← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အပိုင်း ၂၅၉

ဘာသာပြန် - Ko

True Immortal Team

လင်းချန်၏ ပြတ်သားလှသည့် ငြင်းဆိုမှုကြောင့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ မျက်နှာထက်၌ စိတ်ပျက်မှုအရိပ်အယောင်များ သိသိသာသာ ထင်ဟပ်သွား၏။

ကျန်းထျန်ရှင်းသည် စိတ်ပျက်နေသော်လည်း ပြုံးလိုက်သည်။ "တကယ်တော့ ငါတို့ရဲ့ တောင်းဆိုမှုက အရမ်းရုတ်တရက်ဆန်ပြီး လွန်ကဲနေတယ်ဆိုတာ နားလည်ပါတယ်။ မိတ်ဆွေလေး လင်းချန် ငြင်းပယ်တာ သဘာဝကျပါတယ်။"

သူ၏ဘေးမှ ကျိုးယီအန်ကလည်း ခါးသက်သက် ပြုံးလိုက်၏။ "မှန်ပါတယ်။ အစောပိုင်းက ငါတို့ပေးခဲ့တဲ့ လက်ဆောင်တွေကို သံယောဇဉ်အစပြုမှုတစ်ခုအနေနဲ့ပဲ သဘောထားပေးပါ။"

လင်းချန်သည် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ အမူအရာ ပြောင်းလဲပုံများကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။ သူ၏ ငြင်းဆိုမှုကြောင့် သူတို့ အမှန်တကယ် စိတ်ပျက်သွားသည်ကို သတိပြုမိလိုက်၏။

သို့သော်လည်း သူတို့၏ အမူအရာ၌ အနည်းငယ်မျှသည့် ဒေါသ သို့မဟုတ် မကျေနပ်မှုမျိုး လုံးဝမတွေ့ရပေ။ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် သူတို့၏ ကြီးမားသော သြဇာအာဏာနှင့် ရာထူးဌာနန္တရများကို အသုံးချ၍ လင်းချန်အား သူ၏ကျင့်စဉ်ကို ပေးအပ်ရန် ဖိအားပေးခြင်းမျိုး မပြုလုပ်ဘဲ သူ့အား လေးစားစွာ ဆက်ဆံကြသည်။

ထိုအချိန်၌ လင်းချန်က ပြောလိုက်၏။ "လူကြီးမင်းတို့ခင်ဗျာ... ဒီကျင့်စဉ်ကို မရောင်းဘူးလို့ ပြောခဲ့တဲ့ အကြောင်းရင်းကို ခင်ဗျားတို့ အထင်လွဲသွားမှာ စိုးရိမ်မိပါတယ်။"

လင်းချန်၏ စကားကြောင့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ မျက်လုံးများ တောက်ပသွားကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အခြေအနေသည် တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်သည်လော။

ကျန်းထျန်ရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။ "အော်... မိတ်ဆွေလေး လင်းချန်မှာ ငါတို့ကို ငြင်းပယ်ရတဲ့ တခြားအကြောင်းရင်း ရှိနေလို့လား။"

လင်းချန်သည် ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ရုတ်တရက် ပါးလွှာသည့် စာအုပ်နှစ်အုပ်ကို ထုတ်ယူကာ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ရှိရာဘက်သို့ ညင်သာစွာ လှမ်းပေးလိုက်သည်။

ထိုစာအုပ်နှစ်အုပ်မှာ လေထုထဲ၌ လွင့်မျောသွားပြီး တစ်ဖက်ခြမ်းရှိ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ လက်ထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိသွား၏။ သူတို့နှစ်ဦးမှာ စာအုပ်ကို ဖမ်းယူလိုက်ရင်း လင်းချန်အား ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

လင်းချန်က ရှင်းပြလိုက်၏။ "ဒီစာအုပ်တွေထဲမှာ ကျုပ်ကျင့်ကြံတဲ့ ကျင့်စဉ်ရဲ့ အစိတ်အပိုင်းတချို့ ပါဝင်ပါတယ်။ အဲဒါတွေကို ဖတ်ကြည့်ပြီးရင် ခင်ဗျားတို့ နားလည်သွားပါလိမ့်မယ်။"

ဤတစ်ကြိမ်၌မူ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ အံ့အားသင့်သွားရပြန်သည်။ လင်းချန်သည် အစောပိုင်းက ကျင့်စဉ်ကို မရောင်းနိုင်ဟု ငြင်းဆိုသော်လည်း ယခုအခါ၌မူ သူတို့အား အလွယ်တကူပင် ထုတ်ပြနေ၏။

အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း ထိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ သို့သော်လည်း စာအုပ်ကို လှန်လှောဖတ်ရှုပြီးနောက်၌မူ နှစ်ဦးစလုံး၏ မျက်လုံးများထဲ၌ တုန်လှုပ်မှုများ ထင်ဟပ်လာ၏။

အကြီးအကဲ ကျိုးယီအန်က ရုတ်တရက် နားလည်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ "အခုမှပဲ ငါ သဘောပေါက်တော့တယ်။ မိတ်ဆွေလေးက မရောင်းဘူးလို့ ငြင်းတာဟာ ငါတို့အကျိုးကို ငဲ့ညှာလို့ပဲ ဖြစ်ရမယ်။"

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကဲ့သို့သည့် နယ်ပယ်အဆင့်ရှိသူများအတွက် ဧကရာဇ်၏အမိန့်တော် ကျင့်စဉ်၏ အပိုင်းအစလေးတစ်ခုကို ဖတ်ကြည့်ရုံဖြင့် ဤကျင့်စဉ်၏ ဆန်းကြယ်နက်နဲမှုကို သိမြင်နိုင်စွမ်း ရှိကြ၏။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဤကျင့်စဉ်ကို သာမန်လူများ မကျင့်ကြံနိုင်ခြင်းပင် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက အတင်းအကျပ် ကျင့်ကြံမည်ဆိုလျှင် နယ်ပယ်အဆင့် တိုးတက်မှု နှေးကွေးမည်သာမက အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်၏။

ဤကျင့်စဉ်မှာ လင်းချန်တစ်ဦးတည်းအတွက်သာ အထူးရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပြီး အခြားသူများ လေ့ကျင့်ရန် မဖြစ်နိုင်ကြောင်း ထင်ရှားလှသည်။

အမှန်စင်စစ်လည်း ထိုအတိုင်းပင် ဖြစ်၏။ လင်းချန် ကျင့်ကြံနေသည့် ဧကရာဇ်၏အမိန့်တော် ကျင့်စဉ်မှာ ကောင်းကင်လက်မှုပညာဌာနမှ တာဝန်ခံ ကျူးကော့မင်ကိုယ်တိုင် သုတေသနပြု၍ ဖော်ထုတ်ပေးထားခြင်း ဖြစ်သည်။

ကောင်းကင်လက်မှုပညာဌာနသည် အချိန်နှင့်အမျှ လင်းချန်၏ ခန္ဓာကိုယ်အခြေအနေကို စောင့်ကြည့်နေပြီး ဟွာရှာအင်ပါယာထံမှ သဘာဝစွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေရန် စနစ်တကျ ညှိနှိုင်းပေးနေခြင်း ဖြစ်၏။

ဤကမ္ဘာလောက၌ လင်းချန်တစ်ဦးတည်းသာ ဧကရာဇ်၏အမိန့်တော် ကျင့်စဉ်ကို ကျင့်ကြံနိုင်သည်ဟု ဆိုရပေမည်။ ကျင့်ကြံရာ၌ အသုံးပြုသည့် ဆေးရည်သုံးမျိုးမှာလည်း သူ၏ခန္ဓာကိုယ်အတွက်သာ အထူးစီမံထားခြင်းဖြစ်ရာ အခြားသူများ အသုံးမပြုနိုင်ပေ။

ထိုသည်မှာ လင်းချန်က သူတို့ကို မရောင်းရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ အကယ်၍ ရောင်းချမည်ဆိုလျှင် သူတို့ကို လိမ်လည်လှည့်ဖြားရာ ရောက်ပေလိမ့်မည်။

