← Chapters

အခန်း ၇၉၁

Vol. 57 Ch. 791

အခန်း ၇၉၁

Vol. 57 Ch. 791

အပိုင်း ၇၉၁ - လမ်းခရီးတစ်လျှောက်တွင်

မွှေးပျံ့လှသော ပန်းရောင်မြူခိုးကြီးသည် ပတ်ပတ်လည်တွင် ပိုမိုသိပ်သည်းလာခဲ့သည်နှင့်အမျှ ထိုစဦးစိတ်ဝိညာဉ်မှာ ချက်ခြင်းပင် မူးဝေလာခဲ့ရပြီး သူ၏ စိတ်အာရုံမှာလည်း လျင်မြန်စွာ အားနည်းသွားတော့၏။ သည့်နောက်တွင် ငွေရောင်အလင်းတန်းများသည် ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ တရစပ် ရိုက်ခတ်သွားခဲ့ကြရာ ၎င်းသည် တောင့်တင်းခဲသွားပြီး မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ ထပ်မံလုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ကြံစည်မှုမှာလည်း လုံးဝ ပျက်စီးသွားသည်။

ထိုစဦးစိတ်ဝိညာဉ်၏ မျက်နှာတစ်ခုလုံး လုံးဝ ဖြူလျော်သွားကာ ဟန်လိ၏ ဘေးနားတွင် ရပ်နေသော ဝတ်စုံဖြူနှင့်အမျိုးသမီးအား မယုံကြည်နိုင်လောက်အောင် ဖြစ်ရော့သော မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်နေမိတော့၏။

"မဆိုးဘူး... မင်းရဲ့ လှုပ်ရှားမှုတွေက ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်လိုက်တာပဲ။"

ဟန်လိသည် ငွေရောင်လအား အခွင့်ကြုံသည်နှင့် တိုက်ခိုက်ရန် ကြိုတင်အမိန့်ပေးထားခဲ့သူ ဖြစ်သော်လည်း သူမ၏ ပြတ်သားလှသော စွမ်းဆောင်ရည်အပေါ် ချီးကျူးစကား ထုတ်ပြောလိုက်သည်။

ငွေရောင်လသည် ပြုံး၍သာ ပြန်တုံ့ပြန်၏။

"ဒါကလည်း သခင်ကိုယ်တိုင်က ကျမကို သင့်တော်တဲ့ အချိန်တစ်ခုမှာ တိုက်ခိုက်ဖို့ လမ်းညွှန်ထားခဲ့လို့ပါ။ ဒီလူက လွတ်မြောက်ချင်စိတ် အားသန်နေပြီး အသိသတိ မထားနိုင်တော့တဲ့ အခြေအနေမို့ ကျမအနေနဲ့ ပုံရိပ်ယောင်ပညာရပ်သုံး၊ သူ သတိမမူမိခင် တိုက်ခိုက်နိုင်လိုက်တာပါ။”

သည့်နောက်တွင် သူမသည် သူမ၏ပုံရိပ်ယောင်ထံ လက်ဝေ့ယမ်းလိုက်၏။ ၎င်းသည် အဖြူရောင်အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ချက်ခြင်း ပျောက်ကွယ်သွားခဲ့တော့၏။

ဟန်လိသည် အပိုစကားပြောမနေတော့ဘဲ ခပ်ရေးရေးပြုံး၍သာ ပြန်တုံ့ပြန်၏။ သူ ကိုယ်တိုင်လည်း လေထဲရှိ ရွှေရောင်လျှပ်စီးပိုက်ကွန်ထံ လက်ညွှန်ကာ သူ့လက်ထဲသို့ ရွှေရောင်အလင်းလုံးအဖြစ် ကျရောက်လာစေပြီး ၎င်းကို သိမ်းဆည်းလိုက်သည်။ ရွှေရောင်ဓားအစီအရင်နှင့် ပတ်သက်၍မူ ဟန်လိသည် ၎င်းကို အစောကတည်းကပင် ရုပ်သိမ်းထားခဲ့ပြီး ဖြစ်တာကြောင့် သုံးဆယ့်ခြောက်စင်းသော ဓားပျံငယ်များသည် သေးငယ်သော အရွယ်အစားအဖြစ်သို့ ပြောင်းလဲလျက် သူ၏အင်္ကျီလက်အိုးအတွင်းသို့ ပြန်လည်ပျံသန်းဝင်ရောက်သွားကြတော့၏။

