← Chapters

ကျင့်ကြံခြင်း…

Vol. 016 Ch. 751

ကျင့်ကြံခြင်း…

Vol. 016 Ch. 751

မိုးကြိုးတာအိုပညာရှင်၏ အကြည့်က ဝမ်ဖျင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေ၏။ သူက စိတ်ဝင်စားဟန်ဖြင့် ပြောလာသည်။ “ဒီတော့ မင်းက လူသားတစ်ယောက် မဟုတ်ဘူးပဲ…”

သူစကားမဆုံးသေးခင်မှာပင် ဝမ်ဖျင်ခန္ဓာကိုယ်က တုန်ခါသွား၏။ သည်အခိုက်အတန့်၌ သူ့နောက်မှ အရိပ်က ရုတ်တရက် လှုပ်ရှားလာသည်။ ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးက ထွက်ပေါ်လာသည်နှင့် လက်သီး တစ်လုံး ပစ်သွင်းလာ၏။

ထိုလက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်ပေါ်သွားစေသည်။ ယင်းလက်သီးချက်က မိုးကြိုးတာအိုပညာရှင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။သူက ယင်းရုပ်သေးသည် ဝမ်ဖျင်၏ အရိပ်ထဲ၌ ဖုံးကွယ်နေသည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည့်အတွက် အံ့အားသင့်သွားခြင်းတော့ မရှိပေ။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေလိုက်ရာ သူ့လက်ထဲ၌ လျှပ်စီး ဖြစ်ပေါ်လာ၏။ သည့်နောက် သူက လက်ဝါးဖြင့် ရုပ်သေးရှိရာသို့ ရိုက်ချလိုက်သည်။

ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက မိုးကြိုးလျှပ်စီးကို တိုက်ရိုက် ထွင်းဖောက် လာ၏။ ၎င်း၏ လက်သီးချက်ကလည်း မိုးကြိုးတာအိုပညာရှင်၏ လက်ပေါ်သို့ ကျရောက်လို့သွားသည်။

ရုပ်သေး၏ လက်သီးချက်မှ ထွက်ပေါ်လာသော အဖျက်အစီးအားတစ်ခုက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်ဖွယ် ရွှေ့လျားသွား၏။

မိုးကြိုးတာအိုပညာရှင်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရကာ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်သွားသည်။သူ့လက်ပေါ်ရှိ ထုံထိုင်းမှုနှင့် လျှပ်စိးတို့သည် မြန်ဆန်စွာ ပျောက်ကွယ်သွားကြ၏။သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်လာကာ ရုပ်သေးကိုကြည့်လိုက်ပြီး ရယ်မော၍ ပြောလိုက်သည်။ “ထိပ်တန်းရုပ်သေး…”

ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွား၏။ ၎င်း၏ မျက်လုံးများက အေးစက်လို့နေသည်။ လျှပ်စီးများက ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ မြွေများ ကခုန်သကဲ့သို့ ခုန်ပေါက် လှုပ်ရှားနေသည်။

မိုးကြိုးတာအိုပညာရှင်က ရယ်မောရင်း ရှေ့သို့ တက်လာ၏။ သူ့ ခြေထောက် ချလိုက်ချ၌ပင် အိမ်ပတ်လည်ရှိ လျှပ်စီးများက သူ့ခြေထောက်အောက်သို့ စုဝေးလာကြကာ သူ့ခြေလှမ်းအတိုင်း လိုက်ပါလာလေ၏။

အိမ်တစ်ခုလုံးသည်လည်း ချက်ခြင်း ပျောက်ကွယ်သွားရသည်။လျှပ်စီးမိုးကြိုးများက အရူးအမူး ပျံ့နှံ့လာခဲ့ကာ ဝမ်ဖျင်က ယင်းတို့၏ အလယ်တို့ ရှိလို့နေသည်။

ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေး၏ မျက်လုံးကလည်း ပိုမို အေးစက်လာခဲ့သည်။၎င်းက နောက်ထပ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြန်သည်။ သို့ရာတွင် လျှပ်စီများက အလွန်များပြားစွာ ရှိလို့နေသည့်အတွက် ကောင်းကင်ဘုံသက်တော်စောင့်က ၎င်းတို့အားလုံးကို ပိတ်ဆို့နိုင်ခြင်း မရှိတော့ပေ။

ယင်းလျှပ်စီးများက ဝမ်ဖျင်ခန္ဓာကိုယ်ထံသို့ ရောက်ရှိလုနီးပါး ဖြစ်လာသည်။ ချင်ရီအသွင်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။သူက ဝမ်ဖျင့်လက်ကို ဆွဲကိုင်ထားရင်း ကြင်နာစွာသာ ကြည့်လို့နေဆဲသာ။

ဝမ်ဖျင်ကလည်း ကြောက်လန့်သွားခြင်း မရှိပေ။ သူက မလှုပ်မယှက် မတုန်မလှုပ်သာ ရှိလို့နေ၏။ အကြောင်းကတော့ သူက သူ့အဖေသည် ကျိန်းသေပေါက် ရောက်လာမည်ကို သိနေသောကြောင့်ပင်။

သူ့အမြင်၌ သူ့အဖေက သည်ကြယ်များအောက်၌ အသန်မာဆုံးတည်ရှိမှုတစ်ခုပင်။ မည်သူကမျှ သူ့အဖေကို ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်ဖျင်၏ တည်ငြိမ်မှုက မိုးကြိုးတာအိုပညာရှင်ကို စိတ်ဝင်တစား ကြည့်မိလာစေသည်။ အနည်းငယ် သေချာကြည့်ရှုပြီးနောက် သူက မှင်သက်သွား၏။ သူက တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

ဝမ်ဖျင်ထံသို့ တိုးဝင်လာသည့် လျှပ်စီးလှိုင်းများက သူနှင့် နီးကပ်လာချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားကနေ ရှေးဟောင်းအသံ တစ်ခု ထွက်ပေါ်လာချေသည်။

ထိုအသံက အလွန်ရှေးဆန်၏။ ယင်းအသံ သက်ဆင်းလာချိန်တွင် လျှပ်စီးတန်းများအားလုံးက လှုပ်ရှားနေရာကနေ တောင့်တင်း အေးခဲသွားသည်ဟုပင် ထင်မှတ်ရ၏။

ထိုအသံထဲ၌ စကားတစ်ခွန်းသာ ပါဝင်၏။ “ရပ်လိုက်…”

လေဟာနယ်ထဲကနေ ဝဲကတော့ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ သည့်နောက် ယင်းဝဲကတော့ထဲကနေ ဆံပင်အဖြူနှင့် အဘိုးအိုတစ်ယောက်က လှမ်းထွက်လာချေသည်။

သူက လေထဲသို့ ခြေချလိုက်ရာ ဝမ်ဖျင် ရှေ့သို့ ရောက်ရှိလာတော့သည်။ သည့်နောက် သူက ဝမ်ဖျင်ရှေ့ရှိ အေးခဲနေသော လျှပ်စီးလှိုင်းများကို လက်ညွှန်လိုက်သည်။ ထိုအခါ အက်ကွဲသံများက ထိုလျှပ်စီးလှိုင်းများ ပတ်လည်ကနေ ဆက်တိုက် ထွက်ပေါ်လာချေသည်။

ချက်ခြင်းပင် သည်အက်ကွဲမှျက်ခြင်းပင် သည်အက်ကနှံ့မှက် ထြီေးက အေးခက် ‌ေ့နိုင်ခြင်း မုများက အရူးအမူး ပျံ့နှံ့လာခဲ့ကာ လျှပ်စီးလှိုင်းများသည် ပျက်စီးသွားခဲ့သည်။

ထိုသို့ ရုတ်တရက် ဖြစ်ပွားသွားမှုက မိုးကြိုးတာအိုပညာရှင်ကို ပင့်သက်ရှိုက်သွားမိစေသည်။သူက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ကာ ဝမ်လင်းကို သတိထားသည့်အကြည့်ဖြင့် ကြည့်လာသည်။

သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။

သူ့ နတ်ဘုရားအာရုံကလည်း ထိုလူ့အပေါ်၌ အလုပ်မလုပ်တော့ပေ။

ဝမ်ဖျင်က ထိုလူအိုကြီးကို ငေးကြည့်နေရင်း တိုးညင်းစွာ ခေါ်လိုက်သည်။ “အဖေ…”

ထိုခေါ်သံထဲ၌ ဆယ်စုနှစ်များစွာ တွယ်တာအောက်မေ့မှုတို့ ပါဝင်လို့နေ၏။

ထိုအဘိုးအိုကတော့ ဝမ်လင်းပင်။ သူ့မူလတုန်းက မှိန်ဖျော့နေသော မျက်လုံးများက အခုအခါတွင် အလွန်အမင်း အေးစက်နေခဲ့ချေပြီ။သည်လိုအကြည့်မျိး သူ့ထံကနေ ထွက်မပေါ်လာသည်မှာ အချိန်ကြာမြင့်နေခဲ့ပေပြီ။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်…”

ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးက ဝမ်လင်းနားသို့ ဖျပ်ခနဲ ရောက်လာကာ မိုးကြိုးတာအိုပညာရှင်ကို အေးစက်စွာ စိုက်ကြည့်လို့နေသည်။

မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို အလေးအနက်ဟန်ပန်နှင့် ကြည့်ကာ မေးလိုက်သည်။ “သင်က ဘယ်သူလဲ…မိတ်ဆွေ…”

ဝမ်လင်းက သူ့ဝန်းကျင်ကို မကြည့်ပေ။

သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့သောအလင်းတစ်ခုက ဝမ်ဖျင်နှင့်ချင်ရီတို့ကို ထွေးခြုံပေးသွားသည်။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ်ဖျင်နှင့်ချင်ရီတို့ကို ခေါ်ဆောင်သွားလိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူနှင့် နီးကပ်စွာ လိုက်ပါလာခဲ့၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်သွားသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက ရွင်ယွမ်ဂြိုဟ်အနောက်ဘက်ရှိ လွင်ပြင်ကျယ်တစ်ခုပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ ဝမ်ဖျင်နှင့်ချင်ရီတို့သည်လည်း သူနှင့်အတူ ပြန်ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီးတစ်ခုက ဖျပ်ခနဲ လင်းလက်သွားကာ သူတို့ရှေ့ရှိ ပေတစ်ထောင်ခန့်တွင် မိုးကြိုးတာအိုပညာရှင်ကလည်း ပေါ်ထွက်လာလေ၏။

သူ ထွက်ပေါ်လာသည်နှင့် သူ့ပတ်လည်တွင် လျှပ်စီးပမာဏများစွာကပါ ပေါ်ထွက်လာခဲ့သည်။သည်အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးက နက်မှောင်လာခဲ့ကာ တိမ်တိုက်များထံမှ လျှပ်စီးများ ပေါက်ကွဲထွက်လာ၏။ ယင်းအရာက အလွန်တုန်လှုပ်ဖွယ်ပင်။

မိုးကြိုးတာအိုပညာရှင်၏ အသံက အေးစက်နေကာ သူက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ငါက မင်း ဘယ်သူလဲ ဆိုတာ ဂရုမစိုက်ဘူး။ ရုပ်သေးရုပ်ကို ဒီအဘိုးအိုအတွက် ထားခဲ့ပါ။ ဒီအဘိုးအိုက မင်းတို့သုံးယောက်ကို အလွတ်ပေးလိုက်မယ်…”

