အခန်း ၉၈၄
Vol. 66 Ch. 984
အခန်း ( ၉၈၄ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂ )
အခြေအနေကတော့ ရှင်းလင်းနေသလို စိတ်ပျက်စရာလည်း ကောင်းနေခဲ့ပါတယ်..။ ဂျက် ပြောပြတဲ့ အချို့အရာတွေကို ဆန်နီ ကြိုသိထားခဲ့ပြီးသား ဖြစ်ပေမယ့် အချို့အချက်တွေကတော့ သူ့အတွက် လုံးဝကို အံ့ဩစရာ ဖြစ်နေခဲ့တာပါ..။
ပထမတပ်မတော် ဟာ အန္တာတိက အလယ်ပိုင်းကနေ ဆုတ်ခွာဖို့ စီစဉ်နေခဲ့တာ ဖြစ်ပြီး လူဦးရေ အားလုံးကိုလည်း သူတို့နဲ့အတူ ခေါ်ဆောင်သွားဖို့ ဖြစ်ပါတယ်..။ တဖြည်းဖြည်းချင်း ရွှေ့ပြောင်းပေးနိုင်ဖို့အတွက်..ဝန်းရံခြင်း မြို့တော်အချို့မှာ အခြေစိုက်ပြီး ခုခံဖို့ ချမှတ်ထားခဲ့တဲ့ အစီအစဉ်တွေကိုတော့ စွန့်လွှတ်လိုက်ကြပါပြီ..။ ဒါမှမဟုတ် ဆိုင်းငံ့လိုက်တာလို့လည်း ပြောလို့ရပါတယ်..။ အရှေ့ဘက် အန္တာတိကဆီကို လူတိုင်း ဘေးကင်းစွာ ရောက်ရှိမသွားခင်အထိတော့
ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဦးမှာ မဟုတ်ပါဘူး။
အကြောင်းအရင်း အချို့ကြောင့် အရှေ့ဘက် အန္တာတိကရဲ့ အခြေအနေဟာ အလယ်ပိုင်းထက် အများကြီး ပိုမိုကောင်းမွန်နေခဲ့ပါတယ်..။ ပထမအချက်ကတော့ အဲဒီနေရာက အလယ်ပိုင်းထက် အများကြီး ပိုမိုကျယ်ပြန့်ပြီး လူဦးရေ ပိုမိုထူထပ်ကာ မြေမျက်နှာသွင်ပြင်လည်း ပိုကောင်းတာပါပဲ..။ ဒါကြောင့် အဲ့နေရာဆီ စေလွှတ်ထားခဲ့တဲ့ ပထမတပ်မတော် စစ်ကူတွေဟာ အလယ်ပိုင်းမှာထက် အဆပေါင်းများစွာ ပိုမိုအင်အားတောင့်တင်းနေခဲ့တာ ဖြစ်ပါတယ်..။
ဆန်နီ ပါဝင်နေခဲ့တဲ့ စစ်မြေပြင် တပ်မတော် မှာ စစ်သား တစ်သိန်း ရှိနေခဲ့ပြီး သူတို့နဲ့အတူ နိုးထသူ ငါးထောင်နီးပါး လိုက်ပါလာခဲ့ကြတာပါ..။ ဒါမှမဟုတ် ရှိခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်..။ အခုအချိန်မှာတော့ သူတို့ရဲ့ ထက်ဝက်လောက်ပဲ ကျန်ရှိတော့တာပါ..။ အခြားတစ်ဖက်မှာတော့ အရှေ့ဘက် အန္တာတိကမှာ လှုပ်ရှားနေတဲ့ စစ်မြေပြင် တပ်မ သုံးခုမှာ ဒေသခံတပ်ဖွဲ့တွေကို ထည့်မတွက်ရင်တောင် စစ်အင်အား သုံးသိန်းနဲ့ နိုးထသူ တစ်သောင်းငါးထောင် ရှိနေခဲ့တယ်။
ဒါကတင် မလုံလောက်သေး သလိုမျိုး စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ သူတော်စင် သုံးယောက်ထဲက နှစ်ယောက်ကလည်း အဲ့နေရာမှာပဲ အခြေစိုက်နေခဲ့ကြပါသေးတယ်..။