ဟန်လိသည် ဝတ်ရုံနက်နှင့်လူငယ်ကို လှမ်းကြည့်သည်။ သူသည် ပါးစပ်ကို အစွမ်းကုန်ဟလျက် ရက်ရက်စက်စက် ကျိန်ဆဲပစ်ရန် ကြံစည်နေပါသည်။ သို့သော် ယခုအခါတွင်မူ သူ့အနေဖြင့် စကားတစ်ခွန်းပင် မဟနိုင်တော့ပါ။

ဟန်လိ၏မျက်နှာမှာ သုန်မှုန်လာ၏။ သူက ငွေရောင်လကို အမိန့်လှမ်းပေးသည်။“ငွေရောင်လ ဒီကောင့်ကို တောအုပ်အစွန်နားထိ ခေါ်သွား။ သူ့ဆီမှာ စိတ်ဝိညာဉ်ချိပ်ပိတ်ကျိန်စာအတွက် ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှိ၊မရှိ သေချာ ရှာကြည့်ချေ။”

ထိုသို့အမိန့်ပေးပြီးသည်နှင့် သူသည် တောအုပ်၏အခြားတစ်ဖက်ထံ ပျံသန်းသွားသည်။

ငွေရောင်လသည်လည်း ရိုသေသမှုအပြည့်ဖြင့် ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ သခင်..."

သူမသည် ထိုစဦးစိတ်ဝိညာဉ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် သူ၏အနောက်ကနေ အနီးကပ် လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦး ထွက်ခွာသွားခဲ့ပြီးသည့်နောက်တွင်မူ တောအုပ်တစ်ခုလုံး၌ မွှေးပျံ့လှသော ပန်းရောင်မြူခိုးကြီးများသာ ပြန့်ကျဲကျန်ရစ်ခဲ့တော့သည်။

ဟန်လိနှင့်ဝတ်ရုံနက်ကျင့်ကြံသူတို့ အသေအကြေ တိုက်ခိုက်ခဲ့ကြဖူးသော ကျွန်းငယ်လေးနှင့် လီနှစ်ရာ ခန့်ဝေးကွာလှသော နေရာတစ်ခုတွင်တော့ အလင်းတန်း ခြောက်စင်းသည် ထိုကျွန်းငယ်လေးရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာမူ ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်၏။ သူသည် မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သော အကြီးအကဲချန်းပင်။

သူ့နောက်မှ ကပ်ပါလာသော နှာခေါင်းနီနီ၊ ခပ်ဝဝအဘိုးအိုတစ်ယောက်က သူ့ကို လှမ်းမေးသည်။

“ရောင်းရင်းချန်း…ခင်ဗျား အာရုံခံမိတာ သေချာရဲ့လား။ ကျုပ်တို့ တွေ့ခဲ့တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အတော်လေး ရိုးစင်းတယ်။ ဒီဟာက တစ်စုံတစ်ယောက်ကို ခုလောက် အကွာအဝေးထိ ရွှေ့ပြောင်းပေးနိုင်ပါ့မလား။”

"ကျုပ် ဘယ်လိုမှ မမှားနိုင်ပါဘူး... ကျုပ် သေသေချာချာကို အာရုံခံမိထားတာပါ။ ဂျူနီယာညီလေး ဟန်ဟာ ဒီအနီးအနား ပတ်ဝန်းကျင်မှာ ရှိနေမှာ သေချာတယ်ဗျ။ အားလုံးပဲ သတိထားကြပါဦး... ရန်သူက အနည်းဆုံးတော့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ရှိတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ ကျုပ်တို့ဘက်က လူအင်အား အဆမတန် သာလွန်နေတယ် ဆိုဦးတော့ ကျုပ်တို့ရဲ့ နိမ့်ကျလှတဲ့ ကျင့်ကြံမှုအဆင့်တွေကြောင့် အစွမ်းကုန် သတိထားဖို့တော့ လိုအပ်လိမ့်မယ်။"

