← Chapters

အခန်း ၉၇၆

Vol. 66 Ch. 976

အခန်း ၉၇၆

Vol. 66 Ch. 976

အခန်း ( ၉၇၆ ) အနှံ့အပြားရှိသော နိယာမ

ဆန်နီက နာရီအနည်းငယ်လောက် အိပ်စက်ဖို့ စီစဉ်ထားခဲ့ပေမယ့်.. အဆုံးသတ်မှာတော့ မာဗယ် ကြေးခွံ ရဲ့ စွမ်းရည်တွေအပေါ် စိတ်ဝင်စားလွန်းနေခဲ့တာကြောင့် စက္ကန့်ပိုင်းလောက်တောင် မျက်လုံး မမှိတ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ စွမ်းရည်အသစ်က အတော်လေး အစွမ်းထက်သလို ရှုပ်ထွေးလှတာကြောင့်.. သူ့ရဲ့ လုပ်နိုင်စွမ်းအပြည့်ကို ဖော်ထုတ်ဖို့အတွက် အတွေးအမြင်နဲ့ ပါးနပ်မှုတွေ အများကြီး လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်လို့ သူသာ ဒါကို ကောင်းကောင်း တတ်မြောက်သွားခဲ့ရင်တော့…

အိပ်စက်ခြင်း သေတ္တာထဲမှာ လှဲလျောင်းရင်း ဆန်နီက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်မိတယ်။

‘တကယ့်ကို ကောင်းမွန်တဲ့ လက်ဆောင်ပဲ။ ဒါပေမဲ့ ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူးလေ’

[မြေအောက်ကမ္ဘာရဲ့ မင်းသား] စမ်းသပ်မှုက တော်တော်လေးကို ခက်ခဲခဲ့တာပါ။ ဒဏ်ရာရပြီး ရှုံးနိမ့်သွားတဲ့ ရန်သူ အကောင်ရေ ခြောက်ထောင်… တိုက်ပွဲတွေကို တကူးတက လိုက်မရှာဖွေဘဲ နေတတ်တဲ့ သာမန်နိုးထသူတွေဆိုရင်တော့.. သူတို့ရဲ့ တစ်သက်တာလုံးမှာ ဒီလောက်များပြားတဲ့ ရန်သူ ပမာဏ ကို ဘယ်တော့မှ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။

ဒါတင်မကသေးဘဲ ဆန်နီက ဒီတိုးမြှင့်မူမှာ အဆင့်တွေ အများကြီး ရှိခဲ့ပြီး သူကတော့ နောက်ဆုံးအဆင့်ကိုပဲ ပြီးမြောက်အောင် လုပ်ခဲ့တာလို့ သံသယဝင်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆန်နီအနေနဲ့ မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကို ပြုပြင်ခဲ့တဲ့ အချိန်တုန်းကတင် သတ်ဖြတ်ရမယ့် ရန်သူ အရေအတွက်က အတိုင်းအတာတစ်ခုအထိ ပြည့်နေခဲ့ပြီးပါပြီ။

သတ်မှတ်ချက် အဆင့် ခုနစ် ကို ရောက်ရှိဖို့အတွက် သတ္တဝါ ခြောက်ထောင်ကို သတ်ဖြတ်ဖို့ လိုအပ်နေတဲ့ တက်ရောက်မူအဆင့် ဝတ်ရုံ။

တကယ်လို့ ဒီ အနက်ရောင်ဝတ်ရုံက အဆင့် တစ် မှတ်သားမူအဖြစ် စတင်ခဲ့ပြီး ဒုတိယအဆင့် ရောက်ဖို့ အကောင်ရေ တစ်ထောင်.. တတိယအဆင့် ရောက်ဖို့ နှစ်ထောင် စသဖြင့် လိုအပ်ခဲ့မယ်ဆိုရင်တော့.. ဒါက [ဝိဥာဉ်ချည်နှောင်မူ အမွေအနှစ်] ကို ရရှိဖို့အတွက် အနည်းဆုံး ရန်သူ နှစ်သောင်းတစ်ထောင်ထက်မနည်းကို အနိုင်ယူဖို့ လိုအပ်ခဲ့ပါလိမ့်မယ်။

‘တကယ့်ကို ကြောက်စရာကောင်းတဲ့ အရေအတွက်ပဲ…’

မာဗယ် ကြေးခွံ က ဒီလောက်အထိ အစွမ်းထက်တဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်နေတာ မဆန်းတော့ပါဘူး..။ဒဲလ်မွန်တွေထဲက တစ်ယောက်နဲ့ ဆက်စပ်နေတာကိုတော့ ထည့်ပြောစရာတောင် မလိုတော့ပေ။

