အခန်း ၈၂၉
Vol. 40 Ch. 829
အခန်း(၈၂၉) ကျိရန်
ထိုအမည်ကို ကြားလိုက်ရသည့်ခဏ၌ မေနှင့် ချင်ယွမ်ဖုန်း နှစ်ဦးစလုံးမှာ မှင်တက်သွားကြပြီး အသက်ရှူသံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားချေသည်။
"မင်း... မင်းက ယာဘိုပေါ့လေ..." မေသည် အံ့အားသင့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းအား မျက်လုံးအစုံ ပြူးကျယ်လျက် စိုက်ကြည့်နေမိတော့သည်။
ချင်ယွမ်ဖုန်းသည် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရချေသည်။ ထိုသူသည် သူ၏ ဘိုးဘေးများ ဖြစ်နေနိုင်ပါသလော။
"ဒါ မင်းရှာနေတဲ့သူလား" မေက မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ဦးခေါင်းကို ရမ်းခါလိုက်ပြီး "ငါသူ့ကို တစ်ခါမှ မမြင်ဖူးတော့ မမှတ်မိဘူး" ဟု ဆိုချေသည်။
မေသည် ခဏမျှ စဥ်းစားလိုက်ပြီးနောက် "မင်းကိုယ်မင်း ယာဘိုလို့ ပြောနေမှတော့ ဘာလို့ ဒီနေရာမှာ အပိတ်လှောင်ခံနေရတာလဲ" ဟု လှမ်း၍ မေးမြန်းလိုက်ပြန်သည်။
"ဒါတွေအားလုံးက မင်းကြောင့် ဖြစ်ရတာပေါ့" ယာဘိုက သက်ပြင်းတစ်ချက် ချလိုက်ပြီး "မင်း ငါ့ကို ဆင့်ခေါ်ခဲ့တုန်းက မှတ်မိသေးရဲ့လား... မင်းက မိစ္ဆာနယ်မြေကို ချိတ်ပိတ်ထားတုန်းက မင်းသားတွေ လှုပ်ရှားလာတာကို ခံစားမိလို့ ငါ့ကို ဒီကို ခေါ်ခဲ့တာလေ" ဟု ဆိုသည်။
"ငါက မိစ္ဆာနယ်မြေက လူမဟုတ်မှန်း မင်းသိလို့ မင်းကို ကူညီစေချင်ခဲ့တာ... ဒါပေမဲ့ နှမြောစရာကောင်းတာက နောက်ဆုံးမှာ အကြောင်းအရာတွေ ပေါက်ကြားသွားပြီး မင်းလည်း အဖမ်းခံရသလို ငါလည်း အဖမ်းခံခဲ့ရတယ်... အဲဒီအချိန်ကစပြီး ဒီနေ့အထိ ပိတ်လှောင်ခံထားရတာပဲ"
စကားသံကို ကြားရုံမျှဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ယာဘို၏ စိတ်အာဃာတများကို အတိုင်းသား ခံစားနေရချေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးသည် မည်သည့်ကမ္ဘာတွင်မဆို လေးစားခန့်ညားရမည့် တန်ခိုးရှင်တစ်ဦး ဖြစ်သင့်ပေရာ ယခုမူ ဤနေရာ၌ ရေတွက်၍မရနိုင်သော နှစ်ကာလများစွာတိုင်အောင် အကျဥ်းကျခံနေရရှာပေသည်။
