← Chapters

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ( ၉၈၃ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၁ )

ဖယ်လ်ကွန် စကော့တ် ဟာ တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း မှာ အကြီးဆုံးမြို့ မဟုတ်ပေမယ့်လည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေခဲ့ပါတယ်..။ သမုဒ္ဒရာနဲ့ အန္တရာယ်ရှိလောက်အောင် နီးကပ်စွာ တည်ရှိနေပြီး အန္တာတိက အလယ်ပိုင်းဆီကို သွားရာ လမ်းကြောင်းတစ်ခုအနေနဲ့ အသုံးတော်ခံနေခဲ့တာပါပဲ။

အရင်တုန်းကတော့ လူတွေနဲ့ ကုန်စည်တွေဟာ ဒီမြို့ကို အဆက်မပြတ် ဖြတ်သန်းစီးဆင်းခဲ့ကြတာ ဖြစ်ပြီး ဒေသတွင်း အခြေခံအဆောက်အအုံတွေရဲ့ နှလုံးသား ဖြစ်စေခဲ့တယ်..။

မြို့ကိုယ်တိုင်ကတော့ မြင့်မားတဲ့ ကျောက်ဆောင်ချောက်ကမ်းပါးတွေရဲ့ အထက်မှာ တည်ရှိနေပြီး တောင်တန်းတွေရဲ့ ခြေရင်းတစ်လျှောက်မှာ တည်ရှိနေခဲ့တာပါ။ ချောက်ကမ်းပါးတွေရဲ့ အောက်ခြေမှာတော့ ပင်လယ်ရေကြောင်း ခံတပ်ဆိပ်ကမ်းတစ်ခုက ရေစပ်မှာ တည်ရှိနေခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် တံတိုင်းတွေနဲ့ ဝန်းရံထားခဲ့ပါတယ်..။ ဒီခံတပ်က ဆန်နီ မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း ကနေ ထွက်ခွာလာခဲ့စဉ်က မြင်တွေ့ခဲ့ရတဲ့ ခံတပ်ထက် အများကြီး ပိုမိုကြီးမား ခိုင်ခံ့ပြီး ပထမတပ်မတော် ကလည်း ဒါကို အားဖြည့်ဖို့အတွက် ဘယ်လိုအရင်းအမြစ်ကိုမဆို နှမြောတွန့်တိုခြင်း မရှိဘဲ သုံးစွဲခဲ့ကြပါသေးတယ်..။

ဆိပ်ကမ်းနဲ့ မြို့ကိုတော့ စက်မှုလုပ်ငန်းသုံး ဓာတ်လှေကား ပလက်ဖောင်း နဲ့ ချိတ်ဆက်ထားခဲ့တာ ဖြစ်ပြီး အံ့ဩစရာကောင်းလောက်တဲ့ အလေးချိန်အမြောက်အမြားကို အထက်အောက် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါကြောင့်ပဲ ခံတပ်က မြို့တံတိုင်းပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးတာကို ရရှိနိုင်တာပါ။ အကယ်၍ ခံတပ် ကျဆုံးသွားခဲ့ရင်တောင် ရန်သူတွေဟာ များပြားလှတဲ့ ခုခံပစ်ခတ်မှုတွေရဲ့ အောက်မှာ မြင့်မားလှတဲ့ ချောက်ကမ်းပါး အတားအဆီးတွေကို ဒေါင်လိုက်အတိုင်း တွားတက်ရမှာပဲ ဖြစ်ပါတယ်..။

…လက်ရှိအခြေအနေမှာတော့ ဆိပ်ကမ်းကို ဆုံးရှုံးဖို့ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

သတ္တုစပ် သားရဲကြီး အချို့ကတော့ လောလောဆယ် ခံတပ်အနားမှာ ကျောက်ချရပ်နားထားခဲ့တယ်။သူတို့က လှိုင်းလုံးတွေပေါ်မှာ ယိမ်းထိုးနေရင်း မှောင်မိုက်နေတဲ့ သမုဒ္ဒရာကြီးကို စွမ်းအားပြင်း ရှာဖွေရေးမီးလုံးတွေရဲ့ လှုပ်ရှားနေတဲ့ အလင်းတန်းတွေနဲ့ ဖြန်းပက်နေခဲ့ကြပါတယ်..။ မြို့ကိုယ်တိုင်ကတော့ စိုးရိမ်စရာကောင်းလောက်အောင် လူတွေ ပြွတ်သိပ်နေခဲ့ပြီး မြို့ရဲ့ မူလဆံ့ဝင်နိုင်စွမ်းထက် ဆယ်ဆလောက် ပိုများနေခဲ့တာပါ..။ အန္တာတိက အလယ်ပိုင်းရဲ့ ကျန်ရှိနေတဲ့ ဝန်းရံခြင်း မြို့တော်အားလုံးကို ဒီနေရာဆီ ရွှေ့ပြောင်းပေးခဲ့ပြီးနောက်မှာတော့ ဖယ်လ်ကွန် စကော့တ် က လူဦးရေ သန်းနှစ်ရာနီးပါးကို ခိုလှုံခွင့် ပေးထားခဲ့ပါတယ်။

