← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အပိုင်း ၂၄၅

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်သည် သူ၏ အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ခုတင်ထက်၌ နေရာယူကာ မျက်လွှာကို အသာအယာပိတ်၍ ကျင့်ကြံခြင်းကို စတင်လိုက်၏။

ဤလောက၌ သူ အစစ်အမှန် အားကိုးနိုင်သည်မှာ အရာနှစ်ခုသာရှိကြောင်း လင်းချန် ကောင်းစွာ နားလည်ထားသည်။

ဦးစွာပထမအချက်မှာ သူ၏ ပါရမီဖြစ်သကဲ့သို့ ဒုတိယအချက်မှာမူ ဟွာရှာအင်ပါယာပင် ဖြစ်၏။ ပါရမီက သူ့အား ပိုမိုလျင်မြန်စွာ သန်မာလာစေမည်ဖြစ်ပြီး ခွန်အားအတိုင်းအဆမှာလည်း အတိုင်းအဆမဲ့ မြင့်မားသွားပေလိမ့်မည်။

သူ၏ ကိုယ်ပိုင်ခွန်အား မည်မျှကြီးမားသည်ဟူသည့် အချက်သည် ဟွာရှာအင်ပါယာထံမှ အကူအညီ မည်မျှရရှိမည်ကို အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်၏။

လင်းချန်သည် ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့၌ ကျွမ်းကျင်လိမ္မာခြင်း မရှိစေကာမူ ဟွာရှာအင်ပါယာ၌ အသုံးပြုနိုင်သည့် ပါရမီရှင်များစွာ ရှိနေသည်။

ထို့ပြင် ယီစင်းကဲ့သို့သော ပါရမီထူးချွန်သည့် လက်ရုံးတစ်ဦး ရှိနေခြင်းကလည်း လက်အောက်၌ အသုံးတော်ခံမည့် ထူးချွန်သူများကို ပိုမိုစုဆောင်းနိုင်စေလိမ့်မည် ဖြစ်၏။

လက်ရှိ၌ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ မျိုးနွယ်စု အစည်းအဝေးကြီး ကျင်းပရန်မှာ နှစ်လကျော်မျှသာ လိုတော့သည်။

ထိုအစည်းအဝေးကြီး ပြီးဆုံးသည်နှင့် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေသို့ သွားရောက်ရပေလိမ့်မည်။

ထိုအချိန်မတိုင်မီ လင်းချန်အနေဖြင့် သူ၏ နယ်ပယ်ကို မြှင့်တင်ရန်နှင့် အစွမ်းကုန် သန်မာလာစေရန် ရည်ရွယ်ထား၏။

အဘယ်ကြောင့်ဆိုသော်... တောင်ဘက်ပင်လယ်ဒေသ၏ ပင်လယ်မျိုးနွယ်စု၊ လူသားမျိုးနွယ်စု၏ တောင်ဘက်နယ်မြေများမှ ပါရမီရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

ကျန်းနျန်ရှင်း၏ ပြောကြားချက်အရ တောင်ဘက်နယ်မြေရှိ လူသားမျိုးနွယ်စု အင်အားစုများ အားလုံး ပါဝင်လာခြင်း မဟုတ်ဟု ဆို၏။

တောင်ဘက်နယ်မြေရှိ လူသားမျိုးနွယ်စု၏ နယ်နိမိတ်မှာ ကျယ်ဝန်းလှရာ အင်အားစုကြီးငယ် ထောင်ပေါင်းများစွာ ရှိနေသည်။ ထို့ကြောင့် အားလုံး တက်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ရှိ၏။

ပထဝီဝင်အနေအထားအရ နီးကပ်သည့် တောင်ဘက်ပင်လယ်ဒေသ အနီးတစ်ဝိုက်မှ လူသားမျိုးနွယ် အင်အားစုများသာ လာရောက်ကြခြင်း ဖြစ်သည်။

ထို့ပြင် တောင်ဘက်နယ်မြေ၏ ထိပ်တန်းအင်အားစုကြီးများမှာမူ ပါဝင်လာရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ရှိ၏။

ထိုကဲ့သို့သော ဧရာမ အင်အားစုကြီးများအတွက်မူ ဤရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်မှာ စိတ်ဝင်စားဖွယ်ရာ မရှိသောကြောင့် ဖြစ်သည်။

လင်းချန်သည်လည်း ထိုသူများနှင့် အမြင်တူသော်လည်း အမွေအနှစ်နယ်မြေအတွင်း ရှိနေနိုင်မည့် ကျမ်းစာများကိုမူ စိတ်ဝင်စားမိ၏။

ထိုကျမ်းစာများသည် ဟွာရှာအင်ပါယာ၏ လောကဓာတ်ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှုများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သောကြောင့်ပင်။

လင်းချန်၏ ရင်ထဲ၌ အခြားရည်ရွယ်ချက် တစ်ခုလည်း ရှိနေသေးသည်။

ထိုအရာမှာ သူ၏ မိဘနှစ်ပါး မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို စုံစမ်းရန်ပင် ဖြစ်၏။

လင်းချန်၏ ခန့်မှန်းချက်အရ သူ၏ မိဘနှစ်ပါးမှာ သာမန်လူများ မဟုတ်နိုင်ဘဲ ကမ်းရိုးတန်းပြည်နယ်၏ ပြင်ပလောက၌ အတော်အတန် အမည်ကျော်ကြားသူများ ဖြစ်နိုင်သည်။

ကမ်းရိုးတန်းပြည်နယ် ပြင်ပရှိ တောင်ဘက်နယ်မြေမှ ရောက်ရှိလာကြမည့် လူငယ်ပါရမီရှင်များထံမှတစ်ဆင့် သတင်းအချက်အလက် အချို့ကို ရရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း လင်းချန်သည် ပင်ကိုအသိဖြင့်ပင် တစ်ခုကို ခန့်မှန်းမိ၏။ လာရောက်ကြမည့် ပါရမီရှင်များသည် အလွန်တရာ မာနကြီးသူများ ဖြစ်ကြပေလိမ့်မည်။ သူတို့၏ လေးစားမှုကို ရရှိလောက်သည့် ခွန်အား မရှိပါက သတင်းအချက်အလက် စုံစမ်းရန် ကြိုးပမ်းခြင်းမှာ အချည်းနှီး ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ကျန်ရှိနေသည့် နှစ်လအတွင်း လင်းချန်အနေဖြင့် သူ၏ ကျင့်ကြံမှုကို အရှိန်မြှင့်ရန် လိုအပ်နေပြီ ဖြစ်၏။

ဧကရာဇ်၏ အမိန့်တော် ကျင့်စဉ်သည်လည်း တစ်ဖန် ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျူးကော့မင်သည် ထိုကျင့်စဉ်ကို အထွတ်အထိပ်အတွင်းပိုင်း လေ့ကျင့်မှုဖြစ်သည့် ဧကရာဇ်၏ အမိန့်တော် ၂.၀ အဖြစ် အဆင့်မြှင့်တင်ပေး၏။

လင်းချန်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် စိတ်ဝိညာဉ်မှာ အခြား လူသားမျိုးနွယ်စုဝင်များနှင့် မတူညီဘဲ ဘိုးဘေးအဆင့် သိုင်းဝိညာဉ် နှစ်ခုနှင့် စိတ်ဝိညာဉ်စွမ်းအား အင်္ဂါရပ် သုံးခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ကျူးကော့မင်သည် ဧကရာဇ်၏ အမိန့်တော်ကျင့်စဉ် ထဲရှိ ဧကရာဇ်အာဏာ စွမ်းရည် အသုံးပြုပုံကို မြှင့်တင်ပေးရုံသာမက မိုးကြိုးနှင့် ရေခဲစွမ်းရည်များကိုပါ ထည့်သွင်းပေါင်းစပ်ပေးရာ လင်းချန်အနေဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပိုမိုလွတ်လပ်စွာ ထိန်းချုပ်နိုင်လာပြီ ဖြစ်၏။

ထို့ပြင် ကောင်းကင်နယ်ပယ်၏ ထူးခြားသည့် လက္ခဏာရပ်များအတွက် ကျင့်စဉ်ကို ပြုပြင်မွမ်းမံထားသည်။