"တကယ်ပဲ မင်းဖြစ်နေတာပဲ... တကယ် စိတ်မကောင်းပါဘူး... ဒီနှစ်တွေအားလုံးမှာ ငါ ဘာမှမမှတ်မိတော့လို့ပါ" မေက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောဆိုရှာသည်။
သို့သော် ယာဘိုကမူ ထိုအရာကို အလေးအနက် သဘောမထားဘဲ "ရပါတယ်... မင်းရဲ့ အခြေအနေကို ငါသိတာပေါ့... အရင်က နတ်ဆိုးဘုရင်တောင် ငါ့ဆီလာပြီး စကားပြောသေးတယ်... ဒါပေမဲ့ အခုတော့ သူလည်း ငါ့ကို မေ့သွားလောက်ပါပြီ" ဟု လောကဓံကို နားလည်စွာဖြင့် ပြန်ပြောလေသည်။
မေက သက်ပြင်းချလျက် "ငါ မင်းကို သေချာပေါက် ကယ်ထုတ်ပေးပါ့မယ်" ဟု ကတိပြုလိုက်သည်။
"ဒါပေါ့... အခု မင်းတို့အားလုံး အားအင်တွေ ပြန်ရနေပြီပဲ... ဒီနံရံကိုသာ ဖြိုချလိုက်တော့... ငါ့မှာ ဒီနံရံကို အပေါက်သေးသေးလေးတစ်ခု ဖြစ်အောင်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ... ဟူး... ငါ့ရဲ့ ကျင့်ကြံခြင်း အပိတ်လှောင်ခံထားရတော့ တံတွေးပဲ သုံးလို့ရခဲ့တာကိုး" ယာဘိုက မတတ်သာသည့်အလား ညည်းတွားရှာသည်။
ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခုက ချက်ချင်းပင် ပေါ်လာချေသည်။ ယာဘိုသည် နံရံတွင် သံမှိုများဖြင့် ရိုက်နှက်ခံထားရပြီး သူ၌ ကျန်ရှိသော အားအင်အနည်းငယ်ဖြင့် တံတွေးများကို စုစည်းကာ နံရံကို ထွေးထုတ် တိုက်ခိုက်ရင်း ထူထဲလှသော နံရံကြီးအား အပေါက်ငယ်လေးတစ်ခု ဖြစ်လာစေရန် တဖြည်းဖြည်းချင်း တူးဆွနေခဲ့ရရှာပေမည်။
"ဒါနဲ့... ဒီကလေးက ငါ့ကို လာရှာနေတာလို့ မင်းပြောတယ်မလား... ဆန်းတော့ဆန်းတယ်... ငါ့ကို သတိရနေတဲ့သူ ရှိသေးတာလား" ယာဘိုက စုစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
မေသည်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် ချင်ယွမ်ဖုန်းအား တစ်ချက် လှမ်းကြည့်လိုက်မိသည်။
သူမသည် အစောပိုင်းက သူမ၏ မှတ်ဉာဏ်များ ပြန်မရသေးသဖြင့် ထိုအကြောင်းကို အာရုံမစိုက်မိခဲ့သော်လည်း ယခုအခါ ယာဘိုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လူတစ်ဦးဖြစ်ကြောင်း သိရှိသွားပြီဖြစ်ရာ အဘယ့်ကြောင့် လူတစ်ဦးက သူ့ကို ရုတ်တရက် လာရောက်ရှာဖွေနေရသနည်းဟု တွေးတောမိခြင်း ဖြစ်ချေသည်။
"မင်းကလည်း..."
