← Chapters

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း ( ၉၈၀ ) ဝန်းရံခံ မြို့တော်

ပြင်ဆင်မှုတွေက အချိန်အများကြီး မကြာခဲ့ပါဘူး။ ယာဉ်တန်းကြီးက နောက်ဆုံးတစ်ကြိမ် အားစိုက်ထုတ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အချိန်မှာပဲ မာစတာ သုံးယောက်က တိုက်ပွဲရဲ့ အစီအစဉ်ကို အကျဉ်းချုပ် ဆွေးနွေးလိုက်ကြတယ်။

သူတို့ လုပ်ရမယ့်အရာက အများကြီး မရှိပါဘူး။ တကယ်လို့ အခြေအနေတွေ ကောင်းမွန်မယ်ဆိုရင် အိပ်မက်ဆိုး သားရဲ အများစုက မြို့စောင့်တပ်တွေရဲ့ ဆွဲဆောင်ခြင်းကို ခံရမှာ ဖြစ်ပြီး..တောင်တက်လမ်းကိုတော့ အထူးတပ်ဖွဲ့ တွေက ရှင်းလင်းပေးထားမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် အစီအစဉ်အချို့ကို ကြိုတင်ပြင်ဆင်ထားတာက အမြဲတမ်း ကောင်းမွန်တဲ့ အကြံဉာဏ်ပါပဲ။

တစ်နေရာအရောက်မှာတော့ ရွန် က ဆန်နီ ကို စူးစမ်းသလို ကြည့်ပြီး ပြောလိုက်တယ်..။

“…မင်း ကြည့်ရတာ ပြောင်းလဲသွားသလိုပဲ

ဆန်းလပ်စ်”

ဆန်နီ က စိတ်ရှုပ်ထွေးစွာနဲ့ သူ့ရဲ့ ခေါင်းကို အနည်းငယ် စောင်းလိုက်မိတယ်။

“ဘာလို့ မပြောင်းလဲဘဲ နေမှာလဲ။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တုန်းကဆိုရင် နိုးထသူ အဆင့်ပဲ ရှိသေးတာလေ။ အော်… ဒါမှမဟုတ် ကျွန်တော့်ရဲ့ အသားအရေကို ပြောတာလား”

ရွန် က ပြုံးရင်း ခေါင်းခါလိုက်တယ်။

“မဟုတ်ဘူး.. မင်းရဲ့ ရုပ်ရည်ကို ပြောတာ မဟုတ်ပါဘူး။ မင်းက ပိုပြီး… ရင့်ကျက်သွားတဲ့ ပုံစံပေါက်နေလို့ပါ”

ဆန်နီ က အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်။

“ကျွန်တော်က အသက်ပိုကြီးလာတာပဲ မဟုတ်လား။ နှစ်နှစ်တောင်မှ..”

ချောမောလှတဲ့ မာစတာ က သဘောကျစွာ ရယ်မောလိုက်တယ်..။

“ဒါကတော့ ဟုတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့တွေ အတတ်နိုင်ဆုံး အဆင်သင့် ဖြစ်နေပြီလို့ ထင်တယ်။ အချက်ပြလိုက်ရတော့မလား”

ဆန်နီ ခေါင်းငြိမ့်ပြလိုက်တဲ့ အခါမှာတော့ ရွန် က ဖယောင်းသုတ်ထားတဲ့ ရွှံ့စေးပြားနဲ့ တူတဲ့ မှတ်သားမူ တစ်ခုကို ဆင့်ခေါ်လိုက်တယ်။ သူက အဲ့အပေါ်မှာ တွန့်လိမ်နေတဲ့ လိုင်းတစ်ခုကို ရေးဆွဲလိုက်ပြီး လက်ဝှေ့ယမ်းပြကာ သူ့ရဲ့

