← Chapters

အခန်း ၉၈၆

Vol. 66 Ch. 986

အခန်း ၉၈၆

Vol. 66 Ch. 986

အခန်း ( ၉၈၆ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၄ )

သူတော်စင် တိုင်းရစ် က ခနလောက် စောင့်ဆိုင်းပြီးမှ ထပ်ပြောလာခဲ့တယ်..။

"မင်းတို့ထဲက တချို့က ဒီမိစ္ဆာကောင်တွေထဲက တစ်ကောင်ကိုတော့ ရင်ဆိုင်ဖူးပြီးသား ဖြစ်လိမ့်မယ်..။ ဟိုဘက်က မာစတာ ဆန်းလပ်စ် ဆိုရင် ငါးကောင်ထဲက လေးကောင်နဲ့တောင် ဆုံတွေ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့တာပဲ…”

ဘယ်သူကမှ တိုက်တွန်းခြင်း မရှိဘဲ အခန်းထဲက လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ မျက်နှာအမူအရာတွေကတော့ သနားစရာကနေစပြီး အံ့ဩတုန်လှုပ်မှုအထိ အမျိုးမျိုး ဖြစ်နေခဲ့ပါတယ်..။ သူက တီးတိုးပြောသံ အချို့ကိုတောင် ကြားလိုက်ရပါသေးတယ်..။

“လေးကောင် တောင်လား.. ပြီးတော့ သူက အသက်ရှင်နေသေးတယ် ဟုတ်လား..”

“ဒီကလေးက ကျိန်စာတစ်ခုခု မိနေတာပဲ ဖြစ်ရမယ်..”

“နတ်ဆိုးလို ကံကောင်းခြင်းမျိုးပဲ.. ဟားဟား…”

ဆန်နီ လည်ချောင်းရှင်းလိုက်ပါတယ်..။

“အာ.. ဟုတ်ပါတယ်..။ ဒီအချိန်ကို အသုံးပြုပြီး ကျွန်တော့်ရဲ့ စုဆောင်းမှုကို ပြည့်စုံစေဖို့နဲ့ ဝင်းတား သားရဲအကြောင်းကိုပါ သိခွင့်ရအောင် အခွင့်အရေး ပေးခဲ့တဲ့ စစ်တပ်ကွပ်ကဲမှုဌာနကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ချင်ပါတယ်..”

အခန်းထဲမှာ ရယ်မောသံတွေ ပျံ့နှံ့သွားခဲ့တယ်..။

ကောင်းကင် ဒီရေ က သူ့ကို လေးနက်စွာ လှမ်းကြည့်လိုက်တယ်..။

“ဒါဆို ငါ မင်းကို စေတနာ့ဝန်ထမ်းအဖြစ် မှတ်သားထားလိုက်ပါ့မယ်..”

ဆန်နီ ကန့်ကွက်ခွင့်မရခင်မှာပဲ သူမက ဆက်ပြောလိုက်ပါတယ်..။

“ပထမဆုံး ပစ်မှတ်ကတော့ ဝါးမြိုခြင်း တိမ်တိုက် လို့ လူသိများတဲ့ အုပ်စုလိုက် သက်ရှိတစ်ကောင်ပဲ..။ ငါတို့ရဲ့ အနာဂတ်ဟောကိန်းထုတ်သူတွေက အဲဒါက အားကောင်းတဲ့ အိပ်မက်ဆိုး သားရဲ မဟုတ်ဘဲ အကြွင်းအကျန်တစ်ခု ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့တယ်..။ ဝါးမြိုခြင်း တိမ်တိုက် က အတိတ်တစ်ချိန်ချိန်တုန်းက သူ့ရဲ့ အဓိက အသိစိတ် ဖျက်ဆီးခံခဲ့ရတဲ့ ကျရှုံးမူအဆင့် တယ်ရာ တစ်ကောင် ဖြစ်ဖို့ များတယ်..။ ဒါပေမယ့် သူ့ရဲ့ မျိုးဆက်အုပ်စုကတော့ ကျန်ရှိနေဆဲ ဖြစ်ပြီး အဲဒါကို ငါတို့ တုံ့ပြန်ဖို့ လိုအပ်တယ်..”

