← Chapters

အခန်း ၂၆၉

Vol. 23 Ch. 269

အခန်း ၂၆၉

Vol. 23 Ch. 269

အခန်း (၂၆၉) အထွေထွေမန်နေဂျာရာထူး

"မင်းတို့ ကြားလား... ချင်းယန်ကနေ အခု ထွက်သွားလို့ရပြီ..."

ဝူဖုန်းက အမိန့်ပေးလိုက်၏။

" ဥက္ကဋ္ဌစုကို မြန်မြန် ကျေးဇူးတင်လိုက်ကြ..."

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌစု... ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌစု... ကျွန်တော်တို့..."

"ဟင်... တစ်ခုခုတော့ မှားနေပြီ... ကျွန်တော်တို့က..."တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားကြပေသည်။

ဝူဖုန်းကလည်း ဘာဖြစ်နေသည်ကို သတိပြုမိသွားပြီး စုယွမ်ကို အလျင်အမြန် ကြည့်လိုက်၏။

"အမ်း... ဥက္ကဋ္ဌစူး... ခုနက စကားမှားသွားတယ် ထင်တယ်..."

"နောက်တစ်ခေါက်လောက် ပြန်ပြောပေးလို့ ရမလား..."

ဝူဖုန်းက စုယွမ်အား လျင်မြန်စွာ သတိပေးလိုက်သည်။

စုယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။

"ဒီလူတွေ အခု ထွက်သွားလို့ရပြီလို့ ငါပြောလိုက်တာ..."

"အာ... ဒါက..."

"ဘာတွေဖြစ်နေတာလဲ... ဥက္ကဋ္ဌစူး... ကျွန်တော် အကြံပြုထားတဲ့သူတွေက အလုပ်ကြိုးစားပြီး အရည်အချင်းရှိတဲ့သူတွေချည်းပဲ... သူတို့ကို ဘယ်လိုလုပ် ထွက်သွားခိုင်းလို့ ရမှာလဲ..."

"ခင်ဗျား စကားမှားနေတုန်းပဲလား..."

ဝူဖုန်းမှာ စိုးရိမ်ပူပန်လာတော့သည်။

လူတိုင်းက နားမလည်နိုင်ဖြစ်ကာ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုနေကြပေ၏။

"ငါ ဘာမှ မမှားဘူး..."

စုယွမ်၏ လေသံသည် ရုတ်တရက် အေးစက်သွားပြီး ဝူဖုန်းက သူ့အကြည့်နှင့် ဆုံမိချိန်တွင် မလွှဲမရှောင်သာ တုန်ရီသွားရတော့ချေသည်။

" ဥက္ကဋ္ဌစု..."

"ကျွန်တော် နားလည်ပါပြီ..."

ဝူဖုန်းသည် စုယွမ်အား ပြန်လည်ပြောဆိုရန် လုံးဝ မရဲဝံ့တော့ချေ။

"ဒီကနေ ထွက်သွားကြစမ်း..."

ဝူဖုန်းက သူ၏ လက်အောက်ခံများအား ပြောလိုက်၏။

"ဘာတွေဖြစ်နေတာလဲ မန်နေဂျာ... ကျွန်တော်တို့က..."

လက်ပါးစေများသည် ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားကြသည်။ သူတို့က သူ့ကို လက်ဆောင်ပေးထားပြီးဖြစ်သော်လည်း ဝူဖုန်းက ငွေကိုယူကာ ဘာမှမလုပ်ပေးဘဲ နေနေပေ၏။

"ထွက်သွားဆို ထွက်သွားလိုက်... အပိုစကားတွေ ပြောနေစရာ မလိုဘူး..."

"လုံခြုံရေးတွေ ဘယ်မှာလဲ... ဘယ်မှာလဲ... ဒီသက်ဆိုင်ခြင်းမရှိတဲ့ လူတွေကို အခုချက်ချင်း ဆွဲထုတ်သွားကြစမ်း..."

ဝူဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုံခြုံရေးအစောင့် အချို့ ချက်ချင်း ရောက်လာကြပြီး ထိုလူများကို အပြင်သို့ ဆွဲထုတ်သွားကြတော့၏။

"ဝူဖုန်း... ခွေးကောင်... မင်း ကတိပေးထားတယ်လေ... မင်း ကတိပေးထားတယ်..."

လူအုပ်က ကျိန်ဆဲလိုက်ကြသည်။

ဝူဖုန်းက ချွေးအေးများကို လျင်မြန်စွာ သုတ်ဖယ်လိုက်၏။ ခေါင်းဆောင်တစ်ယောက်ဆိုသည်မှာ ဤသို့ပင် ရက်စက်ကြမ်းကြုတ်ရမည် ဖြစ်သည်။ ဤလူများသည် သူ၏ လက်အောက်ခံများ ဖြစ်သော်လည်း ကုမ္ပဏီက လက်ပြောင်းသွားပြီဖြစ်ရာ သူဌေးသစ်ကို သူ မထိန်းချုပ်နိုင်တော့ချေ။

မိမိကိုယ်ကို ကယ်တင်ရန် သူတို့၏ လက်မောင်းများကို ဖြတ်တောက်လိုက်ခြင်းက ကောင်းမွန်သော အကြံတစ်ခုဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် အချင်းချင်း ဘာဖြစ်နေသည်ကို ပြောပြရန် အချိန်ရနေသေးပေ၏။

လူတိုင်း အံ့အားသင့်သွားကြသည်။ ဥက္ကဋ္ဌစုယွမ်အနေဖြင့် ဤလူများမှာ ပုပ်သိုးနေသော ပန်းသီးများဖြစ်ကြောင်း ချက်ချင်း သိမြင်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

သူတို့က ဤဥက္ကဋ္ဌစူးကို အပြောသာရှိပြီး အလုပ်မပါသော လူတစ်ယောက်ဟု တကယ်ပင် ထင်မှတ်ခဲ့ကြသည်။

ယခု ပြန်စဉ်းစားကြည့်လိုက်မှသာ...

ဤအတွေးသည် အလွန်အမင်း ရယ်စရာကောင်းလှကြောင်း သဘောပေါက်သွားတော့၏။

"အိုက်ရာ.. ဥက္ကဋ္ဌစုက အဲဒီလို တွေးထားတာကိုး... သူ့ရဲ့ လူကဲခတ်တတ်တဲ့ မျက်စိကို ကြည့်လိုက်ဦး... အကျင့်ပျက်တဲ့သူတွေကို တစ်ချက်ကြည့်ရုံနဲ့ သိတယ်..."

"ဟုတ်တယ်... ဟုတ်တယ်... ခုနကတင် ဥက္ကဋ္ဌစုကို အပြောပဲရှိပြီး အလုပ်မပါဘူးလို့ ထင်နေခဲ့မိတာ... တကယ်ကို ရှက်စရာကောင်းလိုက်တာ..."

လူတိုင်း၏ မျက်နှာများမှာ အနေခက်နေပုံရပေသည်။

" ဥက္ကဋ္ဌစု... ခုနက ကျွန်တော် စကားမှားသွားတယ်... ကျွန်တော် ပြောတာ မှားသွားတယ်..."

"တကယ်တော့ ခုနက လူတွေက အကုန်လုံး အကျင့်ပျက်တဲ့သူတွေချည်းပဲ..."

"ခုနက ကျွန်တော် နည်းနည်း စိတ်လွတ်သွားပြီး ဒီလို အကျင့်ပျက်တဲ့သူတွေကို ဝန်ထမ်းကောင်းတွေလို့ ခေါ်မိသွားတယ်..."

"ဒါက တကယ်ကို ကျွန်တော့်အမှားပါ..."

"အမ်း... ဥက္ကဋ္ဌစု..."

"ဒီလူတွေက ကုမ္ပဏီမှာရှိနေတဲ့ ပုပ်သိုးနေတဲ့ ပန်းသီးတွေပါပဲ... သူတို့ကို အမြန်ဆုံး ထွက်သွားခိုင်းလိုက်ပါ..."

