အခန်း ၉၈၅
Vol. 66 Ch. 985
အခန်း ( ၉၈၅ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃ )
နောက်ထပ် အစည်းအဝေးခန်းမကတော့ အများကြီး ပိုမိုကျယ်ဝန်းပြီး တက်ရောက်လာသူတွေအတွက် ဧည့်ခံကျွေးမွေးစရာ မုန့်အချို့တောင် ရှိနေခဲ့ပါတယ်..။ ဆန်နီ က အခန်းရဲ့ အမှောင်ဆုံး ထောင့်စွန်းတစ်ခုကို ရှာဖွေပြီး နေရာယူလိုက်ကာ မုန့်ထုပ်အချို တစ်ခုကို ဖောက်လိုက်တယ်..။ ဒါပေါ့ ဒီမုန့်မှာ ပျားရည် လုံးဝ မပါဝင်တာ သေချာအောင် လုပ်ပြီးမှပဲ ဖောက်ခဲ့တာပါ..။
အခြောက်လှန်းထားတဲ့ ဘယ်ရီသီးလိုမျိုး အရာတစ်ခုကို ဝါးစားရင်း သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိတယ်..။
ပထမတပ်မတော်ရဲ့ အထင်ကရ အရှိဆုံး ပုဂ္ဂိုလ်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာနေခဲ့ကြပါပြီ..။ သာမန် စစ်ဗိုလ်မှူး အနည်းငယ် ရှိနေခဲ့ပေမယ့် အများစုကတော့ တက်ရောက်သူတွေ ဖြစ်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက အထူးတပ်ဖွဲ့ လေးယောက် အပါအဝင် မာစတာ နှစ်ဆယ့်တစ်ယောက်ထက်မနည်းကို ရေတွက်မိလိုက်ပါတယ်..။
နေဗီ နဲ့ ရွန် တို့လည်း ရောက်ရှိနေတာကြောင့် သူက သူတို့ကို လက်လှမ်းပြလိုက်တယ်..။
ဆန်နီရဲ့ ဘေးက ထိုင်ခုံပေါ်မှာ အနားယူနေတဲ့ မာစတာ ဂျက် က သူ့ကို စူးစမ်းတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ပြီး
“နင် ပေါင်းသင်းထားတဲ့ သူငယ်ချင်းတွေက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ ဆန်နီ”
သူက ပခုံးတွန့်လိုက်တယ်။
“သူတို့က ဘာဖြစ်လို့လဲ”
ဝိဥာဥ် ရိတ်သိမ်းသူ က ခပ်တိုးတိုး ရယ်မောလိုက်ပါတယ်..။
“မဟုတ်ပါဘူး.. ဘာမှမဖြစ်ပါဘူး..။ အခု ဒီအခန်းထဲမှာ အစိုးရ တက်ရောက်သူတွေနဲ့ ပြည့်နေတာတောင် နင် လက်လှမ်းပြနေတဲ့ နှစ်ယောက်လုံးက ကြီးမြတ်တဲ့ ကလန်တွေနဲ့ ဆက်နွှယ်နေလို့လေ..။ ငါသာ နင့်အကြောင်းကို သေချာ မသိရင် နင်က အထက်တန်းလွှာတွေနဲ့ ပေါင်းချင်တဲ့ စိတ် ရှိနေတယ်လို့ ထင်မိမှာပဲ”
ဆန်နီ က နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်တော် ပေါင်းချင်တာက… တကယ်တော့ ထားလိုက်ပါတော့..။ ဘာပဲဖြစ်ဖြစ် ဗာလာ ကလန်ထဲ မဝင်ရအောင် သဘောတူညီချက်
ရဖို့ ကူညီပေးခဲ့တာက အစ်မပဲ မဟုတ်ဘူးလား..။ ကျွန်တော့်လို တန်ဖိုးရှိတဲ့ ရတနာတစ်ပါးက ကြီးမြတ်တဲ့ ကလန်တစ်ခုရဲ့ မျက်နှာသာရဖို့ ဆိုတာအတွက် အဆက်အသွယ်တွေ မလိုဘူးဆိုတာ အစ်မ နားလည်မှာပါ…”
ဂျက် ရဲ့ ခပ်တိုးတိုး ရယ်မောသံကို ကြားလိုက်ရတဲ့အခါမှာတော့ သူက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ထပ်ပြောလိုက်ပါတယ်..။
“အိုး… စကားမစပ် အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်..။ ဒီ အန္တာတိက မှာ အကျိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးရမယ့်အစား ဘတ်ရှင် ခံတပ် ထဲက တစ်နေရာရာမှာ မင်းသားတစ်ပါးလို နေထိုင်နိုင်ခဲ့မယ်ဆိုတဲ့ အတွေးကတင် ကျွန်တော့်ကို ပျို့အန်ချင်သလို ခံစားရစေတယ်..။ ကန့်သတ်ချက်မရှိတဲ့ စစ်တပ် အထောက်အပံ့ကို ရနေတဲ့ အချိန်မှာ ဘယ်သူက ဇိမ်ခံမှုကို လိုအပ်မှာလဲ ဟုတ်တယ်မလား”
ဝင်းတား က သူမရဲ့ နေကာမျက်မှန် အနောက်ကနေ သူ့ကို စိုက်ကြည့်ပြီး ပြုံးလိုက်တယ်..။
“ဗာလာ က နင့်ကို စည်းရုံးဖို့ ကြိုးစားခဲ့တာ ငါ မသိပါလား..။ ပြီးတော့ နင်က ငြင်းပယ်ခဲ့တာပေါ့ ဟုတ်လား…။ သူတို့ ကမ်းလှမ်းတဲ့ သတို့သမီးက တကယ်ပဲ ရုပ်ဆိုးလို့လား”
ဆန်နီ က မျက်ခုံးပင့်လိုက်ရင်း
“မသိဘူးလား.. ဘာကို ဆိုလိုတာလဲ”
ဝင်းတား က ခေါင်းခါလိုက်တယ်။
“ငါ ဆိုလိုတာက နင့်ကို ကလန်ထဲ သွင်းဖို့ သူတို့ ကမ်းလှမ်းခဲ့တဲ့ သတို့သမီးအကြောင်းကို ပြောနေတာလေ..။ အဲဒီ အမျိုးသမီးက တကယ်ပဲ ရုပ်ဆိုးနေတာလား ဒါမှမဟုတ် နင်ကပဲ ရူးနေတာလားပေါ့… ။အင်း.. ငါ့မှာ အဖြေရှိသွားပြီ ထင်တယ်”
သူက ပြန်လည် ချေပဖို့ ပါးစပ်ဟလိုက်ပေမယ့် အဲ့ အချိန်မှာပဲ တံခါးပွင့်သွားခဲ့ပြီး လူနှစ်ယောက် အခန်းထဲ ဝင်ရောက်လာခဲ့ပါတယ်..။ အခန်းထဲက အခြေအနေကတော့ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်..။
ပထမဆုံးလူကတော့ သူတော်စင် တိုင်းရစ် ဖြစ်ပြီး သူမက ဆန်နီ မှတ်မိနေတဲ့ အတိုင်း တည်ငြိမ်ပြီး ထူးခြားလှပနေဆဲပါပဲ..။ ဒုတိယလူကတော့ ချောမွေ့တဲ့ အနက်ရောင် အသားအရေနဲ့ အဖြူရောင် ဆံပင်တွေ ရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ပါ..။ သူ့ရဲ့ မျက်လုံးတွေကတော့ အပြာရင့်ရောင် အလင်းတန်းတွေနဲ့ တောက်ပနေခဲ့တယ်..။
ဆန်နီ က ဒီအမျိုးသားကို တစ်ကြိမ်ပဲ မြင်ဖူးခဲ့တာ ဖြစ်ပြီး အဲတာကည်း အဝေးကနေ မြင်ခဲ့ရတာပါ..။သို့ပေမယ့် ဒီသူစိမ်းက ဘယ်သူလဲဆိုတာ သူ သိနေခဲ့ပါတယ်..။
သူကတော့ ညအိမ်တော် ရဲ့ အထွတ်အထိပ်
အဆင့် တစ်ယောက်ဖြစ်တဲ့ ဘလက်ဝေ့ဗ် ပဲ ဖြစ်ပါတယ်..။ သူက ပထမ တပ်မတော်ကို
ဖယ်လ်ကွန် စကော့တ် ဆီ ပို့ဆောင်ပေးခဲ့တဲ့ ရေတပ်ယာဉ်တန်းကို တာဝန်ယူထားခဲ့သူ ပါ။ဆန်နီ တစ်ကြိမ် မြင်တွေ့ခဲ့ဖူးတဲ့ အချိန်တုန်းက သူက မှောင်မိုက်တဲ့ ရေပြင်ထဲကို ဝေလငါးကြီး အဖြစ် အသွင်ပြောင်းကာ ငုပ်လျှိုးသွားခဲ့တဲ့ သူတော်စင်ပါပဲ..။
‘အိုး.. သူလည်း ဖယ်လ်ကွန် စကော့တ် မှာ ရှိနေတာလား’