သူမက အထူးတပ်ဖွဲ့ တွေကို ကြည့်လိုက်တယ်..။

“မာစတာ ဝင်းတား .. မင်းရဲ့ အဝေးပစ် တိုက်ခိုက်မှုနဲ့ ဧရိယာအလိုက် တိုက်ခိုက်မှု စွမ်းရည်တွေကို ထည့်သွင်းစဉ်းစားပြီး..ဝေဟင်က ခြိမ်းခြောက်မှုတွေကို တွန်းလှန်တဲ့နေရာမှာ မြို့ကို ကာကွယ်ဖို့ မင်းက တာဝန်ယူပေးရမယ်..”

ဝင်းတား က ခေါင်းငြိမ့်လိုက်ပါတယ်..။သူတော်စင် တိုင်းရစ် က အသေးစိတ် အချက်အလက် အချို့ကို ထပ်မံရှင်းပြပြီးနောက် ဆက်ပြောလိုက်ပါတယ်..။

“ဒုတိယ ပစ်မှတ်ကတော့ အမှောင်ထုရဲ့ နှလုံးသား လို့ သတ်မှတ်ထားတဲ့ သတ္တဝါပဲ..။ သူ့ရဲ့ စွမ်းအားတွေက အမှောင်ထုတွေ.နေရာလွတ် ပုံပျက်ခြင်းတွေနဲ့ ဆက်နွှယ်နေပြီး အင်းဆက်လိုမျိုး ဒရုန်းတွေ အများအပြားနဲ့ ဖွဲ့စည်းထားတယ်ဆိုတာက လွဲရင် သူ့အကြောင်းကို အများကြီး မသိနိုင်သေးဘူး..။ ဒီသတ္တဝါရဲ့ အကြောင်းကိုတော့ ပထမ အထူးတပ်ဖွဲ့ က ငါတို့ဆီ ယူဆောင်လာခဲ့တာ ဖြစ်တယ်..”

ဒါကတော့ အိပ်မက်ဆိုး ကမ္ဘာကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ..ယာဉ်တန်း ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေအကြောင်း အရာအားလုံးကို စနစ်တကျ အစီရင်ခံတင်ပြခဲ့တဲ့ ဆန်နီ နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေကို ပြောတာ ဖြစ်ပါတယ်..။

ကောင်းကင် ဒီရေ က အထူးတပ်ဖွဲ့ လေးယောက်ရှိရာ ဘက်ကို ကြည့်လိုက်ပြီး..

“အမှောင်ထုရဲ့ နှလုံးသား က အိပ်မက်ဆိုး ချိန်းကြိုး မတိုင်ခင်ကတည်းက အန္တာတိက အလယ်ပိုင်းမှာ ရှိနေခဲ့တာပဲ..။ သူ့ရဲ့ အဆင့်နဲ့ အမျိုးအစားကို မသိရသေးပေမယ့် လက်ရှိ ယူဆချက်အရတော့ အထူးတပ်ဖွဲ့ တွေက ဒီသတ္တဝါရဲ့ တိုက်တန် အဖြစ် ဆင့်ကဲပြောင်းလဲမှုကို နှောင့်ယှက်ခဲ့ပုံ ရတယ်..။ အဲဒါကြောင့် ငါတို့က ပိုမိုကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခုကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်နိုင်တယ်..။ ဘာပဲဖြစ်ဖြစ် ဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့ အသင့်တော်ဆုံးလူတွေကတော့…”

