အခန်း ၉၈၁
Vol. 66 Ch. 981
အခန်း ( ၉၈၁ ) အားလုံးက တိတ်ဆိတ်လျက်
ရိန်း က မကြာသေးခင်ကမှ အသက်
ဆယ့်ခြောက်နှစ် ပြည့်သွားခဲ့တာပါ။
ဆယ်ကျော်သက် တိုင်းအတွက်တော့ ဒါက ထူးခြားတဲ့ နေ့ရက်တစ်ရက် ပါပဲ။ ဒီလိုနေ့ရက်က စကားလုံးတွေနဲ့ ဖော်ပြနိုင်တာထက် ပိုပြီး အဓိပ္ပာယ်ရှိနေခဲ့တယ်.. ။ဘာလို့လဲဆိုတော့ သူတို့တွေဟာ အခုအချိန်ကစပြီး နောက်ထပ် နှစ်နှစ်..သုံးနှစ်လောက်အထိ အခိုက်အတန့် ရဲ့ ကူးစက်မှုကို ခံရနိုင်ခြေ ရှိနေလို့ပါပဲ။
သူမက အပြောင်းအလဲအများကြီး ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်..ရိန်း ကို အံ့ဩစေခဲ့တာကတော့ သူမနဲ့ ပတ်သက်တဲ့ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေခဲ့တာပါပဲ။
…သို့ပေမယ့် သူမရဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကတော့ အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။
သူမရဲ့ နေ့စဉ်ဖြတ်သန်းမှုက အရင်ကအတိုင်းပဲ ဖြစ်နေပေမယ့်လည်း လူတိုင်းက မသိမသာနဲ့ကွဲပြားစွာ ပြုမူနေကြပါတယ်။ သူမရဲ့ မိဘတွေက သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေကြပေမယ့် သူတို့ ဘယ်လောက်အထိ စိုးရိမ်နေကြလဲဆိုတာကို သူမ သိနေခဲ့တယ်။ သူမရဲ့ အတန်းဖော်တွေကလည်း ရဲရင့်တဲ့ မျက်နှာတွေကို ဖန်တီးထားကြပေမယ့် ဘယ်သူမှ သူတို့ထင်သလောက် သရုပ်မဆောင်နိုင်ကြပါဘူး။ ဆရာတွေတောင် ငြိမ်ချက်သား ကောင်းနေကြပါတယ်။
မြို့ရဲ့ လမ်းမတွေပေါ်က စိတ်ခံစားမှုကလည်း သိမ်မွေ့စွာ ကွဲပြားနေခဲ့တယ်..။
ဒါပေါ့ ရိန်း ကတော့ အရာအားလုံးရဲ့ ဗဟိုချက် မဟုတ်ခဲ့ပါဘူး။ ဒီအပြောင်းအလဲအများကြီးက သူမနဲ့ ဘာမှ မသက်ဆိုင်ပဲ..လူတွေက သတင်းစာ စာမျက်နှာတွေမှာ အမြဲ စောင့်ကြည့်နေကြရတဲ့ အကြောင်းအရင်းကြောင့် ဖြစ်လာခဲ့တာပါ။.. အဲဒါကတော့ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း မြို့တော် ရဲ့ အကြီးအကျယ် ရွှေ့ပြောင်းမူကြီး ကြောင့်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက သမိုင်းဝင် ဖြစ်ရပ်တစ်ခု မဟုတ်ဘူးလား။