ဝူဖုန်းက ကျင်းချန်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်၏။

ငါက မကြာခင် ထွက်သွားရတော့မှာဆိုတော့ ငါ့ကို အညံ့မခံတဲ့ ဒီရန်သူတွေကို ဆက်နေခွင့်ပြုလို့ မဖြစ်ဘူး...

ဝူဖုန်းက တိတ်တဆိတ် တွေးလိုက်သည်။

"ဒီလူတွေ ထွက်သွားစရာ မလိုပါဘူး..."

စုယွမ်က တိုက်ရိုက်ပင် ပြောဆိုလိုက်၏။

"အာ... ဥက္ကဋ္ဌစု... ဒီလူတွေက..."

ဝူဖုန်းသည် အနည်းငယ် ရုန်းကန်ရန် ကြိုးစားနေဆဲပင်။

"ဘာလဲ... ငါပြောတာကို မင်း မကြားဘူးလား..."

စုယွမ်က အေးစက်စွာ ပြောလိုက်၏။

"မ... မဟုတ်ပါဘူး..."

ဝူဖုန်းမှာ ချွေးအေးများ ပျံလာတော့သည်။

"အမ်း..."

ကျင်းချန်နှင့် သူ၏အုပ်စုကို ဖယ်ရှားပစ်၍ မရနိုင်မည်ကို မထင်မှတ်ထားခဲ့သဖြင့် သူသည် ယခုအခါတွင် ဘာလုပ်ရမှန်း မသိဖြစ်နေချေပြီ။

ဒါက သူတို့ကိုယ်သူတို့ ရန်သူတွေ ဖြစ်သွားစေတာ မဟုတ်ဘူးလား...

ဒါက ခက်ခဲတော့မှာပဲ...

"ထွက်သွားရမယ့် ဝန်ထမ်းတွေကို စည်းမျဉ်းတွေအရ လျော်ကြေးပေးသွားမှာ ဖြစ်ပေမဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ သူတွေကိုတော့ လျော်ကြေးပေးမှာ မဟုတ်ဘူး..."

"ကုမ္ပဏီကို ဝယ်ယူပြီးတဲ့နောက် အလုပ်လုပ်ရက် သုံးရက်အတွင်း စာရင်းတစ်ခု ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအခါကျရင် ဘယ်သူတွေ ဆက်နေရမလဲဆိုတာ လူတိုင်း သိရပါလိမ့်မယ်..."

"ပြီးတော့ သူဌေးကျန်းရဲ့ ဆွေမျိုးတော်တော်များများက ကျွန်တော်တို့ ကုမ္ပဏီမှာ ဒုထွေထွေမန်နေဂျာ ရာထူးတွေကို ယူထားခဲ့ကြတယ်... အခု သူတို့ ခုနစ်ယောက်စလုံးကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး ဒုအထွေထွေမန်နေဂျာ ရာထူးကို မူလမန်နေဂျာ လီဝမ်ဟယ်ကပဲ ဆက်ယူထားလိမ့်မယ်..."

စုယွမ်က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

" ဥက္ကဋ္ဌစု ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော့်အလုပ်ကို ကိုယ်ပိုင်အလုပ်လို သစ္စာရှိရှိနဲ့ သေချာပေါက် လုပ်ဆောင်သွားပါ့မယ်..."

လီဝမ်ဟယ်က ပြောလိုက်သည်။

ဤလူတွင် အရည်အချင်းအချို့ ရှိပေသည်။ သူက ဒုအထွေထွေမန်နေဂျာအဖြစ် အလွယ်တကူ လုပ်ဆောင်နိုင်စွမ်းရှိ၏။

"ကောင်းပြီ... ဒီနေ့အတွက် နောက်ဆုံးကိစ္စကတော့ ချင်းယန်ရဲ့ အထွေထွေမန်နေဂျာလောင်းကို ဒီနေရာမှာပဲ တိုက်ရိုက် ကြေညာဖို့ပဲ..."