ဆောင် ကလန်ရဲ့ သံတမန် နဲ့ အစိုးရရဲ့ အထွတ်အထိပ်အဆင့် နှစ်ယောက်လုံးကို ပိုမိုကျယ်ပြန့်တဲ့ ကုန်းမြေကြီးဆီ တာဝန်ပေးထားခဲ့တာ ဖြစ်ပြီး ကောင်းကင် ဒီရေ တစ်ယောက်တည်းကသာ အန္တာတိက အလယ်ပိုင်းတစ်ခုလုံးကို တာဝန်ယူထားခဲ့ရတာပါ..။
အိပ်မက်ဆိုး ချိန်းကြိုး ကလည်း အလယ်ပိုင်းဒေသကို အထူးသဖြင့် ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ခတ်နေပုံ ရပါတယ်..။
နောက်ဆုံး အဓိကအချက်ကတော့ အန္တာတိက အလယ်ပိုင်းမှာ ဝင်းတား သားရဲ ပေါ်ထွက်လာခဲ့တာပါပဲ။ ဒီ တိုက်တန် တစ်ကောင်တည်းကြောင့်တင် သေဆုံးမှု အမြောက်အမြား ဖြစ်ပွားခဲ့ရတာ ဖြစ်ပြီး ..သူရဲ့ လွှမ်းမိုးမှုက ကုန်းမြေတစ်ခုလုံးရဲ့ ဆက်သွယ်ရေးကွန်ရက်ကို ပြိုလဲသွားစေခဲ့ပါတယ်..။တကယ်လို့ သူတော်စင် တိုင်းရစ် သာ သူ့ရဲ့ စွမ်းအားတွေကို တိုက်ရိုက် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘူးဆိုရင် အခြေအနေတွေက ဒီထက်မက ပိုပြီး ဆိုးဝါးသွားနိုင်တာပါ..။
စိတ်မကောင်းစရာကတော့ သူမက ဝင်းတား သားရဲ ကို ထိန်းချုပ်ထားနိုင်ရုံသာ ရှိပြီး သူ့ကို သတ်ဖြတ်နိုင်ခြင်း မရှိတာပါပဲ။
ဘာပဲဖြစ်ဖြစ် တပ်မတော်စစ်ဌာနချုပ်ကတော့ အဆုံးရှုံးခံမှုတွေကို လျှော့ချဖို့ ဆုံးဖြတ်လိုက်ပြီး ဝန်းရံခြင်းနယ်မြေမှာ ကျန်ရှိနေတဲ့ လူသားအင်အားအားလုံးကို ဒေသတစ်ခုတည်းမှာ ကာကွယ်ဖို့အတွက်ပဲ စုစည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။ ဒုတိယတပ်မတော်ရဲ့ ပထမဆုံး တပ်ခွဲတွေကတော့ လကုန်မှာ ရောက်ရှိလာဖို့ စီစဉ်ထားခဲ့တာ ဖြစ်လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်က အနည်းဆုံးတော့ အမြော်အမြင်ရှိပုံ ရနေခဲ့တယ်..။
…ပြဿနာကတော့ အန္တာတိက အလယ်ပိုင်းက ဒဏ်ရာရနေတဲ့ ခုခံသူတွေဟာ ရွှေ့ပြောင်းခြင်း မပြုလုပ်ခင်မှာ အရင်ဆုံး အသက်ရှင်အောင်
နေကြရဦးမှာပါ။
ဖယ်လ်ကွန် စကော့တ် မှာ လူဦးရေ သန်းနှစ်ရာနီးပါး ရှိနေခဲ့ပြီး သူတို့အားလုံးကို အရှေ့ဘက်
အန္တာတိကဆီ ရွှေ့ပြောင်းပေးဖို့အတွက် အနည်းဆုံး သုံးပတ်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်..။ ရေလက်ကြားက သိပ်မကျယ်တာကြောင့် ဒုက္ခသည်တွေကို သင်္ဘောနဲ့ ပို့ဆောင်တာက မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း အထိ ရွှေ့ပြောင်းပေးဖို့ ကြိုးစားတာထက် ဆယ်ဆလောက် ပိုမိုမြန်ဆန်ပါလိမ့်မယ်..။ သို့ပေမယ့် အချိန်မီ ပြီးစီးနိုင်ဖို့အတွက် လူဦးရေက အရမ်းကို များပြားလွန်းနေခဲ့တယ်..။