ဘေးတစ်ဖက်တွင်မူ ကလေးတစ်ယောက်ပုံစံရှိသော မီးနဂါးကျင့်ကြံသူက ပြုံး၍ ဝင်ပြောသည်။ "စိတ်ပူမနေပါနဲ့ဗျာ... ညီအစ်ကိုလုံက သူ့ရဲ့ အာရုံထွေပြားခြင်းနတ်ခေါင်းလောင်းကိုပါ တစ်ပါးတည်း ယူဆောင်လာခဲ့တာ မဟုတ်လား။ ကျုပ်တို့ဘက်က ရန်သူကို အပြတ်အသတ် မနှိမ်နင်းနိုင်ခဲ့ရင်တောင်မှ ဘေးကင်းကင်းနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ရာကတော့ ဘာပြဿနာမှ ရှိလာနိုင်မှာ မဟုတ်ပါဘူး။"

စီနီယာအစ်ကိုချန်းသည် မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုအား တချက် လှမ်းကြည့်ပြီး ကျေးဇူးတင်ဟန်ဖြင့် ပြောလာသည်။

"ဒါ..မှန်တာပေါ့။ တကယ်လို့သာ ညီအစ်ကိုလုံဘက်က အခုလိုမျိုး အဖိုးတန်ရတနာကို ယူဆောင်လာပြီး ကျုပ်တို့ကို အစွမ်းကုန် ကူညီပေးဖို့ ဆုံးဖြတ်ချက် မချခဲ့ဘူးဆိုရင်တော့ ကျုပ်လည်း ခင်ဗျားတို့ကို ခေါ်ဆောင်ပြီး ခုလိုမျိုး အန္တရာယ်ကြီးမားလှတဲ့ ခရီးစဉ်မှာ ပါဝင်ဖို့ စွန့်စားရဲခိုင်းမှာ မဟုတ်ဘူး။ တကယ်လို့ အဲ့မိစ္ဆာကျင့်ကြံသူက ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် ဖြစ်နေခဲ့မယ်ဆို ကျုပ်တို့အားလုံးလည်း ကျိန်းသေပေါက် အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာ။”

ထိုမီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက မသိမသာ ပြုံးလိုက်မိရင်းက ယဉ်ကျေးစွာဖြင့် ပြန်တုံ့ပြန်သည်။

"ဒါက ဘာမှမဟုတ်ပါဘူးဗျာ... အတိတ်တုန်းက ညီအစ်ကိုချန်းဘက်က ကျုပ်အပေါ် ကျေးဇူးပြုဖူးတယ်လေ။ ကျုပ်တတ်နိုင်သလောက် ပြန်ကူညီပေးရတာက ဖြစ်သင့်ပါတယ်လေ။ ဒါ့အပြင် ယင်စစ်ထုတ်ခြင်းဂိုဏ်းရဲ့ ကျင့်ကြံသူဟာ ကျုပ်တို့ရဲ့ ရှီနိုင်ငံအတွင်းပိုင်းအထိ ဗြောင်ကျကျ ချိုးဖျက်ဝင်ရောက်လာခဲ့ရုံတင်မက လူတစ်ယောက်ကိုပါ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ဆောင်ဝံ့ခဲ့သေးတယ်။ ဒါကို ကြည့်ရင် သူက ကျုပ်တို့ကို နည်းနည်းလေးတောင် အလေးထားပုံ မရဘူးဗျ။ ကျုပ်တို့ ရှီနိုင်ငံအတွင်းက ကျင့်ကြံသူတွေကို လွယ်လင့်တကူ အနိုင်ကျင့်လို့မရဘူးဆိုတာကို သူ သေသေချာချာ သိရှိသွားအောင် လုပ်ဆောင်ပြရမှာပေါ့ဗျာ။"