သူတို့အားလုံးက စစ်သင်္ဘောတွေပေါ် တက်ရောက်ပြီး ရေလက်ကြားကို ဖြတ်ကျော်ကာ ပိုမိုဘေးကင်းလုံခြုံတဲ့ အရှေ့ဘက် အန္တာတိက နယ်မြေဆီကို သွားရောက်ဖို့အတွက် သူတို့ရဲ့ အလှည့်ကို စောင့်ဆိုင်းနေခဲ့ကြတာပါ..။

အဲ့နေရာမှာတော့ ပထမတပ်မတော် က ထိန်းချုပ်မှုကို ဟန်ချက်ညီညီ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်..။ ရေတပ်ယာဉ်တန်း လေးခုထဲက တစ်ခုကို ပို့ဆောင်ရေး အတွက် ပြန်လည်တာဝန်ပေးထားခဲ့ပေမယ့် ကြီးမားလှတဲ့ သင်္ဘောကြီးတွေရဲ့ အံ့ဩစရာ ဆံ့ဝင်ဆံ့အားနဲ့တောင်မှ ဒါက အချိန်အတော်ကြာဦးမှာပဲ ဖြစ်ပါတယ်..။

နေဗီ ရဲ့ အရင် သင်္ဘောနဲ့ အရီယက်ဒ်နီ တို့လို စစ်သင်္ဘော အချို့ဟာ အိပ်မက်ဆိုး ချိန်းကြိုး ရဲ့ ဖျက်ဆီးမှုတွေကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အချက်ကတော့ ဒီလုပ်ငန်းစဉ်ကို ပိုပြီး မြန်ဆန်မလာစေခဲ့ပါဘူး။

‘…ဒါက မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း မြို့တော် ရဲ့ လူဦးရေ တစ်ဝက်ထက်တောင် ပိုများတာပဲ။ ရူးလောက်စရာပဲ’

ဆန်နီ က ဒေသန္တရအစိုးရရုံး အဆောက်အအုံရဲ့ အခန်းတစ်ခုက ပြတင်းပေါက်တုပေါ်မှာ ပြသထားတဲ့ မြို့ရဲ့ တိုက်ရိုက်မြင်ကွင်းကို ကြည့်နေခဲ့မိတယ်..။ မြို့ကတော့ ဝန်ရိုးစွန်းညရဲ့ အေးစက်တဲ့ မှောင်မိုက်ခြင်းထဲမှာ အလင်းရောင်များစွာနဲ့ လင်းလက်နေခဲ့ပြီး လှပတဲ့ တောင်ဝင်ရိုးစွန်းအလင်းတန်းတွေကလည်း အထက်မှာ ထူးဆန်းစွာ ဝဲပျံနေခဲ့ကြပါတယ်..။ နေရာတိုင်းမှာ လူတွေ အရမ်းများပြားနေခဲ့ပြီး သူတို့ထဲက အများစုကတော့ လမ်းပျောက်နေသလို၊ လမ်းကြောင်းမသိသလို ဒါမှမဟုတ် လုံးဝ အရှုံးပေးထားသလိုမျိုး ပုံစံ ပေါက်နေခဲ့တယ်..။

အဆောက်အအုံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကတော့ မြေအောက်မှာ တည်ရှိနေခဲ့တာ ဖြစ်လို့ ပြတင်းပေါက်က အတုဖြစ်နေတာ သိသာလှပါတယ်..။ ဒီအဆောက်အအုံမှာ တပ်မတော်စစ်ဌာနချုပ်ရဲ့ ဒေသဆိုင်ရာ ဌာနခွဲလည်း ရှိနေခဲ့တယ်။ဒါကြောင့်ပဲ ဆန်နီ က ဒီနေ့ လာရောက်ဖို့ ညွှန်ကြားချက်ကို ရရှိခဲ့တာပါ။

သူက သက်ပြင်းတစ်ချက်ချရင်း ပြတင်းပေါက်ကနေ လှည့်ထွက်လိုက်ကာ အစည်းအဝေးစားပွဲဆီ လျှောက်သွားပြီး ထိုင်လိုက်မိတယ်..။