ဒီအရာတွေက မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း ဆီကိုတော့ အမှန်တကယ် မသက်ရောက်သေးပါဘူး။ ဒုက္ခသည်တွေက ရောက်မလာကြသေးသလို သူတို့ ထွက်ပြေးလာကြတဲ့ အန္တရာယ်ကလည်း အဝေးကြီးမှာ ရှိနေသေးတာကြောင့် ထိပ်လန့်မူကို မခံစားကြရပေ။ ဒါပေမဲ့ လူတိုင်းက ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ ရှိနေကြပုံရပြီး လမ်းမတွေပေါ်မှာလည်း တစ်ခါတစ်ရံ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကို မြင်တွေ့နေရပါတယ်။
မြို့အနှံ့မှာလည်း လူတွေကို ဒုတိယအကြိမ် ရွှေ့ပြောင်းခြင်း တပ်မတော် ထဲကို ဝင်ရောက်ဖို့ တိုက်တွန်းထားတဲ့ စစ်မှုထမ်း စည်းရုံးရေး ပိုစတာ အမြောက်အမြား ရှိနေခဲ့တယ်..။ ပထမတပ်မတော် ကတော့ အန္တာတိကမှာ နေ့စဉ်နဲ့အမျှ အိပ်မက်ဆိုး သားရဲတွေကို တွန်းလှန်ရင်း အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ရရှိနေခဲ့ပါတယ်။ ဂုဏ်ကျတ်သရေကို ရယူလိုပြီး အောင်ပွဲရ သူရဲကောင်းတွေနဲ့အတူ လူသားမျိုးနွယ်ကို ကာကွယ်ချင်တဲ့ ဘယ်သူ့ကိုမဆို စစ်ပွဲထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားခဲ့ကြပါတယ်။
ဒါမှမဟုတ် အနည်းဆုံးတော့ ဒါက သတင်းတွေက သူတို့ကို ပြောပြချင်နေတဲ့ အရာတွေပါ..။ လူအများစုကတော့ ဒီဝါဒဖြန့်မှုတွေအတိုင်း ယုံကြည်နေကြပြီး အန္တာတိက စစ်ဆင်ရေးက အဆင်ပြေနေတယ်လို့ ထင်မှတ်နေကြပေမယ့်
ရိန်း ကတော့ ဒီလိုအရာတွေနဲ့ ပတ်သက်ရင် အားလုံးထက် အားသာချက် အနည်းငယ် ရှိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ ဖခင်က အစိုးရအဖွဲ့မှာ အလုပ်လုပ်နေတာကြောင့် ပါပဲ။ သူမ အဖေက အိမ်မှာ အလုပ်အကြောင်း ပြောဆိုတာ ရှားတယ်ဆိုပေမယ့် သူမကတော့ နှစ်တွေတစ်လျှောက် အချို့အရာတွေကို သိရှိထားခဲ့ပါတယ်။
ဒီရက်ပိုင်းမှာတော့ သူမရဲ့ ဖခင်က အတော်လေး စိတ်ဖိစီးနေတဲ့ ပုံပါပဲ။ နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ သူက ပိုပြီး စိတ်ဖိစီးလာခဲ့ပါတယ်။
…ပြီးတော့ ဆန်နီ ကလည်း ပျောက်ကွယ်နေခဲ့ပါသေးတယ်..။
ရိန်း ကတော့ သူမရဲ့ ထူးဆန်းတဲ့ အိမ်နီးနားချင်းက စိတ်တိုင်းကျ ရောက်လာလိုက် ထွက်သွားလိုက် လုပ်တတ်ပြီး တစ်ခါတစ်ရံ အချိန်အကြာကြီး ပျောက်ကွယ်သွားတတ်တာကို အသားကျနေခဲ့ပါပြီ။ အနည်းဆုံးတော့ အခုတစ်ကြိမ်မှာ သူ ဘယ်မှာရှိနေလဲဆိုတာကို သူမ သိနေခဲ့တယ်… ။ဆန်နီ က စစ်သားတွေကို အမိန့်ပေးနေလိမ့်မယ်ဆိုတဲ့ အတွေးက ကြောက်စရာကောင်းတာထက် ပိုပြီး ရယ်စရာ ကောင်းနေခဲ့ပါတယ်။
‘ဒီ သနားစရာကောင်းတဲ့ လူတွေ…’