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် ဤအခြေအနေကို သိရှိသွားသည့်အခါ ဘာမျှမတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းရုံသာ ရှိ၏။

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်တော့မည်ဟု တွေးနေစဉ်မှာပင် လင်းချန်က ပြောလိုက်ပြန်သည်။ "တကယ်တော့ အခြေအနေက ခင်ဗျားတို့ ထင်သလောက် စိတ်ပျက်စရာ မဟုတ်ပါဘူး။"

ထိုစကားကို ကြားသည့်အခါ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ မျှော်လင့်ချက်အပြည့်ဖြင့် လင်းချန်ကို ကြည့်လိုက်ကြ၏။

ထိုခဏ၌ လင်းချန်သည် ကျောက်သလင်းပုလင်းနှစ်လုံးကို ထုတ်ယူလိုက်သည်။ အတွင်း၌ တောက်ပနီရဲသည့် ဆေးရည်များ ဝဲလည်နေပြီး ထိုပုလင်းများကို ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ရှိရာသို့ ပစ်ပေးလိုက်၏။

ဖန်ပုလင်းများ သူတို့ဆီသို့ လွင့်မျောလာသည်ကို မြင်သည့်အခါ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့မှာ တိုင်ပင်မထားဘဲ ဖမ်းယူလိုက်ကြပြီး ပြင်းပြသော သိချင်စိတ်ဖြင့် ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် ဤကဲ့သို့သည့် အရာမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။

လင်းချန်သည် မတ်တပ်ရပ်လိုက်၏။ "ကျုပ်ကိုကျုပ် တရားဝင် မိတ်ဆက်ပါရစေ။ ကျုပ်က ဟွာရှာအင်ပါယာရဲ့ ဧကရာဇ် လင်းချန်ပါ။ ဒီအရာကတော့ ကျုပ်အင်ပါယာရဲ့ အထူးထွက်ကုန် ဆေးရည်လို့ ခေါ်ပါတယ်။ အာနိသင်က ဆေးလုံးတွေနဲ့ ဆင်တူပါတယ်။ ဒီတစ်ခုက ကြံ့ခိုင်မှုတိုးဆေးရည်လို့ ခေါ်ပါတယ်။ ဒါကို ခင်ဗျားတို့ပေးတဲ့ လက်ဆောင်တွေအတွက် ကျုပ်ရဲ့ အပြန်အလှန်လက်ဆောင်အဖြစ် သဘောထားပေးပါ။"

ထိုသို့ပြောပြီးနောက် လင်းချန်သည် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့အား လက်ဟန်ပြလိုက်သည်။ "ညီနောင်တို့... ဒါကို သောက်ပြီး အာနိသင်ကို ကိုယ်တိုင် စမ်းသပ်ကြည့်ပါလား။"

ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့မှာ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ခွင့်ပြုချက်ရသည်နှင့် နီရဲသည့် အရည်များကို တစ်ကျိုက်တည်း သောက်ချလိုက်ကြ၏။

လင်းချန် ပြောသည့် ကြံ့ခိုင်မှုတိုးဆေးရည်သည် သူတို့၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ပူလောင်လှသော ဆေးစွမ်းအင်များမှာ ခန္ဓာကိုယ်အနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။ အကြောအခြင်နှင့် အရိုးအဆစ်တိုင်းမှာ မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရ၏။

"ဟားးး"

ထိုပူလောင်သည့် ခံစားချက်ကြောင့် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့မှာ အသက်ကို ပြင်းပြင်းရှူလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ အလိုအလျောက် ပေါက်ကွဲထွက်လာကာ သေခြင်းရှင်ခြင်းနယ်ပယ်၏ အရှိန်အဝါများမှာ အခန်းအတွင်းသို့ ပြင်းထန်စွာ ဖုံးလွှမ်းသွားသည်။

