← Chapters

အခန်း ၂၆၇

Vol. 23 Ch. 267

အခန်း ၂၆၇

Vol. 23 Ch. 267

အခန်း (၂၆၇) အရောင်းအဝယ် ကိစ္စ ပြီးမြောက်သွားပြီ

"ဒါ ဘယ်သူလဲ"

စုယွမ်က ကျန်းတာဗျောင်အား မေးလိုက်၏။

ထိုချိန်တွင် ကျန်းတာဗျောင်သည်လည်း ဝူဖုန်းအပေါ် လုံးဝ မကျေမနပ် ဖြစ်နေပြီး အနေခက်စွာဖြင့် အတင်းပြုံးပြလိုက်ရပေသည်။

သူက လက်ထောက်ဖြစ်သူကို အရင်ကြည့်ကာ ပြောလိုက်သည်။

"မင်း တံခါးကို သေချာ မပိတ်ထားဘူးလား"

လက်ထောက်ဖြစ်သူမှာလည်း အတော်လေးကို အကူအညီမဲ့နေချေပြီ။ ဝူဖုန်းက ဤကဲ့သို့ စည်းကမ်းမဲ့စွာ အတင်းဝင်လာမည်ဟု ထိုသို့တွေးထင်ထားသူ မရှိခဲ့ချေ။

"သူဌေး... ကျွန်တော့်အမှားပါ"

သို့သော် ဝူဖုန်းသည် သူဌေး၏ ယောက်ဖဖြစ်နေသဖြင့် သူ ဘာမှမတတ်နိုင်ခဲ့ပေ။

"ဟွန့်"

"ဝူဖုန်း... အခုချက်ချင်း ထွက်သွားစမ်း"

ကျန်းတာဗျောင်က ဝူဖုန်းအား အေးစက်စွာ ပြောလိုက်၏။

“မလုပ်ပါနဲ့...ယောက်ဖရာ..ကျွန်တော်က အကြံကောင်းပေးဖို့ လာတာပါ...ဘာလို့ ကျွန်တော့်ကို နှင်ထုတ်ချင်ရတာလဲ...ကျွန်တော့် အကြံက ဒီလောက်တောင် ဆိုးနေလို့လား...ခင်ဗျား အခုလို လုပ်နေတာက ရှေးခေတ်က အာဏာရှင်တွေနဲ့ ဘာများ ကွာတော့လို့လဲ...”

ဝူဖုန်းက မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူသည် သုံးပြည်ထောင်ခေတ် သမိုင်းကို ကောင်းစွာ နားလည်ထားပြီး ရှေးခေတ်က စစ်ရေးဗျူဟာမှူးများ၏ အဆင့်အတန်းကို သဘာဝကျကျ သိရှိထားပေ၏။

သူက ကုမ္ပဏီကို ကူညီရန် အကြံဉာဏ်ပေးခဲ့သော်လည်း ကိုယ်တိုင် နှင်ထုတ်ခံရမည်ကို လုံးဝ မထင်မှတ်ထားခဲ့ချေ။

ဤသည်မှာ တကယ်ကိုပင် ဆိုးရွားလွန်းလှပေသည်။

"ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း"

ကျန်းတာဗျောင်က အေးစက်စွာ ပြောဆိုလိုက်၏။

“မသွားဘူး...

ယောက်ဖ...

ဒီကုမ္ပဏီက ကျွန်တော့်အစ်မရဲ့ ကုမ္ပဏီလည်း ဖြစ်တယ်...

ကျွန်တော်က အစ်မရဲ့ မောင်အရင်းပဲ...

ဒီမှာ ဆက်နေခွင့် ရှိသင့်တာပေါ့...

ဘာအကြောင်းပြချက်နဲ့ ကျွန်တော့်ကို နှင်ထုတ်ချင်ရတာလဲ...

ပြီးတော့...

ကျွန်တော် ပေးခဲ့တဲ့ အကြံတိုင်းက ယုံကြည်လို့ရတဲ့ အကြံတွေပဲ...

ခုနက ဥက္ကဋ္ဌစု ခေါင်းညိတ်ပြလိုက်တာကို ခင်ဗျား မမြင်လိုက်ဘူးလား...”