ဒါပေါ့ သူမရဲ့ နောက်ပြောင်တတ်တဲ့ ဆရာက တကယ်တော့ မာစတာ တစ်ယောက် ဖြစ်တယ်ဆိုတာ သိထားပြီးသားပါ။ ဆန်နီ ရဲ့ ရယ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ ထူးဆန်းတဲ့ နောက်ပြောင်မှုတွေ ရှိနေခဲ့ပေမယ့် သူက အစွမ်းထက်လှတဲ့ တက်ရောက်သူ တစ်ယောက် ဖြစ်ပါတယ်… ။ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့က ဘယ်သူမဆို
မဖြစ်နိုင်တာကြောင့်ပါပဲ။
ဒါပေမယ့်လည်း…
လေဒီ နစ်ဖီ.. အယ်ဖီ.. နိုက်.. သူတို့အားလုံးက ချီးကျူးခံရတဲ့ စစ်သည်တော်တွေ ပါ။ တစ်ဖက်မှာတော့ ဆန်နီ က ကင်းထောက်တစ်ယောက် သာ ဖြစ်ပါတယ်..။ သူက ထူးချွန် ပြောင်မြောက်တဲ့ ဓားသမားတစ်ယောက်နဲ့ ပါးနပ်တဲ့ စစ်ဗျူဟာမှူးတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သူ့ရဲ့ စွမ်းရည် က တိုက်ပွဲအတွက် မသင့်တော်ပါဘူး..။ အန္တာတိကမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲမျိုးတွေဆိုရင် သူနဲ့ ပိုလို့တောင် မသင့်တော်ပါဘူး။
ဒီအရူးက စစ်ပွဲ အလယ်မှာ ဘာတွေ သွားလုပ်နေတာလဲ။
ပြီးတော့ သူက ဘာလို့ သူမရဲ့ မက်ဆေ့ခ်ျတွေကို ပြန်မဖြေရတာလဲ။
‘တောက်.. ဆန်နီ’
သူမက အတန်းထဲမှာ ထိုင်ရင်း သင်ခန်းစာကို အာရုံမစိုက်နိုင်ဘဲ ဖြစ်နေခဲ့တယ်… ။ဘာပဲဖြစ်ဖြစ် ဒါက ရိုးရိုး နွေရာသီ သင်တန်း တစ်ခုသာ ဖြစ်ပြီး..လူတိုင်းက ပြင်းထန်တဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုအပြီးမှာ ငိုက်မျည်းနေကြတာ ဖြစ်လို့..ရိန် ကတော့ သူမရဲ့ ဆက်သွယ်ရေးစက်စခရင်ကို စူးစိုက်ကြည့်နေခဲ့မိပါတယ်။
အစပိုင်းမှာတော့ အရာအားလုံးက အဆင်ပြေခဲ့ပေမယ့် ယင်းနောက်မှာတော့ အားလုံးက လွဲချော်ပါတော့တယ်။ ဆန်နီ ဘက်က စာမပြန်ပေမဲ့ သူမက အစပိုင်း ရက်သတ္တပတ်တွေမှာ အရမ်းကြီး မစိုးရိမ်ခဲ့ပါဘူး။
သို့ပေမယ့် အခုဆိုရင် နှစ်လလောက် ရှိသွားခဲ့ပြီ ဖြစ်ပြီး သူက အရိပ်အယောင်တောင် ပေါ်မလာခဲ့ပေ..။
တစ်နေရာအရောက်မှာတော့ ရိန် က စိုးရိမ်လာခဲ့ပြီး ဘာလုပ်ရမှန်း မသိတာကြောင့် အီကို ဆီ ကို ဆက်သွယ်ခဲ့ပါတယ်။ သို့ပေမဲ့ အီကို က သူမကို စိတ်လျှော့ထားဖို့သာ ပြောခဲ့ပြီး ဆန်နီ က တစ်နေရာရာမှာ ကောင်းကောင်းမွန်မွန် ရှိနေမှာ သေချာတယ်လို့ ဆိုခဲ့ပါတယ်။ ဒီ မိန်းကလေး က ဆန်နီ ရဲ့ စွမ်းရည်တွေအပေါ် ယုံကြည်မှု အများကြီး ရှိနေတဲ့ပုံပါပဲ..။
သို့ပေမယ့် ရိန် ကတော့ စိတ်မအေးနိုင်ခဲ့ပါဘူး။
ဒါက တကယ်ကို ရယ်စရာကောင်းပါတယ်။… အခုချိန်မှာ သူမက အခိုက်အတန့် ရဲ့ ရွေးချယ်ခြင်း ခံရမှာကို ပူပန်နေရမှာ ဖြစ်ပေမယ့် ဆန်နီ ရဲ့ ထူးဆန်းတဲ့ တိတ်ဆိတ်မှုကသာ သူမကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်နေစေခဲ့ပါတယ်။
ဒါကြောင့် ရိန် က အတန်းအလယ်မှာ ဆက်သွယ်ရေးကိရိယာ ကိုပဲ စိုက်ကြည့်နေခဲ့မိတာပါ။
အခြေအနေတွေကသာ အရမ်း ကြောက်စရာကောင်း မနေဘူးဆိုရင် သူမရဲ့ မက်ဆေ့ခ်ျမှတ်တမ်းက တကယ်ကို ရှက်စရာ ကောင်းနေပါလိမ့်မယ်။
“ဟေး.. ငါ့ရဲ့ နောက်ဆုံး မက်ဆေ့ခ်ျကို ရလား”
“ရိန်း မှဆန်နီ သို့ : ဟဲလို”
“ငါ့ကို လျစ်လျူရူနေတာ ရပ်လိုက်တော့”
“ဘာလို့ ပြန်မဖြေတာလဲ”
“ဆန်နီ”
“နင် ..အလုပ်အရမ်းများနေရင်လည်း ဒီတိုင်းသာ ပြောလိုက်.. ။ငါ တစ်ခြား စိတ်ဝင်စားဖို့ကောင်းတာ သွားလုပ်နေလိုက်မယ်”
“ဘာလဲ.. အိုကေ လို့တောင် ပြန်မပြောနိုင်ဘူးလား.. လုပ်စမ်းပါ”
“တကယ်ပြောတာ.. နင် အဆင်ပြေရဲ့လား”
“တစ်ခုခု ဖြစ်ထားလို့လား”
“တကယ်လို့ နင် ငါ့ရဲ့ မက်ဆေ့ခ်ျတွေကို ဖတ်ဖို့ မေ့နေတာဆိုရင်တော့ .. သေပြီသာမှတ်”
“နင် တကယ်ကြီး သေသွားတာတော့ မဟုတ်ပါဘူးနော်”
“ဟဟ.. နောက်တာပါ”
“ဘယ်လိုငရဲလဲ... နင်က ငါ့ရဲ့ မွေးနေ့ကိုတောင် ဆုတောင်းမပေးတော့ဘူးလား”
“ဆန်နီ.. နင် အဆင်ပြေရဲ့လား”
“ငါ့ကို ပြန်ဖြေဦး အရူးကောင်”
“ဆန်နီ.. ငါ့ကို ပြန်ဖြေဦး”
“ငါ နည်းနည်း စိုးရိမ်နေမိပြီ ထင်တယ်..။အဲတာကြောင့်.. အားတဲ့အချိန်ကျရင် မက်ဆေ့ခ်ျလေး တစ်စောင်လောက် ပို့ပေးပါဦး”
“ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ”
ရိန်းဟာ အံကြိတ်ရင်း ဆက်သွယ်ရေးကိရိယာကို သိမ်းထားလိုက်တယ်။ သူမက ဆရာ့ရဲ့ ဟောပြောမှုကို နားထောင်ဖို့ ကြိုးစားခဲ့ပေမယ့် ပတ်ဝန်းကျင်မှာ အတန်းဖော်တွေက တီးတိုးပြောဆိုရင်း အတင်းအဖျင်းတွေ ပြောနေကြတာကြောင့် တစ်ခုခုကို ကြားရဖို့ ခက်ခဲနေခဲ့ပါတယ်။
အတန်း.. အတင်းအဖျင်းစကားတွေ.. ဒါတွေအားလုံးက ကြည့်ရတာ.. အရေးမပါသလိုပါပဲ။
စာသင်ခန်း တစ်ခုလုံးက တကယ်ကို အိပ်မက်ဆန်နေခဲ့တယ်။ ဒါက အတော်လေး ငြိမ်းချမ်းလွန်းနေပြီး .. နွေးထွေးကာ ပုံမှန်ဆန်လွန်းနေခဲ့ပါတယ်။ တစ်နေရာရာမှာတော့ လူပေါင်း သန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာနေကြရတယ် ဒါမှမဟုတ် သေဆုံးနေကြရပါတယ်..။ ဝန်းရံခြင်း လေးခုထဲက တစ်ခု ဆုံးရှုံးသွားတာက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ရေရှည်ကပ်ဆိုးကြီးလိုမျိုး နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ အန္တာတိကမှာ ဖြစ်ပျက်နေတဲ့ အရာမျိုးက မကြာခင်မှာ အခြား ကုန်းမြေတွေမှာလည်း အလွယ်တကူ ဖြစ်ပွားလာနိုင်တာပါပဲ။
ဒါပေမယ့်လည်း လူတွေက ထူးခြားတာ ဘာမှ
မရှိသလိုမျိုး ပြုမူနေကြဆဲ ဖြစ်ပါတယ်။ သူတို့က စိုးရိမ်ပူပန်မှု မရှိသလိုမျိုး သူတို့ရဲ့ ဘဝတွေကိုပဲ ဖြတ်သန်းနေခဲ့ကြတယ်..။ သူတို့တွေ ဖြစ်ပျက်နေတာတွေကို နားမလည်ကြတာလား။ ရှေ့တန်းမှာ စစ်သားတွေ နေ့တိုင်း သေဆုံးနေကြရတာကို သူတို့ မသိကြဘူးလား။
နိုးထသူ တွေ သေဆုံးနေကြရတာကိုရော မသ်ကြတာလား…။
‘အရူးတွေ…သောက်ကျိုးနဲ အရူးတွေ…’
အဲဒီအချိန်မှာပဲ သူမရဲ့ အတန်းဖော်တစ်ယောက်က နောက်ကို လှည့်လာပြီး အရှေ့ကို ကိုင်းကာ တီးတိုးပြောလိုက်တယ်..။
“ဟေး ရိန်။ နင် အခုတလော ဘာလို့ ဒီလောက်အထိ စိတ်ညစ်နေတာလဲ။ အတန်းပြီးရင် အစပ်တစ်ခုခု သွားစားကြမလား။ ဒီ ဒုက္ခသည်တွေ ရောက်လာပြီးရင် အစားအသောက်တွေကို အချိန်အတော်ကြာ ကန့်သတ်ထားတော့မှာ ဆိုတော့ ဒါက ငါတို့အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်…”
ရိန်းက သူမ ဘာလုပ်နေလဲဆိုတာကိုတောင်
မသိလိုက်ခင်မှာပဲ ဒေါသတကြီး တုံ့ပြန်မှုတစ်ခုက သူမရဲ့ ပါးစပ်ကနေ ထွက်သွားခဲ့ပါပြီ။
“နင့် စိတ်ထဲမှာ အစားအသောက်လောက်ပဲ ရှိနေတာလား”
သူမက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိပြီး ကိုယ့်ကိုယ်ကို မတ်တပ်ရပ်နေမှန်း သတိထားမိလိုက်တယ်။ အတန်းတစ်ခုလုံးက သူမကို စိုက်ကြည့်နေခဲ့ကြပါတယ်..။သူမက အသံကို လျှော့ထားဖို့ မေ့သွားခဲ့သလို… ထိုင်ခုံမှာ ထိုင်နေဖို့လည်း မေ့သွားခဲ့တာကတော့ သိသာနေခဲ့တယ်။
ဆရာက ရိန်း ကို အံ့ဩနေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
“…ဘာလို့လဲ.. ဟုတ်တာပေါ့။ ဒီအကြောင်းအရာက မင်းတို့လို လူငယ်တွေအတွက် အရမ်းကြီး စိတ်ဝင်စားဖို့ မကောင်းဘူးလို့ ထင်ရပေမယ့် ငါကတော့ ဒါကို တင်ပြနေတုန်းမှာ အခြားအရာကို တွေးနေရင် မရိုးသားရာ ကျလိမ့်မယ်။ ကဲ.. အခုတော့ ပြန်ထိုင်ပြီး ငြိမ်ငြိမ်လေးနေပေးပါ မိန်းကလေး။ မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်တာလဲ”
ရိမ်းက ရှက်ရွံ့သွားခဲ့ပြီး သူမရဲ့ ထိုင်ခုံမှာ ပြန်ထိုင်လိုက်ကာ ပြတင်းပေါက်ဘက်ကို လှည့်ထားလိုက်မိတယ်။
အတန်းက ဆက်သွားနေခဲ့ပြီး အတင်းအဖျင်းစကားတွေကလည်း ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ သူမက တီးတိုးပြောဆိုမှုတွေရဲ့ ပစ်မှတ် ဖြစ်သွားခဲ့ရတာပါပဲ။
အိမ်အပြန်လမ်းမှာတော့ ရိန် က ရင်းနှီးနေတဲ့ မီးခိုးရောင် အိမ်ကြီးတစ်လုံးကို ဖြတ်သန်းသွားခဲ့တယ်။ သူမက ခနလောက် ရပ်တန့်လိုက်ပြီး ..သည်းခံရခက်တဲ့ မာစတာ တစ်ယောက် ကော်ဖီသောက်ရင်း ကမ္ဘာပေါ်မှာ ဘာပူပန်မှုမှ မရှိသလိုမျိုး ပြုမူနေတတ်တဲ့ ဝရံတာလေးကို လှမ်းကြည့်လိုက်မိပါတယ်..။
ဝရံတာက အလွတ်ကြီး ဖြစ်နေခဲ့ပြီး အိမ်ကြီးကလည်း အလွတ်ကြီး ဖြစ်နေခဲ့ပါပြီ..။
သူမ သက်ပြင်းတစ်ချက်ချရင်း လှည့်ထွက်ကာ ဆက်လျှောက်သွားခဲ့တယ်..။
‘ငါက ဘာလို့ အဲဒီ အရူး အကြောင်းကို တွေးနေရတာလဲ။ သောက်ကျိုးနဲ ဆန်နီ။ တကယ်လို့ သူ အခု ငါဆီ မက်ဆေ့ခ်ျ ပို့ရင်တောင် ငါ ပြန်မဖြေဘူး’
အဲ့အချိန်မှာပဲ သူမရဲ့ ဆက်သွယ်ရေးစက်က တုန်ခါသွားခဲ့ပြီး အကြောင်းကြားချက်အသစ် ရှိနေကြောင်း အချက်ပြလာခဲ့ပါတယ်။
ရိန် က အမှတ်မထင် လှမ်းကြည့်လိုက်ပြီးမှ ရုတ်တရက် အံ့ဩသွားခဲ့ရတယ်..။ စခရင်ပေါ်မှာ မက်ဆေ့ခ်ျအသစ်တစ်ခု ရှိနေခဲ့တာပါ။
ဒါက ဒီလို ရေးထားခဲ့တယ်..။
“ဆန်နီ: ဘုရားရေ။ ဒီ မက်ဆေ့တွေက ဘာတွေလဲ။ နင်က အမဲလိုက်သမားလား။ ငါက လိုင်းမမိတဲ့ နေရာတစ်ခုမှာ ခနလောက် ပိတ်မိနေခဲ့တာလေ..။.. ငါ့ရဲ့ မက်ဆေ့ပို့တဲ့ နေရာကို ဒီလောက်အထိ တိုက်ခိုက်နေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ်… မွေးနေ့ကို နောက်ကျမှ ဆုတောင်းပေးလိုက်ပါတယ်။ နင် ဘယ်လိုနေလဲ။ ငါ အခုရှိနေတဲ့ နေရာမှာ အချက်အလက် လွှဲပြောင်းမှုတွေက ကန့်သတ်ထားတာမို့လို့ တိုတိုပဲ ပြောမယ်။ ငါ အဆင်ပြေပါတယ်။ အော်… ပြီးတော့ ငါ နောက်ထပ် ဆုတံဆိပ်တစ်ခု ရထားသေးတယ်။ ဒါက တကယ် မိုက်တယ် မလား”
ရိန်း က စခရင်ကို ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ တုန်ရီနေတဲ့ အသက်ရှူသံတွေကို ထုတ်လွှတ်ခဲ့တယ်။ယင်းနောက် ဒေါသတကြီးနဲ့ စာတွေ
အမြန် ရိုက်နှိပ်လိုက်ပါတော့တယ်။
အပိုင်း ( ၉၈၁ ) ပြီး၏။