သူတို့၏ ဗရမ်းဗတာဖြစ်နေသည့် အရှိန်အဝါများကြောင့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ လင်းချန်အား ဖိအားဒဏ်ကြောင့် ဒဏ်ရာမရစေရန် သူတို့၏ အသိစိတ်ဖြင့် ကာကွယ်ပေးလိုက်ကြ၏။

သို့သော်လည်း ထိုခဏ၌ပင် သူတို့သည် လင်းချန်၏ ခန္ဓာကိုယ်ထံမှ အထွတ်အထိပ်ကျပြီး မြင့်မြတ်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထိုသည်မှာ ဧကရာဇ်တစ်ပါး၏ စိတ်ဆန္ဒပင် ဖြစ်၏။ ဤအရှိန်အဝါသည် လင်းချန်ကို အကာအကွယ်ပေးထားသဖြင့် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ ပြင်းထန်သည့် ဖိအားများမှာ သူ့အား မည်သို့မျှ မထိခိုက်စေနိုင်ပေ။

လင်းချန်၏ ခန္ဓာကိုယ်ပတ်လည်မှ ထူးကဲလှသော အရှိန်အဝါကို မြင်တွေ့ရသည့်အခါ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ အံ့အားသင့်သွားကြရသည်။ ဟွာရှာအင်ပါယာဆိုသည်မှာ မည်သို့သော နောက်ခံရှိသဖြင့် ဤမျှအထိ ထူးခြားသည့် လူငယ်ဧကရာဇ်တစ်ပါး ရှိနေရသနည်းဟု သူတို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။

ထို့နောက်၌မူ သူတို့၏ အာရုံမှာ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ကြံ့ခိုင်လာနေသည်ကို အထင်အရှား ခံစားမိသောကြောင့် ဖြစ်၏။ ခန္ဓာကိုယ်ကို သန့်စင်ကြံ့ခိုင်အောင် လုပ်ဆောင်ခြင်းမှာ အလွန်ကြာရှည်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး သတိပြုမိရန် ခဲယဉ်းလှသည်။ ဤကဲ့သို့ သိသာထင်ရှားသော တိုးတက်မှုမျိုးမှာ အဆင့်မြင့်ဆုံး ဆေးလုံးများကို သုံးစွဲလျှင်ပင် ဆေးစွမ်းအင်များ ပျော်ဝင်ရန် အချိန်အတော်အတန် လိုအပ်သဖြင့် မတွေ့ရတတ်ပေ။

ကျိန်းသေပေါက်ပင် ဤထူးဆန်းသည့် အပြောင်းအလဲမှာ လင်းချန် ပေးအပ်သော ကြံ့ခိုင်မှုတိုးဆေးရည်ကြောင့် ဖြစ်ပြီး ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် ဆေးရည်၏ အာနိသင်မှာ ဤမျှထိရောက်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ လင်းချန်က ဤဆေးရည်ကို သူတို့အား အပြန်အလှန်လက်ဆောင်အဖြစ် ပေးအပ်သည်မှာ သူသည် ဤကဲ့သို့သည့် ဆေးရည်များကို ရောင်းချရန် ဆန္ဒရှိသည်ဟု အဓိပ္ပာယ်ရပေသည်။ သူတို့တွေ့မြင်လိုက်ရသော အာနိသင်အပေါ်၌ များစွာ ကျေနပ်မိကြသည်။

ထိုအချိန်၌ လင်းချန်က ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့အား ပြောလိုက်၏။ "ကျုပ် မေးစရာ ကိစ္စတစ်ခု ရှိတယ်။"

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့က ပြုံးလျက် ခွင့်ပြုလိုက်ကြသည်။ "ပြောပါ။ လွတ်လွတ်လပ်လပ်သာ မေးပါ။"

လင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ကာ လေးနက်သည့် လေသံဖြင့် မေးလိုက်၏။ "ခင်ဗျားတို့ရဲ့ နယ်ပယ်အဆင့်နဲ့ အတွေ့အကြုံတွေအရ လင်းဒီနဲ့ ယွမ်ယွမ်ယန်ဆိုတဲ့ နာမည်တွေကို ကြားဖူးတာ ရှိလား။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၅၉ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters