← Chapters

အခန်း ၉၉၀

Vol. 66 Ch. 990

အခန်း ၉၉၀

Vol. 66 Ch. 990

အခန်း ( ၉၉၀ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၈ )

ဆန်နီ က ဒီကို ရောက်လာတာ ထွေထွေထူးထူး အကြောင်းပြချက် မရှိပါဘူး..။ အဖိုးကြီး ဘယ်လို အခြေချ နေထိုင်နေလဲဆိုတာကိုပဲ ဒီတိုင်း လာကြည့်ချင်လို့ ဖြစ်ပါတယ်..။ သူ့ရဲ့ ပထမဆုံး အမြင်အရတော့..ဒီအဆောင် တိုက်ခန်းက ပရော်ဖက်ဆာ အိုဘယ် လို ဂုဏ်ဒြပ်မျိုး ရှိတဲ့လူအတွက်ဆိုရင် အရမ်း

သေးငယ်ပြီးတော့ အခြေခံအဆင့်ပဲ ရှိနေခဲ့တယ်..။

အိမ်ခန်းထဲမှာတော့ မျှဝေသုံးစွဲရတဲ့ ဧည့်ခန်း.. မီးဖိုချောင်.. ရေချိုးခန်းတို့နဲ့ ဆက်သွယ်ထားတဲ့ အိပ်ခန်းကျဥ်း ငါးခန်း ရှိပြီး..အိပ်ခန်း သုံးခန်းထဲမှာတော့ အခြားလူတွေ နေထိုင်နေကြပါတယ်..။ သူက တံခါးတစ်ချပ်ရဲ့ နောက်ကနေ ကလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတာကြောင့်..ဒီနေရာမှာ ဒုက္ခသည် မိသားစုတွေအပြင် အခြားလူတွေလည်း အပြည့် နေထိုင်နေကြပုံရတယ်..။ ဒါကို ကြည့်ခြင်းအားဖြင့် ပရော်ဖက်ဆာနဲ့ ဘတ် တို့က အခန်းတစ်ခန်းစီ သီးသန့် ရရှိထားတာကတင် အခွင့်ထူးခံ ဖြစ်နေပြီလို့ ပြောလို့ရပါတယ်..။

‘ဒါပေမယ့်… ဘယ်လိုငရဲမျိုးလဲ..’

သူ့အနေနဲ့ အံ့ဩမနေသင့်တာလည်း ဖြစ်နိုင်ပါတယ်..။ ပရော်ဖက်ဆာ အိုဘယ် က လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့တဲ့ ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင် တစ်ယောက် ဖြစ်တာ မှန်ပေမယ့်..ဒီနေရာက

စတုတ္ထဇုန် တစ်ခုလုံးရဲ့ စီမံခန့်ခွဲမှု ဗဟိုချက် ဖြစ်နေခဲ့တာပါ..။ ဖယ်လ်ကွန် စကော့တ် မှာ လူဦးရေ သန်းနှစ်ရာလောက် စုပြုံနေတာကြောင့်..သူတို့ ရွှေ့ပြောင်းဖို့ အလှည့်ကို စောင့်ဆိုင်းနေကြတဲ့ ထင်ရှားကျော်ကြားတဲ့ လူတွေလည်း အများကြီး ရှိနေမှာ သေချာပါတယ်..။

ဘတ် က သူ့ကို မီးဖိုချောင်ဆီ ခေါ်ဆောင်သွားပြီး..မီးဖိုပေါ်မှာ ရေနွေးအိုး တင်လိုက်တယ်..။ အခုဆိုရင် သူတို့က ယာဉ်တန်းကြီး ပျက်စီး

မသွားအောင် ထိန်းသိမ်းဖို့ အလုပ်ရှုပ်မနေတော့တာကြောင့်..ဒီအမျိုးသမီးငယ်က LO49 မှာတုန်းကထက်စာရင် အနည်းငယ် နွမ်းနယ်တဲ့ ပုံစံ ရှိနေတာကို ဆန်နီ သတိပြုမိလိုက်တယ်..။

သူမရဲ့ မျက်ဝန်းတွေအောက်မှာ အနက်ရောင် မျက်ကွင်းတွေ ရှိနေပြီး..လှုပ်ရှားမှုတွေမှာလည်း အနည်းငယ် မရေမရာ ဖြစ်နေခဲ့တယ်။..မျက်ခုံးတွေကလည်း ညှိုးငယ်စွာ စောင်းနေခဲ့ပါတယ်..။ ဒါပေမယ့် ဘတ် ရဲ့ စိတ်တိုတတ်တဲ့ အကျင့်ကတော့ တစ်စက်ကလေးမှ ပြောင်းလဲမသွားပါဘူး..။

“ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ… တံတိုင်းက ခံနိုင်ရည် ရှိမှာလား ..”

ဆန်နီ က ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီး..ဒီလို ပွင့်လင်းလွန်းတဲ့ မေးခွန်းကြောင့် ဆွံ့အသွားခဲ့တယ်..။

“ကျုပ်က ဘယ်လိုလုပ် သိမှာလဲ..။ သေချာတာပေါ့.. အဲဒါက ခံနိုင်ရည် ရှိနေမှာပါ… မပြိုလဲခင်အထိပေါ့..”

ဘတ် က နှာခေါင်းရှုံ့လိုက်ပြီး..ဈေးပေါတဲ့ သတ္တုစပ် ခွက်သုံးခွက်ထဲကို လက်ဖက်ရည်တွေ လောင်းထည့်လိုက်ပါတယ်..။

“ဒါတောင်မှ နင်က ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသေးတယ်နော်..”

ဆန်နီ က ဝေခွဲမရစွာနဲ့ သူ့ခေါင်းနောက်ဘက်ကို ကုတ်လိုက်မိတယ်..။

“ကျုပ်ပုံစံက တည်ငြိမ်နေတဲ့ပုံ ဖြစ်နေလို့လား..။ အင်း… တည်ငြိမ်နေတယ်လို့ ထင်တာပဲ..။ကျုပ်ဆိုလိုတာက… အဆိုးဆုံး ဘာများ ဖြစ်နိုင်မှာ

မို့လို့လဲ ..”

အမျိုးသမီးငယ်က သူ့ကို ဒေါသတကြီးနဲ့ စိုက်ကြည့်လာခဲ့တယ်..။

“သေခြင်းတရားလေ..။ နင် သေသွားနိုင်တယ် မဟုတ်ဘူးလား ..”

သူ ဒါကို အနည်းငယ်လောက် စဉ်းစားကြည့်လိုက်တယ်..။

“ကျုပ်လည်း မသေချင်ပါဘူး..။ ဒါပေမယ့် သေရတာက အချို့အရာတွေထက်စာရင်တော့ အများကြီး ပိုကောင်းတာ သေချာပါတယ်..။ ကျုပ်ပြောတာကို ယုံစမ်းပါ..”

ဆန်နီ ကိုယ်တိုင်လည်း ထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံ အနည်းငယ်ကို ဖြတ်သန်းခဲ့ဖူးပြီး.အိပ်မက်ဆိုးမြင်း ကြောင့် ကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်စရာကောင်းတဲ့ အိပ်မက်ဆိုး အချို့ကိုလည်း မှတ်မိနေဆဲ ဖြစ်ပါတယ်..။ သူက လမ်းခရီးရဲ့ တစ်နေရာရာမှာတင် သူ့ကိုယ်သူတောင် သတိမထားမိဘဲ နာကျင်မှုနဲ့ ကြောက်ရွံ့မှုအပေါ် ပုံမှန်ထက် ပိုပြီး ခံနိုင်ရည် မြင့်မားလာခဲ့ပုံရပါတယ်..။

သေချာတာပေါ့.. သူ့ရဲ့ သီးသန့်ဆန်မှုက သာမန်လူတစ်ယောက်အတွက်တော့ ထူးဆန်းနေမှာပါ..။

ဆန်နီ က ဘတ် ကို တစ်နည်းနည်းနဲ့ နှစ်သိမ့်ပေးဖို့ ကြိုးစားသင့်တယ်လို့ တွေးပြီး ပါးစပ်ဟလိုက်ပေမယ့်..အဲ့အချိန်မှာပဲ ပရော်ဖက်ဆာ အိုဘယ် က နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့တာကြောင့်..သူတို့ နှစ်ယောက်စလုံး နေရခက်စရာ အခိုက်အတန့်ကနေ လွတ်မြောက်သွားခဲ့ရပါတယ်..။

“အာ… ဗိုလ်မှူး ဆန်းလပ်စ် ပါလား..။ ဒီအဖိုးကြီးအတွက် အချိန်ပေးနိုင်တာ တကယ်ကို ဝမ်းသာစရာပဲ..”

သူတို့ သုံးယောက်စလုံးက သေးငယ်တဲ့ ထမင်းစားစားပွဲနောက်မှာ ထိုင်လိုက်ကြပြီး..လက်ဖက်ရည် သောက်လိုက်ကြတယ်..။ အစပိုင်းမှာတော့ ဆန်နီ ကပဲ စကားအများစုကို ပြောနေခဲ့တာပါ..။

“…ဒါကြောင့် မြို့ပြ ကာကွယ်ရေးက လောလောဆယ်တော့ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်..။ အာ… ဒါပေမယ့် ကျွန်တော်တို့ မနက်ဖြန်မှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခုကို မျှော်လင့်ထားတယ်..။ အထဲမှာပဲ နေဖို့ သေချာအောင် လုပ်ပါ..။ ဘာပဲဖြစ်ဖြစ် အဆောက်အဦးရဲ့ အပေါ်ထပ်တွေကိုတော့ မသွားပါနဲ့ ..”

ဘတ် နဲ့ ပရော်ဖက်ဆာ အိုဘယ် က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အမျိုးသမီးငယ်က သူမရဲ့ ဆရာအပေါ်

မကျေနပ်ဖြစ်နေပုံရပါတယ်..။

“ဟုတ်ကဲ့ပါ… လေကြောင်း တိုက်ခိုက်မှု သတိပေးချက် ထွက်လာရင် ဘယ်လို ပြုမူရမလဲဆိုတာ လူတိုင်း လမ်းညွှန်ချက်တွေ ရရှိထားပြီးသားပါ..။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. လူငယ်လေး..”

ဆန်နီ က ခေါင်းညိတ်လိုက်ပြီးမှ ခနလောက် တွန့်ဆုတ်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက သတိကြီးစွာနဲ့ မေးလိုက်ပါတယ်..။

“မေးရတာ အားနာပေမယ့် ပရော်ဖက်ဆာ… ခင်ဗျားက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ..။ ကျွန်တော် ထင်တာကတော့ ခင်ဗျားက ရွှေ့ပြောင်းဖို့အတွက် ဦးစားပေးစာရင်းထဲမှာ ပါဝင်လိမ့်မယ်လို့ ထင်တာပဲ..”

မြို့ထဲက အရပ်သားတိုင်းကို သတ်မှတ်ထားတဲ့ အုပ်စုတစ်ခုရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားပြီး..တစ်ခုချင်းစီမှာ မတူညီတဲ့ တန်ဖိုးတွေ ရှိကြပါတယ်..။

တန်ဖိုးမြင့်မားတဲ့ အရပ်သားတွေကို ရေလက်ကြားကနေ အရင်ဆုံး ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး..ကျန်တဲ့လူတွေကိုတော့ ကျပန်းစနစ်တစ်ခုနဲ့ ရှည်လျားတဲ့ တန်းစီဇယားထဲမှာ ထည့်သွင်းထားတာပါ..။ အခြားသော အချက်အလက်တွေကလည်း အဲဒီစနစ်ပေါ်မှာ သက်ရောက်မှု ရှိနိုင်ပေမယ့်… ဥပမာအားဖြင့် ကလေးငယ်တွေ ရှိတဲ့ မိသားစုတွေက အပေါ်နားမှာ ပါဝင်ဖို့ အခွင့်အရေး ပိုများပြီး..မျိုးရိုးဗီဇ ချို့ယွင်းချက် ရှိတဲ့လူတွေကတော့ အောက်ခြေကို ရောက်သွားမှာ ဖြစ်ပါတယ်..။

နိုင်ငံသား အဆင့်အတန်းကလည်း အဲဒီစနစ်ပေါ်မှာ သက်ရောက်မှု ရှိတာကြောင့်..ဒေသခံ ဆင်ခြေဖုံးရပ်ကွက်တွေက နိုင်ငံသား မဟုတ်သူတွေကတော့ နောက်ဆုံးမှ ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်..။

‘ထင်တဲ့အတိုင်းပဲ…’