ထိုအုပ်စုထဲမှ တည်ကြည်ခန့်ညားသည့် လူကောင်ထွားထွား လူတစ်ယောက်က ပြုံး၍ ဝင်ပြောလာသည်။

"ကျုပ်ကတော့လေ…ခင်ဗျားတို့ဂိုဏ်းက တာအိုရောင်းရင်းဟန်နဲ့ ပတ်သက်ပြီး အတော်လေး စူးစမ်းချင်စိတ် ဖြစ်မိနေတာဗျ။ ခင်ဗျားတို့ရဲ့ ဂျူနီယာညီလေးဟာ မောက်လန်မျိုးနွယ်စုတွေနဲ့ စစ်ပွဲကြီးဖြစ်ပွားခဲ့တုန်းက ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ရုံတင်မကဘဲ စစ်ပွဲရဲ့ အလှည့်အပြောင်းကိုပါ တစ်ကိုယ်တော် ဖန်တီးပေးနိုင်ခဲ့ဖူးတယ်လို့ သတင်းစကားတွေ ကြားရပါတယ်။ ဒီလိုလူမျိုးအပေါ်မှာ ကျုပ်အနေနဲ့ အထင်ကြီးလေးစားမိပြီး မိတ်ဆွေလည်း ဖြစ်ချင်မိတယ်ဗျို့။"

နှာခေါင်းနီနီနှင့်အဘိုးအိုကလည်း အားပါးတရ ရယ်မောကာ ထိုသူ့စကားကို ထောက်ခံလိုက်၏။

"မှန်တာပေါ့ဗျာ... ကျုပ်လည်း လတ်တလောနှစ်တွေအတွင်းမှာ တာအိုရောင်းရင်းဟန်ရဲ့ နာမည်ကျော်ကြားမှုကို မကြားချင်မှ အဆုံးပဲ။ ကျုပ်လည်း သူနဲ့ ရင်းနှီးမှု ရှိထားချင်သား။”

“ဒီကိစ္စက လွယ်ပါတယ်။ ရောင်းရင်းတို့က ညီလေးဟန်ရဲ့ ကိစ္စကို ကူညီပေးချင်လို့ လာခဲ့ကြမှတော့ ခင်ဗျားတို့ကို သူနဲ့ မိတ်ဆက်ပေးရမှာပေါ့။ ဒါပေမဲ့ ညီလေးဟန်ရဲ့ ဘေးကင်းမှုကိုတော့ ကျုပ် စိုးရိမ်နေရတယ်။ ဟိုမိစ္ဆာကျင့်ကြံသူက ဉာဏ်များမှာ အမှန်ပဲ။ ကျုပ်တို့ကို ခွာချနိုင်အောင်လို့ အဲ့လူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုတောင် အသုံးပြုခဲ့သေးတယ်မလား။ ညီလေးဟန်က အဲ့လူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်တဲ့အခါ သူ တစ်ခုခုဖြစ်သွားမှာ ကျုပ် စိုးရိမ်နေမိတာပါ။”

"စိတ်ပူမနေပါနဲ့ဗျာ။ တစ်ဖက်က ကြည့်ရင်လည်း သူက ဟန်လိတစ်ယောက်တည်းကို ခွဲထွက်စေချင်လို့ ဒီလိုမျိုး လုပ်ဆောင်ခဲ့တာကို ကြည့်ရင် သူ့ကျင့်ကြံမှုဟာ ထင်သလောက် မမြင့်မားလောက်ပါဘူး။ ပြီးတော့ ရောင်းရင်းဟန်ကလည်း အစွမ်းထက်တော့ သူတို့နှစ်ယောက်ကြားမှာ ကွာခြားချက် ကြီးကြီးမားမား မရှိလောက်ပါဘူး။”

"ကျုပ်လည်း တာအိုရောင်းရင်းကျိ ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ပဲ ဆန္ဒပြုမိပါတယ်လေ။"

စီနီယာအစ်ကိုချန်းက တစ်ဖက်လူ၏ အားပေးစကားကို အလိုက်သင့်သာ ပြန်တုံ့ပြန်လိုက်၏။ သူ့မျက်နှာထက်တွင်မူ အလုံးစုံစိတ်အေးနိုင်သည့်ပုံ မပေါ်နေပေ။

