← Chapters

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ( ၉၈၂ ) မှောင်မိုက်၊ ဟာလာဟင်းလင်း နဲ့ တိတ်ဆိတ်ခြင်း

ကတ်စီ က အမှောင်ထဲမှာ သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်။

သူမဟာ အလင်းရောင် နဲ့ ခံစားချက်တွေရဲ့ ရိုက်ခတ်မှုကြောင့် တစ်ခနလောက် အသိစိတ်လွတ်နေခဲ့တယ်..။

သူမက တောက်ပတဲ့ ကောင်းကင်ပြာကြီးနဲ့ ဆင်စွယ်ရောင် တာဝါ ရဲ့ အောက်ခြေမှာ လိမ့်ဆင်းနေတဲ့ တိမ်တိုက်ဖြူ ပင်လယ်ကြီးကို ကြည့်နေခဲ့မိတာပါ။ နေရောင်ခြည်က သူမရဲ့ အသားအရေကို ပွတ်သပ်ပေးနေခဲ့ပြီး ညင်သာတဲ့ လေပြင်းတွေက သူမရဲ့ နားထဲမှာ သီချင်းဆိုနေခဲ့ကြပါတယ်။

သူမက အပူရှိန်တွေကြားမှာ ဝန်းရံခံထားရပြီး.. အရည်ပျော်နေတဲ့ သံမဏိတွေ တောက်ပနေတဲ့

စတီးအိုးထဲကနေ အလင်းစက်တွေက လွင့်စင်နေခဲ့တယ်..။ မောပန်းနွမ်းနယ်နေတဲ့ အသံတစ်ခုက ရှေးဟောင်းဘာသာစကားနဲ့ တစ်စုံတစ်ခုကို ရွတ်ဆိုနေခဲ့ပြီး..ထူးဆန်းတဲ့ စကားလုံးတွေက ပန်းပဲဖိုရဲ့ ဆူညံသံတွေထဲမှာ နစ်မြုပ်သွားခဲ့ရပါတယ်။

သူမက သေးငယ်တဲ့ အခန်းတစ်ခုထဲမှာ ပိတ်လှောင်ခံထားရပြီး စာရွက်စာတမ်းတစ်ခုကို ဖတ်ရှုနေခဲ့တယ်..။ စာရွက်က ထိတွေ့လိုက်ရင် အေးစက်နေပြီး လတ်ဆတ်တဲ့ မှင်နံ့တွေ ရရှိနေခဲ့ပါတယ်။ သူမရဲ့ အမြင်အာရုံက အိပ်ရေးပျက်မှုကြောင့် ဝေဝါးနေခဲ့ပြီး သူမရဲ့ နှလုံးသားကလည်း လေးလံနေခဲ့တယ်..။ စာရွက်စာတမ်းရဲ့ အကြောင်းအရာတွေက စိုးရိမ်စရာ ကောင်းလွန်းနေခဲ့ပါတယ်…။

ဒီမှာ အခြားနေရာတွေ.. အခြားလူတွေလည်း ရှိနေခဲ့ကြသေးတယ်..။ သူစိမ်းတွေကြားထဲမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့အတွက် အချိန်အနည်းငယ် ယူခဲ့ရပါတယ်။

ကတ်စီ ရဲ့ ကမ္ဘာကတော့ အရောင်အသွေးတွေ မရှိသလို ပုံသဏ္ဌာန်တွေလည်း မရှိတဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ။ အဲဒါက မှောင်မိုက်ကာ၊ ဟာလာဟင်းလင်း ဖြစ်ပြီး တိတ်ဆိတ်နေခဲ့တာပါ။

သူမရဲ့ အသားအရေကို ထိတွေ့နေတဲ့ ညအိပ်ဝတ်စုံရဲ့ နူးညံ့တဲ့ ပိတ်စနဲ့ သူမ ကုတင်ရဲ့ နွေးထွေးမှုကို သူမ ခံစားနေခဲ့ရတယ်..။ သို့ပေမယ့် အနံ့ကတော့ လုံးဝ မှားယွင်းနေခဲ့ပါတယ်။ မှားယွင်းနေတယ်ဆိုပေမယ့် ဒါက ကောင်းမွန်ပြီး ရင်းနှီးနေခဲ့တာပါပဲ။

