အခန်း ၉၇၇
Vol. 66 Ch. 977
အခန်း ( ၉၇၇ ) နှင်းမုန်တိုင်းကို ဖြတ်ကျော်ခြင်း
နောက်ဆုံးမှာတော့ ဆန်နီက အိပ်စက်ခြင်း သေတ္တာထဲကနေ ထွက်လာခဲ့ပြီး ယာဉ်တန်းကို စီမံခန့်ခွဲတဲ့ အလုပ်တွေဆီ ပြန်လည် အာရုံစိုက်လိုက်ပါတယ်။ သူတို့က တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့ နေရာအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သလို.. သူတို့ရဲ့ စစ်မှန်တဲ့ ပန်းတိုင်ရှိရာ မြောက်ဘက်ဆီကိုလည်း ဦးတည် ရွေ့လျားနေခဲ့ပါပြီ။
နှင်းမုန်တိုင်းကတော့ ပြင်းထန်စွာ တိုက်ခတ်နေဆဲ ဖြစ်တာကြောင့် ဘာမှ မမြင်ရလောက်အောင် ဖြစ်နေခဲ့တယ်။ ပတ်ဝန်းကျင် ရှုခင်းကလည်း အမြဲတမ်းလိုလို ခြောက်ခြားစရာ ကောင်းပြီး စိတ်ပျက်စရာ ကောင်းနေဆဲပါပဲ။
ပတ်ဝန်းကျင် နေရာတွေကို ကင်းထောက်ဖို့ လိုအပ်သလို.. မြေပုံတွေကိုလည်း အသစ်ပြင်ရဦးမှာ ဖြစ်ပြီး.. အစီရင်ခံစာတွေကို လက်ခံရယူဖို့နဲ့ အခြား အာရုံစိုက်ရမယ့် အရာတွေက
ရာဂဏန်းလောက် ရှိနေခဲ့ပါတယ်။
ဆန်နီဟာ အလုပ်တွေထဲ မနစ်မြုပ်ခင်မှာ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ရဲ့ မီးခိုးရောင် ပိုးချည် ကို ကြည့်ဖို့အတွက် မိနစ်အနည်းငယ်လောက် အချိန်ပေးလိုက်တယ်။
ဒီလောက် အချိန်အတော်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာမှ ဒီ ဝတ်ရုံ ကို ပြန်ပြီး အသုံးပြုရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
‘ဒါက သံမဏိ ချပ်ဝတ် အပြည့်အစုံနဲ့ လမ်းလျှောက်ရတာထက်စာရင်တော့ တော်တော်လေးကို ပိုပြီး သက်တောင့်သက်သာ ရှိတာပဲ။ အာ.. အရင်တုန်းက ငါ တကယ် ကောင်းကောင်း ဖြတ်သန်းခဲ့ရတာပဲ’
အမှန်တော့.. အဲလိုလည်း မဟုတ်ပေ..။
ဆန်နီက ရိုင်နို ရဲ့ အမိုးပေါ်ကို တက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဘတ် က သူ့ကို ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေတာကို သတိပြုမိလိုက်ပါတယ်။ သူက ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်။
“ဘာလို့လဲ”
သူမက မျက်တောင် အနည်းငယ် ခတ်လိုက်ပြီးမှ သူမရဲ့ အကြည့်တွေကို လွှဲလိုက်ပါတယ်။
“မဟုတ်ဘူး.. မဟုတ်ဘူး… ဘာမှ မဟုတ်ပါဘူး…”
ဆန်နီက မျက်မှောင်ကြုတ်လိုက်မိတယ်။
“ပြောစရာ ရှိတာကို ပြောလိုက်ပါ”
ဘတ် က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေခဲ့ပြီးမှ တွေဝေစွာနဲ့ မေးလိုက်ပါတယ်..။