ကောင်းကင်နယ်ပယ်သည် အခြားနယ်ပယ်များနှင့် နှိုင်းယှဉ်လျှင် စိတ်ဝိညာဉ်စွမ်းအား စုဆောင်းမှုကိုသာ အဓိက ဦးစားပေးရသည့် နယ်ပယ်ဖြစ်၏။

နိဗ္ဗာန်နယ်ပယ်မှာမူ သိုင်းဝိညာဉ်၏ နယ်ပယ်အဆင့်အတန်းနှင့် ဆိုင်သဖြင့် သိုင်းဝိညာဉ်ကို ထိခိုက်မှု မရှိစေရန် သတိထား၍ စေ့စေ့စပ်စပ် ကျင့်ကြံရန် လိုအပ်သည်။

ကောင်းကင်နယ်ပယ်၌ အဆင့်တိုးတက်ရန်မှာ စိတ်ဝိညာဉ်စွမ်းအား ပမာဏကို တိုးမြှင့်ရန်ပင် ဖြစ်၏။

နယ်ပယ်၏ အဆင့်မြှင့်တင်မှုမှာ အရည်အသွေး မဟုတ်ဘဲ ပမာဏ သက်သက်သာ ဖြစ်သည်။

ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအားသည် အရည်အသွေး ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ပမာဏလည်း များပြားရန် လိုအပ်၏။

ဥပမာအားဖြင့် လင်းချန်သည် နိဗ္ဗာန်နယ်ပယ်၌ ရှိနေစဉ်က အလွန်တောင့်တင်းခိုင်မာသည့် စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သော်လည်း ကောင်းကင်နယ်ပယ် အဆင့်တစ် သိုင်းဝိညာဉ်ပညာရှင် တစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအား ပမာဏကိုမူ ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်နယ်ပယ်ရှိ စိတ်ဝိညာဉ်စွမ်းအား မည်မျှကြီးမားကြောင်း သိနိုင်သည်။

ဆရာဝေဝူရွှမ်၏ ပြောကြားချက်အရ ကမ်းရိုးတန်းပြည်နယ်၏ ပြင်ပလောက၌ ကောင်းကင်နယ်ပယ်အဆင့်တက်ခြင်းမှာ အမြန်ဆုံးဖြစ်သော်လည်း ကမ်းရိုးတန်းပြည်နယ်အတွင်း၌မူ အလွန်နှေးကွေးနေခြင်း ဖြစ်သည်ဟု ဆို၏။

ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ သဘာဝတရား၏ စွမ်းအင်သိပ်သည်းဆကြောင့်ပင် ဖြစ်သည်။

ကမ်းရိုးတန်းပြည်နယ်မှာ တောင်ဘက်နယ်မြေ၏ အစွန်အဖျားဆုံးဖြစ်သည့် ကုန်းမြေငယ်လေး တစ်ခုဖြစ်ရာ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းတို့၏ ဗဟိုချက်မနေရာများ၌သာ စိတ်ဝိညာဉ်သစ်တောများကို စိုက်ပျိုးထားကြပြီး စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်တရာ ရှားပါးလှ၏။

ကောင်းကင်နယ်ပယ်၌ တိုးတက်ရန်မှာ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။

ကမ်းရိုးတန်းပြည်နယ်၌ စိတ်ဝိညာဉ်သစ်တောများ ရှားပါးသော်လည်း ဟွာရှာအင်ပါယာ၌မူ ရှားပါးခြင်းမရှိပေ။

ထို့ကြောင့် လင်းချန်သည် ဟွာရှာအင်ပါယာထံမှ စိတ်ဝိညာဉ်သစ်ပင် ပျိုးပင် အမြောက်အမြားကို ယူဆောင်လာပြီး ကမ်းရိုးတန်းပြည်နယ်အတွင်း အနှံ့အပြား စိုက်ပျိုးပြုစုစေ၏။

စိတ်ဝိညာဉ်သစ်ပင်ကြီးများကို ပြောင်းရွှေ့စိုက်ပျိုးရန် ခက်ခဲသဖြင့် ပျိုးပင်များကို အသုံးပြုခြင်းက ပိုမိုအဆင်ပြေလှသည်။

ပျိုးပင်များသည် ကမ်းရိုးတန်းပြည်နယ်၏ မြေဆီလွှာနှင့် အသားကျသွားသည်နှင့် အလွန်လျင်မြန်စွာ ကြီးထွားလာပေလိမ့်မည်။

ထိုအချိန်ကျရောက်ပါက ကမ်းရိုးတန်းပြည်နယ်နှင့် မူလပြည်နယ်တို့၏ အလုံးစုံ ခွန်အားမှာလည်း လျင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။

ဘုန်းးး...