‘…ငါ ဘယ်ရောက်နေတာလဲ’

သူမ မျက်မှောင်ကျုတ်လိုက်မိပြီးမှ သတိရသွားခဲ့တယ်။ ဒါတွေက ဆင်စွယ်ရောင် တာဝါ ထဲက သူမရဲ့ အခန်းတွေ မဟုတ်ပါဘူး။ သူမက နိုးထခြင်းကမ္ဘာဆီ ပြန်ရောက်လာခဲ့တာ ဖြစ်ပြီး အခုတော့ သူမရဲ့ အခန်းထဲမှာ ရှိနေခဲ့ပါပြီ။

သူမ အိမ်ပြန်ရောက်နေခဲ့တာပါ…။

ကတ်စီ က သူမရဲ့ စွမ်းရည် နဲ့ မှတ်သားခံထားရတဲ့ လူတွေရဲ့ အမြင်အာရုံတွေကို ပျောက်ကွယ်ခွင့်ပြုလိုက်ပြီး သူမရဲ့ ကိုယ်ပိုင်အာရုံပေါ်မှာပဲ အာရုံစိုက်လိုက်ပါတယ်။

သူမက ကုတင်ပေါ်ကနေ ထလိုက်ပြီး ရေချိုးဖို့အတွက် ရေချိုးခန်းဆီကို လျှောက်သွားခဲ့တယ်..။ သူမအခန်းရဲ့ အပြင်အဆင်က စနစ်တကျရှိပြီး ရင်းနှီးနေခဲ့ကာ အရာအားလုံးက သင့်တော်တဲ့နေရာမှာ ရှိနေစေဖို့ သူမ အမြဲဂရုစိုက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမက ဒီနေရာမှာ ဘယ်သူ့အကူအညီမှမလိုဘဲ ဘာအခက်အခဲမှမရှိပဲ လမ်းကြောင်းရှာနိုင်ခဲ့တာပါ..။ ဒီမှောင်မိုက်ခြင်းက ဘေးကင်းလုံခြုံပါတယ်။

သို့ပေမယ့် အမြဲတမ်းတော့ ဒီလိုမျိုး ဖြစ်မနေခဲ့ပါဘူး။ သူမရဲ့ အားနည်းချက် ကို ရရှိပြီး

ပထမဆုံး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ကတ်စီ က ဒဏ်ရာတွေ အပြည့်နဲ့ လမ်းလျှောက်နေတဲ့ လူတစ်ယောက်လို ဖြစ်ခဲ့ရဖူးပါတယ်။

…ယင်းနောက်မှာတော့ ဆောင်းယဥ်စွန်းတန်းကာလက သူမဆီ ရောက်ရှိလာခဲ့တာပါ။

ဆင်စွယ်ရောင် တာဝါ ထဲမှာ သူတို့ စီစဉ်ပေးနိုင်ခဲ့တာထက် အများကြီး ပိုကောင်းတဲ့ ရေချိုးခြင်းအပြီးမှာတော့ သူမက ဗီရိုဆီ လျှောက်သွားပြီး အဝတ်အစား လဲလိုက်ပါတယ်။ သူမရဲ့ အဝတ်အစားတွေကို တင်းကျပ်တဲ့ စနစ်တစ်ခုနဲ့စီစဉ်ထားခဲ့တာ ဖြစ်ပြီး အရောင်တွေကို ခွဲခြားသိသာစေဖို့ ချိတ်တစ်ခုချင်းစီမှာ ထိတွေ့ရုံနဲ့သိနိုင်တဲ့ စာသားအမှတ်အသားလေးတွေ ထည့်ထားခဲ့တယ်။ဒါကြောင့် ကတ်စီ က သူမ အလိုရှိတဲ့ ဘယ်အရာကိုမဆို လျင်မြန်စွာ ရှာဖွေနိုင်ခဲ့ပါတယ်..။