“ရှင်… ဟိုလေ… ရှင် မိတ်ကပ်လိမ်းထားတာလား”
ဒီတစ်ကြိမ်မှာတော့ စိုက်ကြည့်ရမယ့်သူက
သူ့အလှည့် ဖြစ်သွားခဲ့ပါပြီ။
“…ဘာ။ မဟုတ်တာ။ မင်းက ဘာလို့ အဲလို ထင်ရတာလဲ”
မိန်းကလေးငယ်က သူ့ကို သံသယဝင်နေတဲ့ အကြည့်နဲ့ ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်တယ်။
“ရှင့်ကို ကြည့်ရတာ နည်းနည်း ကွာခြားသွားသလိုပဲ.. အဲဒါကြောင့်ပါ”
ဆန်နီက ပြုံးလိုက်မိတယ်။
“အော်။ ငါက မွေးကတည်းက မာဗယ်ရုပ်တုလို အသားအရေ ရှိနေတာလေ.. မိတ်ကပ်နဲ့ မဆိုင်ပါဘူး။ မင်း မသိဘူးလား”
ဘတ် က သက်ပြင်းချရင်း လှည့်ထွက်သွားခဲ့တယ်။ သူမက တိုးတိုးလေး သက်ပြင်းချလိုက်ပါတယ်..။
“သောက်ကျိုးနဲ နိုးထသူတွေ… ဒါက ဘယ်လိုလုပ် တရားမျှတမှာလဲ"
ဆန်နီ ရယ်ချင်စိတ်ကို အောင့်အီးထားရင်း အရိပ်တွေထဲကို တိုးဝင်ကာ ရိုင်နို ရဲ့ အမိုးပေါ်မှာ ပေါ်လာခဲ့ပါတယ်..။ရိုးတွင်းခြင်ဆီထဲအထိ အေးခဲစေမယ့် လေပြင်းတွေက သူ့ရဲ့ ရင်ဘတ်ဆီ ရိုက်ခတ်လာတဲ့ အခါမှာတော့ သူ သက်ပြင်းချလိုက်မိတယ်။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက… သူ ဒီလောက်အထိ မအေးလှပါဘူး။ သူ့ရဲ့ အလိုအလျောက် ခုခံနိုင်စွမ်းက အစွမ်းပြနေပြီ ဖြစ်ပုံရပါတယ်။
ဆန်နီ အချိန်မဖြုန်းတော့ဘဲ ပိုပြီး တည်ငြိမ်မှု ရှိစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် လေးလံအောင် ပြုလုပ်လိုက်ပြီး ရေခဲမှတ်သားမူ ကို ဆင့်ခေါ်ကာ သူ့ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အရိပ်ကို ပတ်ဝန်းကျင်မှာ ရစ်ပတ်စေလိုက်ပါတယ်..။
တစ်ပြိုင်နက်တည်းမှာပဲ အဆောင် ဆီ ပေးစွမ်းတဲ့ တိုးမြှင့်မူကို နှစ်ဆ ဖြစ်စေဖို့အတွက် အဆီအနှစ်တွေကို စီးဆင်းစေလိုက်တယ်။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူ က ပိုပြီးတော့ သက်တောင့်သက်သာ ရှိလာတာကို ခံစားလိုက်ရပါတယ်။ ဆန်နီက အအေးဒဏ်ကို အနည်းငယ် ခံစားနေရဆဲ ဖြစ်ပေမယ့် ဒါက ဘာမှ အနှောင့်အယှက် မဖြစ်တော့ပါဘူး။ပြီးတော့ လေပြင်းတွေကလည်း သူ့အပေါ်မှာ ဘာမှ မသက်ရောက် နိုင်တော့ပေ။ ဒါက ဆန်နီ အနေနဲ့ ကျောက်ဆောင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသလိုမျိုးပါပဲ။
အင်း...။
သူက မော်ဂန်ရဲ့ စစ်ပွဲလေး ကို ဆင့်ခေါ်လိုက်ပြီး အမိုးပေါ်မှာ ထိုင်ကာ မျက်လုံးတွေကို မှိတ်လိုက်ပါတယ်။