နန်ကုန်းဝမ် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သော ထိုနေ့က မြင်ကွင်းအရ အနှီမိစ္ဆာကျင့်ကြံသူသည် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်တွင် ရှိမနေခဲ့ဖူးဦးတော့ ၎င်းသည် အနည်းဆုံးတော့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်မှာ ရှိနေမှာ သေချာကြောင်း သူ နားလည်ထားသည် မဟုတ်ပါလား။ ဤကဲ့သို့သော လူမျိုးကို ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူလှမည် မဟုတ်ပေ။

စီနီယာအစ်ကိုချန်းသည် မိမိတို့ မျောလွင့်တိမ်တိုက်ဂိုဏ်းအတွင်းသို့ တရားဝင် ဝင်ရောက်တာ သိပ်မကြာသေးသော အစွမ်းထက်လှသည့် သည်ဂိုဏ်းစောင့်အကြီးအကဲအသစ်ကြီးအား သည်ကဲ့သို့သော ပြဿနာရပ်ရပ်ကြောင့် လွယ်လင့်တကူ သေဆုံးသွားရခြင်းမျိုးကို လုံးဝ မဖြစ်စေချင်ပါ။ ကံကောင်းထောက်မစွာဖြင့်ပင် သူသည် ဟန်လိ၏ တည်ရှိမှု အရိပ်အယောင်တချို့ကို ကောင်းစွာ အာရုံခံမိထားဆဲ ဖြစ်တာကြောင့် ဟန်လိတစ်ယောက် ခုထိ အသက်ရှင်လျက် ရှိနေဆဲ ဖြစ်ကြောင်း သိနေ၍သာ စိတ်အေးနေနိုင်ခြင်းပင်။

ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူခြောက်ဦးတို့သည် အပြန်အလှန် စကားဆိုနေရင်း ဟန်လိနှင့် ထိုဝတ်ရုံနက်ကျင့်ကြံသူတို့ အသေအကြေ တိုက်ခိုက်ခဲ့ကြဖူးသော ကျွန်းငယ်လေးရှိရာဘက်သို့ တရွေ့ရွေ့နှင့် ပိုမိုနီးကပ်လို့လာနေခဲ့ကြပြီ ဖြစ်တာကြောင့် သူတို့၏ မျက်နှာထက်က အမူအရာများမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုလေးနက်လာတော့၏။ ထိုစဉ် အစ်ကိုချန်းသည် ထိပ်ထိပ်ပျာပျာ ဖြစ်သွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။

"ညီအစ်ကိုချန်း... ဘာဖြစ်လို့လဲ။"

"ဂျူနီယာညီလေး ဟန်ဟာ ကျုပ်တို့ရှိရာဘက်သို့ တရွေ့ရွေ့နဲ့ ပျံသန်းလာနေတယ်။ သူ့ပြဿနာအားလုံးကို ရှင်းထုတ်ပြီးတာလား။ ဒါမှမဟုတ်..."

စီနီယာအစ်ကိုချန်းသည် စကားထပ်မစပ်ပေ။ သို့ပေမည့် အခြားသူများက သူ့စကား၏အဓိပ္ပာယ်ကို သိကြသည်သာ။ ဟန်လိသည် အသက်ရှင်လျက် ဖမ်းစီးခံရခြင်းလား၊ သို့တည်းမဟုတ် အသည်းအသန် ထွက်ပြေးလာခြင်းလား။ ဤသို့ ဖြစ်နိုင်ခြေမျိုးက ရှိနေလေ၏။

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုကမူ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်ပေသည်။

"ကျုပ်တို့အားလုံး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြရအောင်... အဲ့လိုပြင်ဆင်ထားလိုက်ရင် တာအိုရောင်းရင်းဟန် ဘေးဒုက္ခကြုံနေရတယ်ဆိုရင်တောင် ကျုပ်တို့အနေနဲ့ ချက်ခြင်း ကယ်တင်ပေးနိုင်လိမ့်မယ် မဟုတ်လား။"