နောက်ဆုံးမှာ အဆင်သင့် ဖြစ်သွားခဲ့တာကြောင့် သူမအခန်းထဲကနေ ထွက်ပြီး အောက်ထပ်ဆီ ဦးတည်လိုက်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်နယ်မြေပြင်ပမှာတော့ သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးသွားခဲ့ရပါပြီ..။ သူမရဲ့ မိဘတွေက သူမရဲ့အားနည်းချက် ကို အသားကျဖို့ ကြိုးစားကြပေမယ့် ဒါက သူတို့အတွက်တော့ စိမ်းသက်နေဆဲ အရာတစ်ခုပါပဲ။ မျက်မမြင် ဖြစ်သွားပြီးနောက်ပိုင်း နှစ်တွေမှာ ကတ်စီ က သူမရဲ့ အချိန်အများစုကို အခြားတစ်နေရာရာမှာပဲ ကုန်ဆုံးခဲ့တာ မဟုတ်လား။ သူတို့တွေက ဒါကို ဘယ်လိုလုပ်ပြီး အသားကျနိုင်ပါ့မလဲ။

ပရိဘောဂ တစ်ခုခု ရွေ့လျားနေတာမျိုး ဒါမှမဟုတ် ကျပန်းပစ္စည်းတစ်ခုခုက လမ်းမှာ ပေါ့ဆစွာ ကျန်ရစ်နေတာမျိုး မရှိလောက်ဘူးဆိုတာကို သူမ အတော်လေး သေချာနေခဲ့ပါတယ်။ သို့ပေမယ့် တစ်စုံတစ်ခုကို တိုက်မိတာမျိုး ဒါမှမဟုတ် လဲကျသွားနိုင်တာမျိုးရဲ့ ဖြစ်နိုင်ချေလေးကတင် သူမကို တင်းကျပ်သွားစေခဲ့ပါတယ်..။ ကတ်စီ ဟာ… သူမရဲ့ ကိုယ်ပိုင်အိမ်မှာတင် သူစိမ်းတစ်ယောက်လို ခံစားနေခဲ့ရတာပါ။

သူမ ဒီခံစားချက်ကို မုန်းတီးနေမိတယ်..။

ဒါပေါ့ ဒီနေရာမှာ ရှိတဲ့ ဘယ်အရာကမှ သူမကို အမှန်တကယ် အန္တရာယ်မပြုနိုင်ပါဘူး။ သူမရဲ့ တက်ရောက်သူ ခန္ဓာကိုယ်က သာမန်မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာရရုံထက် ကျော်လွန်နေခဲ့ပါပြီ..။ဒါပေမဲ့ ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ သူမက အရာရာတိုင်းကို ပြီးပြည့်စုံနေစေချင်ခဲ့တာပါ။

ကတ်စီ က ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ သူမရဲ့ နိုးထသူ စွမ်းရည် ကို အသက်သွင်းလိုက်တယ်။ ပတ်ဝန်းကျင်မှာ အမြင်အာရုံကြားခံတွေ အများကြီး ရှိနေတာကြောင့် သူမရဲ့ အဆီအနှစ်က သိမ်မွေ့တဲ့ မျှခြေအခြေအနေမှာပဲ ရှိနေခဲ့ပါတယ်..။ သူမက ပြန်လည်ဖြည့်တင်းနိုင်တာထက် ပိုပြီး မသုံးစွဲမိဖို့ သတိထားရမှာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အကြောင်းပြချက်မရှိဘဲ မိမိကိုယ်ကိုယ် အလိုလိုက်နေတာက သိပ်ပြီး တာဝန်ယူမူ မရှိရာ ရောက်ပါတယ်..။

‘…ခနလေးပဲလေ’

ချက်ချင်းဆိုသလိုပဲ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပါပြီ။

ကတ်စီ က လှေကားနားမှာ ရပ်နေခဲ့ပေမယ့် သူမက လှေကားတွေအတိုင်း သတိကြီးစွာ ဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။ တစ်လှမ်း.. နှစ်လှမ်း.. သုံးလှမ်း…

ကတ်စီ က သူမရဲ့ ခြေထောက်ကို ပထမဆုံး လှေကားထစ်ပေါ် ချလိုက်ပေမယ့် သူမက စတုတ္ထမြောက် လှေကားထစ်ပေါ်မှာလည်း ရောက်နေခဲ့တယ်..။

ကတ်စီ က စတုတ္ထမြောက် လှေကားထစ်ဆီ ရောက်သွားပေမယ့် သူမက လှေကားအဆင်း ကွေ့နေရာမှာလည်း ရှိနေခဲ့ပါတယ်။