‘ငါ ဒါကို အသားကျအောင် လုပ်လို့ရတာပဲ…’
ဖယ်လ်ကွန် စကော့တ် ဆီကို သွားမယ့် သူတို့ရဲ့ ခရီးစဉ်ကတော့ ဆက်လက် တည်ရှိနေခဲ့တယ်။ အန္တာတိက အလယ်ပိုင်းရဲ့ သားရဲတွေ ကျက်စားရာ နယ်မြေကို ဖြတ်ကျော်ရတာက ခက်ခဲပြီး အန္တရာယ်များနေဆဲ ဖြစ်ပေမယ့်.. နေဗီ က ဆန်နီကို ကူညီပြီး ယာဉ်တန်းကို ကာကွယ်ပေးနေတာကြောင့် အရာအားလုံးက နည်းနည်းတော့ ပိုပြီး လွယ်ကူသွားခဲ့ပါပြီ။
မာစတာ နှစ်ယောက်ကတော့ လူချင်း တွေ့ရခဲလှပြီး စစ်ဘက်ဆိုင်ရာ ယာဉ်တွေမှာ ရှိတဲ့ ချိတ်ဆက်မှုတွေကတစ်ဆင့်သာ အဓိက ဆက်သွယ်နေကြတာပါ။ ဆန်နီက ယာဉ်တန်းရဲ့ အရှေ့ဆုံးမှာ ရှိနေခဲ့ပြီး နေဗီ ကတော့ အကောင်းဆုံး ခံစစ် ကာကွယ်မှုကို ပေးနိုင်ဖို့အတွက် အနောက်ဘက်မှာပဲ ရှိနေခဲ့ပါတယ်။
အဓိကအားဖြင့်တော့ သူတို့က ရှားရှားပါးပါး ရပ်နားတဲ့ အချိန်တွေနဲ့ အလွန် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုက သူတို့နှစ်ယောက်လုံး ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ဖို့ လိုအပ်တဲ့ အချိန်မျိုးမှာပဲ လူချင်း တွေ့ဆုံဖြစ်ကြတာပါ။ ညအိမ်တော် ကလူနဲ့အတူ တိုက်ပွဲဝင်ရတာက သက်တောင့်သက်သာ ရှိသလို ထိရောက်မှုလည်း ရှိလှပါတယ်။
‘အာ..နောက်ဆုံးတော့ ကျွမ်းကျင်မူရှိတဲ့ လူတစ်ယောက်….’
နေဗီ က အတော်လေး ကျွမ်းကျင်တဲ့ စစ်သည်တစ်ယောက် ဖြစ်ပြီး ရှည်လျားတဲ့ အရိုး လှံတစ်ချောင်းနဲ့ ပုံမှန်မဟုတ်အောင် ခိုင်ခံ့တဲ့ ကြိုးတွေနဲ့ ယက်လုပ်ထားတဲ့ ပိုက်ကွန်တစ်ခုကို အသုံးပြုကာ အိပ်မက်ဆိုး သားရဲတွေကို ထိန်းချုပ်ပြီး သတ်ဖြတ်တာ ဖြစ်ပါတယ်။
သူက ကုန်းမြေပေါ်မှာ တိုက်ခိုက်ရတာကို လုံးဝ သက်တောင့်သက်သာ မရှိမှန်း သိသာလှသလို သူ့ရဲ့ စွမ်းရည်တွေကလည်း ပြင်းထန်တဲ့ ကန့်သတ်မှုအောက်မှာ ရှိနေပုံရပါတယ်..။ဒါကြောင့် ညအိမ်တော် ရဲ့ အဖွဲ့ဝင်က ဆန်နီကိုပဲ အဓိက ပံ့ပိုးပေးပြီး သူတို့ရဲ့ ရန်သူတွေကို သတ်ဖို့အတွက် ပိုပြီး လွယ်ကူအောင် လုပ်ပေးတာ ဖြစ်ပါတယ်။
ဒါကတော့ တကယ်ကို ကြိုဆိုရမယ့်အရာပါပဲ။
နေဗီ က အခြား မာစတာ တွေထက်လည်း ပိုပြီး သတိကြီးပုံရပါတယ်။ဒါက အရမ်းကြီးတော့ မဟုတ်ပေမယ့် ဆန်နီအနေနဲ့ သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို သတိပြုမိဖို့တော့ လုံလောက်နေခဲ့တယ်။ ဒါကလည်း နားလည်ပေးလို့ ရပါတယ်..။ဘာပဲဖြစ်ဖြစ် ညအိမ်တော် ကလူမှာ ပြန်သွားရမယ့် မိသားစု ရှိနေလို့ပါပဲ။ သူက ပုခုံးပေါ်မှာ အသက်တစ်ခုထက်မကကို ထမ်းပိုးထားရတဲ့ သူပါ။