သူမက မရင်းနှီးတဲ့ ပထမတပ်မတော်ရဲ့ တက်ရောက်သူ သုံးယောက်ရဲ့ နာမည်ကို ပြောလိုက်တယ်..။ သူတို့ရဲ့ နတ်ဘုရားအဆင့်စွမ်းရည် တွေက သတ်ဖြတ်လိုစိတ် ပြည့်နှက်နေတဲ့ အမှောင်ထု ပိုးမွှားတွေကို ဆန့်ကျင် တိုက်ခိုက်ဖို့ ကောင်းကောင်း အလုပ်ဖြစ်လိမ့်မယ် ထင်ရပါတယ်..။ ဆန်နီ ကတော့ အဲဒီ ကျိန်စာသင့် အင်းဆက်ကောင်တွေကို သူကိုယ်တိုင် ထပ်မံ ရင်ဆိုင်ဖို့ မလိုတော့ဘူးဆိုတာ သိလိုက်ရလို့ ဝမ်းသာသွားခဲ့ရတယ်..။

…အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင်ပေါ့..။

“တတိယ ပစ်မှတ်ကတော့ LO49 ရဲ့ တယ်ရာ လို့ သတ်မှတ်ထားတယ်..။ ဒီသတ္တဝါက ပျက်ပြားခြင်းအဆင့် တယ်ရာ ဖြစ်ဖို့ များပေမယ့် သူ့ရဲ့ အဆင့် အတိအကျ နဲ့ အမျိုးအစားကိုတော့ မသိရသေးဘူး..။ သူက စစ်သင်္ဘော အာရီယက်ဒ်နီ ကို ဖျက်ဆီးခဲ့သလို LO49 စခန်းရဲ့ တပ်စွဲထားတဲ့ စစ်သည်တွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်..။ မာစတာ ဆန်းလပ်စ် က ဒီတိုက်ခိုက်မှုကနေ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်လို့ ဒီခြိမ်းခြောက်မှုအကြောင်းကို ငါတို့ကို အသိပေးဖို့ အကောင်းဆုံးလူပဲ ဖြစ်မယ်ထင်တယ်..”

ဆန်နီ က ခနောက်လောက် စောင့်ဆိုင်းလိုက်ပြီးနောက်မှာ ပခုံးတွန့်လိုက်တယ်..။

“ပြောစရာ အများကြီးမရှိပါဘူး..။ အဲဒီကောင်က ရေအောက်မှာ ပုန်းအောင်းနေပြီး အတော်လေး စွမ်းအားကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနဲ့ လူတွေကို သမုဒ္ဒရာထဲ ဆွဲသွင်းပြီး သတ်ပစ်တာပဲ..။ ပြီးတော့ သူက တခြားလူတွေအားလုံးရဲ့ စိတ်ကိုလည်း ဒီလူတွေ ပျောက်ဆုံးသွားတာကို သတိမပြုမိအောင် စိတ်စွမ်းအား တစ်ခု လုပ်ထားတတ်တယ်..။ ဒါက ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ ပုံစံ ဖြစ်ပေမယ့် အဲဒီသတ္တဝါမှာ အခြား တိုက်ခိုက်ရေး နည်းလမ်းတွေ မရှိဘူးလို့တော့

မပြောနိုင်ဘူး..။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ တင်ပြထားတဲ့ အစီရင်ခံစာတွေမှာ ဖတ်ရှုနိုင်ပါတယ်..”

သူက အနည်းငယ် စဥ်းစားလိုက်ပြီးမှ ထပ်ပြောလိုက်ပါတယ်..။

“အဲဒီ တယ်ရာ နဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခု ရှိရင် အဲဒါက ထွက်ပေါက် ကနေ တစ်ကောင်တည်း ထွက်လာတာပဲ ဖြစ်လိမ့်မယ်..။ သူ့ကို ကာကွယ်ဖို့အတွက် အားနည်းတဲ့ အိပ်မက်ဆိုး သားရဲ အခြံအရံတွေ ရှိမနေပုံ ရတာကြောင့် အဲဒါက အားနည်းချက်တစ်ခု ဖြစ်နိုင်တယ်လေ..။ အိုး… ပြီးတော့ လူအုပ်စုကြီးကို သုတ်သင်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်မှာလည်း ကန့်သတ်ချက် တစ်ခုခု ရှိနေရမယ်..။ မဟုတ်ရင် သူက LO49 မှာရှိတဲ့ လူတိုင်းကို သတ်ဖို့ ရက်သတ္တပတ်တွေအထိ စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး..”

ကောင်းကင် ဒီရေ က ခေါင်းငြိတ်လိုက်တယ်..။

“သူတော်စင် ဘလတ်ဝေ့ဗ် ၊ မာစတာ နေဗီ ..။ ဒီသတ္တဝါက သဘာဝအရ ရေနေ သတ္တဝါ ဖြစ်ပုံရတာကြောင့် သူ့ကို လိုက်လံ ရှာဖွေ ဖျက်ဆီးဖို့က ရှင်တို့ရဲ့ တာဝန် ဖြစ်လိမ့်မယ်..။ အဲဒီ တယ်ရာ ကို မြို့နားကို ချဉ်းကပ်ခွင့် မပေးနိုင်ဘူး..”

ညအိမ်တော် ရဲ့ သံတမန်တွေက ရိုးရိုးရှင်းရှင်းပဲ ခေါင်းငြိမ့်လိုက်ကြပါတယ်..။ ဆန်နီ ကတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး မှတ်သားမူ တွေ လုံလုံလောက်လောက် ရှိပါစေလို့ မျှော်လင့်ထားလိုက်မိတယ်..။

အဲ့အချိန်မှာပဲ သူတော်စင် တိုင်းရစ် က ဝင်းတား သားရဲ ရဲ့ ပုံရိပ်ဆီသို့ လှည့်လိုက်ပါတယ်..။ သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ ဂရုမစိုက်တဲ့ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့တယ်..။

“ဝင်းတား သားရဲ က… မကြာသေးခင်ကပဲ ပျက်ပြားခြင်းအဆင့် တိုက်တန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်..။ ငါ သူ့ကို မသတ်နိုင်ပေမယ့် ငါ သူ့ကို ထိန်းချုပ်ထားမယ်..။ ဒီသတ္တဝါကို ကိုင်တွယ်ဖို့က ငါ့ရဲ့ တာဝန် ဖြစ်လိမ့်မယ်..”

အခန်းထဲက လူအများစုက သတ္တဝါရဲ့ အဆင့်ကို ကြားလိုက်ရတဲ့အခါမှာ မျက်နှာပျက်သွားခဲ့ကြတယ်..။ မာစတာ ရွန် ကတော့ အထူးသဖြင့် လေးနက်တဲ့ မျက်နှာထား ဖြစ်သွားပုံရပါတယ်..။

ကောင်းကင် ဒီရေ ကတော့ ဒီ စိတ်ခံစားချက်တွေကို ဂရုမစိုက်ဘဲ နောက်ဆုံး ပုံရိပ်ဆီသို့ လှည့်လိုက်ပါတယ်..။

“ဒါဆို ငါတို့ဆီမှာ ကျရှုံးမူအဆင့် တိုက်တန် ဂိုလီယက် ပဲ ကျန်တော့တယ်..။ ဒီသတ္တဝါက အီရီဘတ် ကွင်းပြင် ကို ဖျက်ဆီးပစ်ခဲ့တဲ့ သတ္တဝါပဲ..။ အခုအချိန်အထိ ငါတို့က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကိုပဲ ကြုံတွေ့ဖူးသေးတယ်ဆိုတာ သတိပြုပါ..။ ဂိုလီယက် ရဲ့ စွမ်းအားတွေရဲ့ သဘောသဘာဝက ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့်… သူ့ကို ဘယ်လို ဖျက်ဆီးရမလဲဆိုတာ ဆုံးဖြတ်ဖို့ ငါတို့မှာ လုံလောက်တဲ့ အချက်အလက် မရှိသေးဘူး..”