ဒါပေမယ့် အဲဒီအရာတွေက ပရော်ဖက်ဆာ အိုဘယ် နဲ့တော့ ဘာမှ မသက်ဆိုင်ပါဘူး..။ ဘယ်လိုပဲ ကြည့်ကြည့်..သူက ဆိပ်ကမ်းကနေ ထွက်ခွာမယ့် ပထမဆုံး သင်္ဘောတွေပေါ်မှာ ပါဝင်သင့်တာပါ..။ အဲဒီ ဧရာမ သင်္ဘောကြီးတွေက ဖယ်လ်ကွန် စကော့တ် နဲ့ အရှေ့ဘက်

အန္တာတိက ကြားမှာ ရက်အတော်ကြာအောင် ကူးသန်း သွားလာနေခဲ့ပြီး..လူသန်းပေါင်းများစွာကို ခေါ်ဆောင်သွားခဲ့ပြီးပါပြီ..။

ဘတ် က အဖိုးကြီးကို ဒေါသထွက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

“ဟုတ်တယ်… ပရော်ဖက်ဆာ..။ ခင်ဗျားက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ ..”

သူ ဘာမှမပြောနိုင်ခင်မှာတင် အမျိုးသမီးငယ်က ဆန်နီ ဘက်ကို လှည့်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်..။

“နင် ယုံချင်ယုံ မယုံချင်နေ… ဒီအဖိုးကြီး… ပရော်ဖက်ဆာက သူ့ရဲ့ လက်ထောက် မပါဘဲ မသွားဘူးလို့ ပြောပြီး..ဦးစားပေးစာရင်းထဲက သူ့ရဲ့ နေရာကို စွန့်လွှတ်ခဲ့တာပဲ..။ ငါက တန်ဖိုးမြင့်အုပ်စုနဲ့ ဘာမှမပတ်သက်တာကြောင့်..အခုတော့ ငါတို့ နှစ်ယောက်စလုံးက ပုံမှန်ရွေးချယ်မှု အုပ်စုထဲမှာ ပိတ်မိနေပြီ..။ ငါတို့ တန်းစီဇယားထဲမှာ နေရာတစ်ခု ဘယ်တော့ ရမလဲဆိုတာ မပြောနဲ့ဦး… ဘယ်တော့ ထွက်ခွာခွင့်ရမလဲဆိုတာကို ကောင်းကင်ဘုံကပဲ သိလိမ့်မယ် ..”

ဆန်နီ က မျက်တောင် အနည်းငယ် ခတ်လိုက်မိတယ်..။

“ဒါက အမှန်ပဲလား… ပရော်ဖက်ဆာ ..”

အဖိုးကြီးက ရှက်ရွံ့စွာနဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်..။

“အိုး… မင်းတို့ ကလေးတွေ နားမလည်ပါဘူး..။ ငါက အဖိုးကြီး တစ်ယောက်ပါ..မင်းတို့ သိပါတယ်..။ လမ်းပေါ်မှာ ရက်သတ္တပတ် အတော်ကြာ ကုန်ဆုံးခဲ့တာကြောင့်..ငါ့အရိုးတွေက နာကျင်နေတုန်းပဲ..။ ငါ သင်္ဘောပေါ် မတက်ခင် ခနလောက် မနားရတော့ဘူးလား ..”

ဘတ် က နှာခေါင်းရှုံ့လိုက်တယ်။.ဒီတစ်ကြိမ်မှာတော့ ဆန်နီ လည်း သဘောတူချင်စိတ် ဖြစ်မိပါတယ်..။

‘ဒါက ဘယ်လို သောက်အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်လဲ..’

ဒီနေရာမှာ ပိုပြီး နက်နဲတဲ့ အရာတစ်ခုခု ရှိနေတာ ထင်ရှားပါတယ်..။ ပရော်ဖက်ဆာက ဘတ် ကို ချန်မထားခဲ့ချင်ရုံ သက်သက်ပဲ ဖြစ်ဖို့ မျှော်လင့်ရပေမယ့်… ဒါကလည်း မိုက်မဲနေပြီ ဖြစ်တယ်…။တကယ်လို့ သူက သူ့ကိုယ်သူ စွန့်လွှတ် အနစ်နာခံမယ့် မစ်ရှင်တစ်ခုခုကို လုပ်ဆောင်နေတာဆိုရင်တော့..ဆန်နီ့အနေနဲ့ သူ့ကို တည့်မတ်ပေးရမှာပါ..။

သူ စကား ပြောဖို့ ပါးစပ်ဟလိုက်ပေမယ့်..အဲ့အချိန်မှာပဲ .. သူ အသံ ကြားခဲ့ရတဲ့ ကလေးက လက်ထဲမှာ ကစားစရာ အရုပ်တစ်ခုကို ကိုင်ထားရင်း မီးဖိုချောင်ထဲကို တိုးဝင်လာခဲ့တယ်..။

“အဖိုး အိုဘယ်… အဖိုး အိုဘယ်… ဒါက ပျက်သွားပြီ ..”

ပရော်ဖက်ဆာ အိုဘယ် က ဆန်နီ ကို အားနာတဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီးမှ..ကလေးကို ပြုံးပြကာ ကစားစရာကို ကောက်ယူလိုက်ပါတယ်..။

“ဘာလို့လဲ… အဲဒါက သူ့ဘာသာသူ ပျက်သွားတာလား..။ အင်း… မစိုးရိမ်ပါနဲ့… အဖိုး အဲဒါကို ပြန်ပြင်ပေးပါ့မယ်..။ သမီးရဲ့ သူငယ်ချင်းက ခနလေးအတွင်းမှာ အသစ်အတိုင်း ပြန်ကောင်းသွားမှာပါ ..”

ဆန်နီ က သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေခဲ့ပြီးမှ..တိုးညင်းတဲ့ အသံနဲ့ ပြောလိုက်တယ်..။

“ပရော်ဖက်ဆာ… သတ္တိရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ကြားမှာ ကွာခြားချက် ရှိပါတယ်..။ ခင်ဗျား အမြန်ဆုံး သင်္ဘောပေါ် တက်မှရမယ်..။ တံတိုင်းက ရန်သူကို အကြာကြီး တားဆီးထားနိုင်မှာ မဟုတ်ဘူး..။ လူတိုင်းကတော့…”

အဖိုးကြီးက ကလေးရဲ့ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီးမှ..ဆန်နီ ကို ကြည့်ကာ ပြုံးလိုက်ပါတယ်..။

“ဒါဆိုရင်လည်း စစ်တပ်က အဲဒီ တံတိုင်းကို တတ်နိုင်သမျှ အကြာကြီး ထိန်းထားဖို့အတွက်

အကြောင်းပြချက် တစ်ခု ရသွားတာ​ပေါ့ ..”

‘ငါတို့က မကြိုးစား​ပဲ နေနေလို့လား… နေဦး… ဒါက ငါ ပြောဖူးခဲ့တဲ့ စကား မဟုတ်ဘူးလား..’

ဆန်နီ က မျက်နှာ ပျက်သွားခဲ့ပြီးမှ..သူ့ရဲ့ လက်ဖက်ရည်ကို တစ်ငုံတည်းနဲ့ ကုန်အောင်သောက်ကာ မတ်တတ်ထရပ်လိုက်ပါတယ်..။

“ခင်ဗျား ပြောတာ မှန်ပါတယ်..။ ဒါဆိုရင် ကျွန်တော် သွားတော့မယ် ..”

သူ ဘတ် ကို တစ်ချက် ကြည့်လိုက်တယ်..။

“တစ်ခုခု လိုအပ်ရင် ကျုပ်ကို ဆက်သွယ်လိုက်ပါ .."

ဒါကို ပြောပြီးတာနဲ့ ဆန်နီ က သေးငယ်တဲ့ တိုက်ခန်းထဲကနေ ထွက်ခွာခဲ့ပြီး မြေပြင်ပေါ်ကို ပြန်ရောက်လာခဲ့တယ်..။

သူက နတ်ဆိုးရဲ့ အပ်ကြီးကို ကောက်ယူလိုက်ရင်း..ပခုံးပေါ် ပြန်တင်ကာ ညဥ်းညူလိုက်ပါတယ်..။

‘သောက်ကျိုးနဲ ပရော်ဖက်ဆာ… ငါ့ဟာနဲ့ ဟာတောင် ခေါင်းကိုက်စရာတွေ များနေတာကို…’

ဆန်နီဟာ တီးတိုး ညည်းတွားရင်း.. လေးလံတဲ့ အပ်ကြီးကို ထမ်းကာ အဝေးမှာရှိတဲ့ စစ်တန်းလျားတွေဆီကို ဦးတည် လျှောက်လှမ်းသွားပါတော့တယ်..။

အပိုင်း ( ၉၉၀ ) ပြီး၏။

All Chapters