ဝမ်လင်းမျက်လုံးများက ပိုမို အေးစက်လာကာ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “သင်က ငါ့ကို ထွက်သွားခွင့် ပြုရင်တောင် ငါက သင့်ကို ခွင့်မပြုဘူး။ ငါသာ ခြေတစ်လှမ်း နောက်ကျသွားရင် ငါ့သားက သင့်လက်ချက်ကြောင့် သေရတော့မလို့။ ဒီကိစ္စက ငါ့သည်းခံနိုင်စွမ်းကို လာထိပါးနေတာပဲ။ ငါက မင်းနောက်ခံကိုလည်း ဂရုမစိုက်ဘူး။ ဒီနေ့ သင် သေရလိမ့်မယ်…”

သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ရုတ်တရက် ထွက်ပေါ်လာချေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံသက်တော်စောင့်က ရှေ့သို့ ထိုးတက်လာ၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်တောက်ပလာသည်။၎င်းက မိုးကြိုးတာအိုပညာရှင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာသည်။

မိုးကြိုးတာအိုပညာရှင်က သိုလှောင်အိတ်ထဲမှ မိုးကြိုးပိုက်ကွန်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ကာ ထိုပိုက်ကွန်ကို ပစ်လွှတ်လိုက်သည်။ ပိုက်ကွန်က ရုတ်တရက် ပြန့်ကား ကြီးမားလာကာ ကောင်းကင်ဘုံ သက်တောင်စောင့်ထံသို့ ဖုံးအုပ်လာလေ၏။

မရေမတွက်နိုင်သော စာလုံးများက ထိုမိုးကြိုးပိုက်ကွန်ပေါ်၌ ရှိလို့နေ၏။ ကောင်းကင်ဘုံသက်တောင်စောင့်ရုပ်သေး၏ လက်သီးချက်ကို ယင်းပိုက်ကွန်ကို ပျက်စီးသွားနိုင်ခြင်းငှာ မစွမ်းသာခဲ့ပေ။

“ဒီအဘိုးအိုက မိုးကြိုးကောင်းကင်ဘုံနန်းတော်က တမန်တော်တစ်ယောက်ပဲ။ မင်း ခွန်အားနဲ့ဆိုရင် မင်းမျာ ဒီရုပ်သေး ရှိနေရင်တောင် ငါ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး…”

ထို့နောက် သူက မိုးကြိုးလျှပ်စီးတန်းကို ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်လေ၏။

ဝမ်လင်း အသွင်က ပုံမှန်အတိုင်းပင်။သူက ယင်းလျှပ်စီးတန်းကို ရှောင်ရှားခြင်း မပြုပေ။ ၎င်းက နီးကပ်လာသည့်အခါ သူက ပါးစပ်ဟရုံသာ ဟလိုက်၏။ ထိုအခါ တာအိုမိုးကြိုးပညာရှင်ထံမှ မယုံကြည်နိုင်ဟန် အကြည့်တို့ ဖြစ်ပေါ်လာ၏။ ဝမ်လင်းက ယင်းလျှပ်စီးကို ဝါးမြိုပစ်လိုက်သည် မဟုတ်လား။

“ဒီလျှပ်စီးလောက်နဲ့ မလုံလောက်သေးဘူး…” ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်၏။ သူ့မူလစိတ်ဝိညာဉ်၏ အချို့အစိတ်အပိုင်းကလည်း သူ့ညာလက်နှင့်အတူ ရွှေ့လျားလာသည်။ မိုကြိုးလုံးတစ်လုံးက သူ့လက်ဝါးထက်၌ ပေါ်ထွက်လာ၏။

ယင်းမိုးကြိုးလျှပ်စီးလုံးက လက်သီးစုပ်ခန့်အရွယ်လောက်သာ ရှိသော်လည်း ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်စိုင်များကြား ပြောင်းလဲမှုတစ်ခု ဖြစ်သွားစေသည်။ ကောင်းကင်ထက်ရှိ တိမ်စိုင်များက လျှပ်စီးများ ရောထွေးယှက်တင် ဖြစ်လို့သွား၏။ချက်ခြင်းပင် လျှပ်စီးတန်းများအားလုံးက ဝမ်လင်းလက်ထဲရှိ မိုးကြိုးလုံးထံသို့ တိုးဝင်လာကြ၏။

ထိုမြင်ကွင်းက မိုးကြိုးတာအိုပညာရှင်ကို ပင့်သက်ရှိုက်သွားစေသည်။

“ဒါကမှ အစစ်အမှန်မိုးကြိုး ဖြစ်တယ်…” ဝမ်လင်းအသံက တည်ငြိမ်လှ၏။သူက ညာလက်ကို ဝှေ့ယမ်းလိုက်လေသည်။ မိုးကြိုးလုံးက မိုးခြိမ် တုန်ခါသံများကို ပေးစွမ်းကာ မိုးကြိုးတာအိုပညာရှင်ထံသို့ တိုးဝင် ပျံသန်းသွားလေ၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွား၏။ သူက နောက်သို့ ချက်ခြင်း ဆုတ်ကာ သိုလှောင်အိတ်ထဲမှ အနက်ရောင်သတ္တုချောင်းတစ်ခုကို ထုတ်ယူလိုက်၏။ ယင်းသတ္တုချောင်းက သုံးပေခန့်ရှည်ကာ တစ်ပေခန့် ထူထဲသည်။ မရေမတွက်နိုင်သော မှော်စာလုံးများက ထိုသတ္တုချောင်းပေါ်၌ ရေးထွင်းထား၏။သည့်အပြင် ၎င်းသတ္တုချောင်းပေါ်၌ အနီရင့်ရောင်လိုင်းများကလည်း ရောထွေးယှက်တင် ရှိလို့နေသည်။

ဝမ်လင်း၏ မိုးကြိုး ရောက်ရှိလာသည့် အခါတွင် မိုးကြိုးတာအိုပညာရှင်က ယင်းသတ္တုချောင်းကို မြေပေါ်သို့ အားပါးတရ စိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေကာ ယင်းအပေါ်သို့ နေရာချလိုက်သည်။

မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူက အော်ဟစ်လိုက်သည်။ “ကောင်းကင်နဲ့မြေကြီးရဲ့မိုးကြိုး…စုစည်းခြင်း…”

မိုးကြိုးလုံးက ကျယ်လောင်စွာ မြည်ဟီး၍ နီးကပ်လာခဲ့၏။သို့သော် ၎င်းက ချက်ခြင်းပင် သတ္တုချောင်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။ ၎င်းက မိုးကြိုးတာအိုပညာရှင်ထံကနေ သတ္တုချောင်းထံသို့ မမျှော်လင့်စွာ လမ်းကြောင်းလွဲ၍ ဦးတည်သွား၏။ သည့်နောက် ၎င်းပတ်လည်၌ အားကောင်းသောလျှပ်စီးအလွှာတစ်ခု ဝန်းရံလာခဲ့သည်။

လျှပ်စီးများက သတ္တုချောင်းတစ်လျှောက် ရွှေ့လျားနေရင်း မှော်စာလုံးများသည် စတင်၍ တောက်ပလာကာ တစ်ခုခုကို စုပ်ယူနေသကဲ့သို့ ထင်မှတ်ရ၏။

သို့ရာတွင် မိုးကြိုးလုံးက အားကောင်းလွန်းလှ၏။ထို့ကြောင့် သတ္တုချောင်းပေါ်၌ အက်ကွဲကြောင်းများ စတင်ပေါ်လာခဲ့ချေ၏။ သို့သော် သတ္တုချောင်းပေါ်ရှိ အနီရင့်ရောင်လိုင်းများက အက်ကွဲကြောင်းတစ်လျှောက် ရွှေ့လျားကာ သတ္တုချောင်း ပျက်စီးသွားခြင်းကနေ ကာကွယ်ပေးထားသည်။

မိုးကြိုးလုံးက ကျယ်လောင်စွာ တုန်မြည်ဟီးကာ ထည်ဝါမှုကို ပေးစွမ်းလာ၏။ ၎င်း၏ မိုးကြိုးတော်တော်များများက သတ္တုချောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသော်လည်း သတ္တုချောင်းနှင့် ပွတ်တိုက် နေဆဲသာ ဖြစ်၏။