ဆန်နီ က [ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်] ကို ဝတ်ဆင်ထားဆဲ ဖြစ်ပေမယ့် ကွာခြားချက်ကတော့ သူ အိပ်စက်ဖို့၊ ကောင်းကောင်းမွန်မွန် ရေချိုးဖို့နဲ့ ဗိုက်ပြည့်အောင် စားသောက်ဖို့ အချိန်ရရှိခဲ့တာပါပဲ။ ဒီထက် ပိုပြီး အရေးကြီးတာကတော့ သောင်းနဲ့ချီတဲ့ ဝိညာဉ်တွေရဲ့ လေးလံမှုက သူ့အပေါ်မှာ ဖိနှိပ်မနေတော့တာပါပဲ..။ ခြုံငုံကြည့်ရမယ်ဆိုရင်တော့ သူက တော်တော်လေး လန်းဆန်းနေတဲ့ ပုံ ပေါက်နေခဲ့ပါတယ်။

‘သူမ ဘယ်မှာလဲ…’

သူ အကြာကြီး စောင့်ဆိုင်းစရာ မလိုခဲ့ပါဘူး။ မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ တံခါးပွင့်သွားခဲ့ပြီး မာစတာ ဂျက် က အထဲကို လျှောက်လှမ်း ဝင်ရောက်လာခဲ့ပါတယ်..။

ဝိဥာဥ် ရိတ်သိမ်းသူ ကတော့ သူ နောက်ဆုံးမြင်ခဲ့ရတဲ့ အချိန်ကအတိုင်းပဲ ဖြစ်နေခဲ့ပါတယ်..။ ဒီနေ့မှာတော့ သူမက တိုက်ပွဲဝင်ချပ်ဝတ်အစားတွေအစား ပုံမှန် ကိုယ်ကျပ်ဝတ်စုံကိုသာဝတ်ဆင်ထားခဲ့တယ်..။ အာ.. ကိုယ်ကျပ်ဝတ်စုံပဲ.. ဒါပေမဲ့ အဲဒါကလွဲရင် အန္တာတိက စစ်ဆင်ရေးရဲ့ ငရဲကမ္ဘာလို လတွေက သူမအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှု ရှိခဲ့ပုံ မရပါဘူး။

ဆန်နီ ကို သတိပြုမိသွားတဲ့ အခါမှာတော့ ဂျက် က ပြုံးလိုက်ပါတယ်။

“ကောင်းပြီလေ. သားရဲတွေကို ရဲရဲဝံ့ဝံ့ သတ်ဖြတ် ပြီး လူသားတွေရဲ့ကယ်တင်ရှင် ဖြစ်ခဲ့တဲ့ မာစတာငယ် ဆန်းလပ်စ် မဟုတ်ဘူးလား..။ ပြန်ရောက်လာတာ ဝမ်းသာပါတယ် ဆန်နီ”

ဆန်နီ ကလည်း အပြုံးတစ်ခုကို အတင်းအကျပ် တုံ့ပြန်လိုက်တယ်..။

“ဟုတ်ကဲ့ပါ… ပြန်ရောက်ရတာ ဝမ်းသာပါတယ်..။ လွန်ခဲ့တဲ့ နှစ်လက အခြေအနေတွေ ဘယ်လိုရှိလဲ မသိဘူး။ ဘာလို့လဲဆိုတော့ သိတဲ့အတိုင်းပဲ ကျွန်တော်ကတော့ နည်းနည်း ပင်ပန်းခဲ့ရလို့လေ”

မာစတာ ဂျက် က စားပွဲရဲ့ အထက်လူကြီးနေရာမှာ ထိုင်လိုက်ပြီး သူ့ကို ဟာသတစ်ခုလိုမျိုး ကြည့်လိုက်တယ်..။

“နင်က ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်..။ ဘယ်သူက နင့်ကို ဒီလောက်အထိ အစွမ်းပြခိုင်းလို့လဲ။ ငါက နင့်ကို လူတစ်ယောက်ပဲ သွားခေါ်ခိုင်းတာကို နင်က ငါ့ဆီ လူလေးသောင်း ပြန်ခေါ်လာပေးခဲ့တယ်..။ ငါ ပြောရရင်တော့ ဒီမှာရှိတဲ့လူတိုင်းသာ ဒီလို စိတ်ဓာတ်မျိုး ရှိကြမယ်ဆိုရင် အိပ်မက်ဆိုး ချိန်းကြိုး က တစ်ပတ်အတွင်းမှာ တင် ပြီးဆုံးသွားမှာပဲ..။ ငရဲလိုပဲ.. ငါတို့တွေ အခုလောက်ဆို အမေရိကကိုတောင် ပြန်သိမ်းပိုက်ပြီးလောက်ပြီ”

ဆန်နီ က သူမကို မကြည်မလင်နဲ့ လှမ်းကြည့်လိုက်တယ်..။

“မလိုပါဘူး ကျေးဇူးပါ”