လင်းချန်၏ ရှေ့မှောက်၌ စည်ပိုင်း သုံးလုံး ရုတ်တရက် ပေါ်ထွက်လာ၏။

ထို့နောက် လင်းချန်သည် ဆေးရည်များ ပြည့်နှက်နေသည့် ဖန်ပုလင်း သုံးလုံးကို ထုတ်ယူလိုက်သည်။

ထိုဆေးရည်များမှာ နိဗ္ဗာန်မီးလျံဆေးရည်စိမ်ခြင်း မဟုတ်တော့ဘဲ ကျူးကော့မင် အသစ်ဖော်စပ်ထားသည့် ဆေးရည်အသစ်များ ဖြစ်၏။

လင်းချန်သည် ဆေးရည် သုံးမျိုးကို စည်ပိုင်းများထဲသို့ တစ်ခုပြီးတစ်ခု လောင်းထည့်လိုက်ရာ စည်ပိုင်းအတွင်းရှိ မူလဆေးရည်များမှာ ပြောင်းလဲသွားသည်။

ပထမစည်ပိုင်းရှိ ဆေးရည်မှာ ရွှေနီရောင်သို့ ပြောင်းလဲသွားပြီး မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ် လက်နေရာ ထိုစည်ပိုင်းမှာ ဆေးရည်စည်ပိုင်း တစ်ခုထက် ရွှေနီရောင် မိုးကြိုးများ ပြည့်နှက်နေသည့် စည်ပိုင်းတစ်ခုနှင့် ပိုတူနေ၏။

ဒုတိယစည်ပိုင်းရှိ ဆေးရည်မှာမူ အပြာနုရောင်သို့ ပြောင်းလဲသွားပြီး အေးစက်လှသည့် အငွေ့အသက်များကို ထုတ်လွှတ်နေကာ စည်ပိုင်း၏ ဘေးပတ်ပတ်လည်၌ နှင်းခဲများပင် ဖုံးလွှမ်းသွားသည်။

ထိုအရာမှာ အရိုးထိအောင် အေးစက်နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

တတိယစည်ပိုင်းမှာမူ စိမ်းလန်းသည့် ဆေးရည်များဖြင့် ပြည့်နှက်နေပြီး လန်းဆန်းစေသော ရနံ့လေးကို ထုတ်လွှတ်နေရာ ထိုရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့်ပင် စိတ်ကို တက်ကြွလန်းဆန်းသွားစေ၏။

မည်သူမဆို ထိုတတိယစည်ပိုင်းထဲ၌ စိမ်လိုက်ရပါက အလွန်နေလို့ကောင်းမည်ကို သိနိုင်သည်။

သို့သော်လည်း လင်းချန်သည် သွားကို တင်းတင်းစေ့ကာ ကျူးကော့မင်၏ အကြံပြုချက်အတိုင်း မိုးကြိုးများ တဖျတ်ဖျတ် လက်နေသည့် ပထမစည်ပိုင်းဆီသို့ လျှောက်လှမ်းသွား၏။

စည်ပိုင်းအတွင်းသို့ ဝင်လိုက်သည်နှင့် မိုးကြိုးလျှပ်စီးများသည် လင်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် ထိုးဖောက်ဝင်ရောက်သွားသည်။

မှန်၏... နေရာအနှံ့အပြားသို့ ထိုးဖောက်သွားခြင်းပင်။

ပိုမိုလျင်မြန်စွာ တိုးတက်လိုပါက မိုးကြိုးဘေးဒဏ်ကို ကြိတ်မှိတ်သည်းခံရပေလိမ့်မည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၄၅ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters