← Chapters

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ( ၉၈၈ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၆ )

ဆန်နီ နဲ့ သူ့ရဲ့ အဖွဲ့သားတွေ တာဝန်ပြီးဆုံးသွားတဲ့ အချိန်အထိလည်း..တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါပဲ..။ ဒါမှမဟုတ်လည်း ဒါက နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်နေနိုင်ပါတယ်..။ အခုအချိန်မှာတော့ ပထမအကြိမ် တိုက်ခိုက်မှု ဘယ်နေရာမှာ ပြီးဆုံးပြီး..ဒုတိယအကြိမ် တိုက်ခိုက်မှု ဘယ်အချိန်မှာ စတင်လဲဆိုတာကို ခွဲခြားဖို့ ခက်ခဲနေခဲ့ပါပြီ..။

တံတိုင်းပေါ်ကနေ ဆင်းလာပြီးတဲ့နောက်.. အထူးတပ်ဖွဲ့ ဝင်တွေဟာ အောက်ဘက်က အလုပ်ရှုပ်နေတဲ့ စစ်စခန်းကို ဖြတ်သန်းသွားခဲ့ကြပါတယ်..။ ကုန်တင်ယာဉ်ကြီးတွေဟာ လေးလံတဲ့ ခဲယမ်းမီးကျောက် သေတ္တာတွေကို အပေါ်ဆီ ပို့ဆောင်ဖို့ အလုအယက် မောင်းနှင်နေကြပြီး..ဒဏ်ရာရ စစ်သားတွေကိုတော့ လူနာခွဲခြားပြီး ကုသပေးနေခဲ့ကြတယ်။..အင်အားဖြည့်တင်းထားတဲ့ စစ်သည်သစ်တွေကလည်း ဓာတ်လှေကားထဲ ဝင်ရောက်ဖို့အတွက် သူတို့အလှည့်ကို စောင့်ဆိုင်းနေကြပါတယ်..။ဟိုနား.. ဒီနားမှာတော့ ပျက်စီးသွားတဲ့ MWP စက်ရုပ်အချို့ ရပ်တန့်နေပြီး..နည်းပညာရှင် အဖွဲ့တွေက အလျင်အမြန် ပြုပြင်နေကြတယ်..။

ပြင်ဆင်မှုဇုန်ကနေ ထွက်ခွာလာပြီးနောက်မှာတော့..သူတို့ဟာ မကြာခင်မှာပဲ ရိုင်နို ဆီကို ရောက်ရှိလာခဲ့ကြပါတယ်..။ ဒီသန်မာလှတဲ့ မော်တော်ယာဉ်ကြီးက အကောင်းဆုံး အခြေအနေမှာ မရှိတော့ပေမယ့်..မြို့ထဲမှာ လှည့်လည်သွားလာဖို့အတွက်တော့ အသုံးပြုနိုင်ပါသေးတယ်..။ ဒါ့အပြင် အဖွဲ့ဝင်တွေက သက်တောင့်သက်သာရှိတဲ့ စစ်တန်းလျားတွေမှာ အိပ်စက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့်..ဆန်နီ ကတော့ ရင်းနှီးနေပြီဖြစ်တဲ့ ဒီသံချပ်ကာ လူနာတင်ယာဉ်ထဲမှာပဲ နေထိုင်ဖို့ ရွေးချယ်ခဲ့တယ်..။ သူက လူစတာ ဆီကနေ ဒါကို ဘယ်လိုမောင်းရမလဲဆိုတာကိုတောင် သင်ယူထားခဲ့ပါသေးတယ်..။ အင်း… အနည်းနဲ့အများပေါ့…။

“ကျွန်တော်တို့နဲ့ လိုက်မလား ကပ္ပတိန်.. အို… ဆောရီး… မေဂျာ..”

[ ဗိုလ်မှူး ကို ပြောတာ ]

ကင်မ် က ဒီမေးခွန်းကို မေးပြီးနောက် နေရခက်စွာနဲ့ မျက်နှာလွှဲသွားခဲ့တယ်..။ ဆန်နီ ကတော့ ရိုးရိုးရှင်းရှင်းပဲ ခေါင်းခါပြလိုက်ပါတယ်..။

“ဒီနေ့တော့ မလိုက်တော့ဘူး..။ ငါ လုပ်စရာ ကိစ္စအချို့ ရှိသေးလို့..မင်းတို့ပဲ ရိုင်နို ကို စစ်တန်းလျားဆီ မောင်းသွားပြီး ပုံမှန်နေရာမှာပဲ ရပ်ထားလိုက်တော့..။ အိုး… ပြီးတော့ ကောင်းကောင်း အနားယူထားကြဦး..။ မနက်ဖြန်ကတော့ ရှည်လျားတဲ့ နေ့တစ်နေ့ ဖြစ်လိမ့်မယ်..”

ဒီနေ့မှာ အဖွဲ့သားတွေအနေနဲ့ ဘာမှ အများကြီး မလုပ်ခဲ့ရပေမယ့်လည်း..လူတိုင်းကတော့ ပင်ပန်းနေကြဆဲပါပဲ..။ သူတို့က ဆန်နီ ကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီး အလျင်အမြန် မောင်းထွက်သွားခဲ့ကြပါတယ်..။

…သူတို့ ဖယ်လ်ကွန် စကော့တ် မှာ ရှိနေတဲ့ စတုတ္ထမြောက်နေ့ကတော့ ကုန်ဆုံးဖို့ နီးကပ်လာခဲ့ပါပြီ..။

ဆန်နီ က သူ့ရဲ့ အဆီအနှစ် ဖြည့်တင်းမှုနှုန်းကို မြန်ဆန်စေဖို့အတွက် အဆီအနှစ်တွေကို လှည့်ပတ်စီးဆင်းစေရင်း..မိနစ်အနည်းငယ်လောက် လမ်းလျှောက်နေခဲ့တယ်။သူက..ဝေးကွာလှတဲ့ ပေါက်ကွဲသံတွေ ကြားထဲမှာ အေးစက်တဲ့ လေထုကို ရှူရှိုက်နေခဲ့ပါတယ်..။ ယင်းနောက်မှာတော့ သူက ရွေ့လျားနေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးရဲ့ ခြေနင်းခုံပေါ်ကို ခုန်တက်လိုက်ပြီး..သူ သွားမယ့် ဦးတည်ချက်ဆီကို ပို့ဆောင်ပေးဖို့ ခွင့်ပြုလိုက်ပါတယ်..။

စစ်မီးတောက်နေတဲ့ မြို့ပြရဲ့ မြင်ကွင်းတွေက သူ့ဘေးကနေ ဖြတ်သန်းသွားခဲ့ပြီး..အဆောက်အဦး အနည်းငယ်ထဲမှာလည်း ဒုက္ခသည် အမြောက်အမြား တိုးဝှေ့ ပိတ်မိနေခဲ့ကြတယ်..။ လူတိုင်းက မိမိကိုယ်တိုင် နဲ့ အိမ်နီးနားချင်းတွေအတွက် အဆင်ပြေနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် အကောင်းဆုံး ကြိုးစားနေကြပေမယ့်..ပြဿနာတွေကလည်း အများကြီး ရှိနေခဲ့တာပါပဲ..။

ဒီလူအများစုက တုန်လှုပ် ခြောက်ခြားနေပြီး စိတ်ဒဏ်ရာ ရနေကြကာ..အချို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါးတောင် ဖြစ်နေကြပါပြီ..။ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အများကြီး ရှိနေခဲ့ပြီး..မှောင်မိုက်တဲ့ ခံစားချက်တွေက ပိုလို့တောင် များပြားနေခဲ့ပါသေးတယ်..။

…အိပ်မက်ဆိုး အခိုက်အတန့် က ဒုက္ခသည်တွေကြားထဲမှာ အရှိန်အဟုန်နဲ့ ကူးစက်ပြန့်ပွားနေတာကြောင့်..ကျရှုံးသွားတဲ့ အိပ်စက်သူ

တွေရဲ့ ခန္ဓာကိုယ်တွေဆီကနေ အိပ်မက်ဆိုး သားရဲတွေ အများကြီး မွေးဖွားလာနေခဲ့ပါတယ်။..အဆိုးရွားဆုံးအခြေအနေ မဖြစ်ပွားခင် မှာ ကူးစက်ခံထားရသူအားလုံးကို ရှာဖွေဖို့အတွက် စစ်သားအရေအတွက်က လုံးဝ မလုံလောက်ပါဘူး..။

ကြောက်ရွံ့မှု၊ တင်းမာမှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေရဲ့ မွန်းကြပ်မူတွေက လေထုထဲမှာ ပျံ့နှံ့နေခဲ့တယ်..။

ဒါပေမယ့်လည်း လူတွေကတော့ ဆက်လက် ရှင်သန်နေကြဆဲပါပဲ..။ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်စွမ်းက အရာအားလုံးကို အောင်နိုင်သွားခဲ့ပြီး..ဒီငရဲခန်းထဲမှာ တောင့်ခံနိုင်ဖို့နဲ့ ပျော်ရွှင်စရာ အခိုက်အတန့်အချို့ကိုတောင် ရှာဖွေနိုင်ဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်..။

ဆန်နီ ဟာ အပြုံးတွေကို အများကြီး မြင်တွေ့ခဲ့ရပြီး..ရယ်မောသံတွေကိုလည်း အများကြီး ကြားခဲ့ရတယ်။..ဒုက္ခသည်တွေက ရွှေ့ပြောင်းပေးမှာကို မျှော်လင့်ရင်း သူတို့ရဲ့ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းနေကြလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မြင်တွေ့ခဲ့ရပါတယ်..။

‘သူတို့မှာ မျှော်လင့်ချက် ရှိနေသေးတာပဲ..’

နောက်ဆုံးမှာတော့ သူက အောက်ကို ခုန်ဆင်းလိုက်ပြီး ကျန်တဲ့လမ်းကို ခြေကျင် ဆက်လျှောက်လာခဲ့လိုက်တယ်။သူက..အလုပ်အများကြီး လုပ်ဆောင်နေကြတဲ့နေရာရဲ့ အလယ်မှာတည်ရှိနေတဲ့ အဖြူရောင် ဂိုဒေါင်ကြီးတွေ ရှိရာ ပြင်ဆင်မှုဇုန် အစိတ်အပိုင်းတစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်..။

ဒီနေရာကတော့ ပထမစစ်တပ် အသုံးပြုဖို့အတွက် ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေကို ပြုပြင်မွမ်းမံပြီး သန့်စင်တဲ့ နေရာ ဖြစ်ပါတယ်..။

ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံရှိတဲ့ အင်ဂျင်နီယာတစ်ယောက်က တံခါးဝမှာ သူ့ကို လာရောက်ဆုံတွေ့ခဲ့တယ်..။

“မေဂျာ ဆန်းလပ်စ် လား..”

ဆန်နီ က ခေါင်းညိတ်ပြလိုက်ပြီး ဒီလူက သူ့ကို သတ်မှတ်ထားတဲ့ ဂိုဒေါင်အတန်းတစ်ခုဆီ ခေါ်ဆောင်သွားတာကို လိုက်ပါသွားခဲ့ပါတယ်..။

“ဟုတ်ကဲ့.. ကျွန်တော်တို့ ဆရာ့ ရဲ့ တောင်းဆိုချက်ကို ရရှိထားပါတယ်..။

ခွင့်ပြုချက်က အတော်လေး မြန်မြန်ဆန်ဆန် ကျလာတာမို့လို့..ဆရာ့မှာ လုံလောက်တဲ့ ပံ့ပိုးမှုအမှတ်တွေ ရှိနေသရွေ့တော့..ဆရာ့အတွက် အများကြီး ယူထားလို့ရပါတယ်..။ဆရာ ဒါကို ဘာအတွက် သုံးမလဲဆိုတာ ကျွန်တော် မသိပေမယ့်ပေါ့..။ များသောအားဖြင့်တော့..မွမ်းမံထားတဲ့ ပစ္စည်းတွေကို ကိုင်ဆောင်ပြီး သုံးချင်ကြတာက သာမန်လူတွေပဲ လေ..။ အခုကတော့ ပြောင်းပြန် ဖြစ်နေသလိုပဲ..”

ဆန်နီ က ပြုံးလိုက်မိတယ်..။

ဒီဂိုဒေါင်ကြီးတွေထဲမှာတော့ အိပ်မက်ဆိုး သားရဲတွေရဲ့ အလောင်းကောင်တွေ ပြည့်နှက်နေခဲ့တာပါ။..ဒါတွေက တိုက်ပွဲကွင်းပြင်ကနေ ပြန်လည် ဆယ်ယူလာဖို့နဲ့ စစ်တပ်ကနေ ပြုပြင်မွမ်းမံဖို့အတွက် လုံလောက်အောင် တန်ဖိုး ရှိတဲ့အရာတွေ ဖြစ်နေခဲ့တယ်..။

ဥပမာအားဖြင့် သူနဲ့ ကောင်းကင် ဒီရေ တို့ သတ်ဖြတ်ခဲ့တဲ့ ပျက်ပြားခြင်းအဆင့် တိုင်းရန့် , ကျောက်စိမ်းဘုရင်မရဲ့ အကြွင်းအကျန် အလောင်းကောင်ကိုလည်း တစ်ခါက ဒီနေရာမှာ ထားရှိခဲ့တာပါ..။ အဲဒီ သားရဲကြီးရဲ့ မယုံနိုင်လောက်အောင် ခိုင်ခံ့တဲ့ ကျောက်စိမ်း ကြေးခွံကိုတော့ ပြုပြင်မွမ်းမံပြီး တံတိုင်းရဲ့ အစိတ်အပိုင်းတစ်ခုကို အားဖြည့်တဲ့နေရာမှာ အသုံးပြုခဲ့တယ်..။

ပြုပြင်မွမ်းမံထားတဲ့ ပစ္စည်းအများစုကိုတော့ မြို့ရဲ့ ခံတပ်တွေကို အားဖြည့်ဖို့ ဒါမှမဟုတ် ပထမစစ်တပ်ကိုယ်တိုင် အသုံးပြုဖို့အတွက် ချက်ချင်း သုံးစွဲလိုက်တာပါပဲ..။ အိပ်မက်ဆိုး သားရဲတွေရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကို အနီးကပ်တိုက်ခိုက်ရေး လက်နက်တွေ ပြုလုပ်တာကနေစပြီး.. MWP စက်ရုပ်တွေရဲ့ သံချပ်ကာ တွေကို အဆင့်မြှင့်တင်တာ..ပြီးတော့ ထူးဆန်းတဲ့ စပဲလ်နည်းပညာ ယန္တရားတွေကို စွမ်းအင်ပေးတာအထိ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုနိုင်ပါတယ်..။

ဒါကြောင့်မို့လို့ပဲ ဆန်နီ က သူ့ရဲ့ အရှိန်အဝါကို အသုံးပြုခဲ့ရပြီး..အနည်းငယ် ညှိနှိုင်းမူလုပ်ကာ..နည်းပါးတဲ့ ခွဲတမ်းတစ်ခု ရရှိဖို့အတွက် ပံ့ပိုးမှုအမှတ် အမြောက်အမြားကို သုံးစွဲခဲ့ရတာပါ..။

သူက ဂိုဒေါင်တွေကို လေ့လာကြည့်ရှုရင်း မေးလိုက်တယ်..။

“မနေ့တုန်းက တံတိုင်းကို ဖောက်ထွက်နိုင်ခဲ့တဲ့ ပျက်ပြားခြင်းအဆင့် နတ်ဆိုး တစ်ကောင် ရှိခဲ့တယ်လေ..။ အဲဒါကို ဘယ်မှာ သိမ်းထားတာလဲ..”

အင်ဂျင်နီယာက သူ့ကို အချိန် အနည်းငယ်လောက် ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်..။

အပိုင်း ( ၉၈၈ ) ပြီး၏။

All Chapters