မာစတာ တွေက တိတ်ဆိတ်သွားခဲ့ကြပြီး မြေပြင်ပေါ်မှာ လမ်းလျှောက်နေတဲ့ ကျောက်တုံး ဘီလူးကြီးရဲ့ ကြောက်မက်ဖွယ် ပုံရိပ်ကို စိုက်ကြည့်နေခဲ့ကြတယ်..။

…ဒီ တိတ်ဆိတ်မှုတွေ ကြားထဲမှာပဲ ရုတ်တရက် တည်ငြိမ်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

“ဂိုလီယက် ကို ကျွန်တော် သတ်မယ်..”

လူတိုင်းက လှည့်လာခဲ့ကြပြီး နားမလည်နိုင်တဲ့ မျက်နှာအမူအရာတွေနဲ့ ဆန်နီ ကို စိုက်ကြည့်လိုက်ကြပါတယ်..။ သူက ပြုံးလိုက်ရင်း

“ဘာဖြစ်လို့လဲ..။ အဲ့ ခွေးသားက ကျွန်တော့်ကို ဝတ်ရုံ အသစ်တစ်ထည် အကြွေးတင်နေတာလေ..။ပြီးတော့ ကျွန်တော် တိုက်တန် တစ်ကောင်ကို တစ်ခါမှ မသတ်ဖူးသေးဘူး… ။ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်..”

သူတို့ထဲက အများစုက ခေါင်းခါလိုက်ကြပါတယ်..။

“ဒါက ကြွားဝါနေဖို့ အချိန်ကောင်း မဟုတ်ဘူး ကောင်လေး..”

ဆန်နီ က ပခုံးတွန့်လိုက်တယ်..။

“ဘယ်အချိန်မဆို အတူတူပါပဲ..”

သူတော်စင် တိုင်းရစ် က သူ့ကို ခနလောက် စူးစမ်းသလို စိုက်ကြည့်နေပြီးမှ အကြည့်ကို လွှဲလိုက်ပါတယ်..။

“ဘာပဲဖြစ်ဖြစ်…”

သူမ စကားမဆုံးခင်မှာပဲ အခန်းထဲက ဆက်သွယ်ရေး ကိရိယာ အချို့က သတင်းစကားတစ်ခု လက်ခံရရှိကြောင်း ပိုင်ရှင်တွေကို အသိပေးလာခဲ့တယ်..။

ဆန်နီ က မျက်ခုံးပင့်လိုက်မိတယ်..။ ဒါက… ပုံမှန်မဟုတ်ပါဘူး..။ ဖယ်လ်ကွန် စကော့တ် က ဝင်းတား သားရဲ ရဲ့ သက်ရောက်မှု ဧရိယာထဲမှာ ရှိနေဆဲ ဖြစ်တာကြောင့် မြို့တံတိုင်းအတွင်းကဘယ်နေရာမှာမှ ကွန်ရက်ချိတ်ဆက်မှု မရှိခဲ့ပါဘူး..။

ဒါပေမယ့် အရှေ့ဘက် အန္တာတိက နဲ့ အထူး ထပ်ဆင့်လွှင့်စက်တွေကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ စွမ်းအားကြီး ဆက်သွယ်ရေး အခင်းအကျင်းတစ်ခုတော့ ရှိနေခဲ့တယ်..။

သူ့ရဲ့ လိုင်းအကျယ်က အတော်လေး ကန့်သတ်ထားပြီး အများစုကို စစ်တပ်ကွပ်ကဲမှုဌာနကပဲ လက်ဝါးကြီးအုပ်ထားတာ ဖြစ်ပါတယ်..။ ဆန်နီ က ရိန်း နဲ့ ဆက်သွယ်နိုင်ဖို့ အခွင့်အရေးသေးသေးလေး တစ်ခု ရရှိဖို့တောင် ပံ့ပိုးမှုအမှတ် အတော်များများကို သုံးစွဲခဲ့ရတာပါ..။