အံ့ဩဖွယ်ရာ ကုန်စီပြပွဲ ရဲ့ ပထမဆုံး အရှင်သခင်ပဲ .. ဒါမှမဟုတ် အရင်က ဝတ်ရုံတော်ကို ဝတ်ဆင်ခဲ့တဲ့ သူတွေထဲက တစ်ယောက်ပဲ ဖြစ်ဖြစ်.. ဆန်နီကတော့ သူတို့ကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ။ ပိုပြီး တိတိကျကျ ပြောရရင်တော့ ပိုလို့တောင် ကျေးဇူးတင်ရဦးမှာ ဖြစ်ပါတယ်။

အတိတ်က ဘယ်လိုပဲ ရှိခဲ့ပါစေ.. အနာဂတ်နဲ့ ပတ်သက်လာရင်တော့ သူ့မှာ တွေးတောစရာတွေ အများကြီး ရှိနေခဲ့ပါပြီ။

ဆန်နီက မာဗယ် ကြေးခွံ ဟာ သူ့ရဲ့ ခံစစ်စွမ်းရည်နဲ့ ကြံ့ခိုင်မှုကို အလိုအလျောက် မြှင့်တင်ပေးလိမ့်မယ်ဆိုတာကို ချက်ချင်း နားလည်လိုက်တယ်။ဒါပေါ့.. စွမ်းရည်ရဲ့ ငြိမ်သက်နေတဲ့ အခြေအနေက.. အသက်ဝင်နေတဲ့ ပုံစံထက် အားနည်းတဲ့ ဗားရှင်းတစ်ခု ဖြစ်သလို.. [သက်ရှိကျောက်တုံး] လက္ခဏာကလည်း သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မဟုတ်ဘဲ အရေပြားကိုပဲ ပြုပြင်နိုင်စွမ်း ရှိတာပါ။ လက်ရှိ သူ့ဆီမှာ ကြေးခွံနဲ့ တွဲဖက် အသုံးပြုလို့ရမယ့် အစွမ်းထက်တဲ့ ဝတ်ရုံ မှတ်သားမူလည်း တစ်ခုမှ မရှိသေးတာ သေချာပါတယ်။

ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ တစ်နည်းအားဖြင့်တော့ အခုချိန်မှာ ဆန်နီကိုယ်တိုင်က ဝတ်ရုံ ဖြစ်နေလို့ပါပဲ။

ဒီစွမ်းဆောင်ရည်အသစ်နဲ့ ပတ်သက်ပြီး သူ့ကို တကယ်ပဲ စိတ်လှုပ်ရှားစေတဲ့ အချက်ကတော့.. အိပ်မက်ဆိုး အခိုက်အတန့် ရဲ့နိယာမတွေထဲက တစ်ခုကို နောက်ဆုံးမှာ ချိုးဖျက်နိုင်မယ့် အခွင့်အရေး ရှိလာတာကြောင့်ပါပဲ..။အခိုက်အတန့် အုပ်စိုးထားတဲ့ ကမ္ဘာမှာ တိုက်စစ်က ခံစစ်ကို အမြဲတမ်းလိုလို လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဝတ်ရုံတစ်ခုက ဘယ်လောက်ပဲ ခိုင်မာနေပါစေ.. အဆင့်တူ လက်နက်တစ်ခုကနေ ပြင်းထန်ပြီး တိကျတဲ့ ထိုးနှက်ချက်တစ်ခု ရောက်လာရင် အမြဲတမ်းလိုလို ကျိုးပျက်သွားတတ်စမြဲပါ။

အဲလို မဟုတ်ရင်..သူက အိပ်စက်သူ ဘဝတုန်းက နိုးထသူ အိပ်မက်ဆိုး သားရဲတွေကို သတ်နိုင်ခဲ့မှာ မဟုတ်သလို.. ပြောရရင် သူ့ထက် အဆင့်အတန်း အများကြီး မြင့်မားတဲ့ ရန်သူတွေကိုလည်း အမြဲတမ်း စိန်ခေါ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