သူမရဲ့ လက်က လက်ရန်းအတိုင်း လျှောတိုက်သွားခဲ့ပေမယ့် ဒါက သူမရဲ့ ဘေးနားမှာလည်း အလကားပဲ တွဲလောင်းကျနေခဲ့ပြန်ပါတယ်..။ သူမက သီးခြားအနံ့ ဘာမှ မရရှိခဲ့ပေမယ့် သူမရဲ့ မိခင်ဖြစ်သူ သုံးတဲ့ ခေါင်းလျှော်ရည်နံ့နဲ့… ပန်းနံ့တွေကိုလည်း တစ်ပြိုင်နက်တည်း ခံစားနေရပါတယ်..။

ကတ်စီ က လှေကားပေါ်မှာပဲ ရှိနေဆဲ ဖြစ်ပေမယ့် သူမရဲ့ ခြေထောက်က မာကျောတဲ့ အရာတစ်ခုခုကို ပြင်းထန်စွာ တိုက်မိသွားတာကြောင့် နာကျင်မှုကိုလည်း ခံစားလိုက်ရပြီး ယင်းနောက်မှာတော့ ဖန်ပန်းအိုးတစ်လုံး မြေပြင်ပေါ်ကျပြီး တစ်စစီ ကွဲကြေသွားတဲ့ အသံကလည်း နောက်ကနေ လိုက်ပါလာခဲ့တယ်..။

‘ဒီနေရာမှာ အရင်က ဘာမှ မရှိပါဘူး…’

ကတ်စီ က ဘေးဘက်ကို ရွေ့လိုက်ပြီး သူမ မသိတဲ့ စင်ကို ရှောင်ကွင်းလိုက်ကာ ပန်းနံ့ကို ရှူရှိုက်ဖို့ အရှေ့ကို အနည်းငယ် တိုးလိုက်မိတယ်..။ ပန်းအိုးကတော့ ငြိမ်သက်စွာ ရပ်တည်နေဆဲ ဖြစ်ပြီး ပြီးပြည့်စုံစွာ အကောင်းအတိုင်း ရှိနေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တံခါးဖွင့်သံ ထွက်ပေါ်လာခဲ့ပြီး သူမရဲ့ မိခင်ဖြစ်သူရဲ့ အနံ့က ပိုမို ပြင်းထန်လာခဲ့တယ်..။

ကတ်စီ က ပိတ်ထားတဲ့ တံခါးဘက်ကို လှည့်လိုက်ပါတယ်။

တံခါးပွင့်သွားခဲ့ပြီး သူမရဲ့ မိခင်က လမ်းမပေါ်ကနေ အထဲကို လျှောက်လှမ်းဝင်ရောက်လာခဲ့တယ်..။

“အာ.. ငါ့သမီးလေး နိုးပြီပဲ”

ကတ်စီ က ပြုံးလိုက်ပြီး သူမရဲ့ နိုးထသူ စွမ်းရည် ကို ပိတ်လိုက်ပါတယ်။ အဲဒီအစား သူမက သူမရဲ့ အဆီအနှစ်ကို ပို့လွှတ်လိုက်ပြီး သူမရဲ့ အမြင်အာရုံကို သူမ မိခင်ရဲ့ အမြင်အာရုံနဲ့ အစားထိုးလိုက်တယ်..။ ချက်ချင်းဆိုသလို အခန်းတစ်ခုလုံးက မြင်ကွင်းထဲ ဝင်လာခဲ့ပြီး အပေါ်မှာ လှပတဲ့ သဘာဝပန်းအိုး တင်ထားတဲ့ သစ်သားစင်လေးလည်း ပါဝင်နေခဲ့ပါတယ်။

…သူမက မိမိကိုယ်ကိုယ်လည်း မြင်တွေ့လိုက်ရတယ်..။

ကတ်စီ က သူမရဲ့ ကိုယ်ပိုင်မျက်နှာကို မြင်နိုင်ခဲ့ပေမယ့် သူမ မိခင်ရဲ့ မျက်နှာကိုတော့ မမြင်နိုင်ခဲ့ပါဘူး။

သူမ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိတယ်..။

‘ငါ့ စကတ်က တွန့်နေတာပဲ…’

“မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး။ အမေတောင် မယုံနိုင်ဘူး.. ငါ့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးက အသက် နှစ်ဆယ် ပြည့်သွားပြီပေါ့”

ကတ်စီ က ပြုံးလိုက်ပါတယ်။ သူမကတော့ မိမိကိုယ်ကိုယ် အသက် နှစ်ဆယ် ပြည့်သွားသလိုမျိုး မခံစားရပါဘူး…။သူမက အသက် နှစ်ရာလောက် ရှိနေသလိုမျိုး ခံစားနေရတာပါ..။

သူမ ဘာမှ မပြောနိုင်ခင်မှာပဲ သူမရဲ့ မိခင်က သူမကို ဖက်ထားလိုက်ပါတယ်။

“သမီး လာနိုင်ခဲ့တာကို အမေ တကယ် ဝမ်းသာမိတယ်..။ အလုပ်က အလုပ်ပေါ့.. ဒါပေမဲ့ သမီးလို မိန်းကလေးငယ်တစ်ယောက်က သနားစရာကောင်းတဲ့ မိဘအိုကြီးတွေကိုတော့ မမေ့သင့်ပါဘူး။ သမီး အိမ်ကို မကြာခန ပြန်လာလည်ရင် ဘာဖြစ်မှာမို့လို့လဲ။ အော်.. ငါ ဘာတွေ ပြောနေမိတာလဲ။ လာလည်တယ် ဟုတ်လား.. ဘာလာလည်တာလဲ။ ဒါက သမီးရဲ့ အိမ်ပဲဆိုတာ သမီး သိပါတယ်နော်။ သမီးက ဒီမှာ နေတာလေ”

ကတ်စီ ရဲ့ အပြုံးက ပိုပြီး ကျယ်ပြန့်သွားခဲ့တယ်..။

“သမီး သိပါတယ်”

“ဒါနဲ့ သမီးရဲ့ သူငယ်ချင်းတွေကော ဘယ်မှာလဲ။ ပါတီကို ဘယ်သူမှ မလာဘူးဆိုတာက ဘာသဘောလဲ။ လေဒီ နစ်ဖီ က အလုပ်များနေနိုင်တာကို အမေ နားလည်ပါတယ်.. ဒါပေမဲ့ အခြားသူတွေကောပဲ။ သမီး အမြဲတမ်း ပြောပြောနေတဲ့ ဆန်နီ ဆိုတဲ့ လူငယ်လေးကော။ သူ ဘယ်မှာလဲ”

ကတ်စီ က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့မိတယ်..။

“…သူလည်း အလုပ်များနေလို့ပါ”

“အာ.. ငါ့သမီးကတော့ အရမ်း စိတ်ကောင်းရှိလွန်းနေတာပဲ။ အမေသာဆိုရင်တော့ အဲဒီ သူငယ်ချင်းလို့ ခေါ်တဲ့လူတွေကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပစ်မှာ..။မွေးနေ့ပါတီကို လွတ်သွားတာက ဘယ်လိုမှ အဆင်မပြေဘူး”

ကတ်စီ က သူမရဲ့ မိခင်ကို ပိုပြီး တင်းကျပ်စွာပဲ ပြန်ဖက်ထားလိုက်မိတယ်..။ သူမ အကူညီမဲ့စွာပဲ သူမ ဖက်ထားသင့်တာထက် ပိုပြီး ဖက်ထားမိခဲ့ပါတယ်။

…ဒါကတော့ သူတို့တွေ အတူတူ နောက်ထပ် မွေးနေ့ ဘယ်နှခုလောက်အထိ ဆင်နွှဲနိုင်ဦး

မလဲဆိုတာကို ကတ်စီ က အတိအကျ သိနေခဲ့တာကြောင့် ပါပဲ။

သူမရဲ့ မိခင် ဘယ်အချိန်မှာ သေဆုံးရမလဲ.. ပြီးတော့ ဘယ်လိုပုံစံနဲ့လဲဆိုတာကိုပါ သူမ သိနေခဲ့ပါတယ်..။