ဒါတောင်မှ အဲဒီ အခွင့်အရေးက သတင်းစကားတွေ ရေးတဲ့အခါမှာ စာလုံးတွေကို လိုက်လံရေတွက်ရလောက်အောင် သေးငယ်လှပါတယ်။ဒါက အမြဲတမ်း ချိတ်ဆက်မှုအစား ဒေတာ ပက်ကေ့ခ်ျတွေကို တင်းကြပ်တဲ့ အစီအစဉ်အတိုင်း တစ်ရက်ကို နှစ်ကြိမ်သာ အတင်း လှမ်းပို့ရတာပါ။

သူက အချိန်ကို စစ်ဆေးဖို့ သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကို ကြည့်လိုက်တယ်..။ မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေမှာ မနက် ဆယ်နာရီဝန်းကျင် ရှိနေခဲ့ပြီး ဒေသစံတော်ချိန်ကို ပြောင်းလိုက်ရင်တော့… အစီအစဥ် ရဲ့ သတ်မှတ်ထားတဲ့ အသက်သွင်းချိန်နဲ့ လုံးဝ မနီးစပ်ပါဘူး..။

‘စိတ်ဝင်စားဖို့ကောင်းတာပဲ…’

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ သတင်းစကားကို လက်ခံရရှိတဲ့ လူတွေပါပဲ..။ သူတို့က သုံးယောက်တည်းသာ ရှိပြီး… ကောင်းကင် ဒီရေ ၊ ဘလတ်ဝေ့ဗ် နဲ့ ဝိဥာဥ် ရိတ်သိမ်းသူ ဂျက် တို့ ဖြစ်ကြပါတယ်..။

သူတော်စင် တိုင်းရစ် က သတင်းစကားကို ဖတ်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။ တစ်ခြား အထွတ်အထိပ်အဆင့် က သက်ပြင်းချလိုက်ပြီးနောက် သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကို နေဗီ ဆီ ခနပြသလိုက်ကာ ပြန်သိမ်းလိုက်ပါတယ်..။ မာစတာ ဂျက် ကတော့ မျက်နှာပြင်ကို ကြည့်လိုက်ပြီး ဘာတုံ့ပြန်မှုမှ မပြဘဲ သူမရဲ့ ပုံမှန် ပေါ့ပေါ့ပါးပါး အနေအထားအတိုင်းပဲ ရှိနေခဲ့တယ်..။

ဆန်နီ က ခနလောက် ဝေခွဲမရ ဖြစ်နေပြီးနောက် မှာ..သူမဘက်သို့ စောင်းပြီး တိုးတိုးလေး မေးလိုက်ပါတယ်..။

“အဲဒါ ဘာအကြောင်းလဲ..”

မာစတာ ဂျက် က သူ့ကို ကြည့်ပြီး ပခုံးတွန့်လိုက်တယ်..။

“ဒီမနက် အိပ်မက် ကမ္ဘာ ထဲမှာ သူတော်စင် တစ်ယောက် သေဆုံးသွားခဲ့တယ်..။ ရက်စက်တဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ရန်ကနေ ခံတပ် ကို ရဲရဲဝံဝံ ကာကွယ်ရင်းနဲ့ပေါ့..။ ဗာလာ ရဲ့ လူတစ်ယောက်ပဲ..”

ဆန်နီ က အနည်းငယ် အံ့အားသင့်သွားခဲ့တယ်..။ သူတော်စင်တွေက မကြာခန သေဆုံးလေ့မရှိပါဘူး..။

“ရက်စက်တဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်တဲ့လား..”

ဝိဥာဥ် ရိတ်သိမ်းသူ က အနည်းငယ် ပြုံးလိုက်ပါတယ်..။

“ဟုတ်တယ်.. အခုကစပြီး အရာအားလုံးက အများကြီး ပိုမြန်လာတော့မယ်..။ ဒီမှာရှိနေတဲ့ ငါတို့အတွက် အရေးကြီးတာတော့ မဟုတ်ဘူး..။ အခုလောလောဆယ်ပေါ့…”

အပိုင်း ( ၉၈၆ ) ပြီး၏။

All Chapters