ဒီလို အမြင်မျိုးက ဆန်နီအတွက်တော့ အနည်းငယ် အသစ်အဆန်း ဖြစ်နေခဲ့ပြီး အရင်က သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့ အရာတွေကို တွေးတောမိစေခဲ့တယ်။
ဒါတွေအပြင် အရာအားလုံးက… မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ပျက်နေခဲ့ပါတယ်။ ယာဉ်တန်းကတော့ ဆက်လက် ကြီးထွားနေခဲ့ပြီး အီရီဘတ် ကွင်းပြင်က လွတ်မြောက်လာသူ အချို့လည်း ထပ်မံ ပူးပေါင်းလာခဲ့ကြတယ်။ အဲ့အချိန်မှာတော့ ဆန်နီက နေဗီ ရဲ့ သင်္ဘော ပျက်စီးသွားခဲ့တဲ့အတွက် စိတ်ထဲကနေ ဘုရားသခင်တွေကို တိတ်တဆိတ် ကျေးဇူးတင်မိနေခဲ့ပါပြီ။ တကယ်လို့ သင်္ဘောရဲ့ သိုလှောင်ရုံထဲကနေ ရရှိလာတဲ့ အပို ရိက္ခာတွေသာ မရှိရင် သူတို့က မကြာခင်မှာပဲ ရိက္ခာပြတ်လပ်မှုပြဿနာကို ရင်ဆိုင်ရတော့မှာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ လက်ရှိ အခြေအနေအရတော့.. သူ့မှာ လူတိုင်းကို ကျွေးမွေးဖို့နဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့သူတွေကို လက်နက်တပ်ဆင်ပေးဖို့အတွက် လုံလောက်မှု ရှိနေပါသေးတယ်။
ဆန်နီက သူ့ရဲ့ သိမ်မွေ့တဲ့ ပြောင်းလဲမှုကို အခြားလူတစ်ယောက်ယောက် သတိပြုမိမလားဆိုတာ သိချင်နေခဲ့ပေမယ့်.. အဆုံးသတ်မှာတော့ ဘတ် ကလွဲလို့ တုံ့ပြန်မှုကို ပြသခဲ့တဲ့ တစ်ဦးတည်းသောလူက ကင်မ် ပဲ ဖြစ်နေခဲ့တယ်။ တစ်ချိန်မှာတော့ သူမက သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်ခဲ့ပြီး ဘာမှ မမေးဘဲ အလျင်အမြန် လှည့်ထွက်သွားခဲ့ပါတယ်။
ကင်မ် က သူမ ကြည့်လိုက်တဲ့ အရာတိုင်းရဲ့ အားနည်းချက်တွေကို မြင်နိုင်စွမ်း ရှိနေတာဖြစ်ပြီး ဆန်နီကတော့ မကြာခင်ကတင် အားနည်းချက်တွေ အများကြီး လျော့နည်းသွားခဲ့တာပါ။ သူမ အံ့ဩသွားတာကတော့ မထူးဆန်းတော့ပါဘူး။
‘ကောင်းပြီလေ။ အခုကော သူတို့က ဘယ်လို ထူးဆန်းတဲ့ ပုံပြင်တွေကို ဖန်တီးကြဦးမှာလဲ’
ဘယ်လီ က သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ထပ်ပြီး မကြည့်တော့ဖို့ပဲ မျှော်လင့်ရပါတယ်…