သေချာတွေးကြည့်ရင်တော့ ဒါက ကျိုးကြောင်းဆီလျော်ပါတယ်..။ ရေတပ်ယာဉ်တန်းက ဒုက္ခသည်တွေကို ရေလက်ကြားကနေ ပို့ဆောင်ဖို့ တာဝန်ပေးခံထားရတာ ဖြစ်လို့ ဘလတ်ဝေ့ဗ် ရှိနေတာက သဘာဝကျပါတယ်..။ သူက ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်အတွင်းမှာ သင်္ဘောတွေကို ဘယ်အရာကမှ ဖျက်ဆီးလို့မရအောင် တာဝန်ယူထားရတာ ဖြစ်နိုင်ပါတယ်..။
ညအိမ်တော် ရဲ့ သံတမန်တွေက ပထမတပ်မတော်ရဲ့ အစိတ်အပိုင်း မဟုတ်ကြတာကြောင့် လက်ရှိ တောင်ပိုင်း ဝန်းရံခြင်းနယ်မြေမှာ စတုတ္ထမြောက် အထွတ်အထိပ်အဆင့် ရှိနေတာကို ဆန်နီ သတိမပြုမိခဲ့တာ ပုံမှန်ပါပဲ..။ မဟုတ်ဘူး.. ဒီထက်မကလည်း ပိုရှိနိုင်ပါသေးတယ်။အခြား ရေတပ်ယာဉ်တန်း သုံးခုမှာလည်း သူတို့ကို ကာကွယ်ဖို့အတွက် စွမ်းအားကြီးတဲ့ အစောင့်အရှောက်တွေ လိုအပ်မှာ ဖြစ်ပါတယ်..။
အစပိုင်းမှာတော့ သူတို့က ကုန်းမြေပေါ်က စစ်ဆင်ရေးတွေမှာ ပါဝင်ပတ်သက်ဖို့ မဟုတ်ခဲ့ပေမယ့် အခုတော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပုံ ရနေခဲ့တယ်..။
ကောင်းကင် ဒီရေ က အခန်းထဲမှာ စုဝေးနေတဲ့ လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် စားပွဲရဲ့ အထက်လူကြီး နေရာမှာ ဝင်ထိုင်လိုက်ပါတယ်..။ ဘလတ်ဝေ့ဗ် ကတော့ နေဗီ နဲ့ စကားအနည်းငယ် ပြောဆိုပြီးနောက်မှာ နံရံကို မှီကာ ရပ်နေခဲ့တယ်..။ သူ့ရဲ့ တည်ရှိမှု ဖိအားက ဖြတ်သန်းသွားတဲ့အတွက် မာစတာ အနည်းငယ်ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့ပါတယ်..။
…ဆန်နီ လည်း ဒါကို ခံစားလိုက်ရတာပါပဲ။
‘တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပဲ’
သူက အရိပ်တွေကတစ်ဆင့် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သူတော်စင်ကို စူးစမ်းနေစဉ်မှာပဲ ကောင်းကင် ဒီရေ က ရှင်းလင်းတင်ပြမှုကို စတင်လိုက်ပါတယ်..။
“ဘာလုပ်ရမလဲဆိုတာ နင်တို့အားလုံး သိထားကြမှာပါ…”
သူတော်စင် တိုင်းရစ် က အချိန်ဆွဲမနေဘဲ ပထမတပ်မတော်ရဲ့ အခြေအနေ၊ သူတို့ ရှေ့က တာဝန်တွေရဲ့ အတိုင်းအတာနဲ့ သူတို့ ရင်ဆိုင်နေတဲ့ ရန်သူ့အင်အားတွေကို အကျဉ်းချုပ် ဖော်ပြလိုက်တယ်..။ သူမရဲ့ အသံက တည်ငြိမ်ပြီး စုစည်းနေခဲ့တာကြောင့် သူတို့တွေက ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်နေရတာမျိုး မဟုတ်သလိုပါပဲ။
ရိုးရိုးသားသား ပြောရရင် ဆန်နီ အနေနဲ့ ကောင်းကင် ဒီရေ ရဲ့ တည်ငြိမ်မှု ပျက်ပြားသွားမယ့် အခြေအနေမျိုးကို စိတ်ကူးယဥ်ကြည့်ဖို့ ခက်ခဲလှပါတယ်..။ အဲဒါက ဘယ်လိုမျိုး ပုံစံ ဖြစ်နိုင်မလဲ..။
‘…အမှန်တော့ အဲဒါကို ဘယ်တော့မှ မသိပါရစေနဲ့လို့ မျှော်လင့်မိတယ်’
သူမ ပြောပြတဲ့ အရာအများစုက သူ သိရှိထားပြီးသား အရာတွေ ဖြစ်ပေမယ့် အားလုံးကို စနစ်တကျ ကြားသိရတာက ပုံရိပ်အပြည့်အစုံကို သေချာမြင်နိုင်ဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်..။