ဂရစ်ဖင်ဆီကို လျှောက်လှမ်းသွားခဲ့ပါတယ်။

မကြာခင်မှာတော့ အိပ်မက်ဆိုး သားရဲ အများစုကို လျှိုမြှောင်ထဲကနေ လမ်းလွှဲခေါ်ဆောင်သွားမယ့် စစ်ဆင်ရေးက စတင်ခဲ့ပါပြီ။ ဒါက ပြင်းထန်တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ စတင်ခဲ့တာ ဖြစ်ပြီး..ယင်းနောက်မှာတော့ အခြားတစ်ဖက်မှာ စက်ယန္တရားတပ်ဖွဲ့တစ်ခုလုံး ပေါ်ပေါက်လာခဲ့ကာ နိုးထသူ အဖွဲ့အများအပြားလည်း အတူတူ ပါဝင်လာခဲ့ကြတယ်။

ဆန်နီ နဲ့ နေဗီ တို့က သားရဲပင်လယ်ကြီး ရှေ့ကို ပြေးထွက်သွားတာကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြပြီး အချင်းချင်း လှမ်းကြည့်လိုက်ကာ သူတို့ရဲ့ ယာဉ်တွေဆီကို ပြေးသွားခဲ့ကြတယ်။သားရဲကြီး နဲ့ ဘလက်ကီ တို့ကလည်း မြေပြင်ကနေ ထရပ်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လှုပ်ခါလိုက်ကြပါတယ်။

သူတို့တွေက အကြာကြီး စောင့်ဆိုင်းဖို့ မလိုအပ်ခဲ့ပါဘူး။

အိပ်မက်ဆိုး သားရဲ အုပ်ကြီးက လျှိုမြှောင်ရဲ့ အခြားတစ်ဖက်ကို ရွေ့လျားသွားပြီး မြှားခေါ်နေတဲ့ စစ်ကူတွေကို လိုက်လံတိုက်ခိုက်ဖို့အတွက် အပြင်ကို ပြေးထွက်သွားကြတာနဲ့ ရိုင်နို က အရှေ့ကို ​မောင်းတက်လာခဲ့တယ်။ ပျက်စီးယိုယွင်းနေတဲ့ သံချပ်ကာယာဉ်က သူ့ရဲ့ ကျန်ရှိနေတဲ့ ခွန်အားအားလုံးကို စုစည်းပြီး နောက်ဆုံးအကြိမ် ထိုးဖောက်မှုကြီးကို ပြုလုပ်နေသလိုမျိုး ကောင်းမွန်စွာ လည်ပတ်နေခဲ့ပါတယ်။

ရှည်လျားလှတဲ့ ယာဉ်တန်းကြီးကလည်း အစွမ်းထက်တဲ့ ရိုင်နို ရဲ့ နောက်ကနေ လိုက်ပါလာခဲ့ကြတယ်။

ယာဉ်တန်းက လျှိုမြှောင်ထဲကို လိမ့်ဆင်းလာခဲ့တယ်။အဲဒီမှာ ကျန်ရှိနေတဲ့ အိပ်မက်ဆိုး သားရဲတွေ မတုံ့ပြန်နိုင်ခင်မှာပဲ ကျည်ဆန်တွေ.. မြှားတွေနဲ့ မှော်စွမ်းအား ပစ်ခတ်မှုတွေက သူတို့အပေါ်ကို ကျရောက်လာခဲ့ပြီး သားရဲတွေကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်ပါပြီ။

မလှမ်းမကမ်းမှာတော့ လမ်းလွှဲခံလိုက်ရတဲ့ သားရဲအုပ်ကြီးရဲ့ အမြီးပိုင်းက တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာကို ရိပ်မိသွားခဲ့ကြတယ်။ သားရဲအမြောက်အမြားက နောက်ကို လှည့်ကြည့်လိုက်ပြီး အောက်ကို ဆင်းလာတဲ့ ယာဉ်တန်းကြီးကို မြင်တွေ့သွားခဲ့ကြပါတယ်။ သူတို့ရဲ့ အော်ဟစ်သံတွေက ကျန်တဲ့ သားရဲတွေကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီး သူတို့ထဲက အုပ်စုကြီးတစ်ခုက ပစ်မှတ်ကို ပြောင်းလဲဖို့ ကြိုးစားလာခဲ့ကြတယ်။