လောလောဆယ် ဖယ်လ်ကွန် စကော့တ် မှာ ဒုက္ခသည်တွေ ဘယ်လောက်အထိ များပြားနေလဲဆိုတာကို ထည့်တွက်ရင် လေးသောင်းဆိုတာက ကြီးမားတဲ့ အရေအတွက် မဟုတ်ပါဘူး။ သို့ပေမယ့် အဲဒီ ထောင်ဂဏန်းထဲက အချို့ကတော့ တကယ့် စစ်သားတွေ ဖြစ်ကြပြီး နောက်ထပ် အချို့ကလည်း အတွေ့အကြုံရှိတဲ့ သင်္ဘောသားတွေ ဖြစ်ကြတယ်..။ ဒါက တကယ်တော့ ဂယက်ထစေဖို့ လုံလောက်တဲ့ အထိ သိသာထင်ရှားလှတာကြောင့် သူ့ရဲ့ ပြန်လာခြင်း သတင်းက အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့ရတာပါပဲ။

သူတို့အားလုံးကတော့.. ဒုက္ခသည်တွေရော စစ်သားတွေပါ.. နတ်ဆိုး ရဲ့ စွမ်းဆောင်ချက်တွေအကြောင်း ပုံပြင်တွေ ပြောပြဖို့ အတော် ဝါသနာပါပုံရကြတယ်..။ ဆန်နီ ကတော့ သူ ဘယ်လိုမျိုး နာမည်ဂုဏ်သတင်း ရရှိသွားလဲဆိုတာကို အပြည့်အဝ မသေချာပေမယ့် သူကတော့ အခုအချိန်မှာ နာမည်ကြီးနေခဲ့တာ သေချာပါတယ်..။ မြို့တစ်ခွင်လုံးမှာ လူတိုင်းက သူ့ရဲ့ နာမည်ကို ရင်းနှီးနေကြပါပြီ ..။

…ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေပေါ့။

“အော်… ဒါနဲ့ ကျွန်တော့်ဆီကို ကျီးကန်း ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..။ အဲဒါက အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်”

ဂျက် က ပြုံးလိုက်ပေမယ့် သူမ ဘာမှ မပြောနိုင်ခင်မှာပဲ တံခါးက ထပ်ပွင့်သွားခဲ့ပြီး ဝင်းတား နဲ့ ဒေးလ် တို့ ဝင်ရောက်လာကာ သူတို့နေရာတွေမှာ ထိုင်လိုက်ကြပါတယ်..။ အခန်းထဲမှာ အထူးတပ်ဖွဲ့ လေးယောက်ပဲ ရှိနေတာကြောင့် နည်းနည်းတော့ ဟာလာဟင်းလင်း ဖြစ်နေသလိုပါပဲ။

ဆန်နီ က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိတယ်..။

“…ရန်ဒဲလ် နဲ့ ဂျက်ဆီ ကော ဘယ်မှာလဲ”

မာစတာ ဂျက် က ခနလောက် ငြိမ်သက်သွားခဲ့တယ်..။

“သူတို့ သေသွားပြီ”

သူလည်း ငြိမ်သက် သွားခဲ့ရပါတယ်..။

“အိုး”

ဝိဥာဥ် ရိတ်သိမ်းသူ က သက်ပြင်းချလိုက်ပြီး သူမရဲ့ ဒေတာပတ်ဒ် ကို ကောက်ကိုင်ကာ စာရွက်စာတမ်းအချို့ကို ဖတ်ရှုပြီးနောက် ကြည်လင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

“ကဲ ဒါဆိုရင် စလိုက်ကြရအောင်..။ နောက်တစ်နာရီအတွင်းမှာ တက်ရောက်ဖို့ အရေးကြီးတဲ့ လူတိုင်းအတွက် အကြီးစား စစ်ဗျူဟာ အစည်းအဝေးတစ်ခု ရှိလိမ့်မယ်..။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ငါ နင်တို့တွေကို လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးထားမယ်..။ နောက်လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဖယ်လ်ကွန် စကော့တ် က အဆုံးမရှိတဲ့ သားရဲ ပင်လယ်ကြီးရဲ့ ဝန်းရံခြင်းကို ခံရတော့မှာ ဖြစ်တယ်..။ ငါတို့ရဲ့ တာဝန်က ရိုးရှင်းပါတယ်..။ ငါတို့တွေ ဒီမြို့ကို အနည်းဆုံး သုံးပတ်လောက်အထိ မကျဆုံးအောင် သေချာပေါက် ကာကွယ်ပေးရမယ်…”

အပိုင်း ( ၉၈၃ ) ပြီး၏။

All Chapters