စုယွမ်၏ အသံသည် ခေါင်းလောင်းတစ်ခုကဲ့သို့ ကျယ်လောင်နေပြီး နားကွဲမတတ် ဖြစ်သွားတော့သည်။

ဘုရားရေ...

အထွေထွေမန်နေဂျာတဲ့လား...

သူက ဒီကုမ္ပဏီမှာ ဘုရင်တစ်ပါးလိုပဲ...

လီဝမ်ဟယ်က ဒုတအထွေထွေမန်နေဂျာအဖြစ် ဆက်လက်တာဝန်ယူမည် ဆိုသည့်အချက်က သူသည် အထွေထွေမန်နေဂျာ မဟုတ်ကြောင်း အဓိပ္ပာယ်သက်ရောက်ပေ၏။

ဘယ်သူများ ဖြစ်နိုင်မလဲ...

အထွေထွေမန်နေဂျာနှင့် ဒုအထွေထွေမန်နေဂျာအပြင် ကုမ္ပဏီတွင် ရာထူးအမြင့်ဆုံးနေရာမှာ ဌာနမှူးများပင် ဖြစ်သည်။

ဝူဖုန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။ အထွေထွေမန်နေဂျာ ရာထူးသည် သူနှင့်သာ ထိုက်တန်သည်ဟု သူ ခံစားလိုက်ရပေသည်။

" ဥက္ကဋ္ဌစု... တကယ်လို့ ကျွန်တော်သာ အထွေထွေမန်နေဂျာ ရာထူးကို ယူရမယ်ဆိုရင် လူတိုင်းကို ရှေ့ဆက်တိုးတက်အောင် သေချာပေါက် ဦးဆောင်နိုင်မှာပါ..."

ဝူဖုန်းက ချက်ချင်းပင် သူ့ကိုယ်သူ အကြံပြုပြောဆိုလိုက်သည်။

"ဟုတ်တယ်... ခင်ဗျားက အရမ်းရဲရင့်ပါတယ်... ဒါပေမဲ့ ခင်ဗျားက အထွေထွေမန်နေဂျာ ဖြစ်ဖို့တော့ မသင့်တော်ဘူး..."

စုယွမ်က တိုက်ရိုက်ပင် ပြောလိုက်၏။

"အာ..."

"ကောင်းပါပြီ... ဥက္ကဋ္ဌစု..."

ဝူဖုန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ၏ဘေးမှ ကျင်းချန်ကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ယုံကြည်မှု ပြန်လည်ရရှိသွားပေသည်။

"ကျင်းကြီး... ငါက အထွေထွေမန်နေဂျာ မဖြစ်နိုင်ဘူး ဆိုရင်တောင် မင်းကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်... မင်းက မန်နေဂျာတောင် မဟုတ်ဘူး... ရိုးရိုးဝန်ထမ်းတစ်ယောက်ပဲ... မင်း အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်ဖို့တောင် အခွင့်အရေး မရှိဘူး..."

"မင်း ဒီကုမ္ပဏီမှာ ရှိနေသရွေ့ မင်းကို ပစ်မှတ်ထားမိရင် ငါ့ကို အပြစ်မတင်နဲ့..."

ဝူဖုန်းက ကျင်းချန်အား ကြမ်းတမ်းစွာ စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။

အခြားမန်နေဂျာများ၏ မျက်လုံးများလည်း တောက်ပနေကြသည်။ သူတို့လည်း အထွေထွေမန်နေဂျာများ ဖြစ်ချင်နေကြပေ၏။

လူတိုင်း၏ မျှော်လင့်တကြီး စောင့်ကြည့်နေသော အကြည့်များအောက်တွင် စုယွမ်က အထွေထွေမန်နေဂျာလောင်းကို ဖြည်းညင်းစွာ ကြေညာလိုက်သည်။

"ဒီအထွေထွေမန်နေဂျာနဲ့ ခင်ဗျားတို့ထဲက တချို့က အရမ်းရင်းနှီးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."

"သူ့နာမည်က ကျင်းချန်ပဲ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

All Chapters