ချင်ယွမ်ဖုန်းက ဦးခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် ဝန်ခံလိုက်သည် "ဟုတ်ပါတယ်... ငါလည်း မိစ္ဆာနယ်မြေက လူမဟုတ်ပါဘူး... တောင်းပန်ပါတယ်... ဒီအကြောင်းနဲ့ ပတ်သက်ပြီး လိမ်ညာခဲ့မိလို့ပါ"
ထိုအခါမှ မေက ပြုံးလိုက်ပြီး "ငါ သိနေတာပေါ့... မိစ္ဆာမျိုးနွယ်ထဲမှာ မင်းလိုလူမျိုး ဘယ်ရှိပါ့မလဲ" ဟု ဆိုလေသည်။
"ဘိုးဘေး ကျိရန်... ကျွန်တော်လည်း ဘိုးဘေးကို လာရှာတာပါ" ချင်ယွမ်ဖုန်းက လှမ်း၍ အော်ဟစ် နှုတ်ဆက်လိုက်သည်။
ထိုစိမ်းသက်သော်လည်း ရင်းနှီးနေသော အမည်နာမကို ကြားလိုက်ရသည့်အခါ အတွင်းဘက်ရှိ ကျိရန်မှာ ခဏမျှ ဆွံ့အသွားရရှာသည်။
"ဟားဟား... အပြင်ကလူတွေက ငါ့ကို မမေ့ကြသေးဘူးပဲ... တကယ်ပါပဲ..." ကျိရန်၏ စိတ်ထဲတွင် အတိုင်းမသိ စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ယခုအခါ ကျိရန်၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သဖြင့် ၎င်းတို့နှစ်ဦးသည် ကယ်ဆယ်ရေးလုပ်ငန်းကို ချက်ချင်းပင် စတင်လိုက်ကြချေသည်။
ချင်ယွမ်ဖုန်း အသစ်ရရှိထားသော ရတနာလက်နက် ဖြစ်သည့် ဒွမ်ကျန့် အမည်ရှိဓားရှည်သည် မိစ္ဆာနယ်မြေတွင် ကျော်ကြားသော ဓားတစ်လက် ဖြစ်ပေသည်။ ၎င်း၏ ထူးခြားချက်တစ်ခုမှာ အလွန်တရာ ထက်မြက်ခြင်းပင် ဖြစ်ရာ ချင်ယွမ်ဖုန်းသည် ဒွမ်ကျန့်ကို အသုံးပြု၍ နံရံထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။
"တကယ့်ကို ထက်လှတဲ့ ဓားပါလား" အတွင်းဘက်မှ ကျိရန်ပင်လျှင် အံ့ဩချီးကျူးမိရှာသည်။
မကြာမီအချိန်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဒွမ်ကျန့်ကို အသုံးပြု၍ နံရံပေါ်တွင် အပေါက်ကြီးတစ်ခုကို ဖောက်ထွင်းနိုင်ခဲ့ချေသည်။
၎င်းတို့အပြင် ဤမြေအောက်အကျဉ်းခန်းရှိ အခြားသော အကျဉ်းခန်းများအားလုံးမှာ ဗလာကျင်းနေပေရာ ဤနေရာတွင် အကျဥ်းကျခံခဲ့ရသူများသည် သာမန်လူများ မဟုတ်ကြကြောင်း သိသာလှပေသည်။
သို့သော်လည်း ဤနေရာ၌ အကျဥ်းချခံရသူ မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် အစောင့်အရှောက်များမှာ အလွန်ပင် ပေါ့လျော့နေကြချေသည်။ ချင်ယွမ်ဖုန်းဘက်မှ အသံအနည်းငယ် ထွက်ပေါ်သွားသည့်တိုင်အောင် မည်သူမျှ ဝင်ရောက်စစ်ဆေးခြင်း မရှိကြပေ။
"ကောင်းလိုက်လေစွ... မင်းက ကျိမိသားစုရဲ့ မျိုးဆက်ပေါ့လေ... မင်းနာမည် ဘယ်လိုခေါ်လဲ" ကျိရန်သည် ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည့်အခါ အလွန်ပင် စိတ်လှုပ်ရှားသွားရှာသည်။
"ချင်ယွမ်ဖုန်းပါ"
"ချင် ဟုတ်လား... မင်းက ကျိမိသားစုက မဟုတ်ဘူးလား" ကျိရန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် အမေဘက်က မျိုးရိုးအမည်ကို ယူထားတာပါ... ကျွန်တော့်အဖေ နာမည်က ကျိရှန့် ဖြစ်ပြီး အခု အကူးအပြောင်း ကြားခံဟင်းလင်းပြင်ရဲ့ ကြာပလ္လင် လမ်းကြောင်းကို စောင့်ရှောက်နေပါတယ်"