သို့ပေမယ့် သားရဲအုပ်ကြီးရဲ့ အမြီးပိုင်းက လမ်းကြောင်းမပြင်နိုင်ခင်မှာပဲ ကောင်းကင်ကနေ ထူးဆန်းတဲ့ သတ္တုချောင်းတွေက မိုးရွာသလို ကျရောက်လာခဲ့ပြီး သူတို့ရဲ့ အရှေ့ မြေပြင်ထဲကို စိုက်ဝင်သွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ သတ္တုချောင်းတွေကြားထဲမှာ စည်းချက်ညီတဲ့ လျှပ်စီးလှိုင်းတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတံတိုင်းကြီးတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒီအတားအဆီးကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံး အိပ်မက်ဆိုး သားရဲ အနည်းငယ်ကတော့ ချက်ချင်းပဲ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရတယ်။ ရွန် က သူတို့ကို လောလောဆယ် တားဆီးထားနိုင်ခဲ့ပေမယ့် သူ့ရဲ့ အဆီအနှစ် အင်အားကတော့ အကြာကြီး ခံမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ပိုပြီး အစွမ်းထက်တဲ့ သားရဲတွေကတော့ ဒဏ်ရာတွေကို အံတုပြီး လျှပ်စီးတံတိုင်းကို ဖြတ်ကျော်နိုင်ကြပါတယ်။ အချို့ကလည်း ဒီအတိုင်း အပေါ်ကနေ ခုန်ကျော်နိုင်ကြပြီး..တစ်ခြားတစ်ကောင်ကတော့ ဒီအတွက်ကြိုးစားနေခဲ့ပါပြီ။

သို့ပေမယ့် အဲ့သတ္တဝါ မြေပြင်ပေါ်မဆင်းသက်နိုင်ခင်မှာပဲ ကောင်းကင်ကနေ လှံတိုတစ်စင်း ကျရောက်လာခဲ့ပြီး သတ္တဝါကို စိုက်ဝင်သွားခဲ့တယ်။

ရိုင်နို ကတော့ ဝေးကွာလှတဲ့ တောင်တက်လမ်းရဲ့ အဝင်ဝဆီကို ဦးတည်မောင်းနှင်နေခဲ့ပါပြီ။

ယာဉ်တန်းရဲ့ ထပ်တူညီမူတွေ ကတော့ ယာဉ်တွေရဲ့ အရှေ့ကနေ ရွေ့လျားရင်း ပစ်ခတ်မှုတွေကနေ တစ်နည်းနည်းနဲ့ လွတ်မြောက်လာခဲ့တဲ့ အိပ်မက်ဆိုး သားရဲတွေကို ဆုတ်ဖြဲပစ်နေခဲ့ကြတယ်။ ကျီးကန်းကတောင် ကူညီပေးနေခဲ့ပြီး အောက်ကို ထိုးဆင်းကာ အားနည်းတဲ့ ရန်သူတွေကို သူ့ရဲ့ နှုတ်သီးနဲ့ ခြေသည်းတွေနဲ့ ဆုတ်ဖြဲနေခဲ့ပါတယ်။

ဆန်နီ ကတော့ မြှားတွေကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေခဲ့တယ်။ တစ်စင်းချင်းစီက အိပ်မက်ဆိုး သားရဲတွေ ရဲ့ ခန္ဓာကိုယ်ပေါ်က အလွန် ထိခိုက်လွယ်တဲ့ နေရာတွေကို စိုက်ဝင်သွားခဲ့ပြီး သူတို့ကို ချက်ချင်း သေဆုံးစေခဲ့ပါတယ်။ သူ့ရဲ့ တိကျမှုက ကြောက်စရာကောင်းလောက်အောင် ပြည့်စုံလွန်းနေခဲ့တယ်…။အန္တာတိကမှာ လပေါင်းများစွာ တိုက်ခိုက်ခဲ့ရတာက တတ်ကျွမ်းထားဖူးတဲ့ အခြေခံ မြှားပစ်စွမ်းရည်ကို ထက်မြက်အောင် သွေးပေးခဲ့သလိုပါပဲ။

‘ကိုင် သာ မြင်ရင် ဂုဏ်ယူနေမှာပဲ…’