စကားပြောပြီးသည်နှင့် သူသည် သိုလှောင်အိတ်ကို ချက်ခြင်း ပုတ်၍ ဝါကျင့်ကျင့် ခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူကာ အရှေ့ဘက်သို့ မမှိတ်မသုန် ကြည့်နေသည်။ အခြားသူများကလည်း မိမိတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ရတနာ အသီးသီးကို ချက်ခြင်း ထုတ်ယူလျက် တိုက်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ကြသည်။

စီနီယာအစ်ကိုချန်းကမူ ပို၍ သုန်မှုန်လာသည်။ ခဏအကြာတွင် သူတို့ဘက်သို့ မိုးပြာရောင်အလင်းတန်းတစ်ခု ပျံသန်းလာနေတာကို မြင်လိုက်ရသည်။

"ဒါ ဂျူနီယာညီလေး ဟန်ပဲဗျ။ သူ ဘာဒဏ်ရာမှ မရထားတဲ့ပုံပဲ။"

စီနီယာအစ်ကိုချန်းသည် ထိုမိုးပြာရောင် အလင်းတန်းကို သေသေချာချာ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်ပင် ရင်ထဲက စိုးရိမ်ပူပန်မှု အားလုံးမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်တာကြောင့် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိတော့၏။

အခြားသော ကျင့်ကြံသူများမှာမူ သည်မြင်ကွင်းကို မြင်တွေ့လိုက်ကြရသည့် အခါတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ကုန်ကြသည်။ ဟန်လိတစ်ယောက် လုံခြုံဘေးကင်းစွာ ရှိနေဆဲ ဖြစ်တာကြောင့် ထိုမိစ္ဆာကျင့်ကြံသူနှင့် ပတ်သက်သည့် ပြဿနာရပ်ရပ်မှာ အပြီးသတ် ရှင်းလင်းသွားခဲ့ပြီလား။

သူတို့တွေးနေကြစဉ်မှာပင် မိုးပြာရောင်အလင်းတန်းက သူတို့ရှေ့သို့ ရောက်လာ၏။ ဟန်လိ၏အသွင်အပြင် ပေါ်ထွက်လို့လာသည်။

ဟန်လိသည် ပေါ်ထွက်လာချင်းချင်း တစ်ခုခုကို စိုးရိမ်နေနေသေးသည့်အလား မျက်မှောင်ကြုတ်လျက် ရှိနေ၏။ သို့သော် သူသည် ဤကျင့်ကြံသူအုပ်စုကို မြင်ရချိန်၌ စိတ်အေးစွာ သက်ပြင်းချ၍ ပြုံးလာသည်။

"စီနီယာအစ်ကိုချန်း... တာအိုရောင်းရင်းမီးနဂါးငယ်... ခင်ဗျားတို့ ရောက်လာကြတာပဲကို။ ဒီက…တာအိုရောင်းရင်းများ အားလုံးကလည်း ကျုပ်ကို ကူညီပေးဖို့ရာအတွက် တကူးတက လာပေးခဲ့ကြတာမလား။ ကျုပ်အတွက်နဲ့ အခုလိုမျိုး တမင်တကာ ဒုက္ခခံပြီး ခရီးနှင်လာခဲ့ကြရတဲ့အတွက် ကျေးဇူးတင်ရပါတယ်။"

ဟန်လိကို သေသေချာချာ စူးစမ်းလေ့လာကြည့်ပြီးသည့်နောက်တွင်မူ လုံမျိုးရိုးအမည်ရှိ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက နှိမ့်ချသော လေသံဖြင့် စကားဆိုလာသည်။

“မနောက်ပါနဲ့ ရောင်းရင်းဟန်ရာ။ ကျုပ်တို့က အချိန်လွန်မှ ရောက်လာတာမို့ ခင်ဗျားကို ဘာမှ ကူညီပေးနိုင်ခဲ့တာမှ မဟုတ်ဘဲ။ ဒီအတွက် ရှက်မိရပါတယ်။”

