဲ့မင်းသားတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်လောက်အောင် မြင့်မားလာတဲ့အထိ စောင့်ဆိုင်းရမယ်။”

“ကောင်းပါပြီ။” မေက သက်ပြင်းချလိုက်ရင်း ဆိုသည်။

“ဒါနဲ့ ခုနက ပုတီးစေ့ကကော။”

“ဒီမှာလေ။” ချင်ယွမ်ဖုန်းသည် ကြည်လင်နီမြန်းသော ပုတီးစေ့ကို ထုတ်ယူလိုက်သည်။

“ဒါပေမဲ့ ဒီပုတီးစေ့ရဲ့ မူလဇစ်မြစ်က ဘာများလဲ။”

“ဒါက ညီမနဲ့ အများကြီး သက်ဆိုင်နေတယ်။” မေသည် ပုတီးစေ့ကို တို့ထိလိုက်ရင်း ဆိုသည်။

“ဒါပေမဲ့ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိသေးဘူး။”

“ဒါဆိုလည်း ဖြည်းဖြည်းပေါ့။” ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ကဲ... ဒီကိစ္စကတော့ ပြီးသွားပြီ။ ငါတို့တွေ နောက်ထပ် ပုတီးစေ့တစ်ခုကို သွားရှာကြရအောင်။ ဒီအပေါ်က အချိုင့်တွေကို ကြည့်ရသလောက် ရှာဖွေရဦးမယ့် ပုတီးစေ့တွေ အများကြီး ကျန်သေးတယ် ထင်ရတယ်။”

ထို့အပြင် ဤကြီးမားသော ကြည်လင်နီမြန်းသည့် ပုတီးစေ့၏ အခြားတစ်ဖက်၌ မညီညာသော ဖြတ်ပိုင်းမျက်နှာပြင်တစ်ခု ရှိနေပေရာ ယင်းက အလယ်မှ ကျိုးပဲ့သွားသည့်အလား ဖြစ်နေသည်။

ဤမျှကြီးမားသော ကြည်လင်နီမြန်းသည့် ပုတီးစေ့ နောက်ထပ် တစ်ခုထက်မနည်း ရှိနေဦးမည် ဖြစ်သည်။

“အင်း။” မေက ခေါင်းညိတ်လိုက်သည်။ သူမသည် မိစ္ဆာဘုရင်၏ မှတ်ဉာဏ်များကို နိုးထစေခဲ့သော်လည်း ထိုမှတ်ဉာဏ်များသည် ယခုအခါ သူမ၏ခန္ဓာကိုယ်ကို ပြန်လည်လွှမ်းမိုးထားခြင်း မရှိချေ။

ဤအချိန်၌ သူမသည် မိစ္ဆာဘုရင် မဟုတ်တော့ဘဲ ချင်ယွမ်ဖုန်း ကယ်ဆယ်ခဲ့သော ဦးချိုကျိုးနှင့် မိန်းကလေးငယ် မေသာ ဖြစ်ချေသည်။

ထိုသူနှစ်ဦးသည် လိုဏ္ဂူအတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာလာကြသည်။ မိမိ၏ စိတ်ကူးယဉ်မှုလောဟု ချင်ယွမ်ဖုန်း တွေးတောမိသော်လည်း အပြင်ဘက်ရှိ နီမြန်းသော အရောင်သည် များစွာမှိန်ဖျော့သွားပြီး ကောင်းကင်ယံသည်လည်း အနည်းငယ် ဖြူစင်သော အရောင်သို့ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရချေသည်။

ချင်ယွမ်ဖုန်းသည် မိမိနောက်ကွယ်မှ မေကို လှည့်ကြည့်လိုက်ရာ သူ၏ ရင်ထဲ၌ ခံစားချက်များဖြင့် ပြည့်နှံသွားရသည်။ မိမိအမှတ်မထင် ကယ်ဆယ်ခဲ့သော မိန်းကလေးငယ်သည် အမှန်တကယ်တွင် မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘုရင်ကြီး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

မဟုတ်သေးပေ။ သူမသည် မိန်းကလေးငယ် မဟုတ်နိုင်ရာ။ မိစ္ဆာဘုရင်သည် နှစ်ပေါင်းထောင်ချီ၍ အသက်ရှင်ခဲ့သူ ဖြစ်ပေရာ အသက်နှစ်ဆယ်မျှသာ ရှိသေးသော လူငယ်တစ်ဦးနှင့် မည်သို့မျှ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။

“သွားကြစို့။ ဆက်ပြီး မတွေးနဲ့တော့။” မေသည် စိုးရိမ်ပူပန်နေပုံရသည်ကို မြင်လျှင် ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းရဲ့ မှတ်ဉာဏ်တွေ အားလုံး ပြန်ရလာရင် အရာအားလုံးကို နားလည်သွားမှာပါ။”

ချင်ယွမ်ဖုန်း၏ စကားကို ကြားရလျှင် မေက ပြုံးလိုက်ရင်း ဆိုသည်။

“ညီမ သိပါတယ်လေ။ ဒါနဲ့ ခုနက လူက ညီမနဲ့မတူတာကို မြင်တုန်းက ဘာတွေးလိုက်လဲ။”

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ရဲ့ ပထမဆုံးအတွေးကတော့ နင့်ရဲ့ခန္ဓာကိုယ်ကို တခြားဝိညာဉ်တစ်ခုက သိမ်းပိုက်လိုက်ပြီး လုယူသွားပြီလို့ပဲ။”