သူ့ရဲ့ ပစ်မှတ်ကို အနည်းငယ် ပြောင်းလဲရင်း ဆန်နီ သက်ပြင်းချလိုက်မိတယ်။ သူ့ရဲ့ သူငယ်ချင်းက အခုချိန်မှာ ဘာလုပ်နေမလဲ။သူက ကျောက်ချထားတဲ့ စစ်သင်္ဘောကြီးတွေကို ကြည့်ရင်း သူ တက်ရမယ့် အလှည့်ကို စောင့်ဆိုင်းနေလောက်ပါတယ်..။

ဆန်နီဟာ စိတ်ပျံ့လွင့်စရာအားလုံးကို မောင်းထုတ်လိုက်ပြီး လက်ရှိလုပ်ဆောင်ရမယ့် အလုပ်ပေါ်မှာပဲ အာရုံစိုက်လိုက်တယ်။

…ရွန် ရဲ့ လျှပ်စီးတံတိုင်းကြီး ပျက်စီးသွားတဲ့ အချိန်မှာတော့ ယာဉ်တန်းက မတ်စောက်တဲ့ တောင်စောင်းပေါ်ကို တက်နေခဲ့ပြီ ဖြစ်တာကြောင့် လျှိုမြှောင်ထဲကနေ ထွက်ခွာဖို့ လမ်းစပေါ် ရောက်နေခဲ့ပါပြီ။ နေဗီ က နောက်ကနေ လိုက်လာနိုင်တဲ့ ဘယ်ရန်သူကိုမဆို တားဆီးဖို့အတွက် မိုင်းကွင်းတစ်ခုကို ပြင်ဆင်ပေးထားခဲ့တာကြောင့် သူတို့ရဲ့ ဆုတ်ခွာမှုက ဘာအခက်အခဲမှမရှိဘဲ အောင်မြင်ဖို့ အခွင့်အလမ်း အများကြီး ရှိနေခဲ့ပါတယ်။

ပြီးတော့ တကယ်ပဲ လူတိုင်းကို အံ့ဩစေခဲ့တာက ဘာမှ လွဲချော်မူမရှိခဲ့တာပါပဲ။

တောင်ပေါ်ကို ပိုပြီး ရောက်လာတဲ့ အခါမှာတော့ ဆန်နီ က ရိုင်နို ရဲ့ အမိုးပေါ်မှာ ရပ်နေခဲ့ပြီး အရှေ့က ရင်းနှီးနေတဲ့ ဂိတ်ပေါက် ကို စိုက်ကြည့်နေခဲ့မိတယ်။ အဲ့နေရာကတော့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူ ဂိတ်စောင့် ကို သတ်ဖြတ်ခဲ့တဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောင်းလဲသွားတာ သိပ်မရှိပါဘူး။

တောင်တက်လမ်းမှာ ရန်သူတွေ ကင်းစင်နေတာက သံသယဖြစ်စရာ ကောင်းနေခဲ့ပြီး မကြာခင်မှာပဲ ဒါက ဘာကြောင့်လဲဆိုတာကို သဘောပေါက်သွားခဲ့တယ်။ လေးလံတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခုရဲ့ အနောက်ကနေ ရုတ်တရက် ပေါ်လာခဲ့ပြီး ရိုင်နို ရဲ့ အမိုးပေါ်ကို သက်တောင့်သက်သာပဲ ခုန်တက်လိုက်ကာ ဆန်နီ နဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ ဆင်းသက်လိုက်ပါတယ်။

သူ့ရဲ့ မျက်နှာက အကာအကွယ် ခေါင်းစွပ်ရဲ့နောက်မှာ ပျောက်ကွယ်နေခဲ့ပေမယ့် ဆန်နီ ကတော့ ဒီလူရဲ့ တည်ငြိမ်တဲ့ ကိုယ်နေဟန်ထားနဲ့ အသုံးအဆောင်တွေကြောင့် တက်ရောက်သူ ဒေးလ် မှန်း မှတ်မိလိုက်ပါတယ်..။သူက

ဝင်းတား ရဲ့ ပါတနာဟောင်း ဖြစ်ပြီး အထူးတပ်ဖွဲ့ ရဲ့ ကပ္ပတိန်တွေထဲက တစ်ယောက် ပါ..။

မာစတာ တစ်ယောက်ဖြစ်တဲ့ သူရဲကောင်း က သူ့ကို လှမ်းကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

ဆန်နီ ပြုံးလိုက်ပြီး..