အရာအားလုံးမှာ အကန့်အသတ် ရှိတာ မှန်ပေမယ့် ယေဘုယျအားဖြင့်တော့ အရာရာက ဒီလိုပဲ အလုပ်လုပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ အဲလို မဟုတ်တော့ပါဘူး။ သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒါက မဖြစ်နိုင်တော့ပါဘူး။ အခြားလူတစ်ယောက်အတွက်ဆိုရင် မာဗယ် ကြေးခွံ က တိုက်ပွဲမှာ အစွမ်းထက်တဲ့ အထောက်အပံ့တစ်ခု ဖြစ်လိမ့်မယ်ဆိုပေမယ့်.. ဆန်နီရဲ့ လက်ထဲမှာတော့ ဒါက ဒီထက် ပိုပြီးတော့ အများကြီး အသုံးဝင်နိုင်ပါတယ်။

ဒီထူးဆန်းတဲ့ စွမ်းရည်ရဲ့ အရေးအကြီးဆုံး အရည်အသွေးကတော့ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကြောင့် အရိပ်တွေနဲ့ တစ်ပြိုင်နက်တည်း အားဖြည့်လို့ ရနိုင်တာပါပဲ။ တက်ရောက်မူအဆင့် ဝတ်ရုံတစ်ခုက တက်ရောက်မူအဆင့် ဓားတစ်လက်ရဲ့ အနိုင်ယူမူကို ခံရနိုင်ပေမယ့်..သူ့ကို အားဖြည့်ပေးထားတဲ့ အရိပ် လေးခု ရှိနေမယ်ဆိုရင်ရော။

ခံနိုင်ကောင်း ခံနိုင်လိမ့်မယ်။

ဒါက စွမ်းအင်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိဥာဉ်တိုက်ခိုက်မှုတွေအတွက်လည်း အတူတူပါပဲ..။အနည်းငယ်တော့ အဆင့် လျော့နည်းနိုင်ပေမယ့်ပေါ့။

ဒီမျှခြေထဲမှာ ဝီဗာသွေး နဲ့ ဝီဗာအရိုး တို့ကိုပါ [သက်ရှိကျောက်တုံး] နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်ရော…

ဆန်နီအနေနဲ့ တိုက်တန်တွေကို လိုက်လံ သတ်ဖြတ်ဖို့ အဆင်သင့် မဖြစ်သေးတာ မှန်ပေမယ့်.. ဂိုလီယက် ရဲ့ ရိုက်နှက်မှုကို ခံရရင်တောင် ချက်ချင်း သေဆုံးသွားတော့မှာ မဟုတ်ဘူးဆိုတာကိုတော့ တစ်ဝက်လောက် ယုံကြည်နေခဲ့ပါပြီ။

ပြီးတော့ ဒါက ခံစစ်သက်သက်ပဲ ရှိပါသေးတယ်။

မာဗယ် ကြေးခွံ က သူ့ရဲ့ တိုက်ခိုက်မှု စွမ်းအားနဲ့ သေစေနိုင်စွမ်းကိုလည်း အံ့ဩစရာကောင်းအောင် မြှင့်တင်ပေးနိုင်တဲ့ အလားအလာ တွေ ရှိနေခဲ့တာပါ။

[အမှန်တရား တောင်ပံ] က အမြဲတမ်း သာမန်ပဲလို့ ထင်ရပေမယ့် တကယ်တမ်းတော့ တိတ်တဆိတ် အစွမ်းထက်တဲ့ တိုးမြှင့်မူတစ်ခုပါပဲ။ အခုတော့ ဒါကို ဝတ်ရုံတစ်ခုအဖြစ်တင်မကပဲ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အသုံးပြုနိုင်ပြီ ဖြစ်လို့.. ဒါက အရာအားလုံးကို တကယ်ပဲ ပြောင်းလဲစေခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပေါ့ပါးအောင် လုပ်ခြင်းက သူ့ရဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားနိုင်စွမ်းကို အလွန်အမင်း မြင့်တက်စေနိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် လေးလံအောင် လုပ်ခြင်းကတော့ ဆန်နီကို ပြင်းထန်တဲ့ ရိုက်နှက်မှုတွေကို ကြံ့ကြံ့ခံနိုင်စေမယ့်အပြင် သူ့ရဲ့ တိုက်ခိုက်မှု အင်အားကိုလည်း ပိုမို ပြင်းထန်လာစေမှာပါ..။အခြေခံအားဖြင့် တိုက်ခိုက်မှုစွမ်းအားက အလေးချိန်ပေါ်မှာ အများကြီး မူတည်နေတာ ဖြစ်ပြီး တစ်ခုမရှိပဲ နောက်တစ်ခုကို ရရှိဖို့က ခက်ခဲပါတယ်။

တိုက်ခိုက်မှုစွမ်းအားရဲ့ ဒုတိယ အစိတ်အပိုင်းကတော့ အရှိန်မြှင့်တင်ခြင်း ဖြစ်တာကြောင့်…