သူမရဲ့ ဖခင် ဘယ်အချိန်မှာ သေဆုံးရမလဲဆိုတာကိုလည်း သူမ သိနေခဲ့တာပါပဲ။

သူမက သူမကိုယ်တိုင် သေဆုံးမယ့် နေ့ရက်ကိုပါ သိနေခဲ့ပြီး ဘယ်နေရာမှာ မြှုပ်နှံခံရမလဲဆိုတာပါ သိရှိနေခဲ့ပါတယ်။

ကတ်စီ က အရာရာတိုင်းကို သိရှိနေခဲ့တာ ဖြစ်ပြီး အဲဒါကြောင့်ပဲ သူမက စိတ်မကောင်း ဖြစ်နေခဲ့ရတာပါ..။

ကံကြမ္မာဆိုတာက ချိုးဖျက်ဖို့ မလွယ်ကူလှပါဘူး..။ပြီးတော့ တန်ဖိုးတစ်ခုခု မပေးဆပ်ရဘဲနဲ့လည်း အဲဒါကို ချိုးဖျက်လို့ မရနိုင်ပါဘူး။

“ကဲပါ သမီးလေး.. အမေ သမီးအတွက် ထူးခြားတဲ့ မွေးနေ့ မနက်စာလေး ချက်ပေးနိုင်အောင် အမေ့ကို လွှတ်ပေးဦးလေ”

သူမက စိတ်မပါလက်မပါနဲ့ ဖက်ထားတာကို ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“သမီးက ကလေး မဟုတ်တော့ဘူးနော်။ သမီးက တက်ရောက်သူ တောင် ဖြစ်နေပြီလေ”

သူမရဲ့ မိခင်က ရယ်မောလိုက်ပါတယ်။

“တက်ရောက်သူ တစ်ယောက်က ကလေး မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ကဲ.. မနက်စာ ဘာစားချင်လဲ ပြောပါဦး”

ကတ်စီ က သူမရဲ့ ဝမ်းနည်းမှုတွေကို ကျွမ်းကျင်စွာ ဖုံးကွယ်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာ ကြီးမား တောက်ပတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပါတယ်..။

“ကြက်ဥဆိုရင်ကော.. ဝက်ပေါင်ခြောက်နဲ့လေ”

သူမရဲ့ မိခင်က မီးဖိုချောင်ဆီကို လျှောက်လှမ်းသွားနေခဲ့ပါပြီ။

“ပြဿနာမရှိဘူး.. ဒါပေမဲ့ အမေတို့ဆီမှာ ဓာတုဝက်ပေါင်ခြောက်ပဲ ရှိတာနော်။ အဆင်ပြေပါ့မလား မစ္စ တက်ရောက်သူ”

ကတ်စီ က အခြားအရာတစ်ခုခုကို မတိုက်မိစေဖို့ သတိထားရင်း နောက်ကနေ လိုက်သွားခဲ့တယ်..။

“အဲဒါက အကောင်းဆုံးပဲလေ”

မီးဖိုချောင်ထဲမှာ ဒစ်ဂျစ်တယ် နာရီတစ်လုံး ရှိနေခဲ့ပြီး သူမရဲ့ မိခင်က ဖြတ်သန်းသွားရင်း အမှတ်မထင် လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ အချိန်က မနက် ဆယ်နာရီ ဖြစ်နေခဲ့ပါတယ်။

ကတ်စီ က တိတ်ဆိတ်စွာ ထိုင်လိုက်ပြီး နာရီရှိရာဘက်ကို လှည့်လိုက်မိတယ်.. သူမက အဲဒါကို မမြင်နိုင်ရင်တောင်မှပေါ့။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ မီးဖိုချောင်ထဲမှာ အရသာရှိတဲ့ အနံ့တွေ ပြည့်နှက်သွားတဲ့ အခါမှာတော့ သူမက သက်ပြင်းချလိုက်ပြီး အဝေးကြီးမှာ ရှိတဲ့ တစ်စုံတစ်ခုကို မြင်နိုင်စွမ်း ရှိနေသလိုမျိုး အဝေးဆီကို စိုက်ကြည့်နေခဲ့မိပါတယ်..။

သူမရဲ့ အပြုံးက အနည်းငယ် ပျက်ယွင်းသွားခဲ့ရတယ်..။

‘ဒီတော့ အဲဒါက စတင်နေပြီပေါ့ …’

အပိုင်း ( ၉၈၂ ) ပြီး၏။

All Chapters