ဤအခိုက်အတန့်၌ သတ္တုချောင်းပေါ်၌ အက်ကွဲကြောင်းများက မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်။ ခုချိန်၌ အနီရင့်ရောင်လိုင်းများက သတ္တုချောင်းကို မပျက်စီးသွားစေရန်အလို့ငှာ တစ်ခုလုံးကို ဖုံးအုပ်ပေးထားနေရသကဲ့သို့ ထင်မှတ်ရ၏။

မိုးကြိုးတာအိုပညာရှင်က သူ့ရှေ့ရှ မြင်ကွင်းကို မယုံကြည်နိုင်ဟန် ကြည့်နေမိသည်။

ထိုအခိုက်အတန့်၌ သတ္တုချောင်းက ပြင်းထန်သောလျှပ်စီးစွမ်းအားကို တောင့်မခံနိုင်တော့သည့်ပုံ ပေါ်နေသည်။ မိုးကြိုးလုံးတစ်ခုလုံးကို စုပ်ယူပြီးသည့်နောက် ၎င်းက တုန်ခါလာကာ မိုးကြိုးတာအိုပညာရှင် ရှေ့တွင်ပင် ရုတ်တရက် ပျက်စီးသွားသည်။

သတ္တုချောင်း ပျက်စီးသွားသည့်အခါ ပြင်းထန်သောမိုးကြိုးက တာအိုပညာရှင်ကို ဗဟိုပြုကာ ပေါက်ကွဲထွက်လာ၏။ သူက နောက်သို့ ခြေဆယ်လှမ်းခန့် လွင့်စင်သွားကာ သူ့မျက်နှာကလည်း ဖြူရောသွားသည်။ သူက ဝမ်လင်းကို ကြည့်၍ အော်ပြောလိုက်သည်။ “မင်းက မိုးကြိုးကောင်းကင်ဘုံရဲ့တမန်တော်အဖြစ် ဟန်ဆောင်ခဲ့တဲ့ ရှုမူပဲ…မင်း ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ…”

ပေါက်ကွဲထွက်လာသည့် မိုးကြိုးစွမ်းအားများက ကောင်းကင်ဘုံ သက်တော်စောင့်ကို ဝန်းရံထားသည့် လျှပ်စီးများကိုပါ ပျက်ပြယ်သွားစေသည်။ထို့ကြောင့် ကောင်းကင်ဘုံသက်တော်စောင့်က လှမ်းထွက်လာခဲ့ချေသည်။

ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို တည်ငြိမ်စွာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ကျင့်ကြံမှုအဆင့်က….”

သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာတော့သည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်မှသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း၊ သည့်နောက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် သို့ရောက်လာသည်။

ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြန်ကာ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိသွားပြန်သည်။

ဝမ်လင်းခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်လာနေချိန်တွင် မိုးကြိုးတာအိုပညာရှင်၏ အသွင်က ပို၍ ရုပ်စိုးလာခဲ့၏။ သူက ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်လန့်စရာဟု မယူဆသော်လည်း ထိုအဘိုးအို၏ ကျင့်ကြံမှုအဆင့်က ဆက်လက်၍ တိုးတာလက်နေဆဲပင်။ သူက ထိုသူ၏ အဆင့်က မည်သည့်အဆင့်သို့ ရောက်မှ အဆုံးသပ်မည်ကို မသိဘဲ ဖြစ်နေသည်။

အာဏာတက်ခြင်းအစောပိုင်းအဆင့်က အဆုံးသပ် မဟုတ်သေးပေ။သည့်နောက် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်ရှိလာခဲ့ချေသည်။

နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အာဏာတက်ခြင်းအလယ်အဆင့်တွင် တည်ငြိမ်လာခဲ့သည်။ သို့ရာတွင် ဝမ်လင်း၏ အော်ရာကတော့ တန့်သွားခြင်း မရှိဘဲ ပို၍အားကောင်းလာခဲ့သည်။ ထိုအော်ရာက သူ့နယ်ပယ်ကနေ ဖြစ်ပေါ်လာခြင်းပင်။