တကယ်လို့ ဆန်နီသာ [အမှန်တရား တောင်ပံ] ရဲ့ နှစ်ဖက်လုံးကို ဘယ်လို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်ရမလဲဆိုတာကို သင်ယူနိုင်ခဲ့ရင်.. သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်က သိသိသာသာကို ရှေ့သို့ ခုန်တက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြေးခွံရဲ့ အပေါ်ကနေ ပေါ့ပါးတဲ့ ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်..။ဘာလို့လဲဆိုတော့ ဒီလိုလုပ်ခြင်းက သူ့ကို သိပ်ပြီး ဝန်မလေးစေဘဲ ကာကွယ်မှု နှစ်ထပ်ကို ပေးစွမ်းနိုင်မှာ မို့လို့ပါပဲ။

ဆန်နီက တိုက်ပွဲမှာ [အမှန်တရား တောင်ပံ] ကို ဘယ်လို အသုံးချရမလဲဆိုတာကို အတိုင်းအတာတစ်ခုအထိ သိထားပြီး ဖြစ်ပေမယ့်..သူ့ရဲ့ နယ်ပယ်အသစ်နဲ့ အသားကျဖို့ လိုအပ်သလို လက္ခဏာကိုယ်တိုင်နဲ့ တိုက်ပွဲကို ချဉ်းကပ်ပုံ အကြောင်းတွေ အများကြီးကို ပြန်လည် သင်ယူရဦးမှာပါ။

ဒါက အချိန်တွေ၊ လေ့ကျင့်မှုတွေ၊ အတွေးအမြင်တွေနဲ့ အဓိကအားဖြင့် တွေးတောမှုတွေ အများကြီး လိုအပ်မှာ ဖြစ်ပါတယ်..။အဆီအနှစ်တွေကို လမ်းကြောင်းမှန်အတိုင်း ထိန်းချုပ်မယ့် သူ့ရဲ့ စွမ်းရည်ကို ပြီးပြည့်စုံအောင် လုပ်ဖို့ကတော့ ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့လည်း တိုက်ပွဲပုံစံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကျွမ်းကျင်အောင် လုပ်ရမယ့် အပိုင်းမှာတော့ ဆန်နီက အလွန် ထူးချွန်တာကြောင့်.. မကြာခင်မှာပဲ တိုးတက်မှုအချို့ကို မြင်တွေ့ရလိမ့်မယ်ဆိုတာ သူ ယုံကြည်နေခဲ့တယ်။

ဒါပေမဲ့ သာမန် တိုးတက်မှုလောက်ကတော့ သူ့ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ သူက [အမှန်တရား တောင်ပံ] ကို အလားအလာအပြည့်အတိုင်း အသုံးပြုနိုင်တာက သူ့အတွက် ဗီဇတစ်ခုလို ဖြစ်သွားမယ့် အခြေအနေမျိုးဆီ ရောက်ချင်တာ ဖြစ်ပြီး.. တွေးတောင် တွေးနေစရာ မလိုဘဲ အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုလို ဖြစ်လာစေချင်တာပါ။

ဒီလို… အောင်မြင်ဖို့အတွက်တော့ အနည်းငယ်ခက်ခဲပါလိမ့်မယ်။

ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

တိုက်ပွဲကျွမ်းကျင်မှုသက်သက်ပိုင်းမှာဆိုရင် ဆန်နီရဲ့ တိုးတက်မှုက ခေတ္တ ရပ်တန့်နေခဲ့တာ ဖြစ်လို့.. အခုတော့ သူက စိန်ခေါ်မှုအသစ်တစ်ခုအတွက် တကယ်ပဲ စိတ်လှုပ်ရှားနေခဲ့ပါပြီ။

သူက အာရုံခံစားမှုကို အရိပ်တွေထဲက တစ်ခုဆီ ပြောင်းလဲလိုက်ပြီး ရိုင်နိုရဲ့ ဘေးကနေ ဖြတ်သန်းနေတဲ့ ရှုခင်းတွေကို စောင့်ကြည့်ရင်း သက်ပြင်းချကာ ပြုံးလိုက်မိတယ်။

‘…ကံကောင်းတာက ငါ့ လေ့ကျင့်ဖို့အတွက်အိပ်မက်ဆိုး သားရဲတွေ တစ်တိုက်လုံး အပြည့်ရှိနေတာပဲ…’

အပိုင်း ( ၉၇၆ ) ပြီး၏။

All Chapters