ဒါကြောင့်ပဲ တပ်မတော်ရဲ့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေဟာ အဲဒီ ရက်သတ္တပတ်တွေအတွင်းမှာ.. ဝန်းရံခြင်း မြို့တော်ကြီးကို အိပ်မက်ဆိုး သားရဲတွေရဲ့ အဆက်မပြတ် ဝန်းရံတိုက်ခိုက်ခြင်း အောက်မှာ မကျဆုံးအောင် သေချာပေါက်
ကာကွယ်ရမှာပဲ ဖြစ်ပါတယ်..။
မာစတာ ဂျက် က နောက်ကို မှီလိုက်ပြီး
“ငါတို့တွေ မနေ့က ကြီးမားတဲ့ တိုက်ခိုက်မှု သုံးကြိမ်ကို ခုခံခဲ့ရတယ်..။ ဒီနေ့မှာတော့ လေးကြိမ် ဒါမှမဟုတ် ငါးကြိမ်လောက် ရှိလာနိုင်တယ်..။ အဲဒီ အရေအတွက်က နောက်ပိုင်းမှာ ပိုပြီးတော့တိုးလာလိမ့်မယ်..။ ငါ ထင်တာတော့ နောက်ဆုံးမှာ ငါတို့တွေ အရေအတွက်ကို ရေတွက်နေဖို့တောင် လိုတော့မှာ မဟုတ်တော့ဘူး..။ ဘာလို့လဲဆိုတော့ အဲဒါက တစ်ရက်ကို ၂၄ နာရီပတ်လုံး အဆက်မပြတ် တိုက်ခိုက်လာမယ့် သားရဲ လှိုင်းလုံးကြီးတွေ ဖြစ်နေမှာမို့လို့ပဲ”
ဝင်းတား နဲ့ ဒေးလ် တို့က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြတယ်..။ နောက်ဆုံးမှာတော့ တက်ရောက်သူ လက်ဖြောင့်စစ်သည်က သက်ပြင်းချလိုက်ပါတယ်..။
“…ကျွန်မကို စိုးရိမ်စေတာက အိပ်မက်ဆိုး သားရဲတွေရဲ့ အရေအတွက် မဟုတ်ဘူး..။ လက်ရှိအချိန်မှာ ဒီနေရာကလွဲလို့ သွားစရာ နေရာမရှိတော့တဲ့ အားကောင်းတဲ့ ခွေးသားတွေ ကြောင့်ပဲ”
ဝိဥာဥ် ရိတ်သိမ်းသူ က ပခုံးတွန့်လိုက်တယ်..။
“ငါတို့တွေ တစ်ကောင်ချင်းစီအတွက် ဗျူဟာတွေ ချမှတ်ရမှာပေါ့..။ အဲဒါက အကြီးစား အစည်းအဝေး လုပ်ရတဲ့ အကြောင်းအရင်းပဲလေ.. ဒါကြောင့် အဲဒီအကြောင်းကို အခု လောလောဆယ် မပြောသေးပဲ နေကြရအောင်…”
ဆန်နီ က စားပွဲဘေးက လွတ်နေတဲ့ ထိုင်ခုံတွေကို ကြည့်ရင်း စကားဝိုင်းထဲကနေ အနည်းငယ် စိတ်အာရုံ လွင့်ပျံနေခဲ့မိတယ်..။
ဒေးဗစ်၊ ရန်ဒဲလ် နဲ့ ဂျက်ဆီ… အထူးတပ်ဖွဲ့ ကပ္ပတိန် ခြောက်ယောက်ထဲက သုံးယောက်ကတော့ အခုအချိန်မှာ သေဆုံးသွားခဲ့ကြပါပြီ..။ သူက ဒီလူတွေကို အများကြီး ရင်းနှီးကျွမ်းဝင်တာမျိုး မရှိခဲ့ပေမယ့်လည်း သူတို့ရဲ့ ဆုံးရှုံးမှုက မကောင်းတဲ့ နိမိတ်တစ်ခုလိုမျိုး ခံစားနေရဆဲပါပဲ..။ အထူးသဖြင့် ရန်ဒဲလ် ပါ..။ ဆန်နီ အနေနဲ့ ဘာကြောင့်မှန်းမသိဘဲ ဒီ ဝါရင့် စစ်ပြန်ကြီးက သူတို့ထဲမှာ နောက်ဆုံးမှ သေဆုံးမယ့်လူ ဖြစ်လိမ့်မယ်လို့ တွေးထင်ထားခဲ့မိပါတယ်..။