ဝူဖုန်းက မကျေမနပ်ဖြင့် ပြောပြီး စုယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ ဥက္ကဋ္ဌစု...ကျွန်တော် ဒီမှာ ဆက်နေခွင့် ရှိမလား...ကျေးဇူးပြုပြီး ဒီအခွင့်အရေးလေး ပေးပါ...” မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။

ဝူဖုန်းသည် ထိုနေရာတွင် အာဏာအရှိဆုံးသူမှာ စုယွမ်ဖြစ်ကြောင်း ကောင်းစွာ သိထား၏။

စုယွမ်သည် သူ၏ ယောက်ဖကို အလေးမထားဘဲ နေနိုင်သော်လည်း၊ သူ၏ ယောက်ဖကမူ စုယွမ်၏ သဘောထားကို လေးစားလိုက်နာရမည်သာ ဖြစ်သည်။

တကယ်လို့ စုယွမ်သာ သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်မည်ဆိုပါက၊ သူသည် ဤနေရာတွင် ဆက်နေနိုင်ရုံသာမက သူတို့၏ ဆုံးဖြတ်ချက်များကိုပါ သိရှိနိုင်မည်ဖြစ်ပြီး မိမိ၏ အကျိုးစီးပွားကိုလည်း အမြင့်ဆုံးအထိ ရယူနိုင်မည် ဖြစ်၏။

“ဟားဟား..

မင်းကို တစ်ခုလောက် မေးပါရစေ...

မင်းက ဘယ်လိုမျက်နှာမျိုးနဲ့ ငါ့ရှေ့မှာ ရပ်ပြီး ဒီလိုစကားမျိုး ပြောရဲနေတာလဲ...”

စုယွမ်က အပြုံးတစ်ချက်ဖြင့် မေးလိုက်၏။

“ဒါက...”

ဝူဖုန်းသည် ချက်ချင်းပင် စကားဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့သည်။

သူ့မျက်နှာမှာ ဘာဖြစ်နေလို့လဲ...

ထိုအချိန်တွင်သာ မိမိ၏ တောင်းဆိုချက်က အလွန်မျက်နှာပူစရာ ကောင်းကြောင်း သူ သဘောပေါက်သွားတော့၏။

သို့သော် အရှက်မကွဲစေရန် သူက အတင်းအဓမ္မ ပြောလိုက်သည်။

"ကျွန်တော်က ဒီမှာ မန်နေဂျာဆိုတော့ အရောင်းဝယ်နဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ပေးသင့်တာပေါ့..."

"ကောင်းပြီ...မန်နေဂျာ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ... ကျွန်တော်က ခင်ဗျားတို့ရဲ့ သူဌေးကျန်းနဲ့ပဲ အရောင်းအဝယ် ကိစ္စကို ဆွေးနွေးဖို့ လိုအပ်တယ်... ခင်ဗျား ဒီမှာ ရှိနေစရာ မလိုပါဘူး"

စုယွမ်က တိုက်ရိုက်ပင် ပြောဆိုလိုက်၏။

"ဒါက... ကျွန်တော်... တကယ်တော့..."

ဝူဖုန်းက ဆက်နေချင်သေးသော်လည်း စုယွမ်၏ အေးစက်သော အကြည့်ကို မြင်ချိန်တွင် သူ စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်သွားရတော့သည်။

"ဟားဟားဟား... ဥက္ကဋ္ဌစူး... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဒီလို ဟာသဖြစ်သွားရတာပါ..."

ကျန်းတာဗျောင်က အနေခက်စွာဖြင့် အတင်းပြုံးပြလိုက်ရ၏။

"ရပါတယ်... သူဌေးကျန်း... ခင်ဗျားက ချင်းယန်ကို ရောင်းတော့မှာဆိုတော့ ကျွန်တော် ခင်ဗျားကို အကြံတစ်ခုပေးပါရစေ... နောက်နောင် အလကားထိုင်စားပြီး အလုပ်မလုပ်တဲ့သူတွေကို အလုပ်မခန့်ပါနဲ့"

"ဒီလူတွေက ချင်းယန် ကျရှုံးရခြင်းရဲ့ ရာခိုင်နှုန်း ရှစ်ဆယ်လောက် တာဝန်ရှိတယ်"

"ကောင်းပြီ... သူဌေးကျန်းရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုရှိလဲ သိပါရစေ"

စုယွမ်က ဆက်လက်ပြောဆိုလိုက်သည်။

ကျန်းတာဗျောင်က သက်ပြင်းချလိုက်ပြီး စားပွဲပေါ်သို့ လက်ဝါးနှစ်ဖက်ဖြင့် ဖွဖွလေး ရိုက်လိုက်၏။

"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်မားနေခဲ့တာပါ... ဥက္ကဋ္ဌစု... ခင်ဗျား ယွမ် သန်းနှစ်ဆယ် ပေးတာကိုပဲ အရမ်းကောင်းနေပါပြီ"

"ကောင်းပြီ... ကျွန်တော် သဘောတူတယ်... ကျွန်တော်တို့ အခုပဲ စာချုပ်ချုပ်လို့ရပါပြီ"

ကျန်းတာဗျောင်က ပြတ်သားစွာ ပြောလိုက်သည်။

"သူဌေးကျန်းက တော်တော် သဘောတူရလွယ်တာပဲ"

ဤရလဒ်သည် စုယွမ်အတွက် လုံးဝ မထင်မှတ်ထားစရာ မဟုတ်ခဲ့ချေ။ ထို့နောက် နှစ်ဖက်ရှေ့နေများသည် သဘောတူညီချက်ကို စတင်ရေးဆွဲခဲ့ကြပြီး အရာအားလုံး မှန်ကန်ကြောင်း စစ်ဆေးပြီးနောက် နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြပေသည်။

"သူဌေးကျန်း... ဒီမွန်းလွဲပိုင်းမတိုင်ခင် ခင်ဗျားရဲ့ အကောင့်ထဲကို ငွေရောက်လာပါလိမ့်မယ်"

စုယွမ်က ပြောလိုက်၏။

"ကောင်းပါပြီ"

ကျန်းတာဗျောင်က ပြုံးလိုက်သည်။ ဤဆွေးနွေးပွဲတွင် သူ လုံးဝ ရှုံးနိမ့်သွားခဲ့သော်လည်း ရလဒ်ကတော့ မဆိုးလှချေ။

"အမ်း... ဥက္ကဋ္ဌစူး... ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်... ကုမ္ပဏီမှာ ဝန်ထမ်းတွေ အများကြီးရှိနေတော့ ဒါကို ကိုင်တွယ်ဖို့ ခင်ဗျားမှာ ဘယ်လို အစီအစဉ်တွေ ရှိလဲ"

ကျန်းတာဗျောင်က မေးလိုက်သည်။

"ကျွန်တော် အချိန်အများစုကတော့ ဒီမှာပဲ ရှိနေမှာပါ"

"ဒါပေမဲ့ သူတို့ထဲက တချို့ကတော့ ထွက်သွားရနိုင်တယ်"

"သူဌေးကျန်းရဲ့ မျက်နှာကို မထောက်ထားလို့ မဟုတ်ပါဘူး... ကုမ္ပဏီမှာ မန်နေဂျာ စုစုပေါင်း ရှစ်ယောက်ရှိတယ်... ဒီတစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက အလကားထိုင်စားပြီး အလုပ်မလုပ်ဘဲ လစာယူနေကြတာပဲ"

"ကျွန်တော့် ကုမ္ပဏီမှာ ဒီလိုလူမျိုးတွေကို လက်မခံဘူး"

"ပြီးတော့ အထက်လူကြီးကို မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့ ဖားတတ်တဲ့သူတွေကိုလည်း ကျွန်တော် မလိုအပ်ဘူး"

စုယွမ်က ပြောဆိုလိုက်၏။

"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်... ဒါက အဓိပ္ပာယ်ရှိပါတယ်"

"ကျွန်တော်လည်း ဒီလူတွေကို မသုံးချင်ပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါ... သူတို့အကုန်လုံးက ကျွန်တော့် ဆွေမျိုးတွေချည်းပဲ... အထူးသဖြင့် ကျွန်တော့် မိန်းမဘက်က ဆွေမျိုးတွေပေါ့"

ကျန်းတာဗျောင်က အကူအညီမဲ့နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အဲဒီအကြောင်းတွေကို ဆက်မပြောကြတော့ဘူးလေ... ဥက္ကဋ္ဌစူး... အခု ဝန်ထမ်းအားလုံး အစည်းအဝေးတစ်ခု ခေါ်ပြီး အခြေအနေကို ရှင်းပြချင်ပါတယ်... ခင်ဗျား ဘယ်လိုထင်လဲ"