“ဟေး ဒေးလ်။ခင်ဗျား ကို မြင်ရတာ တကယ်ကို ဝမ်းသာစရာပဲ။ နေဦး.. ခင်ဗျားက အမြဲတမ်း ဒီလို ဆွဲဆောင်နိုင်စွမ်း ရှိနေတာလား”

စစ်သည်တော်က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ ခေါင်းခါယမ်းလိုက်တယ်။ယင်းနောက် တည်ငြိမ်တဲ့ အသံတစ်ခုက ခေါင်းစွပ် အနောက်ကနေ ထွက်ပေါ်လာခဲ့တယ်..။

“…မင်း ကိုယ်တိုင်လည်း မဆိုးပါဘူး ဆန်နီ”

ဒီလိုပြောပြီးတာနဲ့ သူက သူ့ရဲ့ ဒိုင်းလွှားကို ရုပ်သိမ်းလိုက်ပြီး အစွမ်းထက်တဲ့ လေးတစ်လက် ကို အစားထိုး ဆင့်ခေါ်လိုက်ပါတယ်။

“ကဲ.. အခုတော့ ကျေးဇူးပြုပြီး အာရုံစိုက်ထားပေးမလား။ငါတို့ တတ်နိုင်သလောက်တော့ အကောင်းဆုံး လုပ်ထားခဲ့ပေမယ့် လမ်းကတော့ ဆိုးနေဦးမှာပဲ”

…ပြီးတော့ လမ်းက တကယ်လည်း ကြမ်းတမ်းခဲ့ပါတယ်..။

သို့ပေမဲ့ အဆုံးသတ်မှာတော့ ယာဉ်တန်းက

ဖယ်လ်ကွန် စကော့တ် ရဲ့ မြို့တံခါးတွေဆီကို ဘေးကင်းလုံခြုံစွာနဲ့ ရောက်ရှိသွားခဲ့ကြတယ်။

ရိုင်နို က ဝန်းရံခံ ခံတပ်မြို့တော်ရဲ့ ခံတပ်ကြီးတွေကို ဖြတ်သန်းမောင်းနှင်ပြီး ..ဖောက်ထွင်းလို့မရနိုင်ပုံရတဲ့ မြို့ရိုးကြီးဆီကို ချဉ်းကပ်သွားတဲ့ အခါမှာတော့ ဆန်နီ ဟာ တအံ့တဩနဲ့ စိုက်ကြည့်နေခဲ့မိပါတယ်။

သူတို့တွေ ထွက်ခွာလာခဲ့စဉ်တုန်းက မြို့မှာ ခိုင်မာတဲ့ ကာကွယ်ရေးစနစ်တွေ ရှိခဲ့ပေမယ့်… အခုလောက်အထိတော့ မကြောက်စရာ

မကောင်းခဲ့ပါဘူး။

သံမဏိ မြို့ရိုးကြီးက အနည်းဆုံး မီတာ ခုနစ်ဆယ်လောက် မြင့်မားပြီး ခံတပ်မြို့တော်တစ်ခုလုံးကို ဝန်းရံထားခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ ခံတပ်နေရာတွေမှာတော့ ဖျက်အားပြင်း ရေးဂန်းတွေ တပ်ဆင်ထားခဲ့ကြတယ်။ဒါတွေက အနားယူထားတဲ့ စစ်သင်္ဘောကြီးတွေဆီကနေ ဖြုတ်ယူလာခဲ့တာ ဖြစ်နိင်ပါတယ်။ မြို့ရိုးတစ်လျှောက်မှာတော့ စက်သေနတ်ပေါင်း ထောင်နဲ့ချီပြီး တပ်ဆင်ထားခဲ့ကြကာ အချို့က မြေပြင်ကို ချိန်ရွယ်ထားကြပြီး အချို့ကတော့ မှောင်မိုက်တဲ့ ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့ကြတယ်။ ဆန်နီ ကတော့ မြို့ရိုးပေါ်မှာ ကင်းလှည့်နေကြတဲ့ စက်ယန္တရားကြီးတွေကို မြင်တွေ့နေရပါတယ်။

မြို့ပတ်ပတ်လည်က သတ်ကွင်းထဲမှာတော့ ရေတွက်လို့မရနိုင်တဲ့ အလောင်းတွေ ပြည့်နှက်နေခဲ့ပြီး အိပ်မက်ဆိုး သားရဲတွေ အများစုကတော့ လုံးဝ ဆုတ်ဖြဲခံထားရတဲ့ ပုံပါပဲ။ အင်ဂျင်နီယာအဖွဲ့တွေက သူတို့ကြားမှာ ရွေ့လျားရင်း ဝိဥာဉ်အမြုတေတွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို စုဆောင်းနေခဲ့ကြတယ်။

ပထမတပ်မတော် ရဲ့ အင်အားအားလုံးက ဒီနေရာမှာ စုစည်းနေခဲ့ကြတာ ဖြစ်ပြီး မြို့ကိုယ်တိုင်ကလည်း ကြီးမားတဲ့ ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာကြောင့်.. ဒီလို ခမ်းနားထည်ဝါတဲ့ ခံတပ်ကြီးတွေကို တည်ဆောက်နိုင်ဖို့.. စိုက်ထုတ်ခဲ့ရမယ့် ခွန်အားတွေ.. အရင်းအမြစ်တွေနဲ့ ဉာဏ်ပညာတွေကိုတော့ စဉ်းစားကြည့်လို့တောင် မရနိုင်ပါဘူး။

ဖယ်လ်ကွန် စကော့တ် ကို ကြည့်ရတာတော့… ကျရှုံးဖို့အတွက်ဆိုရင် အတော်လေး ကြီးမားလွန်းနေပါတယ်။

သို့ပေမယ့် ဆန်နီ ရဲ့ အာရုံစိုက်မှုအားလုံးက လက်ရှိမှာ ယာဉ်တန်းကြီး အလျင်အမြန်ချဉ်းကပ်သွားနေတဲ့ ..ခံတပ်မြို့တော်ရဲ့ ကြီးမားတဲ့ မြို့တံခါးကြီးတွေဆီမှာပဲ ရှိနေခဲ့တယ်။

မြို့ရိုးရဲ့ အရိပ်တွေက သူ့အပေါ်ကို ကျရောက်လာတာနဲ့ သူက တိုးညှင်းစွာ သက်ပြင်းချလိုက်ပါတယ်။ဒါက ခွန်အားအားလုံး ကုန်ဆုံးသွားသလိုမျိုး ရုတ်တရက် တုန်ရီသွားခဲ့တာပါ။

ပြင်းထန်ပြီး အတိုင်းအဆမရှိတဲ့ စိတ်သက်သာရာရမှုကြီးက ဆန်နီ ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပါပြီ။ သူက သံချပ်ကာယာဉ်ရဲ့ အမိုးပေါ်ကို ဖြည်းဖြည်းချင်း လှဲချလိုက်မိတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေရဲ့ ဝေဝါးလှတဲ့ ပုံရိပ်တွေက သူ့ရဲ့ စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့ကြတယ်။ LO49 ရဲ့ ဆိတ်ငြိမ်နေတဲ့ လမ်းမတွေ.. မြေအောက်ဥမင်လိုဏ်ခေါင်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မှောင်မိုက်မှုတွေ.. သမုဒ္ဒရာလှိုင်းလုံးတွေအောက်ကနေ ထွက်ပေါ်လာခဲ့တဲ့

ဂိုလီယက် ရဲ့ ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့… နောက်ထပ် အများကြီးပါပဲ။

ဒါတွေအားလုံးက အခုတော့ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ။

‘ငါတို့… လုပ်နိုင်ခဲ့ပြီ’

ဖယ်လ်ကွန် စကော့တ် ရဲ့ မြို့တံခါးကြီးတွေက သူ့ရဲ့ မေးခွန်းကို အဖြေပေးလိုက်သလိုမျိုး စတင်ပြီး ပွင့်လာခဲ့ကြတယ်။

အမှန်တကယ်တော့ ဆန်နီ ရဲ့ အတွေးတွေက မှန်ကန်ခဲ့ပါတယ်။

သူက နောက်ဆုံးတော့ ဒီလူတွေကို ဘေးကင်းရာဆီ ခေါ်ဆောင်လာနိုင်ခဲ့ပါပြီ။

အန္တာတိက အလယ်ပိုင်းတစ်ခုလုံးမှာတော့ လူသားတွေက မြောက်ဘက်ဆီကို ဆုတ်ခွာနေခဲ့ကြပြီး ဒီ စွန့်ပစ်ခံနယ်မြေမှာ သူတို့မျိုးနွယ်စုရဲ့ နောက်ဆုံးခံတပ်ဆီကို ဦးတည်နေခဲ့ကြတာ ဖြစ်ပါတယ်။

…သို့ပေမယ့် အဆိုပါ လမ်းကြောင်းဆီကို ရွေ့လျားနေကြတာက လူသားတွေချည်းပဲတော့ မဟုတ်ပါဘူး။

ကမ်းခြေတစ်ခုမှာတော့ အိပ်မက်ဆိုး သားရဲ အုပ်ကြီးတစ်ခုက ထူးဆန်းစွာ ပြုမူနေခဲ့ကြတယ်။ ဖြည်းဖြည်းချင်းနဲ့ တိတ်ဆိတ်စွာပဲ.. သားရဲတွေက လှိုင်းလုံးတွေဆီကို ချီတက်နေခဲ့ကြပါတယ်။ တစ်ကောင်ပြီးတစ်ကောင်ဆိုသလိုပဲ သူတို့က မှောင်မိုက်တဲ့ ရေပြင်ထဲကို လျှောက်လှမ်းသွားခဲ့ကြပြီး ဘာလက္ခဏာမှ မချန်ဘဲ ပျောက်ကွယ်သွားခဲ့ကြတယ်။ တစ်ရက်အကြာမှာတော့ ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို မြောက်ဘက်ပိုင်းမှာ ထပ်မံ မြင်တွေ့ခဲ့ရပြန်ပါတယ်။

ဝေးကွာလှတဲ့ တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာတော့ မှောင်မိုက်နေတဲ့ မြစ်တစ်စင်းက နက်ရှိုင်းတဲ့ လျှိုမြှောင်ကြီးတစ်ခုကို ဖြတ်သန်းစီးဆင်းနေခဲ့တယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ဒါကို အနီးကပ် ကြည့်နိုင်မယ်ဆိုရင် အဆိုပါ မှောင်မိုက်မှုက သေးငယ်လှတဲ့ အနက်ရောင် ပိုးကောင် အမြောက်အမြားနဲ့ ဖွဲ့စည်းထားတာကို မြင်တွေ့ရမှာပါ။ သူတို့ရဲ့ လမ်းကြောင်းမှာ ရှိသမျှ အရာအားလုံးကို ဝါးမြိုရင်း ..ဒီ ပိုးတုံးလုံးကောင်တွေကလည်း မြောက်ဘက်ဆီကို ဦးတည်နေခဲ့ကြတယ်..။

အခြားနေရာတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ တောင်ကြီးတစ်လုံးက ဒီလမ်းကြောင်းအတိုင်း ရွေ့လျားနေတဲ့ ပုံဖြစ်နေခဲ့တယ်။ ကျောက်တုံး ဘီလူးကြီးက ပျက်စီးနေတဲ့ မြေပြင်ကို ဖြတ်သန်းသွားနေခဲ့တာ ဖြစ်ပြီး သူ ခြေလှမ်းလိုက်တိုင်းမှာ ကမ္ဘာကြီးက တုန်ခါနေခဲ့ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသော မျက်လုံးက အဝေးကို စိုက်ကြည့်နေခဲ့ပြီး.. ကီလိုမီတာ ထောင်နဲ့ချီတဲ့ အကွာအဝေးကို ဖြတ်သန်းကြည့်ရှုနိုင်စွမ်း ရှိနေသလိုမျိုးပါပဲ။

ညဉ့်ကောင်းကင်ယံမှာ လမင်းကြီး ပေါ်လာတဲ့ အခါမှာတော့ ဘီလူးကြီးရဲ့ မျက်လုံးက ပိတ်သွားခဲ့တယ်။

အဝေးတစ်နေရာမှာလည်း ပြင်းထန်တဲ့ နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေခဲ့ပါတယ်။မုန်တိုင်းရဲ့ အလယ်ဗဟိုမှာတော့ လုံးဝ တိတ်ဆိတ်နေတဲ့ စက်ဝိုင်းတစ်ခုနဲ့ ဝန်းရံလျက်.. အကျည်းတန်လှတဲ့ သတ္တဝါတစ်ကောင်က ဆီးနှင်းတွေရဲ့ အထက်မှာ ပျံဝဲနေခဲ့တယ်။ မကြာခင်မှာပဲ လေပြင်းတွေက ပိုမို ပြင်းထန်လာခဲ့ပြီး လမ်းကြောင်းတစ်ခုတည်းဆီကိုပဲ အရှိန်အဟုန်နဲ့ တိုက်ခတ်သွားခဲ့ပါတယ်..။

မြောက်ဘက်.. မြောက်ဘက်.. မြောက်ဘက်ဆီကို ဦးတည်နေတာပါ။

…ပြီးတော့ ကွေ့ကောက်နေတဲ့ တောင်စောင်းတစ်ခုပေါ်မှာတော့ အစွမ်းထက်လှတဲ့ သားရဲတစ်ကောင်က သူ သတ်ဖြတ်ခဲ့တဲ့ ရန်သူရဲ့ အကြွင်းအကျန်တွေကို စားသောက်ဖို့ ပြင်ဆင်နေခဲ့တယ်။ သို့ပေမယ့် ဒီသတ္တဝါ မစားသုံးနိုင်ခင်မှာပဲ ပတ်ပတ်လည်က အရိပ်တွေက ရုတ်တရက် အသက်ဝင်လာခဲ့ပြီး အနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

သတ္တဝါက အရပ်ရှည်ပြီး လူသားနဲ့ တူနေခဲ့ကာ စက်ဝိုင်းပုံ အနက်ရောင် အရိုးပြားတွေက သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားခဲ့တယ်။ သားရဲ မတုံ့ပြန်နိုင်ခင်မှာပဲ တစ်စုံတစ်ခုက လှုပ်ရှားသွားခဲ့ပြီး သွေးစက်တွေဟာ ဆီးနှင်းတွေကို နီရဲသွားစေခဲ့ပါတယ်။ မကြာခင်မှာပဲ ဆုတ်ဖြဲခံထားရတဲ့ အသားစတွေနဲ့ ကလီစာတွေ က မြေကြီးပေါ်ကို ကျရောက်လာခဲ့တယ်။

အနက်ရောင် သတ္တဝါက လက်ချောင်းနှစ်ချောင်း မရှိတော့တဲ့ သူ့ရဲ့ လက်နဲ့ သားရဲရဲ့ ပြတ်တောက်သွားတဲ့ ခေါင်းကို မြှောက်လိုက်ပြီး ခနလောက် စိုက်ကြည့်နေခဲ့မိတယ်။ မကြာခင်မှာပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ ဝါးမြိုသံတွေ ထွက်ပေါ်လာခဲ့ပြီး လေပြင်းတွေကြားထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒီ သတ္တဝါက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အစားအစာကို စားသောက်ပြီးတဲ့နောက်မှာ..ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ မြောက်ဘက်ဆီကို လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်လှတဲ့ မုန်းတီးမှုတွေနဲ့ တောက်လောင်နေခဲ့တာပါ။

သူ့ရဲ့ အောက်ဘက် မလှမ်းမကမ်းမှာတော့ သမုဒ္ဒရာကြီးရဲ့ အနီးမှာ ကျယ်ပြန့်စွာ တည်ရှိနေတဲ့ ဖယ်ကွန်စကော့ မြို့ကြီး ရှိနေခဲ့ပါပြီ…။

အပိုင်း ( ၉၈၀ ) ပြီး၏။

All Chapters