အာဏာတက်ခြင်းအလယ်အဆင့်၏ ကျင့်ကြံမှုအကန့်အသတ်က သူ့ နယ်ပယ်၏ တိုးမြှင့်လာမှုကို ရပ်တန်ခြင်းငှာ မစွမ်းနိုင်ခဲ့ချေ။ ဝမ်လင်းနယ်ပယ်၏ အော်ရာက ပို၍ ပို၍ အားကောင်းလာခဲ့ကာ မိုးကြိုးတာအိုပညာရှင်၏ အသွင်ကို ပိုမို သုန်မှုန်သွားစေသည်။

နယ်ပယ်၏ တိုးမြှင့်လာမှုက ရပ်တန့်သွားသည်ပုံမပေါ်ဘဲ သာမန်အာဏာတက်ခြင်း အလယ်အဆင့်တစ်ယောက်၏ ရှိသင့်သည်ကို ကျော်ဖြတ်လာခဲ့သည်။ သည်အခိုက်အတန့်၌ ဝမ်လင်းဆံပင်ဖြူများကလည်း လေနှင့်အတူ လွင့်မြောနေကာ သူကပို၍ နက်နက်နဲနဲ စတင်စဉ်းစားလာသည်။

ဝမ်လင်းထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်အော်ရာက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းက ရွင်ယွမ်ဂြိုဟ်အား ဖြည်းဖြည်းချင်း လွှမ်းခြုံလာခဲ့သည်။

သူ့နယ်ပယ်က ဆက်လက်ပြန့်နှံ့လာရင်း အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိလာတော့၏။ ထိုအရာက အဆုံးမှတ် မဟုတ်သေးပေ။၎င်းက ဆက်လက်၍ မြင့်တက်လာနေဆဲသာ။

ထိုအရာက မိုးကြိုးတာအိုပညာရှင်၏မျက်လုံးကို ပြူးကျယ်သွားမိစေသည်။သူက အသက်ရှုပင် ရပ်တန့်သွားသည်ဟု ထင်မှတ်လိုက်ရသည်။ သူက နယ်ပယ် ရပ်တန့်သွားသည်ကို ခံစားမိလိုက်ခါမှ စိတ်သက်သာရာ ရသွားကာ တွေးလိုက်မိသည်။ “ပထမအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်က သတ်ပစ်ဖို့ လွယ်လွယ်လေးပဲ၊ ဒါပေမဲ့လည်း သူကတော့ သန်မာလွန်းနေခဲ့တယ်…”

ကောင်းကင်ထက်၌ တောင်တန်းနှင့်မြစ် ပန်းချီကားတစ်ချပ် ပေါ်လာသည်။ သည်ပန်းချီကားက ကောင်းကင်ဘုံကို နောက်ခံထား၍ မြေပြင်ကို စုတ်တံအဖြစ်သုံးကာ ရေးဆွဲထားခြင်းပင်။

သည့်နောက် ထိုပန်းချီကားထဲကနေ တစ္ဆေလောကမြစ်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ ခပ်နှေးနှေး စီးဆင်းလာလေသည်။

သို့ရာတွင်တစ္ဆေလောကမြစ်က ရုတ်တရက် တုန်ယင်သွားကာ ဝမ်လင်း ထံသို့ ဦးတည်လာခဲ့တော့သည်။

မိုးကြိုးတာအိုပညာရှင်က လုံးဝ တုန်လှုပ်မိနေချိန်မှာပင် ဝမ်လင်းနယ်ပယ်က အထွတ်အထိပ်သို့ ရောက်ရှိလာဟန် ပြုပြီးမှ ရုတ်တရက် မြင့်တက်လာပြန်ကာ အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်သို့တိုင် ရောက်လာခဲ့သည်။