ကျန်လူများကလည်း သူ့စကားကို ထောက်ခံကြပြီး သူတို့က ဟန်လိကို ပြုံးပြရန် ကြိုးစား၏။

စီနီယာအစ်ကိုချန်းသည် ဟန်လိ၏အနောက်မှ မည်သည့်ရန်သူမှ လိုက်ပါမလာတာ တွေ့သည့်အခါ သူက သိချင်စိတ်ဖြင့် မေးလာသည်။

“ညီလေးဟန်…အဲ့မိစ္ဆာတာအိုကျင့်ကြံသူကော…ဘာဖြစ်သွားပြီလဲ။ သူ့လက်ထဲကနေ မင်း လွတ်အောင် ပြေးလာနိုင်ခဲ့တာလား။”

ဟန်လိက သာမာန်လေသံဖြင့်သာ ပြန်ဖြေလိုက်သည်။

“ကျုပ် သူ့ကို သတ်ပစ်လိုက်ပြီ။ သူ့စဦးစိတ်ဝိညာဉ်ကိုလည်း ဖမ်းချုပ်ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့လည်း အဲ့လူဟာ ယင်စစ်ထုတ်ခြင်းဂိုဏ်းချုပ် မဟုတ်ဘူး။ သူတို့ဂိုဏ်းအကြီးအကဲတွေထဲက တစ်ယောက်ပါပဲ။”

စီနီယာအစ်ကိုချန်းသည် သည်စကားကို ကြားသိလိုက်ရသည့်အခါတွင် မယုံကြည်နိုင်ဖြစ်သွားကာ ထပ်ဆင့်မေးလာပြနသည်။

“ဘာ…မင်း သူ့ကို သတ်ပစ်နိုင်ခဲ့တာလား။ သူက စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဘောက် မဟုတ်ဘူးဆိုရင်တောင် အလယ်အလတ်အဆင့်လေ။ မင်း သူ့ကို တကယ်ကြီး သတ်ပစ်နိုင်ခဲ့တာပေါ့။”

အဘိုးအိုလုံနှင့်အခြားသူများလည်း သည်စကားကို ကြားသည့်အခါ အံ့အားတသင့်လည်းဖြစ်၊ တုန်လည်းတုန်လှုပ်သွားကြသည်။ အနှီမိစ္ဆာကျင့်ကြံသူသည် မျောလွင့်တိမ်တိုက်ဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အစောပိုင်းကျင့်ကြံသူကို ဒဏ်ရာရအောင်လုပ်ပြီး အလွယ်တကူ လွတ်မြောက်လာနိုင်စွမ်းရှိသူ ဖြစ်၍ ထိုသူမှာ ပေါ့သေးသေးမဟုတ်မှန်း သူတို့ သိကြသည်။ အကယ်၍သာ အဘိုးအိုလုံဘက်က အာရုံထွေပြားခြင်းနတ်ခေါင်းလောင်းကိုပါ ယူဆောင်လာခဲ့ခြင်းမျိုး မရှိဘူးဆိုပါက အခြားသူများမှာ ယခုကဲ့သို့ ခရီးစဉ်မျိုးကို လိုက်ပါလာဝံ့ကြမည် မဟုတ်ချေ။

ယခုအခါတွင်မူ ဟန်လိဘက်က ထိုမိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုသာမက စဦးစိတ်ဝိညာဉ်ကိုပါ အပြီးသတ် ဖျက်ဆီးပစ်လိုက်နိုင်စွမ်း ရှိခဲ့ကြောင်း ကြားလိုက်ရသောကြောင့် သူတို့အားလုံးလည်း ရင်ထဲ၌ ကြီးစွာသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်လို့သွားကြရခြင်းပင်။

“ဒါက ကံဖေးမလိုက်လို့သာပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်မှာ သူ့ပညာရပ်တွေကို ဖိနှိပ်ပစ်နိုင်တဲ့ ပညာရပ်တစ်ခု ရှိသွားလို့ပါ။”