ဂျက်ဆီ ကလည်း တကယ့်ကို ကြင်နာတတ်တဲ့ လူတစ်ယောက်လို ပုံစံ ပေါက်နေခဲ့တာပါ..။
‘ချီးတဲ့မှပဲ…’
ကျဆုံးသွားခဲ့တဲ့ မာစတာ သုံးယောက်လုံးက တိုက်ရိုက် တိုက်ခိုက်ရေးမှာ အထူးပြုတဲ့သူတွေ ဖြစ်နေခဲ့တာကို သူ သတိမပြုမိဘဲ မနေခဲ့ပါဘူး..။ ရှေ့တန်းကနေ တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ဝင်တိုက်ပြီး ပြန်ဆုတ်တဲ့ ဗျူဟာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပုန်းလျှိုးကွယ်လျှိုး စစ်ဆင်ရေးတွေပဲဖြစ်ဖြစ်ပေါ့..။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကတော့ ဆန်နီ၊ ဝင်းတား နဲ့ ဒေးလ် တို့ ဖြစ်ကြပြီး အသုံးချမှု အထူးပြုစွမ်းရည်၊ အဝေးပစ် စစ်သည်နဲ့ ခံစစ် စွမ်းအားရှင် တွေဖြစ်နေကြတယ်..။
ဒီအရာအားလုံးထဲမှာ သင်ခန်းစာတစ်ခုခု ရှိနေခဲ့ရင်တောင် သူကတော့ လက်ရှိအချိန်မှာ အဲဒါကို ရှာဖွေဖို့အတွက် စိတ်အနှောင့်အယှက်ဖြစ်ကာ ဝမ်းနည်းလွန်းနေခဲ့မိတာ အမှန်ပါပဲ။
“…ဒီအကြောင်း ပြောမှပဲ… ဟေး ဆန်နီ နင် နားထောင်နေရဲ့လား”
ဆန်နီ က မာစတာ ဂျက် ကို လှမ်းကြည့်လိုက်ပြီး မျက်တောင် အနည်းငယ် ခတ်လိုက်တယ်..။
“ဟုတ်ကဲ့.. နည်းနည်းပါ”
ဝိဥာဥ် ရိတ်သိမ်းသူ က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့ဆီကို အရာတစ်ခု လှမ်းပစ်ပေးခဲ့တယ်..။ သူက အဲဒါကို ဖမ်းလိုက်ပြီးနောက် သူ့လက်ထဲက သေတ္တာလေးကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်..။ အထဲကို ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ ဆန်နီ ဟာ တောက်လောင်နေတဲ့ နှလုံးသားပုံစံ ထွင်းထုထားတဲ့ သံ တံဆိပ်တစ်ခုကို မြင်တွေ့လိုက်ရတယ်။
ဒီ တံဆိပ်က တော်တော်လေးကို ထည်ဝါခမ်းနားတဲ့ ပုံ ပေါက်နေခဲ့ပြီး တည်ကြည် လေးနက်မှုလည်း ရှိနေခဲ့တယ်..။ သူ အရင်က ရရှိခဲ့ဖူးတဲ့ တံဆိပ်ထက် အများကြီး ပိုမို လက်ရာမြောက်လှပြီး ချိတ်ဆက်ထားတဲ့ ဖဲကြိုးကလည်း တောက်ပတဲ့ အနီရောင် ဖြစ်နေခဲ့ပါတယ်..။ သို့ပေမယ့်လည်း… ဒါက ရိုးရှင်းတဲ့ သံနဲ့ ပြုလုပ်ထားတာ ဖြစ်လို့… သိပ်တော့ တန်ဖိုးရှိမှာ မဟုတ်ပါဘူး။