ဝမ်လင်း၏နယ်ပယ်က ဤအဆင့်တွင် ရပ်တန့်သွားသည်။

မိုးကြိုးတာအိုပညာရှင်က ခုမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ သူက ဝမ်လင်း၏နယ်ပယ်သည် ပထမအဆင့်ကို ချိုးဖျက်သွားမည်ကို လန့်နေမိခြင်းပင်။ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့ပါက ရုပ်သေး၏ အကူအညီပါ ထည့်ပေါင်းလိုက်လျှင် သူ့အတွက် ယနေ့တိုက်ပွဲက ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပေသည်။

မိုးကြိုးတာအိုပညာရှင်က နှာခေါင်းရှုံ့လိုက်သည်။ “ဒီလို ကျင်ကြံမှုလေးနဲ့ မင်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အဖြစ် ဟန်ဆောင်ဝံ့သေးတယ်ပေါ့လေ…။ “

သူက ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ သံသယ အချို့ ရှိလို့နေဆဲပင်။တကယ်တော့ ရှုမူ စောနက အသုံးပြုခဲ့သော မိုးကြိုးလုံးက လွန်စွာ တုန်လှုပ်ဖွယ်ကောင်းသည် မဟုတ်လား။

သည်လိုမိုးကြိုးမန္တာန်မျိုးက သာမန်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ထားသည့်အရာမျိုး မဟုတ်ပေ။

ဝမ်လင်းက ခေါင်းမော့ကြည့်လိုက်၏။ သူ့တွင် လုံလောက်သောကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တို့ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအလယ်အဆင့်တွင်သာ တန့်သွားခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် သူ့နယ်ပယ်က မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ယင်းအဖြစ်ကဝမ်လင်းကိုပင် အံ့အားသင့်သွားစေခဲ့ပေသည်။သူကိုယ်တိုင်လည်း ထိုသို့ မျှော်လင့်ထားမိခြင်း မရှိပေ။

သည့်အပြင် သူ့က သေခြင်းရှင်ခြင်းနယ်ပယ်ကိုသာ ထုတ်လွှတ်ထားခြင်း ဖြစ်နေ၏။ ခုထိ သူက ကံကြမ္မာနယ်ပယ်နှင့် မိုးကြိုးခွန်အားတို့ကို ထုတ်လွှတ်ရခြင်း မရှိသေးပေ။

မိုးကြိုးတာအိုပညာရှင် ဝမ်လင်းနယ်ပယ်ကို ဖြတ်မြင်နိုင်စွမ်း မရှိရသည့် အကြောင်းရင်းသည် ကံကြမ္မာ နယ်ပယ်ကြောင့်ဖြစ်၏။ ဝမ်လင်းနယ်ပယ်က ဆင့်ကဲ ဖွံ့ဖြိုးလာပြီးနောက် လူတစ်ယောက်က ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်မှ အစစ်အမှန်ကျင့်ကြံသူတစ်ယောက် မဟုတ်လျှင် သူ့ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ တကယ်တော့ ယင်နှင့်ယန်အဆင့်က ပထမအဆင့်ကျင့်ကြံခြင်းနှင့် ဒုတိယအဆင့်ကျင့်ကြံခြင်းတို့ကြား ပေါင်းကူးပေးသည့် ကြားအဆင့်များသာ ဖြစ်လေ၏။

ဝမ်ဖျင်က သူ့ရှေ့မှ သူ့အဖေကို ငေးမောကြည့်နေမိသည်။သူ့အဖေ၏ ကျင့်ကြံမှုအဆင့် တိုးမြင့်လာသည့် အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲတွင် တုန်ခါမှုလှိုင်းအနည်းငယ် ဖြစ်လို့သွားသည်။ သူက သူ့စိတ်ဝိညာဉ်ထဲမှ ထိုတုန်ခါမှုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ထိုအခြင်းအရာက သူ သံသယရှိနေသည့် ထင်မြင်ချက်ကို ပို၍ သေချာသွားအောင် ပြုလုပ်ပေးနေ၏။

***

All Chapters