အဲဒီ ပုံရိပ်အပြည့်အစုံကတော့…အခြေအနေ သိပ်မကောင်းလှပါဘူး။
မြို့ပတ်ဝန်းကျင်ရဲ့ မြေပုံအညွှန်းဆီကို ညွှန်ပြရင်း သူတော်စင် တိုင်းရစ် က ဆက်ပြောလိုက်ပါတယ်..။
“…အခု ဖယ်လ်ကွန် စကော့တ် က ဒီဒေသမှာ တစ်ခုတည်းသော ပစ်မှတ် ဖြစ်သွားပြီမို့လို့ အိပ်မက်ဆိုး သားရဲတွေ အချင်းချင်း ကြားထဲက တိုက်ခိုက်မှုတွေက ပိုပြီး ပြင်းထန်လာလိမ့်မယ်..။ မြေမျက်နှာသွင်ပြင် အနေထားက သူတို့ လာမယ့် လမ်းကြောင်းကို ကန့်သတ်ထားတာကြောင့် သားရဲ အုပ်စုအမျိုးမျိုးက တံတိုင်းကို တိုက်ခိုက်ခွင့်ရဖို့အတွက် အချင်းချင်း ပြိုင်ဆိုင်ကြရလိမ့်မယ်..။ အများစုက ငါတို့ဆီ မရောက်ခင်ကတည်းက အသတ်ခံကြရမှာပဲ”
သူမရဲ့ အကြည့်က အေးစက်ပြီး လေးလံနေခဲ့ပါတယ်..။
“ဒါ့ကြောင့် ငါတို့တွေက အရေအတွက် သက်သက်ကြောင့် ဝါးမြိုခံရမှာကို အများကြီး စိုးရိမ်နေဖို့ မလိုဘူး..။ဒါပေမယ့် ငါတို့ စိုးရိမ်ရမှာကတော့ ဒီ တိုက်ပွဲတွေကြားထဲကနေ အဆိုးဝါးဆုံး၊ အသေအပျောက် အများဆုံးနဲ့ အားအကောင်းဆုံး သားရဲတွေပဲ ငါတို့ဆီကို ရောက်လာလိမ့်မယ်ဆိုတဲ့ အချက်ပဲ..။ ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီ သားရဲတွေထဲက ဦးစားပေး ပစ်မှတ်တွေကို ဖော်ထုတ်ပြီး သူတို့ကို ကိုင်တွယ်မယ့် နည်းလမ်းကို ရှာဖွေဖို့ပဲ ဖြစ်တယ်”
သူတော်စင် တိုင်းရစ် က မြေပုံနေရာမှာ ပုံရိပ်အချို့ကို အစားထိုး ပြသလိုက်ပါတယ်..။
“ပဏာမ ဆန်းစစ်ချက်တွေအရတော့ ဒီ အိပ်မက်ဆိုး သားရဲတွေက ဒီမြို့အတွက် အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်”
ဆန်နီ က ပုံရိပ်တွေကို ကြည့်ရင်း သူ့ရဲ့ နှလုံးသားထဲမှာ လေးလံတဲ့ ဖိအားတစ်ခု ဖြစ်တည်လာခဲ့တယ်..။
သူက အဲဒီကောင်တွေထဲက အများစုကို ရင်းနှီးပြီးသား ဖြစ်နေခဲ့တာပါ။
ပတ်ဝန်းကျင်ကို ဝါးမြိုနေတဲ့ ပျံသန်းနိုင်တဲ့ ပိုးမွှားအုပ်ကြီး..။ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးထဲမှာ စီးဆင်းနေတဲ့ အမှောင် မြစ်ကြီးရဲ့
မသဲကွဲတဲ့ ပုံရိပ်..။ LO49 စခန်းမှာ ငြိမ်သက်နေခဲ့တဲ့ ပုံရိပ်တစ်ခု..။ နှင်းထုအနောက်မှာ ပုန်းကွယ်နေတဲ့ အရုပ်ဆိုးလှတဲ့ သားရဲတစ်ကောင်ရဲ့
ဝေဝါးနေတဲ့ ပုံရိပ်..။
ပြီးတော့ တောက်လောင်နေတဲ့ ချော်ရည်ပင်လယ်ထဲကနေ ထွက်ပေါ်လာပြီး ကြီးမားတဲ့ မြို့ကြီးတစ်မြို့ကို တိုက်ခိုက်နေတဲ့..မျက်လုံးတစ်လုံးတည်း ရှိတဲ့ တောင်ကြီးတစ်လုံး..။ဒီအကောင်ကြီးကတော့ လမ်းလျောက်နေတဲ့ တောင်ကြီး တစ်လုံး လိုပါပဲ..။
ဆန်နီ က သက်ပြင်းချလိုက်မိတယ်..။
‘…သုံးပတ် တဲ့လား…’
အပိုင်း ( ၉၈၅ ) ပြီး၏။