ဟန်လိသည် ထိုသို့ပြောပြီး ခဏ စဉ်းစားသည်။ ထို့နောက် သူက အစ်ကိုချန်းထံ အနက်ရောင်အရာဝတ္ထုတစ်ခု ပစ်ပေးလိုက်သည်။ အဘိုးအိုချန်းက ၎င်းကို ဖမ်းယူပြီး မျက်မှောင်ကြုတ်ကာ သေချာကြည့်၏။ ၎င်းမှာ တံဆိပ်ပြားတစ်ခုပင်။ ထိုတံဆိပ်ပြားပေါ်၌ “စစ်ထုတ်ခြင်း” ဟူသော သင်္ကေတကို ရေးဆွဲထားသည်။ စီနီယာအစ်ကိုချန်းသည် ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းမိသွားပြီ ဖြစ်၏။ သို့ပေမည့် သူက မေးလိုက်တုန်းပင်။

“ဒါက ဘာလဲ။”

ဟန်လိက ပြုံး၍ ပြောသည်။

“ဒါက ယင်စစ်ထုတ်ခြင်းဂိုဏ်းအကြီးအကဲ အမိန့်ပေးတံဆိပ်ပြားပါ။ ဟိုလူကျန်ခဲ့တဲ့ပစ္စည်းပဲ။ ဒီအမိန့်ပြားမှာ စွမ်းအားတစ်ချို့ ပိုင်ဆိုင်ထားတယ်။ ကျုပ် အထင် သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုဖို့အတွက် ဒီဟာနဲ့ဆို လုံလောက်မှာပါ။”

အခြားသူများကလည်း တံဆိပ်ပြားကို လှမ်းကြည့်လာကြသည်။ သူတို့က ၎င်းမှာ ထူးခြားမှန်း သိလိုက်၏။ ထို့ကြောင့် ဟန်လိ၏စကားအပေါ် သံသယ မရှိတော့ပေ။

သူတို့သည် တိုက်ပွဲအသေးစိတ်အကြောင်းကိုတော့ မမေးဘဲ မနေနိုင်ကြပေ။ သို့ပေမည့် ဟန်လိက သူတို့ကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေပါ။ သူက စကားကြောရှည်တတ်သူ မဟုတ်မှန်း မြင်ရသောကြောင့် အခြားသူများကလည်း အလိုက်တသိဖြင့် နှုတ်ဆိတ်သွားကြသည်။ တကယ်တော့ ဟန်လိသည် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူသတ်ဖြတ်ခဲ့သူ မဟုတ်လား။ ဤသို့သောလူမျိုးနှင့် မိတ်ဆွေဖြစ်ရခြင်းကြောင့် ကောင်းကျိုးများစွာ ရနိုင်ပေမည်။

အခြားသူများက သူ့အပေါ် စေတနာကောင်းနှင့် လာရောက်ကူညီကြတာ ဖြစ်သောကြောင့် ဟန်လိကလည်း ထိုသူတို့အပေါ် ပျူပျူငှာငှာ ပြန်ဆက်ဆံသည်။

အပြန်လမ်း လမ်းတစ်ဝက်တွင် ဟန်လိနှင့် စီနီယာအစ်ကိုချန်းတို့သည် ကျန်သည့်လူများနှင့် လမ်းခွဲကာ မျောလွင့်တိမ်တိုက်ဂိုဏ်းသို့ တန်းတန်းမတ်မတ် ပြန်လာကြ၏။

ဂိုဏ်း၏တရားဝင်ခန်းမထဲ၌ တစ်ခေါင်းလုံး ဖြူဖွေးနေသော စီနီယာချန်းသည် သူ့စိတ်ထဲ တထင့်ထင့်ဖြစ်နေသော မေးခွန်းကို မေးလာသည်။

“ဝိညာဉ်ချိပ်ပိတ်ကျိန်စာကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းကိုကော မင်း ရှာတွေ့ခဲ့သေးလား။ အပြန်လမ်းမှာ မင်းစိတ်ထဲ လေးလံနေမှန်း၊ အတင်းအကျပ် တည်ငြိမ်အောင် ဟန်ဆောင်နေမှန်း ငါ ရိပ်မိတယ်။ မင်း အဲ့နည်းလမ်းကို ရှာမတွေ့ခဲ့ဘူးလား။”

All Chapters