"ကျွန်တော် ယာယီ စီစဉ်ပေးနိုင်တဲ့ ဝန်ထမ်းခန့်အပ်မှု တချို့နဲ့ တခြားကိစ္စတွေ ရှိတယ်"

ကျန်းတာဗျောင်က အကြံပြုလိုက်၏။

"ကောင်းပါပြီ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးကျန်း"

စုယွမ်က သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လူအများအပြားသည် ကုမ္ပဏီ၏ အကြီးဆုံး အစည်းအဝေးခန်းမအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြပေ၏။ လူအများစုက ကုမ္ပဏီလွှဲပြောင်းမှု လာမည်ကို သိရှိထားကြသည်။ သူတို့အနေဖြင့် ကုမ္ပဏီတွင် ဆက်နေနိုင်မည်လား ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်လာခဲ့ချေပြီ။

မန်နေဂျာများအနက်ဆွေမျိုးများထဲမှ တစ်ယောက်တစ်လေမျှ ရောက်မလာကြောင်း သိလိုက်ရသည့်အခါ ကျန်းတာဗျောင်က မျက်မှောင်ကြုတ်သွားခဲ့၏။

ထို့နောက် အခြေအနေကို သိရှိနိုင်ရန် သူ၏ ဇနီးထံသို့ ဖုန်းချက်ချင်း ခေါ်လိုက်လေသည်။

"ဟယ်လို... မင်းရဲ့ ဆွေမျိုးခုနစ်ယောက်က ဘာလို့ ကုမ္ပဏီကို မလာကြတာလဲ... လွှဲပြောင်းရေး အခမ်းအနားကို ပြင်ဆင်နေပြီ... သူတို့က အိမ်မှာပဲ ရှိနေတုန်းလား"

ကျန်းတာဗျောင်သည် လုံးဝ မကျေမနပ် ဖြစ်နေ၏။

"ဘာဖြစ်လဲ... သူတို့က ပုံသေလစာရဖို့ပဲ အဲဒီကို သွားကြတာလေ... ပြီးတော့ သူတို့က သိပ်အများကြီးလည်း မလုပ်နိုင်ကြပါဘူး... လွှဲပြောင်းပြီးမှ သူတို့သွားလည်း ရပါတယ်"

"ဘာပဲဖြစ်ဖြစ် သူတို့က စီမံခန့်ခွဲမှုပိုင်းမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်မှာပဲလေ... မန်နေဂျာအဖြစ် ဆက်နေလိုက်ရုံပေါ့"

ကျန်းတာဗျောင်၏ ဇနီးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဟက်... မင်းရဲ့ ဆွေမျိုးတွေ ဒီရာထူးမှာ နေရမယ့်အချိန် ကုန်သွားပြီ... သူဌေးသစ်က ဒီသွေးစုပ်ကောင်တွေကို ကုမ္ပဏီမှာ ဆက်မထားဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ"

"မင်းဘာသာ ဆုံးဖြတ်လိုက်တော့"

ကျန်းတာဗျောင်က ပြောလိုက်၏။

"ဘာ... ရှင့်က ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ... ကျွန်မ ဂရုမစိုက်ဘူး... ရှင် ကျွန်မမိသားစုကို ကာကွယ်ပေးရမယ်... မဟုတ်ရင် ရှင့်ကို ကွာရှင်းမယ်"

ကျန်းတာဗျောင်၏ ဇနီးက ကြမ်းတမ်းစွာ ဆက်ပြောလိုက်သည်။

"သဘောပဲ"

ကျန်းတာဗျောင်က ဖုန်းကို တိုက်ရိုက် ချလိုက်ပြီး ထိုဆွေမျိုးခုနစ်ယောက် လာရန် မလိုအပ်တော့ချေ။

စင်ပေါ်ရှိ လူများကို ကြည့်ကာ ဝူဖုန်းက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ဝင်လာခဲ့သည်။ သူက ကျင်းချန်၏ အနီးသို့ တမင်တကာသွား၍ ပြောလိုက်၏။

"ညီလေး... ခေတ်တွေ ပြောင်းသွားပြီ..."

"ခုနကတင် ဥက္ကဋ္ဌစုက ငါ့ကို အရမ်းချီးကျူးသွားတာ... တကယ်လို့ မင်း အခုနောက်ဆုတ်မယ်ဆိုရင် မင်းဆက်နေရမယ်လို့ ငါကတိပေးတယ်..."

All Chapters