သူက မာစတာ ဂျက် ကို မေးခွန်းထုတ်တဲ့
အကြည့်နဲ့ လှမ်းကြည့်လိုက်တာကြောင့် သူမက ရယ်မောလိုက်မိတယ်..။
“ဘုရားရေ… နင် ဘာမှ မသိဘူးလား..။ အဲဒါက လူသားမျိုးနွယ် ဂုဏ်ပြုတံဆိပ် ပဲ ဆန်နီ.. လူတစ်ယောက် ရရှိနိုင်တဲ့ အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုပဲ..။ ဂုဏ်ယူပါတယ်.. နင်က တရားဝင် သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီ”
သူက အနည်းငယ် မျက်မှောင် ကြုတ်လိုက်တာကြောင့် ဂျက် က ပြုံးလိုက်ပါတယ်..။
“…ပြီးတော့ ဟုတ်တယ်.. အဲဒါက ပံ့ပိုးမှုအမှတ်တွေနဲ့ အတူ လာတာ..။ အများကြီးပဲ..။ နင်က အခု ဗိုလ်မှူး အဆင့်ကိုလည်း ရာထူးတိုးမြှင့်ခံရတယ်..။ အဲဒါက လစာ ပိုတိုးလာတာနဲ့ အတူတူပဲ”
ဆန်နီ က စိတ်အေးသွားခဲ့ပြီးနောက် သံတံဆိပ်လေးကို သံယောဇဉ် အနည်းငယ်ရှိတဲ့ ပုံစံနဲ့ ကြည့်လိုက်မိတယ်..။
“ကျွန်တော်လည်း အချို့အရာတွေကို သိပါတယ် အမှန်တော့…”
လက်ရှိ ဖယ်လ်ကွန် စကော့တ် ရဲ့ ထောက်ပံ့ပို့ဆောင်ရေး အခြေအနေက ပြင်းထန်တဲ့ ဖိအားအောက်မှာ ရှိနေမှာ ဖြစ်လို့ သူ စုဆောင်းထားတဲ့ ပံ့ပိုးမှုအမှတ်တွေ အများကြီးကို ဒီမှာ သုံးစွဲနိုင်လိမ့်မယ်လို့ သူ မထင်ပါဘူး။ အရင်းအမြစ် အများစုကို လိုအပ်နေတဲ့သူတွေဆီ ချက်ချင်း ဖြန့်ဝေပေးရမှာ ဖြစ်ပြီး အဲ့ထဲမှာ တန်ဖိုးရှိတဲ့ မှတ်သားမူတွေလည်း ပါဝင်နိုင်ပါတယ်..။ ဒါမှမဟုတ် နိုးထသူအသစ်တွေ ဘယ်လောက်အထိ လက်နက်တပ်ဆင်ပေးရမလဲဆိုတာကို ထည့်တွက်ရင် တန်ဖိုးသိပ်မရှိတဲ့ မှတ်သားမူတွေလည်း ဖြစ်နိုင်တာပါပဲ။
သူတို့တွေ အရှေ့ဘက် အန္တာတိကဆီ ရောက်သွားတဲ့ အချိန်ကြရင်တော့…
မာစတာ ဂျက် က သူမရဲ့ ဒေတာပတ်ဒ်ကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်တယ်..။
“ငါတို့တွေ ပိုကြီးတဲ့ ရုံးခန်းဆီ သွားဖို့ အချိန်တန်ပြီ..။ စစ်ဗျူဟာ အစည်းအဝေးက စတော့မှာ”
ဆန်နီ က မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်တုကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ကာ တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်ပါတယ်..။
‘တကယ်လို့ ငါတို့သာ အရှေ့ အန္တာတိက
ဆီ ရောက်နိုင်ခဲ့ရင်ပေါ့.…’
အပိုင်း ( ၉၈၄ ) ပြီး၏။