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။
"အော်... ဒီလိုကိုး" ကျိရန်က ဦးခေါင်းညိတ်လိုက်ပြီး "ငါ့ကို အောက်ချပေးပါဦး... ဒီသံကြိုးတွေနဲ့ သံမှိုတွေက ဆွေးမြေ့လုနီးပါး ဖြစ်နေပြီမို့လို့ အားအများကြီး သုံးဖို့မလိုပါဘူး" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက ဦးခေါင်းညိတ်ကာ ဒွမ်ကျန့်ကို အသုံးပြု၍ သံကြိုးများကို ဖြတ်တောက်လိုက်ပြီးနောက် ကျိရန်၏ လက်ဖဝါးနှင့် ခြေဖဝါးများတွင် ရိုက်နှက်ထားသော သံမှိုများကို ဆွဲနှုတ်လိုက်ချေသည်။
ကျိရန်၏ ခန္ဓာကိုယ်တွင် သွေးနှင့်အသားဟူ၍ မရှိသလောက်ပင် ဖြစ်နေပြီး အရိုးများပေါ်တွင် အရေပြားတစ်လွှာ ဖုံးအုပ်ထားသည့်အလား ဖြစ်နေပေရာ ချင်ယွုန်းဖုန်းသည် သူ့အား မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လှဲလျောင်းပေးလိုက်ရရှာသည်။
"ဟဲဟဲ... လက်တွေခြေတွေ မလှုပ်ရှားရတာ ကြာသွားတော့ တကယ်ပဲ တစ်မျိုးကြီး ဖြစ်နေတာပဲ" ကျိရန်က ပြုံးလျက် ဆိုရှာသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းကမူ ကျိရန်၏ ကိုယ်တွင်းရှိ အစီအရင် ချိတ်ပိတ်မှုကို စတင်စစ်ဆေးနေမိသည်။ အကယ်၍ ဤချိတ်ပိတ်မှုကို ဖျက်ဆီးနိုင်ပါက ကျိရန်သည် သူ၏ ထိပ်သီးအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိလာနိုင်မည် ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ လက်ခြေမလှုပ်ရှားခဲ့ရသဖြင့် သူ၏ စွမ်းအားများမှာ သေချာပေါက် ဆုတ်ယုတ်နေလောက်မည် ဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်း အရှိန်အဝါမှာမူ အစစ်အမှန်ပင် ဖြစ်ချေသည်။
"ကလေး... ကြည့်မနေပါနဲ့တော့... ဒီချိတ်ပိတ်မှုကို နတ်ဆိုးဘုရင်ကိုယ်တိုင် လုပ်ထားတာ... ဒီနှစ်တွေထဲမှာ အနည်းငယ် လျော့ရဲလာတယ်ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့တော့ ဖျက်ဆီးလို့ ရမှာမဟုတ်ဘူး" ကျိရန်က တည်ငြိမ်စွာ ဆိုသည်။
သူသည် ချင်ယွမ်ဖုန်းအနေဖြင့် အပိတ်လှောင်မှုကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။ သူသည် ချင်ယွမ်ဖုန်းနှင့် မေတို့၏ စကားပြောသံကို ကြားခဲ့ရသဖြင့် ၎င်းတို့ ဤနေရာမှ ထွက်ပြေးလိုကြသည်ကိုသာ သိရှိခြင်း ဖြစ်ပေသည်။
သူ အပြင်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချိတ်ပိတ်မှုကို တဖြည်းဖြည်းချင်း တိုက်စားပစ်ကာ သူ၏ ကျင့်ကြံခြင်းကို ပြန်လည် ဆယ်တင်နိုင်မည် ဖြစ်သည်။
သို့သော် ချင်ယွမ်ဖုန်းက ဦးခေါင်းကို ရမ်းခါလိုက်ပြီး "ဘိုးဘေးက ကျွန်တော့်ကို အထင်သေးလွန်းနေတာပဲ" ဟု ဆိုလိုက်ချေသည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင်များမှာ ကျိရန်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်သွားပြီး ချိတ်ပိတ်မှုကြီးအား အလွှာလိုက် ဝန်းရံပိတ်ဆို့လိုက်တော့သည်။