“အခုကော။” မေက ပြုံး၍ မေးလိုက်သည်။ သူမသည် ယခင်ကကဲ့သို့ ရွှင်လန်းတက်ကြွမှုကို ပြန်လည်ရရှိလာပုံရသည်။

“အခုတော့ ခုနက မင်းက ပိုပြီး အရှိန်အဝါကြီးတယ်လို့ ငါထင်တုန်းပဲ။” ချင်ယွမ်ဖုန်းက အားရပါးရ ရယ်မောလိုက်ချေသည်။

မေက နှုတ်ခမ်းဆူလိုက်ရင်း ဆိုသည်။

“ဟွန်း... အကိုဖုန်းနဲ့ စကားမပြောတော့ဘူး။”

ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ အရှေ့သို့ တိုးသွားကာ မေ့ကို ချော့မော့လိုက်ပေရာ သူမသည် ပြန်လည်ရွှင်လန်းသွားရပြန်သည်။

“ညီမတို့တွေ အခု ဘယ်ကို သွားကြမှာလဲ။” မေက မေးမြန်းလိုက်သည်။

“မြောက်ဘက်ကို ဆက်သွားမယ်။ ဒီတစ်ခါ ခံစားချက်က ပိုပြီး ပြင်းထန်လာတယ်။ အဲဒါက ကြီးမားတဲ့ ကြည်လင်နီမြန်းတဲ့ ပုတီးစေ့ကို ရရှိခဲ့လို့ ဖြစ်နိုင်တယ်။” ချင်ယွမ်ဖုန်းက ဆိုသည်။

ထိုသူနှစ်ဦးသည် လျင်မြန်စွာ ထွက်ခွာသွားကြပြီး ရွာသို့ ပြန်မသွားကြတော့ပေ။

ချင်ယွမ်ဖုန်းတို့အဖွဲ့ ထွက်ခွာသွားပြီး မကြာမီ အချိန်အတွင်းဝယ် လူတစ်စုသည် ဤနေရာသို့ ရောက်ရှိလာကြသည်။

ခေါင်းဆောင်ဖြစ်သူသည် သိသာထင်ရှားစွာပင် မိစ္ဆာဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး အရပ်အမောင်း နှစ်မီတာကျော် မြင့်မားကာ နှိုင်းယှဉ်ဖွယ်မရှိသော ဖိအားပေး အရှိန်အဝါများကို ထုတ်လွှတ်နေချေသည်။

ထိုမိစ္ဆာဗိုလ်ချုပ်နောက်ကွယ်မှ လိုက်ပါလာကြသော စစ်သည် ဆယ်ဂဏန်းကျော်တို့သည်လည်း သန်မာထွားကျိုင်းကာ ဝတ်ဆင်ထားသော သံချပ်ကာများ ပြည့်စုံလှသည်။ သူတို့ တစ်ဦးချင်းစီထံမှ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေပေရာ ၎င်းတို့သည် မရေမတွက်နိုင်သော စမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ကြသည့် အစွမ်းထက် စစ်သည်တော်များ ဖြစ်ကြကြောင်း သိသာလှပေသည်။

“ကဲ... သွားစရာ မလိုတော့ဘူး။ အဲဒီမှာ ဘာမှ မကျန်တော့ဘူး။” ဦးဆောင်လာသော ဗိုလ်ချုပ်က အေးစက်စွာ စကားဆိုလိုက်သည်။

သူ့နောက်ကွယ်ရှိ စစ်သည် ဆယ်ဂဏန်းကျော်တို့သည်လည်း ရုတ်ချည်းပင် ရပ်တန့်လိုက်ကြရသည်။

“အရှင်... ငါတို့တွေ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။” စစ်သည်တော်တစ်ဦးက အရှေ့သို့ တိုးလာကာ မေးမြန်းလိုက်သည်။

ဗိုလ်ချုပ်က မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။

“မသေမျိုးဘုရင်က ငါတို့ကို ဖုန်းနဲ့ မေကို ဖမ်းဆီးဖို့ စေလွှတ်လိုက်တာ။ သူတို့ ဒီက ကြည်လင်နီမြန်းတဲ့ ပုတီးစေ့ကို ဖျက်ဆီးပစ်မှာ စိုးရိမ်လို့ပဲ။ သူတို့ အရင် ရောက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ ငါတို့တွေ ဆက်ပြီး လိုက်လံ ဖမ်းဆီးရမယ်။ သူတို့ နောက်ထပ် ပုတီးစေ့ကို မရခင်မှာ ဖမ်းမိဖို့ လိုအပ်တယ်။”

“မှန်လှပါ အရှင်။” စစ်သည်တော်များက ဦးညွှတ်၍ ပြန်လည်ဖြေကြားလိုက်ကြသည်။

ချင်ယွမ်ဖုန်းသည် မိမိတို့နောက်သို့ လိုက်လံဖမ်းဆီးနေသည့် အစွမ်းထက်လှသော လူတစ်စု ရှိနေကြောင်းကို မသိရှိသေးပေ။

ထိုခေါ်ယူမှုကို နောက်သို့ လိုက်လံရင်း ထိုသူနှစ်ဦးသည် မြောက်ဘက်သို့သာ ဆက်လက် ခရီးနှင်ခဲ့ကြချေတော့သည်။

All Chapters