ကျီးကန်းကလည်း ဆန်နီ တစ်ခုခု ပြောင်းလဲသွားမှန်း သတိပြုမိခဲ့တယ်။ ဒီ ထပ်တူညီမူ က သူ့ရဲ့ ပုခုံးပေါ်မှာ နားလိုက်ပြီး သူ့ကို မိနစ်အနည်းငယ်လောက် စူးစမ်းလိုစိတ်နဲ့ စိုက်ကြည့်နေခဲ့ပြီးမှ.. ရုတ်တရက် သူ့ရဲ့ လည်ပင်းကို ဆိတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ယင်းနောက်မှာတော့ ငှက်က ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။
ကျောက်တုံး...ကျောက်တုံး
ယင်းနောက် ဒီကောင်က ပျံသန်းသွားခဲ့ပြီး လေထဲမှာ ခနလောက် နေနေခဲ့တယ်။
နိုးထသူ သားရဲ တစ်ကောင်ရဲ့ ဆိတ်ခြင်းကို ခံရတာက မပျော်ရွှင်စရာ ခံစားချက် ဖြစ်ပေမယ့် ကြေးခွံကတော့ ထက်မြက်တဲ့ နှုတ်သီးဒဏ်ကို အရှုံးပေးမယ့် လက္ခဏာမျိုး မပြသခဲ့ပါဘူး။ ခြုံငုံပြောရရင်တော့ ဆန်နီက ဒီထူးဆန်းတဲ့ ဖြစ်ရပ်အပေါ် အတော်လေး ကျေနပ်နေမိပါတယ်။
…မြောက်ဘက်ဆီကို သွားမယ့် ခရီးစဉ်ကတော့ ဆက်လက် တည်ရှိနေခဲ့တယ်။
အိပ်မက်ဆိုး သားရဲအုပ် တွေကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ဆက်လက် ခံစားနေကြရပါတယ်။
စစ်သည်တွေ ပိုပြီး သေဆုံးခဲ့ရတယ်။
ဒုက္ခသည်တွေလည်း ပိုပြီး သေဆုံးခဲ့ရတာပါပဲ။
ရွေ့လျားနေတဲ့ ယာဉ်တွေထဲမှာ ထောင်နဲ့ချီတဲ့ လူတွေ ပိတ်မိနေတာကြောင့် အချို့လူတွေက အခိုက်အတန့် ရဲ့ ဝါးမြိုခြင်းကို ခံရမှာကတော့ ရှောင်လွှဲလို့ မရပါဘူး။ ဆန်နီအနေနဲ့ လက္ခဏာ ပြလာတဲ့ သူတွေကို အချိန်မီ ရှာဖွေပြီး သီးသန့်ခွဲထားဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ.. လုံခြုံရေး အစီအမံတွေ ပျက်ကွက်ခဲ့တဲ့ အခြေအနေအချို့ ရှိခဲ့ပါတယ်။
ရလဒ်တွေကတော့ သွေးထွက်သံယို ဖြစ်ခဲ့ရတာပါပဲ။
ဆန်နီက သာမန် အရပ်သားတွေရဲ့ အသက်ဆုံးရှုံးမှုအပေါ် စိတ်ထိခိုက်မိပေမယ့်.. အားလုံးရဲ့ အမြင်အရတော့ ဒါတွေက သမုဒ္ဒရာထဲက ရေစက်လေးတွေလိုပါပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် မြို့ကြီးတစ်မြို့လုံးက မြေပုံပေါ်ကနေ ပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပြီး.. ဒါက တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း မှာ စိုးမိုးနေတဲ့ သတ်ဖြတ်မှုတွေနဲ့ ပျက်ဆီးမှုတွေရဲ့ ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်ပါတယ်။
ဆန်နီကတော့ လူတွေ သေဆုံးနေတာကို ကြည့်ရတာ တကယ်ကို စိတ်ကုန်လာခဲ့ပါပြီ။
ပြီးတော့ သေဆုံးသူဦးရေကလည်း မကြာခင်မှာ ရပ်တန့်သွားမှာ မဟုတ်မှန်း သူ သိနေခဲ့တယ်..။
အပိုင်း ( ၉၇၇ ) ပြီး၏။