ဤချိတ်ပိတ်မှုသည် နတ်ဆိုးဘုရင်ကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ လျော့ရဲနေခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်းတွင်လည်း ချိတ်ပိတ်မှုများကို ဖြေရှင်းနိုင်သည့် ကိုယ်ပိုင်နည်းလမ်း ရှိပေသည်။
စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် ကျင့်စဉ်မှာ ယခုအခါ ပြင်းထန်စွာ လည်ပတ်နေပြီဖြစ်ရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ဘေးပတ်လည်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းများ ဝန်းရံလာချေသည်။
"မင်း ကျင့်ကြံနေတာ ငါတို့ ကျိမိသားစုရဲ့ ပညာရပ် မဟုတ်ဘူးလား" ကျိရန်က အံ့ဩတုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ပြီး "ကျွန်တော် မမွေးခင်ကတည်းက အဖေက ထွက်သွားခဲ့တာလေ" ဟု ဆိုချေသည်။
ကျိရန်မှာ ဆွံ့အသွားပြီးမှ နားလည်သွားဟန်ဖြင့် ဦးခေါင်းညိတ်ကာ "ငါတို့လို လမ်းကြောင်းစောင့်ရှောက်တဲ့ မိသားစုတွေရဲ့ ဘဝက ဒီလိုပါပဲ... အများအားဖြင့် ကိုယ်တိုင်ရွေးချယ်ခွင့် မရှိကြဘူး... စိတ်မပူပါနဲ့... ငါ အပြင်ရောက်တာနဲ့ မင်းအဖေကို သေချာပေါက် ဆုံးမပေးမယ်" ဟု အားပေးရှာသည်။
သူ့စကားပင် မဆုံးသေးမီမှာပင် ကျိရန်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားရချေသည်။ အကြောင်းမူကား သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချိတ်ပိတ်မှုကြီးမှာ ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများ ပြသလာသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
သူသည် ချင်ယွမ်ဖုန်းအား လှမ်းကြည့်လိုက်ရာ ချင်ယွမ်ဖုန်းက ပြုံးပြလိုက်သည်။
"မြင်ပြီလား ဘိုးဘေး... ကျွန်တော် ပြောသားပဲ... ဖြစ်နိုင်တာလည်း ရှိပါတယ်လို့"
စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်သည် အခြားသူများ၏ ကျင့်ကြံခြင်း ပညာရပ်များကို စုပ်ယူနိုင်စွမ်းရှိရာ အလွန်ပင် အစွမ်းထက်လှပေသည်။
၎င်းသည် ချိတ်ပိတ်ထားသော စွမ်းအင်များကိုပင် စုပ်ယူနိုင်ခြေ ရှိပေရာ ယခုအခါ လျော့ရဲနေပြီဖြစ်သော ချိတ်ပိတ်မှုကြီးမှာ ချင်ယွမ်ဖုန်း၏ စုပ်ယူခြင်းကို လုံးဝ ခံလိုက်ရရှာတော့သည်။
ကျိရန်သည် သူ၏ အားအင်များ ဖြည်းဖြည်းချင်း ပြန်လည်ပြည့်ဝလာသည်ကို ခံစားလိုက်ရပြီး မျက်ရည်များပင် ပါးပြင်ပေါ်သို့ စီးကျလာရရှာသည်။ "ငါ့မှာ ဒီလိုနေ့မျိုးကို တကယ် ပြန်ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် ကျိရန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို အိုးတိုးအိတေနိုင်စွာဖြင့် ရပ်တန့်လိုက်ရချေသည်။
"ဟို... မြေးလေး... မင်းဆီမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိလား... ငါက မိစ္ဆာအရှိန်အဝါတွေကို စုပ်ယူလို့ မရလို့ပါ"